Wednesday, September 17, 2008

နအဖအတွက် စိတ်ဝမ်းကွဲကျမလား?

ဒီမိုသမားတွေ နဲ့ နအဖ ဆောင်းပါးတွေ ဖတ်လိုက်တိုင်း ဘ၀င်မကျတဲ့ အချက်တစ်ခုကို မြင်တွေ့နေရပါတယ်။ လူတွေကတော့ မြင်ရလွန်းတော့ အပြစ်လို့တောင် မြင်ဟန်မတူတော့ပါဘူး။ နအဖနဲ့ ဒီမိုကသမားတွေဟာ သူတို့လုပ်နေတာ ပြည်သူတွေအတွက်ဆိုပဲ ။ ဒါပေမယ့် တကယ်တမ်း အလုပ်တစ်ခုလုပ်ပြီဆိုရင် ပြည်သူတွေရဲ့ အကျိုးစီးပွား လုံးဝမထည့်တွက်ကျပါဘူး။ ဥပမာ အခြေခံဥပဒေ ဆန္ဒခံယူပွဲကိစ္စမှ ဆွေးနွေးပုံကိုကြည့်ပါ။ နအဖ အာဏာဘယ်လောက်ယူမယ်၊ ဒီမိုတွေကအာဏာ ဘယ်မျှရမယ်၊ တပ်မတော်က ဘယ်လောက် လွှတ်တော်မှာ ကြီးဆိုးမယ် စတဲ့ အကြောင်းတွေပဲ ထပ်ခါ ထပ်ခါ ပြောကျတယ်ဗျာ။ နအဖနဲ့ ဒီမို အဏာခွဲဝေရေးပဲ စဉ်းစားကျပါတယ်။ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမယ်ဆိုတာကိုပါ ထည့်တွက်စဉ်းစား ပြောဆိုသင့်ပါတယ်။ မိမိတို့ဝါဒနဲ့ မိမိတို့ခေါင်းဆောင်တွေပေါ်ပဲ သစ္စာရှိကျပါတယ်။ အရေးကြုံရင် ပြည်သူတွေကို မေ့ထားကျတယ်။ ဒီမိုသမားတွေမှာ အစွန်းရောက်တွေလွှမ်းမိုးနေတယ်လို့ ထင်ပါတယ်။ မျက်ကန်း ယုံကြည်မှုတွေလဲ ဖြစ်နေပါတယ်။ မြန်မာလူမျိုးတိုင်း ဒီမိုကရေစီစံနစ်ကို ငန်းငန်းတက်လိုချင်ဆိုပြီး တရားသေ သတ်မှတ်ထားပါတယ်။ လေ့လာမိသလောက် မြန်မာလူမျိုးတွေ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး။ ကျနော် (ဇော်မျိုး) ရဲ့ ကိုယ်တွေ့အရတော့ မြန်မာတွေ အဓိက စိတ်ဝင်စားတာ သူတို့ စားဝတ်နေရေးပဲဖြစ်ပါတယ်။ ပြည်သူတွေဟာ ပိန်ချုံးနေပြီး အဟာရချို့တဲ့နေတဲ့ ပုံမြင်တွေ့ရပါတယ်။ (ကြည့်၇တာ အင်မတန်ကို စိတ်ပိန်တယ်) နအဖ ညံ့ဖျင်းလို့ လုပ်ရကိုင်ရ အဆင်မပြေတဲ့အထဲ စီးပွားရေးပိတ်ဆို့မှုပါ ထပ်လုပ်တော့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ပြီး စားဝတ်နေရေးမှာ လုံးချာလည်ပြီး ဒုက္ခပင်လယ်ထဲမှာ အမောဆို့နေကျရှာတယ်။ ဒီတော့ နိုင်ငံရေးဘယ်သူများ စဉ်းစားနိုင်မှာလဲဗျာ။

