Sunday, October 7, 2007

လိမ်ညာဝါဒဖြန့်ချင်းသည် အကျိုးမရှိပါ

သီအိုရီ အရတော့ သတင်းဆိုတာ အမှန်ပဲ ဖေါ်ပြရမှာပါ။ မတော်တဆ သတင်းကို မှားယွင်း ဖေါ်ပြမိတယ်ဆိုရင် တော့ တမျိုးပေါ့ဗျာ။ ခက်တာ သတင်းမှားကို တမင် လုပ်ပြီး တင်ပြတာကတော့ မသင့်တော်ဘူးထင်တယ်ဗျ။ လူကျင့်ဝတ် ရှုထောင့်ကပဲ ဖြစ်ဖြစ် နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ဘာသာရေးဘက်ကပဲဖြစ်ဖြစ် လုံးဝ မလုပ်သင့်ဘူးဗျ။

လူတွေကတော့ ဆန္ဒပြပွဲ ငြိမ်သွားလို့ ပြီးခဲ့တဲ့ဖြစ်ရပ်တွေကို မှတ်တမ်းတင်ပြီး သပိတ်တွေ လုပ်ဖို့ ပြင်ဆင်နေကျပါပြီ။ ပြီးခဲ့တဲ့ လှုပ်ရှားမှုတွေ အပေါ်မှာ သင်ခန်းစာယူဖို့ ဝေဖန် ဆန်းစစ်တာတွေ လုပ်တာတော့ မတွေ့မိဘူးဗျ။ နအဖကို အပြစ်တင်တာပဲ လုပ်ကျပါတယ် . . . .ဒါပါပဲ။ နအဖ ဘယ်လို နည်းဗျူဟာ အသုံးပြု နှိမ်နင်းလဲ ဆိုတာလဲ မစမ်းစစ်ကျပါဘူး။ တကယ်တော့ နအဖသုံးတဲ့ နည်းဗျူဟာကို လေ့လာမယ်ဆိုရင် နောင် ဆန္ဒပြပွဲတွေမှာ ပိုမိုထိရောက်တဲ့ နအဖပြုတ်ကျရေး လမ်းစဉ်ကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။

အခုပြောချင်တာ မြန်မာမွတ်ဆလင် ၀က်ဆိုက် လိမ်ညာ သတင်းထုတ်လွှင့်မှု ဖြစ်ပါတယ်။ အပေါ်ဆုံးညာဘက်က ဓါတ်ပုံကတော့ မြန်မာမွတ်ဆလင် ၀က်ဆိုက်ကနေ ထုတ်ပြန်ထားတဲ့ သတင်းဓါတ်ပုံပါ။ အစ်ကို ကဒေါင်းညင်သာ ဘလော့မှာ တွေ့လို့ ပြန်ယူထားတာပါ။ အဲဒီဓါတ်ပုံမှာ
“တာမွေ အထက (၃) ရှေ့တွင် စစ်အဏာရှင်များ၏ လက်ပါးစေ စစ်သားများမှ ရက်စက်စွာ ရိုက်နှက်မှုကြောင့် သေဆုံးသွား ကျောင်းသား လူငယ်တစ်ဦး၏ ဦးနောက် ရေမြောင်းအတွင်းသို့ ပြုတ်ကျစဉ်” စာရေးထားပါတယ်။

ပုံ(၁) နဲ့ ပုံ(၂) ကို သေချာ လေ့လာ ကြည့်ပါ။ ဦးနောက်ဟာ ဦးခေါင်းခွံထဲမှာ လုံခြုံစွာ တည်ရှိနေပါတယ်။ အဲဒီ ဦးခေါင်းခွံကို အရေပြားနဲ့ ဖုံးအုပ်ထားပါတယ်။ လက်တွေ့ စဉ်းစားကြည့်ပါ။ ခေါင်းကို ဒုတ်နဲ့ ကြိုက်သလောက်ရိုက်ပါ။ သွေးထွက်မယ်။ အတွင်းဘက်က ဦးခေါင်းခွံ အက်သွားမယ်။ လူသေသွားပါမယ်။ ဒီလောက်ပဲ အများဆုံး ဖြစ်မှာပါ။ ဦးခေါင်းခွံကြီးပေါက် သွားတာမျိုး မဖြစ်ပါဘူး။ ဦးနောက် ထွက်မကျအောင်လဲ အပေါ်အရေပြားက ဖုံးအုပ် ကာကွယ်ထားပါတယ်။

