Friday, August 17, 2007

9/11 နဲ့ 7/7 လူသတ်မှုကို ဒီမိုကရေစီစိတ်ဝင်စားသူတွေ မေ့ထားသင့်လား

အမှားအမှန် ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတယ်ယုံကြည်ရင် ကျနော်ရေးထားတာကို ဆုံးအောင် ဖတ်ပေးပါခင်ဗျာ။ ကျနော်တို့ နှစ်ယောက်ကတော့ စကားလုံးလှလှလေးများကို အသုံးပြုပြီး အယုံသွင်းတဲ့ အလုပ်ကို မနှစ်သက်ပါဘူး။ လိုရင်းတိုရှင်း ပြောပါမယ်။ အမှားအမှန် မိမိဦးနှောက်နဲ့ စဉ်းစား စေချင်ပါတယ်။ Closed mind လုပ်ပြီး ဆက်မဖတ်ချင်ဖူးဆိုရင်လဲ ကျနော် မတတ်နိုင်ပါဘူးခင်ဗျာ။

မြင်သာအောင် ကျနော်ကားဝယ်တဲ့ ပုံစံလေး အသုံးပြုရှင်းပြ ချင်ပါတယ်ခင်ဗျာ။ ပွဲစား စိတ်ဓါတ်လေးကို ပြောကြည့်ပါမယ်။ ပွဲစား တွေဟာ ကျနော်တို့ရဲ့ ပျော့ကွက်ကို သိကျပါတယ်။ သူတို့ကား မ၀ယ် ၀ယ်အောင် ညွှန်းပြီး ပြောတတ်ကျပါတယ်။ လိုအပ်ရင် ဖြဲချောက်တာတွေ ရှိကြပါတယ်ခင်ဗျ။ ဖိအားပေး တာတွေလဲ လုပ်တတ်ကျပါတယ်ခင်ဗျ။ ဘာမှ မလေ့လာပဲ ကားပွဲစားနဲ့တွေ့လိုကတော့ သူတို့ရဲ့ ချောက်လုံး မြှောက်လုံးများကြားမှာ မြောသွားပြီး သူတို့ ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်လေး ဖြစ်သွားမှာပါ။ ကားပွဲစားတွေကို ယုံကြည်လို့ မရဘူးပြောရင် လက်ခံမယ်ထင်ပါတယ်။ ကျနော်တို့ ပထမဆုံး ကို့အသိတွေကို သူတို့ အသုံးပြုနေတဲ့ ကားတွေ ဘယ်လိုနေလဲ မေးမြန်းရပါတယ်။ သူတို့ အသုံးပြုပြီးရတဲ့ အတွေ့အကြုံကို ကြည့်ပြီး အဲဒီကား ၀ယ်သင့်လား ဆုံးဖြတ်ရပါတယ်ခင်ဗျာ။ ဒီအထိ သဘောတူတယ် မဟုတ်လားခင်ဗျာ။

ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ရမှ ကြီးပွားမယ်လို့ မြှောက်လုံးပေးပြောနေတာပါ။ ဒီမိုကရေစီ မရရင် နိုင်ငံကြီး ဆက်လက် စုတ်ပြတ်နေမယ်လို့ ဖြဲချောက်နေတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာတွေးခေါ် ဝေဖန်ခွင့်ပေါ်မှာ တည်ဆောက် ထားတယ်ပြောပြီး နည်းနည်းပါးပါး ဝေဖန်ရင် လူမြင်လို့ မကောင်းအောင် နည်းပေါင်းစုံနဲ့ တိုက်ခိုက်နေတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီ နိုင်ငံရေး သမားတွေ မဟုတ်လားခင်ဗျာ။ ကျနော်တို့တွေ နိုင်ငံရေးသမားတွေ အားလုံးကို ပွဲစားတွေနဲ့ တန်းတူထားရမှာပါ။ သူတို့ပြောသမျှ မယုံမိဖို့ လိုပါတယ်။ ကျနော်အခုလိုပြောတာကို ဒီမိုကရေစီ လုပ်ကိုင်နေတဲ့ အစ်ကိုတွေ စိတ်မရှိကျပါနဲ့ဗျာ။ ကျနော် စော်ကားလိုစိတ်နဲ့ ပြောနေတာ မဟုတ်ရပါဘူး။

အဲဒါတွေကြောင့် ဒီမိုကရေစီ စံနစ်ဟာ သူတို့ပြောသလို ဟုတ်ရဲ့လားဆိုတာ လက်ရှိ ဒီမိုကရေစီ စံနစ်ကျင့်သုံးနေတဲ့ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ နိုင်ငံတွေရဲ့ အခြေအနေမှန်ကို လေ့လာဖို့လိုပါတယ်။ ကားပွဲစား နိုင်ငံရေးသမားများ ရေးသားတဲ့ စာစောင်တွေ၊ အသံလွှင့်ဌာနတွေ ရဲ့ပြောကြားချက်နဲ့ အမှားအမှန် မပိုင်းခြားပါနဲ့။ အထူးသဖြင့် သူတို့တွေဟာ Emotional Manipulation လို့ခေါ်တဲ့ အပိုင်းမှာ အရမ်းကျွမ်းကျင်ပါတယ်။ ကျနော်တို့ စိတ်ကို သူတို့ ပြောသမျှယုံအောင် လုပ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းတိကျတယ်လို့ သတ်မှတ်တဲ့ BBC ကို ကျနော်တို့ ဘက်မှာ မယုံကျပါဘူး။ မယုံဘူးဆိုရင် ဘယ်သတင်းကို နားထောင်လဲ မေးစရာရှိပါတယ်။ အဖြေကတော့ ဘယ်သတင်းမှ နားမထောင်ကျပါဘူး။ ကျတို့နှစ်ယောက် သူငယ်ချင်းတွေ အားလုံးနီးပါး သတင်းစာမှာ အားကစား၊ ရုပ်ရှင်၊ quiz နဲ့ classified ပဲ ဖတ်ကျပါတယ်။ မြန်မာပြည်သတင်းစာမှာ လူတွေက မင်္ဂလာဆောင်နဲ့ နာရေးဖတ်တဲ့သဘောမျိုးပါ။ အားလုံး အတူတူပါပဲ လေလို့ပဲ ဆိုချင်ပါတယ်ခင်ဗျာ။

