Thursday, September 27, 2007

နိုင်ငံရေးပြောင်းဖို့ မေတ္တာအင်အားအသုံးပြုကျပါစို့

ကျနော်ကတော့ ဆန္ဒပြတာကို အားပေးပါတယ်။ ဒီမိုကရေစီကို မက်မော လို့တော့ မဟုတ်ပါဘူး စီးပွားရေး အကျပ်အတည်းက လွတ်မြောက်ဖို့နဲ့ နအဖ ဆင်းသင့်ပြီထင်လို့ပါ။ အခုဆို ကျနော်တို့နိုင်ငံကို နိုင်ငံတကာက ပိုပြီး ၀ိုင်းပယ်ထားပါပြီ။ Total ကလဲထွတ်မယ်တဲ့။ အခုတောင် ပြည်သူတွေ မသေရုံ စားနိုင် သောက်နိုင် တာပါ။ ဒီထက် ဆိုးရွားလာရင် မတွေးဝံ့ စရာပါ။

ဖြစ်ရပ်မှန်

ဒီမိုကရေစီ Blog တွေကိုလေ့လာကြည့်ပါ။ စစ်သားတွေ အကြမ်းဖက်ပုံတွေနဲ့ ဘုန်းကြီးတွေ မေတ္တာရွတ်ပုံတွေကို ဝေေ၀ဆာဆာတင်ထားပါတယ်။ မေတ္တာသုတ်ရွတ်နေသူတွေကို စစ်တပ်က ပလိမ်းကြီးပစ်တယ်ပေါ့ဗျာ။ oppositeye Blog ကို လေ့လာကြည့်ရင်တော့ ဘုန်းကြီးတွေ နဲ့ ဆန္ဒပြသူတွေ ဒုတ်ကိုင်ထားတဲ့ပုံတွေ မြင်တွေ့နိုင်ပါတယ်။ ဖျက်ဆီးထားတဲ့နေရာ အချို့ကို စက်ဝိုင်းနီနဲ့ မြင်သာအောင် ပြထားပါတယ်။ သဘောကတော့ စစ်တပ်က အကြမ်းဖက်လို့ ပစ်တယ်ပေါ့ဗျာ။ (အခုဟာ စစ်တပ် ၀င်သင့် မ၀င်သင့် ဆွေးနွေးနေတာ မဟုတ်တဲ့အတွက် ဆက်မပြောတော့ပါဘူး) ဒီမိုကရေစီသမားတွေက အစိုးရ ဘုန်းကြီးအတုတွေနဲ့ ရုံးရင်းဆန်ခတ်ဖြစ်အောင် ကြံစည်နေတဲ့အကြောင်း ဆီဗုံးတွေမှာ လိုက်ရေးပါတယ်။ အစိုးရကလဲ ဒီမိုကရေစီ အဖွဲ့တွေ ဘုန်းကြီးအတုတွေနဲ့ အကြမ်းဖက်ဖို့ ကြိုးစားတဲ့ အကြောင်း သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။

ဘယ်သူပြောတာမှန်လဲ? oppositeye လူတွေ ကတော့ နအဖပြောသမျှ အမှန်လို့ ယူပါတယ်။ ဒီမိုကရေစီသမားတွေကတော့ နအဖက လွဲရင်ကျန်တဲ့ သတင်းဌာနတွေပြောသမျှ မှန်တယ်ဆိုပဲ။ ကျနော်က နှစ်ဖက်စလုံးကို မယုံဘူးဗျ။ တကယ် ဘာတွေ ဖြစ်နေလဲဆိုတာ ကျနော် မသိဘူး။ သေချာတာကတော့ ဆန္ဒပြသူတွေ နအဖ ပြောသလောက် မဆိုးသွမ်းသလို ၊ ဒီမိုကရေစီ သမားတွေ ပြောသလောက် စစ်တပ် မရက်စက်ပါဘူး။

