Friday, October 5, 2007

သံသယ အတွေး

မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တွေကို မြင်ရတော့ အတော်လေးကို နားမလည် ဖြစ်မိပါတယ်။ အခုလို အချိန်မှာ လေထဲ တိုက်ဆောက်တဲ့သူက ဆောက်၊ ဦးသန်းရွှေနဲ့ စစ်တပ်ကို ဆဲသူကဆဲ အဓိပါယ်မဲ့ လုပ်ရပ်တွေနဲ့ အချိန်ကုန်ခံနေပါတယ်။ ဘာလုပ်သင့်လဲ ဆိုတာကို လက်တွေ့ကျကျ မဆွေးနွေးကျဘူး။ မစဉ်းစားကျပါဘူး။ သင်ခန်းစားလဲ မယူတတ်ကျဘူး။ ဘယ်လောက်စိတ်ကူး ယဉ်လဲ ပြောပြပါမယ်။ နအဖ ထဲမှာ တပ်တွင်း အကွဲအပြဲ ဖြစ်နိုင်တယ်ဆိုတဲ့ အသံလေးကြားတော့ ပျော်ရွှင်တဲ့ သူတွေက မနည်းလှပါဘူး။ လက်တွေ့ကျကျ တွေးပါ။ တပ်တွင်းကွဲပြဲတာနဲ့ ဦးသန်းရွှေ ပြုတ်သွားမယ်ဆိုတာ သေချာလို့လား? ဦးသန်းရွှေက နှိမ်နင်းအောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ ? ဒါဆိုရင် နောက် နှစ် ၂၀ ကြာမှ ပေါ်လာမယ့် လူထု လှုပ်ရှားမှုကို ထပ်စောင့်ဦးမှာလား ? လက်နက်ကိုင်ဖို့ စိတ်ကူးယဉ်တဲ့ သူတွေကလဲ မနည်းလှဘူးဗျ။ ABSDF မအောင်မြင်ဖြစ်ရတဲ့ အကြောင်းကို မေ့ထားပုံရတယ်။ စဉ်းစားကြည့်ပါဗျာ အခုချက်ချင်း သေနတ်ဝယ်ပြီး စစ်တပ်ကို သွားတိုက်ဖို့ ဖြစ်နိုင် ပါ့မလား? ဦးသန်းရွှေကို လုပ်ကြံဖို့လည်း တွေးတဲ့ သူက မနည်းဘူး။

ဒီအချိန်လေးကို အသုံးချပါ

ပထမဆုံး ကျနော် နဲ့ အစ်ကိုမောင်ဆန် မနေ့က စဉ်းစားမိတဲ့ အကြောင်းလေးကို တင်ပြချင်ပါတယ်။ ဒီလိုပါ စစ်တပ်ဟာ ခိုင်းသလို မလုပ်ဘူးဆိုတဲ့ အချက်တခု သတိထားမိလို့ပါ။ ဘုန်းကြီးကျောင်းကို ၀င်စီးတဲ့အချိန်မှာ ဘာသာခြား တိုင်းရင်းသားစစ်သားတွေကို အသုံးပြုသွားတယ် ဆိုတဲ့အချက်ပေါ်မှာ သုံးသပ်မိပါတယ်။ ပစ်ခတ်ရာမှာလည်း တိုင်းရင်းသား စစ်သားတွေကို အသုံးပြုတယ်လို့လဲ ပြောသံကြားပါတယ်။ (တိုင်းရင်းသားတွေကို အထင်မလွဲစေချင်ပါ။ တိုင်းရင်းသားတွေ ကိုယ်တိုင် အခုလို လုပ်ရပ်ကို မထောက်ခံဘူးဆိုတာ လူတိုင်းသိပါတယ်) တကယ်လို့သာ စစ်သားတွေဟာ အမိန့်ပေးတိုင်း လုပ်တယ်ဆိုရင် တိုင်းရင်းသား စစ်သားလေးတွေကို သုံးစရာ အကြောင်းမရှိဘူးထင်ပါတယ်။ တချို့လည်း ဆေးကျွေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်သားတွေဟာ သတင်းတွေ ဆိုက်ဝါး လုပ်သလောက် မဟုတ်ဘူးဆိုတာ ကောက်ချက် ချနိုင်ပါတယ်။

