Monday, May 5, 2008

ကန့်လန့်ကာတို့၏ နောက်ကွယ်၌


အများသူငှာ Promotion တွေလုပ်ကြတော့ အားကျမခံ လုပ်လာတာတခုရှိပါတယ်။ Political Promotion ပါ။ Business စတိုင်နဲ့ပေါ့။ လုပ်တဲ့သူက US Campaign မှ ကိုအောင်ဒင်ပါ။ Hollywood Stars တွေက တက်တက်ကြွကြွပါဝင် လှုပ်ရှားနေတယ်လို့ မြန်မာမီဒီယာများမှာ ဂုဏ်ယူဝင့်ကြွားစွာဖော်ပြကြပါတယ်။ နောက်မှာက Plan နဲ့ Fund နဲ့ပါ။ ကိုယ့်ထမင်းကိုစားပြီး ဂျီးတော်နွားမကျောင်းကြပါဘူး။ အထူးသဖြင့် US မှာပေါ့ဗျာ။

Mr. Bush က မြန်မာပြည်သူတွေနဲ့အတူ တတန်းတည်းရပ်တည် အားပေးနေတယ် ပြောသော်လည်း တကယ်က ဝေးလှတဲ့ မြန်မာပြည်က အရေးကို စိတ်မ၀င်စားကြပါဘူး။ ဘယ်သူတွေလုပ်နေမှန်းတောင် US ပြည်သူတွေ ကောင်းကောင်းမသိကြဘူးဆိုပါတယ်။ သည့်အတွက်ကြောင့် လှုပ်ရှားသူများက နည်းလမ်းရှာ နေရပါတယ်တဲ့။ "Activists must figure out how to make Americans care about a distant crisis with complex causes involving relatively unknown players." လို့ ဆောင်းပါးရှင် Alex Williams ကပြောပါတယ်။

အခြေအနေအရ မနေသာတော့တဲ့အတွက် စီးပွားရေးလုပ်ငန်းဆန်တဲ့ Brand-Up Plan ကြီး စကြရပါတယ်။ ကိုအောင်ဒင်အဖွဲ့ရဲ့ ပါတနာလည်းဖြစ်၊ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ တည်ထောင်သူ လည်းဖြစ်တဲ့ Jack Healey က “In a certain sense, you have to ‘brand’ it up, it’s the nature of the business now.” လို့ဖွင့်ဟ သွားခဲ့ပါတယ်။ စီးပွားရေးဆန်ဆန်လုပ်ရတာဆိုတော့ အကျိုးအမြတ်ပါ အလေးအနက်စဉ်းစား လာကြပါတယ်။

ငွေရင်းကို ဘယ်သူစိုက်ထုတ်တယ် မသိရပေမယ့် (ဇာတ်လမ်းတိုများ အပါအ၀င်) CD၊ DVD၊ Games များရောင်းချရမှုထဲက ၁၀ ရာခိုင်နှုန်းကိုပဲ ကိုအောင်ဒင်တို့ US Campaign for Burma အဖွဲ့က ရမှာဖြစ်ပါတယ်။ US မှာထောက်ခံလှုဒါန်းမဲ့ မြန်မာပြည်သူနည်းပါးတာလည်း တပိုင်းပါတာကြောင့် အထွေထွေအသုံးစရိတ် ခွင့်ပြုနိုင်စွမ်းကို နာမည်ကျော် ဒါဖာကန်ပိန် ကုန်ကျစရိတ်နှင့် "The campaign’s total budget would “not equal one week of Darfur’s budget." လို့ ယှဉ်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်သမျှလေး အလဟဿမဖြစ်ရအောင် ကိုအောင်ဒင်တို့အဖွဲကလည်း အမြင်ကျယ်ကျယ်ထားပြီး မိမိတို့နဲ့ သဘောညီတဲ့ နာမည်ကျော်များကိုသာ စနစ်တကျ ရွေးချယ်ခဲ့ပါတယ်။ ဓမ္မဓိဌာန်ကျတဲ့ အမြင်တွေပါမလာရအောင်၊ လိုတိုရှင်းနဲ့ သူတို့ပေးထားတဲ့ အချက်အလက်များကိုပဲ ပြောဆိုပြီး စိတ်ဝင်စားမှုရယူနိုင်အောင် စားသုံးကုန်ပစ္စည်း ဈေးကွက်တင်သူတွေလို၊ ထောက်ပံ့ရေးအေဂျင်စီတွေလို Brand-building နည်းဗျူဟာများ သုံးစွဲပြီးရွေးချယ်လုပ်ဆောင်ခဲ့ကြောင်း ဒီလိုပြောပြသွားပါတယ်၊ "The Burma campaign has decided to use some of the same brand-building strategies — simplified narratives, clear-cut imagery and, of course, the most carefully selected celebrities — used by other successful aid agencies, or even consumer-goods marketers"။ နိုင်ငံရေးလည်း ကြော်အောင်ငြာတာနဲ့ မကင်းနိုင်ရှာတော့ပါဘူး။

