Wednesday, August 29, 2007

အမေရိကန်ရဲတွေလဲ ဂိုထောင်ဖေါက်ကျ၏

၁၉၈၈ ခုနှစ်မှာ ကျနော်တို့ မြန်မာ့ တပ်မတော်သားတွေ ဂိုထောင်တွေကို ဖေါက်ခဲ့ကျပါတယ်။ ဘယ်လိုကြောင့် ဂိုထောင်ဖေါက်တယ်ဆိုတာ အကြောင်းပြချက် အမျိုးမျိုးကြားနေရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂိုထောင်ဖေါက်တာ ကောင်းတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ တိုင်းပြည် သိက္ခာထိခိုက်စေတာတော့ အမှန်ပါပဲခင်ဗျာ။ ထို့အတူပဲ အမေရိကန် ရဲတွေလည်း ဂိုထောင်ဖေါက်ကျပါတယ်။ Katrina မုန်တိုင်းအပီးမှာ လူတွေရဲတွေအားလုံး ဂိုထောင်တွေကို ဖေါက်ကျပါတယ်။ ဒီမှာကြည့်လိုက်ပါအုံးခင်ဗျာ




အောက်ကဗီဒီယိုကတော့ အဖြူရဲ ဂိုထောင်ဖေါက်တဲ့ ဗီဒီယိုပါခင်ဗျာ။ ရဲ သယ်လာတဲ့ မော်နီတာ အဟောင်းတစ်လုံးဟာ ရဲတစ်ယောက်ရဲ့ တစ်နာရီလုပ်ခပဲရှိပါတယ်။ ကျနော်တို့ နိုင်ငံတခုတည်း ကြည့်ပီး အပြစ်တင်နေတာတွေဟာ လက်တွေ့မကျကြောင်း အခုဗီဒီယိုတွေက သက်သေပြနေပါသည်။





(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

1 comment:

မျှားပြာ said...

ဝေး ကိုဇော်မျိုး ဖောက်ထွက်တဲ့ အတွေးအခေါ်တွေကို
သဘောကြတယ် ... အဲလိုမျိုး ဖြစ်နေရမဗာ
တစ်ခုပြောချင်လို့ 
ပြိုင်ပွဲ တစ်ခုမှာ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ကြတာကို
ဘေးက ပရိသတ်အမြင်နဲ့ ကြည့်တာ ကောင်းတယ်
ဒါပေမယ့် ဒိုင်လူကြီးတွေ ဒုက္ခပေးတတ်တယ်နော်
သတိထားဗျို့  ...
အားပေးနေတယ်..။
လေးစားလျှက်
မျှားပြာ