Saturday, October 27, 2007

ဒီလိုဝေဖန်လိုက်ပါတယ် (၁)

ဒီမိုကရေစီသမားတွေ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှု ကျနော်တို့ စောင့်ကြည့်နေပါတယ်။ တချို့တလေကတော့ လက်တွေ့ကျကျ တွေးခေါ်သင့်တယ်ဆိုတာ လက်ခံလာတဲ့ အရိပ်အယောင် ပြလာပါတယ်။ ဒါပေမယ့် အများစုကတော့ အမှောင်ထဲမှာ လမ်းပျောက်နေတုံး ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီလူတွေဟာ အချိန်ပြည့် နအဖကို အပြစ်တင်တယ်၊ သတင်းတွေကို ချဲ့ကားပြောတယ်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်။ ရှေးအစဉ်လာအပျက် ဆက်လက် လုပ်နေကျပါတယ်။ နအဖကို လုံးဝ မဝေဖန်နဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ အရေးကြီးတဲ့ ဆန္ဒပြပွဲမှာ ဘာတွေ လွဲမှားနေလဲဆိုတာကို ဝေဖန် စမ်းစစ်တာမျိုး မလုပ်ကျသေးပါဘူး။ လုပ်လဲ လုပ်ရဲဟန်မတူပါ။ နအဖလူလို့ စွပ်စွဲ ဆဲဆိုပြီး ဘလော့ကို သပိတ်မှောက်မယ့်အရေးကို ကြောက်ရသေးတယ် မဟုတ်လားဗျာ။ ကျနော်တို့ နှစ်ယောက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါ။ ဒါကြောင့် ဒီမိုကရေစီမသမားတွေရဲ့ စိတ်ဓါတ်ကို ခေါင်းစဉ်လေးတွေ ခွဲပြီး အပိုင်းလေးတွေနဲ့ တင်ပြသွားပါမယ်။

သင်ခန်းစာ မယူတတ်သောသူများ
မဆလ ပြုတ်ကျခဲ့ရတဲ့ အဓိက အကြောင်းအရင်း ကတော့ သူတို့ လုပ်ရပ်ကို ဝေဖန်စမ်းစစ်ခြင်း မလုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်လဲ တိုင်းပြည်ဟာ အဆင်းရဲဆုံး နိုင်ငံအဖြစ်ရောက်ရှိသွားခဲ့ပါတယ်။ မိဘတွေ ပြောပြချက်အရ ဦးရှုမောင်ကြီး တစက်မှ အသုံးမကျတာတောင် လူတွေက နားလည်ခွင့်လွှတ်ခဲ့ကျတယ် ဆိုပဲ။ သူရာထူးကနေ ဆင်းမယ်လုပ်တော့ မျက်ရည်ကျခဲ့တဲ့သူက မနည်းလှဘူးတဲ့။ အဲလောက် သည်းခံစိတ်ရှိတဲ့ ပြည်သူတွေဟာ ဦးနေ၀င်းကို မြောင်းထဲပို့ခဲ့တာ လူတိုင်းသိပါတယ်။ ခွေးတိရိစ္ဆာန်တွေနဲ့ ခိုင်းနှိုင်းတာတွေကိုလဲ ခံခဲ့ရပါတယ်။

နောက်ဘယ်သူတွေ မြောင်းထဲ အပို့ခံရ မလဲ? ဒီမိုကရေစီသမားတွေက နအဖ လို့ပြောကျမှာပါ။ ကျနော်ကတော့ ဒီမိုကရေစီသမားတွေလဲ ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်။ အခုလိုပြောလို့ စိတ်ဆိုးလည်း မတတ်နိုင်ဘူးဗျ။ ပြောသင့်တာတော့ ပြောရမှာပဲ။ နအဖကို တော်လှန်လာတာ ၁၉ နှစ်ရှိပြီ။ ပြည်သူတွေ ပင်ပန်းလာကျပြီ။ ဒီတော့ နအဖ ပြုတ်ကျအောင်လုပ်ဖို့ ရှေးရိုးအစဉ်အလာအတိုင်း ဆက်လုပ်သွားရင်တော့ ပြည်သူတွေရဲ့ သဘောထား ဆန့်ကျင်ဘက်ကို ရောက်သွားနိုင်တယ်ဆိုတာ သတိထားပါ။ ထို့အတူပဲ နအဖအနေနဲ့ နည်းဟောင်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိနေပါပြီ။ ဒါကြောင့် နည်းသစ်တွေ လိုနေပါပြီ။ နည်းသစ်တွေ စဉ်းစားဖို့က လက်ရှိ နည်းလမ်းတွေထဲက ကောင်းတွေကို ချန်ထားပြီး မကောင်းတာတွေကို ထုတ်ပြစ်ဖို့လိုပါတယ်။ ဒီတော့ ဘယ်အပြုအမူတွေကို ပြင်သင့်လဲသိဖို့ စမ်းစစ်ကြည့်ကျပါစို့။