အဲဒီ ဓါတ်ပုံမှာတော့ ဦးနောက်က ရေမြောင်းထဲ ပြုတ်ကျသွားတယ်လို့တောင် လုပ်ထားပါတယ်။ အဲဒါ ဖြစ်နိုင်လား? အဲလို ဖြစ်ဖို့က ခေါင်းခွံ အရိုးကြီး ပွင့်သွားဦးတော့ အပေါ်က အရေးပြားတွေက ကာကွယ်ထားမှာပါ။ ဒုတ်နဲ့ရိုက်လို့ ဦးနောက် ထွက်လာတာ ကြားဖူးပါသလား။ လိမ်ညာ ဓါတ်ပုံဆိုတာ သိသာပါတယ်။ ( တကယ်လို့ ဒုတ်နဲ့ရိုက်လို့ ဦးနောက် ထွက်ကျလာတယ်လို့ ကြားဖူးတဲ့ သူရှိရင် comment တွင်ရေးပြပေးပါ) မှုံဝါးအောင် လုပ်ထားကတဲက မရိုးသားဘူးဆိုတာ သိသာပါတယ်။ အတုမှန်သမျှ မှုံဝါးနေတယ်ဆိုတာ သတိပြုပါ။ အတုလို့ နာမည်ကြီးနေတဲ့ ဘင်လာဒင်ဗီဒီယို၊ လပေါ်လမ်းလျှောက်တဲ့ ဗီဒီယို တွေလဲ မှုံမှုံဝါးဝါးနဲ့ မသဲကွဲကျပါဘူး။

လိမ်တော့ အကျိုးရှိလား?


အဲလို နအဖကို ပိုပြီးရက်စက်တယ် ထင်အောင် လုပ်တာ အပေါ်ယံတွေးကြည့်ရင် ဆန္ဒပြသူတွေ ပိုများလာမယ်ပေါ့ဗျာ။ တကယ် အကျိုးဆက်ကတော့ ပြောရခက်တယ်ဗျ။ တချို့အခြေအနေမှာ ဆန္ဒပြသူ ပိုများ လာနိုင်ပါတယ်။ ကျနော့ အထင်ပြောရရင် လူအများစုဟာ အကြောက်လွန်ပြီး ဆန္ဒ မပြရဲပဲ ဖြစ်ကုန်မယ် ထင်တယ်ဗျ။ တချို့လည်း ဒေါသတွေ ထွက်ပြီး ဘာကို လုပ်သင့်လဲ မှန်မှန်ကန်ကန် မစဉ်းစားနိုင်ပဲ ပေါက်ကရတွေ လုပ်ပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။ ကရာတေး ကစားသလိုပေါ့ဗျာ။ ဒေါသမထွက်ပဲ စိတ်တည်ငြိမ်မှ တိုက်ကွက်ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းတိုင်းမှာ မှန်ကန်သော စာရင်းဇယားက အရေးကြီးပါသည်။ နိုင်ငံရေး လှုပ်ရှားသူများ အတွက်လည်း မှန်ကန်သော သတင်းများက အရေးကြီးပါတယ်။ ဆိုက်ဝါး လိမ်ညာဝါဒတွေ လုပ်ရင် နအဖရဲ့ တိုက်ကွက်ကို မမြင်ဖြစ်ပြီး ဒုက္ခများနိုင်ပါတယ်။ ရိုးသားဖို့အတွက် သတိထားရန် တင်ပြလိုက်ပါတယ်။

(နောက်အပတ်တွေတော့ ဗုဒ္ဓဘာသာ အကြောင်းများသာ ဦးစားပေးတင်ပြသွားပါမည်။ ငြိမ်းအေးမှုလေး ရအောင်လို့ပါ)

6 comments:

myosetthit said...

ကိုဇော်မျိုးရေ....
သတင်းအမှားတွေကြောင့်ပြည်သူတွေ ဒုတ်ခရောက်နိုင်တယ်ဆိုတာ တင်တဲ့သူတွေ မသိဘူးဗျ။သူတို့တွေမှာ စဉ်းစားဥာဏ်ရှိမှ အဲဒီဓာတ်ပုံက ဟုတ်မဟုတ် စဉ်းစားတတ်မှာပေါ့။သူတို့တွေက ဟုတ်တာတွေရော၊မဟုတ်တာတွေရော စွတ်တင်နေတာ။ကျွန်တော်လည်း အကို့လိုပဲ ရေးမလို့..လက်မရဲသေးလို့ဗျ။။ဟဲဟဲ။အခုအချိန်မှာ စစ်တပ်ကိုမှ မဆဲရင် စစ်တပ်လူလို့ထင်ကြတယ်ဗျ။မှန်ကန်တဲ့ သုံးသပ်ချက်တွေကို အမြဲအားပေးနေမယ်ဗျာ။

မင်းလူယောင် said...

ခင်ဗျားပြောတဲ့ နအဖရဲ့ တိုက်ကွက်ကို မမြင်ဖြစ်ပြီးလို့ ပြောနေတော့.. သူတို့ တိုက်ကွက်ကို အကျယ်ချဲ့ ရှင်းပြပေးစေလိုပါတယ်.. ကျုပ်တောင်းဆိုတာက ဒီဦးနောက်ထွက်တာနဲ့ ဘာမှမဆိုင်ပါဘူး။ ခင်ဗျားဆိုလိုတာ အချို့ ဖတ်ရတာ.. မရှင်းလို့ ပါ..
ကျေးဇူးဗျို့ ..

