Saturday, September 1, 2007

ဘယ်အစိုးရလုပ်ရပ်ကို ရာဇ၀တ်မှု ခေါင်းစဉ် တပ်သင့်ပါလဲ

ဘေးဘက်ကပုံက အန်တီခင်မင်းဇော် Blog ကပုံပါ။ သူရေးထားတဲ့စာက
"ကျေးဇူးပြုပြီး လက်ဆင့်ကမ်း ရှာဖွေ သတင်းပေးကြပါ။ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူများကို အခုလို ချုပ်နှောင်ဖမ်းဆီးသတဲ့။”
အန်တီ ခင်မင်းဇော်က နအဖ ဖမ်းဆီး ချုပ်နှောင်တာ ရာဇ၀တ်မှုလို့ အမည် တပ်စေချင်တဲ့ ဆန္ဒလေးလဲ ရှိပုံပေါ်ပါတယ်။ အန်တီခင်မင်းဇော် ဗီဒီယိုနှစ်ခု ယှဉ်ကြည့်ပါအုံး။ တစ်ခုက အာဏာရှင်လို့ နာမည်ကြီးပြီး ဗုဒ္ဓဘာသာတွေကြီးဆိုးတဲ့ မြန်မာနိုင်ငံက နအဖ လုပ်ကိုင်ချက် နဲ့ နောက်တစ်ခုကတော့ ဒီမိုကရေစီအမေရိကန် အစိုးရ လုပ်ဆောင်ပုံ ဖြစ်ပါတယ်။
ဗီဒီယိုကြည့်ပြီး ဘယ်နိုင်ငံရဲ့အစိုးရ လုပ်ရပ်က ရာဇ၀တ်မှု ခေါင်းစဉ်တပ်သင့်တယ် ထင်ပါလဲခင်ဗျာ။

နအဖလုပ်ကိုင်ပုံ


ဒီမိုကရေစီအမေရိကန်အစိုးရ လုပ်ကိုင်ပုံ


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

5 comments:

Aung said...

