Friday, October 12, 2007

ကျောင်းသားများအတွက် ၀ိပဿနာ


အနောက်နိုင်ငံတွေမှာတော့ ဗုဒ္ဓတရားတော်ကို ပါမောက္ခကြီးတွေ ကိုယ်တိုင် သူတို့ တက္ကသိုလ်တွေမှာ တခမ်းတနား ဆွေးနွေးနေကျတဲ့ အချိန်ပေါ့ဗျာ။ မြန်မာလူမျိုးတွေကတော့ ဗုဒ္ဓတရားတော်ကို ဘုန်းကြီးကျောင်းမှာပဲ လိုက်နာ ကျင့်သုံးအပ်တဲ့ အရာလို့ပဲ ယူဆနေကျဆဲပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ မေတ္တာတရားတော်ကို နအဖ ဆင်းပေးရေးမှာ အသုံးပြုဖို့ အဆိုပြုချိန်မှာတော့ သူတို့က ဟာသလုပ်ကျပါတယ်။ ဘာသာတရားကို အရေးကြီးတဲ့ နိုင်ငံရေးလို နေရာမျိုးမှာ အားမကိုးချင်ဘူးဆိုတဲ့ သဘောပါ။ တနည်းပြောရရင် မယုံကြည်ဘူးပေါ့ဗျာ။ ဖြစ်နိုင်ရင် အကြမ်းဖက် ချင်တယ်ပေါ့။ အာရပ်နိုင်ငံတွေမှာ အကြမ်းဖက် ၀ါဒကို အခြေခံပြီး နိုင်ငံရေး လှုပ်ရှားနေတာ ဘာထူးလဲ? ပြည်သူ့ အကူအညီနဲ့ လက်နက်အားကိုးပြီး တက်လာတဲ့ အဖွဲ့တွေဟာ အင်အားကောင်းလာတဲ့ အချိန်မှာ လူထုကို နှိပ်စက်ညှင်းပန်း တာလူတိုင်း အသိပဲ။ အဲဒါတွေကို သတိ မထားမိကျဘူး ထင်တယ်ဗျ။

ကဲ . .. ဒီအပတ်မှာ တင်ပြမှာကတော့ ကျောင်းသူ/ ကျောင်းသား တွေ ၀ိပ္မဿနာရှု့မှတ်ဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးလေးကို တင်ပြ ချင်ပါတယ်။ တရားထိုင်တဲ့သူဟာ အတွေးအခေါ်ပိုင်းမှာ စူးရှထက်မြက်လာ စေတယ်လို့ အမေရိကန် Physics ပါမောက္ခ Fritjof Capra က ပြောခဲ့ပါတယ်။ တရားထိုင်တဲ့ ကျောင်းသားတွေဟာ ၁၀နာရီလောက် အချိန်ပေးရတဲ့ ပုစ္ဆာကို ၆နာရီနဲ့ ပြီးအောင် ဖြေရှင်းနိုင်တာ သူရဲ့ ကိုယ်တွေ့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထက်ဝက်လောက် အထိ ကွာသွားပါတယ်။

နောက်ပြီး ဒီဘက်နိုင်ငံက ကျောင်းသားတွေဟာ Project တွေ၊ စာမေးပွဲ တွေ တခုပြီး တခု လုပ်ကျရပါတယ်။ Project အတွက် လူရှာရတာကလဲ ဒုက္ခ တမျိုးပါ။ သူတို့ ဦးနောက်တွေဟာ ပြည့်ကျပ်နေပြီး စိတ်ပင်ပန်း တာတွေ၊ စိုးရိမ်စိတ်တွေ အမြဲ ကြုံနေရပါတယ်။ ဒီတော့ စိတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး ကိုထိခိုက် လာနိုင်ပါတယ်။

Terry Pearson က နေ့ခင်းမှာ တရေးတမော အိပ်တာထက် ၅ မိနစ်လောက် ၀ိပဿနာ ရှု့လိုက်တာက ပိုပြီး အကျိုးထူးတယ်လို့ တောင် အကြံပြုထားပါတယ်။ သူမဟာ ဗုဒ္ဓဘာသာ သီလရှင် မဟုတ်ပါဘူး။ ဒီဘက်မှာ ၀ိပဿနာပြဖို့ တက္ကသိုလ် ကနေ လေ့ကျင့်ပေးတဲ့ သူပါ။ သူမကို mindfulness-based stress reduction instructor (“သတိပဌာန် အခြေခံ စိတ်ပင်ပန်းမှု ပပြောက်ရေး နည်းပြဆရာ” လို့ ဘာသာပြန်ရ မလားမသိဘူး) လို့ခေါ်ပါတယ်။ သူမ အကြံပြုချက်တွေကို အကျဉ်းချုပ်တင်ပြရမယ်ဆိုရင်

