Fox News မှ ပြသတဲ့   သတင်းဒီဗီယိုလေးကို အရင် ကြည့်လိုက်ပါ။ (videoအောက်မှာ ရှိတဲ့ comment တွေကို ဖတ်ဖို့မမေ့နဲ့ဦး) Georgia က သားအမိနှစ်ယောက်ဟာ ရုရှစစ်သားတွေကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ သတင်းကြေငြာတဲ့သူခမျာ အဲလိုမျိုးပြောမယ်လို့ မျှော်လင့်ထားပုံ မရရှာဘူး။ သတင်းတွေထဲမှာ ရေးထားသလို သူတို့ကို ရုရှစစ်သားတွေက သတ်ဖြတ်နေသူတွေ မဟုတ်ပဲ ကယ်တင်ရှင်များ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ သူတို့ကိုသတ်ဖြတ်နေတာ ဒီမိုအစိုးရတွေ ကျောထောက်နောက်ခံ ပေးထားတဲ့ Georgia အစိုးရသာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အဲဒီအချိန်မှာ Fox News က သတင်းကြေငြာသူဟာ အဖြစ်အမှန်ကို မပြောနိုင်အောင် ကြားဖြတ်နှောင့်ယှက်တာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ သားအမိနှစ်ယောက်ဟာ အမှန်တကယ် ကြုံတွေ့လာခဲ့သူတွေ ဖြစ်ပြီး ယနေ့သတင်းတွေမှာ တင်ပြထားတာနဲ့ လုံးဝဆန့်ကျင်နေတာမို့ သတင်းထူးကြီးဖြစ်သင့်ပါတယ်။ ဒီမိုမီဒီယာတွေမှာ Georgia အတွင်း အမှန်တကယ်ဘာတွေဖြစ်နေလဲဆိုတာ အချေတင် ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် ဒီမိုမီဒီယာတွေအားလုံးဟာ အဲဒီပြောဆိုချက်ကို ပြန့်နှံ့မသွားအောင်လုပ်ခဲ့ပါတယ်။ ဒီမိုမီဒီယာတွေရိုးသားမှုမရှိဘူးဆိုတာ လုံးဝ သိသာစေတဲ့အချက်ပါ။ နိုင်ငံတော်တော်များများက ရုရှကို ကန့်ကွက်ခဲ့ကျတော့ တကယ်ပဲ ရုရှက သတ်ဖြတ်နေသလားလို့ တွေဝေသွားနိုင်ပါတယ် 
ဒီမှာ အယူအဆ တစ်ခုကို ပြောချင်ပါတယ်။ ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့ နိုင်ငံတွေဟာ လွတ်လပ်တဲ့နိုင်ငံမဟုတ်ဘူးတဲ့။ နောက်ကွယ်ကနေ အုပ်ချုပ်တဲ့ ကြိုးစွဲ အစိုးရတစ်ခု ရှိတယ်လို့ ယူဆနေကျပါတယ်။ အဲဒီအဖွဲ့ကို New World Order (NWO) လို့ ခေါ်ကျပါတယ်။ နယ်ချဲ့အင်ပါယာ စံနစ်သစ်ပါ။ NWO ဟာ ရှေးယခင်ကလို လူသိရှင်ကြား နိုင်ငံတွေကို စစ်တိုက် သိမ်းပိုက်တာ မဟုတ်ပါဘူး။ မဲပုံးကနေ မဲခိုးခြင်း၊ လူထုကို ၀ါဒမှိုင်းတိုက်ခြင်း၊ ငွေကြေးပံ့ပိုးပြီးခြင်း ၊ သံတမန်နည်းလမ်းကို အသုံးပြုခြင်း၊ မက်လုံး ပေးခြင်း၊ ချိမ်းချောက်ခြင်း၊ အကျပ်ကိုင်ချင်း စတဲ့နည်းတွေကို သုံးပြီး မိမိလိုချင်တဲ့ ခေါင်းဆောင် အရွေးခံရအောင် လုပ်ပေးပါတယ်။ သူတို့ကြိုးစွဲခံတဲ့ ခေါင်းဆောင်တက်လာပြီဆိုရင် အုပ်ချုပ်ရေးမှာ သူတို့လူတွေ ထိုးထည့်ကျပါတယ်။ ပြီးရင် ကြိုးဆွဲခံမယ့် နိုင်ငံရေးသမားတွေ ပဲ သြဇာ လွှမ်းမိုးနေအောင် လုပ်ကျပါတယ်။ ဒီနည်းဟာ ပညာသားသိပ်ကို ပါတယ်။ ကျည်ဆံတချက် မဖောက်ပဲ နိုင်ငံတစ်ခုကို သိမ်းပိုက်တာဖြစ်ပါတယ်။ NWO ဟာ နောက်ကွယ်ကနေ အုပ်ချုပ်ပြီး အတိအလင်း မကြေငြာတဲ့အတွက် နယ်ချဲ့တော်လှန်ရေးဆိုပြီး တိုက်လို့ မရပြန်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အာဏာရအောင် အနောက်ဖက်က ကူညီနေတာ NWO လက်ချက်ပါ။
