Saturday, September 1, 2007

ဒီမိုကရေစီ ကနေဒါအစိုးရ အရပ်ဝတ်ရဲများနဲ့ ဆန္ဒပြပွဲ အကြမ်းဖက်လာအောင် ကြိုးစားခဲ့ချင်း

ကျနော်နဲ့ အစ်ကို မောင်ဆန်နေထိုင်တဲ့ ဒီမိုကရေစီ ကနေဒါ နိုင်ငံ အတင်းပြောခံရမယ့် အလှည့်ပါခင်ဗျာ။ အမှန်တရား အနေနဲ့ တင်ပြသင့်တယ်ထင်လို့ တင်ပြလိုက်ပါတယ်။ အဖြစ်က ဒီလိုပါ။ မက္ကဆီကို၊ ကနေဒါ နဲ့ အမေရိကန် သုံးနိုင်ငံ ခေါင်းဆောင်တွေ လုပ်တဲ့ ဆွေးနွေးပွဲကို ဒီကလူတွေ ဆန္ဒပြခဲ့ကျပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အရင်တုံးက ဆွေးနွေးပွဲတွေမှာ ဆန္ဒပြသူတွေဟာ ရဲတွေကို ခဲတွေနဲ့ပေါက်ရင်း ရုံးရင်းဆံခတ်ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာ ဆန္ဒပြသူတွေ အကြမ်းဖက်တဲ့ပုံ ပေါ်လွင်တဲ့ ဓါတ်ပုံတွေ အသုံးပြုထားပါတယ်။

ဒီတကြိမ်မှာတော့ အကြမ်းဖက်ဆန္ဒပြပွဲ ဖြစ်ရတဲ့ လက်သည်ဟာ ဒီမိုကရေစီ ကနေဒါအစိုးရ ဆိုတာ လက်ဆုပ် လက်ကိုင် မိသွားခဲ့ပါပြီ။ ကနေဒါအစိုးရဟာ အရပ်ဝတ်ရဲတွေကို ဆန္ဒပြတဲ့ လူအုပ်ထဲမှာ ထည့်ထားခဲ့ပါတယ်။ အဲဒီရဲတွေဟာ ခဲတွေကိုင်ထားပါတယ်။ သဘောကတော့ ဆန္ဒပြသူ ဟန်ဆောင်ပြီး အကြမ်းဖက်ဖို့ပါ။ တခြားဘယ်သူမှ ခဲကိုမကိုင်ပါဘူး။ ဒီမှာ ရယ်စရာကောင်းတဲ့ အချက်လေး ပြောချင်ပါတယ်။ ကျနော်တို့မြန်မာတွေ အဖြူဆိုရင် အရမ်း အထင်ကြီးနေကျပါတယ်။ စဉ်းစားဥာဏ် တော်တယ်ပေါ့ဗျာ။ အဲဒီ အရပ်ဝတ်ရဲတွေ စီးထားတဲ့ ဖိနပ်ဟာ ရဲယူနီဖောင်း ဖိနပ်ဖြစ်နေတယ်။ ရဲတွေ အားလုံး ဘွဲ့ရပြီးသားတွေ ချည်းပဲ။ အဲဒီရဲတွေ ဘယ်လောက် စဉ်းစားဥာဏ်နည်းလဲဗျာ။ ဖိနပ်လေးလဲရကောင်းမှား မသိဘူးလား။ ပါးစပ်စည်းထားတဲ့ ပ၀ါကလည်း ဆင်တူဗျာ။ နောက်ပြီး လုပ်ပုံကလဲ မူမမှန်ဘူး ဆိုတော့ ရိပ်မိသွားတောပေါ့။ ဆန္ဒပြပွဲခေါင်းဆောင် Dave Coles က အရပ်ဝတ် ရဲတွေကို “ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကွ ။ မင်းတို့ အခုလို အရပ်ဝတ် အရပ်စားနဲ့ အကြမ်းဖက်အောင် မလုပ်နဲ့။ သွား . . . ” လို့အော်လိုက်ပါတယ်။ နောက် ဘာဖြစ်လဲ သိချင်ရင် ဗီဒီယိုမှာ ဆက်ကြည့်တော့ဗျာ။