မြန်မာပြည် စစ်အဏာရှင်ကြောင့် မွဲနေတယ်လို့ လူတော်တော်များများ ယုံကြည်ကျပါတယ်။ ဒါတွေကို ကျနော်တို့ကို မွေးကတည်း နေ့စဉ်ကြားနေတော့ စိတ်ထဲမှာ အမှန်လို့စွဲထင်နေကျပါတယ်။ ဒါကို ကျနော်နဲ့ အစ်ကို မောင်ဆန်လုံးဝ သဘောမတူပါဘူး။ အဏာရှင်နိုင်ငံဖြစ်ပီး ချမ်းသာနေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်ခင်ဗျာ။ ဒီမိုကရေစီစံနစ်နဲ့ မွဲတေနေတဲ့ နိုင်ငံလည်း မနည်းပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုးရွားနေတာ ဒီမိုကရေစီနဲ့ နအဖကြား အဏာလုပွဲနဲ့ တိုင်းပြည်အတွင်း စည်းလုံးရေးလုံးဝ မရှိ ဖြစ်နေတာတွေကြောင့်ပါ။
နအဖ တခုတည်းကိုသာ အပြစ်ဖို့နေတာဟာ ကားပွဲစားများ၏ လုပ်ထုံးအစဉ်အလာနဲ့ လုံးဝ ချွတ်စွပ်တူနေပါတယ်ခင်ဗျာ။

စဉ်းစားဖို့ပါလေစာရင်း (အမှန်ကို သိလိုသူများအတွက်သာ)
(၁)ပထမဆုံး ဒီမိုကရေစီရမှ တိုးတက်ဆိုတဲ့ မက်လုံးကို ကျနော်တို့ ဖြစ်နိုင်လား စဉ်းစားပါ။ တရုပ်နိုင်ငံ ဒီမိုကရေစီ မရှိပါဘူး။ တိုးတက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်းကို နအဖကြီးမှာပဲ အားလုံးတာဝန်ရှိတယ်လို့ ပြောချင်းဟာ ကလေးငယ်လေးတွေကို ပုံပြင်ပြောသလိုဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ လောက်ရှိပါတယ်။ စီးပွားရေး သပိတ်မှောက်ထားတဲ့ထဲက စီးပွားရေး အဆင်ပြေတာ ကြားဖူးကျပါလား။ ဒါဆိုစီးပွားရေး ပိတ်ဆို့အောင် လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ အပြစ်မတင်ပဲ ထားသင့်လား။ စိတ်မရှိဘူးဆိုရင် မေးချင်ပါတယ်။ ဒီမိုကရေစီ သမားတွေ နအဖ လက်အောက်မှာ မြန်မာလူမျိုးတွေ စားဝတ်နေရေး အဆင်ပြေတာ မြင်ချင်ရဲ့လား ။ ကျနော် တွေးမိတောသလောက် စီးပွားရေးအဆင်ပြေပီး ပြည်သူတွေဟာ ဒီမိုကရေစီသမားတွေ အဏာရရှိရေး မကူညီမှာကိုတော့ စိုးရိမ်နေတဲ့ပုံ ရှိပါတယ်။(သက်ဆိုင်သူများ စိတ်မဆိုးကျပါနဲ့ဗျာ)

(၂) အင်ဒိုနီးရှား ဆူဟာတို အာဏာရှင် လက်အောက်မှာ တိုးတက်ပါတယ်။ ယခု ဒီမိုကရေစီ စံနစ်အောက်မှာ စီးပွားရေး ချွတ်ခြုံကျနေပါတယ်။ ဒီမိုကရေစီ စံနစ် ရှိမှ တိုးတက်မယ်ဆိုတာ လက်တွေ့ဆန်ပါသလား

(၃) ဒီမိုကရေစီ စံနစ်မှာ မိမိပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားရင် အမေရိကန်၊ အင်္ဂလန် နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ 9/11 နဲ့ 7/7 လူသတ်မှုကို ဘာကြောင့် တရားခံ အစစ်ကို မဖေါ်ထုတ်ပဲ နေနိုင်လဲ

(၄) လွတ်လပ်စွာ ပြောဆိုခွင့်ရှိရင် 9/11 နဲ့ 7/7 ကောင်မရှင်စုံစမ်းတဲ့ ကိတ်စ္စမှာ ပြည်သူရွေးချယ်ထားတဲ့ လွတ်တော် အမတ်တွေ ဘာကြောင့် ရေငုံနှုတ်ပိတ်နေပါလဲ။

(၅) ဘာကြောင့် အသံလွှင့်နဲ့ စာနယ်ဇင်းတွေ 9/11, 7/7 ကို အကျယ်ချဲ့ မပြောပဲနေကျလဲ။ သက်ဆိုင်တဲ့ အုပ်ချုပ်သူတွေကို မေးခွန်းမထုတ်ကျလဲ။

(၆) ဒီမိုကရေစီ (အမေရိကန်နဲ့ ကနေဒါ) အစိုးရဟာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တယ်ဆိုရင် ဘာကြောင့် ပြည်သူတွေက ဓါတုအဆိပ်ငွေ့တွေ သူတို့မြို့တွေပေါ်မှာ ပက်ဖျန်းတဲ့ စွပ်စွဲချက်ကို ယုံကြည်နေလဲ

(၇) လူသန်း ၂၀ ကျော် သေဆုံးမှု့နောက်ကွယ်မှာ အမေရိကန်အစိုးရ ပတ်သက်နေတယ်လို့ အမေရိကန်တွေ ယုံကြည်နေတာကို ဘယ်လို စဉ်းစားမလဲ။ ကိုယ့်ပြည်သူက တောင် အဲလိုထင်သွားရခြင်းရဲ့ အခြေခံက ဘာကြောင့်လဲ

(၈) ဒီမိုကရေစီစံနစ်မှာ တက်လာတဲ့ အစိုးရဟာ ပြည်သူတွေ လိုလားတာ လုပ်ပေးတယ်ဆိုရင် လူငယ်တွေ ဘာကြောင့် မဲပေးဖို့ စိတ်မ၀င်စားလဲ။

(၉) တရားဥပဒေ အမှန်အကန်ရှိရင် အမေရိကန်နဲ့ ကနေဒါ ကလူတွေဟာ FBI ၊ RCMP ၊ CIA တွေကို ဘာကြောင့် ကြောက်နေလဲ

(၁၀) သတင်းစာတွေက အစိုးရလုပ်ရပ်တွေ ထောက်ပြနိုင်စွမ်းရှိရင် ဘာကြောင့် ရဲတွေဟာ ပြည်သူတွေကို လက်လွတ်စပယ် လူမြင်ကွင်းမှာလုပ်ရဲလဲ

ဒီလောက်ပါပဲခင်ဗျာ။ အေးအေးဆေးဆေး စဉ်းစားကြပါဗျာ။ အတူတူပါပဲလေ နဲ့ပဲ ပြီးသွားမယ်ထင်ပါတယ်။ အမှန်ကို တွေ့ရှိပါစေလို့ ဆုတောင်းပါတယ်။

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

18 comments:

JulyDream said...

