Monday, August 13, 2007

မိုးလုံးပြည့်မုသား ထုတ်လွှင့်တဲ့ အမှုနဲ့ BBC ကိုတရားစွဲတော့မည်


ဗြိတိန်မှ ရူပဗေဒပညာရှင်တဦးဖြစ်သူ John A. Blacker MSc IMI (Physical Systems) ဟာ BBC သတင်းဌာနကြီးကို တရားစွဲဖို့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ သတင်းထဲမှာ ဖေါ်ပြထားပါတယ်။ အကြောင်းကတော့ BBC ဟာ “9/11: The Conspiracy Files” လို့ အမည်တပ်ထားတဲ့ အစီအစဉ်မှာ အသေးစိပ် သုံးသပ်ပြီး တင်ပြမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ် ပြသတဲ့အချိန်မှာတော့ အရေးကြီးတဲ့ အပိုင်းတွေကို ချန်လှပ်ထားခဲ့ပြီး 9/11 လူသတ်မှုကို တဖက်သတ် ဘက်လိုက်ပြီးတင်ပြခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဥပမာအနေနဲ့ Twin Tower ကြီး ပြိုကျချိန်မှာ တစ်ထပ်ကို စက္ကန့်ဝက်ပဲကြာတဲ့ အချက်နဲ့ တိုက်ကြီးကို သတ်မှတ်ထားသည်ထက် သုံးဆ ပိုပြီးခိုင်မာအောင် လုပ်ထားတဲ့ အချက် တွေကို လုံးဝ ချန်လှပ်ထားခဲ့တယ်ဆိုပါတယ်။

ဒါ့ကြောင့် မိုးလုံးပြည်မုသားများ အမှုနဲ့ ကွိုင်ရှာဖို့ ကြံစည်လိုက်ချင်းဖြစ်တယ်လို့ သိရပါတယ်။ (‘Total Public Deception’ ကို “မိုးလုံးပြည့် မုသားများ” လို့ပဲ ပြန်လိုက်ပါတယ်။)
ကျနော်တို့ နှစ်ယောက် (ကျနော်နဲ့ အစ်ကိုမောင်ဆန်) လေ့လာချက်အရ ဘယ်လိုနည်းနဲ့မှ နိုင်စရာ အကြောင်းမရှိပါဘူး ကောက်ချက်ချပါတယ်။ တရားဥပဒေဆိုတာ သတင်းတွေထဲမှာလို မှန်ကန်တာတွေမရှိပါဘူး၊ အစိုးရဘက်ကို အမြဲဆိုသလို ဘက်လိုက်တတ်တဲ့ သဘောတွေရှိပါတယ်။ နောင်မှာ အဲဒီအထောက်အထားတွေနဲ့ တင်ပြပါမယ်။ နောက်ဆုံး တော့ “အားလုံး အတူတူပါပဲကွယ်”

ကိုးကားချက်
ST911 Scientist to Sue BBC for Public Deception
http://www.nationalexpositor.com/News/54.html

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

5 comments:

စိုးထက် - Soe Htet ! said...

မင်္ဂလာပါ ခင်ဗျာ ... လာလည်တာပါ ...

ZawZaw said...

ရေးတာလေးတွေစိတ်ဝင်စားဖို့ကောင်းတယ်
နောင်လဲ လာအားပေးပါ့မယ်၊ ထပ်ရေးကြပါဦးဗျာ။

Ka Daung Nyin Thar said...

ဆက်ရေးပါဗျို့.. အပျင်းပြေ လာဖတ်မယ်ဗျို့

* In Search of Truth * said...

အခုလို သဘောထားကြီးကြီးနဲ့ လာဖတ်တာ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ကျနော်နဲ့ အစ်ကိုမောင်ဆန်နှစ်ယောက်စလုံး အခုနေတဲ့ ဒီမိုကရေစီနိုင်ငံ (ကနေဒါ)ကို ကျေးဇူးကန်းလိုတဲ့စိတ်၊ ဆန့်ကျင်တဲ့ စိတ်နဲ့ ဒီစာတွေရေးသားနေတာ မဟုတ်ပါဘူး။ တကယ်ဖြစ်ပျက်နေတာကို အမှန်အတိုင်းသိအောင် ရေးသားချင်း သက်သက် ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ မေတ္တာတရားရဲ့ စစ်မှန်ပုံကိုလဲ တကယ်ခံစားမိလို့လည်းဖြစ်ပါတယ်။

သစ္စာ | သ​စ်စာ said...

ဟုတ်ပါတယ်။ တရားဥပဒေဆိုတာ သတင်းတွေထဲမှာလို မှန်ကန်တာတွေမရှိပါဘူး၊ အစိုးရဘက်ကို အမြဲဆိုသလို ဘက်လိုက်တတ်တဲ့ သဘောတွေရှိတယ်ဆိုတာကိုတော့ လက်ခံပါတယ်။ အနည်းနဲ့အများပေါ့ ....ဒါဘဲကွာမယ်