Sunday, November 18, 2007

လိမ်တယ်ဆိုတာ မဆန်းပါ


“An ambassador is a man of virtue sent to lie abroad for his country;
a news-writer is a man without virtue who lies at home for himself”
Henry Wotton


လက်တွေ့ကျကျ ပြောရရင် ဘယ်သတင်းတွေမှားလဲ မှန်လဲဆိုတာ ခွဲခြားဖို့ခက်ခဲပါတယ်။ သတင်းတွေရဲ့ မူရင်းရည်ရွယ်ချက်ဟာ အမှန်တရားအတွက် မဟုတ်ပါ။ မိမိဘက်ပါလာအောင် ဆိုက်ဝါးလုပ်ဖို့ အဓိက မဟုတ်လား? ဒါပေမယ့် ဒီမိုကရေစီသမားတွေဟာ သတင်းတွေ အမှားအမှန်ကို ခွဲခြားနိုင်တယ်ဆိုပြီး အထက်လေနဲ့ ပြောကျပါတယ်ခင်ဗျာ။ ဆီတင်ကားကြိတ်ထားတဲ့ပုံကို နအဖ ကားနဲ့တိုက်ပြီး သတ်ပါတယ်လို့ ပြောတော့လဲ သူတို့တွေပဲ ယုံကျတာပဲ မဟုတ်လား? လူကိုရိုက်လို့ ဦးနောက် မြောင်းထဲ ပြုတ်ကျတယ်ဆိုတာလဲ မစဉ်းစားပဲ ယုံပြီး အစ်ကိုကဒေါင်းညင်သာ သူဘလော့မှာတောင် တဆင့် တင်လိုက်ပါသေးတယ်ခင်ဗျာ။ ထိုင်းမှာ ဖြစ်ခဲ့တဲ့ ဘုန်းကြီးအလောင်းလဲ သူတို့ ဒီမိုကရေစီ ၀က်ဆိုက်တွေနဲ့ ဘလော့တချို့မှာ တွေ့လိုက်ပြန်ပါတယ်။ ဒီမိုကရေစီသမားတွေဟာ သူတို့နဲ့ဝါဒတူတွေ ပြောတဲ့စကားတွေဆိုရင် ဘာမဆိုလက်ခံပါတယ်။ လိမ်လို့လွယ်တယ်ပေါ့ဗျာ။ သူတို့ကို အရူးလုပ်ချင်ရင်လွယ်ပါတယ်။ ဖော်မြူလာကတော့ ဒီမိုကရေစီသမားလို့ ထင်အောင် နအဖကို အတင်းထိုင်တုတ်ပြလိုက်ပါ၊ ဒီမိုကရေစီ ၀ါဒနဲ့ ဒီမိုကရေစီသမားတွေကို ချီးကျူးလိုက်ပါ။ (တကယ်မှန်ဖို့ မလိုပါ၊ များများချီးကျူးလိုက်ပါ။ ချီးကျူးနိုင်လေ ကောင်းလေပါ) ပြီးရင် စိတ်ကြိုက်လိမ်လို့ရပါပြီ။ အလိမ်ပေါ်ခဲ့ရင်လည်း ပြဿနာမရှိပါ။ သူတို့ဟာ မိမိဘက်တော်သားဆိုပြီး အကာအကွယ်ပေးပါမယ်။ အမှန်ဖော်ထုတ်သူကိုပဲ ရန်ထောင်ကျမှာပါ။


ဘယ်သူမှန်တယ်ပြောမလဲ?

ဆန္ဒပြပွဲမှာ လူ ၁၅ ယောက် သေခဲ့တယ်လို့ နအဖ ပြောပါတယ်။ ဒီမိုကရေစီဘက်ကတော့ အယောက် ၁၀၀ ကျော်သေတယ်လို့ပြောပါတယ်။ ဘယ်သူပြောတာ မှန်တယ်ထင်ပါလဲ? ရန်ကုန်မှာ ပစ်ခတ်ခဲ့တဲ့ လူစုခွဲတာတွေ အားလုံးနီးပါးဗီဒီယိုမှာ မြင်တွေ့ရပါတယ်။ အဲဒီထဲမှာ တစ်ယောက်စ နှစ်ယောက်စပဲ ထိကျပါတယ်။ ပြီးတော့ ထိတိုင်းသေတာ မဟုတ်ပါဘူး။ ထိတဲ့နေရာပေါ်မှာလဲ မူတည်နိုင်ပါတယ်။ လူသေ ကိန်းဂဏန်းဘယ်လိုယူနိုင်လဲဆိုတာ သိအောင် အခြအနေတွေကို ကြည့်ကျရအောင်ပါ။