I don't say US is so good and perfect. At my blog, I just express the voices from public. There is No other intentions. Anyway, thanks for sharing.

STH said...

ကောင်းပါတယ်ဗျာ..လေ့လာအားရော..သုံးသပ်မှုရော..အတွေးအခေါ်ရော..အားလုံးကောင်းပါတယ်..
ဆက်ကြိုးစားဗျာ..အားပေးတယ်

Ka Daung Nyin Thar said...

လာလည်သွားပါတယ်..
ဒီနိုင်ငံတွေအပေါ် ဘယ်လိုမြင်လဲဆိုတာ ကျနော် နောက်တော့ ရေးပြပါ့မယ်။ အခုလောလောဆယ် ကိုမောင်ဆန်ခေါ် အက်မင်ကြီး တီးရှော့ကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုပါတယ်။ အဖိုးတန် နိုင်ငံရေးပို့စ်အများကို ကူးယူပြီး ဘလော့မှာ တင်ဖို့ဖြစ်ပါတယ်။

ကဒေါင်းညင်သာ

Ka Daung Nyin Thar said...

အဟီး အခုမှ ဖတ်မိတယ်..
စီးပွားရေးသပိတ်မှောက်တဲ့ကြားက တိုးတက်တဲ့နိုင်ငံ.. ရှိတာပေါ့ ကိုဇော်မျိုးနဲ့ ကမောင်ဆန်..
သေချာ မလေ့လာကြပါလား..
ခင်ဗျားတို့ နေတဲ့ နိုင်ငံ ကနေဒါကို ၂၀၀၃ က ယူအက်စ်ကနေ နွားမ၀ယ်ရ သပိတ်မှောက်လိုက်တာလေ.. ကနေဒါရဲ့ ဂျီဒီပီ ကျသွားရော.. ဒါပေမယ့် အစိုးရက တော်တော့ နွားမွေးမြူရေးလုပ်ငန်းက တအားကြီး မဆိုးရွားခဲ့ဘူး.

ဒီမှာကြည့် http://dissemination.statcan.ca/english/research/21-601-MIE/21-601-MIE2004069.pdf

ကိုဇော်မျိုး.. ကျနော် တခုပြောချင်တယ်။ ဒီစာတွေက မျက်စိအကုန်ပွင့်နေတဲ့ လူမျိုးတွေ အထူးသဖြင့် နိုင်ငံခြားက မြန်မာပညာတတ်တွေကို အမြင်ပြောင်းလို့ မရဘူးဗျ..

ကျနော် လာလာဖတ်ပါတယ်။ ကိုဇော်မျိုးတို့ရဲ့ အကွက်ကို လေ့လာဖို့ပါ။ ကျနော် ပညာတိုးပါတယ်။ ကျေးဇူးပါ..

ကဒေါင်းညင်သာ

boedawgyi said...

This is the first time seeing the 6 years old cliche of 9/11 conspricy floating on burmese font.I dont noe whether this is just an another propaganda or what u guys love to do.

http://openyourmindseye.blogspot.com/

This is my fav 9/11 consipricy blog.

What i wana say is every goverment,even elected govs, lies and make a lot of mess. What the difference is the public's legal right to expose the mess or stays silent.

Wai Moe said...

Many pro- democracy and human rights people around the world, even in the US, don’t like the Bush administration.
But they don’t say authoritarian system is better than democracy for people’s happiness.
No body will like that people are afraid of hierarchy or authority.
If you read in politics indeed , you will realize Democracy is more than what you paint in your blog.
Do you think what the Bush administration did in 7 years is meaning of Democracy?
One of meanings of Democracy is struggle. Democracy has been struggling for at least 2500 years. So what you see in youtube is also a part of its struggle.
Everybody in the US can criticize Bush in American or global press. So you can ,at least, get info what is behind 9/11. You can see critical video clips in youtube through freedom of press. But do you forget to say Freedom of Press is a democracy value?
If we want to say about Buddhism, we need learn indeed.
What you write in the blog is readers to doubt that Democracy and Buddhism is opposite.
In real, what Buddha taught in basic is critical thinking, open-mind ,tolerance to dissidents , pluralism . These values are as well as in Democracy.
In Burma’s political culture, the relationship between authority and people is just a subject and subjected one. Do you like this? You could , but not most of 56 millions.

* In Search of Truth * said...

ကိုဝေ
ဒီမိုကရေစီ ဆိုတာ စာရွက်ပေါ်မှာပဲ ရှိပါတယ်။ အဲဒါယုံပါဗျာ။ Bush ကိုဝေဖန်လို့ရတယ်ဆိုတာ လက်ခံပါတယ်။ နအဖ ပြည်သူတွေကို ကျေနပ်အောင် သတင်းစာထဲမှာ လမ်းဘေးရေးမြောင်း ပုတ်စော်နံနေတာကို ထည့်ပြီးဝေဖန်ခံတဲ့ ပုံစံနဲ့ အတူတူပါပဲ။ သူတို့ BUSH ကို ဝေဖန်တယ်ဆိုတာ ဖန်သားပြင်ပေါ်မှာ ဇတ်တိုက်ပီး လုပ်ပြထားတာပါ။

Tower 7 ပြိုကျတဲ့ BBC သတင်း youtube ကိုပြန်ကြည့်ပါခင်ဗျာ။ သတင်းထောက် Jane Standley နဲ့ BBC သတင်းကြေငြာသူနှစ်ယောက် ပြောနေတာ ကြည့်ရင် အဟုတ်ဖြစ်သလို ပြောဆိုနေကျတယ် မဟုတ်လားဗျာ။ တကယ်တော့ သူတို့ဟာ ရုပ်ရှင် သရုပ်ဆောင် တွေပါ။ မကြာခင်က သေဆုံးသွားတဲ့ ဒွေးလို ပေါ့ဗျာ။

