Monday, August 13, 2007

BBC နဲ့ NASA အရေးကြီးဆုံး တိတ်ခွေများ ပျောက်သွားချင်း

အမှန်တရားပေါ်လာရေးအတွက် အချက်အလက် ဆိုတာ အရေးကြီးတယ်ဆိုတာ လူတိုင်း သိထားကျပါတယ်။ ဒီထဲမှာ မှတ်တမ်းတင် ဗီဒီယိုတွေလဲ ပါပါတယ်။ အမှန်တရားဟာ မိမိရဲ့ အကျိုးစီးပွားကို ဆန့်ကျင်လာနိုင်တယ်လို့ ယူဆလာတဲ့ အချိန်မှာတော့ အဲဒါတွေကို ဖျောက်ဖျက်ပြစ်တဲ့ လုပ်ရပ်တွေကို လုပ်တတ်ကျပါတယ်။ မြန်မာနိုင်ငံမှာ ဦးစောမောင် နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမိုင်းကို နအဖ ဖျောက်ဖျက်ပြစ်ခဲ့တာ လူတိုင်းသတိထားမိကျမှာပါ။ ဒီလုပ်ရပ်ကို မြန်မာပြည်မှာတင်တွေ့ရတာတော့ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာ လုပ်တယ်ဆိုတာ သတိထားမိအောင် တင်ပြချင်ပါတယ်။

ပထမဆုံး အမေရိကန်နိုင်ငံ အာကာသဌန ကြီးဖြစ်တဲ့ NASA ရဲ့လုပ်ရပ်ကို တင်ပြချင်ပါတယ်။ အမေရိကန် အမှန်တကယ် လပေါ်ခြေချခဲ့လားဆိုတာ သံသယတွေ အများကြီး ရှိနေပါတယ်။ အာကာသယဉ်မှုးများပင် လကမ္ဘာရဲ့ ကောင်းကင်မှာ ကြယ်တွေ မြင်ခဲ့လားဆိုတဲ့ လွယ်ကူတဲ့ မေးခွန်းလေးကိုပင် မဖြေနိုင်ခဲ့တဲ့ ဖြစ်ရပ် မျိုးရှိခဲ့ပါတယ်။ သိတဲ့အတိုင်း ရုပ်ရှင်ဟာ အမြဲမှုံန်ဝါးပြီး မကြည်လင်ဖြစ်နေပါတယ်။ တကယ်လို့ မူရင်းသာ ကြည့်နိုင်မယ်ဆိုရင် ပိုမိုပြတ်သားပြီး လိမ်ညာတယ်လို့ ထင်ထားတာတွေလဲ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မနှစ် ၂၀၀၆ ခုနှစ် သြဂုတ်လမှာတော့ နာဆာက သူတို့ရဲ့ မူရင်းတိပ်ဟာ ပျောက်ဆုံးသွားတယ်တဲ့။ ဒီတိပ်ခွေဟာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပြီး ၊ ပျောက်ဆုံးခဲ့ရင် အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျသွားနိုင်မှန်း သိနိုင်ပါတယ်။ ဘာကြောင့်အခုလိုဖြစ်သွားလဲဆိုတာတော့ ကိုယ်တိုင်ပဲ စဉ်းစားကြည့်ကြပါဗျာ။

ဆက်လက်တင်ပြချင်တာကတော့ BBC ပါ။ BBC ဟာ Tower 7 ကို နာရီဝက်စောပြီး ပြိုကျသွားပီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူတွေကလည်း သူတို့ သတင်းဌာနကို ပုံစံအမျိုးမျိုးနဲ့ မေးမြန်းတာတွေ လုပ်ခဲ့ကျပါတယ်။ ဘာကြောင့် တိုက်ကြီး ပြိုကျမှာကို ကြိုသိနေလဲ ? CIA က ရေးပေးတဲ့ သတင်းကိုပဲ ဖတ်ပြနေရလို့လား ? တိုက်ပြိုကျခါနီးမှာ ဘာကြောင့် တိုက်ရိုက် ထုတ်လွှင့်နေတာကို ချက်ချင်း ရပ်ဆိုင်းလဲ ? စသဖြင့် အမျိုးမျိုး မေးခွန်းထုတ်ကျပါတယ်။ BBCဟာ သူများတွေကိုသာ မေးခွန်းတွေလိုက်ထုတ်နေပြီး ကိုယ်တိုင်ကျတော့ ဘယ်မေးခွန်းကို မဖြေကြားခဲ့ပါဘူး။ နောက်ဆုံး မသက်သာတော့ BBC editor , Richard Porter ဟာ 9/11 ဖြစ်ပြီး ခြောက်နှစ်အကြာမှာ (Feb 27 2007) မှာ သူရဲ့ editor Blog မှာ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ (မှတ်ချက် ။ BBC ဌာန၏ တရားဝင် ဖြေရှင်းချက် မဟုတ်ပါ။ ဖြေရှင်းတဲ့ အချိန်ဟာလည်း ခြောက်နှစ်ကြာမှ ဖြစ်သည်) သူတို့ စွပ်စွဲချက်မှန်မမှန် ပြန်ကြည့်ဖို့ မူရင်း သတင်းတိပ်ခွေမရှိတော့ကြောင်း၊ သူတို့ဟာ လူသတ်မှုမှာ ဘယ်အခန်းမှ မပါဝင်ကြောင်း စတာတွေကိုသာ ပြောကြားသွားပါတယ်။ အထူးစုံစမ်းစစ်ဆေး ရေးလုပ်မယ်လို့တော့ ပြောမထားပါဘူး။ ဒီနေရာမှာ ကျနော်တို့ စဉ်းစားသင့်တာလေးတွေရှိနေပါပြီ။