စစ်တပ်ပါဖို့ ဖြစ်နိုင်လား

လူတွေကအထက်က ပစ်မိန့်ပေးတာကို လွန်ဆန်ပြီး စစ်တပ် ဆန္ဒပြသူတွေနဲ့ လာရောက် ပူးပေါင်းနိုင်တယ်လို့ စိတ်ကူးယဉ်ကျပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ ဒီစစ်သားတွေဟာ (၁) Brainwashed လုပ်ခံထားရတဲ့ အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက်သမားတွေလို့ တရားသေမှတ်ပြီးဖြစ်ပါတယ်။ ဒါဆိုရင် ပြည်သူဖက်ပါလာဖို့ ဖြစ်နိုင်လား? (၂) စစ်တန်းလျားမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုတွေ ဒုက္ခရောက်ခံပါ့မလား ? (၃) ဒီတပ်ခွဲလေးတွေဟာ သေနတ်ပဲရှိတယ်။ ပြည်သူနဲ့ ပေါင်းရင် သူတို့ထက် လက်နက်ပိုတောင့်တင်းတဲ့ တပ်ခွဲက လာရောက်သုတ်သင်မှာပဲ။ အဲဒါဆိုရင် ပိုပြီး အထိအခိုက်များနိုင် ပါတယ်။ တင့်ကားတွေ မြို့ထဲမှာ ထားတယ်ဆိုတာ အဲလို ခွဲထွက်သွားတဲ့ တပ်ခွဲတွေကို ချေမုံန်းဖို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ မေတ္တာတရားကို လက်နက်အဖြစ် အသုံးပြုသင့်ပါတယ်။


အမုံန်းတရားလးတွေ

မေတ္တာတန်ခိုး နအဖကို မတိုးဘူးလို့ ပြောကျပါတယ်။ ကျနော်ကတော့ အဲဒါမှားတယ်လို့ထင်ပါတယ်။ တိရိစ္ဆာန်တောင် မေတ္တာ ကိုခံယူနိုင်ပါတယ်။ စစ်သားတွေကို ကျနော်တို့ မခံချင်စိတ်နဲ့ နှိမ်ပြောနေပမယ့် သူတို့ဟာ လူသားစစ်စစ် ဗုဒ္ဓဘာသာတွေပါ။

နအဖရဲ့ဆိုက်ဝါးဟာ သူတို့ စစ်သားတွေပေါ် ထိရောက်တယ်ဆိုတာ လက်ခံပါ။ ဆန္ဒပြသူတွေ လက်ချက်ကြောင့် စစ်သားတွေ၊ ရဲတွေဒဏ်ရာရသွားတယ်လို့ နအဖ သတင်းစာတွေကနေ ၀ါဒဖြန့်ထားပါတယ်။ (လိမ်တယ်လို့ ထင်ပါတယ်) အွန်လိုင်းမှာလဲ စစ်သားတွေကို ဆဲနေကျပါတယ်။ ဦးသန်းရွှေကို ဆဒန်ဟူစိန်လို သတ်ဖို့တောင် ကျိမ်းနေကျပါတယ်။
ဒီတော့ စစ်သားတွေက ဆန္ဒပြသူတွေကို မမုံန်းပဲ နေဦးမလား။ ဒီအထဲမှာ ဆိုင်ကယ်တွေ ၊ ကားတွေကို ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။ ကြံ့ဖွတ်ဘုန်းကြီး အတုတွေလက်ချက်လို့ အတိအကျ ပြောလို့ မရနိုင်ပါဘူး။ မန္တလေးသားတွေ ဘုန်းကြီးတွေ ဘယ်လောက် လက်သန်ပြောင်လဲဆိုတာ အသိဆုံးပါ။ အနည်းဆုံးတော့ ကြံ့ဖွတ်လုပ်လဲ စစ်သားတွေက ဘုန်းကြီးအစစ်လုပ်တယ်ထင်မှာပဲ။ ဒါတွေကြောင့် စစ်သားတွေဟာ အမုံန်းတရားတွေနဲ့ပဲ ထိတွေ့နေတယ်လို့ ပြောနိုင်ပါတယ်။

မေတ္တာကို အားထားပါ

ဒီတော့
စစ်သားတွေကို ဆန္ဒပြသူတွေအနေနဲ့ ရန်သူ မဟုတ်ကြောင်း ခံစားလာအောင် ကျနော်စဉ်းစားထားတာ လေးတွေ အမှတ်စဉ်နဲ့ တင်ပြချင်ပါတယ်။ ကျနော်ပြောသလို လုပ်ရင် စစ်သားဟာ နှစ်ချက် ပစ်ရမယ့်နေရာ တစ်ချက်ပဲ ပစ်မှာပါ။ အာမခံပါတယ်။

(၁) ဒို့အရေး သွားမအော်ပါနဲ့။ ဒို့အရေး မအော်လဲ ဘာလုပ်နေလဲ သိပြီးသားပါ။ စစ်တပ်ကို မေတ္တာပို့ပါ။ ဖြစ်နိုင်ရင် တပ်မအမည်နဲ့ မေတ္တာပို့ပါ။ ဥပမာ- တပ်မ ၇၇ မှ စစ်သားများ၊ ကျန်းမာကျပါစေ။ ချမ်းသာကျပါစေ။ ဆိုတာမျိုးပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ် ဒါမျိုးသူတို့ရှေ့မှာ မေတ္တာပို့ရင် အမိန့်အရ ပစ်ရရင်တောင် ထိအောင် ပြစ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

