Wednesday, October 31, 2007

Thomas Jefferson ဆေးရုံမှ တရားပြသင်တန်း



ဒီတခါတင်ပြမယ့်အကြောင်းကတော့ အမေရိကန်မှ Thomas Jefferson ဆေးရုံရဲ့ ၀ိပဿနာသင်တန်း ကြော်ငြာလေးပါ။ သင်တန်းကာလကတော့ ၂ လကြာမြင့်ပါတယ်။ အကြေးငွေအဖြစ် $495 ယူပါတယ်။ တရားစခန်းဝင်တဲ့ပုံစံမျိုးနဲ့ သင်ပေးတာမဟုတ်ပဲ တပတ်နှစ်ကြိမ် တရားထိုင်နည်းကို သင်ပြသပေးတာဖြစ်ပါတယ်။

ဝိပဿနာဝေါဟာရ

ဆီပုံးမှာ Mindfulness ဟာ သမထကို ရည်ညွှန်းတယ်ဆိုပြီး ပြောတဲ့ သူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူက ၀ိပဿနာဟာ နိဗာန် အတွက်ပဲ ဖြစ်လို့ အနောက်နိုင်ငံသားတွေ လုပ်တာ သမထပဲ ဖြစ်နိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီမှာ မြန်မာတွေ မှားယွင်းနေတဲ့အချက် ကိုကျနော် ပြောချင်ပါတယ်။ တရားတော်ဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးပြုတယ်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ၀ိပဿနာကို ကျနော်တို့ ဗုဒ္ဓဘာသာတွေဟာ နိဗာန် ရည်မျှော်ပြီးလုပ်တာ မှန်ပေမယ့်၊ လက်ရှိဘ၀ မှာလည်း အကျိုးထူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ဝိပဿနာကို Vipassana Meditation , Insight Meditation နဲ့ Mindfulness Meditation စသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကျပါတယ်။ ဘာသာရေးနဲ့ တတ်နိုင်သမျှ ကင်းရှင်းအောင် လုပ်ရမယ်ဆိုတဲ့မူနဲ့ အညီ ဆေးရုံတွေနဲ့ တက္ကသိုလ်တွေမှာ အများဆုံးအသုံးပြုတဲ့ အသုံးအနှုံးကတော့ Mindfulness Meditation ပါ။ တချို့ သင်တန်းတွေမှာဆိုရင် ၀ိပဿနာကို Religion နဲ့ မဆိုင်ဘူးလို့တောင် အတိအလင်းရေးထားပါတယ်။

မကျေနပ်ပေမယ့်လဲ . . .

ကြော်ငြာကို အောက်မှာ ကူးပြထားပါတယ်။ ဖတ်ကြည့်ရင် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမပိုင်းမှာတော့ ၀ိပဿနာဟာ ယုံကြည်မှု သက်သက်မဟုတ်ပဲ စမ်းသပ်သုတေသနတွေ အမျိုးမျိုးနဲ့ အထောက်အထားခိုင်ခိုင်မာမာ ရှိကြောင်း ရှင်းပြထားပါတယ်။ ဇယားကွက်လေးလဲ ပူးတွဲယှဉ်ပြထားပါတယ်။

သူတို့ဖိတ်ခေါ်ထားတဲ့ ဝေဒါနာရှင် အမျိုးအစားတွေဖတ်ကြည့်ပါ

(၁) နာကျင်ကိုက်ခဲ ဝေဒနာခံစားနေရသူများ
(၂) ကင်ဆာဝေဒနာရှင်များ
(၃) စိတ်ပင်ပန်းနေသူများ (Stress)
(၄) နှလုံးရောဂါဝေဒနာရှင်
(၅) စိုးရိမ်စိတ်ကြီးသူများနှင့် ထိတ်လန့်ချောက်ချားနေကျသူများ (Anxiety and Panic)
(၆) အစားအသောက်မစားချင်ဖြစ်နေသော ဝေဒနာရှင်များ (GI Distress)
(၇) လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေသူများ (Fatigue)
(၈) ကောင်းကောင်းအိပ်စက်လို့ မရသောဝေဒနာရှင်များ (Insomnia)
(၉) စိတ်ကျရောဂါ (သို့မဟုတ်) စိတ်ညစ်နေသူများ (Depression)
(၁၀) အခြား နာတာရှည်ရောဂါဝေဒနာရှင်များ ဆိုပြီး ၉၆ပါး ဝေဒနာရှင် အားလုံးနည်းပါး ဖိတ်ခေါ်ထားပါတယ်။