ဒါကတော့ ဒီလိုရှိပါတယ် အဲဒ်ီဆန္ဒပြပွဲတွေဖြစ်တုန်းက ကျွန်နော် အမေရိကားမှာ ရှိနေတာပါ သူတို့ ဘာဖြစ်လို့်ဆန္ဒပြကြလဲဆိုတော့
မက္ကဆီကိုက တရားဝင်ရော တရားမ၀င် နယ်စပ်ကခိုးဝင်နေ ထိုင်သူတွေ ကနေပြီးတော့အခွင့်အရေးတွေလို့ ချင်လို့ ပါ
အမန်ရိကန်က အလုပ်သမားတွေပေါ့ဗျာ ပြောင်းရွ့ နေထိုင်ကြသူတွေလို့ လဲပြောလို့ရပါတယ် တရားမ၀င်နေထိုင်သူတွေက
အစိုးရရဲ့ထောက်ပံ့မှုတွေမရဘူး ကျန်းမာရေးအာမခံချက်တွေ စောက်ရှောက်မှုတွေ မရကြဘူး အမေရိကန်နိုင်ငံရဲ့
ပြည်နယ်တိုင်းမှာ အနည်းဆုံးသတ်မှတ်ထားတဲ့ လုပ်အားခ တစ်နာရီ အနည်းဆုံးဘယ်လောက်ပေါ့ ဒါတွေသူတို့မရကြဘူး
သူတို့ ကတရားမ၀င် အလုပ်လုပ်နေကြရတာကိုး ဒါကိုသူတို့ က Green card လို့ခေါ်တဲ့ မှတ်ပုံတင်လိုချင်ကြတယ်
Green card ကို နှစ် နှစ်နဲ့ သုံးနှစ်ကြာနေထိုင်သူတွေရကြပါတယ် နှစ်ပေါင်းများစွာနေထိုင်ခဲ့သူတွေက အမေရိကန်နိုင်ငံသား
ဖြစ်ချင်ကြတယ် စီတဇင် ပေါ့ဗျာ ရှင်းရှင်ပြောရ ရင်တော့တရားဝင်ဖြစ်ချင်ကြတယ်ပေါ့ အမေန်ရိကန် မက္ကဆီကိုနယ်စပ်က
နေပြီးတော့ မက္ကဆီကန်တွေ နှစ်စဉ်ထောင်နဲ့ချီပြီး တရားမ၀င် ၀င်ရောက်နေထိုင်ကြပါတယ် ထိုင်းနဲ့မြန်မာလိုပေါ့ ဖမ်းခံရတဲ့လူ
ထောင်ကျ ပြန်ပို့ခံရ ပြန်လာပြန် ထိုင်းနိုင်ငံနဲ့ မတူတာက နယ်စပ်ကိုကျော်ပြီးအမေရိကန် နိုင်ငံထဲရောက်လို့ရှိရင် အဲ့ဒီလူတွေကို
ရဲကအလုပ်ရှုပ်ခံပြီး လိုက်မဖမ်းတော့ဘူး ဒီတော့သူတို့ ရာဇ၀တ်မှုတစ်ခုခု မလုပ်မချင်း အဖမ်းမခံကြရဘူး လိုင်စင်မရှိပဲကားမောင်းကြတယ် ယာဉ်တိုက်မှုဖြစ်တယ် အပြစ်ကအရမ်းကြီးသွားတယ် ဒါကဥပမာပြောတာပါ အမျိုးမျိုးပေါ့ နောက့်ပြီးမက္ကဆီကန်တွေကအမေရိကန်ရဲ့ နေရာနိုင်ငံအနှံ့ အပြားမှာရှိပါတယ် စပန်းနစ် သူတို့ရဲ့စကားဟာ အမေရိကန်ရဲ့ဒုတိယ ဘာသာစကားအဖြစ် အစိုးရကသတ်မှတ်ပေးထားပါတယ် နှစ်ပေါင်းများစွာနေလာခဲ့ ကြတဲ့ သူတွေရှိသလို တရားမ၀င်နေနေကြတဲ့သူတွေလဲအများကြီးရှိပါတယ် ဒါကို ဆန္ဒပြရင်းနိုင်ငံလုံးကူးစက်သွားတာပါ ဆိုင်တွေပိတ် ကျောင်းတွေမတက် အလုပ်မဆင်းနဲ့ လပိုင်းအတွင်းမှာပဲ အစိုးရဒီပြသသာကို ဖြေရှင်းပေးခဲ့ပါတယ် တရားမ၀င်နေထိုင်သူတွေကိုတော့ တရားဝင် အလုပ်သမားတွေအဖြစ်သတ်မှတ်ပေးတယ် နှစ်ပေါင်းများစွနေထိုင်နေကြတဲ့သူတွေကို ဂရင်းကတ် တွေ စီတဇင်တွေထုပ်ပေးတယ် ဆန္ဒပြပွဲတွေအတွင်း တီဗွီတွေရုပ်မြင်သံကြားတွေကနေ သတင်းတွေ အဖြစ်အပြက်တွေ တီဗွီချာနယ်ပေါင်းများစွာကနေ သိမြင်နေကြပါတယ် ဒါဒီမိုကရေစီပေါ့ဗျာ လူတွေအများကြီးရဲ့ဆန္ဒကို အစိုးရကအဆင်ပြေအောင်လုပ်ပေးရပါတယ် ဒီလိုမှမဟုတ်ရင် ဒီမိုကရေစီအစိုးရဘယ်ဟုတ်တော့မလဲ ကျနော်တို့ အားလုံးလူသားတွေပါဗျာ အမှာနဲ့အမှန်သေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ် အမှားတွေလုပ်မိကြလို အမှန်တွေလဲလုပ်တယ် တစ်ယောက်ကို တစ်ယောက်လေးစား မယ် ရသင့်တာကိုယူမယ် ပေးသင့်တာကိုပေးရမယ် အားလုံးအဆင်ပြေသွားမှာပါ မြန်မာနိုင်ငံမှာက တရားမ၀င် အာဏာကိုသိမ်းပိုက်ယူထားတဲ့ အစိုးမရတဲ့ အစိုးရက အရပ်ဝတ်နဲ့ ပြည်သူဟန် ဆောင် ငါတို့ပြည်သူတွေပါ လို့ ပြောပြီးဆန္ဒပြပွဲတွေကိုဟန့်တား အကြမ်းဖက် ဒီမိုကရေစီသမားတွေကို ချောင်းရိုက်လုပ်ကြံ မတရားအမှုဆင်ထောင်ချ သူတို့အာဏာတည်မြဲဖို့အတွက် နည်းမျိုးစုံ လုပ်နေကြတာပဲလေ အာဏာကိုနှစ်ပေါင်းများစွာ ချုပ်ကိုင်ပြီးလုပ်ချင်တိုင်းလုပ်နေကြတာ အခုဘာကျန်တော့လို့လဲ ပြောရရင်တော့အများကြီးပေါ့လ်ေမြန်မာပြည်ကြီးငြိမ်းချမ်းပါ စေ လူသားအားလုံးငြိမ်းချမ်နိုင်ကြပါစေလို့ပဲကျနော်ဆုတောင်းပါတယ်