(၂) စစ်တပ် (၀ါ) ရဲတွေနဲ့ ရင်ဆိုင်နေရင် လုံးဝ မတ်တပ်မရပ်ပါနဲ့။ ထိုင်နေကျပါ။ အဲလိုလုပ်ချင်းနဲ့ အမှန်တကယ် ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာ သူတို့ လက်ခံလာမှာပါ။ မတ်တပ်ရပ်ရင် လူအုပ်စုများတဲ့အတွက် ထိမ်းလို့ မရဖြစ်တတ်ပါတယ်။ ကြံ့ဖွတ်ဘုန်းကြီး အတုတွေ နဲ့ စိတ်တိုတတ်တဲ့ ကိုယ်တော်တွေလဲ အဖျက်လုပ်ရပ် လုပ်ချင်းမှ တားမြစ်သလို ဖြစ်သွားပါတယ်။

(၃) တကယ်လို့ လူစုခွဲပါလို့ အမိန်ပေးရင်။ မိမိတို့အချင်းချင်း ဘယ်မှာ ထပ်စုမလဲ စကားလက်ဆင့်ကမ်းပါ။ ပြီးရင်ချက်ချင်းခွဲပါ။ မခွဲရင်သူတို့က လူစုကွဲအောင် လုပ်ဖို့ အမိန့်အတိုင်း လုပ်ရမှာဖြစ်ပါတယ်။ စစ်သားရဲ့ အသက်ဟာ အမိန့်မို့ သူလုပ်ကို လုပ်မှာဖြစ်ပါတယ်။ သူတို့ အလုပ်ကို ကျနော်တို့ လေးစားရမှာပါ။ ဒါဟာ တဖက်ကို လေးစားပြတဲ့အတွက် စစ်သားတွေရဲ့ ကျေးဇူးတင်ချင်းကို ခံရမှာဖြစ်ပါတယ်။

(၄) ဖြစ်နိုင်ရင် သူတို့က ခွဲပါလို့ အမိန့်ပေးရင် ချက်ချင်းမခွဲပဲ ။ အကြီးအကဲ တစ်ယောက်က စစ်တပ်ကို နာရီဝက်၊ တစ်နာရီလောက် မေတ္တာဆက်ပို့ခွင့် တောင်းပါ။ ရနိုင်ပါတယ်။ အဲဒီအချိန်မှာ တပ်ခွဲအုပ်ချုပ်တဲ့ ဗိုလ်မှုး (၀ါ) ဗိုလ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်က အဓိကပါ။ စစ်တပ်နဲ့ ပြည်သူ လည်းပိုမိုပြီး နီးစပ်လာနိုင်ပါတယ်။ စစ်တပ်က မနေနဲ့ဆိုရင်လဲ စိတ်မဆိုးပါနဲ့။ ကြည်ဖြူစွာ မေတ္တာပို့ပြီး ခွဲလိုက်ပါ။

(၅) တကယ်လို့ မြို့ထဲကို မသွားနိုင်ရင် (၀ါ) မသွားရဲရင် မိမိရပ်ကွက်ထဲမှာ လူစုပြီးလှည့်လည်ပါ။ တလမ်းဝင် တလမ်းထွက် သွားပါ။ ဒါပေမယ့် ဒို့အရေးလုံးဝ မအော်ပါနဲ့။ မေတ္တာပို့ပြီးသွားပါ။ ဒို့အရေးမအော်လဲ ဘာကြောင့် ဆန္ဒပြနေလဲ လူတိုင်းသိပါတယ်။ ဒို့အရေးအော်ရင် ရ၀တနဲ့ ကြံဖွံ့တွေက သူတို့ကို အန္တရယ်ပြုမှာဆိုးတာနဲ့ ကြောက်လန့်ပြီး စစ်တပ်ကို အကြောင်းကြား နိုင်ပါတယ်။

(၆) မိမိတို့အိမ်တွေမှာ မေတ္တာသုတ်ကို ကဒ်ဆက်နဲ့ အကျယ်ကြီးဖွင့်ထားပေးပါ။ မေတ္တာပို့သံကြားတဲ့ လူတွေနဲ့ စစ်သားတွေရဲ့ စိတ်ကို ပျော့ပြောင်းစေပါတယ်။ BBC, DVB နဲ့ မြန်မာ့အသံ ရုပ်မြင်သံကြားသတင်း တွေကတော့ လူတွေကို ရန်တိုက်ပေးတဲ့အတွက် တတ်နိုင်သလောက် အသံတိုးပြီးဖွင့်ပါ။

