Sunday, December 23, 2007

ဒီမိုကရေစီရရှိရေး . . . . . . ဒို့အရေး


“Reason and free inquiry are the only effectual agents against error.”
Thomas Jefferson


ဒီဆောင်းပါးလေးကို မေးခွန်းလေးနဲ့ စချင်ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင်တွေပဲဖြစ်ဖြစ် ဘလော့တွေပဲ ဖြစ်ဖြစ် နအဖ ဆင်းသွားအောင် အကောင်အထည် တစ်ခုကို ချပြတာ ကြားဖူးပါသလား? ဒေါ်အောင်ဆန်းစုကြည် တင်ပြခဲ့ပါသလား? NGCUB အဖွဲများတင်ပြခဲ့ပါသလား? နအဖကို ဖိအားပေးတယ်ဆိုတဲ့ စကားထက်ဘာများ ပိုပြီးပြောနိုင်ခဲ့လဲ? မပြောခဲ့ပါဘူး။ ဘာကြောင့်လဲ? အဖြေရှိလား?

ဒါပေမယ့် ကျနော်တို့ဟာ ဝေဖန်မယ်၊ အကြံပေးမယ်လို့ ဒီမိုကရေစီသမားတွေကို ပြောဖူးပါတယ်။ အခုတော့ အကြံပေးပါမယ်ခင်ဗျာ။ ကျနော်တို့ ပေးတဲ့အကြံကို ပုဂ္ဂိုလ်ရေး အမြင်တွေ ဘေးဖယ်ထားပြီး စဉ်းစားမှ ဖြစ်မယ်ထင်ပါတယ်။ သဘောထားကြီးမှကို ဖြစ်ပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ရွေးချယ်လိုက်တဲ့ နည်းလမ်းဟာ အရမ်းကို လမ်းသစ်ဖြစ်နေလို့ပါ။ ကျနော်တို့ တင်ပြတာကို သံသယကို အခြေခံပြီး စဉ်းစားပါ၊ မသေချာရင်မေးပါ၊ မသေချာပဲ ကောက်ချက်မချပါနဲ့။ ဒီမိုကရေစီရရှိရေးအတွက် အထောက်အကူ မဖြစ်ဘူးလို့ ထင်ရင် စိတ်ထဲမှာ မထားပါနဲ့။ ပွင့်ပွင့်လင်းလင်း Comment နေရာမှာ ရေးပြပါ။ ကျနော်တို့ နှစ်ယောက်စလုံးက ဝေဖန်မှုနဲ့ မေးမြန်းမှုတွေကို လုံးဝ ကြိုဆိုပါတယ်။ မိမိအထင်ကို မဆွေးနွေးရဲပဲ ကွယ်ရာမှာ အတင်းပြောမယ်ဆိုရင်တော့ အဲဒီလူကို ကျနော်တို့အနေနဲ့ ပြစ်တင်ရပါလိမ့်မယ်ခင်ဗျာ။

နောက်ပြီး နအဖ အခြေအနေဟာ အရင်ကထက် ပိုပြီးခိုင်မာလာပါပြီ။ လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်နေရင် ဘယ်လိုမှ အကျိုးထူးမှာ မဟုတ်ပါ။ ဒီမိုကရေစီ ခေါင်းဆောင်တွေ အားလုံးလည်း ထောင်ထဲမှာပါ။ ဒါတောင် ငါတို့က နိုင်တယ်ကွလို့ အော်နေတာတော့ . . . . ။


ဒီမိုကရေစီ လှုပ်ရှားမှု နဲ့ ကော်ပီနိုင်ငံရေး

မူဝါဒ အသစ်တင်ပြမယ်ဆိုတော့ လက်ရှိလှုပ်ရှားမှုတွေရဲ့ အားနည်းချက်ကို ထောက်ပြ ရမှာဖြစ်ပါတယ်။ အခုဒီမိုကရေစီသမားတွေ လှုပ်ရှားမှုကို ကြည့်ရင် နှစ်ချက်ပဲတွေ့ရပါတယ်။ အဲဒါတွေကတော့ ကလေးဆန်ချင်းနဲ့ ပုံတူကူးလှုပ်ရှားမှုတို့ဖြစ်ပါတယ်။ ကလေးဆန်တယ်ဆိုတာကတော့ မိမိစိတ်ကို အလိုလိုက်ပြီး အကျိုးရှိမရှိ မစဉ်းစားပဲ ပေါက်ကရ လုပ်တာကို ရည်ညွှန်းပါတယ်။ ကလေးစိတ်နဲ့ နအဖ ခေါင်းဆောင်တွေကို ရိုင်းပြစွာ ဆဲဆိုကျပါတယ်။ ကျနော်တို့လို ဒီမိုကရေစီသမားတွေကို ဝေဖန်ထောက်ပြသူတွေကို လည်း နအဖလူလို့ စွပ်စွဲပြီး ဆဲဆိုကျပြန်ပါတယ်။ စစ်သားတွေနဲ့ ၀န်ထမ်းတွေကိုလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်ကျပါတယ်။ အဲဒီအလုပ်တွေဟာ မိမိစိတ်ကို အလိုလိုက်လို့ ဖြစ်သွားတာပါ။ အဲဒါဟာ ကလေးစိတ်လှုပ်ရှားမှုလို့ပြောရမှာ သာဓက ပြရမယ်ဆိုရင် အစ်ကို နစ်နေမန်း စစ်ဗိုလ်တစ်ယောက်နဲ့ သူ့ရည်းစားအကြောင်းကို အပုတ်ချချင်းဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မြန်မာ့ဒီမိုကရေစီသမားတွေဟာ ကိုယ်ပိုင် စဉ်းစားဥာဏ် မရှိခြင်းဖြစ်ပါတယ်။ သူတို့တွေဟာ သမိုင်းစာအုပ်ကြီးတွေကနေ တချိန်တုံးက ဘယ်လို လုပ်လဲဆိုတာကို ဖတ်ပြီး အတုခိုးကျပါတယ်။ အဲဒါကို ပုံတူကူး လူထုလှုပ်ရှားမှုလို့ ပြောချင်ပါတယ်။ ဥပမာပေးရရင် မတရားတဲ့ အမိန့် ဖီဆန်ရေး၊ စီးပွားရေးပိတ်ဆို့မှုနဲ့ အစိုးရ ယန္တယားရပ်တန့်အောင်လုပ်ဆောင်ချင်းတို့ ဖြစ်ပါတယ်။

နအဖဟာ ကိုလိုနီ အစိုးရလို တခြားနိုင်ငံက လာရောက်အုပ်ချုပ်တာ မဟုတ်ပါဘူး။ ဒီနိုင်ငံမှာမွေးပြီး ဒီနိုင်ငံမှာ ကြီးလာတဲ့သူတွေပါ။ နအဖရဲ့ အရာရှိတွေဟာ မျက်နှာဖြူ အင်္ဂလိပ်တွေ မဟုတ်ပါဘူး။ နအဖထဲက စစ်သားတွေဟာလည်း မြန်မာ့သွေးတွေပါ။ စစ်ပါရီတွေ မဟုတ်ပါဘူး။ နောက်ပြီး ကိုလိုနီခေတ်အခြေအနေနဲ့ ဒီနေ့ ခေတ်ကြီးဟာ အရမ်းကို ကွားခြားနေပါပြီ။ ဒါကြောင့် ကိုလိုနီအစိုးရကို တော်လှန်တဲ့ လူထုခေါင်းဆောင်တွေ လုပ်ရပ်ကို အတုခိုးလို့ အောင်မြင်မှာ မဟုတ်ပါ။ (ကိုလိုနီအင်္ဂလိပ်အစိုးရဟာ နအဖထက်ပိုပြီး ကောင်းတယ်လို့ မပြောပါနဲ့။ အဲလိုထင်နေတာ သမိုင်းလိမ်ညာချက်တွေကြောင့်ပါ။ နောင်တချိန်မှာ သက်သေပြပါမယ်) အရေးကြီးဆုံးက ပြည်သူတွေနောက်ကနေ လိုက်လုပ်နိုင်လားလည်း စဉ်းစားရပါမယ်။ မတရားတဲ့ အမိန့်တွ ဆန့်ကျင်ပါလို့တော့ သူက ပြည်သူတွေကို သင်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တောင် ရဟန်းတွေနဲ့ အနီးကပ် စကားပြောခွင့် မပေးတဲ့ အမိန့်ကိုတောင် မလွန်ဆန်ရဲဘူးမဟုတ်လား? အဝေးကနေပဲ လက်အုပ်ချီရတာပဲ။ သူတောင် မလုပ်ရဲပဲ ပြည်သူတွေကို ခိုင်းတာ သဘာဝ မကျပါဘူး။ ပုံတူကူးလို့မရတာကို နားလည်လွယ်အောင် ဥပမာပေးရရင် တီဘီကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာကို အအေးမိလို့ဖြစ်တဲ့ ချောင်းဆိုးတာနဲ့ ဆေးအတူတူ သုံးလို့ မရပါခင်ဗျာ။ ဒါကြောင့် နအဖကို တော်လှန်တာနဲ့ ကိုလိုနီအစိုးရကို တော်လှန်တာလည်း ပုံတူကူးပြီး လုပ်လို့ မရပါ။ ကိုယ်ပိုင် ဥာဏ်အသုံးပြုဖို့ လိုပါတယ်။ ဒီမိုကရေစီသမားတွေဟာ အထင်ကြီးတဲ့ ဘွဲ့တွေရှိနေပါမယ်။ တကယ်တော့ သူတို့မှာ ကိုယ်ပိုင် ဥာဏ်မရှိတာ အဲဒီနေရာမှာ သက်သေပြနေပါတယ်။ ကျနော်တို့ စဉ်းစားထားတဲ့ ကိုယ်ပိုင်စဉ်းစားထားတဲ့ အစီအစဉ်အချို့ကတော့ . . . .


ပုဂ္ဂိုလ်ရေးအမုံန်းတွေ ရပ်ဆိုင်းပါ

မြန်မာစကားပုံလေးတစ်ခုရှိပါတယ်။ အပ်နဲ့ ထွင်းရမယ့်နေရာကို ပုဆိန်နဲ့ မထွင်းပါနဲ့တဲ့။ ဒီစကားလေးဟာ အရမ်းကို လေးနက်ပါတယ်။ အခြေအနေကို ဆိုးသထက်ဆိုးအောင် လုပ်ရင် အင်အားပိုသုံးရသလို အထိအခိုက်လည်း ပိုလာမယ်ဆိုတဲ့ သဘောပါ။ ဆန္ဒပြပွဲ စပြီဆိုကတည်းက ဦးသန်းရွှေကို ဆဒါန်လို ကြိုးစင်တင်ဖို့ ကြံစည်ကျပါတယ်။ ဒေါ်ကြိုင်ကြိုင် ထွက်ပြေးတယ်ထင်လို့ သူ့ကို တရားစွဲလက်စားချေနိုင်အောင် အပီအပြင် လိုက်လံ စုံစမ်းခဲ့ကျပါတယ်။ ကျနော်မေးခွန်း တစ်ခုမေးချင်ပါတယ်။ ဦးသန်းရွှေအေနေနဲ့ ကြိုးစင်အတင်ခံပြီး မိသားစုကို ဒုက္ခအပေးခံမလား? ပြည်သူတွေကို ပစ်သတ်မလား? ဦးသန်းရွှေနေရာကနေ နေပြီး ဖြေပေးပါခင်ဗျာ။ သူ့အနေနဲ့ ရွေးချယ်ဖို့လမ်းမရှိပါ။ လူတွေကို ပစ်သတ်ဖို့ပဲရှိနေပါတယ်။ Double standard မလုပ်ပါနဲ့ခင်ဗျာ။ လူတိုင်းကို ရွေးချယ်ခွင့်ပေးရမှာပါ။ ( ဦးသန်းရွှေ အနေနဲ့ အေးအေးဆေးဆေးရာထူးက ဆင်းသွားလို့ရပါရက်နဲ့ မဆင်းပဲ လူထုကို ပစ်တယ်ဆိုရင်တော့ ဦးသန်းရွှေကို အပြစ်တင်ထိုက်ပေမယ့်၊ သူနဲ့ သူမိသားစု အတွက် စိုးရိမ်စိတ်ကြောင့် လုပ်ခဲ့ရတယ်ဆိုရင် ဒီမိုကရေစီသမားတွေ ကိုပါ ကြိုးစင်တင်ရမယ်လို့ ပြောချင်ပါတယ်။ ရှင်းပါတယ်နော်? )

ဆန္ဒပြချိန်မှာ ရန်ကုန်တိုင်း စစ်တိုင်းမှုး ဟာ ပစ်မိန့်ကို မနာခံဘူးဆိုတဲ့ သတင်းရတော့ အရမ်းကို ၀မ်းသာခဲ့တယ် မဟုတ်လားခင်ဗျာ? ရန်ကုန်တိုင်း စစ်တိုင်းမှုးနေရာကနေ စဉ်းစားပေးပါ။ ဒီမိုကရေစီ အဖွဲ့တွေဟာ သူ့ကို မုံန်းနေကျပါတယ်။ အချိန်ရတရွေ့ ရန်သူလို ပြောဆို ဆက်ဆံပါတယ်။ စစ်သားဆိုတာ စစ်သင်တန်းမှာ ရန်သူကို ချေမှုံန်းဖို့ လေ့ကျင့်ထားတာပါ။ ဒီတော့ ဦးသန်းရွှေကို မကြည်ဖြူရင်တောင် ရန်သူတွေအတွက် (ဒီမိုကရေစီအတွက်) ဒုက္ခအရောက်ခံပါ့မလား? လက်တွေ့ကျကျ ဖြေပေးပါခင်ဗျာ။