သူတို့ အဓိကရည်ရွယ်တာကတော့ Celebrities များက တက်တက်ကြွကြွ သံပြိုင်ညီညာနဲ့ ချက်ချင်းအရေးယူလုပ်ဆောင်ပေးရန် ဟစ်ကြွေးကြဖို့ ဖြစ်ပါတယ်။ "All with a chorus of earnest celebrities crying “Urgent!" ပါတဲ့။ ဟစ်ကြွေးချင်ကြအောင်လည်း အကုန်အကျခံထားရပါတယ်။

သို့သော် ခေတ်ပေါ် Promotion ရေစီးကြောင်းထဲမှာ ဘယ်သူတွေ ဘယ်လိုပဲ အောင်မြင်မှုတွေရအောင် လုပ်နိုင်လုပ်နိုင်၊ ကိုယ်လိုရာသရုပ်ဖော်ချက်တွေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ နောက်ဆုံးမှာ US ပြည်သူတွေက စိတ်မ၀င်စားပဲ၊ "that lady in Burma," လို့ပြောနေဆဲဆိုရင်တော့ "then you’ve got nothing" ပါလို့ ပါဝင်လုပ်ဆောင်သူတယောက်က သတိပေးသွားကြောင်းပါ ခင်ဗျာ။

ကန့်လန့်ကာနောက်ကွယ်ကို စာဖတ်သူများ ထွင်းဖောက်မြင်နိုင်ကြပါစေ၊
ပရောဖက်ဆာ ဒေါက်တာ မောင်ထိုင်း


မှတ်ချက်။ လိုအပ်သောအချက်အလက်များကို Alex Williams ၏ NY Times ဆောင်းပါးမှ ရယူပါသည်။

2 comments:

Independent Peacock said...

မအေလိုးလေး။ အခု မုန်တိုင်းက အမေရိကန်က လုပ်တယ်လို့ ရေးပါဦးလား။ မင်းအမေ ဆောက်ပတ်ကို အမေရိကန်က မကြာခင် လာလိုးတော့မယ်။

Unknown said...