စဉ်းစားဖို့ပါလေစာရင်း
(၁) BBC, CNN , ABC, CNBC စတဲ့ သတင်းဌာကြီးတွေမှာ BBC တိုက်ပြိုကျမယ့် သတင်း နာရီဝက်ကြိုပြောခဲ့ တဲ့ ကိစ္စ ဘာကြောင့်မကြေငြာခဲ့လဲ။
(၂) BBC ဟာ ဘာကြောင့် သတင်းကြေငြာပေးတဲ့ သတင်းထောက် ကိုခေါ်ယူမေးမြန်းတာတွေ မလုပ်လဲ
(၃) BBC မှာ နှစ်ပေါင်း ၈၀ က အရေးမကြီးတဲ့ ဗီဒီယိုမှတ်တမ်းတွေကိုတောင် သိမ်းဆည်းထားနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဒါဆိုရင် မနေ့ တနေ့က ဖြစ်တဲ့ ကမ္ဘာသမိုင်းမှာ အကြီးမားဆုံး လူသတ်ပွဲကြီးလို အရေးကြီး မှတ်တမ်းတင်ခွေ ဘာကြောင့် ပြောက်ဆုံးသွားရသလဲ
(၄) CIA သတင်းတွေကို ဖတ်ပေးနေရတယ်လို့ စွပ်စွဲချက် နဲ့ BBC ဟာ လွတ်လပ်မှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေဟာ BBC ရဲ့ ဂုဏ်သိက္ခာကို အရမ်းထိခိုက်စေပါတယ်။ နောင်မှာ ယုံကြည်တဲ့ သူတွေ အရမ်းကို နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီပြဿနာကို အရေးယူ မဖြေရှင်းပဲ ခြောက်နှစ်ကြာမှ အယ်ဒီတာက ပီးစလွယ်ဖြေရှင်းလဲ
(၅) ဒီတခုကတော့ ရယ်စရာပုံပြင်လေးလို ဖြစ်နေပါတယ်။ အယ်ဒီတာက သူ့ Blog ဖတ်တဲ့သူတွေကို အဲဒီသတင်းကားရှိရင် သူ့ဆီပို့ပေးဖို့ အကူအညီတောင်းခံထားပါတယ်။ အမှုမှန်ပေါ်ရေးအတွက်တဲ့။ အစ်ကို မောင်ဆန်တောင် Youtube မှာရှာတွေ့သေးတယ်ဆိုရင် အယ်ဒီတာကြီးရဲ့ သတင်းထောက်ထောက်တွေ Youtube မသုံးတတ်လို့ ကျနော်တို့ကို အကူအညီ ပြန်တောင်းထားတာလားလို့ ပြန်မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။
(၆) အယ်ဒီတာ ရေးထားတာကို သုံးသပ်ချက်မှာ ယုံကြည်နိုင်လောက်တဲ့ အထောက်အထား တခုမှ မပါပဲ။ သူတို့ မှားခဲ့ရင် ရိုးသားစွာမှားတာပဲ ဖြစ်နိုင်တယ်လို့ အဆုံးသတ်ထားပါတယ်။
(၇) နောက်ဆုံးတော့ “အတူတူပါပဲလေ” လို့ ပြောရမလားပဲ




ကိုးကားချက်များ
BBC Editor’s Blog
http://www.bbc.co.uk/blogs/theeditors/2007/02/part_of_the_conspiracy.html

One giant cock-up for mankind
http://www.telegraph.co.uk/news/main.jhtml?xml=/news/2006/08/14/wmoon14.xml

BBC သတင်းနဲ့ သတင်းထောက် အရည်အချင်းကို ပြန်လည်သုံးသပ်သင့်ပြီလား
http://lightofmyanmar.blogspot.com/2007/08/bbc.html

16 comments:

Anonymous said...

ဒီပို့ (စ)က နအဖသတင်းစာရှင်းလင်းပွဲလိုဖြစ်နေပြီ၊ဝေ့လည်ကြောင်ပတ်နဲ့ ။
၁။နာဆာမူရင်းအခွေထဲမှာလပေါ်ခြေမချခဲ့ပါဘူးဆိုတဲ့ သက်သေပြထားတဲ့အထောက်အထား Referenceတွေကိုတွေ့ ဖူးဖတ်ဖူးတယ်ဆိုရင်ခင်ဗျားတို့ ကဒါတွေကို အတိအကျ ပူးတွဲတင်ပြဖို့ လိုတယ်။သူများပြောတာကြားဖူးတာနဲ့ ဆိုရင်တော့ အိမ်ကကျွန်တော့်ကြောင်လေးလဲအဲဒိလပေါ်ခြေချတဲ့အခေါက်တုန်းကပါသွားတယ်ဗျ။အဲဒိအခွေကြီးပျောက်သွားလို့ ပေါ့ဗျာ..
၂။ ဘီဘီစီ ကကြေငြာချက် နာရီဝက်ကြိုပြောမိတယ်ဆိုတာ သတင်းကြေငြာသူ ကမှားပြောတာဖြစ်နိုင်ပါတယ်။ အမေရိကန် ထောက်လှမ်းရေ စီအိုင်အေ က အင်္ဂလိပ်ပိုင်ဘီဘီစီ သတင်းဌာနကြီးကို ပို့ တဲ့သတင်းတွေဖတ်ပေးနေရတယ်ဆိုရင်လဲ အင်္ဂလိပ်၊အမေရိကန် သတင်းဌာန ချင်း အားပြိုင်မှုပဲဖြစ်ပါလိမ့်မယ်။ ဒီအခွေပျောက်သွားလို့ ဘီဘီစီ နဲ့ စီအိုင်အေ က 9/11 မှာ ကြိုတင်စီစဉ်ပြီးလူသတ်မှုကြီးမှာပါဝင်တယ်လို့ ပြောချင်တာလား။
ဘီစီ၊ဗွီအိုအေတွေစိတ်ဝင်စားနေမယ့်အစား ကိုယ့်ပြည်တွင်းရေးသတင်းတွေမှန်မမှန်အရင်သုံးသပ်ဦးဗျာ။သူတို့ တွေ ကတိုးတက်ပြီးသားပါ။ မြန်မာပြည်က ဖွံ့ ဖြိုးမှုအနည်းဆုံးဖြစ်ပြီးစစ်အစိုးရအောက်မှာလူတွေ ဖြူခါကျနေပြီ။ သူတို့ လပေါ်ရောက်မရောက်ထက်ရွှေပြည်သာ၊လှိုင်သာယာ မှာ ဆင်းရဲသားတွေ စားစရာကျပ်တည်းလွန်းလို့ အမျိုးသားရေးဦးဝင်းနို်င်က ဆန်တွေလှုနေပြီ။ ခင်ဗျားတို့ ၂ ယောက်လဲတတပ်တအားလှုကြပါလား။ ကနေဒါမှနေပြီး အမေရိကန်အကြောင်းစိတ်ဝင်စားနေတာထက် ပြည်တွင်းကဒီပဲယင်း နဲ့ ၈၈၈၈ မှာ စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်မှုတွေက လဲ ဘယ်တရားရုံးမှရောက်မလာဘူး..
ပြည်တွင်းရေးကိုဦးစားပေးကြဗျာ..ဘီဘီစီတွေ၊ဗွီအိုအေတွေက သိပ်အာရုံမ

* In Search of Truth * said...

ဟုတ်ကဲ့ ကျနော်တို့ မြန်မာပြည်အရေးကိုလည်း ထည့်ရေးဖို့ အစီအစဉ်ရှိပါတယ်ခင်ဗျာ။
မြန်မာ့အရေးနဲ့ ကမ္ဘာအရေးကို ရေနဲ့ဆီလို ခွဲခြားလို့ မရဘူးဆိုတာတော့ အစ်ကို သိထားသင့်တယ် ထင်ပါတယ်ခင်ဗျာ။ ကျနော်မေးခွန်းလေးတခုခေါင်းထဲဝင်လာတာ ရှိပါတယ်။ ဘာကြောင့် အစ်ကိုတို့တွေ ကမ္ဘာအရေးကို မဆွေးနွေးစေချင်တာလဲ။ ဒါဆိုလဲ BBC မြန်မာပိုင်းအစီအစဉ်မှာ ကမ္ဘာသတင်း တွေ မကြေငြာခိုင်းပါနဲ့လားဗျာ။

ကျနော် လပေါ် ခြေမချခဲ့ဘူးဆိုတဲ့ အချက်အလက်တွေကို မရေးခဲ့တာ မလိုအပ်လိုပါခင်ဗျာ။ အရမ်းအရေးကြီးတဲ့ မှတ်တမ်းတိတ်ခွေ လုံခြုံအောင် မထိမ်းသိမ်းနိုင်တဲ့ နာဆာဌာနကြီးကို အစ်ကို ဘယ်လို သုံးသတ်မလဲ။ အဲဒါ အခုဆောင်းပါးနဲ့ ပိုပြီး သက်ဆိုင်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ အချက် ဘာကြောင့် အစ်ကို ချန်သွားလဲခင်ဗျာ

နောက်တချက်ကတော့ BBC သတင်းကြေငြာသူက ဘာကြောင့် bunker လုပ်ထားတဲ့ အခိုင်မာဆုံး တိုက်ကြီးကို သွားမှားရသလဲဆိုတာ အစ်ကို အရင် စဉ်းစားသင့်ပါတယ်။ ဘေးမှာ တခြားတိုက်တွေ ရှိနေပါသေးတယ်။ ဒီနေ့အထိ ဘာမှ မဖြစ်သေးပါဘူး။ အစ်ကို သတိမထားမိတာလေး ဖြစ်မဲ့ နောက် တခု ပြောချင်ပါတယ်။ bunker လုပ်ထားတဲ့Tower 7 ပြိုကျမယ်လို့ ကြေငြာတဲ့ အချိန်ဟာ Twin Tower ပြိုပြီး 8 နာရီအကြာမှာဖြစ်ပါတယ်။

BBC နဲ့ တခြား သတင်းဌာနတွေ 9/11 လူသတ်မှုမှာ ပါဝင် ပတ်သက်နေတာ ကျနော်နဲ့ အစ်ကိုမောင်ဆန် မှာ သက်သေ အထောက်အထားတွေရှိပါတယ် ခင်ဗျာ။ အစ်ကို သိချင်ရင် ဖိုရမ်တစ်ခုမှာ တက်ပြီး ဆွေးနွေးချင်ပါတယ်ခင်ဗျာ။ အစ်ကို သတိရှိစေချင်တာကတော့ အစ်ကိုမောင်ဆန်ပြောတဲ့ (အားလုံး အတူတူပါပဲကွယ်)

Anonymous said...

ခင်ဗျားနဲ့ မောင်ဆန် ဘာလို့ များ ဘီဘီစီကိုဒီလောက်စိတ်ဝင်စားနေကြတာတုန်း။ ၈နာရီသတင်းက ဗြောင်လိမ်ဗြောင်လိမ် ဆိုတဲ့ပြည်တွင်းသတင်းတွေကိုသာတရားစွဲရရင်တော့ တစ်နိုင်ငံလုံးတရားရုံးတွေဖြစ်ကုန်မယ်နော်။ မြန်မာပြည်မှာ စစ်အာဏာရူးတွေ အာဏာ ရဖို့ လူသတ်ထားတဲ့အထောက်အထားအခွေတွေ လဲဘီဘီစီမှာရှိပဗျာ..တင်စမ်းပါဦး..အဲဒါတွေလဲ…ဒီပယင်းအထောက်အထားတွေလဲ စုံမှစုံ..

..ဗုဒ္ဓတရားနဲ့ ညိမ်းချမ်းစွာနေချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ အခုရောက်နေပါတယ်ဆိုတဲ့ ဒီမိုကရေစီနိုင်ငံကနေဒါမှာသွားအော်နေလို့ မရဘူးခင်ဗျ။ မြန်မာပြည်မှာ စစ်ကိုင်းချောင်တို့ ၊တရားရိပ်သာတို့ ရှိပါတယ်။ အဲဒိမှာသွားနေတာခင်ဗျားတို့ အတွက်ဒီမိုကရေစီတင်မကဘူး။နိဗ္ဗာန်ပါရနိုင်တယ်။မအိုမနာခင် မြန်မြန်ပြန်ပြီးတရားလေးရှာကြဦး..ဘာလို့ ကနေဒါမှာနေပြီး ဘီဘီစီသုတေသနပြုနေမှာတုန်း..နော့…စေတနာနဲ့ ပါ..

မိုးလုံးပြည့်မုသာဝါဒဆိုတာ မြန်မာ့အလင်း သတင်းစာထဲက အူကြောင်ကြား အမည်ဝှက်နဲ့ ရေးနေတဲ့ သာကူး ဆောင်းပါးရှင်တွေရဲ့ လက်ဆွဲဆောင်ပုဒ်ဘဲ။အေးလေ..ဟုတ်ပါတယ်..မောင်ဆန်ပြောသလို အားလုံးအတူတူပါဘဲလေ..ခင်ဗျားတို့ ဘလော့ဂ်နာမည်ကြီးကို က မြန်မာ့ အလင်း ဆိုတော့ ပြည်တွင်းသတင်းစာအာဘော်လောက်ပဲ အာရုံစိုက်နိုင်မပေါ့။ရှိစေတော့…

Anonymous said...

Funny!!...

Why are you posting your own website as "ကိုးကားချက်များ" ???
Is your website even as reliable as BBC or CNN?

LOL

* In Search of Truth * said...
This comment has been removed by the author.
* In Search of Truth * said...

ကျနော်တင်ပြထားတာတွေဟာ အထောက်အထား ခိုင်ခိုင်မာမာနဲ့ဆိုတာ အစ်ကိုတို့ တွေ့နိုင်ပါတယ်။ ကျနော် တင်ပြချက် မှားတယ်လို့ မြင်ရင် ထောက်ပြနိုင်ပါတယ်။ ကျနော် ပြောတာတွေ မှန်ရင် အစ်ကိုတို့ သဘောထားကြီးကြီးနဲ့ လက်ခံသင့်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး ကျနော့ကို အဓိပါယ်မဲ့ လာတိုက်နေတဲ့ စိတ်ဓါတ်ကို နားမလည် ဖြစ်မိပါတယ်။ မိမိ လုပ်ရပ်ကို သတိပြုမိပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

Anonymous said...

ဆွေးနွေးတာနဲ့ တိုက်ခိုက်တာ မကွဲပြားသေးဘူးကိုး..အေး…ကဲ..ကဲ..ထားပါတော့ကွာ..မင်းတင်ပြတာမှန်ပါပြီတဲ့။ ထားတော့ဘီဘီစီ တစ်ဖွဲ့ လုံး 9-11 ကို အကွက်စေ့စေ့ လုပ်ကြံပြီး အမေရိကန်တွေကို သတ်ခဲ့ပါပြီတဲ့။ ဒါဆို ဘင်လာဒင် က မင်းတို့ ပြောတဲ့ တရားနဲ့ ညိမ်းချမ်းရေးရှာနေတာလား..ဘင်လာဒင်ဘက်က မင်းကလျှောက်လဲချက်ပေးနေတာလား။ ထားပါတော့..မင်းတင်ပြချက်အတိုင်း ဘီဘီစီ က လူတွေသတ်တယ်ဆိုလဲ မင်းပြောသလို သူ့ တရားသူ စီစဉ်မှာပေါ့ကွာ…မြန်မာပြည်က မွဲနေပြီဟ။ ဘီဘီစီလူသတ်တာထက်သန်းရျွှေက ရာဇပလင်ကဆင်းပေးဖို့ အရေးကြီးတယ်..

ဒါနဲ့ မင်းတို့ ရဲ့ နောက်ဆုံး ကောက်ချက်ကဘာတုန်း။ ဒီပို့ (စ) ရဲ့ ကောက်ချက်က ဘာတုန်း အဲဒါလေးရေးစမ်းပါဦးဟ..ဘီဘီစီ၊ ဗွီအိုအေ၊ ကလိမ်တယ်ထင်လို့ သူတို့ ကြေငြာနေတဲ့ နအဖသတင်းတွေ၊လူသတ်တာတွေ ၊လူ့ အခွင့်အရေးဖောက်ဖျက်တာတွေ၊ ဒါတွေလဲ လိမ်တာပါဘဲလို့ ပြောချင်နေတာလား.ဘာတုန်းမင်းဆိုလို ချက်က..

သူများမျက်ချေးဘဲလက်ညိုးထိုးမနေနဲ့ ကွ..ပြည်တွင်းကမင်း တို့ ဒီဘလော့ဂနာမည်light of Myanmar နဲ့ ထုတ်နေတဲ့ မြန်မာ့အလင်း နဲ့ မြန်မာ့အသံတို့ လိမ်တာကပိုဆိုသေးတယ်။ မြန် မာ့အသံသတင်းတွေ၊မြန်မာ့အလင်းသတင်းတွေ မှန်တယ်ထင်ရင်ရော သူတို့ ကဘာလို့ ဘီဘီစီ လို ကမ္ဘာကအားကိုးရတဲ့သတင်းဌာနကြီးတွေဖြစ်မလာရတာတုန်း..ရှင်းစမ်းပါဦး အထောက်အထားလေးနဲ့ …

* In Search of Truth * said...

အစ်ကိုပြောတဲ့ စကားကနေ သတင်းဌာနကြီးတွေရဲ့ လှည့်ဖျားတာကို ခံနေရတယ်ဆိုတာ သက်သေပြနေပါတယ်။ အစ်ကိုမြင်သာအောင် အခြေအနေတခုနဲ့ နှိုင်းယှဉ်ပြောချင်ပါတယ်။ BBC ရန်ကုန်မြို့မှာ ဗုံန်းပေါက်တဲ့အချိန်မှာ နအဖက ABSDF လက်ချက်လို့ စွပ်စွဲခဲ့တယ်ဆိုတဲ့ သတင်းကိုပြောတိုင်း ABSDF က ငြင်းဆိုခဲ့တယ်ဆိုတဲ့ အကြောင်း ထည့်သွင်းပြောရပါတယ်။ တကယ်လို့ အဲလို မပြောဘူးဆိုရင် လူတွေရဲ့ စိတ်ထဲမှာ နအဖ စကားကို မသိစိတ်က လက်ခံသွားတဲ့ သဘာဝရှိပါတယ်။ အစ်ကို Mind control အကြောင်း လေ့လာကြည့်ရင် ကျနော် ဘာကို ဆိုလိုသလဲဆိုတာ သဘောပေါက်လာမှာပါ။

2001 စက်တင်ဘာ 17 ရက်မှာ ဘင်လာဒင်ဟာ သူ 9/11 ကိစ္စမှာ မပါတ်သက်ရဘူးဆိုတာ တရားဝင် ငြင်းဆိုခဲ့ပါတယ်။ နေ့စဉ်ဆိုသလို အမေရိကန် အစိုးရ ဘင်လာဒင်ကို စွပ်စွဲတဲ့ သတင်းတွေ အချိန်ပြည့် ထုတ်လွှင့်ခဲ့ပါတယ်။ ဘယ်သတင်းဌာနကမှ ဘင်လာဒင် ငြင်းဆိုချက်ကို ထည့်သွင်း မကြေငြာပေးကျပါဘူး။ မြန်မာပိုင်း BBC မှာလဲ အလားတူ ပါပဲ။ အစ်ကို အပါဝင် လူအများစုဟာ အမေရိကန်အစိုးရ ပြောကြားချက်ကို တချက်လေးမှ မစဉ်းစားပဲ လက်ခံလာကျပါတယ်။ သတင်းဌာနတွေက တဆင့် အမေရိကန် အစိုးရဟာ Mind control လုပ်တဲ့ သဘောပါ။ အခုဆိုရင် အဲဒီအမြင်ကို အစ်ကိုတို့ လုံးဝ ခိုင်ခိုင်မာမာ ယုံကြည်လာပြီး အဲဒီယုံကြည်ချက်ကိုလည်း ကာကွယ်ဖို့အသင့် အနေအထားမှာတောင် ဖြစ်နေပြီ မဟုတ်လားခင်ဗျာ။

ကျနော်နဲ့ အစ်ကိုမောင်ဆန် နှစ်သက်တဲ့ နာမည်ကတော့ New light of Myanmar ဆိုတဲ့ ခေါင်းစဉ်ပါ။ အဲဒီခေါင်းစဉ်ယူလိုက်ရင် အစ်ကိုတို့အနေနဲ့ ကျနော်တို့ တင်ပြတဲ့ အချက်အလက် တွေနည်းနည်းလေးမှ စဉ်းစားမှာ မဟုတ်ပဲ လုံးဝ ကို မျက်စိမှိတ် ငြင်းမယ်ဆိုတာ တွက်မိပါတယ်။ ဒါ့ကြောင့်လည်း Light Of Myanmar ဆိုတာနဲ့ပဲ တင်းတိမ်လိုက်တာပါ ခင်ဗျာ။

ကိုးကားချက်
Bin Laden says he wasn't behind attacks
http://archives.cnn.com/2001/US/09/16/inv.binladen.denial/

Anonymous said...

ဇော်မျိုးနဲ့ မောင်ဆန်..
ထားပါတော့ကိုယ်တို့ က ဘီဘီစီမှိုင်းမိနေတယ်လို့ ..ကိုယ်တို့ ကဘီဘီစီသတင်းကြည့်လို့ လက်ခံတဲ့သူမှန်သမျှ မှိုင်းမိ တယ်ဆိုကြေးဆို ဆိုရင် ငါ့ညီတို့ က ဘင်လာဒင် သုံတဲ့ သတင်းဌာနတွေပြောတာအားလုံးအမှန်တွေချည့်ပဲလို့ လက်ခံထားတာအပေါ်က ဖြေကြားချက်က၀န်ခံနေပါတယ်။ဒါဆိုငါ့ ညီတို့ လဲ ဘင်လာဒင်မှိုင်း အလုံးကြီးကြီးနဲ့ မိနေပါပြီ။
နောက်ဆက်တွဲ ဘင်လာဒင်၊ အယ်(လ)ကီးဒါး linkတွေနဲ့ နောက်ဆက်တွဲ အကြမ်းဖက် စီစဉ်မှုသတင်းတွေ ကဘီဘီစီတင်မကပါဘူး။တကမ္ဘာလုံးက သတင်းဌာန တွေ ကဖော်ပြခဲ့တာပါ။ ဘင်လာဒင့်ကြေငြာချက်ကို ဖော်ပြမပေးလို့ ငါ့ ညီတို့ စိတ်ကောက်ကြေးဆို မြန်မာ့သတင်းဌာနတွေက NLD နဲ့  ၈၈ ကျောင်းသားမျိုးဆက်တွေ၊ ၀ါရင့်နိုငှ်ုရေးသမားကြီးတွေရဲ့ ကြေငြညချက်တွေ ဖော်ပြမပေးတာရောဘယ်လို ဆင်ခြေပေးချင်ပါသလဲ..
ထားပါ။ မင်းတို့ ကိုယ်မေးနေလဲဖြေရဲမှာမဟုတ်ဘူး..အပေါ်က ကွန်မန့် တွေမှာ ကိုယ်ထောက်ပြခဲ့တဲ့ ၈၈၈၈ လူသတ်ပွဲ။ ဒီပယင်း လူသတ်ပွဲ။ အာဏာရူးစတဲ့မေးခွန်းတွေကိုမင်းတို့ ခုထိမဖြေရဲပဲ မုန့် လုံးစက်ကူကပ် ပြာကလပ်မှာတင်တဲ့ဆွမ်းလိုခပ်ညံ့ညံ့ ဂျာအေးဖြေရှင်းချက်တွေပဲ ပြန်လာမှာပဲ။ဒီကိစ်စတွေကမင်းတို့ ထိ လို့ ပြောလို့ မှမရတာ။ မင်းတို့ ကနေဒါကလဲမဟုတ်ပါဘူး။ကိုယ်သိပါတယ်။ စီဘောက်(စ)တွေမှာ မင်းတို့ IP address တွေကို လုံးဝမပေါ်အောင်ဖျောက်ပြီးလိုက်အော်သွားကထဲက မင်းတို့ ဟာ စစ်တပ်ကအရာရှိတွေဆို တာထင်ရှားပါတယ်။ ရိုးရိုးသားသားဘလော့ဂ ရေးသူ က ဘာမှ အိုင်ပီ ဖျောက်တဲ့ နည်းလမ်း software နဲ့ ဘလော့ဂါတွေကို ကိုယ့်ဘလော့လာလည်ဖို့ မဖိတ်ခေါ်တတ်ပါ။ ဘီဘီစီလိမ်တာဖော်ထုတ်နေတဲ့မင်းတို့ ကရောဘာကြောင့်ကိုယ် အိုင်ပီကိုပြန်လိမ်ပြီးဘလော့ဂါတွေကိုဖိတ်ခေါ်ရပါသလဲ။ ဒါအရင်ရှင်းပါ။
မြန်မာတီးရှော့(ပ)မှာ မောင်ဆန် က admin ကို ဝေဖန်လိုက်။ admin ကမောင်ဆန်ကိုပြန်ဖြေလိုက်။နောက်ဆုံး ကဒေါင်းညင်သာ နဲ့ တွေ့ မှ မောင်ဆန် နဲ့ admin တစ်ယောက်ထဲဆိုတာ ဘွင်းဘွင်းပေါ် အရှက်တွေ ဗျမ်းဗျမ်းကွဲပြီး မင်းတို့ တီးရှော့(ပ)ကြီးပိတ်ချလိုက်ပါရောလား..မောင်ဆန် ကအက်(ဒ)မင်ဆိုရောဘာဖြစ်လဲ..
မင်းတို့ ကိုယ်တိုင် မရိုးမသားလိမ်ထားပြီး ကမ္ဘာသတင်းဌာန ဘီဘီစီလိမ်တာ ဘာလို့ ဟိုနေရာသန်းရှာသလို လုပ်နေမလဲ။

ထားပါတော့ ဘီဘီစီ နားထောင်တဲ့ မြန်မာပြည်သူတွေမှိုင်းမိနေတယ်လို့ ။မင်းတို့ လဲ နအဖ က brain wash လုပ်ထားတာမဟုတ်လား။ မင်းတို့ လဲလိမ်စဉ်မြန်မာ့ အလင်းသတင်းစာမှိုင်းမိနေတာပဲလေ။
ကိုယ်တို့ ကတပ်မတော်သားတွေကိုမမုန်းပါဘူး။ အမျိုးကိုချစ်တယ်ဆို ရင်စကားများများမပြောနဲ့ ပြည်သူ့ ဘ၀ထဲဝင်ကြည့်။ လုပ်သင့်တာလုပ် ဟုတ်လား..မင်းတို့ ရုရှားမှာ စာသင်နေတာဖြစ်ပါစေ။နေပြည်တော်ကနေ ဒီဘလော့ဂ ကိုရေးနေတာပဲဖြစ်ပါစေ.။ မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်တန်းတန်းပြော။ အိုင်ပီဖျောက်စရာမလိုဘူး။ မင်းတို့ ကစထွက်ကထဲကို က လိမ်ဖို့ ကြိုးစားနေတာ.နောက်ကြောင်းကလဲ မြန်မာတီးရှော့(ပ)ဖိုရမ်မှာ လိမ်ထားခဲ့တာမို့ မင်းတို့ တင်ပြချက်တွေကို သံသယနဲ့ စောင့်ကြည့်ခံရမှာမထူးဆန်းဘူး။

ကိုယ်ယုံကြည်တာလက်ခံတာပြောဆိုတာလူ့ အခွင့်အရေးပါ။မင်းတို့ ကိုမှားတယ်ကိုယ်မပြောပါဘူး။ကွန်မန့် တွေသေချာပြန်ဖတ်ပါ။
ဘီဘီစီကြည့်တဲ့ ကမ္ဘာ့လူသားတွေ..ကိုယ်တို့ တွေ မှာစဉ်းစားဥာဏ်ရှိတယ်။ မင်းတို့ ဘီဘီစီကိုမုန်းပေရှာမယ်။ ဘီဘီစီက နအဖ အပုပ်တွေ၊မင်းတို့ အရှုပ်တွေလဲဖြေပြနေတာကိုး။
အပေါ်က ယူအက်(စ)ဒေါ်လာ က 9-11 ပုံထည့်ရိုက်တော့ရောဘာဖြစ်တုန်း။သူ့ နိုင်ငံပိုက်ဆံသူ ကြိုက်တဲ့ပုံရိုက်မှာပေါ့။ 9-11 ကို အမေရိကန်ပြည်သူတွေ မမေ့အောင် သမိုင်းမှတ်တမ်းအနေနဲ့ ရိုက်ထည့်ထားတာဖြစ်ချင်ဖြစ်မှာပေါ့။ မင်းတို့ ကို အဲဒိ အမေရိကန်ဒေါ်လာ ၂၀ နဲ့ မြန်မာငွေ ၂၀ ကျပ်တန် ယူဆို ဘယ်ဟာယူမလဲ။ု

ထားတော့မင်းအပေါ်ကကိုယ်မေးထားတဲ့မြန်မာပြည်သတင်းဌာနတွေအကြောင်း၊ လဲဖြေနိုင်ရင်ဖြေ၊မဖြေနိုင်လဲကိုယ်နားလည်တယ်။မင်းတို့ ကမင်းခစားဆိုတော့ ၀န်ကြီး ကိုကျော်ဆနုးကိုဒီဘလော့ဂလေး ရဲ့ အစီရင်ခံစာပုံမှန်တင်ပြရမှာကိုး။ ဘာတဲ့မီဒီယာကိုမီဒီယာနဲ့ တိုက်ဆို..ဟုတ်လား..

ထားတော့..ကဲ..မင်းမသိချင်ယောင်ဆောင်ပြီးမဖြေသေးတဲ့ အပေါ်က မေးခွန်းတွေကို ကိုယ်ထပ်ပြောမယ်။ မင်းတို့ ရေးတဲ့ ဖော်ပြတဲ့ ဘီဘီစီ က 9-11 ကို ကြိုးကိုင်ပြီးအမေရိကန်တွေကို သတ်ခဲ့တယ်။ ဘင်လာဒင်လေးကအပြစ်ကင်းရှာတယ်။သူ့ ဟာသူ ဂူထဲမှတရားကျင့်နေတာ.အဲဒါတွေကို ကိုယ်အခုဒိဘလော့ဂ ရောက်မှ အမှန်တွေသိမြင်သွားရပြီ။ ဘီဘီစီလူလိမ်၊လူသတ်သမားကြီးလို့ လက်ခံပါပြီတဲ့.။
မင်းတို့ တင်ပြသလို ဘီဘီစီကအင်္ဂလိပ်တွေက အမေရိကန်တွေကို သတ်ခဲ့တာမှန်တယ်ပဲထားပါတော့.

မြန်မာစစ်တပ်က စစ်အာဏာရူးတွေအလိုကျ ကိုယ့်အာဏာတည်မြဲဘို့ မြန်မာမြန်မာချင်း ပြန်သတ်။ ဆန္ဒပြတဲ့ကျောင်းသားတွေပြည်သူတွေကို ထောင်သောင်းချီပြီး ရက်ရက်စက်စက်ပြန်သတ်။မင်းတို့ ဆောင်ပုဒ်အတိုင်း ဗုဒ္ဓအလိုကျညိမ်းချမ်းစွာ နေကြဘို့ တိုင်းပြည်တိုးတက်ဘို့ လက်နက်မဲ့ အေးချမ်းစွာ ဆန္ဒပြတဲ့အဖြူအစိမ်းဝတ်ကျောင်းသားလေးတွေကို ဘက်နက်နဲ့ ထိုး၊ သေနတ်နဲ့ပစ်သတ် တဲ့အဖြစ်ကတော့ ရာဇ၀င်မှာရုပ်ဆိုးလွန်းပါတယ်လေ။
မြန်မာ့အရေါ်နဲ့ ကမ္ဘာ့အရေးခွဲခြားမရဘူးလို့ မင်းတို့ အထက်ကဖြေရှင်းချက်ကိုလဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ၊ ကမ္ဘာကလေးစားတဲ့ ငြိမ်းချမ်းရေးနိုဘာ်(လ)ဆုရှင်တွေရဲ့ စကား ကိုဖုတ်လေတဲ့ငပိရှိတယ်မထင်တဲ့ ဘယ်သူတေတေငတေမာပြီးရော..အာဏာစင်ပေါ်ယစ်မူးပြီး ၁၉နှစ်လုံးလုံးတက်ထိုင်နေတယ်မင်းတို့ အဘဗိုလ်ချုပ်ကြီး တွေကိုသာရှင်းပြပါလေ။သူ တို့ ကမင်းတို့ လို မဟုတ်ဘူး..မြန်မာ့အရေးကပြည်တွင်းရေးသက်သက်လို ၁၉နှစ်လုံးလုံး ဘူးခံပြီ့း မျက်စိမှိတ်အော်နေတာမဟုတ်လား..ဒီတော့လဲ ဘီဘီစီတွေကိုကိုယ့်လူတို့ အာရုံစိုက်နေမယ့်အစား..မြန်မာ့အရေး က ပြည်တွင်းရေးသက်သက်ဆိုသမို့ ပြည်တွင်းကသတင်းဌာနတွေ၊အာဏာရှင်စနစ်တွေကိုပဲ ငါ့ညီတို့ အရင် ပြောင်းလဲပစ်ပါလေ။.ဒါမှလဲငါ့ညီတို့ ဆိုသလို မြန်မာ့အရေးက ကမ္ဘာ့အရးထဲ ပါလာမှာပါလေ…Brain Wash လုပ်ခံထားရတဲ့.မင်းတို့ ကိုရှင်းရတာလဲမောသကွာ..သိပ်မပြောချင်တော့ဘူး….

* In Search of Truth * said...

အစ်ကို ကျနော် တင်ပြထားတဲ့ အကိုးကားတွေထဲမှာ BBC, CNN ပဲရှိပါတယ် ခင်ဗျာ။ သေသေချာချာ ပြန်ဖတ်ကြည့်ပါအုံး။ အစ်ကို ပြောတဲ့ ဘင်လာဒင်မှိုင်းလုံး ကျနော်တို့ ဘာကြောင့် မိသွားမှာလဲ။

(အားလုံး အတူတူပါပဲကွယ်) ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ မြန်မာ့အသံနဲ့ မြန်မာစစ်အစိုးရ သတင်းစာတွေဟာလည်း BBC, CNN သတင်းဌာနကြီးတွေလိုပဲ ဘက်လိုက်တယ်ဆိုတာ လက်ခံပါတယ်ခင်ဗျာ။ ဒါ့ကြောင့် ၀ါရင့်နိုင်ငံရေးသမားတွေရဲ့ ကြေငြာချက်ကို ဖေါ်မပြချင်းဖြစ်ပါတယ် ခင်ဗျာ။

စစ်တပ်အဏာရှင် ပြုတ်ကျသွားရင် အစ်ကိုတို့ ဒီမိုကရေစီ အဏာရှင်တွေ တက်လာမှာပါ။ အပြစ်မဲ့ပြည်သူတွေကို အင်္ဂလန် (7/7) နဲ့ အမေရိကန် (9/11) မှာလို သတ်ပြစ်ကျမှာပါ။ အစ်ကိုတို့ အခုလုပ်ကိုင်နေပုံတွေ ပြန်ကြည့်ရင် ကျနော်ပြောတာ အစ်ကိုတို့ လက်ခံမှာပါ။

ကျနော် အကဲခတ်မိတာလေး နည်းနည်းပြောချင်ပါတယ်။ အစ်ကိုကြည့်ရတာ စကားပြောရင် နည်းနည်း စိတ်တိုတတ်ပုံပေါ်နေတယ်နော်။ စကားကို အနိုင်ရရင် ပီးရော ခေါင်းစဉ်နဲ့ ဆိုင်လား မဆိုင်လားလည်း ထည့်တွက်ပုံမရသလိုပဲ။ အခုဟာ ဘာနဲ့တူလဲဆိုရင် ပြင်သစ်တော်လှန်ရေးအကြောင်း စာသင်နေတဲ့ အချိန်မှာ မြန်မာပြည် မင်းတုံန်းမင်း မိန်းမများတဲ့ အကြောင်း ၀င်ထောက်နေသလို ဖြစ်နေပါတယ်။ အဲတော့ အစ်ကိုရယ် ကျနော်တို့ 9/11 မှာ BBC ပါဝင်နေတယ်လို့ လက်ခံတယ်ဆိုရင် comment မှာ ရပ်သင့်ပြီထင်ပါတယ်။ တခြားအကြောင်းတွေကတော့ ခေါင်းစဉ်နဲ့ ဆက်စပ်မှ ပြောရင်ပိုပြီး သင့်တော်မှာပါ။ အလကား နေရင်း စိတ်တိုနေတော့ အစ်ကိုလဲ အကုသိုလ်ရမှာ ဆိုးလို့ပါခင်ဗျာ

Anonymous said...

