Thursday, May 8, 2008

မေ 9 သတင်း


၁။ မြန်မာနိုင်ငံမှ အကူအညီပေးရေးတပ်ဖွဲ့များကို ၀င်ရောက်ခွင့်မပြုလျှင် အင်အားသုံး ၀င်ရောက်ရန် အဆိုမူကြမ်းကို ပြင်သစ်နိုင်ငံက လုံခြုံရေးကောင်စီ၌ တင်သွင်းရန် မေ ၇ ရက်နေ့တွင် ကြိုးစား ခဲ့ကြောင်း၊ ဗြိတိန်၊ တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်ခဲ့သောကြောင့် အောင်မြင်ခြင်းမရှိကြောင်း သတင်းများပေါ်ထွက်နေသည်။

၂။ မေ ၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာသံရုံးတာဝန်ခံအား ခေါ်ယူပြီး ဘုရှ် အစိုးရမှ လေဘေး ဒုက္ခသည်များအတွက် ဒေါ်လာသုံးသန်းထောက်ပံ့မည်ဖြစ်ကြောင်းနှင့် မည်သည့်အကူအညီများ ပေးရန်လိုအပ်သည်ကို ဆုံးဖြတ်နိုင်ရန်အတွက် အမေရိကန်ကျွမ်းကျင်သူအဖွဲ့ကို မြန်မာ နိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုရန်လိုကြောင်း ပြောကြားခဲ့သည်။

၃။ အီတလီနိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်းတင် လေယာဉ်တစ်စီး မေ ၇ ရက်နေ့တွင် ထွက်ခွာသွားကြောင်းနှင့် မေ ၈ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာသွားသည်။

၎။ ဗြိတိန်နိုင်ငံက ဒေါ်လာ ၁၀ သန်း၊ ဥရောပကော်မရှင်မှ ယူရို ၂ သန်းလှုဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။ ဥရောပကော်မရှင် လူမှုဂရုဏာအကူအညီပေးရေးရုံးမှ ကျွမ်းကျင်သူ လေးဦး မေ ၈ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၅။ ရန်ကုန်ကြည့်မြင့်တိုင်၊ သာဓုပရိယတ္တိစာသင်တိုက်မှာ ရွှေည၀ါဆရာတော် ဦးဆောင်သည့် သံဃာတော်အပါး ၃၀၀ ခန့်သည် လမ်းရှင်းလင်းရေးလုပ်ငန်းများတွင် မေ ၄ ရက်နေ့မှ စတင်ပြီး စည်ပင်သာယာဝန်ထမ်းများနှင့် ပူးပေါင်း ကူညီလျှက်ရှိသည်။

၆။ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် ရေတပ်သဘောင်္ ၇ စီး ရန်ကုန်မှ မေ ၈ မနက် တွင် ဧရာဝတီတိုင်းသို့ ထွက်ခွာသွားသည်။ ရန်ကုန်မြစ်ထဲတွင်လည်း စစ်သဘောင်္ ၄ စီးနစ်သွားပြီး အများအပြား သောင်တင်နေကြောင်း သိရသည်။

၇။ မော်လမြိုင်ကျွန်းတွင် ကယ်ဆယ်ရေးစက်လှေများဖြင့် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ကျေးရွာများသို့ သွားရောက်ပြီး ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးကုသခြင်းများပြုလုပ်ပြီး အခြေအနေ ဆိုးဝါးသည့် ဒုက္ခသည် ခြောက်ရာခန့်ကို မော်လမြိုင်ကျွန်းမြို့သို့ ရွှေ့ပြောင်းပေးခဲ့သည်။ မော်လမြိုင်ကျွှန်းမြို့တွင် ကယ်ဆယ်ရေးစခန်း ၁၅ ခုဖွင့်ထားပြီး ဒုက္ခသည် ခြောက်ထောင့်ခုနှစ်ရာကျော်အား စောင့်ရှောက်ထားသည်။

ပိတောက်မြေမှ ကူးယူထားပါသည်။

** အထက်ပါသတင်းများကို ကြည့်ပြီး လှူဖို့မလိုအပ်တော့ဘူး မယူဆပါနှင့်။ ထိုပစ္စည်းများသည် ဒုက္ခသည် တစ်သန်းအတွက် လုံးဝ မလုံလောက်ပါ။ သတင်းကောင်းလေးနဲ့ စိတ်ကိုလန်းဆန်းစေဖို့ပါ။ တာဝန်မဲ့ဖို့အတွက် မဟုတ်ပါ။

No comments: