Friday, May 9, 2008

ဒီမိုတွေဘာလုပ်နေလဲ?

တချိန်တုံးက NO လှုပ်ရှားမှုမှာ မတရားတက်ကြွတဲ့ ဒီမိုတွေ ဘာလုပ်နေလဲ? ပြည်သူတွေအတွက် သူတို့အဖွဲ့တွေဘာလုပ်နေလဲ? ပြည်တွင်းက အဖွဲ့တွေ အခုချိန်မှာကျတော့ နအဖကို သိပ်ကြောက်ပြီး အမြီးကုတ်နေလား? မွတ်ဆင်လူငယ်တွေကတော့ ရူးကြောင်ကြောင်နဲ့ NO လုပ်နေတယ်။ အချိန်အခါလည်း မကြည့်တတ်ဘူး။

ဒီမိုဘလော့တွေ ဘာလုပ်နေလဲ? ကယ်ဆယ်ရေးအတွက် ငွေလိမ်ကောက်တာကလွဲလို့ ဘာမှလဲ အသုံးမ၀င်ဘူး။ ကျက်သရေမရှိတဲ့ အသုဘဓါတ်ပုံတွေက ဘာများအကျိုးရှိလို့ အဲလောက် ပြနေလဲ? ဒီမိုငတုံးတွေကလဲ မသာလောင်းဆိုရင် သိပ်ကို စိတ်ဝင်စားတယ်။ ကျက်သရေကို တစက်မှမရှိကျဘူး… သူတောင်းစားတွေပဲလို့ အရင်တုံးကထင်ခဲ့တာ အခုတော့ သုဘရာဇာလည်းဖြစ်နေပြီကိုး . . . . .

နအဖက သောက်ရေးမပါ ဆန္ဒခံယူပွဲလုပ်တယ်။ သူတို့ကဖြင့် ဗီဇာကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ပဲ … ဒါနဲ့များကွာ လူတွေက နအဖထောက်ခံတဲ့သူနဲ့ ဒီမိုထောက်ခံတဲ့သူဆိုပြီး မိမိတို့ကိုကို ယုတ်နိမ့်အောင် လုပ်နေသေးတယ်။

1 comment:

Unknown said...

ကိုဇော်မျိုးရေ အစိုးရက အမေရိကန် အကူအညီယူသင့် မယူသင့် ဆုံးဖြတ်လို့ မပြီးသေးတဲ့ ပုံစံနဲ့ ဒီမိုကရေစီ(အယောင်ဆောင်) တောင်းနေတဲ့ ကောင်တွေကို ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးရေး မလှုံဆော်ဖြစ်အောင် နိုင်ငံရေး ကစားနေတာ ဒီမိုကရေစီ (အယောင်ဆောင်) တောင်းနေတဲ့ မိုးသီးဇွန်တို့ ၊ BBC VOA RFA ကမီဒီယာ သမားတွေ အစိုးရ တီးပေးတဲ့ အကွက်ထဲမှာ ကနေတာ ကွေးနေတာပဲခင်ဗျ