Thursday, November 1, 2007

ဒီလိုဝေဖန်လိုက်ပါတယ် (၂)

ဒုတိယအပိုင်းဖြစ်တဲ့ ဆန္ဒပြပွဲအပေါ်ဝေဖန်ချက် အပိုင်း (၂)ကို တင်ဆက်ပါမယ်။ ကျနော်တို့ ဝေဖန်ချက်တွေဟာ ဒီမိုကရေစီသမားတွေကို တိုက်ခိုက်တယ်လို့ မြင်တဲ့သူ တချို့ ရှိနေပါတယ်။ အဲလိုထင်တာလဲ သိပ်တော့ မထူးဆန်းပါဘူး။ နှစ်ပေါင်း ၂၀ အတွင်းမှာ ဒီမိုကရေစီသမားတွေကို ဝေဖန်တဲ့သူဆိုတာ မရှိခဲ့တော့ သူတို့ခမျာ သူတို့လုပ်သမျှ မှန်လှပြီထင်နေခဲ့ပါတယ်။ ထုံးဆန်အတိုင်း ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဆက်လက် ဝေဖန်လိုက်ပါတယ်။

အားသာချက်တွေရှိရက်နဲ့ ကျဆုံးခဲ့ချင်း

၈၈၈၈ အရေးတော်ပုံတုံးက အခြေအနေကို ကြည့်ကျရအောင်ပါ။
(၁) နိုင်ငံရေးအဖွဲ့အစည်း မရှိပါဘူး။ ကျောင်းသားသမဂ္ဂလည်း မြေအောက် အနေနဲ့ လှုပ်ရှားနေပြီး အတိအလင်း ဦးဆောင်နိုင်ခဲ့တာ မဟုတ်ပါဘူး။
(၂) ခေါင်းဆာင်လဲ မရှိပါဘူး။ ဦးမင်းကိုနိုင်ဆိုတာကလဲ နာမည်လောက်ပဲ သိပြီး ဘယ်သူ ဘယ်ဝါမှန်း လူတွေ မသိကျပါဘူး။
(၃) သတင်းဌာနဆိုလို့ BBC, VOA ပဲ ရှိပါတယ်။ သစ်ပင်တွေ၊ ဓါတ်တိုင်တွေမှာပဲ စာကပ်ပြီး လူတွေကို စည်းရုံးခဲ့ရတာပါ။
(၄) လူထုကြီးဟာ နိုင်ငံရေးအမြင်လုံးဝ မရှိကျပါဘူး။ ဒီမိုကရေစီဆိုတာ ဘာမှန်းတောင် မသိကျသေးဘူးတဲ့။ ပါတီစုံစံနစ် ဆိုတာပဲ သိတယ်ဆိုပဲ။
(၅) နိုင်ငံတကာကလဲ မြန်မာဆိုတာ ဘာမှန်းတောင် သိတာ မဟုတ်ပါဘူး။
(၆) ဦးရှုမောင် ၂၆ နှစ်လုံးလုံး အောင်အောင်မြင်မြင်နဲ့ ၀ါဒမှိုင်းတိုက်ထားတဲ့ ခေတ်ကြီးပါ။
(၇) မဆလ စစ်တပ်ကိုလဲ ရန်လိုချင်း မရှိပဲ အားကိုးတကြီး အထင်ကြီးခဲ့တဲ့ ခေတ်ပါ။
(၈) မဆလ ၀န်ထမ်းတွေကိုလဲ ရန်လိုချင်းမရှိခဲ့ပါဘူး
ဒါပေမယ့် အဘက်ဘက်က မပြည့်မစုံ ဖြစ်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံမှာ မဆလ ပြုတ်ကျသွားခဲ့ပါတယ်။ စစ်တပ်ကလဲ ရွေးကောက်ပွဲတွေ လုပ်ပေးတဲ့အထိ အလျှော့ပေးခဲ့ပါတယ်။ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