ဒီမိုသမားတွေ အခြေအနေကို အမှန်အတိုင်း သုံးသပ်ပြီး လုပ်သင့်လုပ်ထိုက်တာကို စဉ်းစားဖို့ တိုက်တွန်းလိုပါတယ်။ အစွန်းရောက်စိတ်ထားကို ပြင်ဆင်ကျပါဗျာ။ ကိုမျိုးဆက် ဘယ်လောက် အစွန်းရောက်နေလဲဆိုရင် 2010 ရွေးကောက်ပွဲ ၀င်ရင် သတ်ပြစ်မယ်ဆိုတဲ့ သဘောမျိုးတောင် ရေးထားပါတယ်။ ကျနော်တို့မိဘများပြောပြတဲ့ တချိန်တုံးက ကွန်မြူနစ်တွေမှာ ဖြစ်တဲ့ စိတ်ထားမျိုး ဒီမိုတွေဖြစ်နေပြီထင်တယ်ဗျ။ ၀ါဒနဲ့ ပတ်သက်ရင် မိဘတောင်သတ်မယ်ဆိုတဲ့ စိတ်ထားမျိုး ဒီမိုတွေမှာ ၀င်နေပြီ။ ၀ါဒမှိုင်းမိနေတယ်ဆိုတဲ့ သဘောမျိုးပြောလို့ရပါတယ်။

ဒီမိုတွေနဲ့ သဘောထား ကွဲပြားတဲ့ မောင်စူးစမ်း ကို ဘယ်လောက်အထိ ပုဂ္ဂိုလ်ရေး တိုက်ခိုက်လဲဆိုတာ လူတိုင်းအသိပဲ။ အကြောင်းအရာပေါ်မှာ လုံးဝ မစဉ်းစားပဲ ပုဂ္ဂိုလ်ရေးအရ သုံးမရအောင် ပြောတာ မှန်ကန်ပါရဲ့လား? နိုင်ငံကြီးသားတွေ လုပ်ရမယ့်အလုပ်မျိုးလား? ဦးဝင်းနိုင် ကိုလဲ သားပုတ်လေလွင့် ဒေါက်တာလွမ်းဆွေ ဆီပုံးမှာ မြင်ခဲ့၇တယ်ဗျာ။ အသက် ၇၀ ကျော်တဲ့သူတစ်ယောက်ကို အဲလို ပြောဆို ရိုင်းပြတာဟာ မလုပ်သင့်ဘူး? ၀ါဒအစွန်းရောက်နေပြီဆိုရင် အင်မတန်ကို ကြောက်ဖို့ကောင်းပါတယ်။ 2010 ကိုလုံးဝ ဆန့်ကျင်လိုတဲ့ ဒီမိုသမားတွေကို စဉ်းစားသင့်တယ်ထင်တာလေးတွေ ပြောပြချင်ပါတယ်။ ဘယ်ဒီမိုဘလော့ကမှ အကြံမပေးတဲ့ ဆန္ဒပြပွဲ နဲ့ နအဖပြုတ်ကျရေးကို အကြံပြုတဲ့ တောသားနှစ်ယောက်ဆိုတာလဲ သတိမမေ့စေချင်ပါဘူး။

စဉ်းစားဖို့အချက်လေးတွေ



အဖွဲ့တွင်း တိုက်ပွဲဖြစ်ချင်း

ဒီမိုအစွန်းရောက်တွေဟာ 2010 မှာဝင်ပြိုင်မယ့် နိုင်ငံရေးသမားတွေကို သစ္စာဖေါက်သတ်မှတ်ပြီး တိုက်ခိုက်မယ့်သဘောမြင်နေရပါတယ်။ ဒါဆိုရင် 2010 လက်ခံသူနဲ့ ဆန့်ကျင်သူကြား သွေးချောင်းစီးပြီး နအဖ အလယ်ကနေ အကျိုးအမြတ်ရမှာ သေခြာပါတယ်။ ဘ၀င်မြင့်နေတဲ့ စစ်ဗိုလ်တွေလဲ ပိုပြီး ဘ၀င်မြင့်လာကျမှာပါ။ ခင်ဗျားတို့ အဲလိုဖြစ်ချင်လား? စဉ်းစားပါ