ရွေးကောက်ပွဲ မှာ NLD နိုင်တော့ သူတို့ ဘာလုပ်ခဲ့လဲ ပြန်သတိရပါ။ ကျနော်တို့ လေ့လာချက်အရ ၁၉၈၈ မှာ တာဝန်ရှိတဲ့သူတွေကို အရေးယူမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကျနော့အသိုင်းအ၀န်း ပြောကြားချက်အရ ရေဒီယိုဆွေးနွေးခန်းမှာ NLD က စစ်ခေါင်းဆောင်တွေ အရေးယူမယ်မယူဘူးဆိုတာ သူတို့နဲ့ မဆိုင်ဘူးတဲ့။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်မယ်တဲ့။ သူတို့လက်ထဲအဏာရောက်မှ ပြည်သူတွေ လိုလားလို့ပါဆိုပြီး အကြောင်းပြချက်နဲ့ စစ်ခုံးရုံးတင်မယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဦးခင်ညွှန့်ကိုလည်း NLD က ချိမ်းခြောက်ခဲ့တယ်လို့ ကို Oppositeyes ဘလော့မှာ ရေးထားတာ ဖတ်ဖူးပါတယ်။ ဒီတော့ အစ်ကိုသာ စစ်ခေါင်းဆောင် ဖြစ်နေရင် အဏာလွှပြောင်းပေးချင်ပါ့မလား? တချို့ကတော့ အရင်ကတည်းက စစ်တပ်က ဥာဏ်များဖို့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်လို့ စွပ်စွဲကျပါတယ်။ လူတိုင်း ခုံပေါ်ထိုင်ဖူးရင် မဆင်းချင်တာ ထုံးဆန်ပါ။ ဒါပေမယ့် ရွေးကောက်ပွဲ တရားမျှတစွာ လုပ်ပေးခဲ့တာကို မေ့ပြစ်လို့ မရပါဘူး။ လိမ်ချင်ရင် မဲပုံး လိမ်လို့ရပါတယ်။ နအဖဟာ အဲလောက် မတုံးပါဘူး။ NLD မလိမ်မာလို့ ပုဆိန်နဲ့ ထွင်းရတာမျိုးဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ (အားမနာတမ်းပြောရရင် ဒီမိုကရေစီအဖွဲ့တွေမှာ ပုဆိန်မပြောနဲ့ အပ် တစ်ချောင်းတောင် မရှိပါဘူး။ နအဖဆူးကို ထွင်းဖို့ ဘာမှ မရှိပါခင်ဗျာ) အလကားနေရင်း စစ်ခုံရုံးတင်တယ်ဆိုတဲ့ အူကြောင်ကြား အတုခိုးစရာမဟုတ်တာကို သွားပြီးအတုခိုးလို့ တနည်းပြောရရင် NLD စိတ်ရူးပေါက်သွားလို့ အခုလိုပြဿနာတွေ ရှုပ်ထွေးကုန်တာ ဖြစ်နိုင်ပါတယ်။

ပုဂ္ဂိုလ်ရေးမုံန်းတီး စိတ်တွေ နဲ့ မလိုအပ်တဲ့ လက်စားခြေလိုစိတ်တွေကြောင့် နအဖ ဒီမိုကရေစီတိုက်ဖျက်ရေးကို အားပေးသလိုဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်တွေ အာဏာလွှဲပြောင်းချင်စိတ်မရှိရင် ဒီမိုကရေစီ ရဖို့ မလွယ်ပါ။ လက်တွေ့ကျကျ စဉ်းစားပါ။ ဒီတော့ အမုံန်းပွားနေတော့ ဘာထူးလဲ? အဲလိုလုပ်လေ နအဖက ပိုပြီး စည်းရုံးလေ ဖြစ်နေပါတယ်။ စဉ်းစားပါ။ မတုံးပါနဲ့

ဒေါသတွေလျှော့ပြီး အဆင့်ရှိရှိပြောဆိုပြီး ဒီမိုကရေစီတောင်းဆိုရင် အနည်းနဲ့ အများဆိုသလို ဦးသန်းရွှေအနေနဲ့ ရာထူးက ဆင်းဖို့ စဉ်းစားမှာပါ။ အခုအခြေအနေမှာ အသက်ကြီးလို့ဆင်းပေးချင်ရင်တောင် ဒီမိုကရေစီသမားတွေရဲ့ ပြုမူကြောင့် မဖြစ်မနေ အာဏာကို အတင်းစုပ်ကိုင်ထားမှာပါ။ ဒါကြောင့် ဒီမိုကရေစီလိုချင်ရင် ပုဂ္ဂိုလ်ရေး အမုံန်းတွေကို ရပ်ဆိုင်းရပါမယ်။


နအဖ စစ်တပ်မဟုတ်ပါ

နအဖစစ်တပ်လို့ ခေါ်ကြပါတယ်။ စစ်သားဆိုရင် ဒီမိုကရေစီသမားတွေက ရန်သူလို သတ်မှတ်ကျပါတယ်။ အရေးကြီးတဲ့အချိန်မှာတော့ စစ်သားတွေ ပစ်မိန့်ကို လွန်ဆန်ပြီး သူတို့ဘက်ကို လာစေချင်တယ်မဟုတ်လား? အဲဒါ သဘာဝ ကျသလားခင်ဗျာ? နှစ်ပေါင်း ၂၀လုံးလုံး ရန်သူသဖွယ် သတ်မှတ်ထားပြီး တကယ့်အရေးကြီးတဲ့ အချိန်ကျတော့ ကို့ဘက်ကို လာစေချင်တယ်မဟုတ်လား? စစ်သားတွေလာရင် သာမန်လူတွေထက် ပိုပြီး စွန့်စားရပါတယ်။ အသတ်ခံရဖို့က များပါတယ်။ ဒီတော့ စဉ်းစားကြည့်ပါ။ တကယ်တမ်း ကို့ဘက်ကနေ ရပ်တည်ပေးချင်ရင် မိမိအပြုအမူကို အရင်ပြင်ဆင်သင့်ပါတယ်။ ဘယ်စစ်သားမှ အဲလောက် မရူးပါဘူး။ ရူးနေတာက ဒီမိုကရေစီသမားတွေပါ။ စစ်သားတွေကို ဆဲရင် ဘာမှ အကျိုးမရှိဘူးဆိုတာ သတိထားပါ။ စစ်သားဆိုတာ ရန်သူကိုချေမုံန်းဖို့ လေ့ကျင့်ထားတာပါ။ မိမိဟာ ရန်သူသဖွယ်ပြုမူနေရင် ဟိုက ပစ်သတ်သွားမှာပေါ့။ စစ်ခေါင်းဆောင်တွေအပေါ်မှာ ပိုပြီး သစ္စာစောင့်သိမှာပါ။ အဲဒါဆိုရင်တော့ သူတို့ဟာ အရေးကြီးတဲ့အချိန်မှာ မိမိဘက်ကို ပါလာမှာ မဟုတ်ပါ။ အဲဒါကြောင့် အပြစ်မတင်ပါနဲ့။

တကယ်တော့ စစ်သားဆိုတာ မြန်မာလူမျိုးတွေထဲက ပြည်သူတွေပါ။ နအဖစစ်တပ်မဟုတ်ပါ။ ပြည်သူ့ စစ်တပ်ဆိုတာ လက်ခံပါ။ သူတို့တွေဟာ အသက်ရှင်ရေးအတွက် အလုပ်လုပ်နေရတဲ့ ပြည်သူတွေပါ။ လက်တွေ့ကျကျ စဉ်းစားတတ်ရင် နအဖ စစ်တပ်ဆိုတဲ့ စကားကို ရပ်တန့်ပေးပါ။ ကိုနစ်နေမန်းလို အလုပ်မျိုးမလုပ်ပါနဲ့။ လုပ်ခဲ့ရင်လည်း သိသိသာသာ ဆန့်ကျင်ပါ။ ၀ါဒတူတွေလုပ်တိုင်း ထောက်ခံတာ လေးစားထိုက်တဲ့ စိတ်ဓါတ်မဟုတ်ပါ။ စဉ်းစားပါ။


ဝန်ထမ်းတွေကို စည်းရုံးပါ

လက်တွေ့ကျရဲ့လားဆိုတဲ့ မေးခွန်းနဲ့ စချင်ပါတယ်ခင်ဗျာ။ ဆန္ဒပြပွဲပြီးသွားတဲ့ အချိန်မှာ ဒီမိုကရေစီ ဘလော့တွေမှာ ၀န်ထမ်းအားလုံး အထွေထွေသပိတ် လုပ်ဖို့ တောင်းဆိုတာတွေ မြင်ရပါတယ်။ ရယ်စရာကြီး ဖြစ်မနေဘူးလား? အချိန်တိုင်း နအဖ ၀န်ထမ်းတွေလို့ နာမည်တပ်ပြီး ရန်သူလိုဆက်ဆံပြီးမှ အရေးကြီးတဲ့ အချိန်မှာ သပိတ်မှောက်ပါလို့ တိုက်တွန်းတာ မိမိကိုယ်ကို အရူးပါလို့ ကြေငြာသလိုဖြစ်နေဘူးလား? ဘယ်သူက မိမိကို ရန်သူထင်နေတဲ့သူတွေ အတွက် သပိတ်မှောက်မှာလဲ? နောက်ပြီး ၀န်ထမ်းဆိုတာ လူပေါင်းစုံပါ။ တချို့က မိမိရာထူးလေးတက်ဖို့ စစ်တပ်ကို ဖားတာမျိုးရှိပါတယ်။ ကိစ္စတစ်ခုမှာ ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ဟာ ဗိုလ်တွေကိုတော့ အထူးအခွင့်အရေးပေးပြီး သာမန်ကျောင်းသားတွေ ဘတ်စကား အဆင်မပြေလို့ မိနစ်ပိုင်းလေး နောက်ကျတာတောင် ကျောင်းတံခါးဖွင့်မပေးဘူးတဲ့။ ဘလော့တစ်ခုမှာ ရေးထားပုံကတော့ ပြဿနာကို ပြေလည်သွားဖို့ ဦးတည် ရေးထားတာ မဟုတ်ပါဘူး။ ကျောင်းအုပ်ကို သိက္ခာကျအောင် အဓိက ရေးထားပါတယ်။ သူမကောင်းတာမှန်ပါတယ်။ မှန်ပေမယ့် အဲလို အရှက်ရအောင်လုပ်တာဟာ ဘာမှ အကျိုးမရှိပါဘူး။ (ဗုဒ္ဓဘာသာ ဖြစ်ရင် ရှင်းပြဖို့ မလိုဘူးထင်ပါတယ်) ကျောင်းအုပ်က သူ့အမှားကို ပြင်ဖို့ထက် အရှက်ရအောင်လုပ်တဲ့ ဒီမိုကရေစီ အပေါ်မှာ စိတ်ခုသွားမှာဖြစ်ပါတယ်။ ဒီနေ့ ၀န်ထမ်းတွေ အကျင့်ပျက်နေတာကို မထောက်ပြနဲ့ ပြောနေတာ မဟုတ်ပါဘူး။ သတိထားဖို့က သူတို့ဟာ နအဖ တည်မြဲရေးအတွက် လုပ်နေတာ မဟုတ်ပဲ မိသားစုအတွက် အလုပ်လုပ်နေကျတာပါ။ လဒ်စားမှုတွေဟာ အရမ်းကို များနေပါတယ်။ အဲဒါကြောင့် အမှားကိုထောက်ပြသင့်ပါတယ်။ ဝေဖန်သင့်ပါတယ်။ ဒါပေမယ့် စေတနာလေးနဲ့ ပြောတာ ဆိုတာ ပြုမူတာမျိုးပဲ ဖြစ်သင့်ပါတယ်။ နအဖပေးတဲ့ လစာယူလို့ နအဖ၀န်ထမ်း အမည်တပ်ပြီး ရန်သူလို ဆက်ဆံချင်း ကိုရပ်တန့်သင့်တယ်။ အဲလိုမှ မဟုတ်ပဲ အရှက်ရအောင် လုပ်တယ်ဆိုရင် အဲဒီဝန်ထမ်းတွေဟာ နအဖ ဘက်ကို ပါသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်ကတည်းကနေစပြီး ၀န်ထမ်းတွေကို ရန်သူလို ဆက်ဆံချင်း ရပ်တန့်ပေးပါ။