နောက်တချက် သတိထားသင့်တာက ဒီမိုကရေစီအစိုးရဆိုတာ ပေါ်တင်လိမ်ညာတဲ့ အကျင့်ရှိပါတယ်။ ကနေဒါအစိုးရ ဖြေရှင်းပုံကြည့်ပါ အုံးဗျာ။ “အရပ်ဝတ်ရဲတွေဟာ ဆန္ဒပြသူတွေထဲမှာ အကြမ်းမဖက်အောင် စည်းကမ်းထိမ်းတဲ့ သဘောပါတဲ့”။ ဟာဗျာ။ ရေလည်လေဖို့ ကောင်းတယ်။ စည်းကမ်းထိမ်းတဲ့သူတွေက ခဲတွေကိုင်ထားတာ ဖြစ်နိုင်လား။ တကယ်ကို ပေါ်တင်လိမ်တာဗျ။ မနိုင်ဘူး။ အချိန်ရရင် ဒီမိုကရေစီ အစိုးရဆိုတာဘာလဲ စဉ်းစားကျပါအုံးဗျာ။




ကိုးကားချက်
Quebec police admit they went undercover at Montebello protest
http://www.cbc.ca/canada/story/2007/08/23/police-montebello.html


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

6 comments:

သုသျှင် (ဟံသာဝတီ) said...

Hi Friend and all,
Firstly, i appology you and all for my words.It is now not a comment. We are people, so we have same or different idea, knowledge, thought,likes , ..... We may be same or difference. It is not a problem. I want to discuss and give some comment to you. I interset you really. If possible, may I know about you, your believeness , experience and personal history. It is not to fight you. I would like to discuss with you. To discuss a thing, we need some (knowledge)level and if we have a same (knowledge)level, it may be good. It is just my thought.
I am just a Burmese and also a buddihism.
ok frd. I hope to discuss with you later. I am a busy man, so i can get more time in weekend.
Hope you to be interest to discuss with me.

* In Search of Truth * said...

အစ်ကို
ကျနော်ကတော့ အချိန်ပိုလေးတွေ ရှိပါတယ်။ အစ်ကိုမောင်ဆန်ကတော့ သိပ်ပြီး အချိန်ပိုမရှိတဲ့ အတွက် ဆွေးနွေးဖို့ အဆင်မပြေပါဘူး။ သူကတော့ နိုင်ငံရေး စိတ်ဝင်စားတဲ့သူပါ။ အစ်ကိုနဲ့ ဆွေးနွေးဖို့ ကျနော် နိုင်ငံရေး သီအိုရီတွေ နားမလည်ပါဘူး။ ကျနော်သိတာ လက်တွေ့ဘ၀မှာ ဘာတွေ ဖြစ်နေလဲ။ အဲလောက်ပါပဲ။ ကျနော်တို့နှစ်ယောက် ခံယူချက်ကတော့ ဒီမိုကရစီဆိုတာ ဗုဒ္ဓဘသာနဲ့ အခြေခံမှာ ကွဲလွဲနေတယ်လို့ ခံယူပါတယ်။ ဒါပေမယ့် အစ်ကိုတို့ ဒီမိုကရေစီ နိုင်ငံရေးသမားတွေကတော့ အတင်းကို စွဲတူပြစ်နေတယ်လို့လဲ ယူဆပါတယ်။ အဲလောက်ပါပဲ

ဇော်မျိုး

Aung said...