ဒါကိုကြည့်ရင် ကျနော်တို့ ဗုဒ္ဓရဲ့ တရားတော်ဟာ လူသားတွေကို ဘာသာမရွေး လူမျိုးမရွေး အကျိုးပြုတယ်ဆိုတဲ့သဘောပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အရမ်းဂုဏ်ယူထိုက်တဲ့ အချက်လို့ ယူဆပါတယ်။

သင်တန်းပြီးဆုံးသွားသူတွေရဲ့ မှတ်ချက်လေးတွေကလဲ အရမ်းကြည်နူးဖို့ကောင်းပါတယ်။

“၀ိပဿနာသင်တန်းကြောင့် ကျနော်ဟာ အခုလူဘ၀ကြီးကို အမြင်သစ် အတွေးသစ် ခံစားချက်အသစ်တွေနဲ့ နေထိုင်နိုင်နေပါပြီ”

“ကျနော်ကတော့ လောကဒဏ်တရားကို ခံနိုင်တဲ့ စွမ်းရည်တွေနဲ့ ဥာဏ်အစွမ်းအစ တွေရရှိလာပါတယ်”


“ခံစားနေရတဲ့ ဝေဒနာတွေကို အဆိုးမြင်စိတ်တွေ နည်းပါးသွားပြီး သည်းခံနိုင်စွမ်း လည်းရှိလာပြီမို့ အခုဆိုရင် အချိန်ပြည့် အလုပ်လုပ်နိုင်နေပါပြီ”

“ ဒီသင်တန်းကနေ ဘ၀တာ တစ်ခုလုံး ပျော်ရွှင်ချမ်းမြေ့စေမည့် နေထိုင်သည့် နည်းလမ်းကောင်းကို ရရှိသွားပါတယ်”

အထက်က အကြောင်းအရာတွေကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က မြတ်ဗုဒ္ဓရဲ့ တရားဆေးဟာ အံ့မခန်း အစွမ်းထက်တယ်ဆိုတာ ငြင်းလို့ မရတဲ့အချက်ပါ။ ဒါပေမယ့်လည်း ကြော်ငြာထဲမှာတော့ ပါမောက္ခ Jon Kabat-Zinn ကိုပဲ Credit ပေးထားပါတယ်။ ဗုဒ္ဓအမည်တော့ မတွေ့ရပါ။ ဗုဒ္ဓအမည်မသုံးတာ မရိုးသားဘူးလို့ ကျနော် မမြင်ပါ။ ဘာသာရေးလို့ ထင်မြင် မယူဆစေချင်တဲ့ သဘောထားလို့ ထင်ပါတယ်။ မူရင်းတွေ့ရှိသူရဲ့ အမည်ကို မသုံးတဲ့အတွက် မှန်ကန်တဲ့ လုပ်ဆောင်ချက်လို့ မမြင်ပါ။ ဒါပေမယ့် တရားတော်ရဲ့ အကျိုးကို လူသားတွေ ပိုမို ခံစားနိုင်အောင် လုပ်ပေးတဲ့ သင်တန်း တစ်ခုမို့ ကျေနပ်မိပါတယ်။


မူရင်းကို အင်္ဂလိုဖတ်နိုင်ပါတယ်

4 comments:

စိုးထက် - Soe Htet ! said...

လာလည် သွားပါတယ် ကိုဇော်မျိုးရေ ... စီပုံးမှာ အော်မရလို့ ... ၀ိပဿနာ လာရောက် ဖတ်ရှု လေ့လာ သွားပါတယ် ... :) အဆင်ပြေပါစေ ... :P

Unknown said...

Come on! Please do what you do best, attacking on Pro Demo People. That give me loads of fun with you. Don't quit the job, sitting on the fence or in search of truth.

* In Search of Truth * said...

သို့ကို top
ကို top ရဲ့မှတ်ချက်ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာနဲ့ ကလေးဆန်တဲ့ ပြောဆိုချက်ပဲ ဖြစ်နေပါတယ်။ နောင်မှာ အခုလို comment တွေကို ဖျက်ပြစ်မှာဖြစ်ပါတယ်။ ကြောင်းကျိုးဆီလျော်ပြီး တည်တည်တံ့တံ့ အချက်ကျကျ ပြောဆိုတဲ့ comment များရေးတတ်လာရေးအတွက်ပါ။ တနည်းပြောရရင် မှန်ကန်သော ဒီမိုကရေစီ ဖြစ်မြောက်ရေးအတွက်ပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဇော်မျိုး

Unknown said...
This comment has been removed by a blog administrator.