ကျနော်တို့ ဆောင်းပါးတွေမှာ သက်သေတွေပြထားပါတယ်။ နောင်မှာ လဲ ထပ်ထွက်လာမှာပါ။ ဝေဖန်တဲ့နေရာမှာ အားလုံးချုပ်ချယ်ထားပါတယ်။ 7/7 အကြောင်း CNN မှာ အကျယ်မချဲ့ ရဲပါဘူး။ ဒါဟာ အင်္ဂလန်နိုင်ငံမှာ ဖြစ်တဲ့ ကိတ်စ္စပါ။ ဘာကြောင့် အမေရိကန် ရုပ်သံဌာနက ဂရုစိုက်နေရလဲ မေးစရာရှိပါတယ်။ ဒါတွေအားလုံး အခုချက်ချင်း ဖြေရှင်းလို့ မရသေးပါဘူး။ နောင်မှာ ဆောင်းပါးတွေ ရေးပြရင်း ဘာကြောင့်လဲဆိုတာ အဖြေ ပေါ်လာမှာပါ ခင်ဗျာ။

Bush နဲ့ CIA ကို ဝေဖန်လို့ အလုပ်ထုတ်ခံရတဲ့သူတွေ ၊ အသတ်ခံရတဲ့သူတွေ ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးခံရတာတွေ အများကြီးရှိပါတယ်။ သူတို့က ပညာသားပိုပါတယ်ဗျ။ လိမ်ရင် လိုအပ်မှ လိမ်တယ်။ သတ်ရင်လည်း တကယ်အရေးကြီးတဲ့ လူကိုပဲ ရွေးသတ်ပါတယ်ခင်ဗျာ။ နအဖထက် အဲဒီနေရာမှာ ပိုသာပါတယ်။ ဒါတွေ CNN မှာ မပါလို့ မသိတာပါ။ ကျနော်တို့ တဖြေးဖြေး အထောက်အထားနဲ့ ပြပါမယ်။ လတ်တလောမှာတင် စာရေးဆရာတစ်ယောက် CIA ဘိန်းကုန်ကူးတာ ဖေါ်ထုတ်ခဲ့လို့ အသတ်ခံခဲ့ရပါတယ်။ ဒါအမေ၇ိက မှာ ဖြစ်နေတာပါ။

* In Search of Truth * said...

အစ်ကို ကဒေါင်းလာလည်တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အစ်ကိုမောင်ဆန်ကို တီးရှော့ပြန်ဖွင့်ခိုင်းတော့ သူကပြောတယ် နအဖက သူ့ကို ကားပါမစ် သုံးစောင် တောင်းတာ နှစ်စောင်ပဲပေးလို့တဲ့။ အဲဒါသူက သုံးစောင်ရမှ ပြန်ဖွင့်မယ်တဲ့ :p ။ အခုလို ပွဲတောင်းနေပုံထောက်ရင် အစ်ကိုတို့ Blog Banner ကြော်ငြာလေးတွေ ပိုက်ပိုင်မယူပဲ တင်ပေးတဲ့နေရာ မရှိတော့လို့လား :p စိတ်မဆိုးကြေး
အစ်ကို ပြောတဲ့ ကိစ္စက ကနေဒါ စီးပွားရေး သပိတ်မှောက်တာ မဟုတ်ဘူးခင်ဗျ။ အစ်ကို ကြည့်ရတာ ရေချိန် ကိုက်နေပီထင်တယ် :p

Ka Daung Nyin Thar said...

မြန်မာတီးရှော့ပေါ်မှာ ဘန်နာ မတင်ရတော့လဲ ဘာဖြစ်လဲကွယ်..
ကိုဇော်မျိုးက ကလေးကျနေတာပဲ။
သိတဲ့လူ လာဝင်လည်လိမ့်မပေါ့။

ကိုမောင်ဆန် သတ္တိမရှိလို့သာ တီးရှော့ မဖွင့်ရဲတာပေါ့။ ပြန်ဖွင့်ရင် ကြေညာချက်နဲ့ ကျနော် မောင်ဆန်သည် တီးရှော့အက်မင်ဖြစ်သည်။ ငါပြောတာသာ အမှန်ဖြစ်သည်။ ဘီဘီစီသည် သတင်း အကုန်လိမ်သည်လို့ ထုတ်လိုက်ပေါ့။

* In Search of Truth * said...

အစ်ကိုကြည့်ရတာ မှန်တယ်ထင်ရင် အတင်းကို ပြောတာပဲနော်။ သူသာ အစ်ကို ပြောသလို အက်ဒမင်ဖြစ်ရင် အစ်ကိုတို့ သိက္ခာ အကြီးအကျယ်ကျ မယ်ထင်တယ်။ သူ့ကို အစ်ကိုတို့က နအဖလူလို့ စွပ်စွဲထားတယ်။ နအဖဖိုရမ် တီးရှော့မှာ ကျနော်တို့ စိတ်ကြိုက် ဆွေးနွေးခွင့်ရှိတယ်။ အစ်ကိုတို့ Blog တွေကို တိုးပွားအောင် တီးရှော့ကူညီခဲ့တယ်ဗျ။ လွတ်လပ်စွာပြောဆိုခွင့်တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီသမားများလုပ်တဲ့ ဖိုရမ်မှာ အဲလို လုပ်ပေးလို့လား။ အစ်ကိုကဒေါင်းကြည့်ရတာ နအဖကို လူတွေ ထောက်ခံလာအောင် မသိမသာ စည်းရုံးနေတဲ့ သူများဖြစ်ပီလား။ အစ်ကိုကဒေါင်းလဲ ကားပါမစ်ကို မျှော်နေပီထင်တယ်။ ဟီးဟီး စတာပါဗျာ။ စိတ်ဆိုးနဲ့ ။ အချိန်ရရင် စီးပွားရေးသပိတ် မှောက်တာ လေ့လာပီး အစ်ကို ကျနော်မေးထားတဲ့ မေးခွန်းလေး ပြန်ဖြေကြည့်ပါအုံးလား ခင်ဗျာ။ ဘာရယ်လို့မဟုတ်ပါဘူး။ ပျော်ပျော် ပါးပါးပေါ့

Wai Moe said...

ကိုဇော်မျိုး အနေနဲ့  ကျနော်ရေးလိုက်တဲ့ ထင်မြင်ချက်နဲ့ ပတ်သက်လို့  သေသေချာချာ သဘောမပေါက်ဘူးနဲ့  တူတယ်။ ဒီမိုကရေစီဆိုတဲ့ သဘောကိုက ရုန်းကန်တိုက်ပွဲဝင်နေခြင်းပဲ။ ခင်ဗျားပြောသလို အမေရိကန်ရဲ့  ဒီမိုကရေစီက မပြည့်စုံသေးဘူး စာရွက်ပေါ်မှာ ရှိနေသေးတယ်ဆိုရင် ပြည့်စုံအောင်လုပ်ရမှာက ဒီမိုကရက်တစ် တွေ ဒီမိုကရေစီလိုလားသူတွေရဲ့  တာဝန်ပဲ အလုပ်ပဲဖြစ်တယ်။ ခင်ဗျားအနေနဲ့ ဒီမိုကရက်တစ်တယောက်ဆိုရင် ဒီရုန်းကန်မှုမှာ အုတ်တချပ် သဲတပွင့်အနေနဲ့  ပါဝင်ဖို့ ပဲ။ ဒါပေမဲ့ ဘု့ ရှ်အစိုးရရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီ မဆန်တိုင်း ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းပြီး ဒီမိုကရေစီ ဆိုတာ အလားကားပါဆိုပြီးတော့ ဆိုလို့ မရပါ။ ငါတကောကောပြီးတော့ ဆိုချင်ရင်ဆိုလို့ ရတာပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် ပညာမဲ့ရာ၊ စိတ်မပွင့်လင်းရာ၊ ဓမွှ ကို မသိရာတော့ကျ မှာပေါ့။
ဒီမိုကရေစီ စာနယ်ဇင်းလွတ်လပ်မှု ဆိုတာက ခင်ဗျားကို သတင်းအချက်အလက်တွေကို ကျွေးနေတာ၊ ခင်ဗျား အနေနဲ့  ဟုတ်တယ်မဟုတ်တယ် ကိုယ်ကို ကိုယ် ဝေဖန်သုံးသပ်ပြီး ချင့်ချိန်လက်ခံဖို့ ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့် ငါးရာ ကျော်က ဗုဒ္ဒ ဟောကြားခဲ့တာလဲ ဒီသဘောပဲ ၊ စာနယ်ဇင်း လွတ်လပ်မှုရှိတဲ့နိုင်ငံက လူတွေ အနေနဲ့ မီဒီယာတွေကနေတဆင့် သတင်းအချက်အလက်တွေကို လက်ခံယူနိုင်ပြီး ဟုတ်မဟုတ် ဝေဖန်သုံးသပ် ယူနိုင်ခွင့်ရှိသေးတယ်။ ကျနော်တို့ ဆီက လူထုကတော့ လူပီသခွင့် အခြေခံ သတင်းအချက်အလက် လက်ခံယူခွင့်တောင် မယူနိုင်သေးဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ စာနယ်ဇင်း လွတ်လပ်မှု ဆိုတာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်တယ်။
သူတို့ ဆီမှာ အမေရိကန် အစိုးရရဲ့  လုပ်ရပ်တွေကို နှိုက်နှိုက်ချွတ်ချွတ် ဝေဖန်သုံးသပ်တတ်တဲ့ ချောင်စကီး တို့လို လူမျိုးတွေ အမေရိက မှာ ရှိတဲ့ တက္ပသိုလ်တွေမှာ ပါမောက္ခလုပ်ခွင်ရှိသေးတယ်။ မြန်မာပြည်မှာ ဒီလိုပြော တဲ့ ဆရာတွေဆို ထောင်ထဲမှာ အသက်ထွက်ဖို့ သာပြင်ပေတော့။ ဒါလားဗျာ ဗုဒ္ဒဘာသာနိုင်ငံ ပူဇော်ထိုက်သူတွေကို ထောင်သွင်းတာ။
ခင်ဗျား အနေနဲ့  အမေရိကန် ဒါမှမဟုတ် အနောက်နိုင်ငံတွေက အစိုးရတွေရဲ့  တချို့ လုပ်ရပ်တွေကို မကြိုက် တိုင်း အာဏာရှင် နဲ့ အာဏာရှင်ဆန် တဲ့ အုပ်ချုပ်ရေးပုံစံတွေက ဒီမိုကရေစီထက် ပိုကောင်းတယ်လို့ တော့ ပြောလိုမရဘူးပေါ့ဗျာ။ မြန်မာပြည်၊ ဗီယက်နမ်၊ တရုတ် နဲ့ ရုရှားက လူတွေကို မင်းတို့ ဟာ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးနဲ့ ပဲ ပိုသင့်တော်တယ်လို့ တော့ ဆိုလို့ မရဘူးပေါ့ ဗျာ။

* In Search of Truth * said...

အစ်ကိုဝေ။ ကျနော် တစ်ခုတော့ တောင်းပန်ချင်ပါတယ်။ အစ်ကိုအရေးအသားမှာ ဗုဒ္ဓဘာသာကို စော်ကားထားတယ်လို့ မြင်မိပါတယ်။ အဲဒီတချက်ရပ်ပေးပါ။ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ နေတဲ့လူအားလုံးဟာ သူတော်စင်တွေချည်းပဲ မဟုတ်ပါဘူး။ ဦးသန်းရွှေလို လူမျိုးရှိသလို သာမညဆရာတော်ကြီးလို သူတော်စင်တွေလည်းရှိပါတယ်။ ဆရာကြီးဦးဂိုအင်ကာ နဲ့ ဆရာကြီးဦးဘခင်လို ကမ္ဘာလူသားတွေ စိတ်အေးချမ်းမြေ့ရေး လုပ်ပေးတဲ့ ပုဂိုလ်ထူးကြီးများ ထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်။

ဦးသန်းရွှေဟာ သူ့အဏာကို မဆန့်ကျင်တဲ့ သူတွေကို မသတ်ပါဘူး။ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ရတဲ့ အကျိုးကျေးဇူးတခုပါ။ကျေးဇူးပြုပြီး အဲဒီအချက်ကို သတိပြုပေးပါခင်ဗျာ။ 9/11 နဲ့ 7/7 လူသတ်မှုမှာ သတ်ဖြတ် ခံရတဲ့သူတွေဟာ အလုပ်သွား အလုပ်ပြန်နေတဲ့ သူတွေပါခင်ဗျာ။ ကျနော်တို့ နိုင်ငံ အုပ်ချုပ်သူတွေဟာ ငွေရဖို့ တခုတည်းကြည့်ပီး မသတ်ပါဘူး။ လောဘ အဲလောက် မကြီးပါဘူးခင်ဗျာ။

ဒီဘက်တွေမှာ လူလူချင်း ချစ်ခင်တယ်ဆိုတာ ပေါ်သဘောပဲရှိပါတယ်။ နောင်မှာ ကျေးဇူးပြုပြီး ဗုဒ္ဓဘာသာကို မတိုက်ခိုက်ပါနဲ့ ခင်ဗျာ။ အစ်ကိုတို့ အမျိုးဘာသာကို တိုက်ခိုက်လေ ကျနော်တို့နှစ်ယောက် ဒီမိုကရေစီနိုင်ငံရေးသမားတွေကို ဆန့်ကျင်တဲ့ စိတ်ဖြစ်လာမှာ စိုးရိမ်လို့ပါ။ ကျနော်စကားနည်းနည်း ကြမ်းသွားတဲ့အတွက် စိတ်မရှိပါနဲ့ ခင်ဗျာ။ နားလည်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