အမေရိကန်မှာ မဲပုံးကနေ သိမ်းပိုက်ခဲ့မှုကြောင့် သမ္မတ ကနေဒီဟာ နောက်ဆုံး ဒီမိုကရေစီသမ္မတကြီးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလုပ်တဲ့ သမ္မတရွေးကောက်ပွဲတွေ အားလုံးဟာ ဟန်ပြလုပ်တဲ့ပွဲတွေပါ။ သမ္မတဖြစ်ရမယ့်သူကို  NWO ကပဲဆုံးဖြတ်တာဖြစ်ပါတယ်။ NWO အုပ်ချုပ်မှုအောက်မှာ ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့ အနောက်ဥရောပသာမကပဲ အာရှမှ အင်ဒိုနီးရှားအထိ ပါဝင်နေပါတယ်။ (အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲတွေကို ဟန်ပြလုပ်ပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ သူတို့ပြည်သူတွေကို သတ်ဖြတ်နေတဲ့အကြောင်း အင်ဒိုနီးရှား သူငယ်ချင်းက ပြောပြလို့ သိရပါတယ်။ နောင်မှာ အထောက်အထားတွေ ရခဲ့မယ်ဆိုရင်ဆောင်းပါးရေး တင်ပြပါမယ်။ ကမ္ဘာပေါ်မှာ အရေးအကြောင်း တစ်ခုဖြစ်လာရင် ဒီမိုကရေစီနိုင်ငံအားလုံး အသံတူနေရတဲ့ အကြောင်းဟာ NWO ကြောင့်လို့ ယူဆကျပါတယ်) 
ကမ္ဘာ့အင်ပါယာသစ်ကြီးသို့မဟုတ် NWOGlobalization ဆိုတာ NWO ကြီးကို အတိအလင်း အစိုးရဖြစ်ဖို့ လုပ်ဆောင်တဲ့ ခြေလှမ်းပါ။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ Globalization ကို ဆန့်ကျင်ဆန္ဒပြတာ မှန်သမျှ လုံးဝ နှိပ်ကွပ်ထားခြင်းဖြစ်ပါတယ် ။ ဒီမိုသမားတွေကတော့ NWO ကြီးရှိတော့ ဘာဖြစ်လည်း? နအဖ ပြုတ်ကျရင်ပြီးတာပဲဆိုပြီး ငါ့စကား နွားရ ပြောကောင်း ပြောကျပါလိမ့်မယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီရပြီဆိုရင် NWO လက်အောက် ရောက်သွားမှာ ဖြစ်ပါတယ်။ NWO ဆိုတာ ရိုးရာနတ်ကိုးကွယ်မှု (Paganism) ဘာသာဝင်များနဲ့ အရင်းရှင်ကြီးတွေက ဦးဆောင်ထားတာ ဖြစ်ပါတယ်။ ဘာသာရေးသမားတွေနဲ့ အရင်းရှင်ကြီးတွေကြောင့် NWO မှာ အင်မတန်ကြောက် စရာကောင်းတဲ့ လမ်းစဉ်ကြီးတွေ ရှိလာပါတယ်။ သူတို့ရိုးရာနတ်ကိုးကွယ်မှုဆိုတာ ကျနော်တို့ အညာမြေက ကိုကြီးကျော်ကို အရက်ဆက်သလိုမျိုးမဟုတ်ဘူး။ ကြောက်ဖို့အင်မတန်ကောင်းပါတယ်။ သူတို့ လူတွေကို ယစ်ပူဇော်တာလုပ်ကျပါတယ် ။ ( NWO အကြောင်း နောက်မှ အကျယ်တ၀င့်တင်ပြပါမယ်။) အထူးသဖြင့် ဆူနာမိ လူသတ်မှုဟာ ယစ်ပူဇော်မှုနဲ့သက်ဆိုင်တယ်လို့ ယူဆတဲ့သူတွေ ရှိကျပါတယ်။ အခုကမ္ဘာမှာ လူဦးရေ ၆ဘီလီယံအထိရှိခြင်းဟာ သူတို့ အုပ်ချုပ်ရေးအတွက် အနှာင့်အယှက်ဖြစ်တယ်လို့ ယူဆထားပါတယ်။ သူတို့က လူသားလျှော့ချရေး စီမံချက်ဟာ လုပ်ဆောင်ပါတော့်တယ်။ နားလည်လွယ်အောင် ပြောရရင် လူတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်ပြီး သူတို့လိုချင်တဲ့ ၂ ဘီလီယံပဲကျန်အောင် လျော့ချဖို့ကြံရွယ်ထားပါတယ်။ ၆ယောက်မှာ ၄ ယောက်သတ်ခံရမယ်။
လူကိုသတ်သည့် ကာကွယ်ဆေးများလူသားလျှော့ချရေး (လူသတ်ရေး) အစီအစဉ်မှာတော့ စစ်များ ဖြစ်ပွားအောင်လုပ်ခြင်း၊ အစာရေစာငတ်ပြတ်အောင် လုပ်ချင်းနဲ့ ရောဂါပိုးသစ်များထုတ်လုပ်ခြင်း ၊ ကာကွယ်ဆေးများအတွင်း အဆိပ်များ ထည့်သွင်းခြင်း နှင့် ကောင်းကင်မှ ဓါတုဆေးဖြန်းချင်း ဆိုပြီးအမျိုးမျိုးရှိပါတယ်။ ဒီအပတ်မှာတော့ ကာကွယ်ဆေးထိုးရာမှ အဆိပ်သင့်ပြီး ကလေးငယ်လေးများ ဘ၀ပျက်သွားပုံကို တင်ပြသွားပါမယ်။ အဆိပ်ထည့်တယ်ဆိုတာ Mercury ဓါတ်ကို ကာကွယ်ဆေးတွေထဲမှာ လွန်ကဲစွာ ထည့်ပေးထားခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ Mercury ဟာ ဦးဏှောက်အတွင်းရှိဆဲလ်များကို ဖျက်ဆီးတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ကလေးငယ်တချို့ဟာ ကာကွယ်ဆေးများထိုးပြီးတဲ့နောက်မှာ ဦးနောက်ချို့ယွင်းတဲ့ရောဂါ (autism) ဖြစ်သွားတတ်ပါတယ်။ ကလေးငယ်တွေဟာ ဆေးထိုးပြီး ၄-၅ နာရီအတွင်း ကလေးဟာ အဖျားတက်ခြင်း သတိမေ့ချင်းစတဲ့ လက္ခာတွေပြသတယ်လို့ ပြောဆိုကျပါတယ်။ အမေရိကန်မှာဆိုရင် ကာကွယ်ဆေးကြောင့် ကလေး ၁၅၀ မှာ တစ်ယောက်က အဲဒီယောဂါကို ခံစားကျရပါတယ်။ အဲဒီအဖြစ်ဟာ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ တွေ့နိုင်ပါတယ်။ အဲလိုကြုံတွေ့ရင် မြန်မာတွေက ဆေးနဲ့မတည့်လို့ အခမသင့်ဖြစ်သွားတယ်လို့ ယူဆကျပါတယ်။ တကယ်တော့ ဆေးနဲ့ မတည့်တာ မဟုတ်ပဲ။ Mercury လွန်ကဲမှု ဒဏ်ကို မခံနိုင်တဲ့အတွက် ဦးနှောက်ပျက်သွားခြင်းဖြစ်ပါတယ်။ flu shot လို့ခေါ်တဲ့ အအေးမိကာကွယ်ဆေးဆိုရင် Mercury ဟာ လိုအပ်တာထက် အဆပေါင်း 250 အထိများနေတဲ့အတွက် ဆေးပညာရှင်တွေဟာ ကြားမှာ ထိပ်လန့်ခဲ့ကြောင်းWorldnet Daily မှာ ရေးသားထားပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့သူတွေဟာ အဲဒါမျိုးမကြာခဏတွေ့နေရတော့ သူတို့ကလေးငယ်များကို ကာကွယ်ဆေးထိုးဖို့ စိုးရိမ်လာကျပါတယ်။ ဒီမိုအစိုးရဖြစ်တဲ့ အမေရိကန်ဟာ မိဘတွေက ကာကွယ်ဆေးထိုးဖို့ငြင်းဆန်တဲ့အခါမှာတော့ အတင်းအကျပ် လုပ်လာပါပြီ။ ဒီမိုမီဒီယာဖြစ်တဲ့ ABC သတင်းမှ Parents Face Fines, Jail Time for Failure to Immunize ဖတ်ကြည့်ပါ။ မဘတွေဟာ သူတို့ သားသမီးတွေကို ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့အတွက် အစိုးရက အတင်းကျပ်ထိုးပေးမယ်လို့ စီစဉ်တဲ့ သတင်းဖြစ်ပါတယ်။ သတင်းကိုဖတ်ပြီး ဒီမိုအစိုးရ လူတွေအတွက် စေတနာတော်တော်ကြီးတာပဲ ဆိုပြီးတွေးတဲ့ လူတွေက အများကြီးပါ။ (စာကို များများဖတ်တတ်ဖို့ထက် နည်းနည်းဖတ်ပြီး အဲဒီထဲ မြုပ်ကွယ်နေတဲ့ အမှန်ကို ဖေါ်ထုတ်နိုင်ဖို့က အရေးကြီးပါတယ်။) ဒီမိုသတင်းဌာနတွေဟာ တဖက်သတ်ရေးထားပြီး မြုပ်ကွက်တွေများကြီးပါနေပါတယ်။ ဒီသတင်းကနေ သိလာနိုင်တာတွေကတော့
(၁) အခမဲ့ထိုးပေးတဲ့ဆေး
မြန်မာလူမျိုးတွေက ဒီမိုနိုင်ငံက လာတဲ့ဆေးဆိုရင် အရမ်းကိုအထင်ကြီးကျပါတယ်။ အမေရိကန်ဆေးဆိုရင် ဈေးကြီးပေးဝယ်ကျပါတယ်။ အမေရိကန်တွေကတော့ မြန်မာတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ အမေ၇ိကန်မှာ hepatitis B နဲ့ chickenpox ကာကွယ်ဆေးကို ကလေးငယ်တွေအတွက် အခမဲ့ထိုးပေးပါတယ်။ hepatitis B ဆိုတာ ကူးစက်ခံရရင် ဆေးမရှိတဲ့ရောဂါတစ်ခုပါ။ အမေရိကန်မှာ ရောဂါကြီးကြီးတစ်ခုရလို့ မိမိပိုက်ဆံနဲ့ပဲကုရမယ်ဆိုရင် ရှိသမျှ အိမ်တွ၊ ကားတွေရောင်းပြီးကုရတဲ့အထိ ဆေးစားရိတ်ကကြီးပါတယ်။ အဲလိုနိုင်ငံမျိုးမှာ ဘယ်မိဘမဆို အလကားထိုးပေးတဲ့ hepatitis B ဆေးကို အလုအရက်တောင် တန်းစီပြီးထိုးသင့်တာပေါ့။ ဘယ်လိုပဲတွေးတွေး ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါကို ပိုက်ဆံတပြားမှ မကုန်ပဲ အစိုးရက ကာကွယ်ဆေး ထိုးပေးမှာကိုမိဘတွေက ဘာကြောင့် ငြင်းဆန်နေလဲ? စဉ်းစားပေးပါ
(၂) လူအခွင့်အရေး လူအခွင့်အရေးအရကြည့်ရင် မိဘတွေဟာ သားသမီးများကို ကာကွယ်စောင့်ရှောက်ခွင့်ရှိပါတယ်။ အန္တရယ်များတယ်လို့ ယုံကြည်တဲ့ ကာကွယ်ဆေးကို မိမိကလေးကို မထိုးဖို့ ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရဟာ မိဘတွေ အခွင့်အရေးကို ချိုးဖေါက်ခဲ့ပါတယ်။ တရားစွဲတယ်ဆိုတာ မိဘများအနေနဲ့ သူတို့ အခွင့်အရေးကို မကာကွယ်အောင် စိတ်အနှာင့်အယှက် ပေးခြင်းဖြစ်ပါတယ်။ ဒါဟာ ဥပဒေကို လိုသလိုသုံးပြီး လူအခွင့်အရေးကို ချိုးဖေါက်တာ မြင်သာပါတယ်။ အခုဆိုရင် အင်္ဂလန်မှာလည်း ကလေးတွေ ကာကွယ်ဆေး မထိုးမနေရ လုပ်နေပါပြီ။ ဒီကိစ္စတွေမှာဘာကြောင့် လူအခွင့်အရေးအဖွဲ့တွေက ရေငုံနှုတ်ပိတ်လုပ်နေပါသလဲ? တကယ်လို့သာ အဲဒီနေရာမှာ ဒီမိုအစိုးရ မဟုတ်ပဲ နအဖသာ ဖြစ်နေရင် ဘယ်လောက်အထိ ကန့်ကွက်ကျမလဲဆိုတာ စဉ်းစားကြည့်ပါ။
