Wednesday, October 10, 2007

ဘာကြောင့်လဲ ? ဘာရည်ရွယ်ချက်လဲ?


ဒီနေ့ နေလည်မှာ မော်စကိုသား အိုင်ဒီနဲ့ ရေးထားတဲ့စာတွေကို ဖတ်ပြီး စိတ်ထဲမှာ ထောင်းကနဲ ဒေါသ ဖြစ်သွားပါတယ်။ သူပြောပုံကို ကြည့်ပါ

မော်စကိုသား

ငါလိုးမသားတွေ 10 Oct 07 11:58 212.149.201.132

မော်စကိုသား
လာပြန်ပြီလား ဒီဘုန်းကြီးသတ်တဲ့ကိစ္စ 10 Oct 07 11:59 212.149.201.132

မော်စကိုသား

သတ်တော့ လီးဖြစ်လားကြွ 10 Oct 07 11:59 212.149.201.132

မော်စကိုသား

စစ်သားကွ 10 Oct 07 12:01 212.149.201.132

မော်စကိုသား

မိုးပေါ်ထောင်မပစ်တတ်ဘူး တည့်တည့်ပစ်တယ် 10 Oct 07 12:02 212.149.201.132

မော်စကိုသား

မအေလိုးတွေ အကုန်ပစ်သတ်မယ် 10 Oct 07 12:02 212.149.201.132

မော်စကိုသား

ငါလိုးမ ကတုံးတွေ 10 Oct 07 12:02 212.149.201.132

ဒီနေရာမှာ ဘာသာရေး စော်ကားထားတာလည်းပါနေပါတယ်။ လူအသိစိတ် ခေါင်းပါးနေတာလဲ ပါနေပါတယ်။ "စစ်သားဆိုတဲ့ကောင် တွေက ဘယ်လို သတ္တ၀ါတွေလဲ?" လို့ စိတ်ထဲမှာ ပြောမိလိုက်ပါတယ်။ အထူးသဖြင့် “ငါလိုးမ ကတုံးတွေ” ဆိုတဲ့ စကားဟာ အရမ်းကို အောက်တန်းကျလွန်းပါတယ်။

ခဏကြာတော့ ဘာရယ်လို့ မဟုတ်ဘူး။ သူ့ IP ကို ကြည့်ချင်စိတ် ဖြစ်လာတာနဲ့ လှမ်း စစ်ကြည့်လိုက် ပါတယ်။ သြော်အဲ IP နံပါတ်ဟာ မော်စကို မပြောနဲ့ ရုရှကတောင် မဟုတ်ဘူးဗျ။ သူဟာ Finland နိုင်ငံ Kuopio မြို့က ဖြစ်နေပါတယ်။

အဲဒီ “မော်စကိုသား” အိုင်ဒီပိုင်ရှင်ကိုမေးချင်ပါတယ်
(၁) ရုရှက မဟုတ်ပဲ ဘာကြောင့် မော်စကိုသားနာမည်ယူထားလဲ? တခြား Finland သားလို့ အိုင်ဒီယူလဲဖြစ်တာပဲ။

(၂) ဘာကြောင့် “ငါလိုးမ ကတုံးတွေ” လို့ဆဲလဲ? ဒါဟာ ဘာသာရေး စော်ကားမှုဆိုတာ မသိလောက်တဲ့အထိ ဥာဏ်ရည်နိမ့်လို့လားခင်ဗျာ?

(၃) အစ်ကို ကိုယ်တိုင်က အမှန်တကယ် စစ်သားလား? စစ်သားက Finland မှာ ဘာသွားလုပ် နေလဲ?

(၄) အခုလို မော်စကိုသားဆိုတဲ့ အိုင်ဒီနဲ့ ဘုန်းကြီးတွေကို ပစ်တာ အားပေးချင်းသည် လူတွေ နဲ့ စစ်တပ်အကြား ပိုပြီး အညှိးကြီးစေပါတယ်။ ဘာကြောင့် ရန်တိုက်ပေးလဲ? ဘာရည်ရွယ်ချက်နဲ့ အခုလို ပြောသလဲ?