အခြေအနေ(၁) ဆန္ဒပြပွဲမှာ လူတစ်ယောက် ကျည်ဆံထိသွားပြီ လမ်းပေါ်မှာ သေသွားပါတယ်။

အခြအနေ (၂) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပြီး ဆေးရုံကို သယ်သွားပါတယ်။ အဲဒီမှာသေသွားပါတယ်။
အခြေအနေ(၃) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပြီး ဆေးခန်းကိုသယ်သွားပါတယ်။ အဲဒီဆေးခန်းမှာ သေသွားပါတယ်။

အခြေအနေ(၄) ဆန္ဒပြပွဲမှာ ခေါင်းကိုအရိုက်ခံရပါတယ်။ ဆေးရုံကို သယ်သွားပါတယ်။ အဲဒီမှာ သွေးထွက်လွန်ပြီး သေသွားပါတယ်။
အခြေအနေ(၅) ဆန္ဒပြပွဲမှာ ခေါင်းကိုအရိုက်ခံရပါတယ်။ ဆေးခန်းကို သယ်သွားပါတယ်။ အဲဒီမှာ သွေးထွက်လွန်ပြီး သေသွားပါတယ်။

အခြေအနေ(၆) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပါတယ်။ ဆေးရုံသွား ပါတယ်။ ကံကောင်းလို့ အသက်ရှင်ခဲ့ပါတယ်။
အခြေအနေ(၇) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပါတယ်။ ဆေးခန်းကိုသွားပါတယ်။ ကံကောင်းလို့ အသက်ရှင်ခဲ့ပါတယ်။

ပထမဆုံး နအဖနေရာကနေ ကြည့်ရအောင်ပါ။ အဲဒီအပေါ်က အခြေအနေ (၁) (၂) ကြောင့်သေသွားရင် နအဖအနေနဲ့ စာရင်းအတိအကျ ယူလို့ရပါတယ်။ ဒါပေမယ့် အခြေအနေ (၄) ကြောင့်သေသွားရင် နအဖ အနေနဲ့ သိဖို့ မလွယ်နိုင်ပါဘူး။ ဆေးရုံရောက်ရင် ဆရာဝန်တွေကို ဆန္ဒပြပွဲက ရလာတဲ့ ဒါဏ်ရာလို့ အမှန်အတိုင်း ထုတ်ပြောမှာ မဟုတ်ပါ။ အဲဒါကြောင့် ဆေးရုံစာရင်းတွေမှာ ပြသတဲ့ လူသေတဲ့ စာရင်းနဲ့ လမ်းပေါ်က အလောင်းတွေကိုပဲ ကြည့်နိုင်တာမို့ သူစာရင်းဟာ ဘယ်လိုနည်းနဲ့မှ အတိအကျမဖြစ်နိုင်ပါ။ လျော့နေမှာ သေခြာပါတယ်။ ထို့အတူပဲ အခြအနေ (၃) နဲ့ (၅) တွေမှာ သေသွားတဲ့ အလောင်း ဘယ်လိုဖြစ်လဲ ကျနော်တို့ စဉ်းစားလို့မရပါ။ ထိခိုက် ဒဏ်ရာရတဲ့သူကို သယ်သွားတဲ့လူတွေဟာ သူငယ်ချင်းလဲ မဟုတ်ကျဘူးလို့ ယူဆပါတယ်။ ဆေးခန်းမှာ သေသွားတဲ့ သူစိမ်း အလောင်းကိုသူတို့ ဘယ်လိုလုပ်မလဲဆိုတာ စာဖတ်သူတွေပဲ စဉ်းစားကြည့်ကျပါ။ နအဖ အသေအပျောက်စာရင်းထဲမှာ ၀င်သွားမယ်လို့ မထင်ပါ။

သတင်းဌာနတွေနေရာကနေ ကြည့်ရအောင်ပါ။ သတင်းဌာနတွေဟာ မြေအောက်ကနေ လုပ်နေရတာမို့ တမြို့လုံး တက်တက်ကြွကြွ စုံစမ်းလို့ မဖြစ်နိုင်ပါ။ ဆေးရုံကလူကို ပိုက်ဆံပေးပြီး အတွင်းလူအဖြစ် စုံစမ်းခိုင်းရင်လဲ သိတဲ့အတိုင်း နအဖလိုပဲ သတင်းမျိုးရမှာပါ။ တွေ့တဲ့ ထိခိုက်ဒဏ်ရာရ စာရင်းကို နအဖ လက်ချက်လို့ထင်ပြီး စာရင်းပေးရင်လဲ မဟုတ်သေးပါဘူး။ အခြေအနေ (၆) နဲ့ (၇) မှာလို အသက်ရှင်သွားတဲ့ သူတွေ ရှိတယ်ဆိုတာလဲ ရှိနေတော့ စာရင်းအတိအကျ သိဖို့ မလွယ်ပါ။

ဒီတော့ ဘယ်သူမှန်တယ်ထင်လဲ? မိမိဖာသာ စဉ်းစားဆုံးဖြတ်ပါ။ သတင်းဌာနတွေပြောတိုင်း မျက်စိမှိတ်မယုံပါနဲ့ခင်ဗျာ။


ဘုန်းကြီးအလောင်း

အမေရိကန် အစိုးရ လုပ်ရပ်ပေါ်မှာမူတည်ပြီး အမေရိကန် လူမျိုးတွေအာလုံး ဂုဏ်ယူစရာ အရှက်ရစရာတွေ ဖြစ်ကျပါတယ်။ အမေရိကန် မှာနေတဲ့ တရုပ်၊ ကုလား၊ တစ်ယောက် မကျန်ပါ။ အဲဒီပေါ်မှာ တခြားနိုင်ငံသားတွေက အထင်သေး၊ အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကျပါတယ်။ ဒီလိုပါပဲ မြန်မာနိုင်ငံလူမျိုးအားလုံး အဓိက အရှက်ရစေတဲ့ဖြစ်ရပ်ကတော့ ကိုယ်လုံးတီးဖြစ်နေတဲ့ ဘုန်းကြီးအလောင်းကိစ္စပါ။ နအဖဟာ မြန်မာလူမျိုးပါ။ မြန်မာလူမျိုးအချင်းချင်း ဘာသာရေးခေါင်းဆောင်ကို သတ်ဖြတ်တယ်ဆိုတာ တကယ်သိက္ခာကျပါတယ်။ ဒါပေမယ့် ဒီမိုကရေစီသမားတွေကတော့ အဲလိုမြင်ဟန်မပေါ်ပါဘူး။ လူတကာကိုတောင် အဲဒီ ဗီဒီယိုလိုက်ပြပြီး ကြွားလုံးတောင် ထုတ်လိုက်သေးတယ် ထင်ပါတယ်။ သူတို့ကို နိုင်ငံခြားကလူတွေက "သြော် . . . . မင်းတို့ဟာ သနားစရာကောင်းတဲ့ သတ္တ၀ါလေးတွေပဲ" ဆိုတဲ့ အကြည့်ကို သာယာနေတဲ့ ပုံရှိပါတယ်။ နားလည်အောင်ပြောရရင် မိန်းခလေးတွေ ယောကျားလေးတွေရဲ့ သနားတဲ့အကြည့်ကို သာယာတဲ့သဘောမျိုးပါခင်ဗျာ။

ကျနော်တို့ နှစ်ယောက်ကတော့ အဲဒီဘုန်းကြီးအလောင်းကို ဗီဒီယိုအတုလို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့