ဦးစားပေးသင့်တာဘာလဲ မသိကျချင်း
ဒီမိုကရေစီသမားတွေဟာ ဘယ်အလုပ်က အရေးကြီးလဲဆိုတာ သိရှိပုံ မပေါ်ဘူးဗျ။ အလုပ်ကို မလုပ်တတ်သူတွေလို့ မြင်ပါတယ်။ ဆန္ဒပြပွဲမှာ သံဃာတွေ ပါလာတော့ သူတို့နိုင်မယ်ထင်ပြီး ဦးသန်းရွှေကို တရားစွဲဖို့ စဉ်းစားတဲ့သူက စဉ်းစား။ ဒေါ်ကြိုင်ကြိုင် ဈေးဝယ်ထွက်တာကိုလည်း အားလုံးတပြေးညီ စိတ်ပါဝင်စား စုံစမ်းကျတယ်ဗျာ။ နအဖ ဘာမှ မလုပ်သေးတာကိုပဲ သူတို့က အောင်ပွဲခံနေကျတယ်ဗျ။ တကယ်ဆိုရင် ဆန္ဒပြပွဲမှာ အရှိန်မကျအောင် ဘယ်လိုလုပ်သင့်လဲ စဉ်းစားသင့်ပါတယ်။ နအဖ ဘာတွေ ကြံစည်နေလဲ စဉ်းစားသင့်ပါတယ်။ ဘုန်းကြီးတွေ အပစ်မခံရအောင် ဘယ်လို အကြံပေးရမလဲ စဉ်းစားသင့်ပါတယ်။ အစ်ကိုမောင်ဆန်နဲ့ ကျနော် တိုင်ပင်ပြီး လူထု အင်အားကျမသွားအောင် ထိပ်တိုက် မရင်ဆိုင်ဖို့ ၊ ရဲတွေနဲ့တွေ့ရင် လူစုခွဲဖို့နဲ့ အိမ်တွေထဲကနေ သံပုံးတီးပြီး ဆန္ဒပြဖို့ ဆီပုံးတွေ အများကြီးထဲမှာ ရေးခဲ့ပါတယ်။ အဲဒါ စစ်အုပ်ချုပ်ရေးစထုတ် တဲ့နေက ဖြစ်ပါတယ်။ သိတဲ့အတိုင်း နအဖလူလို့ သတ်မှတ်ပြီး ကျနော်တို့ ရေးထားတာကို စဉ်းစားဖို့ တချက်လေးမှ ဂရုမစိုက်ကျပါဘူး။ ဒါဟာ အကြောင်းအရာပေါ်မှာ တည်တည်တံ့တံ့ တွေးခေါ် မပြောရဲကျဘူး ဆိုတဲ့ သဘောပါ။ သူတို့ ဦစားပေးတာက လုပ်သင့်တာ လုပ်ဖို့ထက်၊ စိတ်ထဲပေါ်ရာကိုပဲ လုပ်ချင်ကျတာ မဟုတ်လား?

ဒုတိယ တင်ပြချင်တာကတော့ ဒီမိုကရေစီသမားတွေဟာ နအဖ သတင်းစာတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ကိစ္စအပြင်းအထန်ကန့်ကွက်ခဲ့ကျပါတယ်။ နအဖလုပ်ရပ်ဟာ မမှန်ကန်ဘူးဆိုတဲ့ သဘောပါ။ ဒါပေမယ့် အဲလိုအပြစ်တင်ခဲ့တဲ့ ဒီမိုကရေစီသမားတွေ အခုဘာလုပ်နေလဲ? နအဖ ခေါင်းဆောင်တွေကို ဆဲပါတယ်။ သန်းရွှေ၊ မောင်အေး ခေါ်ပြီး ခွေးတွေနဲ့ နှိုင်းပါတယ်။ ဘာအတွက် အခုလိုလုပ်နေတာလဲ? ဘာအကျိုးထူးမှာမို့လဲ ? (နိုင်ငံခြား ဘဏ်တွေမှာ ခေါင်းဆောင်ပိုင်းတွေ အကောင့်ဖွင့်ခွင့် ပိတ်ပင်တာကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ မမြင်ပါ ။ အားပေးပါတယ်) နောက်တစ်ချက် သတိထားဖို့က ကျနော်အပါဝင် ပြည်သူတွေ အားလုံးဟာ မြန်မာလူမျိုးတွေပါ။ အသက်ကြီးသူကို ခွေးနဲ့နှိုင်းတယ်ဆိုတာ မြန်မာအစဉ်အလာနဲ့ ဆန့်ကျင်နေပါတယ်။ နအဖ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပိုတက်သွားတာ သတိထားမိကျမှာပါ။ ဒီတော့ ကျနော် အပါဝင် တခြား မြန်မာ့လူမျိုးတွေဟာ ဒီမိုကရေစီသမားတွေကို အပေတေတွေလို့ မြင်လာရင် အန္တရယ်ကြီးလာနိုင်တယ်ဆိုတာ သတိထားကြပါခင်ဗျာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး.. ရန်ရှာတဲ့ကိစ္စလည်း မေ့ထားလို့မရပါဘူး

လူတကာကို ရန်ရှာချင်း
ဒီမိုကရေစီလှုပ်ရှားသူတွေ ဆန့်ကျင်နေတာ နအဖခေါင်းဆောင် ဦးသန်းရွှေက အစ အောက်ဆုံး စစ်သားအထိပါ။ ဒီထဲမှာ ၀န်ထမ်းတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေလည်း ပါနေပါတယ်။ စစ်သား အင်အား ၄ သိန်း ကို သူ့တို့ မိသားစုနဲ့ မိဘတွေပါထည့်တွက်ရင် စစ်တပ်အဆက်အသွယ် တစ်သန်းခွဲအင်အားရှိပါတယ်။ ကြံဖွတ်နဲ့ စွမ်းအားရှင်တွေ ၊ ရ၀တ အဆက်အသွယ်ပါ ထည့်တွက်ရင် စုစုပေါင်း ၄ သန်းကျော် ၅ သန်းအထိ ရှိမှာပါ။ ဒီလူတွေဟာ နည်းတဲ့ ဦးရေ မဟုတ်ပါဘူး။ တနည်းပြောရရင် မြန်မာလူမျိုး ၅ သန်းကို ဒီမိုကရေစီအဖွဲ့တွေက ဆန့်ကျင်နေတာပါ။ ဒီမိုကရေစီသမားတွေဟာ ပါးစပ်ကတော့ စစ်တပ်ကို ဆန့်ကျင်တာ မဟုတ်ပါဘူးလို့ ပြောကျပါတယ်။ လက်တွေ့မှာတော့ အဲလိုမမြင်ရပါဘူး။ သူတို့ဟာ နအဖ၀န်ထမ်းတွေကိုလဲ ရန်သူတဖွယ် မှတ်ယူတယ်လို့ ကျနော် ရိုးသားစွာ မြင်ပါတယ်။ ဥပမာ သံရုံးဝန်ထမ်းတွေဟာ သူတို့ ဘ၀ရပ်တည်ရေးအတွက် နအဖထံမှာ အလုပ်လုပ်နေကျတာပါ။ ဒါပေမယ့် ဒီမိုကရေစီ သမားတွေက နအဖလူလို့ပဲ ပလိမ်းကြီး သတ်မှတ်ပါတယ်။ အစ်ကို / အစ်မတို့ သာ အစိုးရ ၀န်ထမ်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ? အလုပ်ထွက် ထမင်းအငတ်ခံပြီး ဒီမိုကရေစီဘက်ကို ပြောင်းလာမလား? ဒါမှမဟုတ် စိတ်ထဲကနေ ချဉ်သွားပြီး ဒီမိုကရေစီတော်လှန်ရေးကို ဆန့်ကျင်တဲ့ အမြင်တွေ ၀င်မလာနိုင်ဘူးလား? (သူတို့နေရာကနေ နေပြီး စဉ်းစားကြည့်ပါ) သေချာတာကတော့ ဘယ်သူမှ မိမိဝမ်းရေးထက် ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါ။ အခုနောက်ဆုံး မိန်းမ အတွင်းခံ ဘောင်းဘီတွေ လက်ခံရရှိတဲ့ ၀န်ထမ်းမိသားစုက ဘယ်လိုခံစားရမလဲ? သတိထားဖို့ တင်ပြတဲ့သဘောပါ။