အဲဒီမေးခွန်းတွေကို ကိုမော်စကိုသား IP အမှတ် (212.149.201.132) အနေနဲ့ ဖြေကြားပေးပါလို့ တောင်းဆိုပါတယ်။ ဒီမိုကရေစီသမားများတွေကို ပြောချင်ပါသည်။ ကိုမော်စကိုသားသည် စစ်သားလဲဖြစ်နိုင်ပါသည်။ နောင်တွင် ယခုလို မပြောစေလိုပါက (၀ါ) စစ်သား တစ်ယောက်ကို အပြစ်ပေးလိုပါက ဘာသာရေးစော်ကားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်ပါသည်။ IPမှ တဆင့် မော်စကိုသားသည် မည်သူ မည်ဝါ ဖြစ်ကြောင်း ရှာဖွေနိုင်ပါသည်။ တရားစွဲဆိုချင်းနဲ့ နအဖ လူ (၀ါ) ဒီမိုကရေစီ လုပ်စားသူကို ပြစ်ဒဏ်ပေးနိုင်ကြောင်း အသိပေးပါသည်။ ကျနော့ ဆီဗုံးလေးကို ခဏ ပိတ်ထားပါတယ်။ ကိုမော်စကိုသားရဲ့စာတွေကို မူရင်းအတိုင်း မြင်လိုသူများအတွက် ဖြစ်ပါတယ်။

Proxy သုံးထားသလား?

မော်စကိုသား Proxy သုံးပြီး ရေးထားတာ ဖြစ်နိုင်တယ်လို့ ပြောကျ ပါတယ်။ ကွန်ပျူတာ နည်းပညာ ရှပ်ထွေးတာ ကျနော် လက်ခံပါတယ်။ ကျနော့ ကိုယ်ပိုင် စမ်းသပ် တွေ့ရှိချက်အရ Proxy သုံးမထားလို့ ယူဆပါတယ်ခင်ဗျာ။

ကျနော့ စမ်းသပ် နည်းလေးကို ပြောပြရမယ်ဆိုရင်. . . IP address ကို Ping လုပ်ကြည့်ပါ။ တကယ်လို့ Proxy server ရဲ့ IP ဆိုရင် 0% looss ဖြစ်ပါတယ်။ ဒါပေမယ့် 100% loss ဖြစ်ရင် အဲဒါ Proxy မဖြစ်နိုင်ပါ။ ( 0% loss ဖြစ်နိုင်သည့် အခြား အကြောင်း တွေကတော့ အင်တာနက်ကို Router မပါပဲ အသုံးပြုချင်း၊ Firewall မရှိချင်း၊ မိမိ ကိုယ်ပိုင် IP ကို Ping ချင်း တို့ဖြစ်ပါသည်) အပေါ်မှာ တင်ပြခဲ့ သလိုပဲ Proxy စမ်းသပ်မှုတွေဟာ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းနိုင်တာ သဘော တူပါတယ်။ နောက်တချက် ကတော့ Finland နိုင်ငံမှာ Proxy Server ထောင်တာ မရှိ သလောက် ရှားပါတယ်။ ကျနော့ စမ်းသပ်ချက်ဟာ 90% မှ 95% အထိ တိကျပါတယ်။ 5% ပဲ အမှားရှိနိုင်ပါသည်။ ဒါကြောင့် ရုရှမှ စစ်သား ဆိုသည်ထက် Finland မှ စစ်တပ်နဲ့ ပြည်သူတွေ အကြား ရန်တိုက်ပေးသူ ဖြစ်နိုသည်မှာ 95% အထိ သေချာပါသည်။

တကယ်လို့ ကျနော့ စမ်းသပ်ပုံ ချို့ယွင်းတယ်လို့ တွေ့ရှိပါက ပြောပြပေးပါ။ အမှန်ကို ပြောပြသူတိုင်းကို ကျေးဇူးတင်ပါမယ်။ ဒါပေမယ့် မိမိနဲ့ဝါဒတူ လူတစ်ယောက်၏ ယုတ်မာသည့် အကြံကို ဖုံးဖိလိုသည့် သဘောဖြင့် လိမ်ညာ ဆင်ချေပေးဖို့ မကြိုးစားပါနဲ့ လို့ မေတ္တာရပ်ခံချင်ပါတယ်။ နိုင်ငံအရေးမို့ ရိုးသားပေးစေချင်ပါတယ်။

8 comments:

Trading & Investment 2023 said...

http://www.ripe.net/perl/whois?query=212.149.201.132&.submit=Submit+Query

If you utilized with proxy bypass s/w, you could not trace the owner.
As far as I concern, I found above URL and profiles. You might wanna check it out for more details.