ဒါကတော့ဒီလိုရှိပါတယ် မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန် သုံးနိုင်ငံခေါင်းဆောင်တွေလုပ်တဲ့ ဆွေးနွေးပွဲကို ဆန္ဒပြတယ်ဆိုတော့ အဲဒီဆန္ဒပြ တဲ့သူတွေက ဘာလိုချင်လို့ လဲ၊ ဘာအတွက်ပြကြတာလဲ သူတို့ ရဲ့တောင်းဆိုချက်တွေက ဘာလဲ၊ ဘာဖြစ်လို့ အစိုးရကသူတို့ရဲ့တောင်းဆိုချက်တွေမလိုက်လျှောနိုင်ရတာလဲပေါ့ ထားပါတော့ ဒီလိုအာဏာပိုင်တွေကလုပ်တာတော့မကောင်း ဘူးပေါ့ဗျာ နောက်ပြီးတော့ ဘာဖြစ်လို့ အာဏာပိုင်တွေကဒီလို လုပ်ရတာလဲ ဒါကတော့ သူတို.့ ရဲ့ဖြေရှင်းချက်ပေါ့လေ နောက်ပြီးကိုဇော်မျိုးပြောတာနဲနဲ ပိုသွားမလားလို့  အရပ်ဝတ် ရဲသုံးယောက်ထဲမှာ တစ်ယောက်ကခဲလုံးကိုင်ရင်း ပြသနာတွေရှပ်ကုန် တာပါ ထားပါတော့ သတင်းမီဒီယာက ဒီသတင်းကို အများပြည်သူ သိအောင်ရေးထားတယ် ပြည်သူတွေလဲ လွပ်လပ်စွာ ကြည့်ရှုပိုင်ခွင့်ရှိတယ် ဝေဖန်သုံးသပ်ပိုင်ခွင့်ရှိုတယ် ချေပပြောဆိုခွင့်ရှိတယ် ဆိုတာ ဒီမိုကရေစီ ရဲ့အနှစ်သာရပဲပေါ့ဗျာ။ ဆိုတော့ လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ဆိုတာ စာရွက်ပေါမှပဲရှိုတယ်ဆိုတာဘယ် ဟုတ်နိုင်တော့မလဲ အမရိကန်နိုင်ငံမှာ ၂၂ မပြည့်သေးသူအားလုံး အခမဲ့ အထက်တန်း ပညာသင်ကြားခွင့်ရှိတယ် ဘာအလုပ်မှမလုပ်ရင်တောင် စားဝတ်နေရေး အတွက်အစိုးရကထောက်ပဲ့ပေးထားတယ် အနည်းဆုံး နေစရာနဲ့  ထမင်းဝအောင်ကြွေးထားတယ် ထမင်းငတ်ပြီးနေစရာမရှိတဲ့သူဆိုတာမရှိလောက်ပါဘူး သတင်းမီဒီယာ လွပ်လပ်ခွင့်ရှိုတယ် အစိုးရလုပ်မဲ့သူကပြည်သူတွေကိုဟောပြောစည်းရုံးတယ် ပြည်သူတွေကကိုကြိုက်တဲ့သူကိုမဲပေးတယ် ဒါအရမ်းခြေခံကျတဲ့လူ့ အခွင့်အရေးတွေပါပဲ ဒါဒီမိုကရေစီ စနစ်ပဲလေ လူ့ အခွင့် အရးတွေပဲပေါ့ဗျာ မြန်မာပြည်သူတွေလိုအပ်တာလဲဒါပါပဲ အခြေခံလူ့ အခွင့်အရေး အခုစစ်အစိုးရက အသုံးမကျ ပြည်သူတွေရွေးချယ်တင်မျှောက်ထားတဲ့ အစိုးရလဲမဟုတ် နိုင်ငံကိုလဲကောင်းကောင်းစီမံမခန့် ခွဲတတ် ငွေကြေးဖောင်းပွ စည်းပွားရေးချွတ်ချုံကျ အစစ အရာရာ အောင်ကျနောက်ကျ ဘာမလဲလုပ်မရ အစိုးရကိုဝေဖန် ရင်လဲထောင်ကျ ဒါတွေအတွက်ီုဆန္ဒပြကြတာပါ ဒါကိုအစိုးရဘာလို့ မလိုက်လျှောနိုင်ရတာလဲဆိုတော့ သူအာဏာရဖို့ကအဓိကလေ ကိုဇောမျိုးရဲ့ ယုံကြည်ချက်နဲ့  ခံယူချက်အရေးအသားတွေ ကျနော်လေးစားပါတယ် ကိုဇော်မျိုးလဲယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသူတစ်ယောက်ပဲမဟုတ်လား ကိုမှန်တယ်ထင်လို့ လုပ်တာပဲ လုပ်ပေါ့ ဒါလဲကိုဇော်မျိုးရဲ့အခွင့်အရေးပဲလေ မြန်မာပြည်မှာ က ကိုမှန်တယ်ထင်တာလေးတောင် ပြောခွင့်မရကြလို့ပိါ

Aung said...

နောက်ပြီး ဒီသတင်းကိုယူထုက ကွန်မန့် အရ ဘာဖြစ်လို့ ဆန္ဒပြတာလဲဆို့ တော့ ရှုံးဆုံးနေတဲ့အခွင့်အရေးတွေ ပြန် လို့ ချင်လို့ ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို့ ပေါ့ ဒီမိုကရေစီ ရရုံနဲ့ မပြီးပါဘူးတဲ့ အမြဲတမ်း ဒီမိုကရေစီစနစ်ကြီးတည် မြဲနေအောင် လုပ်ဆောင်နေရပါမယ်တဲ့

SPP has no parliament/congress approval and is closed to the public and media and will destroy Canadian sovernty.

Only people invited to attend were rich elites of North American businesses.

People want their democracy back. That is why they are protesting.

Canadian's also don't want harmonize their safety and import laws with the USA as this would mean deregulation for Canada and businesses setting their own rules and self regulate.

* In Search of Truth * said...

ကို free man ကျနော်ကို ပြန်ဖြေကြားခွင့်ပေးပါ။

ခဲကိုင်တဲ့ ကိစ္စနည်းနည်းတော့ ရှုပ်နေပါတယ်။ သတင်းစာ တနေရာမှာ “protest organizers in suits order the (men) to put the rock down” လို့လဲ ရေးထားပါတယ်. ဒါပေမယ့် ကျနော် မှားရင်တောင် စွမ်းအားရှင်တွေ ဆန္ဒပြပွဲ ဖြိုခွဲတာ ရာဇ၀တ်မှုလို့ ခေါင်းစဉ်တပ်ချင်တဲ့ သူတွေနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ အဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲမှာ ဖြေရှင်းပုံကလည်း ငါးနှစ်သား ကလေးငယ်လေးကတောင် ယုံမှာမဟုတ်ပါဘူး။ ဆန္ဒပြပွဲ ထိမ်းသိမ်းဖို့ ရဲတွေ အများကြီးရှိနေပြီးပီပဲ။ လူအုတ်ထဲမှာ ခဲကိုင်ပြီး လုံခြုံရေးထိမ်းရအောင် ကျောက်ခေတ်ကြီးမှ မဟုတ်တာ။

နောက် သတင်းမီဒီယာတွေ ကိစ္စဆွေးနွေးချင်ပါတယ်။
အမှန်တကယ် ဆန္ဒပြတဲ့နေ့ 20 ရက်နေ့ ပါလာတဲ့ သတင်းကို ဖတ်ကြည့်ပါ။ သတင်းအစကို ကျနော် Paste လုပ်ပြပါမယ်။
“Police used tear gas and pepper spray against protesters who were (hurling rocks and branches) during confrontations outside the leaders summit in Quebec on Monday.
http://www.cbc.ca/canada/story/2007/08/20/nafta-summit.html

ရဲတွေဟာ ခဲတွေ ဒုတ်တွေနဲ့ ပေါက်တဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ရတယ်လို့ ရေးထား ပါတယ်။ ဘာကြောင့် အရပ်ဝတ်ရဲတွေ အကြောင်း တပါတည်း ထည့်မပြောပဲ နေခဲ့လဲ။ အဲဒီသတင်းကို ဖတ်ရတဲ့အချိန်မှာ အစ်ကို ဆန္ဒပြသူတွေအပေါ် အဆိုးမြင်မယ်ဆိုတာ ငြင်းလို့မရပါဘူး။ နအဖ မြန်မာ့အလင်း သတင်းစာနဲ့ ဘာကွာလဲ။ နအဖက လုံးဝ ဘာမှမပြောဘူး ၊ အမှောင်ချထားတယ်။ အခုသတင်းက ရေးပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကို အဆိုးမြင်အောင် ရေးထားပါတယ်။ အဲလိုရေးတာ ကျေးဇူး တင်ထိုက်ပါသလား။ ဂုဏ်ယူထိုက်ပါသလား။