(၇) ညတိုင်း ၉ နာရီနဲ့ နေ့လည် ၁၂ နာရီများတွင် မိမိတို့ အိမ်မှ သံပုံးများ တီးခတ်ချင်းနဲ့ အသံကျယ်လောင်စွာထုတ်ပြီး နအဖကို ဆင်းပေးဖို့ အချက်ပြ ဆန္ဒပြပါ။ ဘယ်စစ်သားမှ အိမ်ထဲဝင်ပြီး ပြဿနာရှာမှာ မဟုတ်ပါ။

(၈) အပြင်မှာရော၊ အွန်လိုင်းမှာရော စစ်သားတွေနဲ့ ဦးသန်းရွှေကို ဆဲတာတွေနဲ့ ကြိမ်းမောင်းတာတွေ လဲရပ်ပေးပါ။ ဆဲသူများကိုလည်း တားမြစ်ပေးပါ။ ဒီလိုဆဲတာတွေ၊ ကြိမ်းမောင်းတာတွေကြောင့် ထိပ်ပိုင်း အကြီးအကဲတွေ အဏာလွှဲပြောင်းဖို့အရေး အပြင်းအထန်ကာကွယ်တာတွေ ဖြစ်တတ် ပါတယ်။


အစိုးရပြောင်းသင့်ပြီထင်ရင် ဒီတကြိမ် အနိုင်ရအောင်လုပ်ပါ။ ပြည်ပကိုလည်း အားမကိုးပါနဲ့။ ဒီမိုကရေစီနိုင်ငံတွေဟာ စီးပွားရေးပိတ်ဆို့တာနဲ့ အပြစ်တင်တာကလွဲရင် ဘာမှ အဖြစ်မရှိပါဘူး။ ဒီတော့ ပစ်တယ်ဟေ့ ဆိုရင် လူတိုင်းကြောက်ကျမှာပါ။ ဒီတချည် အနိုင်မလုပ်နိုင်ရင် အစိုးရ ပြောင်းဖို့ဆိုတာ နောက် နှစ်ပေါင်း ၂၀လောက် ထပ်စောင့်ရမှာပါ။ ကျနော်တင်ပြထားတာတဲ့ အမှတ်စဉ် (၅၊ ၆၊ ၇၊ ၈) တွေက လူတိုင်းလိုက်နာနိုင်ပါတယ်။ ပြီးတော့ အားလုံးဟာ မေတ္တာတရားပေါ်မှာပဲ အခြေခံထားတာပါ။ လုပ်တဲ့သူတွေကို လည်း အန္တရယ် မကျရောက်နိုင်ပါဘူး။ ၀ိပဿာနာတရားကို အနောက်နိုင်ငံတွေမှာ တွင်ကျယ်နေတဲ့ အခုအချိန် အခါမှာ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့မေတ္တာတရားကို လက်တွေ့ စမ်းသပ်ကြည့်ကျပါဆို့လားခင်ဗျာ . . . . .


မြန်မာ့တပ်မတော်သားများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကျပါစေ
တောသားနှစ်ဦး


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

16 comments:

Htoo Myat said...

ရေးတာကတော့ ကောင်းပါ့ဗျာ... ဒါပေမဲ့ မေတ္တာပို့လို့ ပို့နေမှန်းတောင် နားမလည်နိုင်တဲ့ ချင်းအမျိုးသား သေနတ်ကိုင် တပ်ရင်းတွေနဲ့ လဲတော့မှာပဲဟာ... ဘာထူးတော့မှာလဲ။

ulee daway said...
This comment has been removed by the author.
ulee daway said...

လူအားလုံး လိုက်လုပ်နိုင်ရင် သိပ်ကောင်းမှာပဲနော်။့ တို့ ဆုတောင်းနေပါတယ်။
ကိုထူးမြတ်ရေ ထူးတာပေါ့၊ ချင်းတိုင်းရင်းသားလည်း လူပါပဲ။ လူရယ်ဆိုကတည်းက သိတတ်တဲ့ စိတ်ထားလေး အနည်းငယ်တော့ ရှိမှာပဲလို့ ။ တို့ ရန်လိုတဲ့ သဘောမဟုတ်ပါ။

brokenworld said...

ဟုတ်ကဲ့ အခုတော့ လူလိုသဘော မထားလို့ ပစ်တာ သေကုန်ပီလေ
သူတို့ လူစိတ်ကိုမရျိတော့ပါဘူး...
ဒီတိုင်းဆက်ရင်တော့ အကုန်သေကုန်တော့မယ်...

* In Search of Truth * said...