သတင်းဌာနများ

နအဖဟာ အကြောက်တရားနဲ့ အုပ်ချုပ်ထားတယ်လို့ ဒီမိုကရေစီသမားတွေ လက်ခံကျပါတယ်။ Freedom from Fear ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တောင် စာအုပ်ရေးခဲ့တယ် မဟုတ်လား? မိုးပေါ်ထောင်ပြီး သေနတ်ဆက်တိုက် ဖေါက်တာတွေ၊ ခေါင်းပေါ်ကနေ ကျော်ပစ်တာတွေနဲ့ လူအုပ်ထဲ ပစ်တာတွေဟာ ဆန္ဒပြသူတွေကို ကြောက်စေချင်လို့ပါ။ မပစ်သေးတဲ့အချိန်မှာ ဆန္ဒပြသူတွေဟာ လမ်းတွေမှာ အပြည့်ရှိနေခဲ့ပေမယ့် ပစ်တဲ့အချိန်မှာတော့ ချက်ချင်းကို ပျောက်သွားကျပါတယ်။ များများကြောက်လေ မြန်မြန်လမ်းပေါ်က ပျောက်လေပါပဲ။ ထို့အတူပဲ ဖမ်းဆီးနေတာလဲ ကြောက်အောင် ခြောက်တာ တမျိုးပါ။ အဲလိုအကြောက်တရားတွေ နဲ့ နအဖ အဏာတည်မြဲနေတယ်လို့ လက်ခံရင် သတင်းဌာနတွေက လူတွေကို ကြောက်အောင် ဖြဲချောက်တာတွေကို လက်ပိုက်ကြည့်သင့်သလား? သတင်းဌာနတွေ လူတွေကို ဖြဲချောက်နေတာ အများကြီးပါ။ ဦးနောက်ပြုတ်ကျတဲ့ ကိစ္စ၊ ကမ္ဘာကို လိမ်ခဲ့တဲ့ ဘုန်းကြီးအလောင်းအတုတွေ အပြင် ရှေ့နောက်မညီတဲ့ သတင်းအတုတွေလည်းရှိပါတယ်။ ဥပမာ ပြောရရင် ဦးမင်းကိုနိုင် ထောင်က မထွက်မီ လပိုင်းအလိုမှာ နှိပ်စက်တဲ့အတွက် အောက်ပိုင်းသေသွားတယ်ဆိုပြီး သတင်းတွေမှာ ကြေငြာခဲ့ပါတယ်။ သူထောင်က ထွက်လာတော့ ဘာမှ မဖြစ်ပဲ လမ်းလျှောက် ထွက်လာခဲ့ပါတယ်။ ဘာကြောင့် အဲဒီတုံးက သတင်းတွေကို မဝေဖန်ခဲ့တာလဲ? အဲဒီသတင်းမမှတ်မိ ဘူးဆိုရင် လတ်တလော သတင်းကို ထောက်ပြချင်ပါတယ်။ ၁၉၈၈ ကျောင်းသားခေါင်းဆောင်ဂျင်မီ ညှင်းပန်းခံရတာ သေလုမြောပါး ဖြစ်နေတယ်တဲ့။ အင်္ဂလိပ်နာမည်နဲ့ ဂျင်မီဘာဖြစ်လဲ? (ကလေးကို တည်ကြက် လုပ်တယ်ဆိုပြီး မျက်ရည်ကျပြတဲ့ မိန်းမမာယာ အရူးမ လုပ်ကွက်ကတော့ စာမဖွဲ့လောက်လို့ မပြောတော့ပါဘူး) ဟိုတလောက ထောင်ဝင်စာရလို့ မိသားစု သွားတွေ့တော့ ဘာမှလဲဖြစ်ဟန်မတူပါဘူး။ ထောင်ထဲ ဆေးဝါးကုသမှုညံ့လို့ သေသွားတော့ လည်း ကြောက်စရာကောင်းအောင် ချဲ့ကား ပြောကျပါတယ်။ တကယ်တော့ ထောင်မှ မဟုတ်ဘူး တစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်တာ ညံ့ဖျင်းပါတယ်။ အဲဒါကို ညှင်းပန်းသယောင်ထင်အောင် ဖြဲချောက်တာမျိုး လုပ်သင့်သလား?

စဉ်းစားကြည့်ပါ။ စစ်သားတွေလို လက်နက်တွေရှိနေရင်တော့ ဒေါသထွက်ပြီး သူသေ ကိုယ်သေ ထွက်ပစ်မှာပေါ့။ ပြည်သူတွေမှာ လက်နက်ဆိုလို့ အပ်တစ်ချောင်းတောင် ရှိတာမှ မဟုတ်တာ။ အဲလို ချောက်ခြားစရာ သတင်းတွေ ကြားတော့ အကြောက်လွန်ပြီး ငြိမ်သွားမယ်။ ဘယ်နှစ်ယောက်များ ရူးကြောင် မူးကြောင်နဲ့ အသေခံ ဆန္ဒထွက်ပြမှာလဲ?

အကျဉ်းချုပ်ပြောရရင် နအဖ သက်ဆိုးရှည်တာဟာ သတင်းတုတွေရဲ့ အကူအညီလဲ ပါတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီလိုချင်ရင် သတင်းအတုတွေနဲ့ လူတွေကို စိတ်ချောက်ခြားအောင် မလုပ်ဖို့ တတ်စွမ်းတရွေ့ လုပ်ဆောင်သင့်ပါတယ်။ နို့မဟုတ်ရင် လုပ်သမျှ သဲထဲရေသွန်သလိုဖြစ်ပြီး နအဖ ဘယ်တော့မှ ပြုတ်မှာ မဟုတ်ပါ။


မိမိတာဝန်

လူတွေဟာ ဒီမိုကရေစီတော့လိုချင်တယ်လို့ ပြောနေကျပါတယ်။ သနားစရာ ကောင်းလိုက်တာနော်။ ဘာမှ မလုပ်ပဲ ဘယ်သူမှ ဒီမိုကရေစီကြီးကို လက်ထဲလာထည့်ပေးမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီရချင်တယ်ဆိုပြီး တကိုယ်တော် ဆန္ဒသွားပြလို့လည်း ရမှာ မဟုတ်ပါဘူး။ မိမိလိုချင်တဲ့ ဒီမိုကရေစီကို ရရှိအောင် မိမိကျရာတာဝန်တွေကိုထမ်း ဆောင်မှ ဖြစ်မှာပါ။ တာဝန်တွေကတော့


(၁) ၀ါဒတူတွေလုပ်တိုင်း မထောက်ခံပါနဲ့
မိမိနဲ့ဝါဒတူတယ်ဆိုပြီး လုပ်သမျှကို မစဉ်းစားပဲ ထောက်ခံတာမျိုးမလုပ်ပါနဲ့။ တချို့ ကိစ္စတွေဟာ နအဖ သက်ဆိုးရှည်ရေးကိုအားပေးသလိုဖြစ်ပါတယ်။ ဥပမာ သတင်းအတုတွေနဲ့ လူတွေကို ကြောက်အောင်လုပ်တာတွေ၊ အဲလိုသတင်းမျိုးကို မဖြန့်အောင် တားမြစ်ပါ။ ၀ါဒတူပေမယ့် ဒီမိုကရေစီအတွက် ခလုတ်တစ်ခုဖြစ်နေရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ အားနာဖို့ မလိုပါ။ အဲလိုဆွေးနွေးလို့ နအဖလူလို့စွပ်စွဲရင် အဲဒီလူဟာ ဒီမိုကရေစီသမား မဟုတ်ပါ။ ဒီနေရာမှာ တစ်ခုပြောချင်ပါတယ်။ မြန်မာဒီမိုကရေစီသမားတွေဟာ အင်မတန်ကို ကလေးဆန်ပါတယ်။ ဘယ်အကြောင်းအရာမှကို ဆွေးနွေး အဖြေမရှာရဲကျပါဘူး။ သူတို့ ထင်ထားတာကိုပဲ တခြားလူယုံကြည်အောင် ကြိုးစားကျပါတယ်။ တခြားဘက်က သူတို့အမြင်မှားကြောင်းသက်သေ ပြလာရင် ဖင်ပိတ် အတင်းငြင်းတာမျိုး လုပ်ကျပါတယ်။ သဘောထားကြီးစွာနဲ့ လက်ခံဖို့ မစဉ်းစားကျပါဘူး။ ရယ်စရာ အကောင်းဆုံးကတော့ အမြင်မတူတာတွေ တင်ပြရင် သူတို့ ဒီမိုကရေစီ အဖွဲ့ကို အားနည်းစေတယ်တဲ့။ အဲဒါ အစ်ကိုတို့ တိုက်နေတဲ့ ဒီမိုကရေစီစံနစ်ရဲ့ အနှစ်သာရလားခင်ဗျာ? ဒီမိုကေ၇စီဆိုတာ ဝေဖန်ဆန်းစစ်မှုတွေနဲ့ ညှိနှိုင်းအဖြေရှာချင်းက အကောင်းတွေကို ဖြစ်ပေါ်စေတယ်လို့ ယူဆထားတယ် မဟုတ်ဘူးလား? အဏာရှင်တွေသာ မိမိတို့ အမြင်ကို အထိမခံပဲ ဝေဖန်တာတွေဟာ သူတို့ စည်းလုံးရေးဖြိုခွဲတယ်လို့ လက်ခံထားတာ မဟုတ်လားခင်ဗျာ? ဒါဆိုရင် အခုဒီမိုကရေစီအမည်ခံတွေဟာ တကယ်တမ်းဘာတွေလဲ? အားမနာတမ်းစဉ်းစား ကြည့်ပါဦးခင်ဗျာ။

(၂) မိမိလူကို စည်းရုံးပါ
ဒီမိုကရေစီသမားတွေ ဘာလုပ်နေလဲဆိုရင် သူတို့က နအဖလူတွေကို သူတို့ဖက် ပါလာအောင် ကြိုးစားချင်ကျပါတယ်။ ဒီမိုကရေစီသမားတချို့လုပ်ဆောင်ချက်ဟာ နအဖ တည်မြဲအောင် အားပေးနေတာတွေ ရှိနေပါတယ်။ တချို့ကတော့ ဒီမိုကရေစီ အမည်ခံပြီး ကိုယ်ကျိုးရှာနေတာတွေ ရှိပါတယ်။ ဒုက္ခသည်အတုတွေကို ပိုက်ဆံယူလုပ်နေတာ လူတိုင်းသိတဲ့ ကိစ္စပါ။ အမေရိကမှာဆိုရင် နိုင်ငံရေးအဖွဲ့ တချို့ဟာ ပြည်ကြီး တရုပ်တွေနဲ့ ကုလားတွေကို မြန်မာလူမျိုးဖြစ်ကြောင်း ထောက်ခံစာတွေကို ငွေယူပြီး ထုတ်ပေးနေတယ်လို့ သိရပါတယ်။ (တဆင့်စကားသာ ဖြစ်ပါတယ်။ မတိကျသေးကြောင်း ၀န်ခံပါတယ်။ မှန်ရင်တော့ ဆန့်ကျင်သင့်ပါတယ်) အဲလိုမျိုးလုပ်ရပ်ဆိုရင် ၀ါဒတူအချင်းချင်းမို့ ခွင့်လွှတ်မယ့်အစား ပြုပြင်ဖို့ကြိုးစားပါ။ မပြုပြင်ရင် အဲဒီလူတွေဟာ အသားထဲကထွက်တဲ့ လောက်တွေနဲ့မခြားပါဘူး။ နအဖ ကိုယ်စား ဒီမိုကရေစီတိုက်ဖျက်ရေးလုပ်ပေးနေတဲ့ လူတွေပဲ ဖြစ်ပါတယ်။ လူတွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ်မှာ အယုံအကြည်ပိုနည်းသွားစေမှာပါ။

(၃) ဦးနောက်မပျင်းပါနဲ့
ဒီမိုကရေစီသမားတွေဟာ အဖြူတက္ကသိုလ်တွေက ပေးတဲ့ စာရွက်ကြီးတွေ (တန်ဖိုးရှိမှ ဘွဲ့လို့ခေါ်ပါတယ်။ သူတို့ရထားတာ စာရွက်လို့ပဲ ခေါ်ပါတယ်) ရှိတယ်ဆိုပြီး အထင်သိပ်ကြီးကျပါတယ်။ သူတို့တွေမှာ စဉ်းစားဥာဏ် လုံးဝ မရှိတာပဲ မြင်တွေ့နေရပါတယ်။ သူတို့လုပ်ရပ်ကို ကြည့်ရင် ပြောသမျှယုံတာနဲ့ အဖြူတွေလုပ်သမျှ အတုခိုးတာပဲရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လဲ ထောက်ခံပါတယ်။ မေးခွန်း တစက်မှ မထုတ်တတ်ကြပါဘူး။ ဥပမာ အမျိုးသားညီလာခံကနေ နှုတ်ထွက်လိုက်တယ်။ အဖြူတွေလုပ်တဲ့ သပိတ်မှောက်တယ်ဆိုတာကို အတုခိုးပြီး လုပ်လိုက်တာဖြစ်ပါတယ်။ တကယ်အကျိုးရှိမရှိ စဉ်းစားပြီးလုပ်တယ်လို့ မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်ချက်ဟာ နအဖကို သူမထောက်ခံဘူးဆိုတာ သိယုံသက်သက်ပဲ ရှိပါတယ်။ ကလေးတွေ နှုတ်ခမ်းဆူပြတဲ့ ပုံစံမျိုးပေါ့။ ဘာမှ အကျိုးမရှိပါ။ ဒီမိုကရေစီသမားဆိုတာ ၀ါဒတူလုပ်ရင် ထောက်ခံမယ် ဆိုတာမျိုးပါပဲ။ အဲလိုထွက်လိုက်တော့ ဘာများ အကျိုးထူးမှာမို့လဲ? ဘယ်သူများ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းပြန်ထုတ်ရဲလဲ? အဲဒီအဖြူစာရွက်ကိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေ စဉ်းစား တွေးခေါ်တတ်တယ်ဆိုရင် နအဖ ပြုတ်ကျရေးလမ်းစဉ် တစ်ခုကိုချပြနိုင်ရမှာပါ။ ဘယ်သူများ ချပြနိုင်လဲ? အဲလောက်တုံးတဲ့ ခေါင်းဆောင်တွေကို အားကိုးစိတ်က ရှိတုံးမဟုတ်လား? သူတို့ကို အရည်အချင်းမြင့်လာအောင် လုပ်ပေးဖို့ စိတ်ကူးလဲ မရှိဘူး မဟုတ်လား?