မနေ့တနေ့က ဖြစ်ခဲ့ ဆန္ဒပြပွဲ ကြည့်ကျရအောင်ပါ
(၁) နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးရှိနေပါတယ်
(၂) ခေါင်းဆောင်ကလဲ ရိုက်သတ်လို့တောင် မကုန်နိုင်ပါဘူး။ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်နဲ့ လွတ်မျောက်နယ်မြေက လဲ ခေါင်းဆောင်တွေ ရှိနေပါတယ်။
(၃) ဓါတ်တိုင်မှာ စာကပ်ပြီး စည်းရုံးဖို့ မလိုပါဘူး။ သတင်းဌာနတွေ မှိုလိုပေါနေပါတယ်။ အင်တာနက်၊ ရေဒီယို အမျိုးစုံရှိပါတယ်။ အားတက်ဖွယ်ပုံက အစ ကြောက်မယ်ဖွယ် ဓါတ်ပုံတွေ အဆုံး ပြည်သူတွေ သိအောင် လုပ်လို့ရပါတယ်။
(၄) ပြည်သူတွေဟာ နိုင်ငံရေးကို သိနေပါတယ်။
(၅) ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံကို နိုင်ငံတကာရဲ့ သတိထား ခံရဆုံး နိုင်ငံတောင် ဖြစ်သွားခဲ့ပါတယ်။
(၆) နှစ် ၂၀ လုံးလုံး ဒီမိုကရေစီဘက်ကနေ မီဒီယာ တိုက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဦးရှုမောင်လို ဦးသန်းရွှေ ပြည်သူတွေကို ၀ါဒမှိုင်း မတိုက်နိုင်ခဲ့ပါဘူး။ အစိုးရ သတင်းကို ဘယ်သူမှ မယုံပါ။
(၇) နအဖ စစ်တပ်ကို အမုံန်းကြီး မုံန်းပြီး အထင်သေးနေတဲ့ ခေတ်ပါ။ အဲလောက် နအဖကို မုံန်းနေကျပါတယ်။
(၈) နအဖ၀န်ထမ်းဆိုရင် တစက်လေးမှ သုံးမရအောင် မြင်နေတဲ့ ခေတ် ပါ။ နအဖနဲ့ ပတ်သက်ရင် လုံးဝ သည်းမခံပါ။
(၉) နအဖ ကိုင်တွယ်တာလဲ ၈၈၈၈ တုံးကထက် ပိုမိုညင်သာပါတယ်။
အဲလိုမျိုးသာလွန်မှုတွေ ဘက်ပေါင်းစုံက ရှိနေခဲ့တာတောင် အခုဆန္ဒပြပွဲကြီး ကျဆုံးသွားခဲ့ပါတယ်။ နအဖ စိတ်ဓါတ်ရေးရာ တိုက်ပွဲမှာ ကျဆုံးသွားတယ် ဆိုပြီး အရည်မရ မဖတ်မရ ပြောနေကျတာတော့ ရှိပါတယ်။ လက်တွေ့ ကျကျ ပြောရရင် ဒီမိုကရေစီသမားများ လုံးဝ ရှုံးသွားတဲ့ တိုက်ပွဲပါ။ ဒီမိုကရေစီသမားတွေ ရှုံးတာမှ နအဖဘက် က ဘာမှကို လိုက်လျောစရာ မလိုတဲ့ အထိပါ။ ( နအဖ ဆင်းပေးတဲ့ အထိတော့ စိတ်မကူးပါနဲ့။ အိပ်မက်တောင် မမက်ပါနဲ့ )

အိပ်ယာကထပါတော့

ခေါင်းဆောင်ပိုင်း လိုအပ်ချက်လား? သတင်းဌာနတွေ ကြောင့်လား? ပြည်သူတွေ ကြောင့်လား? စေတနာ မမှန်ကန်လို့လား ? နအဖ တော်လို့လား ? ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကိုတော့ မိမိဖာသာ စဉ်းစား အဖြေရှာကြပါ။ ကျနော်တို့ နှစ်ယောက် ကတော့ ဒီမိုကရေစီသမားတွေကို တိုက်ခိုက်တယ်၊ နအဖလူ စတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ မကြားချင်တော့လို့ မသုံးသပ်တော့ပါ။

အားလုံးကျန်းမာကြပါစေ
တောသားနှစ်ယောက်

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

20 comments:

Infant Goddess said...

အမုန်းခံပြီး ဝေဖန်ရဲတဲ့ စိတ်ကို ချီးကျူးပါတယ် . .
ပြည်သူတွေရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ချို့ တဲ့မှုတွေကို ယတြာချေပြီး ဖြည့်ဆီးလို့ မရပါဘူး။
တကယ်လိုအပ်တာတွေကို တကယ် ဖြည့်ဆီးပေးဖို့က တကယ်ပညာတတ်တဲ့သူတွေ တကယ် အလုပ်လုပ်ဖို့ လိုပါတယ်..
အတင်းပြောရုံ ဆန့်ကျင်ရုံ ဆိုရင်တော့ မုန့်လုံး စက္ကူကပ်ပြီးသာ စားနေကြတော့..
အပင်ပန်းခံပြီး လာဖတ်သူတွေကို လေးစားပါတယ်..