နအဖ ဥပဒေ

အခြေခံဥပဒေက နအဖ အလိုကျရေးထားတဲ့အတွက် လက်မခံဘူး။ တရားမ၀င်ဘူး စသဖြင့် ပြောနေတာတွေ ရှိပါတယ်။ ပြောချင်တာက (၁) အဲဒီဥပဒေသုံးလိုက်ရင် အနှုတ်လက္ခဏာဖြစ်သွားမှာလား? လက်ရှိဥပဒေထက်ပိုကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဘာကြောင့် လက်မခံနိုင်စရာရှိလဲ? (၂) နှစ် ၂၀ လုံးလုံး အချိန်ဖြုံန်းပြီး ဒီမိုကရေစီ 1% တောင် ရအောင် ယူနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ဗျာ ကိုယ်တိုင်က တစ်ပြားတစ်ချပ်တောင် ရအောင် မလုပ်နိုင်ဘူးဆိုရင်တော့ နအဖ ပေးတဲ့ တစ်ပိုင်းတစ်စကို လက်ခံရမှာပဲ။ နအဖကို ဆက်တိုက်မယ်ပြောရအောင် နှစ် ၂၀မှာ လုံးဝ မအောင်မြင်ခဲ့သူတွေ နောက်ထပ် နှစ်၂၀ မှာ အောင်မြင်ဖို့ ဖြစ်နိုင်သလား? သန်းခေါင်ထက် ညဥ့်ပိုမနက်နိုင်ပါဘူး.. နအဖ ဥပဒေကို ရဲရဲ လက်ခံလိုက်ပါ။


ရွေးကောက်ပွဲတရားပါ့မလား

ရွေးကောက်ပွဲတရားပါ့မလားဆိုတာ 1990တုံးကလဲ မေးခဲ့မေးခွန်းပါပဲ။ NLD နိုင်တဲ့အချိန်ကျတော့ အားလုံးက တရားမျှတယ်ဆိုပြီး လက်ခံကျပါတယ်။ အဲဒီအချိန်တုံးက ဦးမင်းကိုနိုင်နဲ့ နိုင်ငံရေးသမားတွေ ထောင်ထဲမှာ ရှိနေပါတယ်။ 90 ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့တာ လူတွေက နအဖကိုပဲ အပြစ်တင်ခဲ့ပါတယ်။ ကျနော်ကတော့ နအဖ ပယ်ဖျက်တာ မှန်တယ်လို့ ယူဆပါတယ်။ ခင်ဗျားတို့ နအဖနေရာကနေပြီး စဉ်းစားပေးပါ။ ရွေးကောက်ပွဲလည်း မျှတအောင် လုပ်ပေးလို့ အနိုင်ရခဲ့တဲ့ NLD က ဘ၀င်မြင့်ပြီး စစ်ခေါင်းဆောင်တွေကို ကြိုးစင်တင်မယ်လုပ်တယ်ဗျ။ ဒီတော့ နအဖ အပြစ်လား NLD အပြစ်လားဆိုတာ စဉ်းစားပါ။ အခုရွေးကောက်ပွဲမှာ နအဖအခေါင်းဆောင်တွေလဲ အသက်အရွယ်ကြီးပြီမို့ သူတို့လဲ အထိုက်အလျောက် ပျော့ပြောင်းလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ နှစ် ၂၀ လုံးလုံး အဆဲခံနေရတဲ့ ဘ၀ကို အနည်းနဲ့ အများဆိုသလို စိတ်ပျက်မိမှာပါ။ သေချာတာ တစ်ခုကတော့ 90မှာဖြစ်ခဲ့သလို လုံးဝ အာဏာမလွှဲပေးဘူးဆိုတဲ့ အဖြစ်မျိုးတော့ မဖြစ်နိုင်ပါဘူး