အစိုးရ အနေနဲ့ ဆန္ဒခံယူပွဲကို မလုပ်သေးပဲ မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကယ်ဆယ်ဖို့သာ အာရုံထားသင့်၊
အခုချိန်မှာ တိုင်းပြည်ရဲ့ ထိပ်တန်း အကြီးအကဲ (၂) ယောက်ပါ ပြည်သူထဲ ဆင်းသင့်ပြီ
မြန်မာလူမျိုး (၂) သောင်းကျော်သေတာကို နေပြည်တော်ကနေ မခွါ ပဲ ဖြေရှင်းနေသည်မှာ သဘာဝ မကျ
လူတွေ သေဆုံးတဲ့ မြို့တွေမှာ နိုင်ငံတော် အကြီး အကဲ ကိုယ်တိုင် သွားရောက်ကြည်ံရှု့သင့်
ရန်ကုန် လမ်းပေါ်မှာ သစ်ပင် ပိတ်နေတာထက် ဧရာဝတီ တိုင်း က ရေနစ်နေတဲ့ လူတွေကို ကူညီဖို့က ပိုပြီး အရေးပါ
လေတပ်မှ ရဟတ်ယာဉ် (၇) စင်းသာ အသုံးပြုနေမှုသည် အလွန်နည်းပါ
ရဟတ်ယာဉ် နဲ့ သာ ရေကြီးတဲ့ ဒေသတွေကို ကူညီနိုင်မှာဖြစ်
ဧရာဝတီ တိုင်းသို့ တပ်မ (၂) မသာ စေလွှတ်မှု့ သည် အလွန်နည်းပါး
နယ်မြေခံတပ်ရင်းတွေကို ကယ်ဆယ်ဖို့လဲ ကြိုးစားသင့်
မြန်မာပြည်မှာ အစိုးရ မှ တပါး ဘယ်အဖွဲ့ အစည်းမှ ထိထိရောက် ကူညီနိုင်မှာ မဟုတ်
ဧရာဝတီ တိုင်းသို့ တပ်အင်အား စေလွှတ်မှု့သည် အလွန့်အလွန့် နည်းပါး ၊ လေတပ် ၊ ရေတပ် အင်အား ကို အစွမ်းကုန် အသုံးချသင့်
ကိုယ်မှာ အင်အား မရှိရင် အိမ်နီးနားခြင်းနိုင်ငံတွေ က လေတပ် ၊ ရေတပ်ကို ပွင့်ပွင့် လင်း လင်း အကူအညီတောင်းသင့်၊
မုန်တိုင်း စီမံချက် ၊ ရေဘေး ၊လေဘေး စီမံချက်များ တကယ် ရော ကောင်းမွန်ပါလား ဆိုတာ သံသယ ၀င်မိ
ရန်ကုန်တိုင်း အတွင်း ရှင်းလင်းရေးကို နယ်မြေခံ ရန်ကုန် တပ်တွေ ကို တာဝန်ပေးထားခြင်းသည် သဘာဝ မကျ ၊ နယ်မြေခံတပ်တွေလဲ မုန်တိုင်းဒဏ် ခံရမှာ ဖြစ်ရ်ျ သူတို့ တပ်ဝင်း ၊ လိုင်ခန်း ၊ မိသားစု အရေးတွေ ဖြေရှင်းရန်
အထက်မြန်မာပြည်မှ ရှေ့တန်းစစ်မြေပြင်တွင် မရှိသော တပ်မှန်သမျှ ဧရာဝတီ ၊ ရန်ကုန်တိုင်း အတွင်းသို့ လက်နက်မပါ အခြား ပစ္စည်းများ ယူခိုင်းရ်ျ အရေးပေါ်စေလွှတ်သင့် ရေကြီးနေသော ဒေသ များတွင် မသေပဲ ကျန်နေသော လူများ ၊ သစ်ပင်ထိပ်ဖျား ၊ အိမ်ခေါင်မိုး များတွင် ရှိနေမည်မှာ မလွဲ ၊ ရဟတ်ယာဉ် များများသုံးနိုင်မှသာ ထိုလူတွေ ကို ကယ်နိုင်မှာဖြစ်
မုန်တိုင်း ဒဏ်ကြောင့် မသေပဲ နောက်ဆက်တွဲ ရောဂါ ဆိုးများကြောင့် လူတွေ ထပ်ပြီး မဆုံးပါးအောင် ကာကွယ်ပေးရမည့် တာဝန်သည် အစိုးရ တာဝန်၊သေဆုံးသည့် အလောင်းများကို ဓါတ်ပုံရိုက် ပြီး သတ်သတ်မှတ်မှတ် စနစ်တကျ မြုပ်နှံထားသင့် ၊ သေဆုံးသွားသည့်
လူအများစုသည် မုန်တိုင်း လာမည် ကို သိသူ နည်းပါး နိုင်သည့် အပြင် ၊ သိထားသူများကလဲ ယခုကဲ့သို့ ပြင်းထန် ဆိုးဝါး မည် မဟုတ်ထင်မှတ်ခဲ့သည်မှာ သေချာသည် ။ အစိုးရ ၀န်ထမ်း တွေ ရော ၊ ပြည်သူတွေရော သေဆုံးရခြင်းသည် အစိုးရ အုပ်ချုပ်ရေး ယန္ထရား သည် အစွမ်း နည်းပါး သည်ကို ပြသနေ ၊ သေဆုံးသွားသော ပြည်သူ ၊ ၀န်ထမ်း ၊ စစ်သား အများစု သည် မုန်တိုင်းကြီး လာမည် ကို သိသိကြီး နဲ့ကြိုတင်ကာကွယ်မှု မလုပ်ပဲ သေဆုံးသွားသည် မဟုတ်ပဲ ၊ မသိ၍သာ သေဆုံးသွားခြင်းဖြစ်သည် ။ သူတို့ ဒီလို ဖြစ်မည်ကို မသိပဲ သေသွားခြင်းသည် အစိုးရ ၏ အားနည်းချက်ဖြစ် ၊ အစိုးရ အနေနဲ့ မုန်တိုင်း လာမည်ကို (၄) (၅) ကြို သိထားပါသောလဲ ၊ မည်သို့
ကာကွယ်မည် ၊ မုန်တိုင်းတိုက်ပြီးနောက် မည်သို့ ကူညီစောင့်ရှောက်မည်ဟုသော အရေးပေါ်စီမံချက် ရှိခဲ့ ပါသလား ဟု ပြည်သူ တစ်ယောက် အနေနဲ့ မေးခွန်းထုတ်လို ၊
အခုချိန်မှာတော့ အစိုးရ အနေနဲ့ အသက်မသေ ကျန်ရစ်သူများ ၊ အသက်ဘေး အန္တရာယ် ကြုံနေရဆဲ သူများ ကို စိတ်အင်အား ၊ လူအင်အား ၊ ပစ္စည်အင်အား ရော အစွမ်းကုန်စိုက်ထုတ် ကူညီပေးပါရန် ပြည်သူ တစ်ယောက် အနေနဲ့ ဆန္ဒပြု
ကိုဇော်မျိုး ကျွန်တော် မုန်တိုင်းနဲ့ ပတ်သတ်၍ comment ပေးသွားပါတယ်ခင်ဗျ။