ကျနော့် အမြင် စစ်ခေါင်းဆောင်တွေကို ရန်သူသဖွယ် မဆက်ဆံစေချင်ဘူး။ တကယ်တမ်း နအဖ အပြစ်ဟာ စီးပွားရေး နဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းချင်းက အဓိကပါ။ သူတို့ဟာ ဗုဒ္ဓဘာသာ မြန်မာတွေ ဖြစ်တဲ့အတွက် သတင်းတွေထဲမှာ ပြောသလောက် မရက်စက်ကျပါဘူး။ (ပြောသလောက် မရက်ဆက်ဘူး ဆိုတာနဲ့ မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်တယ်ဆိုပြီး တလွဲမယူဆပါနဲ့) အမေရိကန် အစိုးရနဲ့ ယှဉ်ကြည့်ရင် နအဖ အများကြီး တော်ပါသေးတယ်။ ဒါဟာ အမှန်တရားပါ။ မခံချင်လို့ မဖြစ်ပါဘူး။

အယ်ဂျာဇီရာ သတင်းထဲမှာ ပြောသွားတဲ့ စကားလေးကို မှတ်မိနေပါတယ်။ ဗိုလ်ချုပ်တွေက ပြည်သူတွေကို ကြောက်နေတယ်။ ပြည်သူတွေကလည်း ဗိုလ်ချုပ်တွေကို ကြောက်နေတယ်တဲ့။ အဲဒီစကား မှန်တယ် ထင်ပါတယ်။ ဗိုလ်ချုပ်တွေ ပြည်သူတွေကို ဘာကြောင့် ကြောက်နေတယ်ထင်လဲ? ဗိုလ်ချုပ်တွေကို တရားစွဲမယ်၊ စစ်ခုံရုံးတင်မယ်၊ အိမ်ခြံတွေကို သိမ်းမယ် ဆိုတာမျိုး ချိမ်းခြောက် တာတွေ ရှိနေပါတယ်။ ဦးသန်းရွှေ အခုအသက် အရွယ်အထိ အဏာ ယူထားတာဟာ သူမိသားစု ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ရန်ငြိုးတွေ သင်ပုံးချေပေးမယ်လို့ ပြောရင် အနည်းနဲ့ အများဆိုသလို အဏာလွှဲဖို့ စိတ်ဝင်စားမှာပါ။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အရှေ့အလယ်ပိုင်း နဲ့ ဥရောပလို လုပ်ယူလို့ရမှာ မဟုတ်ပါ။ လူမျိုးဓလေ့ လူမျိုးယဉ်ကျေးမှုကို စဉ်းစားဖို့လိုပါတယ်။

ဆောင်းပါး (၁) ကိုအဆုံးမသတ်မီ
ကျနော်အထက်က တင်ပြတာတွေဟာ ဒီမိုကရေစီတော်လှန်ရေးကို လက်မြှောက် အရှုံးပေးဖို့ ပြောနေတာ မဟုတ်ပါ။ အဲလိုလုပ်စရာလဲ မလိုပါ။ အစ်ကိုတို့ အနေနဲ့ ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင်တွေကို ဘယ်လို လုပ်မလဲဆိုတာ အားမနာတမ်း မေးခွန်းထုတ်သင့်တယ် ထင်ပါတယ်။ ဒီလိုမေးခွန်းထုတ်ချင်းအားဖြင့် သူတို့တွေကို ပိုမိုလက်တွေ့ကျတဲ့ အစီအစဉ်တွေ စဉ်းစားလာအောင် တွန်းအား ပေးသလို ဖြစ်လာမှာပါ။ အဲလိုမှ မလုပ်ရင် ပြည်သူတွေကို ဒုက္ခရောက်စေတဲ့ စီးပွားရေး သပိတ်နဲ့ မြန်မာလူမျိုးတွေရဲ့ ကိုယ်ရည် ကိုယ်သွေး ကျဆင်းစေတဲ့ နအဖကို အတင်းပြောတဲ့ အဆင့်နဲ့ပဲ သံသရာလည်နေမှာပါ။

အခုဆောင်းပါးရေးတာ ဘေးထိုင်ဘုပြော လုပ်နေတာ မဟုတ်ရပါ။ ကျနော်တို့ နှစ်ယောက် မှာ တွေးခေါ်ထားတဲ့ အစီအစဉ်လေးတွေ ရှိပါတယ်။ ဒါပေမယ့် နောက်နှစ်လ သုံးလ လောက်ကြာမှ တင်ပြချင်ပါတယ်။ ထုံးဆန်အတိုင်း ဗုဒ္ဓရဲ့ မေတ္တာတရားပေါ်မှာပဲ အခြေခံပါတယ်။ လတ်တလောကတော့ အတွေးအခေါ် အယူအဆပိုင်းပဲ ပြောင်းလဲဖို့ ဆောင်းပါးလေးတွေပဲ ဦးစားပေးပါမယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ

တောသားနှစ်ယောက်

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

15 comments:

Unknown said...