(၃) တင်ပြတာထက်အခြေအနေဆိုးရွား ကာကွယ်ဆေးထိုးဖို့ 2,300 ကလေးငယ်တွေရဲ့ မိဘတွေက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 2,300 ကလေးဆိုတော့ မိဘအရေအတွက် 4,600 လောက်က ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီအရေအတွက် တော်တော်ကများပါတယ်။ နောက်ပြီး အဲဒါဟာ Maryland ဒေသမှာပဲ ဖြစ်တဲ့ကိစ္စပါ။ တခြားနေရာတွေမှာ ဖြစ်နေတာကို ထည့်မပြောထားပါဘူး။ ဒါဆိုရင်တနိုင်ငံလုံးအတိုင်းအတာ အရကြည့်ရင် ကာကွယ်ဆေးကို မယုံကြည်တဲ့သူတွေ ဘယ်လောက်များလဲ စဉ်းစားနိုင်ပါတယ်။ (ဒီမိုသတင်းစားဖတ်တယ်ဆိုတာ အဲလိုဥာဏ်လေးသုံးပြီး ဖတ်ရပါတယ်။) ဘာဖြစ်လို့ အမေရိကန်ပြည်သူတွေအများစုက ငြင်းဆန်နေသလဲ? Prisonplanet သတင်းအရဆိုရင်မိဘတွေဟာ အင်တိုက် အားတိုက်ကို ဆန့်ကျင်နေတာဖြစ်ပါတယ်။ အမေရိကန် ထုတ်တဲ့ ဆေးကို အထင်သိပ်ကြီးတဲ့ မြန်မာတွေ စဉ်းစားပေးကျပါဦး။
(၄) မီဒီယာတွေဘာကိုဖုံးကွယ်ထားတာလဲ အဲဒီသတင်းထဲမှာ မိဘတွေနဲ့ အင်တာဗျူးလုပ်တာ မပါဘူး။ အစိုးရဘက်က “အေးအေးဆေးဆေး ပြောလို့ရရင်ရ မရင်ရင် အာဏာသုံးပြီး ဆေးထိုးမယ်” ဆိုတာတော့ထည့်သွင်းထားတယ်။ မိဘတွေကိုလည်း ရှက်ဖွယ်ဆိုပြီး အပြစ်တင်ထားတယ်။ မိဘမေတ္တာကို စော်ကားထားတာလဲ ဖြစ်ပါတယ် ဒီမိုမီဒီယာတွေဟာနှစ်ဖက် ပြောဆိုချက်တွေကို တင်ပြတဲ့ထုံးဆန်ရှိပါတယ်။ အခုဟာ ငြင်းဆိုတဲ့ မိဘတွေနဲ့ အင်တာဗျူးလုပ်တာ မပါဘူး။ အစိုးရအမြင်ပဲ လူတွေကို သိခွင့်ပေးပါတယ်။ ဒါဟာ စာနယ်ဇင်းကျင့်ဝတ်ကို ဖေါက်ဖျက်တာဖြစ်ပါတယ်။ ဘာကြောင့် မိဘတွေရဲ့ ထင်မြင်ချက်ကို မတင်ပြချင်တာလဲ? ဘာကို ဖုံးကွယ်ချင်လို့လဲ?
(၅) သတင်းထိမ်ချန် ဒီမိုမီဒီယာ ဒီမိုမီဒီယာတွေဟာ ပြဿနာ တစ်ခုခုဖြစ်ရင်။ အဲဒီပြဿနာနဲ့ ဆက်စပ်တဲ့ အချက်အလက်ကို တင်ပြရပါတယ်။ ဥပမာ မြန်မာပြည်သတင်းပြောတိုင်း ၈၈ ပြစ်ခတ်မှု၊ စက်တင်ဘအရေးအခင်း၊ ၉၀ ရွေးကောက်ပွဲရလဒ် စတာတွေကို သတင်းနားထောင်တဲ့သူတွေ မမေ့သွားအောင် ပြောပြကျပါတယ်။ အခုကာကွယ်ဆေးကို ဆန့်ကျင်တဲ့ ဖြစ်ရပ်ဟာ အမေရိကန်မှာမကပဲ ဒီမိုနိုင်ငံတော်တော်များများမှာ ဖြစ်နေတာပဲ။ အဲဒီကာကွယ်ဆေးကို မိဘတွေ ကြောက်တာ ဒီမိုမီဒီယာမှာ မှတ်တမ်းရှိပါတယ်။ မိဘတွေ ဆိုးရိမ်တဲ့အကြောင်းအရင်းကို သတင်းဖတ်တဲ့သူတွေ သတိထားမိအောင် မပြောပြသင့်ဘူးလား? အဲဒါကိုကြည့်ရင် ဒီမိုမီဒီယာဟာ သတင်းထိမ်ချန်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ ဗီဒီယိုကြည့်ပါဦး ။ (အဲဒီဗီဒီယိုကလဲ ဒီမိုအစိုးရဘက်ကနေ ရှေ့နေလိုက်ပေးထားတာ သတိထားကြည့်ပါ) ကာကွယ်ဆေးကို လူတွေက လုံးဝ မယုံတဲ့ ကိစ္စကို တင်ပြရမယ်။ ဒီမိုအစိုးရတွေကို စေ့စေ့ပေါက်ပေါက် မေးခွန်းတွေထုတ်ရပါမယ်။ တကယ် ခံစားခဲ့ရတဲ့ ကလေးငယ်လေးတွေမိဘတွေနဲ့ ဆွေးနွေးပြီး တင်ပြရပါမယ်။ (နိုင်ငံရေးသမားတွေကလည်း အသံတိတ်နေပါတယ်။ လွတ်တော်အမတ်တွေလဲ အသံမထွက်ဘူး) ဒီမိုမီဒီယာတွေဟာ သတင်းအမှောင်ချထားတယ်လို့ စွပ်စွဲမခံရအောင် တာဝန်ကျေပဲ လုပ်ပါတယ်။ ပြီးရင်တော့ လူတွေမေ့သွားအောင် အစတောင် မထုတ်ဖေါ်ပါဘူး။ ခင်ဗျားတို့တွေ ဒီမိုမီဒီယာတွေ နားထောင်နေတာပဲ။ အဲဒီပြဿနာရှိတယ်ဆိုတာ လုံးဝ မသိဘူးဖြစ်နေတယ်မဟုတ်လား? ဘာကြောင့်လဲ?
(၆) Brain wash လုပ်တာ မခံပါနဲ့တော့မြန်မာတွေသိဖို့က ဘယ်မီဒီယာကမှ အမှန်တရားကို မလိုလားပါဘူး။ ပိုက်ဆံနဲ့ သူတို့ ရပ်တည်ရေးပဲ စိတ်ဝင်စားပါတယ်။ ခင်ဗျားတိုပဲကြည့်လေ 9/11 လူသတ်မှုကြီးဟာ ငြင်းမရတဲ့ အထောက်အထားတွေ အများကြီးရှိနေပါလျက် ဒီမိုအစိုးရလုပ်တော့ conspiracy ဆိုတဲ့ခေါင်းစဉ်တပ်ပြီး လူသတ်မှုကို လျော့ပေါ့အောင် လုပ်ပြစ်ကျပါတယ်။ ကာကွယ်ဆေးမှာ အဆိပ်တွေခတ်တာ ကလေးမိဘတွေနဲ့ ဆရာဝန်တွေကိုယ်တိုင် သက်သေဖြစ်နေပါလျက်နဲ့ Controversial ဖြစ်နေတယ်ဆိုတဲ့ စကားလုံးနဲ့ အဆိပ်ခတ်တာကို ပေါ့လျော့အောင် လုပ်နေကျပါတယ်။ ကျနော်တို့ နိုင်ငံကို စီးပွားရေးပိတ်ဆို့ပြီး ဒီမိုကရေစီရအောင်လုပ်တာ တကယ်ကို Controversial ကိစ္စကြီးပါ။ ပြည်သူတွေကို ငတ်အောင်လုပ်တာ လူမဆန်တဲ့ကိစ္စကြီးပါ။ ဘာကြောင့် Controversial ဖြစ်နေတယ်လို့ ဒီမိုမီဒီယာတွေက မပြောဆိုကျပါသလဲ? ဒါဟာဒီမိုမီဒီယာတွေက စကားလုံးတွေကို သုံးပြီး လူတွေကို ၀ါဒမှိုင်းတိုက်နေတယ်ဆိုတာ သဘောပေါက်သင့်ပါတယ်။ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ဟောကြားတော်မူသလိုပဲ စကားလုံးဆိုတဲ့ နွံထဲမှာ နစ်မနေဖို့လိုပါတယ်။ လူတွေကို သတ်တဲ့နေရာမှာ ဒီမိုအစိုးရတွေဟာ ကြောက်စရာအကောင်းဆုံးပါ။ နိုဘယ်ဆုရှင် ငြိမ်းချမ်းရေးစာပေဆုရ Kenyan နိုင်ငံသူ Wangari Maathai စာရေးဆရာမကြီးရဲ့ စွပ်စွဲချက်ကို AFP သတင်းမှာဖတ်ကြည့်ပါ Nobel peace laureate claims HIV deliberately created . ဆရာမကြီးက AIDS ရောဂါပိုးဟာ အမေရိကန်အစိုးက လူတွေသတ်ဖို့ တီထွင်ထားတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါ။ စာရေးဆရာမကြီး တစ်ယောက်အနေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေပေးပြီးမှ အခုလို စွပ်စွဲတာဖြစ်မှာပါ။ တကယ့်ကို ကြီးလေးတဲ့ ရာဇ၀တ်မှုကြီးလုပ်တယ်လို့ အမေရိကန်ကို စွပ်စွဲလိုက်တာလဲဖြစ်ပါတယ်။ ဒီမိုမီဒီယာတွေက အသေးစိပ်ကို တင်ပြရင် လူထုအာရုံစိုက်လာမှာ စိုးရိမ်ပြီး ပီးသလွယ် သတင်းတိုလေးရေးကာ တာဝန်ကျေလုပ်ထားပါတယ်။ (အခုစာဖတ်နေတဲ့ ခင်ဗျား အဲဒီစွပ်စွဲချက် သတင်းကိုကြားဖူးလား? မကြားဖူးဘူးဆိုရင် ဒီမိုမီဒီယာတွေဟာ ဘာတွေလဲ သဘောပေါက်သင့်ပါပြီ) SARS ပိုးကိုလည်း ဒီမိုတွေလက်ချက်ဖြစ်ကြောင်း စွပ်စွဲချက်တွေရှိနေပါတယ်။ နောက်မှပဲ အမေရိကန် အစိုးရ AIDS ပိုးနဲ့ SARS ပိုးတွေကို ဓါတ်ခွဲခန်းထဲမှာ တီထွင်ခဲ့တာ ဟုတ်မဟုတ် သေချာလေ့လာပြီး တင်ပြပါမယ်။
အထက်ကပြောသလိုပဲ ကာကွယ်ဆေးကို ဒီမိုနိုင်ငံက မိဘတွေကိုယ်တိုင် အကြောက်ကြီးနေကျပါတယ်။ အမေရိကန် ၊ ကနေဒါနဲ့ ဥရောပ တွင်သာမကပဲ မြန်မာနိုင်ငံက ကလေးတွေပါ ကာကွယ်ဆေးတွေထိုးပြီးရင် autism ရောဂါခံစားရပါတယ်။ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ ဆေးထိုးပြီး ကလေးတွေ ဒုက္ခရောက်တာ တွေ့ဖူးကျပါတယ်။ ( မြန်မာတွေက ကာကွယ်ဆေးကို ဒီမိုနိုင်ငံတွေက တင်သွင်းပြီးသုံးစွဲနေကျတာဖြစ်ပါတယ်။) အဲလိုဖြစ်ရင် မြန်မာမိဘတွေကတော့ ဆရာဝန်ကို အပြစ်တင်တာ များပါတယ်။ တကယ်တော့ ဆရာဝန်ဆိုတာကလည်း စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းပဲ ယုံကြည်ပြီး လုပ်ပေးနေတာဖြစ်ပါတယ်။ ကာကွယ်ဆေးအကြောင်း အတိအကျသိလို့တော့ မဟုတ်ပါဘူး။ ဆရာဝန်တွေဖတ်တဲ့စာအုပ်တွေဟာ ဒီမိုအစိုးရ တွေရဲ့ သြဇာလွှမ်းမိုးမှုပါနေပါတယ်။ ဒါကြောင့် ဆရာဝန်တွေကို ဘ၀တစ်ခုလုံး
ပုံအပ်ပြီးမယုံစေချင်ဘူး။
ကျေးဇူးတော်ရှင် မြတ်စွာဘုရားနှင့် သံဃာအပေါင်းကို ရိုသေရှိခိုးလျှက်
တောသားနှစ်ယောက်
* ကိုးကားချက်များ *
ဗီဒီယိုများ
June 4 anti-vaccine rally - Washington Monument
Autism Has a Face
Vaccination - The Hidden Truth
Autism - Dr Dan Speaks on Autism
Mercury In Vaccines & Austism
Do Vaccines Cause Autism?
Mercury, Autism and the Global Vaccine Agenda
Cheryl Hall: Vaccine Reactions & Medical Cover-Ups
Mercury is good for you! - US Mainstream Media Report (ကြောက်မက်ဖွယ် ဒီမိုမီဒီယာ လိမ်ညာချက်)
MERCURY GOOD FOR YOU? PEOPLE=DUMB SHEEP
Jenny McCarthy Voicemail to CDC, National Autism Association
ကြောက်မက်ဖွယ် ဆူနာမိလူသတ်မှုကြီး (သို့) ကမ္ဘာ့အကြီးဆုံး စစ်ရာဇ၀တ်မှု
Deadly immunity 
The AIDS virus: Made in the USA? 
Was your autistic child vaccinated 
Japan's Great Lesson: Compulsary flu vaccines reveal no benefit and actually cause more Flu and Vaccine related deaths 
Three people die after receiving flu vaccinations 
Flu shot left executive paralyzed 
$75,000 Offered For MD to Publicly Drink Vaccine Additives 
Pentagon restarting mass vaccinations despite health fears
UK Government In Secret Payments For Childhood Vaccine Damage 
Row over autism link to vaccines 
The needle and the damage done 
Meningitis vaccinations 'blamed' for rise in deaths 
US Military Finds That Anthrax Shots May Cause Birth Defects  
Military Threatening and Intimidating Soldier for Refusing Anthrax Vaccine 
UK Lawmaker Seeks to Deny Education to Children Who Aren't Vaccinated 
Polio Vaccine Contaminated With Cancer Given to Millions of Americans 
An AIDS vaccine in your cereal? It could really happen 
Shot forced on newborn over parents' objections 
Nationwide Revolt Against Dangerous Vaccines Accelerates 
Critics ask why flu shot doesn't match strain; Mercury in vaccine found to be 250 times higher than recommended  
Parents Face Fines, Jail Time for Failure to Immunize   
How Mercury Causes Brain Neuron Degeneration University of Calgary 
Mercury in childhood vaccines: what did the government know? 
Study Shows Decline in Neurodevelopmental Disorders After Removal of Thimerosal-Containing Vaccines 
New study links mercury to autism 
Polio Vaccines  
Polio Vaccines Are Causing Cancer 
Officials say drug caused Nigeria polio 
Contaminated vaccine may cause cancer 
Why You Should Avoid Taking Vaccines 
SV40, Polio Vaccine, and Cancer: Now Beyond Coincidence? 
New England families sue over mercury in childhood vaccines 
Michael Wagnitz: Research supports mercury-autism link 
Nationwide Revolt Against Dangerous Vaccines Accelerates 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
4 comments:
Very Nice...Cheers
ကောင်းတယ်ဗျာ။ ဒီဘလော့ က တင်တဲ့ ပို့စ်တွေ တော်တော်များများကိုလက်ခံတယ် ။သဘောကျတယ် ။ ဒီမို ငတုံးတွေက သူ့တို့လမ်းကြောင်းပေါ်က သွေဖယ်ပြီးတွေးတဲ့ အတွေးမျိုး ၊ သူတို့နဲ့ ဆန့်ကျင်ဘက် အတွေးမျှိုးဆိုရင် သိပ်ကို ကြောက်ကြတာဗျ ။ သူတို့ကို သူတို့တောင် ဘာလုပ်လို့လုပ်နေမှန်းသိတာမဟုတ်ဘူးဗျ ။ ဟားဟား ။ နိုင်ငံတကာ ဖိအားပဲ အားကိုးနေသလိုလို ၊ လူထု အုံကြွမှု ကိုပဲ ကြံစည်နေသလိုလို ။ ဟဲဟဲ ။ လူထု အားကိုးတယ်ဆိုရအောင် အခုခေတ်မှာ က ဂယောင် တချို့ ကလွဲလို့ ဘယ်သူမှ နိုင်ငံရေးဆိုတာကို စိတ်ဝင်စားကြတာ မဟုတ်ဘူး ။ စားဝတ်နေရေးပဲ စိတ်ဝင်စားကြတာ ။ ပိတောက်မြေမှာ ပေးစာတခု မှာတောင် တငိထားတာတွေ့လိုက်သေး ။ ပြည်သူ့သဘောထားဆိုတာ ဒါမျိုးပေါ့ဗျ ။ အဲဒီပေးစာရေးတဲ့ ကိုကြီးလေး ကိုလည်း ဝိုင်းနှံလိုက်ကြသေးတယ် ဒီမိုငတုံးတွေက ။ မြင်တယ်မလား ။ ပြီးတော့ ပြည်သူတွေက ဘယ် နိုင်ငံရေးအဖွဲ့အစည်းကိုမှ ယုံကြည်တာမဟုတ်ဘူးဗျာ ။ ဘုရားသခင် အဆုံးအမ လိုပေါ့ဗျာ ။ မိမိကိုယ်သာ အားကိုးရာပေါ့ ။ ဟဲဟဲ ။ နောက်ပြီး အထဲ က မှိုင်းတိုက်ခံထားရတဲ့ ဂယောင်လေးတွေ ကိုမျိုးဘလော့မှာ တွေ့တွေ့နေရတာ စိတ်ထဲမှာ ကလိကလိနဲ့ ။ အဲဒီဘက်လည်းသွားပြီး နဲနဲလောက် သဘောတရားလေးတွေေ ပြာပြပေးပါဦးလားဗျာ။ အားရင်ပေါ့ ။ လင့်လေးကတော့ ဒါပါတဲ့ဗျာ ။http://komyo.burmachannel.com/
ကောင်းတယ်ဗျာ။ ဒီဘလော့ က တင်တဲ့ ပို့စ်တွေ တော်တော်များများကိုလက်ခံတယ် ။သဘောကျတယ် ။ ဒီမို ငတုံးတွေက သူ့တို့လမ်းကြောင်းပေါ်က သွေဖယ်ပြီးတွေးတဲ့ အတွေးမျိုး ၊ သူတို့နဲ့ ဆန့်ကျင်ဘက် အတွေးမျှိုးဆိုရင် သိပ်ကို ကြောက်ကြတာဗျ ။ သူတို့ကို သူတို့တောင် ဘာလုပ်လို့လုပ်နေမှန်းသိတာမဟုတ်ဘူးဗျ ။ ဟားဟား ။ နိုင်ငံတကာ ဖိအားပဲ အားကိုးနေသလိုလို ၊ လူထု အုံကြွမှု ကိုပဲ ကြံစည်နေသလိုလို ။ ဟဲဟဲ ။ လူထု အားကိုးတယ်ဆိုရအောင် အခုခေတ်မှာ က ဂယောင် တချို့ ကလွဲလို့ ဘယ်သူမှ နိုင်ငံရေးဆိုတာကို စိတ်ဝင်စားကြတာ မဟုတ်ဘူး ။ စားဝတ်နေရေးပဲ စိတ်ဝင်စားကြတာ ။ ပိတောက်မြေမှာ ပေးစာတခု မှာတောင် တငိထားတာတွေ့လိုက်သေး ။ ပြည်သူ့သဘောထားဆိုတာ ဒါမျိုးပေါ့ဗျ ။ အဲဒီပေးစာရေးတဲ့ ကိုကြီးလေး ကိုလည်း ဝိုင်းနှံလိုက်ကြသေးတယ် ဒီမိုငတုံးတွေက ။ မြင်တယ်မလား ။ ပြီးတော့ ပြည်သူတွေက ဘယ် နိုင်ငံရေးအဖွဲ့အစည်းကိုမှ ယုံကြည်တာမဟုတ်ဘူးဗျာ ။ ဘုရားသခင် အဆုံးအမ လိုပေါ့ဗျာ ။ မိမိကိုယ်သာ အားကိုးရာပေါ့ ။ ဟဲဟဲ ။ နောက်ပြီး အထဲ က မှိုင်းတိုက်ခံထားရတဲ့ ဂယောင်လေးတွေ ကိုမျိုးဘလော့မှာ တွေ့တွေ့နေရတာ စိတ်ထဲမှာ ကလိကလိနဲ့ ။ အဲဒီဘက်လည်းသွားပြီး နဲနဲလောက် သဘောတရားလေးတွေေ ပြာပြပေးပါဦးလားဗျာ။ အားရင်ပေါ့ ။ လင့်လေးကတော့ ဒါပါတဲ့ဗျာ ။http://komyo.burmachannel.com/
ဦးဇင်း စားရေးခဲ့ပါတယ်။ ဒကာရေးထားတာကို မှားတယ် မှန်တယ် မဝေဖန်လိုပါ။ အရင်ဆုံး သုံးသပ်လို့ ရတာက ဒကာဟာ ဘက်တစ်ဖက်ကလူ ဆိုတာ အထင်းအရှား တွေ့ရတာပါပ၊ အဲဒီတော့ ဘက်ဆိုတာ ရှိနေလေတော့ ဒီမိုကို အပြစ်ပြောလိုက်တာဟာ တရုတ်နဲ့ ရုရှားတို့ရဲ့ လမ်းစဉ်ဟာ မှန်တယ် လို့ ထောက်ခံသလိုဖြစ်သွားတာပါပဲ။