နောက်တစ်ခုကတော့ သတင်းစာတွေ၊ သမိုင်းစာအုပ်တွေ ၊ အဖြူတွေရေးတဲ့ နိုင်ငံရေး စာအုပ်ထူထူကြီးတွေ ဖတ်ပြီး အားလုံးယုံနေချင်းဖြစ်ပါတယ်။ စာအုပ်ဆိုတာ ဖတ်ရင် ဥာဏ်နဲ့ ယှဉ်ဖတ်ရပါတယ်။ စာများများဖတ်တတ်ဖို့ထက် နည်းနည်းဖတ်ပြီး တွေးတော ဆင်ခြင်ဖတ်တတ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဆရာကြီးဦးသန်းထွန်းပြောတဲ့ သမိုင်းဆိုတာ မ‘အ’ အောင်လေ့လာရတယ်ဆိုတာနဲ့ သမိုင်းစာအုပ်တွေ ပြောသမျှ စွပ်ယုံတော့တာပဲ။ နည်းနည်းလေးမှ ဆက်စပ်တွေးခေါ်တာမျိုး မရှိကျဘူး။ စာမျက်နှာ တစ်ထောင်လောက် စာအုပ်ကို တစ်ပတ်လောက်ဖတ်ပြီး မှတ်ကျပါတယ်။ ဒါပါပဲ။ ရေးထားတာ မှားသလား မှန်သလား ချိန်ဆတဲ့ အပိုင်းမရှိတော့ဘူးဗျ။ မြတ်စွာဘုရားဟောထားပါတယ် ၊ ကျမ်းဂန်လာတိုင်းလဲ မယုံနဲ့တဲ့။ ဘုရားစကားနားမထောင်တာ ဒီမိုကရေစီသမားတွေလည်း ထိပ်ကပဲ။ ဒါကြောင့်လဲ အခုလို တုံးနေတာပါပဲ။ အဲလိုတွေးတော ကြံဆမှသာ လောကမှာ မိမိဖာသာ လမ်းစဉ်အသစ်ကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်တို့လို ဟိုလူလုပ်တာ အတုခိုး၊ ဒီလူလုပ်တာ အတုခိုးနဲ့ ကော်ပီနိုင်ငံရေး သမားတွေပဲ ဖြစ်နေမှာပါ။ ဒါကြောင့် ဦးနှောက်မပျင်းအောင် လုပ်ပါလို့ ပြောခြင်းဖြစ်ပါတယ်။

(၄) အမြှောက်ကိုစားအားရှိပါ၏
နအဖဟာ တကယ်ကို အမြှောက်ကြိုက်တယ်။ သူ့ကိုယ်ပိုင် သတင်းစာတွေကနေ နေ့စဉ်၊ နေ့တိုင်း ပြန်မြှောက်တယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော် မတူတော်တဲ့ဗျ။ အဲလိုမြှောက်တော့ သူတို့ကို လူတွေက ပိုပြီးမုံန်းကျပါတယ်။ ငပေါကြီးတွေလို့လည်း ထင်လာကျပါတယ်။ ဒီမိုကရေစီသမားတွေကတော့ နအဖထက် အဲဒီနေရာမှာ နည်းနည်းလေးသာတယ်။ သူ့ကိုသူ မြှောက်တာ မလုပ်ဘူးဗျ။ ဒီမိုကရေစီဘလော့ကာတွေ တစ်ယောက်တစ်လှည့် အလည်အပတ်လုပ်ပြီး အပြန်အလှန် မြှောက်ကျပါတယ်။ ထောက်ခံကျပါတယ်။ ဟီးဟီး - - အဲလောက်တော်တဲ့ ဒီမိုကရေစီသမားတွေဗျ။ သူတို့ထောက်ခံတဲ့ စာတွေကို ကြည့်ရင် ဒီမိုကရေစီရရှိရေး အထောက်အကူပြုလားဆိုတော့ မပြုပါဘူး။ မြန်မာနိုင်ငံ အတွက်လား ဆိုတော့လည်း မဟုတ်ပါဘူး။ အကျဉ်းချုပ်ကတော့ အတင်းပြောထားတာပဲ ဖြစ်ပါတယ်။ နအဖကို အတင်းပြောရင်း မြှောက်တဲ့ ပီတိတွေနဲ့ အားတွေ ရှိပြီး အတင်းတွေ ပိုပြောဖြစ်ကျပါတယ်။ အတင်းအဖျင်းဆိုတာ အကျိုးမရှိတာတွေမို့ ဒီမိုကရေစီဘလော့တွေကို အရေမရ အဖတ်မရလုပ်တယ်လို့ ပြောတာ မှားသလား? မှန်တယ်ဆိုတာ မိတ်ဆွှေလည်း လက်ခံတယ် မဟုတ်လား။

ကိုမောင်ဒိုင်းဆိုရင် သူဟာ ဒီမိုကရေစီသမား မဟုတ်ပါဘူးတဲ့။ (ဒီနေ့ ဘယ်သူမှ ဒီမိုကရေစီသမား အမည်မခံချင်တော့လို့ သူ့ကိုသူ ဒီမိုကရေစီသမား မဟုတ်ဘူးပြောတယ်ဆိုတာ သိသာပါတယ်။ ) သူရေးတဲ့စာတွေ ကြည့်ရင် အကျိုးမရှိ အရေမရ အဖတ်မရ ဆောင်းပါးတွေပါ။ တကယ်ကို အချိန်ကုန်ခံပြီး ရေးနေတာပါ။ အဲလို အရေမရအဖတ်မရ လုပ်တာဟာ ဒီမိုကရေစီသမားဆိုတာကို သက်သေပြနေတာပဲဗျ။ အချိန်ကုန်ပြီးဘာကြောင့် ရူးရူးမိုက်လုပ်နေလဲဆိုတဲ့ နောက်တစ်ချက်ကတော့ အမြှောက်ကြိုက်လို့ပါ။ သူက မြှောက်လေ အတင်းပြောလေပါပဲ။ မယုံရင် သူ့ဆီပုံးကနေ မြှောက်ပေးကြည့် ပုဂ္ဂိုလ် အတင်းပြောစကားဆန်းလေးတွေ ထွက်လာလိမ့်မယ်။

နောက်တစ်ယောက်ကတော့ အတင်းပြောစစ်သားကြီး ကိုလျှာရှည်ဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့အပြောအဆိုတွေကို လေ့လာကြည့်ရင် ရုရှမှာ နူးကရီးယား လေ့လာနေတဲ့ စစ်သားဖြစ်နိုင်ပါတယ်။ မြန်မာပြည်ပြန်ရောက်ရင် ရေဒီယို သတ္တိုကြွတဲ့ဒဏ်နဲ့ သေမှာကို တွေးကြောက်ပြီး နအဖကို အတင်းပြောနေတယ်လို့ ယူဆမိပါတယ်။ ကျနော်တို့နှစ်ယောက်က တောသားဆိုတော့ ရှင်းရှင်းပဲတွေးတတ်ပါတယ်။ သေမှာကြောက်လို့ အတင်းပြောနေတဲ့ စစ်သားကို ဒီမိုကရေစီသမားတွေ အနေနဲ့ လက်ကမ်းကြိုဆိုစရာ မလိုဘူးထင်ပါတယ်။ သေရဲတဲ့ သတ္တိုရှိမှ စစ်သားလုပ်ရမှာပါ။ အခွင့်အရေးလိုချင်လို့ စစ်ထဲဝင်တဲ့သူတွေသာ သေမှာကို ကြောက် ပါတယ်။ ကိုလျှာရှည်လို အတင်းပြော အခြောက်စစ်သားတွေ များလာရင်တော့ တပ်မတော် တစ်ခုလုံးကို ဘောင်းဘီ မ၀တ်ပဲ စကပ်တွေ ၀တ်ခိုင်းပါ။ ဗိုလ်ကြီးတွေ၊ ဗိုလ်ချုပ်တွေလို့ ရာထူးအစား မမကြီးတွေ၊ ဒေါ်ဒေါ်ကြီးတွေလို့ ရာထူးသတ်မှတ်ရမှာ ဖြစ်ပါတယ်။ အထက်က အမိန့်ကို နာခံရမှာ စစ်သား တာဝန်ပါ။ သေမှာကြောက်လို့ အမိန့် မနာခံတဲ့ စစ်သားကို မြှောက်ပေးကျတဲ့ အလုပ်ကို မလုပ်သင့်လို့ ယူဆပါတယ်။ အခြောက်စစ်သားတွေများနေရင် နိုင်ငံ သိက္ခာကျဆင်းပါတယ်။ သေမှာကြောက်တာနဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို တလွဲအသုံးချတာတွေ များလာနိုင်ပါတယ်။ စဉ်းစားဖို့ပါ။ အထူးသတိပေးချင်တာကတော့ ကောင်းတာ လုပ်တိုင်း အမြှောက်ခံရဖို့ မမျှော်လင့်ပါနဲ့။ မိမိနဲ့ဝါဒတူတွေကတောင် တိုက်ခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် မှန်မှန်ကန်ကန် တိတိကျကျ လုပ်ရဲအောင် အမြှောက်ကြိုက်တဲ့ စိတ်ဓါတ်ကို ဖျောက်ပါ။ အမြှောက်ကိုစား အဆိပ်သင့်၏ ဆိုတဲ့ စာတန်းလေး ခေါင်းထဲ စွဲနေအောင် လုပ်ထားပါ။ မှတ်ထားပါ။ အမြှောက်ကိုစား အဆိပ်သင့်၏။

(၃) မိမိအဖွဲ့အစည်းတွေကို အရည်အသွေးမြှင့်တင်ပါ
နအဖ အတင်းသတင်းကို နားထောင်ချင်ရင် BBC, DVB ကို နားထောင်ပါ။
ဒီမိုကရေစီခေါင်းဆောင်တွေ အတင်းအဖျင်းကို နားထောင်ချင်ရင် အဲဒီအဖွဲ့ဝင်တွေနဲ့ စကားပြောကြည့်ပါ။ သူတို့ခေါင်းဆောင် ဘယ်လောက် အူကြောင်ကြောင်နိုင်လဲ၊ ငွေကြေး NGO တွေကို ဘယ်လိုလိမ်ပြတယ် ဆိုတာတွေ ကြားနိုင်ပါတယ်။ ဒီဘက်နိုင်ငံတွေမှာဆိုရင် ပတ်စပို့ကိုင်ပြီးရောက်လာတဲ့ အသိုင်းအ၀န်းတွေက ဒီမိုကရေစီအဖွဲ့တွေကို လေးစားတာ မရှိပါဘူး။ ရေဒီယိုပေါ်မှာ တက်ပြီးပြောမှ တခြားနိုင်ငံက သူတို့ပြောတာကို တလေးတစားနားထောင်ကျတာပါ။ သိတဲ့သူတွေကတော့ လှောင်ပြောင်ကျပါတယ်။ ဟားတိုက်ကျပါတယ်။

ကျနော်ပြောတာတွေ လူတိုင်းသိပါတယ်။ မပြောရက်လို့ မပြောပဲနေကျတာပါ။ အဲဒီအချက်အလက်တွေကို ကိုကြည့်ရင် ဒီမိုကရေစီသမားတွေမှာ အားကိုးထိုက်တဲ့ အရည်အချင်း ချို့တဲ့နေတယ်ဆိုတာ သက်သေပြနေပါတယ်။ ဒီနေ့အထိ နအဖပြုတ်ကျရေး လမ်းစဉ် မချနိုင်တာလဲ အရည်အချင်းမရှိကြောင်း ပြသနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အရည်အသွေးမြှင့်ဖို့ လိုလာပါတယ်။ သူတို့အရည်အသွေးတက်လာအောင် လုပ်ဖို့ကတော့ ပြောတိုင်း မျက်စိမှိတ်ထောက်ခံတဲ့ အလေ့အကျင့်ကို ဖျောက်ပါ။ နအဖကို အားမနာတမ်းမေးခွန်းထုတ်သလို ဒီမိုကရေစီ ခေါင်းဆောင်တွေကိုလည်း မေးခွန်းထုတ်ပါ။ သာဓက တစ်ခုပေးချင်ပါတယ်။ စီးပွားရေးပိတ်ဆို့တာဟာ နအဖကို ဖိအာပေးနေတာလို့ ပြောလိုက်ရင် အားလုံးကျေနပ်စွာနဲ့ ထောက်ခံကျပါတယ်။ ဖိအားပေးလို့ နအဖ မပြုတ်ကျရင် ဘာလုပ်မှာတုံး။ အချိန်ကုန်တာပဲ အဖတ်တင်တယ်၊ ဒီတော့ အဲဒီဖိအားက နအဖပြုတ်ကျမလားဆိုတာ မေးပါ။ ဒါမှ မဟုတ် တိုင်းပြည်နဲ့ ဒီမိုကရေစီရရှိရေးအတွက် အထောက်အကူ ဘယ်လိုပြုမလဲဆိုတာ မေးခွန်းထုတ်ပါ။ မေးခွန်းကို မဖြေနိုင်ရင် ရှင်းပါတယ်။ ကော်ပီနိုင်ငံရေးသမားလုပ်ရပ်ဆိုတာ ပေါ်နေပြီမို့ သူ့လုပ်ရပ်ကို ဆန့်ကျင်လိုက်ပါ။ အဲလိုလုပ်ချင်းနဲ့ နောက်ပိုင်းမှာ အစီအစဉ်သစ်ခုကို တင်ပြမယ်ဆိုရင် ထောက်ခံမှုရအောင် အသေအချာ စဉ်းစားပြီမှ ပြောဆိုလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင်အဲဒီ ခေါင်းဆောင်ဟာ အရည်အသွေးတိုးတက်သွားပြီလို့ ပြောနိုင်ပါတယ်။ ကျနော်တို့ တင်ပြချက် လက်တွေ့ကျလား စဉ်းစားပါ။

