Monday, October 1, 2007

မေးခွန်း

လူတိုင်းနီးပါး ဒီမိုကရေစီကို လိုချင်တယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်ကတော့ ဝါဒစွဲ မရှိပါဘူး။ နိုင်ငံရေးပြောင်းလဲ ဖို့ပဲ လိုလားပါတယ်။ ဘာပဲဖြစ်ဖြစ် နအဖ ဆင်းသင့်ပြီ ဆိုတာတော့ သဘောတူ ပါတယ်။ ဒီတော့ နအဖဆင်းသင့်ပြီလို့ ယူဆနေတဲ့သူတွေကို မေးခွန်းလေးတွေ မေးကြည့်ပါမယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး

(၁) သတင်းထူးတွေ ထွက်မထွက် လိုက်လံ နားထောင်နေတာတော့ ဟုတ်ပါတယ်။ သတင်းထူးလေးတွေ ထွက်လာအောင် (၀ါ) ဆန္ဒပြပွဲလေးတွေ ဖြစ်လာအောင် ဘယ်လို ကူညီဖို့ စဉ်းစားထားလဲ?

(၂) ကုလသမဂ္ဂကို မျှော်ကိုးတာတော့ ဟုတ်ပါတယ်။ နှစ်ပေါင်း ၂၀ လုံးလုံး ဘာမှ အားကိုးလို့မရတာ လက်တွေ့ပဲ။ တကယ်လို့ အခုလည်း အားကိုးလို့ မရရင် ဘာတွေ ဆက်လုပ်သင့်တယ် တွေးထားလဲ?

(၃) စစ်တပ် ပစ်တဲ့ကိစ္စန့ပတ်သက်ပြီး နေ့တိုင်း ဆဲနေပါတယ်။ နောင်မှာ စစ်တပ် ဆန္ဒပြသူတွေကို မပစ်အောင် (၀ါ) အပစ်မခံရအောင် ဘယ်လို လုပ်သင့်လဲ ဆိုတာ စဉ်းစားပြီးပြီလား?

(၄) နိုင်ငံတကာ တပ်တွေကို မျှော်လင့်တာတော့ ဟုတ်ပါပြီ။ မျှော်လင့်သလို ဖြစ်မလာရင် ဘာလုပ်မလဲ စဉ်းစားပြီးပြီလား?

(၅) ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့ နအဖ ပစ်တာတွေကို မှတ်တမ်း တင်တာတော့ ဟုတ်ပါပြီ။ အဲဒီမှတ်တမ်းတွေက နအဖပြုတ်ကျ သွားအောင် အသုံးမ၀င်ရင် ဘာတွေ ဆက်လုပ်မလဲ?

(၆) လက်ရှိဆန္ဒပြပွဲတွေ အရှိန်လုံးဝ ကျနေပါပြီ။ ဒါပေမယ့် သွေးပူဆဲပါ။ ဒါဆိုရင် ဘာတွေ လုပ်သင့်တယ်လို့ တွေးထားလဲ?

အဲဒီမေးခွန်းလေးတွေ ဖြေကြည့် ပါလားခင်ဗျာ. . . . . အချင်းချင်းလဲ ပြန်မေးကြည့်ပါ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကျပါစေ
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

3 comments:

Test said...

တပ်မတော်သင်တန်းကျောင်းမှ ဗိုလ်မှုးအဆင့် အရာရှိဆရာတစ်ဦးက "US ကနေ အခုများဝင်တိုက်ရင်လေ ကိုယ် US ဘက်ကို ချက်ချင်း အလင်းဝင်မှာ သိလား။ ဘယ်နားမှာ ဘယ်လောက်အရှည် လှိုဏ်ခေါင်းကြီး တူးပြီး ဘာတွေစမ်းနေတာ တို့။ ရုရှက ပြန်လာတဲ့ကလေးတွေ အတွက် ဇင်စတွေ ဂိုဒေါင်နဲ့ တစ်လုံး အပြည့်ဝယ်ထားတာတို့။ သူတို့ပြန်လာရင် အဲဒီ ဇင်စနဲ့ချုပ်ထားတဲ့ ပွယောင်းယောင်း အင်္ကျီတွေဝတ်ခိုင်းပြီး အဲဒီ ရေဒီယို သတ္တိကြွ လှိုဏ်ခေါင်းထဲ ဆင်းခိုင်းမှာတို့ အကုန်ဖော်မှာ။ အဲဒီထဲ ဆင်းမိရင် DNA ကို ပျက်စီးစေတဲ့အတွက် မျိုးလည်းသုဉ်း.. ဆယ်နှစ်လောက်ကြာရင် ကင်ဆာဖြစ်ပြီးသေမှာလေကွာ။ ကလေးတွေ သနားပါတယ်ကွာ၊ သူတို့မှာ တော့ မျှော်လင့်ချက်လေးတွေနဲ့ပေါ့။ ကိုယ်တို့ ဆီက အသေထွက် ထွက်ရင်ထွက်၊ မထွက်ရင် အရှင်ထွက် ထွက်ရမှာမို့သာ။ "

Myo Win Zaw said...

ဖြေစရာမလိုပါ ဦးနှောပ်ဖောက်စားနေသည်

* In Search of Truth * said...

သို့ Ko
ဦးနောက် ဖေါက်စားချင်း မဟုတ်ပါ။ လက်တွေ့ကျကျ အစီအစဉ်များရှိမရှိကို စမ်းစစ်ထားခြင်း ဖြစ်ပါသည်။