Saturday, May 10, 2008

မေ 10 သတင်းများ

၁။ WFP မှ နောက်ထပ်လေယာဉ်နှစ်စီးစေလွှတ်မည်ဖြစ်ကြောင့် ပြောကြားခဲ့သည်။ ယမန်နေ့က ပေါ်ထွက်ခဲ့သည့် ပေးပို့ခဲ့သည်ပစ္စည်းများကို ဖြန့်ဝေမည့်စနစ်နှင့်ပတ်သက်ပြီး အစိုးရနှင့် ဆွေးနွေးနေကြောင်း၊ မေ ၈ ရက်နေ့က ပေးပို့ခဲ့သည့် လူ နှစ်သောင်းတစ်ထောင်အတွက် အထူးအဟာရ ဖြည့်တင်းထားသည့် ဘီစကစ်များကိုမူ ၂၄ နာရီအတွင်း အစိုးရနှင့် ပူးပေါင်းပြီး မုန်တိုင်းဒဏ် ပြင်းထန်စွာခံခဲ့ရသော ဒေသများသို့ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း WFP ကြေညာချက်တွင် ဖော်ပြထားသည်။

၂။ မြန်မာနိုင်ငံတောင်ပိုင်းတွင် လာမည့် ၂၄ နာရီအတွင်း မိုးရွာသွန်းနိုင်ကြောင်းနှင့် အချို့နေရာများတွင် မိုးကြီးနိုင်ကြောင်း၊ သို့သော် မုန်တိုင်းတိုက်ခိုက်ခြင်းမဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံအနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်း၏ အကျိုးသက်ရောက်မှု ကြောင့်ဖြစ်ကြောင်း မြန်မာအသံမှ ကြေညာသွားသည်။

၃။ ယနေ့မနက်မှစပြီး ရန်ကုန်တိုင်းမှ လေဘေးဒုက္ခသည်များကို နိုင်ငံတကာမှ ပေးပို့ခဲ့သည့် မိုးကာတဲနှင့် ပလတ်စတစ်စများ ဖြန့်ဝေလျှက်ရှိသည်။

၎။ ယမန်နေ့က လှိုင်သာယာ၊ ရွှေပြည်သာစသော မြို့နယ်များတွင် ဆောက်လုပ်ရေးကုမ္ပဏီများက အိမ်ထောင်စု တစ်စုလျှင် သွတ်နှစ်ချပ်နှုန်းရောင်းချပေးခဲ့သည်။ သို့သော် ထိုသွတ်များကိုတဆင့် ပြန်လည်ရောင်းစားမှုများရှိခဲ့သဖြင့် သက်ဆိုင်ရာဆိုင်များတွင်သာ သတ်မှတ်ဈေးဖြင့် ရောင်းချပေး မည်ဟု သိရှိရသည်။

၅။ ယနေ့ မနက်တွင် ဘုရင်နောင်တံတားပေါ်မှ ဧရာဝတီတိုင်းဘက်သို့ ကယ်ဆယ်ရေး ပစ္စည်းများ တင်ထားသည့် စစ်ကား ငါးဆယ်ခန့် ဖြတ်သွားခဲ့သည်။

ပိတောက်မြေမှ ကူးယူဖေါ်ပြပါသည်

** အထက်ပါသတင်းများကို ကြည့်ပြီး လှူဖို့မလိုအပ်တော့ဘူး မယူဆပါနှင့်။ ထိုပစ္စည်းများသည် ဒုက္ခသည် တစ်သန်းအတွက် လုံးဝ မလုံလောက်ပါ။ သတင်းကောင်းလေးနဲ့ စိတ်ကိုလန်းဆန်းစေဖို့ပါ။ တာဝန်မဲ့ဖို့အတွက် မဟုတ်ပါ။

No comments: