Thursday, October 4, 2007

ရှေးမူမပျက် လုပ်ဆောင် သွားမှာလား?

ဦးဏှောက်မရှိဘူးလို့ နာမည်ကြီးနေတဲ့ နအဖ ကတော့ မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အုပ်ချုပ်ရေးမြို့တော်ကို လူနေထူထပ်တဲ့ စီးပွားရေး မြိုတွေနဲ့ သီးသန့် ခွဲထားလိုက်ပါတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ ဖွဲ့စည်းပြီး သူ့အဏာ တည်မြဲရေးအတွက် အသုံးပြုခဲ့ ပါတယ်။ လူထု ဆန္ဒပြပွဲအတုတွေ လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂကိုလည်း အရုပ်ကလေး ဖြစ်အောင် လုပ်ခဲ့ပါတယ်။ အဲဒါလေးတွေကတော့ နအဖရဲ့ ၁၉၈၈ နဲ့ မတူတဲ့ ခြေလှမ်း အသစ်လေးတွေပါ။

တဖက်က ဘယ်လို နည်းဗျူဟာ အသစ်တွေ တီထွင်မလဲ? ဦးဏှောက်မရှိတဲ့ နအဖတောင် ဆန်းသစ် ထားတာလေးတွေ ရှိရင် တဖက်ကလည်း . . . . . . . . စိတ်ကူးယဉ်နေတဲ့ အဆင့်ကနေ . . . . . . ? ? ? ? ? ? ? ?

4 comments:

Myo Win Zaw said...

ဟေ့ကောင်အကြံပြုတာလား ရိတာလား

Unknown said...

This blogger looks like giving advise or standing at the right side. But actually they are trying to diverge our goal. They are pretending by giving different idea for people. But in fact,they want to know what our next steps are.

F--- U.

"FREE BURMA"

* In Search of Truth * said...

ကို Free

ကျနော်အကြံမကောင်းဘူးထင်ရင် လက်မခံပါနဲ့။ အဲဒါက အဓိက မဟုတ်ပါဘူး။ နှစ် ပေါင်း ၂၀ လုံးလုံး Free Burma လို့အော်တာ အခုထက်ထိပဲ။ ဒါပေမယ့် နှစ်ပေါင်း ၂၀ ကြိုးစားပြီး လုံးဝ မအောင်မြင်ဖြစ်နေတဲ့ အစ်ကိုတို့ မူဝါဒအပေါ် ဘယ်လိုသုံးသပ်မလဲ? ထုံးဆန်အတိုင်း နအဖ ပေါ်အပြစ်ပုံပြီး ရှေးမူအတိုင်း ဆက်လုပ်သွားမလို့လား? ဒါဆိုရင်တော့ . . . . . . . . .

* In Search of Truth * said...

သို့ Ko

အကြံသစ်ကို ရှာဖွေဖို့က ကျနော့တာဝန် မဟုတ်ပါခင်ဗျာ။ အစ်ကိုတို့ နိုင်ငံရေးသမားတွေ လုပ်ရမယ့် အရေးပါ။ ကျနော် ထောက်ပြတာ နအဖကို လျှော့မတွက်ဖို့နဲ့ မိမိလုပ်ရပ်တွေပေါ် တော်လှပြီဆိုပြီးလည်း အထင်မကြီးဖို့ တင်ပြချင်းဖြစ်ပါတယ်။ လက်တွေ့ကျကျ ဖြစ်လာအောင်လို့ပါ