လိမ္မာဖို့လိုတယ်

2010 ရွေးကောက်ပွဲကြောင့် ဒီမိုကရေစီသမားတွေ လုံးဝကွဲပြဲကုန်မယ့် အခြေအနေမှာ ရှိပါတယ်။ ဒီလိုပါပဲ ဒီမိုသမားတွေဟာ နအဖကို တိုက်ဖို့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူးဆိုတာကို အသိအမှတ်ပြုရပါတယ်။ မိမိတို့ဖက်ကလူတွေကို ရွေးကောက်ပွဲမ၀င်အောင် မတားနိုင်ဘူးဆိုတာလဲ အသိအမှတ်ပြုရပါမယ်။ စီးပွားရေးလုပ်တဲ့သူတွေဟာ တခါတလေ အမြတ်ရဖို့ထက် အရှုံးနည်းအောင် လုပ်ရတဲ့ နည်းကို အတုယူဖို့လိုပါတယ်။ အစိတ်စိတ်အမွှာအမွှာကွဲသွားရင် နအဖက ပိုပြီးကြိုက်သလိုချယ်လှယ်နိုင်မယ်ဆိုတာ သတိထားပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ တုံးကလို ဒီမိုကရေစီသမားတွေ လုပ်သမျှ မျက်ကန်းထောက်ခံမည့် ပြည်သူတွေ စိတ်ထားမျိုး ရလာမှာလဲ မဟုတ်တော့ပါဘူး။ ဒီတော့ အခုအချိန်မှာ အကောင်းဆုံးကတော့ ရှိသမျှ အင်အား စုစည်းပြီး 2010 ရွေးကောက်ပွဲကို ၀င်ပြိုင်ပါ။ မိမိတို့ အခွင့်အရေးကို အလိမ္မာသုံးပြီး လွှတ်တော်ထဲမှာ တောင်းဆိုပါ။ အစိပ်စိပ်အမွှာမွှာကွဲသွားလို့ ဘာမှ အလုပ်မဖြစ်တာထက် အခုလိုတစ်စုတစ်စည်းတည်းလုပ်တာက ပိုပြီးအလုပ်ဖြစ်နိုင်ပါတယ်။ သေခြာစဉ်းစားကြည့်ပါ။


ချစားဒီမိုခေါင်းဆောင်များ

ဒီမိုဘလော့တွေမှာလိုက်ကြည့်ပါ။ အားလုံးက ဒီမိုသမားတွေ စည်းလုံးကျပါလို့ အော်နေ၊ တောင်းဆိုနေကြတာချည်းပဲဗျ။ ကလေးတစ်ယောက်လို ပါးစပ်က စည်းလုံးပါလို့အော်ရုံနဲ့ ဘယ်တော့မှ စည်းလုံးမှာ မဟုတ်ပါဘူး။ ဘာကြောင့်သွေးကွဲနေလဲဆိုတာကို လေ့လာပြီး ထောက်ပြ ရပါမယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာလဲ အကြံပြုရပါမယ်။ အဲဒါမှ ပြဿနာတွေကို ရှင်းနိုင်ပြီးစည်းလုံးလာမှာ ဖြစ်ပါတယ်။ တောသားနှစ်ယောက်လည်း အချင်းချင်းစည်းရုံးဖို့ အကြံပြုဖူးပါတယ်။

အခုမှတော့ အရမ်းကို နောက်ကျနေပါပြီ။ ဆေးလဲမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီမိုခေါင်းဆောင်တွေ အားလုံးဟာ ဒီမိုလုပ်စားတွေပဲဖြစ်နေတယ်။ ဒီမိုလုပ်စားတွေဟာ ပုရိုပိုဇယ်တွေ အပြိုင်အဆိုင်တင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘတ်ဂျက်ရအောင် လုရင်း ကမ္ဘာ့ရန်တွေ ဖြစ်နေပါပြီ။ ခေါင်းဆောင်တွေအားလုံးကို အခုအချိန်မှာ ပြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၂၀ တုံးက ဖြေရှင်းရမယ့် ကိစ္စ အခုမှတော့ အဲဒီချစား ဒီမိုခေါင်းဆောင်တွေကို မပြင်နိုင်တော့ဘူး။ စိတ်လျှော့လိုက်ပါ။