ကို brokenworld စိတ်မရှိပါနဲ့ခင်ဗျာ။ သေတဲ့လူတွေ ကိုယ်ချင်းမစားလို့ ပြောတာမဟုတ်ပါဘူး။ အကောင်းဘက်က နည်းနည်းမြင်အောင် တချက်တော့ ပြောချင်ပါတယ်။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ ဒီနေ့ လူ၉ ယောက်သေတယ်လို့ သတင်းထဲမှာမြင်ပါတယ်။ ဒါဆိုရင် စစ်တပ် တကယ်မပစ်လို့ အဲလောက်ပဲသေတယ်လို့ ပြောနိုင်ပါတယ်။ အစ်ကိုတို့ပြောသလောက် စစ်တပ်တကယ်ဆိုးရင် လူကိုးရာလောက် ရှိမယ်ထင်ပါတယ်ခင်ဗျာ။

Unknown said...

If they are real solider with the heart inside, the strategy you sugguested can probably be affective. But don't view things from one side only.. there are many what ifs ... and there are many conditions.. Additionally,the protesters are human.. they have feelings .. they have ears.. and eyes.. and they can sense...there will be limits in whatever people can do... only Buddha can endure all the pain with a smile.. In my opinion, whatever the protesters did so far is totally right! I support all our people and our dearest monks..

Unknown said...