မင်းတို့ ကိုဘင်လာဒင်မှိုင်းလုံးမိတယ်ပြောတာလက်မခံရင် ဘီဘီစီနားထောင်တဲ့မြန်မာပြည်သူတွေကရောဘာလို့ ဘီဘီစီ မှိုင်းလုံးမိတယ်စွပ်စွဲနေရတာလဲ။ တရားမျှတအောင်ပြောပါငါ့ညီ။
မင်းသိထားဖို့ က ဒီမိုကရေစီ ရရင် အစိုးရတက်လုပ်မယ်လို့ ဘယ်သူကပြောတုန်း။ဒီမိုကရေစီစနစ်အစစ်မှာ ပြည်သူကပဲရွေးကောက်လို့ ရတယ်။ မင်းတို့ ကမဆိုင်တဲ့အပေါက်ဂလိုင်နဲ့ ခေါက်ပြီး ပြည်သူကိုမှိုင်းမိတယ်ဘာညာစွပ်စွဲနေလို့ ဝင်ပြောနေတာဟေ့…ကုသိုလ်ဖြစ်စေချင်ရင် အိုင်ပီဖျောက်ထားတာလေးရှင်းဦးလေကွာ…မင်းဖြေလိုက်ရင်ဝေ့လည်ကြောင်ပတ်တွေသိပ်များတယ်..နအဖဗိုလ်ချုပ်တွေစကားပြောတာကျနေတာဘဲ..၂ နာရီ ၃နာရီအရှည်ကြီးတွေပြောပြီး ဆုံးတော့ဘာမှမကျန်ခဲ့ဘူး..ဒီပို့ (စ)ကွန့် မန့် ဒီမျှသာပါဘဲ..အပေါ်ကကိုယ်ထောက်ပြတာလေးတွေက မင်းတို့ ဘယ်သူလဲလို့ လူသိအောင်လို့ ပါ…စိတ်မဆိုးကြေးနော်…

Anonymous said...

ဒီမိုကရေစီအာဏာရှင်တွေက ပြည်သူတွေကိုသတ်ပြစ်ကျလိမ့်မယ်..ဟုတ်လား…Joke of the Day ပဲ…မှတ်သားစရာကောင်းတဲ့ အယူအဆသစ်ကလေး ပါပဲ.ကျေးဇူးတင်ပါတယ်
ဒီမိုကရေစီနဲ့ သွားမှသာတိုင်းပြည်တိုးတက်မယ်လို့ မိန့် ခွန်းချွေခဲ့တဲ့.ဗိုလ်ချုပ်အောင်ဆန်းကြားရင်တော့ ၂ခါပြန်သေချင်သွားပါလိမ့်မယ်…
ဒီလိုခံယူချက်ကလေးတွေကခင်ဗျားတို့ ရပ်တည်ချက်ကိုကွက်ကွက်ကွင်းကွင်းပြောပြနေပါတယ်.ကိုယ်ထပ်ပြောဖို့ မလိုတော့ပါဘူးလေ..

* In Search of Truth * said...

မိမိပြည်သူတွေကို ဒီမိုကရေစီနိုင်ငံတွေမှာလည်း သတ်နေကြပါတယ် ခင်ဗျာ။ 9/11 နဲ့ 7/7 အပြင် အများကြီးရှိပါသေးတယ်။ ကျနော်ပြောတဲ့ စကားတွေ အတွက် အထောက်အထားတွေ အမြဲပူးတွဲ တင်ပြပါတယ်။ အစ်ကိုတို့ Closed Minded ဖြစ်နေတာတော့ ကျနော်လဲ မတတ်နိုင်ပါဘူးခင်ဗျာ။ သတိထားကြည့်ပါ။ အစ်ကို စကားပြောတိုင်း ငယ်ငယ်က ကြားခဲ့တဲ့ သတင်းတွေပေါ်မှာ သန်ရောင်မှန်းလိုက် ပြောနေတာပါ။ အဲဒီသတင်းတွေ ဘယ်လောက် မှန်လဲဆိုတာ အစ်ကို ဘယ်တုံးကမှ မသုံးသပ်ပါဘူး။ ပိုဆိုးတာ အဲဒီ အတွေးအခေါ်တွေကို အတင်းကို ကာကွယ်ဖို့ လုပ်နေခြင်းပါ။ အားမနာတမ်းပြောရမယ်ဆိုရင် အစ်ကိုတို့ အဖွဲ့တွေ စာရေးရင် ဘယ်အချိန်အခါမှာများ အထောက်အထားပါလဲခင်ဗျာ။ ဘယ်အချိန်အခါမှာ အကျိုးသင့် အကြောင်းသင့် အဖြေပေးရဲလဲခင်ဗျာ။ အဓိက စာဖတ်ကောင်းအောင် ရေးကျတာပဲ မဟုတ်လားခင်ဗျာ။
အစ်ကိုအပြုအမူတွေကို သုံးသပ်ရမယ်ဆိုရင် ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရရင် အခုထက်ပိုပြီး နှိပ်ကွပ်ခံရမယ်ဆိုတဲ့ သဘောဆောင်နေသလို ဖြစ်နေပါတယ်ခင်ဗျာ။ ဒီတော့ အစ်ကိုရဲ့ အပြုအမူလေးနည်းနည်း ပြင်ပေးရင် ပိုသင့်တော်မယ်လည်း ထင်ပါတယ်ခင်ဗျာ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး။
အစ်ကို နောက်တစ်ခါ ထပ်မေးရင် အခု Comment ခေါင်းစဉ်နဲ့ သက်ဆိုင်သာပဲ ပြောပါ ခင်ဗျာ။ မဆိုင်တဲ့ အကြောင်းတွေပြောရင် စာဖတ်တဲ့ သူတွေကို အနှောက်ယှက်ပြုသလို ဖြစ်နေမှာ ဆိုးလို့ပါခင်ဗျာ။ စိတ်မရှိပါနဲ့ဗျာ

Anonymous said...