ဒီမိုတွေအနေနဲ့ နအဖပေးတဲ့ တပိုင်းတစ ဒီမိုကရေစီမလိုချင်ဘူးဆိုပြီး အကျိုးစက်ကို မစဉ်းစားပဲ ငြင်းနေပါတယ်။ လောကမှာ အလွယ်ဆုံးအလုပ်က သူများလက်နဲ့ရေးတာကို ခြေနဲ့ဖျက်ရတဲ့ အလုပ်ဖြစ်ပါတယ်။ မောင်စူးစမ်းတင်ပြတုံးကလဲ ပုဂ္ဂိုလ်ရေးရှုထောင့်ကနေ ပယ်ပယ်နယ်နယ် သုံးသပ်ပြီး ပယ်ချခဲ့ပါတယ်။ 2010 ရွေးကောက်ပွဲကို လက်ခံဖို့တင်ပြသမျှ နားမထောင်ပဲ ပယ်ချမယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ ဒါဆိုရင် 2010 ကိစ္စကို လက်မခံဘူးဆိုရင် လက်တွေ့ကျကျ ဘာတွေလုပ်သင့်လဲဆိုတာ ပြောရပါမယ်။ အဲလိုငြင်းလိုက်တဲ့အတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ပြောပြပါ။ ကျွန်တော်/ ကျွန်မကတော့ ဒီမိုကရေစီ အပြည့်အ၀ရအောင် တိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်ဆိုတဲ့ စကားနဲ့တော့ မရတော့ဘူး. လက်တွေ့ကျကျ မပြနိုင်ရင် ခင်ဗျားတို့ 2010 ပယ်ချမနေနဲ့ ။ ဝေဖန်ရတာ လွယ်လို့ ဝေဖန်တာမျိုးလဲ မလုပ်ကျပါနဲ့။ ကိုယ်တိုင်က ဘာမှ အဖြစ်မရှိပဲ ဟိုဟာပယ်ချ ဒီဟာပယ်ချ လုပ်တယ်ဆိုတာ အလကားလူပဲ။
သေချာစဉ်းစားကျပါ။ နှစ်၂၀လဲ ကုန်ခဲ့ပါပြီ။ ပြည်သူတွေလဲ မြေစာပင်ဘ၀မှာ ဒုက္ခပင်လယ်ဝေနေပြီ။ ဒီမိုသမားတွေလဲ ရွေးချယ်ဖို့ ၂ လမ်းပဲရှိပါတယ်။ အချင်းချင်းစိတ်ဝမ်းကွဲ သတ်ဖြတ်ပြီး နအဖကို အကျိုးဖြစ်အောင် လုပ်မလား? ဒါမှမဟုတ် မိမိတို့အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ ပြည်တွင်းကို ပြန်ပြီး နအဖကို လွှတ်တော်ထဲမှာ ရင်ဆိုင်မလား? ဘယ်လမ်းကို ရွေးမလဲ? ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ.. ဖြေပေးပါ..

ပြောသင့်တာပြောတဲ့
တောသားနှစ်ယောက်

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

9 comments:

Unknown said...

တစ်ခုမေးလိုပါတယ်၊ စာရေးသူကိုယ် တိုင်ကော နိုင်ငံ အတွက် ဘာလုပ်နေပါလဲ။ ဘာတွေလုပ်ခဲ့ပါလဲ။ ဘာလုပ် ဖို့ စဉ်းစား ထားပါလဲ။
ရေးတဲ့ စာဖတ်ရတာ တော့ စောက်ပြောကြီးပြီး၊ ဘာမှ လက်တွေ့ မပါတာ တွေ့ရပါတယ်။
နိုင်ငံရေး အလွန်သိနားလည် ရင် နအဖ နဲ့ အတိုက်အခံ အားလုံး တူညီတဲ့ လမ်းပေါ်ရောက်အောင် လက်တွေ့ ဆောင်ရွက်ပါလို့ ပြောချင်ပါတယ်။
ခင်ဗျားရေးတဲ့ စာတွေထဲကလို မစားရ၀ခမန်း ပြောနေသူ တွေထဲမှာ ခင်ဗျားကိုယ်တိုင်ပါနေတာ သတိပေးလိုပါတယ်။
နိုင်ငံရေး သတ္တိ တစ်စက်မှ မရှိရင်တော့ ဒီ comment ကိုဖျက်လိုက်ပါ။ စောက်ပြောကြီးတာ ကိုလည်းရပ်လိုက်ပေါ့။ စောက်ပြော အမြဲကြီး နိုင်ပါစေ။

lumone said...

