Tuesday, August 14, 2007

$20 နဲ့ $5 ပေါ်က သွေးချောင်းစီး နမိတ်

ဒီတခါလည်း “အားလုံး အတူတူပါပဲကွယ်” ဆိုတာနဲ့ စချင်ပါတယ် ခင်ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ငွေစက္ကူအသစ်တွေ ထွက်လာတိုင်း ပြောစရာ အမှတ်အသား တခုခု ပါတတ်စမြဲပါ။ ဒီတော့ ကျနော်တို့ ဆီမှာ စစ်ခေါင်းဆောင်ကြီးများကို စိတ်မမှန်ဘူးလို့ ကောက်ချက်ချတဲ့ လူတွေကလည်း မနည်းပါဘူး။ အဲလို ကောက်ချက်ချ စတမ်းဆိုရင် အမေရိကန် အစိုးရလဲ ထည့်တွက်ရမှာ ဖြစ်နေပါပြီ။ အကြောင်းကတော့ $20 နဲ့ $5 ငွေစက္ကူထဲမှာ TwinTower ကြီး မီးလောင်နေတဲ့ လှို့ဝှက်အမှတ်အသား ထည့်သွင်းထားလို့ပါ။ အမေရိကန် ငွေကြေးနဲ့ နိုင်ငံတော် တံဆိပ်အားလုံးနည်းပါးမှာ မသင်္ကာစရာ အမှတ်အသားတွေ ထည့်ထားတာတွေ ရှိပါတယ်။ နောင်ကြုံမှ တင်ပြပါအုံးမယ်ခင်ဗျာ။ Youtube နဲ့ ဓါတ်ပုံ လေးများကြည့်ကြပါအုံး။ ဒီအပတ် ကျနော် Blog ရေးတာကို နားပြီး စာမေးပွဲအတွက် စာကျက်ပါတော့မယ်။ နောက်အပတ်မှာ ထပ်ပြီး ရေးပါမယ် ခင်ဗျာ။










Twin Towers Illusion On Money - Funny video clips are a click away

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

3 comments:

Anonymous said...

ခင်ဗျားတို့ ကြည့်ရတာ အခုမှပြည်ပရောက်ပြီး လွတ်လွတ်လပ်လပ် အင်တာနက် ၀က်(ဘ)ဆိုဒါတွေအတားအဆီးကြည့်ဖူးကြပုံရတယ်။
ဒါမှမဟုတ် မြန်မာပြည်မှာ အခုမှအင်တာနက်စသုံးလို့ ရှာဖွေကြည့်ပြီး အံ့သြနေကြပုံရတယ်။ ဒီ ဒေါ်လာချိုးတာတွေက ခင်ဗျားတို့ သာအခုမှထပြီး အဆန်းလုပနေတာ…၂၀၀၂ ခုနှစ်လောက်ကထဲက ဒါတွေကလူပြောများလို့ လိုက်ခေါက်ကြည့်ပြီးတာကြာလှပါပြီလေ.
၂၀၀၂ ကထဲက တင်ထားတဲ့.ဒီဝက်(ဘ)ဆိုဒ်ကလေးသာဥပမာအနေနဲ့ သွားကြည့်လိုက်ပါလေ..
http://www.glennbeck.com/news/05172002.shtml
ခင်ဗျားတို့ က ၂၀ တန်နဲ့ ၅ ဒေါ်လာတန်ပဲမြင်ဖူးရှာတာကိုး..ဒါဥပမာတစ်ခုပဲရှိပါသေးတယ်။ ဒီလို ၀က်ဆိုဒ်တွေအများကြီးပါ.
အဲဒိဝက်(ဘ)ဆိုဒ်မှာ ၂၀ တန်တင်မက ၅၀ တန်၊၁၀၀ တန်တွေမှာပါတွေ့ ရမှာပါလေ..
ဒေါ်လာ ၅၀တန်မှာ အိုဆာမာ ဆိုတဲ့စာလုံးတောင်ခေါက်ပြထားပါသလေ…
Coincident လား Conspiracy လားဆိုတာကိုယ့်ဥာဏ်ကိုလွှာသုံးပြီး စဉ်းစားကြည့်ပါလေ..
၅နှစ်ကြာလို့ ရိုးအီနေတဲ့ကိစ်စတစ်ခုကို ဘယ်သူမှစိတ်မ၀င်စားတော့တဲ့အရာတစ်ခုကို အကျယ်ချဲ့ နေလို့ မြန်မာပြည်သူတွေအတွက်အကျိုးမရှိပါလေ…ကိုယ့်ကျပ်ငွေကိုသာ ခိုင်မာအောင်ပြန်ကြိုးစားဖို့ နည်းလမ်းရှာကြပါစို့ လေ….

* In Search of Truth * said...

ကျနော် အဲဒီအကြောင်း သိတာ မကြာသေးပါဘူး။ ကျနော်လိုပဲ မသိတဲ့ သူတွေရှိမယ်ထင်လို့ ရေးပြတာပါခင်ဗျာ။ အစ်ကိုလို ဗဟုသုတ ပြည့်စုံနေတဲ့ သူတွေကို ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ အနှောက်အယှက် ဖြစ်ခဲ့ရင် တောင်းပန်ပါတယ် ခင်ဗျာ။

Ka Daung Nyin Thar said...

ဟီဟိ ဖောဝဒ် အီးမေးလ် (Forward email) ထဲက ဟာတွေ လာပြောနေတယ်။
ဘာပဲဖြစ်ဖြစ် အပျင်းပြေတာပေါ့။