အရပ်ဝတ်ရဲတွေနဲ့ အစိုးရက အကြမ်းဖက်ဖို့ကြံစည်တာ ဒီမိုကရေစီစံနစ်ကို အရမ်းရုပ်ဆိုးပါတယ်။ အရင်တုံးကလဲ မလုပ်ဖူးလို့ ပြောလို့ရလား။ နောင်လဲ မလုပ်ဖူးလို့ အာမခံလား။ ဘာကြောင့် သတင်းတွေဟာ ဒါကို အကျယ်မချဲ့ခဲ့လဲ။ ဘာကြောင့် အစိုးရ သတင်းစာ ရှင်းလင်းပွဲလေးနဲ့ ပြီးသွားလဲ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟာ လက်တွေ့ မကျဘူးလို့မြင်ပါတယ်။ လူတွေရဲ့ အဓိက လိုအပ်ချက်ဟာ ဒီမိုကရေစီ မဟုတ်ဘူးဗျ။ စားဝတ်နေရေးပါ။ ဘယ်သူမှ ထမင်းအငတ်ခံပြီး ဒီမိုကရေစီ ပီပြင်အောင် တိုက်ပွဲဝင်နိုင်မှာ မဟုတ်ဘူး။ ထမင်းငတ်ပြီး သေသွားတာပဲ အဖတ်တင်မှာပါ။ ဒီကလူတွေ အခြေအနေ ကျနော်ပြောပြပါမယ်။ ဘယ်သူမှ လမ်းပေါ်ထွက်ဆန္ဒပြဖို့ဆိုတာ မလုပ်နိုင်ဘူး။ ၀င်ငွေ ထိခိုက်ခံလို့ မဖြစ်ဘူးဗျ။ အိမ် Mortgage မပေးနိုင်ရင် ဘဏ်က လာသိမ်းမှာ။ ဘယ်ဆွေမျိုးကမှ သနားလို့ဆိုပြီး အိမ်ပေါ်ခေါ်တင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းဟာ နားဝင်ချိုပါတယ်လို့ပဲ ချီးကျူးရမှာပါ။

ဇော်မျိုး

Aung said...