အစ်ကိုတို့ အားထားနေတဲ့ DVB BBC သတင်းတွေဟာ ကျနော်တို့ နိုင်ငံ စည်းလုံးရေးကို ဖျက်ဆီးနေတဲ့ အနေအထားမှာရှိပါတယ်။ သတင်းလိမ်တွေ၊ သတင်းချဲ့ကား တာတွေနဲ့ လူတွေကို ၀ါဒမှိုင်းတိုက်တာတွေ စံနစ်တကျ လုပ်ကိုင်နေကျပါတယ်။ မြန်မာပြည်က ဒီမိုကရေစီ လိုလားတဲ့သူတွေကို ကြည့်ရင် သာမန်လူသားတွေ ရှိထိုက်တဲ့ ဆင်ခြင်တုံတရား သူတို့မှာ မရှိကျတော့ဘူးဗျာ။ ဗုဒ္ဓဆုံးမထားသလို သတိနဲ့ထားပီး အမှားအမှန်ကိုလဲ သုံးသပ်နိုင်ဖို့လဲ သတိတရားတွေ မရှိတော့ပါဘူး။ စိတ်မကောင်းစရာ ပါပဲဗျာ။

အစ်ကိုပြောသလို ဒီမိုကရေစီစံနစ်ဟာ မိမိကိုယ်ပိုင် ဆုံးဖြတ်ခွင့်ပေးတယ်၊ လွတ်လပ်စွာ ထုတ်ဖေါ် ပြောကြားခွင့် ပေးတယ်ဆိုရင် ဒီမိုကရေစီ သမားတွေရဲ့ အပြုအမူကို လေ့လာကြည့်ပါအုံးခင်ဗျာ။ အစ်ကို ကလိုစေးထူးဆိုရင် နအဖထံကနေ လွတ်လပ်စွာပြောဆိုခွင့် ရရှိရေး တိုက်ပွဲဝင်နေတဲ့ စာရေးဆရာကြီး တယောက်ပါ။ ဒါပေမယ့် သူBlog မှာ ကျတော့ လွတ်လပ်တဲ့ အမြင် ထုတ်ပိုင်ခွင့် လုံးဝ မပေးဘူး။ ဒါ့ကြောင့် ဒီမိုကရေစီစံနစ်ဆိုတာ လက်တွေ့မှာမရှိဘူးဆိုတာ သုံးသပ်နိုင်ပါတယ်ခင်ဗျာ။

ကျနော်တို့နှစ်ယောက်က ဒီမိုကရေစီစံနစ် တကယ်မရှိဘူးလို့ ယုံကြည်နေပါတယ်ခင်ဗျာ။ လက်တွေ့ အကျဆုံးကတော့ဗျာ။ ကျနော်တို့နှစ်ယောက်ကို ဒီမိုကရေစီ ပီပြင်လာအောင် အုတ်တချပ် သဲတစ်ပွင့်ဖြစ်လာရေး စည်းရုံးရင် အချိန်တော်တော်ပေးရပါလိမ့်မယ်။ လက်ရှိဒီမိုကရေစီကို ယုံကြည်နေတဲ့ သူတွေ ဒီမိုကရေစီ ပါးစပ်က မဟုတ်ပဲ လက်တွေ့ လက်ခံလာအောင် ကျိုးစားကြည့်ပါလား။ အမြင်မတူတဲ့ အတွေးအခေါ်တွေကို လက်ခံစဉ်းစားရဲအောင် စည်းရုံးကြည့်ပါလားခင်ဗျာ။ အဲဒါအစ်ကို ဦးစားပေး လုပ်သင့်တယ် ထင်တယ်ဗျ။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး ။ အစ်ကိုကလိုစေးထူးလို အဓိကလူတွေ ဒီမိုကရေစီကို ထောက်ပံကြေးရဖို့ ထက် တကယ်လက်တွေ့ လုပ်လာရင် ကျနော်တို့ နှစ်ယောက် စိတ်ပြောင်းဖို့ ဖြစ်လာစရာ အကြောင်းရှိပါတယ်။

Wai Moe said...