Unknown said...

စီးပွားကောင်းနေရင် ဘယ်သူမှ ဘာမှထအော်နေမှာမပာုတ်ဘူး။

ဒါတွေအာလုံးတရားခံက စစ်အစိုးအသုံးမကျလို့ ဖြစ်လာတာတွေချည်းပဲ။ ၉၀ ကနေ ဒီနေ့ ၀၇ အထိ အချိန်ကာလကြီးမှာ ဘာတွေပြောင်းလဲသွားလဲ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ၁ ဒေါ်လာကို ကျပ် ၇၅၀ လောက်ကနေ ဒီနေ့ ၁၄၀၀ ကျော်။

ပြုပြင်ပြောင်းလဲမှု့ ကို အုပ်ချုပ်တဲ့ စစ်အစိုးရက လုပ်မှရမှာ။ NLD လဲမလုပ်နိုင်ဘူး ကျောင်းသားခေါင်းဆောင်တွေလဲ မလုပ်နိုင်ဘူး။ အာဏာက ခင်ဗျားတို့ လက်ထဲမှာလေ။ ခင်ဗျားတို့ က လေးဖမ်းဒန်းစီး လိုက်ဖမ်းဆီးခံနေသမျှ ဘာလို့ ကျဆုံးတယ်မေးစရာကိုမလို ဘူး။ အမေလုပ်တဲ့လူကို သားမရလို့ ဖမ်းတာတို့ ခင်ဗျားဝေဖန်ပါဦးလား။ သတ္တိရှိရင် ဒေါ်စုကို လွတ်ပေးလိုက် ပြီးဘာမှမလုပ်ဘဲ ရပ်ကြည့်ပါလား။ မေးခွန်းတွေကို ဖြေပေးလိမ့်မယ် ဒေါ်စုက။

အစိုးရ ဖမ်းဆီးမှု့ တွေကိုရော ဝေဖန်ပါဦး။
၁)ဖမ်းချင်တဲ့လူမရရင် နီးစပ်သူ ဆွေမျိုးသူငယ်ချင်းတွေကိုဖမ်းတာတို့ 
၂)ရေကပ်လို့ ဆွမ်းကပ်လို့ ဖမ်းတာတို့ ၊
၃) နိုင်ငံခြားမှားဆန္ဒပြသူတွေကို လေဆိပ်မှာ စစ်ဖမ်းတာတို့ 
၎)မေးမြန်းယုံဘဲဆိုပြီး ၇ ရက်တပတ် ဖမ်းတာတွေရော
၅)မိသားစု ကို ဘာသတင်းမှ မပေးပဲ လူမသိသူမသိ ဖမ်းချုပ်ထားတွေရော

ဝေဖန်သုံးသပ်ပေးပါဦး။ ခြံစည်းရိုးပေါ်က ဦးဦးရေ။

Unknown said...

ခင်ဗျားဆိုလိုချင်တာ... ဒီနေ့ ဒီမိုကရေဆီဖက်တော်သားတွေ ညံ့တယ်..ဒီမိုကရေစစီဘက်တော်သားတွေ လုံးဝကျဆုံးသွားတယ်..ဒါကိုသိစေချင်တာမပာုတ်လား
ခု ပြောလိုက်တော့ ဘာဖြစ်သွားလဲ ..??

စာဖတ်သူတွေ NLD ကိုမုန်းသွားလား??
ပာင့်အင်း
စာဖတ်သူတွေ ဒေါ်စု ကိုမုန်းသွားလား?? ပာင့်အင်း
စာဖတ်သူတွေ ကျောင်းသားခေါင်းဆောင်တွေကို အယုံအကြည်မရှိတော့ဘူးလား..?? ပာင့်အင်း
စာဖတ်သူတွေ စစ်အစိုးရ လက်အောက်မှာပဲ နေသင့်တယ်လို့ ယူဆသွားသလား??
ပာင့်အင်း

ကဲ.. ဝေဖန်သူရေ.. အမုန်တိုင်းပြောရရင် စစ်အာဏာရှင်ကို ဘယ်သူက ဆန့် ကျင်ဆန့် ကျင်၊ အဲ့ဒီ့လူကို အားပေးတယ်။ အတွင်းကလူက တိုးတိုးတိတ်တိတ် အားပေးတယ်။ အပြင်က ကျယ်ကျယ်လောင်လောင်အားပေးတယ်။
လုပ်ရဲ တဲ့ စိတ်ဓါတ်ကိုက ချီးကျူးစရာ.. အားပေးပါတယ်။

Unknown said...

