Tuesday, May 6, 2008

နအဖသို့ အကြံပြုချက်


အစိုးရ အနေနဲ့ ဆန္ဒခံယူပွဲကို မလုပ်သေးပဲ မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကယ်ဆယ်ဖို့သာ အာရုံထားသင့်၊ အခုချိန်မှာ တိုင်းပြည်ရဲ့ ထိပ်တန်း အကြီးအကဲ (၂) ယောက်ပါ ပြည်သူထဲ ဆင်းသင့်ပြီမြန်မာလူမျိုး (၂) သောင်းကျော်သေတာကို နေပြည်တော်ကနေ မခွါ ပဲ ဖြေရှင်းနေသည်မှာ သဘာဝ မကျလူတွေ သေဆုံးတဲ့ မြို့တွေမှာ နိုင်ငံတော် အကြီး အကဲ ကိုယ်တိုင် သွားရောက်ကြည်ံရှု့သင့်ရန်ကုန် လမ်းပေါ်မှာ သစ်ပင် ပိတ်နေတာထက် ဧရာဝတီ တိုင်း က ရေနစ်နေတဲ့ လူတွေကို ကူညီဖို့က ပိုပြီး အရေးပါသည်။ လေတပ်မှ ရဟတ်ယာဉ် (၇) စင်းသာ အသုံးပြုနေမှုသည် အလွန်နည်းပါပြီး ရဟတ်ယာဉ် နဲ့ သာ ရေကြီးတဲ့ ဒေသတွေကို ကူညီနိုင်မှာဖြစ်သည်။ ဧရာဝတီ တိုင်းသို့ တပ်မ (၂) မသာ စေလွှတ်မှု့ သည် အလွန်နည်းပါးနေသည်။ နယ်မြေခံတပ်ရင်းတွေကို ကယ်ဆယ်ဖို့လဲ ကြိုးစားသင့်ပါသည်။ မြန်မာပြည်မှာ အစိုးရ မှ တပါး ဘယ်အဖွဲ့ အစည်းမှ ထိထိရောက် ကူညီနိုင်မှာ မဟုတ်ပေ။ ဧရာဝတီ တိုင်းသို့ တပ်အင်အား စေလွှတ်မှု့သည် အလွန့်အလွန့် နည်းပါး ၊ လေတပ် ၊ ရေတပ် အင်အား ကို အစွမ်းကုန် အသုံးချသင့်ပြီး ကိုယ်မှာ အင်အား မရှိရင် အိမ်နီးနားခြင်းနိုင်ငံတွေ က လေတပ် ၊ ရေတပ်ကို ပွင့်ပွင့် လင်း လင်း အကူအညီတောင်းသင့်သည်။
မုန်တိုင်း စီမံချက် ၊ ရေဘေး ၊လေဘေး စီမံချက်များ တကယ် ရော ကောင်းမွန်ပါလား ဆိုတာ သံသယ ၀င်မိရန်ကုန်တိုင်း အတွင်း ရှင်းလင်းရေးကို နယ်မြေခံ ရန်ကုန် တပ်တွေ ကို တာဝန်ပေးထားခြင်းသည် သဘာဝ မကျ ၊ နယ်မြေခံတပ်တွေလဲ မုန်တိုင်းဒဏ် ခံရမှာ ဖြစ်ရ်ျ သူတို့ တပ်ဝင်း ၊ လိုင်ခန်း ၊ မိသားစု အရေးတွေ ဖြေရှင်းရန်ရှိသည်။ ထို့ကြောင့် အထက်မြန်မာပြည်မှ ရှေ့တန်းစစ်မြေပြင်တွင် မရှိသော တပ်မှန်သမျှ ဧရာဝတီ ၊ ရန်ကုန်တိုင်း အတွင်းသို့ လက်နက်မပါ အခြား ပစ္စည်းများ ယူခိုင်းရ်ျ အရေးပေါ်စေလွှတ်သင့် ရေကြီးနေသော ဒေသ များတွင် မသေပဲ ကျန်နေသော လူများ ၊ သစ်ပင်ထိပ်ဖျား ၊ အိမ်ခေါင်မိုး များတွင် ရှိနေမည်မှာ မလွဲ ၊ ရဟတ်ယာဉ် များများသုံးနိုင်မှသာ ထိုလူတွေ ကို ကယ်နိုင်မှာဖြစ်ပြီး မုန်တိုင်း ဒဏ်ကြောင့် မသေပဲ နောက်ဆက်တွဲ ရောဂါ ဆိုးများကြောင့် လူတွေ ထပ်ပြီး မဆုံးပါးအောင် ကာကွယ်ပေးရမည့် တာဝန်သည် အစိုးရ တာဝန်ဖြစ်သည်။ သေဆုံးသည့် အလောင်းများကို ဓါတ်ပုံရိုက် ပြီး သတ်သတ်မှတ်မှတ် စနစ်တကျ မြုပ်နှံထားသင့် ၊ သေဆုံးသွားသည့် လူအများစုသည် မုန်တိုင်း လာမည် ကို သိသူ နည်းပါး နိုင်သည့် အပြင် ၊ သိထားသူများကလဲ ယခုကဲ့သို့ ပြင်းထန် ဆိုးဝါး မည် မဟုတ်ထင်မှတ်ခဲ့သည်မှာ သေချာသည် ။
အစိုးရ ၀န်ထမ်း တွေ ရော ၊ ပြည်သူတွေရော သေဆုံးရခြင်းသည် အစိုးရ အုပ်ချုပ်ရေး ယန္ထရား သည် အစွမ်း နည်းပါး သည်ကို ပြသနေ ၊ သေဆုံးသွားသော ပြည်သူ ၊ ၀န်ထမ်း ၊ စစ်သား အများစု သည် မုန်တိုင်းကြီး လာမည် ကို သိသိကြီး နဲ့ကြိုတင်ကာကွယ်မှု မလုပ်ပဲ သေဆုံးသွားသည် မဟုတ်ပဲ ၊ မသိ၍သာ သေဆုံးသွားခြင်းဖြစ်သည် ။ သူတို့ ဒီလို ဖြစ်မည်ကို မသိပဲ သေသွားခြင်းသည် အစိုးရ ၏ အားနည်းချက်ဖြစ်၏။ အစိုးရ အနေနဲ့ မုန်တိုင်း လာမည်ကို (၄) (၅) ကြို သိထားပါသောလဲ ၊ မည်သို့ကာကွယ်မည် ၊ မုန်တိုင်းတိုက်ပြီးနောက် မည်သို့ ကူညီစောင့်ရှောက်မည်ဟုသော အရေးပေါ်စီမံချက် ရှိခဲ့ ပါသလား ဟု ပြည်သူ တစ်ယောက် အနေနဲ့ မေးခွန်းထုတ်လို ၊ အခုချိန်မှာတော့ အစိုးရ အနေနဲ့ အသက်မသေ ကျန်ရစ်သူများ ၊ အသက်ဘေး အန္တရာယ် ကြုံနေရဆဲ သူများ ကို စိတ်အင်အား ၊ လူအင်အား ၊ ပစ္စည်အင်အား ရော အစွမ်းကုန်စိုက်ထုတ် ကူညီပေးပါရန် ပြည်သူ တစ်ယောက် အနေနဲ့ ဆန္ဒပြု . . .

မင်း

3 comments:

Khin said...

useful suggestions

AungNN said...

အမေရိကန်ကစိုင်ကလုံးမုံတိုင်းဗုံးဖေါက်လိုက်ပြန်ပြီထင်ပါတယ်၊သူတို့ကကြိုသိနေတယ်။
ယိုးဒယားပင်လယ်မှာစစ်သင်းဘော၎စင်းစေါင့်နေတယ်၊ အခုမြန်မာပြည်ကိုလာခြင်တယ် ပြောနေပြီ၊ စစ်သား၁၈၀၀ နဲ့ဟယ်လီကောပ်တာတွေပါဆိုဘဲ၊ ဆူနာမီးတုံးကနဲ့မတူဘူးလား
ကိုဇော်မျိုး

kay kay said...

ha ha ha....that's what every one saying that..Super Ko Zaw Myo(786 Ko Z Myo)