သံဃာတွေ နဲ့ ပြည်သူတွေ သေကြေတဲ့ ကိစ္စတွေဟာ စစ်တပ်အတွင်းမှာ အနည်းနဲ့ အများဆိုသလို တွေဝေမှုလေးတွေ ဖြစ်ပေါ်နေမှာပါ။ ဒါကြောင့် အခု သွေးပူနေတဲ့ချိန်မှာ နောက်ထပ် လူထု အုံကြွမှုဖန်တီးလို့ ပိုလွယ်ပါတယ်။ ဖြစ်လာခဲ့ရင်လည်း အောင်မြင်ဖို့ အရမ်းကို အခွင့်အရေးရှိပါတယ်။ အဲလိုဖြစ်လာရင် နအဖ အနေနဲ့ အနည်းဆုံးတော့ အလျော့ပေးမှုတွေ လုပ်လာနိုင်ပါတယ်။ လူတွေကို သနားလို့တော့ မဟုတ်ပါဘူး။ သူတို့အတွက် အသက် အန္တရယ်ကို စိုးရိမ်လို့ပဲ ဖြစ်မှာပါ။

လက်တွေ့ ဘာလုပ်ရင်ကောင်းမလဲ?

ဒီမှာ မေးခွန်းလေးတွေ အများကြီးမေးထားပါတယ်။ မေးရတဲ့အကြောင်းကတော့ ကျနော်တို့ မြန်မာတွေဟာ တနေ့မှာ နအဖ ပြုတ်ကျသွားမယ်လို့ အိပ်မက်တွေ မက်နေကျပါတယ်။ ဒါပေမယ့် နအဖ ပြုတ်ကြသွားစေမယ့် အကြောင်းတရား ခိုင်ခိုင်မာမာ ရှိသလားဆိုတော့ . . . မရှိဘူးဗျ။ အဲဒါတွေကို သတိထားမိစေချင်လို့ မေးထားတာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လူထုအုံကြွမှု အခုချိန်မှာ ပြန်လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ လူတွေဟာ အပြောင်းအလဲကို အရမ်းမျှော်လင့်နေတဲ့ အချိန်လေးလဲဖြစ်နေပါတယ်။

လူတွေကတော့ သတင်းတွေနဲ့ပဲ အချိန်ကုန်နေပါတယ်။ သတင်း နားမထောင်နဲ့လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အခုဖြစ်နေတာ သတင်းနားထောင်ပြီး ဒေါသတွေထွက်၊ ၀မ်းတွေနည်း တစ်ရက် ကုန်သွားပါတယ်။ နောက်နေ့ ရောက်တော့လည်း သတင်းတွေ နားထောင် ဒေါသတွေထွက်၊ ၀မ်းတွေနည်းတာတွေ ဖြစ်ကျပြန်ရော ! ! ! ! ! ဒီလိုပဲလုပ်နေရင် မဟုတ်သေးဘူးဗျ။ ကျနော်တို့တတွေ ညီညီညွှတ်ညွတ်နဲ့ ဘာလုပ်သင့်လဲဆိုတာကို လက်တွေ့ကျကျ ဆွေးနွေးတိုင်ပင်ပြီး လုပ်ကိုင်ဖို့ အချိန်ရောက်ပြီ။ လူတိုင်း မိမိ တတ်စွမ်း တရွေ့ နည်းနည်းစီ လုပ်ကိုင်သွားရင် အောင်မြင်မှာ သေချာပါတယ်။

တကယ်လို့ လူထုအုံကြွမှုကို စိတ်ဝင်စားရင် သတိထားသင့်တဲ့ အကြောင်းလေးတွေ စုစည်း တင်ပြလိုက်ပါတယ်

(၁) ပြည်သူတွေ လုပ်ရဲလား?
လူတွေကို အရင်တုံးက လို သေနတ်တွေ ရှေ့မှာပဲ ဆက်လက်ဆန္ဒပြအောင် လုပ်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့ ဘယ်နည်းလမ်းကို အသုံးပြု မလဲ?