ကိုဇော်မျိုးခင်ဗျာ...
ကိုဇော်မျိုးရေးထားတဲ့အကြောင်းအရာတွေကို အတိုက်ခံလုပ်ပြီး ငြင်းမနေချင်တော့ပါဘူး.. တစ်ချို့အရာတွေကလဲ မှန်ကန်မှု့ရှိနေပါတယ်..ဒါပေမဲ့ကိုဇော်မျိုးမေးထားတဲ့ ''ဒါမှမဟုတ် မိမိတို့အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ ပြည်တွင်းကို ပြန်ပြီး နအဖကို လွှတ်တော်ထဲမှာ ရင်ဆိုင်မလား?" ဆိုတဲ့ မေးခွန်းကို ..ကိုဇော်မျိုးကိုယ်တိုင်ဘဲ ပြည်ပရောက်နေသူ တစ်ဦးနေရာကနေ ဖြေကြည့်လိုက်ပါဗျာ...န.အ.ဖ ရဲ့  ကောက်ကျစ်ယုတ်မာလာမဲ့ ပုဒ်မတွေကို မစဉ်းစားဘဲနဲပေါ့...

Canada Myanmar Group said...

ဒီမိုအုပ်စုဖက်ကိုမြှောက်ပြောမှ ကြိုက်တာတော်လှန်ရေးသ
မားအစစ်မဟုတ်ပါဘူး ကျွန်တော်တို့ တတွေဟာအနဲ ဆုံး
တော့ ကိုယ်လုပ်နိုင်တာလေးတွေလုပ်နေကြတာပါ ကိုယ်
ယုံကြည်ရာပေါ့ အားလုံးသဘောတူဖို့ ညီဖို့ ဆိုတာတော့ 
မဖြစ်နိုင်ပါဘူး လွတ်လပ်ခြင်းနဲ့ တရားမျှတမှူဆိုတာအာ
မခံချက်မပေးနိုင်တဲ့ နယ်မြေမျိုး၊မှာ အမှန်တရားထွန်း
ကားလာနိုင်ပါမလားလို့ စဉ်းစားကြည်ပါ ဗျာ

ကျားလိမ္မာ said...

ဒီမိုသမားတွေက ဝေဖန်လို့ကိုမရဘူး ငါလုပ်သလိုလိုက်လုပ် မဝေဖန်နဲ့ဆိုတဲ့ လူမျိုးတွေ အခုလည်း နှစ်ပေါင်း ၂၀ ကျော်နေပြီ အခုထိလေသံ က မလျော့သေးဘူး....။ ဒီနောက်ပိုင်းမှာ ပြောတဲ့ လေသံတွေက နအဖ က ရှက်တတ်လာမှာပါတဲ့ အနှစ် ၂၀လုံးလုံး နအဖကို ရှက်တတ်အောင် သင်ပေးနေတာလား...။ အခုကိုဇော်မျိုးဝေဖန်တာကရော ဘာအမှားရှိလို့လဲ

Unknown said...

ပြောရင်မကောင်းဘူး ဇော်မျိုး မင်းဆောင်းပါး စဖတ်လိုက်တာ ကောင်းမကောင်း မှန်မမှန်တော့ မသိဘူး စလုံးပေါင်းမှားနေလို့ ပြန်သွားပြီ
စိတ်ဝမ်းကွဲကျမလား?
စိတ်ဝမ်းကွဲကြမလား။
ကျ လား
ကြ လား
မြန်မာစာမှာ လားနဲ့ဆုံးပြီး ပုဒ်မချရင်အမေးသဘော ဆိုတာ မြန်မာတိုင်းသိတယ် question mark မလိုဘူးကွ မြန်မာဖြစ်ပြီး မြန်မာလိုမရေး တတ်တဲ့ကောင် ရွံ့ဖို့ကောင်းတယ်။ နောက်သူများစီဘောက်တွေ တောင်မရောက် မြောက်မရောက်တွေဝင်အော်
မင်းကျတော့ ခွေးပြောအပြောခံရတော့ စီဘောက်ပိတ်ထားရတာ နည်းတောင်နည်းသေးတယ် မင်းကို လူလိုဆက်ဆံမယ့်သူမရှိဘူး

SAW said...