ကျွန်တော့်အနေနဲ့ကတော့ အကြောင်းအရာတစ်ခုအပေါ်မှာ ဝေဖန်နေတာထက်စာရင် ဒီအကြောင်းအရာ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို ထည့်စဉ်းစားသင့်ပါတယ် ။ စစ်သားဆိုတာလဲ လူထဲက လူပါပဲ ။ ခံစားတတ်တယ် ။ စာနာတတ်တယ် ။ အဲဒီလိုလူတွေ ဘာလို့လုပ်ရလဲလို့ ပြောမယ်ဆိုရင် မလုပ်လို့မရလို့ဖြစ်မှာပေါ့ဗျာ ။ ခင်ဗျားတို့ ၊ ကျွန်တော်တို့ဆိုရင်ရော ဒီအတိုင်းနေတဲ့လူတစ်ယောက်ကို ရိုက်မောင်း ပုတ်မောင်းလုပ်ဖို့ဆိုတာ ဒီအတိုင်းဖြစ်နိုင်ပါ့မလား ။ ခုလုပ်နေကြတယ် ။ဒါဆိုရင် ဘာကြောင့်လုပ်ရတာလဲ ။ မလုပ်လို့မဖြစ်တဲ့အခြေအနေတွေရှိနေလို့နေမှာပေါ့ဗျာ ။ လူဆိုတာ ကိုယ့်အသက်ထက်ဘယ်ဟာမှပိုချစ်ပါဘူး ။ သူ့အသက် ကိုယ့်အသက်ယှဉ်ရတော့မယ်ဆိုရင် ကိုယ့်အသက်ကို ဦးစားပေးကြတာပဲမဟုတ်လား ။ ဒါကလူ့ရဲ့သဘောကိုပြောတာပါ ။ နောက်တစ်ခုက တာဝန်နဲ့ ၀တ္တရားပိုင်း ။ စစ်တပ်တို့ ၊ ရဲတို့ဆိုတာ ကာကွယ်ရေးအတွက် ဖွဲ့ထားတာပါ ။ တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်ပေးဖို့ပါပဲ ။ ကိုယ့်တိုင်းပြည်သူတစ်ပါးလက်အောက်ရောက်သွားနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ဘယ်သူ့မျက်နှာကိုမှကြည့်နိုင်မှာမဟုတ်ပါဘူး ။ မြန်မာနိုင်ငံသားပါလို့အမည်ခံပြီး တိုင်းတပါးအားကိုးချင်ကြတဲ့ အသားထဲကလောက်ကောင်တွေကိုတော့ ဖယ်ရှားကြရမှာပဲ ။ အဲဒီလိုမှမဟုတ်ရင်တော့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကျွန်တော်တို့နိုင်ငံ ဖာနိုင်ငံဖြစ်သွားမှာပဲ ။ မြန်မာအမျိုးသမီးတွေ ကုလားမယားတွေဖြစ်သွားမှာပဲ ။ အခုကိစ္စမှာလဲ တကယ်ကိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူတွေရှိသလို တိုင်းတပါးကို အဖေခေါ်ချင်တဲ့လူတစ်ချို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် အခြေအနေတွေက ပိုရှုပ်ထွေးခဲ့ရတာပါ ။ နောက်တစ်ခုက အဓိကရုဏ်းတစ်ခုဖြစ်လာပြီဆိုရင် လုပ်ဆောင်တာနဲ့ပက်သက်ပြီးတော့ အားလုံးအထင်ကြီးနေကြတဲ့ အနောက်နိုင်ငံကြီးတွေမှာဘာတွေလုပ်နေလဲ ။ မိးခိုးဗုံးတွေသုံးတယ် ၊ ဒုတ်တွေ ၊ ဓါးတွေသုံးတယ် ။ နောက်ဆုံးပစ်ခတ်ပြီးဖြေရှင်းနေကြပါတယ် ။ မသိဘူးဆိုရင်တော့ လေ့လာကြည့်ဖို့လိုပါလိမ့်မယ် ။ ဒီပို့စ်မှာပါသလိုပဲ တကယ်ငြိမ်းချမ်းစွာ ဆန္ဒပြရိုးမှန်မယ်ဆိုရင် ဘယ်သူမှ ရိုက်နှက်နေမှာမဟုတ်ပါဘူး ။ မလွဲသာမရှောင်သာတော့တဲ့ အခြေအနေကို ဖန်တီးမယ်ဆိုရင်တော့ မလုပ်ချင်လဲလုပ်ရမှာပါပဲ ။ အနောက်ကိုတော့ အားမကိုးစေချင်ဘူးဗျာ ။ ကိုယ့်ပြည်တွင်းက ကိစ္စ ကိုယ့်ဘာသာရှင်းတာကောင်းပါတယ် ။ အနောက်က လာတိုင်းလည်းမကောင်းပါဘူး ။ ဥပမာ - အီရတ်နဲ့ အာဖဂန်နစ်စတန်ကိုပဲကြည့်ပါ ။ တိုင်းတပါးအုပ်ချုပ်မှုအောက်မှာ ငတ်ပြတ်နေတယ် ။ နေ့တိုင်း ဗုံးတွေပေါက်နေတယ် ။ အသက်ရှင်နေကြပေမယ့် တကယ့်ငရဲခန်းတစ်ခုလိုပါပဲ ။ နိုင်ငံတကာကိုလည်းလေ့လာဖို့လိုပါတယ် ။ လူဆိုတာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်ဘာမှမဖြစ်ပါဘူး ။ အားလုံးကိုယ့်အလုပ်ကိုယ်မလုပ်ကြလို့သာ ပြသနာတွေဖြစ်နေရတာပါ ။ အခြေအနေတစ်ခုကို ခြုံငုံသုံးသပ်ပြီးမှသာ ဘာမှားတယ် ၊ ဘာမှန်တယ်ဆိုတာကို ဆုံးဖြတ်သင့်ပါတယ် ။ တိုင်းပြည်ဘာလို့မတိုးတက်လဲ ။ အဖြေက ရှင်းပါတယ် ။ ကိုယ့်အလုပ်ကိုယ်မလုပ်ကြလို့ပဲ ။ တစ်ဦးတစ်ယောက် ကောင်းရုံနဲ့ဘာမှမဖြစ်လာနိုင်ပါဘူး ။ လူတိုင်းအသိစိတ်ဓါတ်ရှိရှိနဲ့လုပ်ဆောင်ဖို့လိုပါတယ် ။ တကယ်အလုပ်လုပ်နေကြတဲ့လူတွေလုပ်နေကြရပါတယ် ။ အကြီးအကဲတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ၃ နာရီလောက်ပဲရှိပါတယ် ။ ဘာလို့ဒီလိုပြောနိုင်လဲ ။ ကျွန်တော်ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ လက်တွဲပြီးလုပ်ဆောင်ဖူးလို့သိပါတယ် ။ ဒါဆိုရင် ဘာလို့ မတိုးတက်လဲ ။ အဖြေရှိပါတယ် ။ လိုက်ပါလုပ်ဆောင်သူများ အားနည်းနေပါတယ် ။ ၀န်ထမ်းက ၀န်ထမ်းအလျှောက် တာဝန်ယူမှုအပိုင်းတွေအားနည်းနေပါတယ် ။ အကျင့်ပျက်ဝန်ထမ်းများကြောင့်လဲ ရည်မှန်းချက်တွေ ၊ လုပ်ငန်းစဉ်တွေဟာ ထင်သလောက်အောင်မြင်မှုမရပါဘူး ။ ခြုံပြောမယ်ဆိုရင် ကိုယ့်အလုပ်ကိုယ်ကျေပွန်စွာမလုပ်ကြဘူး ။ ကျွန်တော်တို့ ၀န်ထမ်းတွေ စိတ်ဓါတ်မကောင်းဘူး ။ ဒါပါပဲ ။ အားလုံးသာ ကိုယ့်တာဝန်ကိုယ်ကျေမယ်ဆိုရင် အောင်မြင်မှုဆိုတာ မဝေးပါဘူး ။ တိုင်းပြည်ကို တစ်ကယ်ချစ်တယ်ဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ ။ တလွဲဆံပင်မကောင်းကြပါနဲ့ ။ ဘယ်သူအာဏာရတယ် မရဘူးဆိုတာကအရေးမကြီးပါဘူး ။ ဘယ်သူပဲ အာဏာရရ တိုင်းပြည်တိုးတက်ဖို့ ကောင်းဖို့ အားလုံးညီညီညာညာနဲ့ ကိုယ့်တာဝန်ကိုယ်ကျေဖို့သာ အရေးကြီးပါတယ် ။ အခုအနေအထားကိုကြည့်မယ်ဆိုရင် တိုင်းပြည်ကို ကောင်းစေချင်တာထက် ၊ စစ်တပ်ကို ကျစေချင်တဲ့ စိတ်ကများနေတာကို တွေ့ရပါတယ် ။ တကယ်တမ်း တိုင်းပြည်ကိုချစ်တယ် ၊ ကောင်းစေချင်တယ်ဆိုရင် အကောင်းမြင်စိတ်လေးထားပြီး အဖျက်အမှောင့်လုပ်ငန်းများကို စွန့်လွတ်ကြပါလို့ တောင်းပန်ချင်ပါတယ် ။ ကျွန်တော့်စကားတွေထဲမှာ အမှားတွေပါရင် ခွင့်လွတ်ပေးကြပါ ။ ( ကောင်းမှုမြတ်နိုး ၊ ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း )