အဘဇော်မျိုးကလဲခင်ဗျာ..
ငယ်ငယ်တုန်းကကြားခဲ့တဲ့သတင်းဆိုတာဘာကြီးကိုပြောတာပါလဲခင်ဗျာ..
အဘဇော်မျိုးကတော့ကြီးမှကြားဖူးတဲ့နအဖသတင်းကိုနဲ့ ဆောင်ပုဒ်ကိုသံယောင်လိုက်နေတာကိုထောက်ပြတာပါခင်ဗျာ။အဘဇော်မျိုး ကတဆိတ်ရှိသတ်ဖို့ ဖြတ်ဖို့ ပဲတွေးနေကြတာကိုးခင်ဗျာ..
ဒီမိုကရေစီတောင်မှ အာဏာယူမယ်လို့ ထင်နေကထဲက အဘဇော်မျိုးတို့ မောင်ဆန်တို့ ကလေးစားစရာကောင်းလွန်းနေပါတယ်ခင်ဗျာ..
အထောက်အထားမရှိဘူးထင်တဲ့ပို့ (စ)တွေကိုသွားပြီးဘာလို့ ကွန် မန့် မရေးရဲတာပါလဲခင်ဗျာ..
စာဖတ်သူတွေကို လေးတန်းကလေးသူငယ်လေးတွေထင်ပြီး ဘီဘီစီမှိုင်းမိသူဘာညာ ဘလာချီကြီးစွတ်စွဲနေလို့ စာဖတ်သူ ကျွန်တော်က အဘတို့ ကို ဝေဖန်ထောက်ပြနေတာပါခင်ဗျာ..
ဒီကွန်မန့် တွေအားလုံးက မြန်မာပြည်သူတွေကို ဘီဘီစီမှိုင်း မိသူ လို့ အရမ်းကာရော ၀ါးလုံးရှည်နဲ့ ရမ်းနေတဲ့ငါ့စကားနွားရ အဘဇော်မျိုးတို့ ရဲ့ ပို့ (စ)တွေကိုပြန်ဝေဖန်မိတာမို့ ဒီပို့ (စ)တွေနဲ့ ဆိုင်ပါတယ်ခင်ဗျာ…အဘဇော်မျိုး တို့ ကစာဖတ်ပရိသတ်မြန်မာပြည်သူတွေကို မှိုင်းမိသလေးဘာလေးစွတ်စွဲနေလို့ ပါခင်ဗျာ..ဘင်လာဒင်မှိုင်းနဲ့ နအဖ မှိုင်းက ပို အဆိပ်ပြင်းတယ်ဆို တာအဘဇော်မျိုးတို့ ရေးသားချက်တွေက ပြောပြနေပါတယ်ခင်ဗျာ..
ဒီမိုကရေစီရရင်ဆိုတော့ အဘဇော်မျိုးရဲ့ အဘထိပ်ခေါင် အာဏာရှင်စစ်ဗိုလ်ချုပ်ကြီးတွေကဒီမိုကရေစီပေးမယ်လို့ လဲဘယ်သူကမှမယုံကြည်ပါခင်ဗျာ..ခင်ဗျာ..အဘတုန့် ပြန်တာကြည့်ရတာစိတ်မရှည်တော့သလိုဖြစ်နေပါတယ် ခင်ဗျာ..ခင်ဗျာ..စာဖတ်သူ ကိုလေးစားရင် ကိုယ့်စာလာဖတ်တဲ့သူကိုအဘတို့ ကပိတ်ပြီး မစော်ကားဘို့ ။ ကိုယ်လိုချင်တာပြောနေရင် ယုံမှာပဲထင်ပြီး လျှောက်ဝါဒတွေဖြန့် မနေပါနဲ့ ခင်ဗျာ…

ဒါနဲ့ စာမေးပွဲဖြေနေတယ်ဆို..ဘယ်နှယ့်ဘလော့ဂမှာနေ့ တိုင်းဝင်ပြီး စာတွေပြန်နေရတာပါလဲခင်ဗျာ…ဗျောင်လိမ်..ဗျောင်လိမ်..ဗျောင်လိမ်..ဗျောင်လိမ်..ဗျောင်..ဗျောင်…အော်..ဇာဂနာပျက်လုံးလေးပါခင်ဗျာ..အဘဇော်မျိုးနဲ့ အဘမောင်ဆန်တို့ ကျန်းမာချမ်းသာစွာ ဘလော့ နိုင်ကြပါစေခင်ဗျာ..ခင်ဗျာ..ခင်ဗျာ..ခင်ဗျာ…ခင်ဗျာ..ဆောတီး..ခင်ဗျာနည်းနည်းများသွားတယ်..အဘဇော်မျိုးရဲ့ လေသံအတုလေး လိုက်အတုခိုးကြည့်တာ..ခွင့်လွှတ်ပါခင်ဗျာ…

* In Search of Truth * said...

ဒီမိုကရေစီ အဏာ မယူဘူးဆိုတာ ငယ်ငယ်တုံးက ကြားခဲ့တဲ့ စကားကို ပြောနေတာပဲ မဟုတ်လား။ လက်တွေ့ကျကျ ပြောနေတာ မဟုတ်ဘူးဆိုတာ ကျနော် သဘောပေါက်ပါတယ် ခင်ဗျာ။ ကျနော်သတိထားမိတာ လေးတစ်ခုပြောချင်ပါတယ်။ အစ်ကိုတို့ ဒီမိုကရေစီသမားတွေက ဆရာကြီးအထာနဲ့ နိုင်မယ်ထင်လို့ ဆရာလာလုပ်ကြပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ မနေဖူးပဲ ဒီမိုကရေစီနိုင်ငံ အကြောင်း ခတ်တည်တည်နဲ့ ပြောနေကြတာပဲ မဟုတ်လားခင်ဗျာ။ အစ်ကိုတို့ အမှားကို ထောက်ပြခံရတဲ့ အချိန်မှာတော့ ငရံ့ပြာလူးဖြစ်ကုန်ကျရော။ BBC, CNN သတင်းတွေကို စုစည်းဖေါ်ပြတာကိုပဲ လိမ်တယ်လို့ ဇွတ်ကြီးကိုပြောတဲ့ သူကပြော။ ကိုယ့်အမြင်နဲ့ မတူတဲ့အခါ ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့ ဒီမိုကရေစီ မိန်းခလေးတွေတောင် ရှိနေပါတယ်။ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး အဲလိုအပြုအမူမျိုးတွေရှိနေတာ စိတ်တော့ မကောင်းပါဘူးဗျာ။ ဒါပေမယ့် MKULTRA အကြောင်းလေ့လာဖူးတော့ ဒီအပြုအမူတွေကို နားလည်သဘောပေါက်လိုက်ပါတယ်ဗျာ။ MKULTRA ညွှန်ကြားချက်အတိုင်း အစ်ကိုတို့ အမှန်ကို လက်မခံပဲ ပုဂ္ဂိုလ်ရေး ဆက်တိုက်ပါ။ သက်သေတွေမြင်ရက်နဲ့ အတင်းကို ဆက်ညင်းပါ။ ကျနော်နားလည်ပေးပါတယ်။ အစ်ကို့စာတွေကိုလဲ မဖျက်ပါဘူး။ စိတ်တိုင်းကျ ရေးပါခင်ဗျာ။ အစ်ကိုတို့ စိတ်ချမ်းသာတော့ ကမ္ဘာကြီးအတွက် အကျိုးရှိပါတယ်။

Unknown said...

Clear about your IP. You are afraid to clear this matter. Haha. NaAFa's brain wash you. Are you from Russia studying for the Nuclear or Are you a militrary official from KyutKone?

But your "MOE LONE PYAE MUTHA WADA" are quite funny because we can think of a brainless child like you as an example of how NaAFa brain-wash you and other cohorts?

By the way, clear the matter on IP? You can check my IP if you want. Some people dares to write by hiding IP. That's the same as how NaAFa handles cases. Quite Funny. Carry on, Zaw Myo & Mg San. We are here to post our view also. Cheers!