KoZawMyo,
Thanks for the new topic. I do agree with you. It's been 19 yrs, we are asking for Democracy, but အခုဆန္ဒပြပွဲမှာ ဘာတွေ လွဲမှားနေလဲဆိုတာကို ဝေဖန် စမ်းစစ်တာမျိုး အခုချိန်အထိ မလုပ်ကျသေးပါဘူး။
I am not with military or U Than Shwe. But, why are the people attacking to the soldiers and their families? I think, the soldiers are just doing their jobs, just like other soldiers around the world. Are we gonna get Democracy by attacking the soldiers ? Please answer me! I believe we all have to change ourself first to get what we want.We have to earn it. We have to prove that we deserve Democracy. We have to stop the bribery, we have to be good=helpful to other people. We have to be fair=treating others equally, we have to know ourself and set the goals.. And working too hard to reach our goals. We have to vigorously follow our chosen path and not to follow the others. We have to make things right when we are wrong. I may be wrong, this is my beliefs. And I am not insulting anyone..

Thank you,
4freeburma.

အိတာ said...

ya i don't care whether u delete my comment or sth like that .But let me tell u one thing , ur blog system is like NAYABA.If ur sayings are right , u must have the guts to accept all those comments!now u r not accepting it rite ??? So i guess ur sayings may not be rite ...har har .Ya i agree this protest doesn't concern wif soilders.But let me ask U one thing , are u sure the monks(on protest) are not real (phone gyi tu)? U got see wif ur own eyes or not ? I am sure U may not .But i do.If u mean so , all the monks in all monasteries in myanmar are not real ??If ur meaning is rite , Sasana will not be in myanmar ..I never wonder that what u think because u are under military around 5 years rite? So they may train u physically and mentally !I also stand not for Democracy people! But ur thinkings are one-sided and it is like u r not also public or sth like that ..Some more u say that myanmar people are not deserved wif Democracy!I think u r not also myanmar because ur mouth dare to come out like that kind of words .But THING TWICE BEFORE U SPEAK!I do feel shame that monks are killed
in myanmar( where Sasana propagate!). Now i study in singapore! But i am afraid to say that i am MYANMAR because the news of killing monks and killing people are spread around the worlds (even in singapore's magazines).I mean i don't stand for democracy people or
Nayaba , I do stand for public side ! if u r also from public , think twice before u write on blog ! It is quite a shame !

စိုးထက် - Soe Htet ! said...

ကိုဇော်မျိုးရေ ... ဒေါသထွက်စရာ ကိစ္စမှ မဟုတ်တာဗျာ ...

Unknown said...

You should not compare the criticizing Than Shwe and criticizing Daw Su. Even a 10 years child with normal brain know that Than Shwe is a bad man and made many bad things. So criticizing Than Shwe should be made. But it is different for Daw Su. She didn't make any bad things and she is arrested without doing any bad things. So criticizing Daw Su is not fair. It is like attacking a person who can not defend.

Infant Goddess said...

suggestion:
Important factors to consider.

1. practial, ethical, scientific, non-superstitious education is essential for people in the first place.

2. public health and welfare (also related with education)

3. remember your enemy's life moves on while you keep being angry and scolding by your own.

so painful to see people wasting their time on criticizing or rather bad-mouthing each other.
This is life, not a fiction!

* In Search of Truth * said...

ကို ဟန်
အစ်ကိုက ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ခင်တွယ်နေသူမို့ အဲလိုပြောတာပါခင်ဗျာ။ ကျနော်တို့ နှစ်ယောက်စလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို မှန်ကန်တဲ့လို့ မမြင်မိပါဘူးခင်ဗျာ။ နောက်ပြီး ဆောင်းပါးထဲမှာ အဓိက ရည်ညွှန်းတာက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကိုပါ။ လုပ်ရပ်ကို ဝေဖန်တာကို အပြစ်တင်ခြင်း မဟုတ်ပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရင် ဦးသန်းရွှေကိုပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဖြစ်ဖြစ် မလုပ်သင့်လို့ ယူဆပါတယ်။ အစ်ကို့ကို ဆောင်းပါးထဲမှာ မေးထားတဲ့ မေးခွန်းလေးတစ်ခု ထပ်ပြီးမေးကြည့်ပါမယ်။ ဦးသန်းရွှေကို ခွေးနဲ့ နှိုင်းရင် ဘာအကျိုးထူးမလဲ? သေချာတာကတော့ ဆဲတဲ့လူတွေပါတဲ့ အဖွဲ့ကို ကြားနေလူတွေက အထင်သေးမှာ အမှန်ပါခင်ဗျာ

ကျန်းမာပါစေ
ဇော်မျိုး

* In Search of Truth * said...

အစ်မ အိတာ
ဒေါသတွေ ထွက်နေရင် ဆွေးနွေးဖို့အတွက် မသင့်တော်လို့ ထင်ပါတယ်။ ကျနော် ဆောင်းပါးထဲမှာ ဘုန်းကြီးအတုလို့ စွပ်စွဲချက်ကို ထောက်ခံတာ တစ်ခုမှ မပါပါဘူးခင်ဗျာ။ တစ်ချက် ပြန်ဖတ်ကြည့်ပါဦး။ ဒါပေမယ့် အစ်မအနေနဲ့ အမေရိကန် အစိုးရ ဘာလုပ်လဲ မလေ့လာပဲ နအဖ တစ်ခုပဲ ပြည်သူတွေကို သတ်တယ်လို့ တဖက်သတ်မြင်နေတာတော့ သဘာဝ မကျပါဘူးခင်ဗျာ။ နောက်ပြီး အခုဆောင်းပါး ဟာဒီမိုကရေစီအဖွဲ့တွေကို ဝေဖန်တဲ့ဆောင်းပါးပါခင်ဗျာ။ ဒါ့ကြောင့် ဒီမိုကရေစီတွေကိုပဲ အပြစ်တင်ထားတာပါခင်ဗျာ။

ကျန်းမာပါစေ
ဇော်မျိုး

* In Search of Truth * said...

