Friday, August 17, 2007

ဒီမိုကရေစီ ၀န်ကြီးချုပ် Tony blair လန်ဒန်ဗုံန်းပေါက်ကွဲမှု စုံစမ်းရေးအဖွဲ့ မလုပ်နိုင်ဘူးတဲ့

7/7 လူသတ်မှုကြီးသည် 9/11 လူသတ်မှုကြီး ကဲ့သို့ ဒီမိုကရေစီအစိုးရ လူသတ်မှုကြီးဖြစ်သည်။ လူတွေဟာ လန်ဒန်ဗုံန်းပေါက်ကွဲမှုမှာ သူတို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုယ်တိုင် လုပ်တယ်လို့ ယုံကြည်နေကျပါတယ်။ အဲလိုယုံကြည်နိုင်တဲ့ အချက်တွေ အများကြီးလဲ ရှိနေပါတယ်။ ဒီမိုကရေစီ နိုင်ငံခေါင်းဆောင် Tony Blair ဟာ Bush ရဲ့ မှားယွင်းလုပ်ကိုင်ပုံကို သင်ခန်းစာယူလိုက်ပုံလည်း ရပါတယ်။ ပြည်သူလူထု တောင်းဆိုတဲ့ စုံစမ်းရေးအဖွဲကို မလုပ်ပေးနိုင်ဘူးတဲ့။ 9/11 လို ရုပ်ပြ စုံစမ်းရေးအဖွဲ့ နဲ့ ပြည်သူတွေကို အလုပ်ရှုပ်ခံပြီး ချွေးသိပ်ပေးချင်ပုံမပေါ်ပါဘူး။ ဒါပေမယ့် Tony Blair ဒီမိုကရေစီစံနစ်နဲ့ အညီ အာဏာရှင်မြန်မာနိုင်ငံလို လုပ်မပေးနိုင်ဘူးလို့ ဒဲ့ပြောတာတော့မဟုတ်ပါဘူး။ အကြောင်းပြချက်လေးတော့ ပေးထားပါတယ်။ အဲလိုလုပ်ချင်းဟာ သူတို့ MI တွေကို သိက္ခာထိခိုက်စေနိုင်ပြီး အကြမ်းဖျက်သမားတွေကို တိုက်ခိုက်တဲ့ အဓိက လမ်းကြောင်းကနေ သွေဖီသွားမှာ စိုးရိမ်လို့တဲ့။ တော်လိုက်တဲ့ ၀န်ကြီးချုပ် ပါလား

အကိုးအကား
Blair rejects 7/7 inquiry calls
http://news.bbc.co.uk/2/hi/uk_news/6615387.stm
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

5 comments:

Ka Daung Nyin Thar said...

ဘီဘီစီသတင်း မမှန်ဘူးဆိုပြီး ဘယ့်နှယ် ဘီဘီစီ ၀က်ဆိုဒ်ထဲက ယူထားတာလဲဗျ..
ဒီတော့ ဒီသတင်းက မှန်လား မမှန်ဘူးလား

ကဒေါင်းညင်သာ

* In Search of Truth * said...

အစ်ကို ကဒေါင်း လှေနံဓါးထစ် လုပ်နေပီထင်တယ် :p

Ka Daung Nyin Thar said...

ဒါဆို ဘီဘီစီသတင်းဟာ ဘယ်လိုအချိန်မျိုးမှာ မှန်သလဲ။

* In Search of Truth * said...

ကျနော်တို့ဆီက ဘယ်လို အဖြေကို မျှော်လင့်ထားပါလဲ ခင်ဗျာ။

Junior Robin said...

hay men, do you know why the don't want to enquiry about that? who tell you UK is democracy country?