(၂) ပြည်သူတွေအများစု လုပ်နိုင်လား ?
ပြည်သူတွေဟာ ဥာဏ်ရည်နိမ့်သူ မြင့်သူ အမျိုးအမျိုး ရှိနိုင်သလို၊ ဆင်းရဲ ချမ်းသာ တွေလည်း ကွဲပြားနေပါတယ်။ ဒီတော့ မိမိ အလုပ်တွေကို မသွားဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းချက်မျိုး ဆိုရင် လူတော်တော် များများအတွက် အတွက် အဆင်မပြေပါဘူး။ အလုပ်ထုတ်ခံရရင် ဘ၀ ပျက်သွားမှာကို တချက် စာနာသင့်တယ် ထင်ပါတယ်။

(၃) ပြည်သူဦးရေ ဘယ်လောက် လုပ်နိုင်လဲ?
နအဖပြုတ်ကျဖို့က လူလေးတစ်သောင်း နှစ်သောင်း လောက်နဲ့ မဖြစ်နိုင်ဘူးဗျ။

(၄) အချိန်ကာလ
အချိန်ကို မေ့ထားလို့မရပါဘူး။ နအဖ ပြုတ်ကျအောင် ရေရှည် တိုက်ပွဲ ၀င်ရမယ့် အနေအထားမှာ ရှိပါတယ်။ တစ်လပဲ လုပ်နိုင်တယ်ဆိုရင် နအဖကို ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။

(၅) အတွေ့အကြုံပြန်ယူပါ
၁၉၈၈ တုံးက မှားတဲ့ အမှားကို သင်ခန်းစာ ပြန်ယူကျပါ။ ဥပမာပြောရရင် လက်နက်ကိုင် တော်လှန်ရေး မအောင်မြင်ခဲ့ပါဘူး။ အဲဒီလမ်းစဉ်မျိုးပြန်သွားဖို့ စိတ်ကူးရင် မှားနိုင်ပါတယ်။

(၆) နအဖပြုတ်ကျမလား
လုပ်တဲ့ အလုပ်တိုင်းဟာ နအဖ ပြုတ်ကျသွားတဲ့ အထိ ရည်ရွယ်ချက်ထားနိုင်ရပါမယ်။ စိတ်ကူးယဉ်ပြီး ပြုတ်နိုင်တယ်ဆိုတာ မျိုးမလုပ်ပါနဲ့။ လက်တွေ့ကျကျ တွေးခေါ်ပါ။

(၇) ငွေကုန်ကြေးကျ ရှိမလား?
လူတိုင်း ငွေကြေး အကုန်အကျခံပြီး လုပ်ဖို့ဆိုတာ သိပ်မလွယ်ဘူးဗျ။ နောက်ပြီး ၀င်ငွေ ထိခိုက်ခံပြီး လုပ်ဖို့ဆိုတာလဲ မလွယ်ဘူးထင်ပါတယ်။ စဉ်းစားဖို့ပါ

(၈) ရေရှည်လုပ်နိုင်မလား ?
တစ်လလောက်နဲ့ နအဖ ပြုတ်ကျဖို့ဆိုတာ စိတ်ကူးယဉ်ဖို့ မလွယ်ပါဘူး။ အားလုံးကို နေပြည်တော်က နေ ထိမ်းချုပ်ထားတာ မို့ပါ။ ရန်ကုန်ဟာ စီးပွားရေး မြို့တော် အနေနဲ့ပဲ ရှိပါတယ်။ ကောက်ရိုးမီးလို လုပ်လို့ အောင်မြင်မှာ မဟုတ်ပါဘူး။