ကိုဇော်မျိုးရဲ့ အဖြေကို ကျနော်လက်ခံပါတယ် ကျနော်ပြောချင်တာက ဒီမိုကရေစီနိုင်ငံတွေမှာ သတင်းမီဒီယာတွေ လိုင်းပေါင်းစုံရှိပါတယ် တီဗွီချာနယ်တွေ သတင်းစာတွေ နိုင်ငံရေးဂျာနယ် မဂဇင်းတွေ အာကစားဂျာနယ်မဂဇင်းတွေ အင်တာနက်စာမျက်နှာတွေ အများကြီးရှိပါတယ် မကျေနပ်ရင် ကိုယ်ကိုတိုင်လဲ လိုင်စင်လုပ်ပြီး သတင်းစာတွေ တီဗွီချာနယ်တွေ ထောင်လို့ ရပါတယ် ကိုယ်ကိုတိုင်သတင်းထောက်လှမ်းနိုင်တယ်ဆိုရင် အင်တာနက်စာမျက်နှာမှာကြိုက်တဲ့အချိန် ကိုယ်ရတဲ့သတင်းကိုဖြန့်ဝေလို့ရပါတယ် ဒါလက်တွေ့ပဲလေ ကိုဇော်မျိုး လွတ်လပ်စွာ ဒီမိုကရေစီကိုဝေဖန်တယ် ကျနော် အာဏာရှင်ကိုဝေဖန်တယ် ကိုယ်ကသတင်းမှားတွေလွှင့်မိရင်တော့ ကိုယ့်မီဒ်ီယာနာမည် ပျက်ပြီး ပြည်သူတွေကိုသတင်းအမှား တွေဖြန့် ဝေတဲ့အတွက် ရေးယူခံရမှာပါ အဲဒီတင်းမီဒီယာအားလုံး အစိုးရလက်အောက်မှာရှိတယ် အစိုးရရဲ့ဝါဒဖြန့်ချီရေးတွေပါပဲ လို့ဘာအတွက်ပြောနိုင်ရတာလဲ ကိုဇော်မျိုးသတင်း ရယူခဲ့တဲ့သတင်းနှစ်ပုဒ်လုံးဟာ သတင်း ဋ္ဌာနတစ်ခုထဲကပဲ သတင်းသမားတွေ ဂျာနယ်လစ်တွေ သတင်းကိုအတတ်နိုင်ဆုံးမှန်အောင် ယူမယ် အမှားမရှိအောင် ဖြန့်ဝေမယ် ဒါသူတို့တာဝန်ပဲ အခုစီဘီစီ သတင်းမှာ ရဲတွေဟာ ခဲတွေ ဒုတ်တွေနဲ့ ပေါက်တဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ရတယ်လို့ ရေးထားတယ် သူတို့ရတဲ့သတင်းအရ ဒီသတင်းဟာအမှားမပါပါဘူး ဆန္ဒပြသူတွေထဲမှာ ရဲတွေပါချင်ပါမှာပေါ့ နောက်ယူထုကဗွီဒီယိုတစ်ခုကနေ ရဲတွေပါတယ်ဆိုတာ သိလိုက်ရတော့ အဲဒီသတင်ဋ္ဌာနကပဲ ရဲတွေပါနေတယ်ဆိုတာကို ရေးထားပါတယ် ဘာတွေအမှားပါခဲ့လို့ လဲ ဘယ်သူတွေဆန္ဒပြနေလဲဆိုတာကိုဖော်ပြတယ် ဘာအတွက်လဲ ဘယ်လိုဖြိုခွင်းခဲ့လဲ အားလုံးဖော်ပြတယ် နောက် အာဏာပိုင်တွေရဲ့အမှားတွေကိုဖော်ပြတယ် ဟုတ်ပါတယ် ရဲတွေ ဆန္ဒပြသူတွေက အကြမ်းဖက်ဖို့ကြံစည်တာ ဒီမိုကရေစီစံနစ်ကို အရမ်းရုပ်ဆိုးပါစေပါတယ် ဒီမိုကရေစီစံနစ်မှာ ကိုယ်မကြိုကတဲအရာကို မကြိုက်ကြောင်းလွပ်လပ်စွာ ဖော်ထုပ်ခွင့်ရှိပါတယ် သတင်းစာဖတ်နေတဲ့သူတွေ တီဗွီကြည့်နေတဲ့သူတွေ နဲ့သတင်းသမားတွေ သတင်းဖြန့်ဝေနေတဲသူ တွေအားလုံးလူသားတွေပါဗျာ သူတို့ ဦးနှောက်ရှိတယ် စဉ်းစားတတ်တယ် တွေခေါ်တတ်တယ် အမှားအမှန်သိတယ် ပညာတွေတတ်ကြတယ် ဒီသတင်းကိုသိသိချင်း ဆန္ဒပြသူတွေကိုအမုန်းပွားစရာ အကြောင်းမရှိဘူး သူတို့ဆန္ဒပြကြတယ် ဘာကြောင့်လဲ လူတွေအားလုံးချင့်ချိန်နိုင်တယ် အာဏာရှင်စနစ်ဆိုတာဘယ်လို့အုပ်ချုပ်ပုံလဲဆိုတာ သိတယ် ကွန်မြူနစ်ဆိုတာဘာလဲသိတယ် ဒီမိုကရေစီဆိုတာဘာလဲသိကြတယ် မြန်မာပြည်အစိုးရသတင်စာတွေမှာ တချိန်လုံးသူတို့ကောင်းကြောင်းရေးထားတယ် အတိုက်အခံတွေမကောင်းကြောင်းစိတ်ကြိုက်ဝါ ဒဖြန့်တယ် ကောင်းကောင်းကြီလိမ်နေကြတယ် ဒါကိုမှားနေတယ်လို့ထောက်ပြရင်လဲ သိတဲ့အတိုင်းပေါဗျာ လမ်းလျှောက်ဆန္ဒပြသူတွေဟာ အမျိုးသားညီလာခံကို မဖြစ်စေချင်လို့အမျိုးသားညီလာခံပြီရင် အရပ်သားအာဏာလွှဲပြောင်းပေးမှကြောက်လို့ဆိုပြီး လောင်စာဆီကျဆင်းရေး ကုန်ဈေးနှုန်းကျဆင်းရေး အဓိကဆန္ဒပြသူတွေကို သတင်းစာမှာရေးထားပါတယ် နောက်ပြီးသူတို့ကိုယ်တိုင်ကလဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ တရွေ့ရွေ့လှမ်းနေပါတယ်လို့ပြောနေတယ် နှစ်ပေါင်းကြာနေပါပြီ ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတာ အရမ်းလက်တွေ့ကျတယ်လို့ မြင်ပါတယ် ဒီမိုကရေစီစနစ်ဟာ ပြည်သူတွေရဲ့စားဝတ်နေရေးကို အာမခံပေးနိုင်ပါတယ် ငတ်လဲအတူတူ အစိုးရနဲ့ ပြည်သူ ပေါ့ ဒီမိုကရေစီစနစ်မှာ ပြည်သူကပြည်သူကိုအုပ်ချုပ်ခြင်းပဲလေ လူလယ်တွေ လူဆိုးတွေ လူယုတ်မာတွေအုပ်ချုပ်တဲ့လက်အောက်မရောက် ရအောင် အမြဲတမ်း လုပ်ဆောင်နေရမှာပဲပေါ့ ကျနော့ရဲ့အမြင်တွေကို အချိန်ယူပြီးဖတ်ပေးတဲ့ ကိုဇော်မျိုးရဲ့အချိန်တွေအတွက်ကျေးဇူတင်ပါတယ်