mew said...
This comment has been removed by the author.
Unknown said...

ကောင်းပါတယ်။ တိုက်ပြီးမှ မဟာဗျူဟာဆွဲသလိုပြောင်းပြန်သွားနေတယ်
ဒါပေမဲ့အချိန်မနှောင်းသေးပါ။မြို့ ငယ်လေးတွေမှာဖြစ်နိုင်ပါသေးတယ်။

Unknown said...

I would like to give some comments for what haven wrote. He said that some of the leaders are sleeping only three hours a day. I beleived this is true but i would like to say that, now they are trying to improve our country for almost twenty years already but our people life is worse than before. Difficult to survive and people can't stand on this situation anymore. Also our government had given a chance for almost twenty years already. But they don't have ability to success.You can see in Educational field - very bad, no standard at all. In health, without money you can't recover at all. Before 40 years ago our country is richest country in South East Asia. Now a day our country is poorest country already. I thought our government should consider, not only for their family but also for the we people. Don't be selfish. If they love their country, don't destroy the country.
We people don't care for who is our president. We will be happy whoever, he or she can give good life for we people and we will accept. The most important things is to get better life for our people.
One more thing is regarding our monks protesters, i think the way they treat to monks is totaly unacceptable.
They did very very big mistake. Monks are holy person. They are sons of our Lord buddha and respectable persons. But they have been killed by the soldiers. What do you think, are they a buddhism? They will not regret anymore about this when they are going to die. I am sure they will regret. It is very big sin.
They make very cruel decision for both of monks and soliders. Both of them are unlucky.
If i am a relative of this soldier, I will not let him do that. I will say him that if there is two ways, to kill the monks and to die, please choose to die. Because you will die only. If he choose to kill the monks, he has to stay in the hell thounsands of years.
This is every buddhism beleive.

I hope and i wish we will have golden future soon.

brokenworld said...
This comment has been removed by the author.
brokenworld said...

ကို in search of truth ရေ... အစ်ကိုက ၉ ယောက်သေတာကိုနည်းတယ် လို့များပြောချင်တာပါလား...
အပြစ်မရှိတဲ့ ပြည်သူ ၉ ယောက်သေတာ တကယ်မပြစ်သေးလို့ တဲ့လား... အစ်ကိုက ရှေ့တန်းမှာ ရန်သူနဲ့ ဖြစ်သလိုမျိုး များ ဖြစ်စေချင်တာပါလား... ပြည်သူဆိုတာ ရန်သူမဟုတ်ပါဘူး။ ပြည်သူကိုကာကွယ်ရမှာပါ။ အမှန်ဆို တစ်ယောက်မှ မသေရင်ပို မကောင်းဘူးလား။ အခုဟာ သူတို့ဟာ သူတို့ အေးအေးချမ်းချမ်း ဆန်ဒ ပြနေကြတာပါ။ အဲဒါကိုဒီလိုအကြမ်းဖတ်တယ်ဆိုတာတော့ မကောင်းဘူးထင်ပါတယ်။ ကျွန်တော် စစ်သားတွေကိုအပြစ်ပြောနေတာ မဟုတ်ပါဘူး။ သူတို့ကို အထက်က အမိန့်ပေးလို့ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့မှာ စဉ်းစားတက်တဲ့ ဦးနှောက်ရှိပါတယ်။ မှားလားမှန်လားဆိုတာကို သေချာစဉ်းစားကြည့်ပေါ့။ အခုဟာ လက်တစ်ဆုပ်စာ လူတစ်စုရဲ့ အာဏာတည်မြဲဖို့အတွက် အသုံးချခံနေရတာပါ။

* In Search of Truth * said...