အဲတော့ ဦးဇင်းတို့ ယထာဘူတ ကျကျ စဉ်းစား ကြည့်ရအောင်။ အမေရိကန်ဟာ မြန်မာ မဟုတ်ဘူး ဆိုတာ ကလေးမေးမေး ခွေးမေးမေး အားလုံးသိပြီးသားပါ။ ထို့အတူ ရုရှားနဲ့ တရုတ်ကရော မြန်မာမဟုတ်ဘူး ဆိုတာ ကလေးမေးမေး ခွေးမေးမေး သိပြီးသား ပါပဲ။ အမေရိကန်က မြန်ပြည်သူတွေ အကျိုးကို လိုလားတယ်ဆိုတိုင်းလဲ မြန်မာ မဟုတ်တဲ့ အတွက် ယုံကြည်လို့ မရပါဘူး။ ထိုအတူပဲ ရုရှားနဲ့ တရုတ်က မြန်မာပြည်သူတွေ အကျိုးကို လိုလားပါတယ်လို့ ပြောလာရင်လဲ ယုံစရာ အကြောင်းမရှိပါဘူး။ သူတို့ လဲ မြန်မာ မဟုတ်လို့ပါပဲ။ ထို့အတူ အမေရိကန် အစိုးရက မြန်မာ့ ဒီမိုသမားတွေကို မြောက်ပေး ပင့်ပေးတယ်ဆိုရင်။ ရုရှားနဲ့ တရုတ်ကရော အခုအများက သမုတ်နေကျတဲ့ အားဏာသိမ်စစ်ခေါင်းဆောင်တွေ၊ အာဏာရှင်တွေ ကို မြောက်ပေး ပင့်ပေးနေ တယ်လို့ကော မပြောနိုင်ဘူးလား။
အဲတော့ မြန်မာနိုင်ငံဟာ တရုတ်သြဇာ၊ ရုရှားရဲ့ သြဇာအောက်မှာ ရောက်နေရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးမှာ တရုတ်နဲ့ ရုရှားက အမေရိကန် အပေါ်မှာ အသာ ရနေမှာပဲ။ အမေရိကန်က မြန်မာနိုင်ငံ အပေါ်မှာ သူတို့ရဲ့ သြဇာသက်ရောက်မှု ရှိနေရင် တရုတ်နဲ့ ရုရှား အပေါ်မှာ အမေရိကန်က အသာရမှာပဲ။
ဒီနေရာ တရုတ်နဲ့ ရုရှားတို့ ရဲ့ မြန်မာနိုင်ငံအပေါ် မြှောက်ထိုးပင့်ကော် လုပ်ပေးနေမှုတွေကတော့ အမေရိကန်က မြန်မာ့ ဒီမိုသမားတွေ အပေါ် လုပ်ပေးနေသလိုမျိုးတော့ ပေါ်ပေါ်ထင်ထင် မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေရဲ့ မူဝါဒကိုက လက်သိပ်ထိုးဝါဒသမားတွေ ဖြစ်လို့ပါပဲ။
သူတို့ တွေက သူတို့ အကျိုးစီးပွား အတွက် မြန်မာ့အရေး ပြောဆိုဆွေးနွေးကြတာပါ။ မြန်မာ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ပြောဆိုဆွေးနွေးတာ မဟုတ်ပါဘူး။
ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အကောင်းဘက်ကို ဦးတည်နေပြီလို့တော့ ဦးဇင်းမမြင်ပါ။ တစ်ဖြေးဖြေး ဆိုးသထက် ဆိုးလာမဲ့ အခြေအနေတွေကို ဦးတည်နေပါတယ်။ နီးရာဓားကို ကြောက်ကြကြေး ဆိုရင်တော့ တရုတ်ရဲ့ ပြည်ရဲ့ လူဦးရေ။ စီးပွားရေး တိုးတက်လာမှု၊ တစ်ဖြေးဖြေး အင်အားကြီးထွားလာမှု။ မြန်မာပြည်အပေါ် လွမ်းမိုးလာနိုင်မှုတွေဟာ လက်ရှိအနေအထား ပြည်တွင်းမှာ တရုတ်တွေ နေရာရလာမှု။ လက်ဝါးကြီး အုပ်လာမှုတွေ အရ မြန်မာနိုင်ငံအတွက်တော့ တရုတ်ဟာ အမေရိကန်ထက် ပိုမိုအန္တရယ် ကြီးမားလာနေပြီဆိုတာကိုတော့ ဦးဇင်းကတော့ မြင်နေမိတယ်။ 88 နောက်ပိုင်း ပြည်ကြီးပေါက် တရုတ်တွေ ၀င်ရောက်လာမှု၊ အဲလိုဝင်ရောက်လာပြီး အခြေချနေထိုင်မှု တွေကို သေသေချာချာ ဂဃနဏ စားရင်းဇယားတွေ ရေးဆွဲနိုင်မယ်ဆိုရင်တော့ ပိုမိုသဘောပေါက်မှာပါ။ မြန်မာပြည်က ကိုရွှေမြန်မာ ၀န်ထမ်းတွေရဲ့ ငွေကို မတရားသဖြင့် မက်မောမှု။ ရလိုမှု။ ဥပဒေကို ငွေနဲ့ လှဲလှယ်မှုတွေဟာ တရုတ်တွေကို အကြိုက်တွေ့စေတဲ့ အချက်ပါပဲ။ ဒါတွေကို ဒီမိုကရေစီ ဆိုတာတွေ အရင်းရှင်ဆိုတာတွေ၊ အာဏာရှင်ဆိုတာတွေကို ဖေးဖယ်ထားလို့ ယထာဘူတ ကျကျ ရှုမြင်ပြီး အချိန်မီ မျိုးချစ်စိတ်လေး ပြန်မွေးနိုင်ကြမယ်ဆိုရင်တော့ တော်ပါလိမ့်မယ် မဟုတ်ရင်တော့..............................
မြန်ပြည်မြေပုံလေး ဟာ မကြာ မတင်သော ကာလမှာ..............တရုတ်ကိုယ်စားပြု တရုတ်ကိုယ်ပွား မြေပုံလေး ဖြစ်လာတော့မှာ မြေကြီးလက်ခတ် မလွဲပါခင်ဗျာ။
Post a Comment