သန်ရာသန်ရာကို ပြောချင်တဲ့ ကိုဇော်မျိုး၊ အတွက်

http://www.youtube.com/watch?v=JBAl_7wgE4A

(??ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ ???စာရွက်ပေါ်မှာပဲရှိပါတယ်။??? ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Unknown said...

Although SPDC cannot not brainwash the people of myanmar, they can inject fears to the people. And the media also give disadvantages. When people heard the news of killing people, they remembered 8888,their fears increased and they didn't dare to participate in the demonstration.
The next reason is that today generation is "me" generation, the selfish generation and 88's generation is "we" generation,unselfish generation. Since the socialist philosophy can give the people the unselfish minds, they dared to work for people without considering their own sakes. But in the globalization age, the people become more and more selfish and they didn't dare to work for people. They consider more about their family's sakes.
P.S: Zaw myo, pls read back my last comment in which bad things mean "Ah-Ku-Tho"

Unknown said...

that September demonstration was not a failure or a success. The movement has not finished yet. It is like a football match. Ball in one field is called defence, not a defeat. The army is still there and other people like NLD , students and their movement, monks and their movement are still alive.

You admitted do not dream the present regime out immediately. That is true There may be several steps to topple the regime.That is movement against armed forces but nothing is impossible.

the regime is facing a lots of problems now and watched closey by all other countries and UN. Burma/ Myanmar is still in the security council agenda.The living standard of majority of people are still low. The real problem of corruption is still there. Bank system is not alive and useless. Public services are just like buildings + human resources.

The country is utterly devastated by generals not by other people. The army is broken down by its generals . All SLORC members from 1988 are out by Psychiatric disease, corruption, inefficiency and assassiciation.

Soon you can see the bigger nationwide movement.

အိတာ said...

bro zaw myo !
Let think about what u said above!
ခေါင်းဆောင်ပိုင်း လိုအပ်ချက်လား?
- No , it is not because there is no freedom to make protest!Moreover government use guns ,troops and martial laws.And then in myanmar people used to say that " U can kill a person , U can steal things , U can do any crimes , But it is not serious like political!Doing politic not only can kill U but also ur relatives and ur business! U know these things or not ??And then why are they trying to arrest Kyaw Thu (actor) who donates the monks for lunch! Is there any freedom????On top of that , Why the government arrest the students at the airport who protests in singapore????

နအဖ တော်လို့လား ?
- yes they are extremely smart to be cruel to public.They are also smart to destroy Sasana which we keep for 2500 years.That is the reason why they can last over 19 years !

* In Search of Truth * said...

သို့ မ Infant Goddess
အိပ်မက်တွေ ၊ စိတ်ကူးတွေ ၊ တဘောင်တွေနဲ့ မြှောက်လုံးတွေပဲ သူတို့က သဘောကျပါတယ်။ မြှောက်လေ ကြိုက်လေပါခင်ဗျာ။ မျောက်ကတောင် ကခိုင်းလို့ ရတဲ့အနေအထားပါ။

* In Search of Truth * said...

သို့ ကိုကျော်
ကျယ်လောင်လောင်လဲအားပေးပါ။ တိုးတိုးတိတ်တိတ်လဲ အားပေးပါ ။ နောင်မှာလဲ မြေးတွေ၊ မြစ်တွေ နဲ့ အတူတူ အားပေးနိုင်ပါတယ်ခင်ဗျာ။ ဆွှေစဉ်မျိုးဆက် တပျော်တပါးကြီးပေါ့ဗျာ

* In Search of Truth * said...

သို့ ကိုtop
မဆိုင်တာတွေ ပြောချင်ရင် တခြားမှာ သွားပြောပါခင်ဗျာ။ စာဖတ်တဲ့သူတွေကို အားနာပါခင်ဗျာ

* In Search of Truth * said...

