Wednesday, September 19, 2007

အမျိုးသမီးများနှင့် ဒီမိုကရေစီရဲများ

သတင်းတွေထဲမှာတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ရဲတွေ မတရားတာတွေ လုပ်ရင် ဥပဒေနဲ့ အပြစ်ပေးတယ် ဆိုပဲဗျ။ ထူးဆန်းတာ ရဲတွေကတော့ လူမြင်ကွင်းမှာ လူတွေကို ခွေးလေးတကောင် လောက်တောင် ဂရုမစိုက်ဘူးဗျ။ ရိုက်ချင်တိုင်းရိုက်၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နေတာပဲ။ ရဲတွေ သူတို့ကို ဥပဒေနဲ့ အပြစ်ပေးလို့ရတယ်ဆိုတာ မသိကျဘူး ထင်တယ်နော်။ မြန်မာ့ဒီမိုကရေစီသမားတွေ နီးစပ်ရာရဲတွေကို အသိပေးသင့်တယ် ထင်ပါတယ်။

အဖွားကြီးကိုဒူးနဲ့ဆောင့်တဲ့ရဲ

ပထမဆုံး တင်ပြချင်တာကတော့ အရင် အပတ်တုံးက ပြဖို့မေ့သွားတဲ့ ဗီဒီယိုလေးတခုပါ။ အဲဒီမှာ စိတ်ဖေါက်ပြန် နေဟန်ရှိတဲ့ အဖွားကြီးကို ရဲကိုင်တွယ်ပုံ ဘယ်လောက်ကြမ်းလဲဆိုတာ မြင်နိုင်ပါတယ်။ ဗီဒီယိုကို ဗုဒ္ဓဘာသာတွေ ကြည့်တောင် ကြည့်ရဲမယ် မထင်ပါဘူး။ မကြည့်ရဲရင် ဓါတ်ပုံလေးပဲကြည့်လိုက်ပါဗျာ။ မြန်မာနိုင်ငံမှာ မတွေ့နိုင်တဲ့ မြင်ကွင်းလေးပါ။ ဓါတ်ပုံထဲမှာ ဇတ်လမ်း ရေးထားပါတယ် Click လုပ်ပြီး ကြည့်ပါ။ အသေးစိပ် ကြည့်ချင်ရင် ဗီဒီယိုမှာ ကြည့်ပါခင်ဗျာ။



အမျိုးသမီးများကို ရဲစခန်းထဲမှာ အ၀တ်များချွတ်ခိုင်းခြင်း
ဘေးကဓါတ်ပုံကို ကြည့်ရင် အမျိုးသမီးနှစ်ယောက် ကာမထန်ပြီး နမ်းနေတယ်လို့ အထင်မှားဖွယ်ရှိပါတယ်။ တကယ်တော့ ဒီမိုကရေစီရဲတွေရဲ့ အနိုင်ကျင့်မှု တခုပါ။ အမျိုးသမီးလေး နှစ်ယောက်ကို ရဲစခန်းထဲခေါ်ပြီး အ၀တ်အစားများကို ချွတ်ခိုင်းခြင်း၊ မဖွယ်မရာတွေကို ပြုလုပ်ခိုင်းချင်း စတာတွေ လုပ်ခိုင်းပါတယ်။ ဗီဒီယိုကို ကြည့်လိုက်ပါခင်ဗျာ။ ဒီမိုကရေစီရဲတွေလို နှာဘူးကျချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြည့်မယ်တော့ စိတ်မကူးပါနဲ့။ အဓိက အစိတ်အပိုင်းလေးတွေကို ဆင်ဆာ ဖြတ်ထား ပါတယ်ခင်ဗျာ။



စားပွဲထိုးမ သေးသေးလေးကို ထိုးကြိတ်တဲ့ ဒီမိုကရေစီရဲ

အခုကိစ္စကတော့ အရက်ဆိုင်မှာ ရဲဟာ အရက်မူးပြီး သောင်းကျန်းတဲ့အဖြစ်ပါ။ အဲဒီရဲဟာ အရပ်မြင့်ပြီး လူကောင်ကလဲ အရမ်းကို ကြီးပါတယ်။ အရပ် ခြောက်ပေ ကျော်ရှိပါတယ်။ စားပွဲထိုးအမျိုးသမီးဟာ အရပ် ၅ပေ ၄လက်မပဲရှိပါတယ်။ ဗီဒီယိုထဲမှာ ယောကျားကြီးတန်ပဲ အမျိုးသမီး တယောက်ကို အခုလိုလုပ်တာ တော်တော်ကို အကြည့်ရ ဆိုးပါတယ်။ တဖက်ကဖြင့်ဘာမှ မလုပ်နိုင်ပဲ လုပ်သမျှ ခံနေရရှာ တယ်။ သြော် ဒီမိုကရေစီနိုင်ငံမှာ အမျိုးသမီးဖြစ်ရတဲ့ ဘ၀လည်း မသက်သာ ပါလားလို့ တွေးမိ ပါတယ်။