(၁) တနေ့ နှစ်ကြိမ် တကြိမ်ကို ငါးမိနစ်လောက် ၀ိပဿနာရှု့ပါ။ ၀ိပဿနာ ရှုချင်းဖြင့် စိတ်ငြိမ်းချမ်းမှု ရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာတွေကို ပိုမို ထိရောက်စွာ လုပ်နိုင်မှာဖြစ် ပါတယ်။ (ဗုဒ္ဓတရား အကျိုးများလေစွ)

(၂) စာမေးပွဲဖြေနေတဲ့ ရက်တွေမှာ စိတ်လှုပ်ရှားမှုတွေ ပိုများနိုင်ပါတယ်။ အသီးအနှံနဲ့ အရွက်များကို စားသောက်ပါ။ (သက်သက်လွတ်ကို ဆိုလိုချင်း မဟုတ်ပါ) ချောကလက်၊ ချိုချဉ်တို့ကို မစားပါနဲ့။ ကော်ဖီ , pepsi, cola များ သောက်ချင်း (လက်ဖက်သုတ်လည်း ပါမယ်ထင်တယ်) ကို လျှော့ပါ။ အဲဒါတွေ ဟာ မျက်လုံးကျယ်ပြီး မအိပ်ပဲ စာဖတ် နိုင်သော်လည်း မှတ်ဥာဏ်အတွက် ဘာမှ အကျိုးမပြုပါ။ ထို့အတူ stress level လဲ မြင့်လာတတ်ပါသည်။

(၃) အိပ်ရေး အပျက်မခံပါနဲ့

(၄) စာဖတ်တာ ကြာလာရင် နေရာပြောင်းဖတ်ပါ။ အပြင်ထွက်ဖတ်နိုင်ရင် ဖတ်ပါ။ မဖတ်နိုင်ရင် အိမ်ခန်းပြောင်း ဖတ်ပါတဲ့ဗျ။ အပြောင်းအလဲကြောင့် စိတ်က ပိုမို တက်ကြွလာမယ်ဆိုပဲ။

(၅) စာကျက်လို့ ပင်ပန်းလာရင် အတင်း ဆက်မလုပ်ပါနဲ့။ နာရီဝက်လောက် နားချင်နားပါ။ အိပ်ချင် အိပ်ပါတဲ့။

ကဲဒီလောက်ပါပဲခင်ဗျာ။ ဖြစ်နိုင်ရင် နေ့စဉ်မှန်မှန် ၀ိပဿနာလုပ်ကြည့်ပါ။ အထူးသဖြင့် ခေါင်းထဲမှာ ပြည့်ကျပ်နေရင် အရမ်းကို အဆင်ပြေပါတယ်။ စမ်းသပ်ကြည့်ပါခင်ဗျာ။ တကယ်ကို အကျိုးထူးပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကျပါစေ


ကိုးကားချက် ။ ။
Relaxation and meditation helps students' stress during exams
http://www.mndaily.com/articles/2007/05/01/71787

11 comments:

Infant Goddess said...
This comment has been removed by the author.
Myo Win Zaw said...

မောင်ဇော်မျိုးရေ ကလေးဆန်လှချည်လားညီလေးရဲ့ ညီလေးကို ကြီးကြီးကျယ်ကျယ် ၀ိပသနာတွေဘာတွေပြော ဆန္ဒပြပွဲတွေကိုသုံးသပ်နဲ့ဟုတ်လှပြီထင်နေတာ ဘယ်လိုဖြစ်ရတာလဲကွာ ကိုယ့်ကိုဆဲ မခံယူရင်ဘာမျှမဖြစ်ပါဘူး ငါလဲအဆဲခံရတာဘဲ ထောက်လှမ်းရေးအပြောခံရတာဘဲ မခံယူတော့ဘာမှမဖြစ်ပါဘူးကွာ အရေးကြီးတာရပ်တည်ချက်ဘဲ ယခုမြန်မာပြည်သားတွေရိုင်းတယ် ဆဲတယ် ဟိုစွပ်စွဲ ဒီစွတ်စွဲလုပ်တယ်ဆိုတာ အစ်ကိုသိရသလောက် မြန်မာစစ်တပ်ထဲကလာတာကွ သူတို့နဲ့မတည့်ရင် ကွန်မြူနစ် ပုဆိန်ရိုး အမျိုးစုံဘဲ ဟဲဟဲ အဲဒီဥာဉ်က လူထုထဲ ရောက်လာတာဘဲ ရင်းမြစ်ကိုရှာကြည့်ကွ ဟဲဟဲ
မျိုးဝင်းဇော်

* In Search of Truth * said...