သတိထားကျပါ

တချို့လူတွေက ကျနော်တို့ဟာ မေးခွန်းတွေပဲ မေးပြီး ကိုယ်တိုင်ကျတော့ အဖြေမရှိဘူးတဲ့။ ကျနော်တို့တင်ပြခဲ့တဲ့ ဆန္ဒပြနည်းမှာ အဖြေတွေပါပြီးဖြစ်ပါတယ်။ ကျနော်တို့ ဥာဏ်မှီသလောက် ကြိုးစားပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့ကတော့ ကျနော်တို့ကို နအဖလူတွေလို့ အတင်းစွပ်စွဲပြီး ဒီအစီအစဉ် မထမြောက်အောင် ကြိုးစားနေသလား လို့ သံသယဖြစ်နေပါတယ်။ အဲဒီလူတွေဟာ နအဖကိုယ်တိုင်ဖြစ်နိုင်သလို ဒီမိုကရေစီနဲ့ လုပ်စားနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ နအဖလူတွေ ဘာကြောင့် ဖျက်လဲ ပြောဖို့ မလိုပါဘူး။ ဒီမိုကရေစီ လုပ်စားသူတွေ ဖျက်တယ်ဆိုတာ လူတွေက ယုံချင်မှ ယုံမှာပါ။ ယုံပါ။

ဒီမိုကရေစီနဲ့ လုပ်စားသူတွေ မျှောင်လင့်ထားတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ။ သူတို့ တကယ် မျှော်နေတာ ငွေဆိုတာသတိပြုစေချင် ပါတယ်။ ဆန္ဒပြသူတွေ နအဖ ပြစ်သတ်တဲ့ သတင်းတွေနဲ့ ဓါတ်ပုံတွေ လောက်ပဲ သူတို့ လိုချင်နေတာပါ။ ဒီသတင်းတွေ၊ ဓါတ်ပုံတွေပြပြီး NGO တွေနဲ့ အဖြူ အစိုးရတွေစီမှာ ငွေတောင်း လို့ရပါတယ်။ တကယ်လို့ နအဖ ပြုတ်ကျပြီး မြန်မာပြည် ဒီမိုကရေစီသာ ရသွားရင် အဲဒီလူတွေ အခုရနေတဲ့ ငွေတွေ ရမှာ မဟုတ်တော့ပါဘူး။ မြန်မာပြည်သူတွေ ပဲ ရကျမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ လုပ်စားသူတွေကို သတိပြုပါလို့ ပြောထားချင်းဖြစ်ပါတယ်။

5 comments:

Unknown said...

you should stop whatever you are doing. We never accept your idea. Don't brain wash to us. STOP IT NOW!

မင်းလူယောင် said...

ကျုပ်တော့မထင်ဘူးဗျို့ ။ ဓါတ်ပုံ ပြငွေတောင်းလို့ ရတယ်ဆို တာ လုံးဝမဖြစ်နိုင်ဘူးဗျ..ခင်ဗျားဘက်က ခိုင်လုံတဲ့ သက်သေပြဖို့ တော့လိုတယ်.. ခင်ဗျားက နအဖလက်ပါးစေ မပာုတ်ချင်ယောင်ဆောင်တာလည်း မပီပြင်လိုက်တာ.. လုပ်ပါအုံး ဒီထက်ကောင်းတဲ့ လှည့်လုံးလေး..

* In Search of Truth * said...

234234234234234

htun said...

min ka taw taw ko taw par tal.
min yae sar tway ko read ya tar, nout sone tot min ka than shwe tot pat ka nay kar p pyaw nay tar ko pae i myin ya tal, dar pae mae ma thi thar par bu, min brain ae lout kg yin ko ng ngan atwet akut kut lote par lar. akut min lote nay tae alout htet poe p akyoe shi mae alote pop.. akut time mhar min aba than shwe ka d liut luu tway ko that pyat nay tar ko min ka bar atwet kar p pyaw nay tar lae.. ae dar ko shin par own. ta kal so yin min lo luu tway pae anham ta yar ko ma myin tar

wawakhin said...

?...................