သို့ ကိုဟန်
အစ်ကိုအဖြေ သဘောကျတယ်ဗျာ။ အခု အားသာချက်တွေက ဘာမှ အသုံးမ၀င်ဘူးဆိုတဲ့ သဘောပဲနော်? ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ အလကားပဲဆိုတဲ့ သဘောပဲဗျ။ သေနတ်နဲ့ ပစ်နေတဲ့ ရှေ့ကို အသေခံမလုပ်လို့ အပြစ်တင်တဲ့ အစ်ကိုကတော့ အရှင်လတ်လတ်ဖြစ်နေသေးတယ်နော်? အစ်ကို ကိုယ်တိုင် အရင်သွားပြီးအသေခံပါလား။ သူများကို သေခိုင်းစေရင် ကိုယ်တိုင်လည်း သေရဲပြရတယ်ဗျ။ ပါးစပ်ကြီးနဲ့ သူများကို အသေခိုင်းတာ ကောင်းတဲ့ အလုပ်မဟုတ်ပါ

* In Search of Truth * said...

သို့ ကိုဥတ္တရ
အခုဟာ ပထမခြေလှမ်းဆိုရင် နောက်ထပ် ဖြစ်မှာ သေချာလို့လားဗျ? စိတ်ကူးယဉ် နိုင်တဲ့ အစွမ်းအစကို လေးစားပါတယ်ခင်ဗျာ။ ဆက်ကြိုးစားပါ။ နအဖ ပြဿနာ အကျပ်အတည်းတွေ့လို့ ပြုတ်ကျမယ်လို့ ပြောနေတာ နှစ်ပေါင်း မနည်းတော့ဘူးနော်။ အခုလို ယုံကြည်ချက် ခိုင်မာတာကိုလည်း လေးစားပါတယ်ခင်ဗျာ။ ဆက်လက်ယုံကြည် ပါဦးခင်ဗျာ

* In Search of Truth * said...

သို့ မ xing
ဟုတ်ပါတယ်ခင်ဗျာ။ လုံးဝ မှန်ပါတယ်။ နအဖ အပြစ်တွေချည်းပါပဲ။ နအဖ ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်ပေးလို့ မအောင်မြင်တဲ့ သုံးသပ်ချက်လည်း လက်ခံပါတယ်။ နအဖ အနေနဲ့ လူထုဆန့်ကျင်ရေး အောင်မြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးရပါမယ်။ တော်တော် ညံ့တဲ့ နအဖပဲဗျာ။ ဒီမိုကရေစီသမားတွေ လောက်တောင် ဦးနောက်မပြေးဘူးနော်။

** ဦးသန်းရွှေ အနေနဲ့ လူထုအုံကြွမှုအောင်မြင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ လုံးဝ လွှတ်ပေးသင့်ပါတယ်။ **

Unknown said...

to in search of truth

I am sure another hugh movement is on its way.
no problems in Burma has been sorted out. We want to see the transformation government rather than transaction government. We want vision and people rather command and process.
The present regime can win battle but not winnin in economics, health, education, social etc if they are not changing thire management style.
eg Than Shwe ordered to plant "Ketsu" without consulting to experts, without doing research, without marketing search, without any paln. All resources has been wasted. He is a fool. He is pure dictator. Country will be destroyed soon if they do not change management system. If you are happy to live that condition, it is up to you. Majority of Burmese people are passive in charactor and they normally end with aggresiveness that is another movement.

* In Search of Truth * said...

သို့ အစ်ကို ဥတ္တရ
အစ်ကိုက လူထုအုံကြွမှု ဖြစ်လာမှာကို ထိုင်စောင့်နေတဲ့ သဘောပါ။ ဖြစ်လာဖို့ဆိုတာကလည်း အသေအခြာ ပြောလို့ မရပါ။ တကယ်လို့ ဖြစ်လာရင်လည်း အောင်မြင်မှာ မဟုတ်ပါ။ (လုံးဝကို အောင်မြင်မှာ မဟုတ်ပါ) ကျဆုံးဦးမှာပါ။ အားနည်းချက်တွေကို ရှာဖွေ မပြုပြင်နိုင်သမျှ အောင်မြင်ဖို့ လမ်းမမြင်ပါ ခင်ဗျာ

Unknown said...

to in search of truth
there are definite plans to go ahead. there are alots of communication going on now .

Unknown said...

to in search of truth

Napoleon said" There are two powers in the world, the sward and the mind. In the long run the sward is always beaten by the mind."Sorry dictatorship has to end soon.

AUNGAMA said...

Dear two rual men,

Both of you were being spur to democracy gruops. That's good. So now we have a lot of different perspectives dialouges.It would be for control devices for democracy groups in conducting our critical Myanmar affairs. Ple make it more. Thanks a lot. "Quality Control" " we should have evaluation and appraisal team in this journey.

Unknown said...

waste of my time. I will never read again your message.

AUNGAMA said...

So how would you contribute on this. Your view ple.