ကိုဇော်ထူး ခင်ဗျား
ကျနော်ရေးသားခဲ့ တဲ့ စကားလုံးတွေထဲမှာ ဗုဒ်ဓဘာသာကို စော်ကားခြင်း မပါမိသေးပဲ၊ စစ်မှန်သော ဗုဒ်ဓ ဘာသာကို ကာကွယ်ခြင်း (၀ါ) ဗုဒ်ဓဘာသာရဲ့ အနှစ်သာရတွေကို တလွဲအသုံးချခြင်းမှ ကာကွယ်ခြင်းတွေသာ ပါပါတယ်။ ဗုဒ်ဓရဲ့ တရားက ဆန့် ကျင်ဘက်အမြင်တွေ ဝေဖန်မှုတွေကို လက်ခံခြင်း၊ ပြသနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြစ်ပါ တယ်။ ဒီလိုမျိုး သဘောတရားတွေကို ဒီမိုကရေစီသဘောတရားတွေထဲမှာလဲတွေ နိုင်ပါတယ်။ ကျနော်တိုအနေနဲ့ အမြင်ကျယ်ကျယ်နဲ့ လေ့လာကြမယ်ဆိုရင်၊ မဟာလူသား ဗုဒ်ဓ(မြတ်စွာဘုရား) ပွင့် ခဲ့တဲ့ ကာလနဲ့  ဒီမိုကရေစီ ဓလေ့ democracy culture စတင်အမြစ်တွယ်ခဲ့တဲ့ ဂရိမြို့ ပြနိုင်ငံများ ခေတ်တို့ ဟာ သိပ်မကွာဝေးလှ တာတွေရပါမယ်။
ဟုတ်ပါတယ် ခင်ဗျားပြောသလို မြန်မာပြည်မှာ သူတော်စင်တွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော် သိသလောက်တော့ အဲဒီသူတော်စင်ကြီးတွေက ကျနော်တို့  တပ်ချုပ်ကြီးနဲ့ အပေါင်းပါတွေကိုတော့ ခင်ဗျား ထင်သလို ဗုဒ်ဓဘာသာဝင် သူတော်ကောင်းကြီးတွေလို့  မပြောကြ မထင်ကြပါဘူး။ ခင်ဗျားပြောသလို သူ့  အာဏာကို ဆန့် ကျင်တဲ့လူတွေကိုပဲ သုတ်သင်တယ်ပဲဆိုဆို ဒါကိုက ဗုဒ်ဓတရားတော်တွေကို ချိုးဖျက်ရာ ရောက်နေပြီ၊ ဒါဟာ လူ့ အခွင့်အရေးချိုးဖောက်မှုမြောက်သလို၊ လူသားမျိုးနွယ်စု ကို ခြိမ်းခြောက်တဲ့ ရာဇ၀တ်မှု လည်းမြောက်ပါတယ်။ ကျနော်ဒီနေရာမှာပြောချင်တာက ဗုဒ်ဓရဲ့  အဓိပါယ်ကိုက အမှန်ကိုသိခြင်းဖြစ်တယ်။ ဒါကြောင့် ခင်ဗျား အနေနဲ့ ကိုယ့်ကိုကိုယ် ဗုဒ်ဓဘာသာဝင်လို့ သတ်မှတ်ထားရင် အရှိကိုအရှိအတိုင်း အမှန်ကိုအမှန် အတိုင်း အ၀ိဇ်ဇာ မဖုန်းပဲမြင်ဖို့ လိုပါတယ်။ နောက်တခုကတော့ ဗုဒ်ဓ၀ါဒကို မူပိုင်လုပ်ခွင့် မရှိပါ ဆိုတာကို သတိချပ်စေချင်ပါတယ်၊ ဗုဒ်ဓ ဓမ်မ တွေဟာ ဗဟုဝါဒဖြစ်ပါတယ်။ အားလုံးအတွက် ဖွင့်ပေးထားပါ တယ်။
ခင်ဗျား ပြောတဲ့ နိုင်ငံစည်းလုံးရေးဆိုတာ ဘာကိုဆိုလဲတွေ ကျနော်မသိပါ။ ဒါပေမဲ့ ကျနော်လေ့လာမိ သလောက်၊ ဥာဏ်မှီ သလောက်တော့ တရောင်တည်းချယ် ဆိုတာ နိုင်ငံစည်းလုံးရေး မဟုတ်ပဲ။ အဓမ်မ သွပ်သွင်းခြင်းသာဖြစ်ပါတယ်။ စည်းလုံးခြင်း (၀ါ) ရင်ကြားစေ့ရေးဆိုတာ အရောင်အသွေး စုံစုံ လင်လင်နဲ့ ပန်းတိုင်းပွင့်တာကို ဆိုလိုတာဖြစ်ပါတယ် ခင်ဗျာ့။ မှန်တာပေါ့ဗျာ ဒီမိုကရေစီလိုလားသူလည်း သတိရှိ ရမယ်၊ ဗိုလ်ချုပ်တွေလည်း သတိထားရမယ်၊ ကျနော်တို့ ခင်ဗျားတို့ လည်း သတိထား ရမယ်။ ဘာအတွက် လဲ။ အမှန်တရားနဲ့ မဝေးသွားရအောင်နော်၊ ဒါကို သတိထားရမယ်။
အေးဗျာ၊ ခင်ဗျားယုံတဲ့ ဒီမိုကရေစီ မရှိဘူးဆိုတာက ဗုဒ်ဓအယူအဆ ကျင့်စဉ် လည်း မရှိဘူးလို့ ဆိုသလိုဖြစ်နေတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဗုဒ်ဓဟောကြားချက်တွေမှာ ဒိမိုကရေစီဆန်တာတွေ ပါနေလို့ ပဲ။ ဂရိဒီမိုကရေစီ ထက်စောတဲ့ ဒီမိုကရေစီ လူယဉ်ကျေးမှု အသိုက်အမြုံတွေ civilizations with democracy ဟာ ဗုဒ်ဓ၀ါဒ ထွန်းကားခဲ့တဲ့ အိန်ဒိယ က မြို့ ပြနိုင်ငံတွေမှာဖြစ်တယ်လို့  ပညာရှင်များက ဆိုတာ လေ့လာ မှတ်သား စရာ ဖြစ်ပါ တယ်။
ဒီမိုကရေစီဆိုတဲ့ ဂရိစကားလုံးကို မြန်မာလို တိုက်ရိုက်ဘာသာပြန်ရရင်တော့ ပြည်သူတွေဆီက ဆင်းသက်တဲ့ အုပ်ချုပ်ရေး (၀ါ) အာဏာ ဖြစ်ပါတယ်။ The word democracy derives from the ancient Greek demokratia (δημοκρατία), formed from the roots demos (δημος), "people," "the mob, the many" and kratos (κρατος) "rule". တနည်းအားဖြင့် ပြည်သူ့ ဆန်ဒ နဲ့  အညီ အုပ်ချုပ်ခြင်းပေါ့ဗျာ။ ဒီတော့ ခင်ဗျား က ဒီမိုကရေစီကို လက်မခံဘူးဆိုတော့ ပြည်သူ့ ဆန်ဒ ကို လက်မခံတဲ့ သဘောဖြစ်နေတယ်။

* In Search of Truth * said...

အစ်ကိုဝေ
ကျနော် သုံးသပ်ချက်မှားတယ်ဆိုရင် အဲဒီအဆိုကို ရုပ်သိမ်းပါတယ်ခင်ဗျာ။ ဒါပေမယ့် အစ်ကိုစကားနဲ့ အယူဝါဒကို လက်ခံလာအောင် ဗုဒ္ဓဘာသာကို အသုံးမပြုဖို့ တောင်းဆိုပါတယ်။ အထင်အမြင်လွဲစေတဲ့ အပြောအဆိုမလုပ်ဖို့ မေတ္တာရပ်ခံချင်းဖြစ်ပါတယ်။ ကျနော်တို့ မြန်မာတွေ အခုအချိန်မှာ အမှားအမှန် ဝေဖန်နိုင်တဲ့ အစွမ်းအစတွေ ပြောက်ကွယ်နေလို့ ဖြစ်ပါတယ်။ အဲဒါကြောင့်ပါ။