ကို brokenworld .
စစ်တပ် မိုးပေါ်ထောင်ပြီးတောင် မခြိမ်းချောက်သင့်ဘူးဆိုတာ ကျနော်ပြောဖူးပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့က စစ်တပ် အလုပ်မဟုတ်ပါဘူး။ အခုပြောနေတာ စစ်သားတွေရဲ့ စိတ်ရင်းကို သုံးသပ်ကြည့်ဖို့ပါ။

ဆန္ဒပြပွဲကို ထိမ်းတဲ့ တပ်စု တစ်စုမှာ အနည်းဆုံး စစ်သား (၁၀)ယောက်တော့ ရှိမှာပါ။ စစ်သား တစ်ယောက်ကနေ လူတစ်ယောက်နှုံန်းစီကို ပစ်သတ်ခဲ့ရင်တောင် ဆန္ဒပြပွဲ မှာ သေတဲ့ ဦးရေ ဒီထက် အဆပေါင်းများစွာ ပိုနေမှာ သေချာတယ်။ သေတဲ့နှုံန်းကို ကြည့်ရင် မဖြစ်လို့ ပစ်တဲ့ အနေထားပါ။ အဲလို မဖြစ်လို့ လုပ်ရတဲ့ စစ်သားတွေကို အမေနဲ့ ကိုင်တုတ်ဆဲနေတာ မသင့်တော်ပါဘူးဗျာ။ ကိုယ့်ဘက်ကလူတွေ လွန်တာလေးတွေလဲ ပြန်ကြည့်ပါဦး

Unknown said...

nice critical thoughts... yep... i agree with ya in most points... & i WISH these soldiers could be understanding the protesters... actually, we DID that before... monks & people were peacefully praying & sending Metta... i don't want to say again who started to b rude to monks... yeh... we can't rely on others... it's the time we all have to fight for our very own freedom together!!! we've been waiting the whole 19 years to get this chance... we have to use it cleverly... to fight back soldiers 'caze they kill people is not a good approach... we have to be wise... we need clever plans and appraoch to get our destination with the least deaths... anyway, i really HOPE & WISH that soldiers would b KIND to people like ya said...

* In Search of Truth * said...

စာအုပ်ကြီးထဲက အတိုင်းပြောတာထက် စစ်သားတွေနေရာကနေ နေပြီး ပြောတာ ပိုသင့်တော်မယ် ထင်ပါတယ်။

Myo Win Zaw said...

စစ်တပ်မှ မဟုတ်ဘူး အစိုးရကိုတောင် မကျေနပ်ရင် ပြည်သူတစ်ယောက် က အမေနဲ့တင်မကဘူး တဆွေလုံးတမျိုးလုံးကုန်အောင် ဆဲခွင့်ရှိတယ်.. တာဝန်ထမ်းဆောင်နေတဲ့ စစ်သားလား…ဆဲလို့ရတယ်.. မကျေနပ်ရင် ဖမ်း ဥပဒေအရ အရေးယူ ဘာမှလမ်းပေါ်မှာ ပစ်သတ်ခွင့်မရှိဘူး .. ဆဲလို့မကျေနပ်လို့ ပစ်သတ်တဲ့စစ်သားကို အရေးယူရမယ် .. နောက်ပြောမယ် စစ်ခွေးတကောင်က တာဝန်ထမ်းဆောင်နေချိန်မှာ ကျွန်ကော်ကို ဆဲလို့ ကျွန်တော် ဒေါသထွက်ညီ့းပစ်သတ်လိုက်တာလား …နောက်တစ်ခု ချင်းတပ်တဲ့ စစ်ခွေးတပ်ထဲ တိုင်းရင်းသားတွေ ပါကောင်းပါမယ် ချင်း ကချင် ဆိုပြီး မျိုးတူတွေ ကို စစ်ခွေးခေါင်းဆောင် တွေက မထားဘူး နောက် ပြီးစစ် ခွေးခေါင်းဆောင်တွေ ဟာ ဗုဒ္ဓ ဘာသာတွေပါ စစ်ခွေးငယ်တွေလဲ အများစုကြီးဗုဒ္ဓဘာသာတွေပါ မျက်စိစုံမှိတ်ပြီး ရဟန်းတု တွေလို့ပြောတာကတော့ … ယုံတာက..ခွေးကျင့်ခွေးကြံကြံတာဘဲ