Unknown said...

Do you see that the people in US are throwing stones to Police?

Do you see that Myanmar people are just shouting and covering Ma Su Su Nway? Does their act involve any violence as you see in US?

If you want to compare these 2 scenarios, you have to consider the violence factors involved.

Your bad views on US government is totally OK with us. But your good views on Myanmar government is damn sickening.

Do you have a sense of reasoning when you are saying good things about Junta? We didn't say they are good or bad. But resolving VIOLENTLY to those demonstrators is CRIMINAL ACT. And your are saying that what Junta did is nothing compare to US government is a complete fact that your are totally a dump IDIOT.

And regarding your belief, why don't you compare Junta's current behaviour with Buddha's ways?

If you don't campare and didn't critise Junta's bahaviour, I can definitely say you are a moron living against your belief.

Unknown said...

Observer,
What! democracy and human rights are just on a paper! Only Buddha ways can follow the peace. What kinds of contradict statements. Buddha respect everyone that means you have to respect everyone right. If you respect each person right under the law, democracy will follow and the people will be prosperous. In civilized country, you just can assult and drag others because they are saying what they believe. People have a right to disagree each others. In US, there are sometimes riots which need police to be involved. But they have a protocol approved by laws and legislations. Some might use over power. But there will be legal action following. You just put how police handle the siutation and criticize the US government. You only tell parts of the stroy. I believe you know the whole stroy. You are trying to cite out of context. This is a dirty game played by some politicans. It looks like in Burma, you can assault people if they have a different beliefs and ideas. Can I know who you are and where you live? I just wanna punch your face because i can't follow your ideas and beliefs. I beleive I am allowed to do that in Burma.

* In Search of Truth * said...

ကို Jack
ကျနော် ဘယ်နိုင်ငံ ဘယ်ဒေသမှာနေနေ။ အမှန်တရားပေါ်မှာ သက်ရောက်မှု မရှိနိုင်ပါဘူးခင်ဗျာ။ အစ်ကိုရေ ဒီိမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြပွဲထိမ်းသိမ်းပုံတွေဟာ နအဖနဲ့လုပ်ပုံနဲ့ယှဉ်ရင် အရမ်းကိုရက်စက်တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ပါ။

Blogger Koko said...

Sir!
I am sure that people who committed the crime or violation of the rights, will defintely persecuted by law in civilize countries. But our country?