Alberto Magogi said...

It's possible to beat the brain out. Perhap, the victim was a kid.

Unknown said...

lightofmyanmar မင်းရေးထားတဲ့ လိမ်ညာဝါဒဖြန့်ချီခြင်းသည်အကျိုးမရှိပါ ကဟာကိုဖတ်ပြီးငါစဉ်းစားခဲ့ဖူးတယ်.အဖြစ်မှန်ဆိုတာအချိန်တန်ရင်ပေါ်လာတာပဲလေ မင်းဒီမေးမြန်းချက်ကိုဖတ်ကြည်ပါ http://burmese.dvb.no/news.php?

* In Search of Truth * said...

သို့ SAN
အရင်က လိမ်ညာတဲ့အကြောင်း အမှန်အတိုင်း ၀န်ခံ၇မှာ သတ္တိမရှိဘူးဆိုတာ သိသာပါတယ်။ တိတ်တိတ်လေးနေတဲ့ သူတွေဟာ အခုတော့ DVB လိမ်ညာထောက်ပံ့ သတင်းလေးတွေ့ရတော့ ၀မ်းသာသွားပုံရတယ်ဗျ။ ကျနော်ကတော့ အစ်ကိုတို့တော်လှန်ရေးကို ခေါင်းမရှိသူများရဲ့ တော်လှန်ရေးလို့ အမည်ပေးရမလိုဖြစ်နေပြီထင်ပါတယ်ခင်ဗျာ။ နည်းနည်းလေးမှကို မစဉ်းစားပဲ ယုံကျတာတော့ အံ့သြပါတယ်ခင်ဗျာ။ အမှန်အတိုင်း ပြောမိလို့ စိတ်တော့ မဆိုးကျပါနဲ့ ခင်ဗျာ။ ကဲကျနော် အချက် ၄ချက်တင်ပြမယ်

(၁) ဓါတ်ပုံမှာ အရိုက်ခံရလို့ဆိုတာ အသေချာရေးထားပါတယ်။ စာကို သေချာပြန်ဖတ်ပါခင်ဗျာ။ ပစ်လို့အခုလိုဖြစ်တယ်ဆိုရင် ပစ်လို့ ဖြစ်တဲ့အကြောင်း ရေးမှာပါ။ တစိပ်ကို တအိတ် လုပ်ချင်နေတဲ့ သူတွေဆိုတာ အစ်ကိုတို့ ကိုယ်တိုင်သိပါတယ်။

(၂) အဲဒီသတင်းစာသားတွေ ပြန်ကြည့်ပါ။ အားလုံး အခုသတင်းကို မှန်ကန်တယ်ထင်အောင် စာသားစီထားပါတယ်။ ဥာဏ်ရှိသူများ မြင်နိုင်ပါတယ်။ http://burmese.dvb.no/news.php?id=2498

(၃)သေနတ်နဲ့ထိလို့ပေါက်သွားတဲ့ခေါင်းက ဦးနောက် အခုလိုဖြစ်နိုင်လား တချက်ပြန်စဉ်းစားပါခင်ဗျာ။ ဓါတ်ပုံ ပြန်ကြည့်ပါ။

(၄) နောက်ဆုံးမေးချင်တာကတော့ တယ်လီဖုံး အင်တာဗျူးတွေကို အမြဲယုံလား?


အမှန်ကို အမှန်အတိုင်းလက်ခံ နိုင်အောင် ကြိုးစားပါခင်ဗျာ။ ကလေးမဆန်ပါနဲ့ ခင်ဗျာ။ စဉ်းစားပါခင်ဗျာ။ တွေးခေါ်ပါခင်ဗျာ။ ခေါင်းမရှိသူများရဲ့ တော်လှန်ရေးကြီးဖြစ်နေရင် . . . . . . . . .

(မှတ်ချက်။ ။ ကျနော်၏ တုံ့ပြန်ချက်ဟာ စဉ်းစား ဥာဏ်ရှိသူများ အတွက်သာ ဖြစ်ပါတယ်။ ကလေးများနဲ့ Brainwashed လုပ်ခံထားရသူများ အတွက်မဟုတ်ပါ)

Unknown said...

ဟုတ်ပါတယ်။ ဒီလိုသတင်း မှားသလားမှန်သလားဆိုတာ ကယံကံရှင်တွေသာလျှင် အသိဆုံးဖြစ်ပါလိမ့်မယ်။ သတင်းအမှန်ကို (ထုတ်လွင့်မပေးရ)မူဝါဒလမ်းစဉ်နဲ့ အညီဖော်ပြပေး ထားတာဖြစ်ပါလိမ့်မည်။