အစ်ကို 4freeburma,
အစ်ကိုပြောတဲ့ စကားတွေဟာ ကျနော်နဲ့ အစ်ကိုမောင်ဆန်ရဲ့ အမြင်နဲ့ ထပ်တူဖြစ်နေပါတယ်ခင်ဗျာ။ ကျနော်အမြင် အစ်ကိုဟာ ဦးသန်းရွှေနဲ့ အဆက်သွယ်ရှိတာ မရှိတာ အရေးမကြီးပါဘူးခင်ဗျာ။ အစ်ကိုပြောတဲ့ အကြောင်းအရာ မှန်ရင် လက်ခံမှာပါ။ လူကိုကြည့်ပြီး ပြောသမျှ လက်ခံတာတွေ ဆန့်ကျင်တာတွေလုပ်တာဟာ ဥာဏ်နည်းသူများရဲ့ အပြုအမူလို့ ယူဆပါတယ်။

ကျန်းမာပါစေခင်ဗျာ
ဇော်မျိုး

အိတာ said...

ok u really don't say that the monks on protest are not real?? go and see in ur cbox , u says that (phyo kyi tu tway ma shi ma sasana thant shin mal tat)!Who says that words??Moreover , American kills their citizens is not concerned wif myanmar business! ok??
Can u think or not??Sometimes i wonder , all these ideas in blog are by ur own or controlled by someone??One more time , THINK TWICE BEFORE U WRITE ON BLOG !If u want to say me sth , u can directly contact robotic107@gmail.com .U are
not welcomed if ur brain are already washed or ur mind and body are under the instructions by someone !
kyan mar par say
ei mon tar

* In Search of Truth * said...

သို့ အစ်မ အိတာ
အခုစာမှာ အစ်မ အချက်သုံးချက် တင်ပြသွားပါတယ်။ ဘုန်းကြီးသတ်တာ ကျနော် အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်၊ အမေရိကန်အစိုးရ သူ့လူတွေ သတ်တာ မဆိုင်ဘူးဆိုတဲ့ အကြောင်းနဲ့ ကျနော်တို့ နှစ်ယောက်ကို ထုံးဆန်အတိုင်း နအဖ လူလို့စွပ်စွဲချက်တွေ ဖြစ်ပါတယ်။ ကျနော် အချက်တွေကို အမှတ်စဉ် တပ်ပြီးရှင်း ပေးပါမယ်။ အစ်မအနေနဲ့ အဲလို တခုချင်း ဖြေရှင်းရဲမယ် မထင်ပါ။

(၁) ဆီပုံးထဲမှာ ဇော်မျိုးနာမည်နဲ့ ဘုန်းကြီးတွေ သတ်ဖို့ အားပေးတာ ကျနော် မဟုတ်ပါဘူးခင်ဗျာ။ ဇော်မျိုးနာမည်နဲ့ ရုရှက စစ်သားတွေကို ဖားပြောတာလဲ ကျနော် မဟုတ်ပါခင်ဗျာ။ ဒီမိုကရေစီ ဘက်ကလူတွေ လို့ယူဆရတဲ့ သူတွေ လက်ချက်ပါခင်ဗျာ။ ဒါကြောင့်မို့ ကျနော့ ဆီပုံးကို ပိတ်ပြီး မြန်မာတွေ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မတန်လို့ ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီတော့ အစ်မအနေနဲ့ အဲလို ကျနော့ နာမည်နဲ့ လူတွေ အထင်လွဲအောင် လုပ်တဲ့ ဒီမိုကရေစီ သမားတွေကို ဘယ်လိုဝေဖန်မလဲ? အစ်မတို့က ဒီမိုကရေစီသမားလို့သာ နာမည်ခံလိုက်ပါ။ ဘယ်လောက်ပဲ မှားယွင်းနေပါစေ မဝေဖန်ရဲဘူး မဟုတ်လား။ ၀ါဒတူအချင်းချင်း ဆိုရင် အဲလောက်အထိကို သိတတ်တဲ့ အတွက် လေးစားပါတယ်။

(၂) အမေရိကန် သူ့ပြည်သူတွေ သတ်တာ ကျနော်တို့နဲ့ သက်ဆိုင်ပါတယ်ခင်ဗျာ။ မြင်းတစ်ကောင်ကို အပြေးနှုံန်း မြန်လားဆိုတာ တခြားမြင်းတွေနဲ့ ယှဉ်ပြီးမှ ဆုံးဖြတ်လို့ရမှာပါ။ လိပ်နဲ့သွားယှဉ်ပြီး တယ်မြန်ပါလားလို့ ပြောလို့မရပါခင်ဗျာ။ နအဖ တကယ် ရက်စက်လား ဆိုတာကိုလည်း တခြားအစိုးရတွေနဲ့ ယှဉ်ကြည့်မှ သိမှာပါ။ ကျနော် ပြောတာ မဟုတ်ဘူးလားခင်ဗျာ?

(၃) တီးရှော့မှာ အစ်ကိုမောင်ဆန် မြန်မာ့အရေး ဆွေးနွေးတုံးကကျတော့ တခြားနိုင်ငံတွေ နဲ့ ယှဉ်ပြောဖို့ ဒီမိုကရေစီသမားတွေက တောင်းဆိုကျပါတယ်။ ဒီဘလော့မှာ ဒီမိုကရေစီအစိုးရတွေ အကြောင်း သက်သေတွေနဲ့ တင်ပြတော့ တခြားနိုင်ငံတွေ အကြောင်း စိတ်မ၀င်စားဘူးတဲ့။ ပြည်တွင်းရေးပဲပြောပါဆိုပြီး လုပ်လာပြန်တယ်။ အခုနောက်ဆုံး နအဖနဲ့ အမေရိကန်အစိုးရကို နှိုင်းယှဉ်ပြတော့ ကျနော့ကို မရိုးသားဘူး ဆိုပြီးစွပ်စွဲလာပြန်ပါတယ်။ ရယ်စရာကြီး ဖြစ် မနေဘူးလားခင်ဗျာ?

