Friday, August 31, 2007

အမေရိကန် အစိုးရ ကယ်ဆယ်ရေးအဖွဲ့များ နှာဘူးကျချင်း

အမေရိကန်အစိုးရရဲ့ Katrina ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ မိမိရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒုက္ခသည် အမျိုးသမီးများအပေါ် မဖွယ်မရာတွေ ပြုလုပ်ခိုင်းကြောင်း သတင်းမှာ ရေးထားပါတယ်။ ဒီမိုကရေစီ အမေရိကန် အစိုးရဟာ Katrina မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ အမေရိကန်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အမှန်တကယ် လုပ်မပေးပါဘူး။ (ဘာကြောင့်လဲဆို အကျယ်တ၀င့် နောက်အပတ်တွင် ရေးပြပါမယ်)။ ဒါကြောင့်လဲ ကယ်ဆယ်ရေးလုပ်ငန်းက မရှိသလောက်နည်းပါတယ်။ အကျင့်ပျက် ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ အမျိုးသမီးလေးများကို အင်္ကျီလှန်ပြီး သူတို့ရဲ့ ရင်သားတွေကို ပြသခိုင်းကျပါတယ်။ တကယ်လို့ အဲလိုမလုပ်ဘူးဆိုရင် ကယ်ဆယ်ရေးပစ္စည်းများ ပေးချင်း မပြုပဲ ပြစ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီမိုကရေစီရှေ့ဆောင်နိုင်ငံ အမေရိကနိုင်ငံကြီးမှာ ဖြစ်ပျက်နေတာ လေးပါခင်ဗျာ။

ကိုးကားချက်
Female survivors urged to flash breasts for help
http://www.worldnetdaily.com/news/article.asp?ARTICLE_ID=46160
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

1 comment:

Unknown said...

အငိး....ခင်ဗျားပြောတာကို လက်ခံပါတယ်ဗျာ
ခက်တာက နအဖက လက်မခံတာပဲ
ဘလောဂ့်တွေထဲမှာ ကျွန်တော်တို့ရေးပြနေတာ ဘာကြောင့်လည်း.......
ကျွန်တော် တို့လည်းကိုယ့်ပြည်တွင်းက မြန်မာအလင်းတို့ ကြေးမုံတို့မှာရေးချင်တာပေါ့ ဒါမှာလဲ
စာမှုခလေးရမှာပေါ့နော....ကျွန်တော်လည်း အမေရိကန်
ကိုအားမကိုးချင်ပါဘူးလေ..ကိုယ့်အစိုးရကိုပဲ အားကိုး
ချင်ပါတယ်...အားကိုးထိုက်အောင်နေပြရင်ပေါ့...
ကျွန်တော့် မိဘတွေလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေကပါပဲ စစ်တပ်ကို မမုန်းပါဘူး
စစ်တပ်ကို အမိန့်ဆိုတာကြီးနဲ့ ခိုင်းစေနေတဲ့ အာဏာရှင်တွေကိုမုန်းတာပါ..တပ်နဲ့ပြည်သူကိုသွေးကွဲ
အောင်လုပ်နေတာကလည်း ဒီအာဏာရှင်တွေပါ..
ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေမှာ ဘုရား
တရား သံယာ မိဘ ဆရာ ဆိုပြီးတော့ ရှိပါတယ်နော်
လူတွေမှာလည်း အမိ အဖ တိုတဲ့ လူသားနှစ်ဦးက
ပေါက်ဖွားလာမှာ့ လူသားအဖြစ်ရတာပါ မဟုတ်ဘူးလားနော်
ခက်တာကပေါ့နော့.........
တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဆိုတော့
နည်းနည်းလေး ( သို့ ) အများကြီး လွဲနေသလားလို့
မြန်မာအလင်းရေ...
ကျွန်တော်ကတော့ စိကာစဉ်ကာ မရေးတက်တော့
ခင်ဗျား အတွက်အနှောက် အရှက် ဖြစ်ခဲ့ရင်တော့
ခွင့်လွတ်စေချင်ပါတယ်နော်