ဒေါ်လာ၂၀ မပေးလို့ ရဲမှ ငရုပ်ကောင်းရည်နဲ့ အကြမ်းဖက်ခြင်း ဒီမိုကရေစီ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၂၀ဆိုတာ တန်ဖိုးရှိတာ မဟုတ်ပါဘူးခင်ဗျာ။ ဒါပေမယ့် လစာကောင်းကောင်းရတဲ့ ရဲတစ်ယောက် ဒေါ်လာ၂၀ အတွက် အကြမ်းဖက်တဲ့ လုပ်ရပ်လေးဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ Wendy’s စားသောက်ဆိုင်မှာ ရဲတစ်ယောက် လက်ဖက်ရည် လာဝယ်ပါတယ်။ ဒေါ်လာ ၁၀ တန် ထုတ်ပေး လိုက်ပါတယ်။ အရောင်းစာရေးမလေး ကလဲ သင့်တဲ့ငွေကို ပြန်အမ်းပါတယ်။ အမ်းငွေယူ ထွက်သွားပြီး အတော်ကြာတော့ အဲဒီရဲ ဆိုင်ထဲကို ၀င်လာပြီး သူပေးခဲ့တာ ဒေါ်လာ၂၀တန် ဖြစ်ပြီး ပြန်အမ်းတာ နည်းနေတယ် ဆိုပြီး ပြောပါတယ်။ ကောင်မလေးကလဲ သူ့ကိုပေးတာ ၁၀ ဒေါ်လာတန်ဆိုတာ ပြန်ရှင်းပြ ပါတယ်။ ပြောမရတော့ မန်နေဂျာကို တိုင်ပါတယ်။ မန်နေဂျာကလဲ အရောင်းစာရေးရဲ့ registerကို စစ်ဆေးပြီး ဒေါ်လာ ၂၀ တန် တစ်ရွက်မှ မရှိတဲ့အတွက် ရဲပြောတာ မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
ဒီမိုကရေစီရဲက အရောင်းစာရေးမလေးကို ဥပဒေအရ အရေးယူမယ် ရဲစခန်းလိုက်ခဲ့ဆိုပြီး အဏာပြပြီး ခေါ်ပါတယ်။ စာရေးမလေးခမျာ ဒီမိုကရေစီ တကယ်ရှိတယ်ထင်ပြီး မလိုက်နိုင်ဘူးငြင်းရှာတယ်။ ဒီတော့ရဲက ငရုပ်ကောင်းရည်နဲ့ မျာက်နှာကို ပက်လိုက်ပါတယ်။ ဒါကြောင့် ကောင်မလေးခမျာ အသက်မရှုနိုင်ဖြစ်ပြီး အရေးပေါ်ဆေးရုံကို ပို့လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သေနတ်ထုတ်ပြီး မပြစ်တာကိုပဲ ကျေးဇူးတင်ရမှာပါ



ဘောလုံးပွဲမှာ အဓိကရုံဏ်းရဲအုပ်စုနဲ့ အမျိုးသမီး

ဘောလုံးဝါသနာပါတဲ့ အမျိုးသမီးလဲ မသက်သာလှပါဘူးခင်ဗျ။ ဘောလုံးပွဲမှာ ပရိတ်သတ် အချင်းချင်းရန်ဖြစ်တာ ကြောက်စရာ သိပ်မရှိလှပါဘူး။ ဒီမိုကရေစီရဲ ၀င်ရောက်ဖြေရှင်းတယ်ဆိုရင် နာဖို့သာ ပြင်ပေတော့။ အခုဒီမှာဆိုလဲ ဘာမှ မလုပ်ပဲ အေးအေးဆေးဆေး နေတဲ့ အမျိုးသမီးကို ရဲတွေအဖွဲ့လိုက် ထိုးကြိတ်ကျပါတယ်။ သြော် မိန်းမတစ်ယောက်ကို တယောက်ခြင်း လုပ်ရင် ဟိုက ပြန်ချမှာ ကြောက်လို့နေမှာပါ။ ကဲဗျာ။ ဗီဒီယိုလေးကြည့်ပါဦး


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

1 comment:

Ko AungKyawLwin said...

အခုကြည့်လိုက်တဲ့ video file တွေမှာအဓိက မြင်ခဲ့ရတာက ဒီမိုကရေစီဆိုတာ တရားဥပဒေဆိုတာ လူတွေရဲ့အထက်မှာရှိနေတာကိုပြသနေတာဘဲ။ အခု မြန်မာနိုင်ငံမှာဖြစ်နေတာက မတရားလုပ်တဲ့သူကို ဘာပြန်ပြောခွင့်ရှိနေလို့လဲ။ အနိုင်ကျင့်ခဲရတဲ့လူက ပြန်လုပ်ဘို့နေနေသာ ပြန်ပြီးသွားတိုင်ဘို့တောင်တော် တော်ကြောက်နေရတာ။ အာဏာရှင်စနစ်ကတော့ အာဏာက ဥပဒေရဲ့အပေါ်ဘက်မှာရှိနေတာ။ ဒီမိုကရေစီ ဆိုတာကတော့ တရားဥပဒေ စီရင်ချက်ကအပေါ်မှာ ရှိနေတာ။ မတရားလုပ်တာရှိရင် ဥပဒေအရအရေးယူခြင်းခံရမှာကိုဆိုလိုတာ။ မတရားတာ မလုပ်တော့ဘူး မဖြစ်တော့ဘူး လို့ ဆိုလိုတာမှမဟုတ်တာ။ အခု video ထဲမှာဆို ရဲကအရပ်သားကိုအနိုင်ကျင့်တာ သွားတိုင်ခဲ့ရင် ဥပဒေအရအရေးယူခြင်းကိုခံရတယ်။