* In Search of Truth * said...

ကို Tun Tun Lin

Proxy IP တွေသည် Ping လုပ်လို့ရပါသည်။ Private IP များသည် Ping လုပ်တိုင်းမရပါ။ ထိုအချက်ကို အခြေခံပြီး Proxy သုံးမထားဟု ယူဆပါသည်။ Host Name ကိုလေ့လာသောအခါတွင် Proxy ဟု မယူဆနိုင်ပါ။ ကျနော့ စမ်းသပ်ချက် မှားယွင်းပါက ပြောပြပေးပါ။ ကျေးဇူးများစွာ တင်ရှိပါမည်

Trading & Investment 2023 said...

Ko ZM
I guess, one of the embedded ISP is yours. My point is that someone from Russia who do visit in your Cbox within our CHAT. I would like to send the photos of the ISP' location.

A. StarHub Cable Vision Ltd, Singapore 11 October 2007 13:56:02

B. 11 October 15:12 Velcom, Toronto, Ontario, Canada

C. 11 October 16:06 SmartLogic Ltd., Moscow, Moscow City, Russia

I've highly appreciate for your contribution. Please don't think me wrong.

* In Search of Truth * said...

သို့
ကိုထွန်းထွန်းလင်း

ရုရှကလူတွေ ကျနော် ဘလော့လာတဲ့ အကြောင်း နဲ့ ကိုမော်စကိုသား ကိစ္စနဲ့ ဘယ်လိုဆက်သွယ်မှု ရှိတယ်လို့ ယူဆ ထားသလဲ? ကျနော့ ကို တချက်လောက် ရှင်းပြပေးပါလားခင်ဗျာ

Unknown said...

Ko Zaw Myo,
Buddhist dwe har lane mar yin kyay dal so dae sa car ko pyan pyin ya ma lo pyit nay pi..
Arr lone har MM a taut Democracy lo chin kya par dal. Dar pae mae, dar ko a kyaung pya pi, mite yine chin dine mite yine dar daw , bal kg ma lae.. naut pi, ko name ko ma tone bae... tu myar name ko tone dal.
KZM, Do not follow the majority when the majority is wrong. Stick to your beliefs and know yourself well. Pls write more......
Thanks
4freeburma

wawakhin said...

what why ?.............................

Hteink Min said...

အိုး.. ဖင်လန် ကူအိုပီအိုဆိုလို့ အရမ်းအဲ့သြသွားတယ် . ပြောလို့တော့ မရဘူးဗျ.. လူဆိုတာ အမျိုးစုံရှိတာလား၊ သို့သော် ဖင်လန်ရောက်မြန်မာများဟာ များသောအားဖြင့် ဒုက္ခသည် တွေ .. ဒါမှမဟုတ် စစ်အစိုးရကို ဆန့်ကျင်နေတဲ့ သူတွေများပါတယ်။ ဒါပေမဲ့ ဒီလောက် ရိုင်းဆိုင်းတဲ့ လူတော့ ဖင်လန်မှာရှိမနေသင့်ဘူးလို့ ထင်ပါတယ်။

Unknown said...

ကျနော်ထင်တာ စစ်သား မဟုတ်လောက်ဘူး ဖင်လန်ရောက်နေတဲ့ ဒုတ်ခသည် ကုလားဖြစ်မယ်။ ဒီကောင်ဟာ ဒီမိုအစစ်လည်း ဟုတ်ဟုန်မတူဘူး သေချာတာကတော့ ဒီကောင်မွတ်ဆလိမ်ဘဲ