အစ်မတို့တတွေ ဘာကို လိုချင်လဲ ကျနော် သဘောပေါက်ပါတယ်ခင်ဗျာ။ နအဖ ကိုပဲ အပြစ်တင်၊ ဒီမိုကရေစီ အဖွဲ့တွေ လုပ်သမျှ ထောက်ခံစေချင်တာ မဟုတ်လား? အဲဒီအလုပ်ကို ကျနော်တို့ ကလေးငယ်ဘ၀ ကနေ လုပ်လာတာ နှစ် ၂၀ ပြည့်ပါတော့မယ်။ ဆွေမျိုး ဘယ်နှစ်ဆက် အထိ လုပ်ဖို့ ဆန္ဒရှိလဲ? တချက်လောက်ဖြေပေးပါခင်ဗျာ။

ကျန်းမာလို့ အမှန်ကိုတွေးခေါ်ရဲပါစေ
ဇော်မျိုး

အိတာ said...

အစ်မအနေနဲ့ အဲလို တခုချင်း ဖြေရှင်းရဲမယ် မထင်ပါ။
( U think so ??I think u also cannot discuss openly :D! Ur speech sounds like a bit angry ! Don't be angry lah bro ! I think U may know the Buddha teaching " PATIENCE IS THE SUCCESS!" .:D)

၁) ဆီပုံးထဲမှာ ဇော်မျိုးနာမည်နဲ့ ဘုန်းကြီးတွေ သတ်ဖို့ အားပေးတာ ကျနော် မဟုတ်ပါဘူးခင်ဗျာ။ ဇော်မျိုးနာမည်နဲ့ ရုရှက စစ်သားတွေကို ဖားပြောတာလဲ ကျနော် မဟုတ်ပါခင်ဗျာ။ ဒီမိုကရေစီ ဘက်ကလူတွေ လို့ယူဆရတဲ့ သူတွေ လက်ချက်ပါခင်ဗျာ။ ဒါကြောင့်မို့ ကျနော့ ဆီပုံးကို ပိတ်ပြီး မြန်မာတွေ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မတန်လို့ ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ
(Now u says that It is not U! How can i believe ??? Tell me a good reason that make me to be believed!
But it is hard to believe that u don't write ! NVM , Only god knows !

(၂) အမေရိကန် သူ့ပြည်သူတွေ သတ်တာ ကျနော်တို့နဲ့ သက်ဆိုင်ပါတယ်ခင်ဗျာ။ မြင်းတစ်ကောင်ကို အပြေးနှုံန်း မြန်လားဆိုတာ တခြားမြင်းတွေနဲ့ ယှဉ်ပြီးမှ ဆုံးဖြတ်လို့ရမှာပါ။ လိပ်နဲ့သွားယှဉ်ပြီး တယ်မြန်ပါလားလို့ ပြောလို့မရပါခင်ဗျာ။ နအဖ တကယ် ရက်စက်လား ဆိုတာကိုလည်း တခြားအစိုးရတွေနဲ့ ယှဉ်ကြည့်မှ သိမှာပါ။ ကျနော် ပြောတာ မဟုတ်ဘူးလားခင်ဗျာ?

Let me ask U one thing ! Do u think
American = Democracy ??U know human right or not???Ok ! Let say American also kill the people ! So myanmar = American in killing people rite??? But which country developed ! ok let ask one person he wants to go to American or myanmar?He will definately choose American ! Even U may choose if u got chance ! Don't talk nonsense lah !Most of the foreigners think that Myanmar is the troublesome country !Are u proud of it compared wif American ??


၃) တီးရှော့မှာ အစ်ကိုမောင်ဆန် မြန်မာ့အရေး ဆွေးနွေးတုံးကကျတော့ တခြားနိုင်ငံတွေ နဲ့ ယှဉ်ပြောဖို့ ဒီမိုကရေစီသမားတွေက တောင်းဆိုကျပါတယ်။ ဒီဘလော့မှာ ဒီမိုကရေစီအစိုးရတွေ အကြောင်း သက်သေတွေနဲ့ တင်ပြတော့ တခြားနိုင်ငံတွေ အကြောင်း စိတ်မ၀င်စားဘူးတဲ့။ ပြည်တွင်းရေးပဲပြောပါဆိုပြီး လုပ်လာပြန်တယ်။ အခုနောက်ဆုံး နအဖနဲ့ အမေရိကန်အစိုးရကို နှိုင်းယှဉ်ပြတော့ ကျနော့ကို မရိုးသားဘူး ဆိုပြီးစွပ်စွဲလာပြန်ပါတယ်။ ရယ်စရာကြီး ဖြစ် မနေဘူးလားခင်ဗျာ?
(yeap it is quite funny to me!Why don't U compare the major thing???
Is it the government always think of minor things and satisfied theirselves lah ??? Why don't U take out the good things from Americans??Don't blame on others lah ! Just try to be urself nice first lah!)

To conclude ,I am sure General Than shwe feel happy already when he sees U two are under his instructions!At the same time if he have 10000 person like U , he don't need to care public affair or country warefare!Be proud of it lah bro ! U r the best for him ! :D


kyan mar lote aman ko tway naing par say :)
ei mon tar

Infant Goddess said...

အော် . . ကလေးတွေ ရန်ဖြစ်ဖို့ပဲ စဉ်းစားနေတုန်းပါပဲလား . .

MyoMyanmar said...