မင်းတို့ပထွေး ခွေးသန်းရွှေ ပြုတ်တဲ့နေ့ကျရင် မင်းအမေ မင်းအမ မင်းညီမနဲ့ မင်းတို့တမျိုးလုံးကမိန်းမတွေကို မြန်မာပြည်သူ သန်းငါးဆယ်ကျော်လုံးက ဝိုင်းလိုးကြမယ်။ အဲဒီနေ့ကို မင်းစောင့်နေ ကြားလား။

Unknown said...

ကိုဇော်မျိုးရေ ...
ဒီလို လူမျိုးတွေနဲ့တော့ ... ဒီမိုကရေစီဆိုတာနဲ့ ဝေး နေဦးမှာပါပဲ ... ။
တကယ်တော့ ဒီမိုသမားတွေဆိုတာ ကိုယ်ကိုယ်တိုင်က ဘာမှမတွေးခေါ်တတ်ပဲ သူများတွေတာကို စာလုံးပေါင်းသတ်ပုံစစ်တတ်သောသူများ ၊ ကိုယ့်နဲ့ အမြင်မတူရင် ပုဂိုလ်ရေးထိုးနှက်တတ်သူများ ၊ ကိုယ်မကြိုက်တာပြောသူများကို ဆဲတတ်သူများ ပေလော ...။
ဒီလိုပုံ ဒီလိုအချိုးတွေနဲ့ လွှတ်တော်လိုနေရာမျိုးကို ၀င် ကြမယ်ဆိုရင်တော့ တိုင်းပြည်အတွက် ရင်လေးစရာပါဗျာ ...။
ကိုဇော်မျိုးတွေးသလောက်မှမတွေတတ်ပဲနဲ့ တိုင်းပြည် အာဏာကို လိုချင်နေကြတာ အံ့ကြီးသြပါရဲ့ဗျာ ...

မျိုးဟန်ထွန်း said...

hey... zaw myo, I'm at http://kyeesaytaman.blogspot.com/
come and chat with me .. ok?

voicesforwithoutvoice.blogspot.com said...

တခြားတော့ ဝင်မပြောချင်ပါဘူး၊ ကျမကျွမ်းကျင်တဲ့ အရာတခုကိုဘဲ ပြောချင်ပါတယ်၊ အမေရိကန်နိုင်ငံမှာ ကလေးငယ်များကို ဆေးထိုးပေးတာကို တန်းစီပြီးစောင့်နေ တာမျိုး၊ ဆေးခန်းက ဆေးထိုးပေးမဲ့ရက်ကို လာစောင့်ရတာမျိုး မရှိပါဘူး။ မွေးစကတည်းက သုံးလအကြာမှာ ကာကွယ်ဆေးတွေ အားလုံးကို မွေးတဲ့ဆေးရုံမှာဘဲ ပြန်လာထိုးရပါတယ်၊ ဆေးတွေအတွက် ငွေရေးကြေးရေး ကုန်ကျစရာ မလိုပါဘူး၊ အကယ်၍ ကျန်းမာရေး အာမခံချက် မရှိတဲ့သူတွေကို အစိုးရကနေပြီး ကလေးအတွက် ၁နှစ်၊ မိခင်အတွက် သုံးလ၊ အာမခံချက်နဲ့ လိုအပ်တဲ့ ဆေးအားလုံးထိုးယူလို့ရပါတယ်လို့၊ အသိပေးလိုက်ပါရစေ။
နောက်ပြီး အမိမြန်မာပြည်ရဲ့ လူ့အခွင့်အရေး ဆိုတာက ရေပေါ်ဆီ အသိုင်းအဝိုင်း အတွက်ဘဲသတ်မှတ်ထားရင်တော့ ဗုဒ္ဓတရားတော် နဲ့လည်း ညီညွတ်မှု့ မရှိဘူးလို့ပြောချင်ပါတယ်၊ တိုင်းပြည်ကိုချစ်၊ ပြည်သူ၊ ပြည်သားများအပေါ် တရားမျှတစွာ အုပ်ချုပ်ပြီး၊ မျှတစွာ တိုးတက်လာသော တိုင်းပြည်ဖြစ်ပါလာစေလို့ဘဲ ဆုတောင်းပါတယ်။