(၄) ရန်ထောင်တာတွေ ရပ်ပါ
ကျနော်တို့ တောသားနှစ်ယောက် ဒီမိုကရေစီသမားတွေမှာ ကျက်သရေမရှိဘူးလို့ ပြောခဲ့တာ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အတင်းတွေ ပြောလို့ဖြစ်ပါတယ်။ တကယ်တော့ အတင်းပြောတာချည်း မဟုတ်ပါဘူး။ လူတကာကို ရန်ထောင်တဲ့ အလေ့အကျင့်ဟာလည်း ဒီမိုကရေစီသမားတွေကို ကျက်သရေတုံးစေတဲ့ အချက် တချက် ဖြစ်ပါတယ်။ ဒီတော့ ရန်ထောင်ပုံနဲ့ ရန်ထောင်တဲ့အတွက် ကျက်သရေတုံးသွားပုံကို တင်ပြချင်ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုဆိုတာ လူထုလှုပ်ရှားမှုလို့ သတ်မှတ်ထားပါတယ်။ လူထုဆိုတော့ မြန်မာပြည်ထဲမှာနေတဲ့ သူတွေ အားလုံးဟာ ပြည်သူလူထုပါပဲ။ လေးသိန်းကျော် စစ်သားတွေနဲ့ သူတို့ မိဘတွေ၊ မောင်နှစ်မတွေဟာလည်း ပြည်သူပါပဲ။ သိန်းနဲ့ချီတဲ့ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေဟာလည်း ပြည်သူတွေပါပဲ။ အရေးအကြီးဆုံးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ပြည်သူတွေဖြစ်ပြီး၊ အဲဒီစီးပွားရေး လုပ်ငန်းရှင်တွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာလည်း ပြည်သူတွေပါပဲ။ ဒီမိုကရေစီသမားတွေလုပ်ထားတဲ့ အရေမရ အဖတ်မရ ရန်သူစာရင်းကိုကြည့်ပါ ။ အဲဒီစာရင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါ ထည့်သွင်းထားပါတယ်။ စီးပွားရေးသမားတွေ နအဖကို ပိုက်ဆံမပေးပဲ မြန်မာပြည်ထဲမှာ ရပ်တည်နိုင်မလား? ဘယ်သူမဆို မိမိ ၀မ်းရေးအတွက် နအဖကို ပိုက်ဆံပေးပြီး လုပ်ကိုင်မှာပဲ။ နအဖကို ပိုက်ဆံပေးလို့ ရန်သူစာရင်းထဲ ထည့်တော့ အဲဒီစီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ လုပ်နေတဲ့ အလုပ်သမားနဲ့ သူတို့ မိသားစုက ဒီမိုကရေစီသမားတွေကို ငပေါကြီးစားရင်းထဲ ထည့်ကျမှာပေါ့။ ဒီတော့ သေချာစဉ်းစားပါ။ ဒီမိုကရေစီသမားတွေ ရန်သူစာရင်းထည့်ထားတာ အဲဒီရန်သူ မိသားစုတွေပါ ထည့်သွင်းရင် လူပေါင်းသန်းနဲ့ချီပြီးတောင် ရှိပါတယ်။ ပထမသူတို့ဟာ အသက်ရှင် ရပ်တည်ရေးအတွက် နအဖဆီမှာ ၀န်ထမ်းတွေ၊ စစ်သားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်နေတာကနေ အခုလိုရန်သူစာရင်းထဲ အထည့်ခံလိုက်ရတော့ သူတို့ကို နအဖဘက် တွန်းပို့သလိုဖြစ်သွားပါတယ်။ သတင်းတွေပြောတဲ့ နအဖကို ပြည်တွင်းမှာ မထောက်ခံဘူးဆိုတာ ယုံသလား? ဘယ်သူမှ အသေအချာ မသိနိုင်ပါဘူး။ ကျနော်တို့မှာ လွတ်လပ်ပြီး ဖေါ်ပြတဲ့ သတင်းဌာနတွေ မရှိပါဘူး။ DVB, BBC တို့ သတင်းဌာနတွေဟာ ဘက်လိုက် ကြေငြာနေတာ လူတိုင်းအသိပဲ။ စဉ်းစားကြည့်ပါ။ အစ်ကိုတို့ကိုယ်တို့ မိဘနဲ့ မောင်နှစ်မတွေကို ရန်သူစာရင်းထဲ ထည့်ထားသူတွေကို အရေမရ အဖတ်မရ ဒီမိုကရေစီ သမားတွေကို ထောက်ခံမလား?။ ဒါကြောင့်သူတို့ကို နအဖ ထောက်ခံဖို့ တွန်းပို့ခံထားရတယ်လို့ ပြောလို့ရပါတယ်။

အကြောင်းတရားရှိရင် အကျိုးတရားဖြစ်လာမှာပေါ့ဗျာ။ အကျိုးကဘာလဲဆိုရင် လူထုထောက်ခံမှု ရရှိသင့်သလောက် မရရှိတော့သလို သူတို့အဖွဲ့အတွင်းမှာလည်း တယောက်ကို တယောက် မလေးစားမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဘာကြောင့်လဲ? လူတွေကို အပြစ်မရှိ အပြစ်ရှာနေတဲ့သူတွေဟာ သူ့တို့အချင်းချင်းလဲ ယုံကြည်မှုတွေ မရှိဖြစ်လာတာ ရှင်းပြဖို့လိုသေးသလာ? ဒါ့ကြောင့်နည်းနည်းလေး သူတို့ကို ဝေဖန်တယ်၊ မေးခွန်းထုတ်တယ်ဆိုရင် နအဖလူလို့ ခေါင်းစဉ်တပ်လိုက်တဲ့ အကျင့်ကြီးဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီသမားတွေဟာ ကျက်သရေ တုံးနေရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓအလိုတော်ကျ ကိုယ်ချင်းစာ တရားလေးထားတတ်ရင် အခုထက်ပိုမို အဆင်ပြေ လာမယ်ဆိုတာ မငြင်းနိုင်ပါဘူး။

(၅) ခေါင်းဆောင်သစ်လိုပြီ
ခေါင်းဆောင်အသစ်ရှာပါလို့ ပြောထားပါတယ် ။ ဘယ်ဒီမိုကရေစီသမားမှ အဲဒီအကြောင်းပေါ်မှာ မဆွေးနွေးရဲကျပါဘူး။ မနေ့က အတင်းပြောစစ်သားကြီးဆီပုံးမှာ ဆွေးနွေးတော့ ခေါင်းဆောင်ဆိုတာ လူထုထဲက သူ့ဖာသာ ပေါ်လာမှာတဲ့ဗျ။ ရွေးချယ်လို့ မရဘူးဆိုပြီး စာအုပ်ကြီးထဲက စကားတွေ လာပြောနေတယ်။ အဲလောက် အူကြောင်ကြားနိုင်တဲ့ ဒီမိုကရေစီသမားတွေပဲ။ ကျနော်တို့ ပြောတာ အခုလက်ရှိ အဖွဲ့တွေကို ညီညွတ်အောင် ခေါင်းဆောင် တစ်ယောက်နဲ့ စုစည်းထားဖို့ပါ။ အဲဒါကို အသေအချာလဲ မဖတ်၊ ဆွေးလဲ မဆွေးနွေးရဲပဲ တဖက်သတ် ပြောနေတာကြည့်ပြီး စိတ်လေသွားတယ်ခင်ဗျာ။ အဲလို အရေမရ အဖတ်မရ ဒီမိုကရေစီရဖို့ စိတ်ကူးယဉ်နေတာတော့ တကယ် လေးစားပါတယ်ခင်ဗျာ။


ဒါဟာ ပထမ အဆင့်

ကျနော်တို့ အထက်က တင်ပြခဲ့တာတွေမှာ နအဖ ပြုတ်ကျရေး မဟုတ်သေးပါဘူး။ နအဖ ပြုတ်ကျရေး အထောက်အကူပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အားဆေးတခွက်လို့ ပြောနိုင်ပါတယ်။ နောင်မှာ ဖြစ်ပေါ်လာမယ့် လူထု လှုပ်ရှားမှုကို လည်း အန္တရယ်ကင်းကင်းနဲ့ အောင်မြင်အောင် လုပ်ဆောင်ဖို့ အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။
ဒါပေမယ့် အခုဆောင်းပါးမှာ အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ ကျနော်တို့ရဲ့ နအဖ ပြုတ်ကျရေးလမ်းစဉ်ကို မဆွေးနွေးရသေးပါဘူး။ တကယ်တော့ ပြုတ်ကျရေးဆိုတာထက် နအဖ ဆင်းသွားရေးလို့ သုံးချင်ပါတယ်။ ဖြုတ်ချရေး လမ်းစဉ်ထက် နအဖ ဆင်းသွားရေး လမ်းစဉ်ကို ကျနော်တို့ စဉ်းစားထားလို့ ဖြစ်ပါတယ်။ ဗုဒ္ဓအလိုတော်ကျ နည်းလမ်းကို အသုံးပြုထားပါတယ်။ ( ဗုဒ္ဓအလိုတော်ကျဆိုလို့ ကန်တော့ပွဲနဲ့ ထိုင်ကန်တော့ရမှာလား ဆိုတဲ့ အူကြောင်ကြား အတွေးနဲ့ မတွေးပါနဲ့။ ပုတီးစိပ်ရမလားဆိုတဲ့ ဥာဏ်အဆင့်နဲ့ မမေးပါနဲ့။ ဒီမိုကရေစီသမားတွေ ဥာဏ်တုံးတာ လူတိုင်းသိပါတယ်။ အကျဉ်းချုပ်ပြောရရင် ကလေးတွေလို မပြုမူပဲ မေတ္တာတရားနဲ့ အဆင့်အတန်းရှိရှိ လုပ်တာ ဖြစ်ပါတယ်။ ကော်ပီနိုင်ငံရေး မလုပ်ပဲ ကိုယ်ပိုင် ဗုဒ္ဓ တရားတော်ပေါ်အခြေခံ တဲ့ စဉ်းစားမှုမျိုး ဖြစ်ပါတယ်)

အဲဒီအအစီအစဉ် အသေးစိပ်ကဘာလဲ? မပြောနိုင်သေးပါဘူး။ နအဖဆင်းပေးရေးနဲ့ Virtual Country လို့ခေါ်တဲ့စံနစ်ဟာ အရင်တုံးက ချက်ချင်း တင်ပြဖို့ပါပဲ။ ဒါပေမယ့် ဒီမိုကရေစီသမားတွေဟာ အကြံပြုချက်ပေးရင် စဉ်းစားဖို့နဲ့ အသေးစိပ် ဆွေးနွေးဖို့ထက် အရေမရ အဖတ်မရ နအဖ အတင်းတုတ်ဖို့ပဲ စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့် အခုချိန်အကြံပေးဖို့ မသင့်တော်လို့ ဆုံးဖြတ်လိုက်ပြီး မတင်ဖြစ်တာ ဖြစ်ပါတယ်။ ကျနော်တို့ Virtual Country စံနစ်ဟာ ဘယ်အဖြူပြောတာကိုမှ ကော်ပီလုပ်ထားတာ မဟုတ်ပါဘူး။ ဒီနေ့ကွန်ပျူတာ စံနစ်ရယ်၊ တိုင်းပြည်ချစ်စိတ်ရယ်၊ မြန်မာလူမျိုးတွေ လိုအပ်ချက်တွေကို အခြေခံပြီး စဉ်းစားထားတဲ့ အကြံပြုချက်ဖြစ်ပါတယ်။ အဲဒီစံနစ်ရဲ့ထူးခြားချက်ကတော့ အမှန်တကယ် စင်ပြိုင်အစိုးရ တည်ထောင်နိုင်ပါတယ်။ စင်ပြိုင်အစိုးရဟာ မြန်မာတွေဆီကနေ အခွန်ကောက်ခံနိုင်ပြီး ၀န်ကြီးဌာနတွေဟာ အမှန်တကယ် အစိုးရလို လုပ်ကိုင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ NGCUB လို စကားတွေချည်း ထိုင်ပြောမယ့် အစိုးရ မဟုတ်ပါဘူး။

ဒီတော့ကျနော်တို့ အနေနဲ့ ခေါင်းဆောင် အသစ်နဲ့ ဦးနောက်အသုံးချ စဉ်းစားလာတဲ့ အထိ စောင့်နေပါမယ်။ အဲဒီအခြေအနေတွေ မရောက်မချင်း မတင်ပြပါ။ လတ်တလောတော့ မျက်ကန်း ဒီမိုကရေစီ အစွန်းရောက်တွေ ပပျောက်ရေးနဲ့ ဦးနောက် အသုံးချလာရေး ဆောင်းပါးတွေ တင်ပြာသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့ နှစ်ယောက်ဟာ တောသားတွေပီပီ နအဖ ဆင်းသွားရေးနှင့် Virtual Country စံနစ်ကို အသေးစိပ် တစ်ယောက်နဲ့ တစ်ယောက် အားမနာတမ်း မေးမြန်း စီစစ်ပြီးမှ ပေါ်လာတဲ့ အကြံပါ။ ကို့လူတင်ပြတာမို့ မျက်ကန်းထောက်ခံပြီး ထွက်လာတာ မဟုတ်ပါ။ ကျနော်တို့ နှစ်ယောက် အကြံဟာ ဒေါ်အောင်ဆန်းစုကြည်တို့လို ကော်ပီနိုင်ငံရေးလုပ်တာ ထက်များစွာ ထိရောက်ကြောင်းလဲ ကျိုးကြောင်းဆက်စပ် တင်ပြနိုင်ကြောင်းပြောရင်း ပထမပိုင်းကို အဆုံးသတ်လိုက်ပါတယ်။

အားလုံးကျန်းမာကြပါစေ
တောသားနှစ်ယောက်

36 comments:

စိုးထက် - Soe Htet ! said...
This comment has been removed by the author.
minthant said...

နောက်ထပ် ရီစရာ ကောင်းတဲ့ ဟာသ ပို့စ်တခုလားတော့ မသိဘူး။ ဖတ်တောင် မဖတ်မိပါဘူး။ (မှတ်ချက် အရည်မရ အဖတ် မရတွေ ဖတ်ရတာ ပျင်းလို့ပါ။)

ဒါပေမယ့် ဟာသ ရီစရာ တစ်ခုကို အခုလို ခပ်ရှည်ရျည်ရေးပေးတဲ့ အတွက် အားလုံးကိုယ်စား ကျေးဇူးပါပဲ ခင်ဗျာ။

အော် ဒါနဲ့ အောက်ကပို့စ်မှာ တုံပြန် ရေးထားတာလေးကို တွေ့ပါ့ဗျာ။ ခင်ဗျားလဲ အတူတူပါပဲလား။ ဒီမိုကရေစီ ရရှိရေးလို့ အော်တဲ့ ဇော်မျိုးဆိုတဲ့ သတ္တ၀ါတယောက် သူ့ကို ဝေဖန်အားပေးတော့ (ဆဲတာလုံးဝ မပါ။)တာလေးတောင် မခံနိုင်ဘဲ နောက်တခါ ဖျက်ပစ်မယ်တဲ့။ ပြီးတော့ cbox ကြီးလည်း ပိတ်လို့ပါလား။ ဟားဟား ..။ ရီစရာ တွေ များများ ရေးနိုင်ပါစေ။

သူများ ဆီဗောက်မှာ ကျတော့ ရေးလိုက်တာ မွလို့။ ခင်ဗျားကို မျက်စိနောက်တဲ့ လူ တယောက် ၂ ယောက်ကလွဲရင် ဘယ်သူမှ block လုပ်တာ၊ ဖျက်ပစ်တာ မမြင်ရပါဘူး။ ဟီး ... ဒါနဲ့များ ဒီမိုကရေစီ ရရှိရေးလို့ အော်ပြီး၊ အခြားဒီမိုကရေစီ သမားတွေကို တိုက်ခိုက်နေတဲ့ ဒီမိုကရေစီဆိုတာ သိနိုင်အောင် လုပ်ပေးနေတဲ့ သတ္တ၀ါ ဇော်မျိုးတဲ့။ အဲဒါကြောင့် ခင်ဗျား ပို့စ်တွေ ရီရတယ် ပြောတာ ခင်ဗျား မကြိုက်ဘူး။

ဒါနဲ့ အပေါ်က ကိုစိုးထက် quote သွားတဲ့ စာကတော့ မမှန်ဘူးဗျ။ ခင်ဗှား ဘယ်လောက်အထိ research လုပ်ပြီးမှရေးသလဲဆိုတာ ခင်ဗျား အသိပါပဲ။ အဲဒီလို research မလုပ်ပဲ ရေးတော့ ခင်ဗျား ပြောတဲ့ insearch of truth ဆိုတာ၊ to write of lie လို့သာ ပြောင်းလိုက်တော့။

Unknown said...

တခါလာမဲပြာပုဆိုး။Uk မှာ Oxford, Cambridge, Imperial college, LSE, UCL တို့ ကရတဲ့ဘွဲ့ တွေတကမ္ဘာလုံးကအသိအမှတ်ပြုပါတယ်။
ကိုဇော်မျိုးဆိုတာတော့ ဘယ်သူမျှ မသိပါဗျား

ကိုကိုကြောင်ချေး said...

တိုတိုလေးပဲဝင်အာချောင်လိုက်ပါမယ်။အချိန်တန်ရင်ဒေါ်စုသေမယ်။သိပါမကြာခင်NLDပျက်မယ်။နအဖကတော.လေချွန်မပျက်ဆက်ပီးအုပ်ချုပ်သွားပါလိမ်.မယ်။

Unknown said...

ဇော်မျိုး ..ကောင်လေး၊ဒီပုံနဲ့ အမှန်ကိုရှာရင်တော့တသက်လုံး တွေ့ မှာမဟုတ်ဘူး။ ကိုစိုးထက်ကအားလုံးကိုသိမ်းကျုံးပြီးမပြောပါနဲ့ ။
ပတ်စပိုကိုင်ထားတဲ့သူတွေကကောဘာတွေအနစ်နာ
ခံခဲ့ပြီးပြီးလဲ။ထက်ဖားအောက်ဖိ၊ဖုံးရတဲ့အဖြစ်နဲ့ ဝေးပါစေ။

ထက်မြက်သူ said...

စစ်သားကို ဆဲတာနဲ့ပဲ ဒီမိုကရေစီ မရလာဘူးဆိုတာကို လူတိုင်းလိုလို သိတယ်ဗျ။ ဒါပေမယ့် အဲဒါက နာကျည်းမှုကနေ ဖြစ်လာတာ။ နေရင်းထိုင်ရင်းနဲ့ ဘယ်သူကမှ စစ်သားဆိုတာကို မမုန်းပါဘူး။ ကျနော်က အခုလိုပြောရင် ကိုဇော်မျိုးရဲ့ လက်သုံးစကား `ဒါက သတင်းဌာနတွေက သွေးခွဲလို့ ဖြစ်တာပါ´ ဆိုတာက လာအုံးမယ်။ အမှန်က အကျိုးရှိလို့ အကြောင်းဖြစ်လာတာဗျ။
ကိုဇော်မျိုးဆောင်းပါးက ကိုဇော်မျိုးအမြင်နဲ့ ကိုဇော်မျိုးကတော့ ဟုတ်နေတာပါပဲ။ ဒါပေမယ့် အဲဒါကို နားလည်လက်ခံတဲ့လူ၊ ဖြစ်နိုင်ချေလို့ သတ်မှတ်တဲ့လူ ဘယ်နှစ်ယောက် ရှိသလဲဆိုတာကိုတော့ ကိုဇော်မျိုး ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ရင်းနဲ့ရော၊ စာဖတ်ပြီးတဲ့ စာဖတ်သူတွေဆီက response ပြန်လာတာကိုပါ ဆင်ခြင် သုံးသပ်ရမယ်ထင်ပါတယ်။ တခုတော့ ရှိတာပေါ့။ ကိုဇော်မျိုးပြောတာကို လက်မခံတဲ့လူ မှန်သမျှ `အတင်းတုတ်တဲ့ ဒီမိုကရေစီသမားတွေ´ ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကိုတော့ အလျင်စလို ဆွဲမထည့်ပါနဲ့။ စစ်တပ်က အစိုးရတက်လုပ်နေတာကို မမြင်ချင်တဲ့ ဒီမိုကရေစီဆိုတာကို တလုံးတပါဒမှ နားမလည်တဲ့ လူတွေ တိုင်းပြည်မှာ အများကြီးဆိုတာ ကိုဇော်မျိုးလဲ သိမှာပါ။ အခု ကျနော့်ကိုရော `ဒီမိုကရေစီသမား´ လို့ တံဆိပ်ကပ်အုံးမလားတော့ မပြောတတ်ဘူး။
နောက်တချက်က ကိုဇော်မျိုး စာရိုက်တာ အကျအပေါက်သိပ်များတယ်ဗျာ။ စာရိုက်ပြီးရင် နည်းနည်းပါးပါး ပြန်ဖတ်၊ ပြန်စစ်ပါအုံး။ လုပ်ကြတယ် ဆိုတာကို လုပ်ကျတယ် လို့ မှားတာမျိုး မလိုအပ်တဲ့နေရာတွေမှာ ရေးချတွေ အပိုပါနေတာမျိုးက ဖတ်ရတာသိပ်အရသာပျက်တာပဲ။
ကိုစိုးထက်အနေနဲ့လဲ အဲဒီလို ၀ါးလုံးရှည်နဲ့ သိမ်းပြောဖို့မသင့်ဘူးလို့ထင်ပါတယ်။ တခုတော့ ရှိတာပေါ့။ ကိုစိုးထက်က ဘယ်လိုပုံစံနဲ့ နိုင်ငံရပ်ခြားကို ရောက်နေလဲဆိုတာက ကိုစိုးထက်ရဲ့ အယူဝါဒ အခြေခံဖြစ်မယ်ထင်ပါတယ်။ သေချာတာကတော့ အစိုးရအထောက်အပံ့နဲ့ ပြည်ပကို ရောက်တဲ့လူတွေက အစိုးရကို မတိုက်ခိုက်ဝံ့ဘူးဗျ။ ပြည်တော် မပြန်ရမှာသိပ်ကြောက်တာကိုး။ ဒါကို နားလည်ပါတယ်။ ဒါပေမယ့် ကိုယ်သိပ်မသိတဲ့ ဘ၀တွေကိုတော့ အသားလွတ်ကြီး သွားမပုတ်ခတ်ပါနဲ့ဗျာ။

* In Search of Truth * said...

သို့ ကိုထက်မြတ်သူ

အစ်ကိုဆိုလိုရင်းကို သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်ရှိအခြေအနေတွေကို ကာကွယ်ပေးထားတာပဲ တွေ့နေရပါတယ်။ ငါတို့လုပ်တာ မမှားဘူး။ နအဖ ဘက်ကပဲ ပြုပြင်ရမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။ အစွန်းရောက် နေပါတယ်။ တကယ်အရေးကြီးတဲ့ ဒီမိုကရေစီရရှိရေးအဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ကို ဘေးလူတွေ ဘယ်လိုမြင်တယ်ဆိုတာထက် အစ်ကိုဘယ်လိုမြင်လဲ ပြောပြပါ။ မရေမရာတဲ့ စကားတွေ ပြောနေတာ ဘာများ အကျိုးရှိလို့လဲခင်ဗျာ? အစ်ကိုအနေနဲ့ ၀ါဒမတူတဲ့ ကျနော်တို့ကို မထောက်ခံချင်ပါဘူး။ ဒါပေမယ့် ဆန့်ကျင်ဖို့လဲ အချက်အလက်တိတိကျကျ မရှိပါဘူး။ ဒါကြောင့် အခုလို မတိမကျ ပြောနေတယ်လို့ သဘောပေါက်ပါတယ်။

စစ်သားတွေကို ဆဲတဲ့ အောက်တန်းစားလုပ်ရပ်ကိုလဲ အစ်ကို ကာကွယ်ပြောကြားထားပါတယ်။ အဲဒီလူတွေဆဲတာ ဥာဏ်မရှိလို့ ဆဲတာပါဗျာ။ ဘာကြောင့်ကာကွယ်နေတာလဲ? အစ်ကိုကအကြောင်းရှိလို့ အကျိုးဖြစ်တယ်လို့ ပြောနေတာလဲ မတိကျပါဘူး။ ဘာအကြောင်းလဲ? သတင်းတွေ လိမ်တာကို နည်းနည်းလေးမှ မစဉ်းစားပဲ ယုံတာကို ခွင့်လွှတ်စရာလား? psywar ဆိုတာ စာအုပ်ထဲမှာပဲ ရှိတယ်လို့ အစ်ကို လက်ခံထားသလား? လိမ်ညာနေတာကို အထောက်အထားတွေနဲ့ ပြနေတာ ဘာကြောင့်လက်မခံနိုင်လဲ? အဲလို လက်မခံတာ နအဖ ကိုပဲ အပြစ်ဖို့ချင်သလား? သိပ်ပြီး မလွယ်လွန်းဘူးလားဗျာ?

နောက်ပြီး ဒီမိုကရေစီသမားလို့ ခေါင်းစဉ်တပ်တာလဲ မခံနိုင်ဘူးဖြစ်နေပါတယ်။ ဒီမိုကရေစီသမားဆိုတာ သတင်းတွေ ပြောတိုင်းရုံတဲ့သူတွေ၊ နအဖကို အတင်းတုတ်တာတွေနဲ့ပဲ အရေမရ အဖတ်မရ လုပ်နေတဲ့သူတွေကို ရည်ရွယ်ပါတယ်။ တကယ်လို့ နိုင်ငံချစ်စိတ်နဲ့ ဒီမိုကရေစီရအောင် လုပ်နေတယ်ဆိုရင် မိမိဝါဒတူတွေ အကာအကွယ်ပေးဖို့ထက် ဒီမိုကရေစီရဖို့ကို အလေးထားမှာ ဖြစ်ပါတယ်။ အစ်ကိုပြောနေတာ ပြန်ကြည့်ပါ။ မိမိနဲ့ ၀ါဒတူတွေ အတွက် ဒီစာကို ရေးထားသလား၊ တိုင်းပြည်အကျိုးကို ကြည့်ပြီး ရေးထားသလား ပြန်စဉ်းစားပါ။ နောက်ပြီး ဦးစိုးထက်အနေနဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိပါတယ်။ အစ်ကိုတို့ အနေနဲ့ လေးစားခံချင်ရင် လေးစားခံထိုက်အောင် အလုပ်နဲ့ သက်သေပြပေါ့ဗျာ။ အတင်းအဓမ္မကြီး လေးစားခိုင်းလို့ မရပါဘူး။ ကျနော်လဲ အစ်ကိုတို့ကို မလေးစားနိုင်ဘူးဖြစ်နေပါတယ်။ အဲလိုပြောလိုက်ရင် အစ်ကိုတို့က နအဖ လူဆိုပြီးပြောလာပါတယ်။ ဒီတော့ နအဖ လူလို့ပြောချင်ပြောပါခင်ဗျာ။ ချိမ်းခြောက်ချင် ချိမ်းခြောက်ပါ။ ဆဲချင်ဆဲပါ။ လေးစားထိုက်တဲ့ လုပ်ဆောင်ချက်တွေ မမြင်ရမခြင်း လုံးဝ လေးစားမှာ မဟုတ်ပါ။ လုံးဝပါပဲခင်ဗျာ

ဇော်မျိုး

* In Search of Truth * said...