{{(၁) ဆီပုံးထဲမှာ ဇော်မျိုးနာမည်နဲ့ ဘုန်းကြီးတွေ သတ်ဖို့ အားပေးတာ ကျနော် မဟုတ်ပါဘူးခင်ဗျာ။ ဇော်မျိုးနာမည်နဲ့ ရုရှက စစ်သားတွေကို ဖားပြောတာလဲ ကျနော် မဟုတ်ပါခင်ဗျာ။ ဒီမိုကရေစီ ဘက်ကလူတွေ လို့ယူဆရတဲ့ သူတွေ လက်ချက်ပါခင်ဗျာ။ ဒါကြောင့်မို့ ကျနော့ ဆီပုံးကို ပိတ်ပြီး မြန်မာတွေ လွတ်လပ်စွာပြောဆိုခွင့်နဲ့ မတန်လို့ ရေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီတော့ အစ်မအနေနဲ့ အဲလို ကျနော့ နာမည်နဲ့ လူတွေ အထင်လွဲအောင် လုပ်တဲ့ ဒီမိုကရေစီ သမားတွေကို ဘယ်လိုဝေဖန်မလဲ? အစ်မတို့က ဒီမိုကရေစီသမားလို့သာ နာမည်ခံလိုက်ပါ။ ဘယ်လောက်ပဲ မှားယွင်းနေပါစေ မဝေဖန်ရဲဘူး မဟုတ်လား။ ၀ါဒတူအချင်းချင်း ဆိုရင် အဲလောက်အထိကို သိတတ်တဲ့ အတွက် လေးစားပါတယ်။}}

အားပါးပါး... တကယ်သာ အကိုပြောခဲ့သလိုဆိုရင်တော့ တော်တော်ဆိုးတဲ့ငတိပဲဗျ... အမြင်ချင်းဖလှယ်ရုံ.. တဆင့်တက်ဦး.. ဗြောင်ဝင်ဆဲရုံထက်ကို ပိုပြီးယုတ်မာတာ ဖြစ်သွားပြီ.. သူ့အပြောကို အခြေထားပြီး ၀င်ဝေဖန်မိတဲ့လူတွေကိုပါ ပတ်စော်ကားသလိုဖြစ်တာပေါ့ဗျာ.. ဘာအိုင်ဒီယာလည်း.. ကိုယ့်ဘာသာတောင် မရှက်မိဘူးလား မသိပါဘူး.. အိုကေ အဲဒီလူဟာ ဦးဦးကိုကိုဒေါ်ဒေါ်မမ ဖြူဖြူ မဲမဲ.. ဘာကြီးပဲဖြစ်နေနေဗျာ.. ကျွန်တော်အပီကန့်ကွက် ရှုတ်ချပါတယ်.. blog ရေးနေကြတဲ့ အကိုတွေအမတွေခင်ဗျား.. ဒါမျိုးကတော် လွတ်လပ်စွာရေးသားနေကြတဲ့ ကျွန်တော်တို့အသိုင်းဝိုင်းထဲက ယုတ်မာတဲ့ ကြွက်ချီးတစ်ခုဖြစ်တာမို့ အားလုံးဝိုင်းဝန်းရှုတ်ချသင့်ပါတယ်လို့ အကြံပြုရင်း ကျွန်တော်ရှုတ်ချပွဲကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ..
မှတ်ချက်။ ။ ferry မရှိ၊ ကားခမရ၊ ထမင်းမကျွေး ကိုယ့်အသိစိတ်ဖြင့် စားရိတ်ခံကာ ရှုတ်ချရမည်.. ဟီးဟီး..

မောင်ငယ်ရင်သွေး

Suburban Area said...

ကိုဇော်မျိုးခင်ဗျာ.........ု
ကိုဇော်မျိုးရဲ့ပြောပြချက်တွေအရအားလုံးမဟုတ်တောင်တခုခု လွဲမှားနေသလိုပဲ။ အဲဒီက ကိုဇော်မျိုးအနေနဲ့ ပြောပြချင်တဲ့ လိုရင်းအဓါပ္ပယ် ကဘာကိုဆိုလိုချင်တာလဲခင်ဗျား။ကျွန်တော်တို့လိုဥာဏ်မမှီတဲ့ လူပိန်းနားလည်အောင် ရှင်းရှင်းလင်းလင်း ပြောဆိုပေးပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေပါ ၊ အမေရိကန်နဲ့ခဏခဏရောမထွေးပါနဲ့။ ဒါပေမယ့် အခြားနိုင်ငံတွေ၊ နာဇီ ဟစ်တလာ ကအစ၊အခုအမေရိကန်အဆုံး သူတို့လုပ်ဆောင်ချက်တွေဟာ သူတို့နိုင်ငံအတွက်ပါပဲ။ မြန်မာနိုင်ငံမှာ.အခုမြန်မာပြည်သူတွေကိုသတ်ဖို့ မြန်မာလူမျိုးတွေကိုပဲလစာပေးပြီးခန့်တဲ့(အများအခေါ်အဝေါ်..စွမ်းအားရှင်လိုမျိုးပေါ့) ၊စက်မှုဇုန်တွေမှာ နံပါတ်ဒုတ်တွေ လုပ်ခိုင်းတယ်။ တခြားဟာတွေမပြောသေးဘူးနော်......ဒါမျိုးတွေက ကျွန်တော်တို့ အစိုးရအနေနဲ့လုပ်သင့်လား။ ခြိမ်းခြောက်တာလောက်ဆိုမပြောလိုပါဘူး၊နားလည်ပေးနိုင်ပါတယ်(ဖြည့်တွေးပေးတာနော်)။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းတစ်ခုရှိတဲ့ဗျာ"တပ်မတော်ဆိုတာ..ပြည်သူရဲ့ကျွန်ပဲဖြစ်သင့်တယ်၊ပြည်သူတွေရဲ့သခင်မဖြစ်သင့်ဘူး"
ကျန်တာတွေထားပါဦး..ကျွန်ုတို့၇ဲ့လွပ်လတ်ရေးဖခင် အာဇာနည် ဗိုလ်ချုပ်အောင်းဆန်း လုပ်ဆောင်ချက်တွေ၊အမှတ်တရတွေ၊ ဗိုလ်ချုပ်နဲ့ပက်သက်သမျှတွေအကုန်လုံးကို သမိုင်းဖျောက်တာတွေကလုပ်သင့်သလား။အန်တီစုနဲ့ပက်သက်လို့လုပ်တာဆိုရင် သဲရဲဘောကြောင်တာပဲ။ဒါပေမယ့်.....ဗိုလ်ချုပ်အောင်းဆန်းနဲ့ပက်သက်သမျှ သမိုင်းဖျောက်တာ မလုပ်သင့်တဲ့ကိစ္စပဲလို
ကျွန်တော်အနေနဲ့ယူဆတယ်။တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ်...
ဘာလဲနောက်တက်လာမယ့်အနာဂတ်ကလေးတွေ မသိအောင်လုပ်နေတာလဲ?(ဥပမာ-တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟုပြောင်းလဲသတ်မှတ်ခြင်း)အခုနာဂစ်မုန်းတိုင်း
ကြောင့်သဘာဝဘေးဒဏ်ခံရတဲ့လူတွေအဖြစ်ကိုသေသေချာတွေ့မြင်ဖူးလား။
သတင်းစာဖတ်ရင် အတင်းစာ တောင်ဖြစ်နေပြီး။ သူတို့ကိစ္စ တွေပဲရှေ့တန်းနေတယ်၊ နာမည်လိုချင်တယ်၊အမြတ်ထုတ်နေတဲ့ ဒါတွေကို ကျေးဇူးပြုပြီးကိုဇော်မျိုးအနေနဲ့ကျွန်တော်နားလည်အောင်ပြောပြပေး ပါလား။ နိုင်ငံပိုင်စီးပ္ပားရေးအကြောင်းတွေရော....
ပြန်လည်ဆုံတွေ့ပါဦးမယ်..........
ငြိမ်းချမ်းရေးကိုလိုလားသူများအနေနဲ့ရော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေရော။
ကိုဇော်မျိုး ထင်မြင်ချက်လေးသိချင်လို့ပါ။