ကျနော့ ဆီမှာ တင်တဲ့ Comment တွေအားလုံးကို စီစစ်ပြီးမှ လက်ခံပါမယ်ခင်ဗျာ။ ဒါနောက်ဆုံးလက်ခံတဲ့ Comment ပါ။ အစ်ကိုတို့ အဆင့်နဲ့ တန်တဲ့ အခွင့်အရေးကတော့ စာပေးစီစစ်ရေး ဖြစ်ပါတယ်။ မဆီမဆိုင်ပြောတဲ့ အကြောင်းအရာမှန်သမျှ လက်ခံမည်မဟုတ်ပါ။ ဥပမာ အခုလို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာနဲ့ ကလေးဆန်တာမျိုးပေါ့ခင်ဗျာ။ နောက်ပြီးတော့ အခုလို စစ်ခွေးဆိုတဲ့ စကားလုံးလို အောက်တန်းစား အသုံးအနှုံး ပိုင်ရှင်တွေဆိုရင် ဘယ်အချိန်မှာမှ လက်ခံမည် မဟုတ်ပါခင်ဗျာ။ လာလည်တာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ =) . အစ်ကိုတို့နဲ့ ထိုက်တန်တဲ့ပုံစံလေးကို လုပ်လိုက်ပါပြီခင်ဗျာ

Doughnut IO said...

Thank you very much.

Unknown said...

အစ်ကိုခင်များ ...ရဲ့အိတ်ဖွင့်ပေးစာ(၂၂.၁၀.၂၀၀၇)အရ`သူဌေးသမီးနဲ့သူခိုး´ဖြစ်ရပ်မှာ..ဘုရားရှင်မိန့်တော်မူတဲ့စကားကအမှန်လားခင်မျာ၊ကျမ်းထဲကအဆိုကိုသိရင်ဖြေပေးပါ၊မဖြေလည်း… နေပါစေခင်မျာ၊စိတ်ထဲတစ်မျိုးဖြစ်နေလို့ပါ။မိန့်တော်မူတာအမှန်ဆိုရင်တော့…ကိုယ့်ဘာသာတရားကိုပြန်လေ့လာရအုံးမယ်။ကျေးဇူးပြုပြီး ဘာသာရေးသီးသန့်ပဲ ရှင်းပြပေးပါ။အစ်ကို့ပြန်ကြားမှုကို linnkhet@gmail.comမှာပဲ ဖတ်ချင်ပါတယ်။
ခင်မင်စွာဖြင့်
လင်းခက်

* In Search of Truth * said...

ကျနော် ဘုရားဟောနိပါတ်တွေကို မနှံ့စပ်ပါခင်ဗျာ

Mr Hell said...

Hello,

Zaw Myo, I like your thinking. I agreed that most of us(myanamr) need proper way to approach democracy.
Let me know more about you.

HellKing

Mr Hell said...

Zaw Myo,
In your cbox, by user name zaw myo, talking about monks and soilders. It is yourself or other people.
I wish it is not yourself.
Let us know the truth.
HellKing

* In Search of Truth * said...

သို့ ကိုငရဲမင်း

ဇော်မျိုးနာမည်နဲ့ ဘုန်ကြီးတွေ သတ်တာကို အားပေးတာ ကျနော် မဟုတ်ပါခင်ဗျာ။ ဇော်မျိုးနာမည်နဲ့ စစ်ဗိုလ်တွေကို ဖားတဲ့စကားပြောတာ ကျနော် မဟုတ်ပါခင်ဗျာ။ ကျနော်စစ်ဗိုလ်တွေကို မဖားပါ။ ထို့အတူပဲ မဆဲပါ။ နှစ်ခုစလုံးဟာ အဓိပါယ်မရှိတဲ့ လုပ်ရပ်လို့ ထင်မြင်ပါတယ်ခင်ဗျာ။ အဲလို ကျနော့နာမည်နဲ့ ပေါက်ကရတွေလုပ်လို့ ဆီဗုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။

ဇော်မျိုး

Unknown said...

KO Zaw Myo,
When will you be writing another topic? It's been a while since the last one.

Thanks,
4freeburma

* In Search of Truth * said...

သို့ ကို 4freeburma
အစ်ကိုမောင်ဆန် အလုပ်တွေ များနေလို့ပါ။ ကျနော်ကလည်း ကျောင်းစာတွေနဲ့ ချာချာလည်နေပါတယ်။ အခြေအနေပေးတာ နဲ့ပြန်ရေးပါမယ်ခင်ဗျာ။