သို့ ကို YB

ကိုစိုးထက်ကို ရန်မထောင်ပါနဲ့ခင်ဗျာ။ အစ်ကိုတို့ လုပ်ရပ်က သူ့ကို နအဖဘက် တွန်းပို့သလို ဖြစ်နေပါတယ်။ သူနအဖဘက် ရောက်သွားရင် သူ့ဇနီးနဲ့ သူတို့ မိဘတွေပါ ရောက်သွားပါမယ်။ စဉ်းစားပါဗျာ။ အနည်းဆုံး မြန်မာပြည်သူ ၆ယောက် နအဖ ဘက်ပါသွားမှာဗျ။ လက်တွေ့ကျကျ အကြံပေးရရင် အစ်ကိုတို့ သူလေးစားအောင် နေရင် အားလုံးအဆင်ပြေမှာပါ။ ခက်တာ အစ်ကိုတို့က သူများတွေကိုသာ ပြုပြင်ချင်တာဗျ။ ကိုယ်တိုင်ကတော့ ဘာမှ လက်တွေ့ကျကျ မလုပ်ချင်ဘူး မဟုတ်လားခင်ဗျာ?

* In Search of Truth * said...

သို့ ကိုကိုကြောင်ချေး

နအဖကို မဝေဖန်ပါနဲ့ ခင်ဗျာ။ သူတို့ကို ဖားထားပါ။ ကားပါမစ်ရဖို့ အကြောင်းရှိတယ်ဗျ။ ဒီမိုကရေစီသမားတွေနဲ့ သွားပေါင်းရင် ဆဲတတ်တာနဲ့ အတင်းပြောတတ်တာ ပဲ ရလာမယ်။

* In Search of Truth * said...

သို့ ကိုဥတ္တရ

တကမ္ဘာလုံးက အသိအမှတ်ပြုတဲ့ ဘွဲ့ရထားသလားတော့ မသိဘူးဗျ။ အဲဒီဘွဲ့တွေကိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုတို့တွေ အားလုံး ဥာဏ်မရှိတာကတော့ လက်တွေ့ကျကျ မြင်တွေ့နေရပါတယ်။

* In Search of Truth * said...

သို့ ကိုမင်းသန့်
ကျနော်တို့ကို ကျေးဇူးတင်သင့်ပါတယ်ခင်ဗျာ။ အခုဆိုရင် ဆောင်းပါးနဲ့ မဆီမဆိုင်တာတွေ ပြောနေပေမယ့် အကျိုးအကြောင်းလေးတွေ ထည့်ရေးတတ်လာပါပြီ။ တိုးတက်လာပါပြီ။ ကြိုးစားပါခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ထက် သာတော့ပါမည်။

* In Search of Truth * said...

သို့ ကိုစိုးထက်
အစ်ကိုရေ ဒီမိုကရေစီသမားတွေက အရေမရ အဖတ်မရတွေ လုပ်နေပေမယ့် သူတို့ကို ချီးကျူးတဲ့စကားပဲ ကြားချင်တယ်ဗျ။ အဲလိုမှ မကြားရရင် တကယ် ဒေါသ ထွက်တတ် ကျပါတယ်ခင်ဗျာ။

Doughnut IO said...

Virtual Country စနစ်မှာ စိန်ခေါ်မှု သုံးခု ရှိပါတယ်။

၁) နည်းပညာ - လက်ရှိနည်းပညာအရ ပြည်ပရောက်မြန်မာအားလုံးကို ကွန်ပျူတာစနစ်နဲ့ နိုင်ငံတခုထဲထည့် အုပ်ချုပ်နိုင်ဖို့ ရေးသားပြီး အပျော့ထည် မရှိပါဘူး။ ကိုယ်တိုင်ရေးမယ်ဆိုရင်လဲ ဘယ်သူရေးမလဲ ဆိုတဲ့ ပြဿနာရှိပါတယ်။

၂) ငွေရေးကြေးရေး - အဲဒီ ကွန်ပျူတာစနစ်ကို ရေးသားဖို့အတွက် ပိုက်ဆံ၊ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့အတွက် ပိုက်ဆံနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ၀န်ထမ်းစားရိတ် စတာတွေ ဘယ်က ရမလဲ။

၃) အခုတောင် အခွန်ပေးရလို့ စင်ကာပူမှာ ပူညံပူညံဖြစ်နေတာမှာ အဲဒီ Virtual Country ကိုလဲ အခွန်ပေးဆိုမှတော့ ဘယ်သူက ၀င်တော့မှာလဲ။

ဒီဒီကို said...

a&ShuajymwJh wcsdKhuawmh obm0usygw,f vufcHEdkifygw,f 'gayr,fh bavmh*gwcsdKhudk a0zefwm enf;enf;rsm;vGef;aew,f cifAsm;t,ltqeJh cifAsm;a&;ovdk olwdkh t,ltqeJh olwdkha&;ygap
[kwfwm r[kwfwmawmh udk,fhzmom pOf;pm;&r,fhudwfpav cifAsm;ajymae&r,fh tvkyfrSr[kwfwm
acgif;aqmifopfvdkw,fqdkwmrSm ar;p&mar;cGef;awG&Sdw,f
cifAsm; t,ltqawGudk t&ifzwfjunfhygOD;r,fav

Unknown said...

ဇော်မျိုးကောင်ကလေး..မင်းဟာအရာရာတိုင်းကိုမင်းပေ တံနဲတိုင်းပြီးပြောနေပါလား၊ ဘယ်သူကမှချီးကျူးတဲ့စကားကိုကြား ချင်လိုပြောနေတာလဲမဟုတ်ဘူး၊မြင်တာကိုမြင်တဲ့အတိုင်း ပြောနေတာခံစားနေရတာကိုခံစားတဲ့အတိုင်းပြောပါ။ မင်းလက်သုံးစကားက နအဖ ကို ဆန့် ကျင့်တဲ့သူဆိုရင်NLDထဲဆွဲထဲ့လိုထဲ့၊ ဒီမိုကရေစီဘက်တော် သားလို့ ခေါ်လိုခေါ်၊့၊ဘာဖြစ်လို့ ကျန်တဲ့ တိုင်းရင်းသားတွေဖက်ကို မစဉ်းစားတာလဲ။

ကိုစိုးထက်ကို ရန်ထောင်နေတာလဲမဟုတ်ဘူး။ သူကိုနအဖ ရောက်ဖို့ ၊ မရောက်တာဖို့ စည်းရုံးနေတာလဲမဟုတ်ဘူး။
ဘာဖြစ်လို့ မြန်မာနိုင်ငံသားခြင်းတူတူ၊ပါတ်စပို့ ကိုင်တဲ့သူ၊မကိုင်တဲ့ သူလို့ခွဲခြားခြင်ရတာလည်း။

မြန်မာပြည်ကနေအခြေအနေအရပ်ရပ်ကြောင့်၊နအဖရဲ့ စစ်ဆင်ရေးတွေကြောင့်နီးစပ်ရာနိုင်ငံတွေကိုထွက်ပြေးသူရဲ့  ခံစားချက်ကိုကောထဲ့ မတွက်ဘူးလား၊ဒါကြောင့် သိမ်းကျူံးပြီး မပြောပါနဲ့ လို့ ပြောတာ။
ဘယ်အရာမဆို သူ့ အကျိုးနဲ့ အကြောင်းနဲ ရှိတယ်။အခုလိုမျိုးဖွံဖြိုးပြီးနိုင်ငံကိုရောက်ရင်သူတို့ ရဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ စည်း၊ သာမန်ပြည်သူရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို သာနိုင်းယှင်မကြည့်တာတောင်သိသားလွန်းပါတယ်။ နအဖဘက်ရောက်ရောက် မရောက်ရောက်၊ မြန်မာပြည်ပြန်ရောက်ရင်ကောင်းတဲ့နမူနာကို ကျင့်သုံးတတ်၊ မြင်တတ်၊ ပြုပြင်တတ်နိုင်အောင်ကြိုးစားကြည့် ပါအုံး။
ပြောရဲ ဆိုရဲရှိဖို့ တော့လိုလိမ့် မယ်ထင်တယ်။

Unknown said...

သေနပ်အားကိုး မောင်ဇော်မျိုးခင်ဗျား

ခင်ဗျားဦးနှောက်နဲနဲစစ်ဖို့ ကောင်းနေပြီ။
ဘွဲ့ လက်မှတ်ကို စက္ကူလို့ ထင်တာ တခုခုတော့
မနာလိုတာလား။ မကျေနပ်တာလား။
ခင်ဗျားဦးနှောက်ချောင်နေတာလား။တခုခုဘဲ။
ကျနော်တို့ မှာကိုယ်ရတဲ့ဘွဲ့ နဲ့ လုပ်စားနေပါတယ်။
စက္ကူတော့မဖြစ်တန်ရာပါဘူး။

* In Search of Truth * said...

သို့ အစ်ကိုဥတ္တရ
သေနတ်အားကိုးတယ်ပြောရအောင် ကျနော်တို့ရဲ့ဘယ်စကားကို ရည်ညွှန်းပြီးအခုလို ပြောလဲခင်ဗျာ? အထောက်အထားမရှိပဲ မပြောသင့်ဘူးထင်ပါတယ်ခင်ဗျာ။ အဲလို နှုတ်မစောင့်စည်းတာကိုက ဒေါ်ကော်ပီစုကြည် လို ဘွဲ့ရထားသူ မဟုတ်ပဲ စာရွက်ရထားသူဆိုတာ သက်သေပြနေပါတယ်ခင်ဗျာ။ သတိထားဖို့က NGO သူတောင်းစား လုပ်စားနေသူမှာ ဥာဏ်ရှိဖို့မလိုအပ်ပါဘူး။ လက်ဖြန့်ပြီးတောင်းတတ်ရင် သူတောင်းစား လုပ်လို့ရပါပြီခင်ဗျာ။

* In Search of Truth * said...

သို့ ကိုYB
ဘယ်လိုကြောင့် တိုင်းရင်းသားတွေ အတွက်စဉ်းစား ပေးရမှာလဲခင်ဗျာ? အခု ဆောင်းပါးရဲ့ အကြောင်းအရာက တိုင်းရင်းသားတွေ အကြောင်းအရာကို ဆွေးနွေးထားတာမှ မဟုတ်တာ။ ဆက်စပ်ရင်တော့ ကျနော်တို့တွေးပေး မှာပေါ့။ နောက်ပြီး အခုပြောထားတာ စာအုပ်သမားတွေ အနေနဲ့ နိုင်ငံရေးလှုပ်ရှားနေသူတွေကို အထင်မကြီးတာကို ပြောချင်းဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားနေသူမှန်သမျှပါ။ တိုင်းရင်းသား နိုင်ငံရေးသမားတွေလဲ ပါနေပါတယ်။ ဒါကတော့ အစ်ကို နားလည်ပေးရပါမယ်။ နယ်စပ်က ရောက်လာသူတွေကို အထင်မကြီးဘူးလို့ ရည်ရွယ်ပြောဆိုနေခြင်း မဟုတ်ရပါ။ ကျနော်တို့စာအရေးအသား အားနည်းလို့ထင်ပါတယ်။

Unknown said...

ဟေ့ ငပေါလေးမောင်ဇော်မျိုး

ကိုယ့်ပညာနဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားတာကွ။
မင်းအထောက်အထားမရှိဘဲ ဘာတွေေ့ပြာနေတာလဲ။

Unknown said...

ကိုယ်ရေးခဲ့တာကိုယ်တာဝန်ခံပါ။ သေနပ်ပြအုပ်ချုပ်နေတဲ့ နအဖ အားကိုးနဲ့ 

"ဒါတွေကြောင့် နအဖ အတွက် အမှန်အတိုင်း ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။"

အဲလိုဘာပြုလို့ 
Wednesday, November 7, 2007 နေ့ စွဲနဲ့ 
ဒီလိုဝေဖန်လိုက်ပါတယ် (၃) မှာရေးသလဲ။
ပေါပေါလေးမောင်ဇော်မျိုး

Unknown said...

ဇော်မျိုးကောင်ကလေး..
မင်းပြောသလိုဆိုရင်နိုင်ငံရေးလှုပ်ရှားနေတဲ့သူ၊
တိုင်းရင်းသားနိုင်ငံရေးသမားကိုစာအုပ်ကိုင်တဲ့သူတွေက
အထင်မကြီးဘူးဆိုရင်၊အခုမင်းလုပ်နေတာကဘာလဲ။
မင်းကကောအခုလက်ရှိဘာစာအုပ်ကိုင်ထားတာလဲ။

Cypher said...