ကျေးဇူးပြု၍........................။

Suburban Area said...

ကိုဇော်မျိုးခင်ဗျာ.........ု
ကိုဇော်မျိုးရဲ့ပြောပြချက်တွေအရအားလုံးမဟုတ်တောင်တခုခု လွဲမှားနေသလိုပဲ။ အဲဒီက ကိုဇော်မျိုးအနေနဲ့ ပြောပြချင်တဲ့ လိုရင်းအဓါပ္ပယ် ကဘာကိုဆိုလိုချင်တာလဲခင်ဗျား။ကျွန်တော်တို့လိုဥာဏ်မမှီတဲ့ လူပိန်းနားလည်အောင် ရှင်းရှင်းလင်းလင်း ပြောဆိုပေးပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေပါ ၊ အမေရိကန်နဲ့ခဏခဏရောမထွေးပါနဲ့။ ဒါပေမယ့် အခြားနိုင်ငံတွေ၊ နာဇီ ဟစ်တလာ ကအစ၊အခုအမေရိကန်အဆုံး သူတို့လုပ်ဆောင်ချက်တွေဟာ သူတို့နိုင်ငံအတွက်ပါပဲ။ မြန်မာနိုင်ငံမှာ.အခုမြန်မာပြည်သူတွေကိုသတ်ဖို့ မြန်မာလူမျိုးတွေကိုပဲလစာပေးပြီးခန့်တဲ့(အများအခေါ်အဝေါ်..စွမ်းအားရှင်လိုမျိုးပေါ့) ၊စက်မှုဇုန်တွေမှာ နံပါတ်ဒုတ်တွေ လုပ်ခိုင်းတယ်။ တခြားဟာတွေမပြောသေးဘူးနော်......ဒါမျိုးတွေက ကျွန်တော်တို့ အစိုးရအနေနဲ့လုပ်သင့်လား။ ခြိမ်းခြောက်တာလောက်ဆိုမပြောလိုပါဘူး၊နားလည်ပေးနိုင်ပါတယ်(ဖြည့်တွေးပေးတာနော်)။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းတစ်ခုရှိတဲ့ဗျာ"တပ်မတော်ဆိုတာ..ပြည်သူရဲ့ကျွန်ပဲဖြစ်သင့်တယ်၊ပြည်သူတွေရဲ့သခင်မဖြစ်သင့်ဘူး"
ကျန်တာတွေထားပါဦး..ကျွန်ုတို့၇ဲ့လွပ်လတ်ရေးဖခင် အာဇာနည် ဗိုလ်ချုပ်အောင်းဆန်း လုပ်ဆောင်ချက်တွေ၊အမှတ်တရတွေ၊ ဗိုလ်ချုပ်နဲ့ပက်သက်သမျှတွေအကုန်လုံးကို သမိုင်းဖျောက်တာတွေကလုပ်သင့်သလား။အန်တီစုနဲ့ပက်သက်လို့လုပ်တာဆိုရင် သူရဲဘောကြောင်တာပဲ။ဒါပေမယ့်.....ဗိုလ်ချုပ်အောင်းဆန်းနဲ့ပက်သက်သမျှ သမိုင်းဖျောက်တာ မလုပ်သင့်တဲ့ကိစ္စပဲလို
ကျွန်တော်အနေနဲ့ယူဆတယ်။တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ်...
ဘာလဲနောက်တက်လာမယ့်အနာဂတ်ကလေးတွေ မသိအောင်လုပ်နေတာလဲ?(ဥပမာ-တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟုပြောင်းလဲသတ်မှတ်ခြင်း)အခုနာဂစ်မုန်းတိုင်း
ကြောင့်သဘာဝဘေးဒဏ်ခံရတဲ့လူတွေအဖြစ်ကိုသေသေချာတွေ့မြင်ဖူးလား။
သတင်းစာဖတ်ရင် အတင်းစာ တောင်ဖြစ်နေပြီး။ သူတို့ကိစ္စ တွေပဲရှေ့တန်းနေတယ်၊ နာမည်လိုချင်တယ်၊အမြတ်ထုတ်နေတဲ့ ဒါတွေကို ကျေးဇူးပြုပြီးကိုဇော်မျိုးအနေနဲ့ကျွန်တော်နားလည်အောင်ပြောပြပေး ပါလား။ နိုင်ငံပိုင်စီးပ္ပားရေးအကြောင်းတွေရော....
ပြန်လည်ဆုံတွေ့ပါဦးမယ်..........
ငြိမ်းချမ်းရေးကိုလိုလားသူများအနေနဲ့ရော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တွေရော။
ကိုဇော်မျိုး ထင်မြင်ချက်လေးသိချင်လို့ပါ။

ကျေးဇူးပြု၍........................။