9/11 လူသတ်မှုမှာ Twin Tower ပြိုကျတဲ့ အပြင် Flight 93 လို့ခေါ်တဲ့ လေယာဉ်ပျံလည်း ပျက်ခဲ့ပါတယ်။ အစိုးရနဲ့ သတင်းဌာနကြီးတွေ ကြေငြာချက်ကတော့ လေယဉ်အပိုင်စီးရာကနေ ပျက်ကျသွားချင်းဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့်
ကာကွယ်ရေးဝန်ကြီး Donald Rumsfeld ၂၀၀၄ ခုနှစ်မှာတော့ Flight 93 လေယာဉ်ပျံကို အမေရိကန်စစ်တပ်က ပြစ်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ လေယဉ်ပျံပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ အသက်ထက် ပိုပြီး အရေးကြီးနေတာကတော့ ဒီမိုကရေစီ စာရွက်ပေါ်မှာပဲ ရှိနေတယ်ဆိုတဲ့ အချက်နဲ့ တခြားအရေးကြီး အကြောင်းအရာတွေ လက်တွေ့ မြင်လာပါတယ်ခင်ဗျာ။ ကျနော်တို့ခေါင်းစဉ်တစ်ခုစီနဲ့ ခွဲပြီးရေးသားဖေါ်ပြပါမယ် ။ ပထမဦးဆုံး Donald Rumsfeld လေယာဉ်ပြစ်ချတယ်ပြောတဲ့ youtube ကို အရင်ကြည့်ပါအုံးခင်ဗျာ။ BBC, CNN တို့မှာ သတင်းဌာနတွေက မပြသပါဘူး။
နအဖလို အမေရိကန်အစိုးရဟာ ပြည်သူတွေပေါ်မှာ လိမ်ညာပါတယ်
9/11 မှာ အမေရိကန်အစိုးကြေငြာချက်ကတော့ လေယာဉ်ပေါ်မှာခရီးသည်တွေဟာ အကြမ်းဖက်သမားတွေကို ပြန်လည်တိုက်ခိုက်လို့ လေယာဉ်ပျံ ပျက်ကျတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဘာကြောင့် အဲလိုလိမ်ညာလဲ။ သူတို့ပြစ်ချတာကို ပြစ်ချတယ်လို့ အမှန်အတိုင်း ဘာကြောင့် မပြောလဲ။ 9/11 commission ကလဲ ဘာကြောင့် အဲဒီလိုပဲ ပျက်ကျတယ်လို့ ထုတ်ပြန်လဲ။ နအဖလိုပဲ ပုလင်းတူ ဗူးစို့ တွေဆိုသာ သက်သေပြနေပါတယ်။ (အားလုံး အတူတူပါပဲကွယ်)
အမေရိကန်အခြေစိုက်သတင်းဌာနများသာမက တခြားသတင်းဌာနတွေအားလုံး လွတ်လပ်ခွင့်မရှိ (နအဖထက်ပိုဆိုးသည်)
ကာကွယ်ရေးဝန်ကြီးအဲလို ခရီးသည်တင်လေယာဉ်ပျံကို ပြစ်ချတဲ့ အကြောင်း BBC, FOX News , CNN တို့မှာ ဖေါ်ပြချင်း လုံးဝ မလုပ်ပါဘူး။ ဘာကြောင့်လဲ စဉ်းစားကြည့်ပါ။ ဒီသတင်း လူတိုင်း စိတ်ဝင်စားမှာပါ။ မြန်မာ့အလင်းသတင်းစာရဲ့ လုပ်ရပ်နဲ့ တထေရာတည်းဖြစ်နေပါတယ်။ ပိုဆိုးသည်မှာ နအဖလုပ်ရပ်ကို ပြည်ပ အခြေစိုက် သတင်းဌာနများဖြစ်တဲ့ BBC, DVB သတင်းဌာနတွေက ထုတ်ပြန်ကြေငြာပါတယ်။ ဒါပေမယ့် အခုဖြစ်ရပ်မှာ BBC လို လန်ဒန်အခြေစိုက် သတင်းဌာန ဘာမှ မပြောခဲ့ပါဘူး။ ပိုဆိုးတာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Donald Rumsfeld မှားပြောမိတာဖြစ်တယ်လို့ ထုတ်ပြန်တဲ့ အကြောင်းလေးတောင် BBC မကြေငြာခဲ့ပါဘူး။ ဒါဆိုရင် အမေရိကန်နိုင်ငံ သတင်းလွတ်လပ်ခွင့်ဟာ နအဖထက်တောင် ပိုဆိုးနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် (အားလုံး အတူတူပါပဲကွယ်)
နအဖ လိုပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဗြောင်လိမ်ပါတယ်
အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနက Donald Rumsfeld ဟာ စကားကို မှားယွင်းပြီးထွက်သွားချင်းသာ ဖြစ်တယ်လို့ လိမ်ညာခဲ့ပါတယ်။ ဒါပေမယ့်လဲ ပျက်ကျတဲ့လေယဉ်ပျံဟာ ဘယ်လိုအကြောင်းကြောင့် ၄ မိုင်အတွင်း တပိုင်းတစစီ ပျံ့ကြဲနေလဲဆိုတာ ရှင်းပြမသွားပါဘူး။ ကောင်းကင်မှာ ပေါက်ကွဲတဲ့ အရာဝထ္ထူသာ အဲလောက် ကျယ်ပြန့်တဲ့ နယ်နိမိတ်ကို ပြန့်သွား နိုင်တဲ့အကြောင်း ငါးနှစ်အရွယ် ခလေးငယ်က အစ တွေးနိုင်ပါတယ်။ Youtube မှာ CNN 9/11 နေ့က တကြိမ်သာ ထုတ်လွှင့်ခဲ့တဲ့ သတင်း ကိုပြန်ကြည့်နိုင်ပါတယ်။
ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်များ ဘာကြောင့်အသံတိတ်နေလဲ
ဒီအချက်ဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ ကွန်ဂရက်အမတ်တွေ အဲဒီကိတ်စ္စ ကွန်ဂရက်မှာ မေးမြန်းတာတွေ မလုပ်ကျပါဘူး။ မဲရဖို့အတွက် Democrat နဲ့ Republican အမတ်တွေ ကောင်းကောင်းလုပ်စားလို့ရပါတယ်။ ဒါပေမယ့် အသံတိတ်နေပါတယ်။ ဘာကြောင့်လဲ။ လူတိုင်း ရာထူးအဏာ မက်ကျတာချည်းပဲ။ မဲရဖို့ မလုပ်ကျတော့ဘူးလား။ ဒီမိုကရေစီစိတ်ဓါတ်နဲ့ရော လွတ်လပ်စွာ Bush ကိုတက်ပြီး မမေးဘူးလား။ စဉ်းစားစရာကောင်းပါတယ်
နအဖလိုပဲ ပုဂ္ဂလိက သတင်းဌာများကိုပင် အစိုးရမှ ထိမ်းချုပ်ထားပါသည်
CNN သတင်းဌာနသည် ပုဂ္ဂလိကပိုင် သတင်းဌာနဖြစ်ပါသည်။ လွတ်လပ်သော သတင်းဌာနဖြစ်ပါသည်။ ဒါပေမယ့်လည်း CNN သတင်းဌာနအပြုအမူဟာ မြန်မာ့အသံလိုပဲ အစိုးရကို လူတွေ မျက်ကန်းယုံကြည်လာအောင် ကြိုးစားထားတဲ့ အပြုအမူကို သတိထားမိပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ကြေငြာချက်ကို ထုတ်ပြန်တဲ့ သတင်းရဲ့ အဆုံးသတ်မှာ
“The independent panel charged with investigating the terrorist attacks concluded that the hijackers intentionally crashed Flight 93, apparently because they feared the passengers would overwhelm them.”
လွတ်လပ်တဲ့ 9/11 စုံစမ်းရေးကော်မရှင်ဟာ လေယာဉ်အပိုင်စီးသူတွေ ကိုယ်တိုင် ဖြတ်ချခဲ့တယ်ဆိုတာကို တွေ့ရှိတယ်လို့ ရေးထားပါတယ်။ 9/11 ကော်မရှင် တွေ့ရှိချက်ကို အသုံးပြုပြီး ကာကွယ်ရေး ၀န်ကြီးဌာန လိမ်ညာချက်ကို ပြည်သူတွေ ယုံကြည်အောင် ရေးသားထားတယ်ဆိုတာ အရမ်းကို သိသာပါတယ်။ တကယ်လို့ အချက်အလက် တခုအနေနဲ့ ရိုးသားစွာ ထည့်သွင်း ခဲ့တယ်ဆိုရင့် ”လေယဉ်ပျံအပိုင်းအစတွေ ၄ မိုင် ပတ်ဝင်းကျင်မှာ ပြန့်ကျဲနေတဲ့” လူတိုင်း သံသယရှိတဲ့ ကိတ်စ္စကို ထည့်မရေးထားလဲ။ အဲဒီအချက်ဟာ လေယာဉ်ပျံ ပျက်ကျတဲ့ ပုံနဲ့ တစက်မှ မတူပဲ ကောင်းကင်မှာ ဖေါက်ခွဲခံရတဲ့ အနေအထားမျိုးဖြစ်နေလို့ပါ။ နောက်ပြီး မျက်မြင်သက်သေတွေရဲ့ ဂျက်လေယာဉ်ပျံက ပြစ်ချသွားတယ်ဆိုတဲ့ ဆွေးနွေးခန်းတွေကို ဘာကြောင့် ချန်လှပ်ထားခဲ့လဲ။ Lacy Peterson ကိစ္စလို လူတစ်ယောက် သေတာကိုတောင် အကျယ်ချဲ့ရင် လူပေါင်းရာနဲ့ချီပြီး အသတ်ခံခဲ့ရတဲ့ အဖြစ်ကို ဘာကြောင့် အကျယ်မချဲ့လဲ။ ဒီတစ်ခုဟာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ကျနော်တို့ မြန်မာပြည်မှာဆိုရင် ဂုဏ်ပြုရုပ်ရှင်၊ ဇတ်လမ်းတွေရှိပါတယ်။ ဒီဇတ်လမ်းတွေဟာ နအဖ အပြောအဆို၊ လုပ်ရပ်တွေကို လူတွေ ယုံကြည်လာအောင် ဆိုက်ဝါးလုပ်ပေးတာပါ။ အမေရိကမှာလည်း အဲဒီလုပ်ရပ် မြင်တွေ့နိုင်ပါတယ်။ United 93 ရုပ်ရှင်ကြေငြာကို ကြည့်လိုက်ရင် ကျနော် ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်မှာပါ။
Flight 93 Transcript
http://www.cnn.com/interactive/law/0604/transcript.flight93/index.html
Rumsfeld says 9-11 plane 'shot down' in Pennsylvania
http://www.wnd.com/news/article.asp?ARTICLE_ID=42112
Pentagon: Rumsfeld misspoke on Flight 93 crash
http://www.cnn.com/2004/US/12/27/rumsfeld.flt93/index.html
No comments:
Post a Comment