ကျနော် တစ်ခုအသေအချာ ပြောနိုင်တာကတော့ အစ်ကို ကျနော်တို့နှစ်ယောက်ရဲ့ ဆိုလိုရင်းကို သဘောမပါက်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အစ်ကိုအနေနဲ့ ဒီမိုကရေစီ ၀ါဒရေးရာတွေကိုပဲ ဆက်ပြောနေတယ်လို့ ယူဆပါတယ်။ တကယ်လက်တွေ့ မှာ ဒီမိုကရေစီက ဘယ်လိုပုံစံလဲ ဆိုတာ ကျနော်တို့ ဆွေးနွေးနေခြင်းဖြစ်ပါတယ်။ စာရွက်ပေါ်မှာရေးထားက စာလုံးတွေအနေနဲ့ပဲရှိနေတာပါ။ လက်တွေ့လောကထဲမှာ မရှိရင် ဘာအတွက် ကျနော်တို့ အချိန်ကုန်ခံပြီး ရုံန်းကန်နေမှာလဲ။

Bush နဲ့ Tony Blair လူသတ်တာ ကျနော်တို့နိုင်ငံအတွက် အရေးမကြီးပါဘူးခင်ဗျာ။ အရေးကြီးတာ ဒီမိုကရေစီဆိုတာဘာလဲလို့ အမှန်အတိုင်း မြင်လာရတဲ့ အချက်ပါ။ ဒီမိုကရေစီဟာ စာရွက်ပေါ်မှာပဲ ရှိတယ်ဆိုတာ လွှတ်တော် ကိုယ်စလှယ်တွေနဲ့ သတင်းဌာနတွေရဲ့ အပြုအမူနဲ့ ကောက်ချက်ချနိုင်ပါတယ်။

အစ်ကိုတို့ကိုယ်တိုင် ဒီမိုကရေစီဝါဒကို စာလုံးအနေနဲ့ပဲ ရေးသားနေခြင်းဖြစ်ပီး တကယ်တော့ အာဏာရှင် ၀ါဒကို စွဲလမ်းနေသူတွေပဲ မဟုတ်လားခင်ဗျာ။ အစ်ကို ကလိုစေးထူးရဲ့ လုပ်ရပ်က အရမ်းသိသာနေပါတယ်။ ကျနော်တို့ မြန်မာဒီမိုကရေစီသမားတွေဟာ ၀ါဒရေးရာမှာ နစ်မြောပီး အိမ်မက်လှလှလေး တွေမက်နေလား လို့လည်း တွေးမိပါတယ်။

Unknown said...

sound like you are living in Canada. If you believe Democracy is only on the paper, why don't you live in countries like china, Vietnam, North Korea and Burma. You said China are well developing without having democrcay. Why don't you live there, I know you definitely don't want to live in North Korea and Burma. What kinds of system are you proposing if you believe democracy is just a lie on the paper.
p.s. We all know that there is a limitation in practicing of democracy. "I will protect, with all my power, your right to disagree with me." That is the beauty of democracy.

Tactitus said...

Wow. I wish I read this thread before hand, then I would at least realise where you were coming from ko zaw myo and probably not even bother reading the rest of your blog.

I mean seriously! Conspiracy theories! I can't even understand how you can say some of the things you do in a serious 'tone'. First of all, with regards to 9/11, at least they managed to identify someone as the culprit and despite their inability to capture bin laden, they are at least doing something. And ofcourse, at least binladen is not their head of state as Than Shwe is. Second, for the7/7, they did identify the people responsible and arrested people. How could you say it was not in the news? It was the only that was on the news and I am sure in a country such as Canada you would've gotten that information. Or have you only been watching the particular 'tv' that tells you about the various conspiracy theories such as seeing 'a face' in the smoke from 9/11 or something?

As for your 'examples' of countries not succeeding with democracy? How exactly are you definding prosperity? You say that it was great under Suharto but went down hill under 'democracy'. I believe suharto caused the 1 dollar to become equivalent to about 100,000 rupi if i remember correctly. Something simiar to what Than Shwe is doing really. And really, Indonesia could hardly be called a thriving democracy when the latest president was 'elected' when the military surrounded the presidential palace and 'requested' the president to step down. Hmmmm.. similarities, anyone?

As for China. HA! Where do you start? The current course of China's economy could hardly be called true communism which is the only reason why it's achieving such a massive economic growth. And please don't try to separate the economy from the political system. If you have read up and reviewed the issues as you claimed to have, I am sure you would realise that true communist ideals are not something China is working on at the moment. And when they were practised with the rise of Mao? Again, as well read as you are, I am sure you realise how 20 million directly as a result of stravation. But please, do continue if you insist. China's system works because it decided to integrate the free market ideas into its system.

And young people, well. I certainly confess to not caring that much about the elections when I was 18. Growing up within a democracy provides you with a certain complacency that and voting does not appear as a novel action. Plus, there is the whole anti-authority issues etc that is very prevalent. Simply put, young people do not quite realise the power they have which is why they don't vote. I think a better example is that people once they start voting, don't suddenly decide to stop and that is more telling than not starting. If it's as terrible as you make it out to be, would there not be massive drop outs after one or two elections?

I realise this has only addressed about three points of your own rant but I am sure you'll have coming up with calm, collected and rational sounding arguments to counter this. But really, as I've stated in another comment. A broken mirror, no matter how perfectly put back together, will still be broken. And arguments, no matter how rational sounding, are still wrong if they are based on flawed information. Pfft conspiracy theories indeed.

Good day

Aung

* In Search of Truth * said...

ကိုအောင်
CNN, BBC တို့က ဒီမိုကရေစီ အစိုးရတွေ မကောင်းလုပ်သမျှကို Conspiracy Theory ဆိုပြီးနာမည် တပ်ပါတယ်ခင်ဗျာ။ ကျနော် တစ်ခုလောက် မေးကြည့်ပါမယ်။ 9/11 မှာ ခရီးသည်တွေက အကြမ်းဖက်သမားတွေကို ပြန်တိုက်ခိုက်တာကနေ Flight 93 လေယဉ်ပျံ ပျက်ကျခဲ့တယ်လို့ အစိုးရ ကြေငြာပါတယ်။ Conspiracy Theorist တွေက လေယဉ်အစိတ်အပိုင်းတွေ ၂ မိုင်ပတ်လည်မှာ ပြန့်ကျဲနေတဲ့အတွက် ကောင်းကင်မှာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အစ်ကို ဘယ်သူပြောတာကို လက်ခံမလဲခင်ဗျာ?

Htoo Myat said...

ချရေးပေးထားတာ ကောင်းတာပေါ့ဗျ။ သူတို့ အမှားတွေကို ကျနော်တို့ ပြည်ထောင်စု ဒီမိုကရက်တစ် သမ္မတ မြန်မာနိုင်ငံတော် ခေတ်ကျ မမှားရအောင် ဆင်ချင်နိုင်တာပေါ့။