အတော်လေး လက်တွေ့ကျပါတယ်ခင်ဗျာ။ ဆရာကြီး ဒဂုန်တာရာက ဒီမိုကရေစီဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တဲ့ ငြိမ်းချမ်းရေးစနစ်လို့ ပြောဖူးပါတယ်။ အခုခေတ်နိုင်ငံရေးသမားတွေက ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ပြီး အားရပါးရ ဆဲဆိုကြပါတယ်။ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အဖြေရှာခြင်း မရှိဘဲ ဒါဟာ အစိုးရမကောင်းလို့ဆိုပြီး ကြွေးတင်ရင် ဘုရင်ဆပ်မယ်ဆိုတဲ့ အချိုးမျိုး ချိုးကြပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီလိုပုဂ္ဂိုလ်တွေကို လမ်းဘေးဒီမိုကရေစီနဲ့ ဖရုဿဝါစာ နိုင်ငံရေးသမားတွေ လို့သာ နာမည်ပေးလိုပါတယ်ခင်ဗျာ။

Unknown said...

Dear Cypher,

If you wanna talk about politics and international relations,there is no ture friends or enemies, there is only self-interest. Politican is profession and you need to have your own agenda what you think good for the country, for some politicians for themselves. Who is good or bad will be decided by people. If this militray junta does good things, they will be praised. If they do bad, they will get critisized, looked down and cursed. So as NLD or anybody. What i am seeing is generals in military junta are not eager to compromise. I think you understand the meaning of compromise. It has to be give and take. if things are not going peaceful way, sooner or later there will be bloodshed. If government fail to deal with peaceful protest, the person responsible will be charged when he goes down. You can't run away from your shadow as you believe in Buddhism.

Unknown said...

Dear Ko Zaw Myo,

We are in different view as we both are in different belief in politics. I am a pro democracy. i want our government to be elected by public vote and democratic way. But you are not ( you confessed you are not prodemocracy ). I know every system has drawback but spent my life under military dictatorship and know well how cruel they are on public.

Secondly, i respect all democracy activists as compared to myself and some people around me. I myself can not sacrifice my life and pay more attention on my own benefits rather than tose activities. Some well paid people are scared to participate in activities however they do not like Na Ah Fa.

I wonder where do you get the word Copycat. I usually found that word in Myanmar newspaper.

You might say that all NLD leaders and members and democracy activists are useless. how do you judge? You mean they can not overthrown Na Ah Fa? Do not forget ASSK and other prominent leaders are in prison. Na Ah Fa knows very well their ability and organizing skill. That is why too much afraid and keep inside for life.

* In Search of Truth * said...

သို့အစ်မစိန်
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဒေါ်ကော်ပီစုကြည်လို့ခေါ်လဲဆိုတာ အခုဆောင်းပါးထဲမှာရေးထားပါတယ်။ ဒီမိုကရေစီအစိုးရတွေဟာ နအဖထက် ပိုပြီးရက်စက်တယ်ဆိုတာ သက်သေတွေနဲ့ တင်ပြထားပါတယ်။ ဒါကြောင့် ဒီမိုကရေစီဆိုတာ အပလာစံနစ်လို့ပဲ မြင်ပါတယ်။ အခု နအဖပြုတ်ကျစေချင်တယ်ဆိုတာ နအဖ ရက်စက်တယ်လို့ ယူဆလို့ မဟုတ်ပါဘူး။ တိုင်းပြည်စီးပွားရေးအတွက် မသင့်တော်လို့ယူဆလို့ပါ။ အစ်ကျနော်တို့ ဘလော့ရဲ့ Archieve တွေကိုလေ့လာကြည့်ရင် အထောက်အထားတွေနဲ့ ဆွေးနွေးထားတာတွေ့ပါမယ်။ နောက်ပြီးဒီမိုကရေစီဆိုတာ ပြောသလို တကယ်တမ်းတော့ ပြည်သူတွေဟာ အဏာရတာ မဟုတ်ပါဘူး။ ကျနော်တို့ အလိမ်ခံထားရတာပါ။ BBC CNN တို့ကို လွတ်လပ်တဲ့ သတင်းဌာနလို့ ယုံနေရင်မှားမယ်ခင်ဗျာ။ သူတို့က ပညာသားပါပါနဲ့ ဒီမိုကရေစီအစိုးရတွေ လူသတ်မှုကို ဖုံးကွယ်ပေးနေတဲ့ သတင်းဌာနတွေပါ။ အစ်မအနေနဲ့ ဒီမိုကရေစီ အမည်တပ်တဲ့သူတိုင်း လေးစားတာဘာကြောင့်လဲ? အခုဆောင်းပါးထဲမှာကျနော်တို့ ရေးပြထားတဲ့ လုပ်စားသူတွေ အကြောင်း မဖတ်မိလို့လား? နာမည်ခံတိုင်းလေးစားနေတာ မှန်ကန်ရဲ့လား တချက်လေ့လာပါ။ နောက်ပြီး တိုင်းပြည်အရေးနဲ့ ၀ါဒအစွန်းရောက်သူအရေး ဘယ်ဟာကို ဦးစားပေးမလဲ?

* In Search of Truth * said...

ကို Cypher
အတည်ပြောပါမယ်ခင်ဗျာ။ ဒီမိုကရေစီသမားတွေက ဘာပဲဖြစ်ဖြစ် သူတို့ မူဝါဒကို ချီးကျူးဖို့နဲ့ ထောက်ခံဖို့ပဲ မျှော်လင့်ပါတယ်။ နှစ် ၂၀ လုံးလုံး အရေမရ အဖတ်မရနဲ့ နအဖ အပြစ်ပဲ သူတို့ ပြောခဲ့ပါတယ်။ ဘယ်တုံးကများ အကျိုးသင့်အကြောင်းသင့် လက်တွေ့ကျတဲ့ အပြန်အလှန်ဆွေးနွေးတာမြင်ခဲ့လဲ? အခုလည်း ပြီးခဲ့တဲ့ နှစ်၂၀ တုံးကလို အရေမရ အဖတ်မရ နအဖကို အတင်းပြောရင်း နိုင်ငံနဲ့ လူထု အကျိုးကို မျက်ကွယ်ပြုကျဦးမယ်ဗျ။ အဲဒီလူတွေကို လေးစားရမှာလားခင်ဗျာ?

* In Search of Truth * said...

ကို YB
ကျနော်တို့ တောသား နှစ်ယောက် ဘာစာအုပ်ကိုင်ကိုင် ဘာဖြစ်လဲ?။ ဘာကြောင့် အဲဒါသိချင်တာလဲ? ဘယ်သူပြောလဲဆိုတာထက် ဘာပြောလဲ ဆိုတဲ့ အချက်အလက်ပေါ်မှာ မစဉ်းစားတတ်ဘူးလားခင်ဗျာ? နောက်ပြီး နိုင်ငံရေးသမားဆိုရင် တိုင်းရင်းသား ခေါင်းဆောင် အမည်ခံထားသူတွေကိုလဲ မလေးစားဘူး။ ဦးသန်းရွှေလည်း မလေးစားဘူး။ ဒီမိုကရေစီဘက်က ဒေါ်အောင်ဆန်းစုကြည်လဲ မလေးစားဘူး။ ဘယ်သူမှ လေးစားစရာလို့မမြင်ပါ။ အစ်ကိုတို့ တိုင်းရင်းသား နိုင်ငံရေးသမားတွေထဲက လူမျိုးရေးအမြင်မကျဉ်းတဲ့ ခေါင်းဆောင် တစ်ယောက်လောက် နာမည်ဖေါ်ပေးပါလား? လူမျိုးရေးမခွဲခြားတဲ့ ခေါင်းဆောင် ရှိရင်တော့ အဲဒီခေါင်းဆောင်ကို လေးစားပါမယ်။

* In Search of Truth * said...

ကို ကိုဥတ္တရ

ဒေါ်ကော်ပီစုကြည်တပည့် ပီသပါတယ်ဗျာ။ စာဖတ်ရင် သေသေချာချာ ဖတ်ပုံမပေါ်ဘူး။ ဘာကြောင့် "ဒါတွေကြောင့် နအဖ အတွက် အမှန်အတိုင်း ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။" ပြောလဲ ဆိုတဲ့အကြောင်းကို ပြန်ဖတ်ပါခင်ဗျာ။ တောင်းစားတာလဲ ကောင်းရောင်းကောင်းဝယ်ပါဗျာ။ ဘယ်နိုင်ငံမှာ တောင်းစားလို့ ထောင်ချတာ ကြားဖူးလဲဗျ?

Unknown said...

ဘာအလုပ်လုပ်လဲမသိဘဲအရူးချီးပန်းရှောက်မပြော
သင့်ပါဘူး။
ကိုဇော်မျိုးသာဆေးရုံပြကြည့်ပါအုံး။စိတ် ကစင့်ကလျား
ဖြစ်နေတယ်ထင်လို့ပါ။
post တွေရဲ့ အောက်ခြေမှာ

"ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ "ေ၇ုးပြီး အခုခေါင်းစဉ်က
" ဒီမိုကရေစီရရှိရေး . . . . . . ဒို့အရေး"
ဖြစ်နေတာကြည့်လို့  post တချို့ ထဲပါသလို
တရားလေးများထိုင်ကြည့်ပါအုံး။
တအားကြီးတော့မလုပ်နဲ့  Break down ရသွားတတ်တယ်။

* In Search of Truth * said...

ကိုဥတ္တရ
ဒေါ်ကော်ပီစုကြည် တပည့်ပီသပြန်ပြီ ထင်ပါတယ်ခင်ဗျာ။ စကားကို ပြောင်းသွားပြီ။ အရင်တုံးက ပေးတဲ့ ဆင်ခြေက အားကိုးလို့ မရလို့ ဆင်ခြေအသစ်တွေ ထပ်ပေးနေတယ်ဗျာ။ ကဲပါဗျာ။ ကျနော်တို့ ပြောနေကျ စကားလေးကို ပြန်ပြောပါဦးမယ်။ ကျနော်တို့ ဒီနေ့အထိ ဒီမိုကရေစီစံနစ်ကို ယုံကြည်တယ်လို့ တခါမှ မပြောမိပါဘူး။ ဒီမိုကရေစီလိုချင်တယ်ဆိုတာ နိုင်ငံအခက်အခဲ ကျော်လွှားဖို့ဆိုတာ အကြိမ်ပေါင်းမနည်း ပြောဘူးပါတယ်။ ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုတာ ဦးနောက်မရှိပဲ ပေါက်ကရလုပ်နေသူတွေကို ကို့မြန်မာလူမျိုးအချင်းချင်း မို့ အကြံပြုတဲ့သဘောပါခင်ဗျာ။ ကဲပါ . . . မြန်မြန်တောင်းပန်ပါခင်ဗျာ။ ကျနော်ခွင့်လွတ်ဖို့ စဉ်းစားကောင်း စဉ်းစားပါမယ်ခင်ဗျာ။

Unknown said...

မှတ်ဥဏ်လေးကောင်းအောင်လေ့ကျင့်ပါအုံး.
ေ၇းခဲ့ပြီးလို့ repeat မလုပ်ချင်လို့ ပါ.
နအဖ ၇ှိနေတဲ့ အသုံးမကျမှုတွေကိုဖုံးကွယ်ပြီး
ကျန်တဲ့သူတွေကိုအပြစ်တင်ေ၀၀ါးအောင်လုပ်တာမျိုး
ကတော့၇ိုးပါပြီ.ဒီမိုကေ၇စီမယုံလဲနအဖ
အတွက်နည်းလမ်းကောင်းလေးများပြလိုက်ပါအုံး

"ဒါတွေကြောင့် နအဖ အတွက် အမှန်အတိုင်း ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။" that phrase was key in your post. Only handful of Burmese girls are married to the white or foreigners. You brush all with the same paint. You have been brain-washed by SPDC as a chauvinistic person or you may be a racist. I think you are living or a least visiting oversea. You can see Chinese girl,Indian girl or African girl or South American girls are living together with white. Have you ever heard Chinese /Indian/ any African /any South American government or people said their culture and tradition has been destroyed? You do not need to encourage them but you do not need to look down.
In every country there are family problems. Have you ever thought Burma is free from family problems like affair etc? Worse thing is Burmese are not open to talk. They keep secret. eg Than Shwe is sacred to come out to meet Mr Gambari . He does not have confidence to come out and talk . You can see he does not have Leadership quality. Than Shwe's daughter Than dar Shwe had affair with Zaw Zaw , son of late Tin Oo.
I hope in next time you can think in class without influence of SPDC.

Unknown said...

Dear Ko Ottara,

Sorry i contact you through this post. Can you recommend me anyone who has good education background to do seminar at leading Uk university re with Myanmar politics. Whoever pro Na Ah Fa or Pro democracy or sititing on the fence

Unknown said...

At the moment, 3 Zs would be in the UK to talk about Burmese politics in English fluently.They all can discuss & argue in detail about present situation in Burma.
1. Zoapam
2.Zarni
3.Zaw Min(sometimes he is in Thialand).

Unknown said...

Dear Ko Ottara,

Can i get Dr. Zar Ni's emial address or tel no.

Thks,

Seinnsan

Unknown said...

Dear Seinn,

You can have his mobile/email through his web site http://www.freeburmacoalition.org .

Zoapam; through www.burmacappaign.co.uk
Zaw Min; through http://fine-leaves.blogspot.com

Khin said...

ဇိုရာဖမ်ဆိုတဲ့ ကောင်မလေး ကုရင်သင်တိုင်းဝတ်ပြီး

ဗိုလ်တွေရှေ့ ငိုပြတာတော်တော် အလှုငွေရသွားတယ်

လုပ်စားတွေပါ

ရှက်လဲမရှက်ကြဘူး