(၁) ဗီဒီယိုရိုက်ချိန် တိုတောင်းခြင်း
ဘုန်းကြီး အလောင်းဗီဒီယို ရိုက်ချိန်ဟာ ၇ စက္ကန့်ပဲရှိပါတယ်။ ဘုန်းကြီးတွေ ဒို့အရေးလုပ်ချိန်မှာ ဒီအလောင်းကိစ္စဟာ သတင်းလောက အတွက် အရမ်းကို အရေးကြီးပါတယ်။ အထူးသတင်းဆိုတာလဲ လူတိုင်းသိပါတယ်။ ၇ စက္ကန့်နဲ့ ရိုက်ထားခြင်းဟာ သတင်းလုပ်လို့ မရဘူးဆိုတာလူတိုင်း သိပါတယ်။ ကိုထိုက်ဘလော့ရဲ့ ပြောကြားချက်အရ နှစ်ရက်တိတိ အလောင်းဟာ ရေထဲမှာ ရှိနေပါတယ်။ လိုအပ်ရင် နောက်ထပ် သွားရိုက်လို့ရပါတယ်။ ဒါပေမယ့် အခုဟာ သတင်းဗီဒီယိုမှာ ဘုန်းကြီးအလောင်းကို ပြတာ အရမ်းကိုတိုလွါန်းပါတယ်။ ဘာကြောင့်လဲ?

(၂) သစ်တုံးလေး
အဓိက မသင်္ကာစရာအကောင်းဆုံးအချက်ကတော့ အခုရိုက်ထားတာ ဘုန်းကြီးအလောင်းပါ။ ရေထဲမှာပေါ်နေတဲ့ သစ်တုံးလေးကို ရိုက်ထားတာ မဟုတ်ပါဘူး။ သစ်တုံးဆိုရင်တော့ ဘယ်သူမှ လာကြည့်မှာ မဟုတ်ပါဘူး။ အခုဟာ လူထုအုံကြွမှုကြီးမှာ အဓိကလုပ်ခဲ့တဲ့ ဘုန်းကြီးရဲ့အလောင်းပါ။ တကယ်ဆိုရင် ငိုယိုနေတာတွေ၊ ဒေါသထွက်တာနေတဲ့ သူတွေနဲ့ ကမ်းလုံးကျွတ်စည်ကားရမှာပါ။ အခုတော့ လှေလေးတစ်စီးတောင် အနားမှာ မရှိဘူးဗျ။ ဘာကြောင့်လဲ? ဘုန်းကြီးအလောင်းမပြောနဲ့ ရိုးရိုး ကားတိုက်ရင်တောင် လူတွေက စိတ်ဝင်တစားလာကြည့်ကျပါတယ်။ ဒီအတွက်အဖြေရှိပါလား?

(၃) ဘေးပတ်ဝန်းကျင်
နောက်တစ်ခုကလဲ ဗီဒီယိုမှာ ဘုန်းကြီးအလောင်းလေးပဲ ကွက်ပြီးရိုက်ထားပါတယ်။ လူတွေ မသိလို့ ဒါမှ မဟုတ်၊ လာမကြည့်ရဲလို့ မရှိဘူးလို့ထားပါ။ အခုဟာ ချောင်းထဲမှာ လား၊ ကန်ထဲမှာလား မြစ်ထဲလားတောင် မသိရပါဘူး။ ဘာကြောင့် ပတ်ဝန်းကျင်လေးပါ ပူးတွဲပြီမရိုက်ပြလဲ? သတင်းတိုင်းမှာ ပတ်ဝင်းကျင်ပါ ရိုက်ပြတဲ့ ထုံးဆန်ရှိပါတယ် သတိထားမိရဲ့လား?

(၄) ဓါတ်ပုံမရှိခြင်း
ဒီဘက်နိုင်ငံတွေမှာဆိုရင် ရုပ်ပျက်ဆင်းပျက်သေနေတာကို ရိုက်ပြတဲ့အလေ့အထ မရှိပါဘူး။ ရှိရင်လည်း ဆင်ဆာနဲ့ တင်ပြပါတယ်။ ဒီမိုကရေစီသမားတွေကတော့ ရုပ်ပျက်လေ ပိုကြိုက်လေပါ။ ပိုကြောက်လေ ပိုနှစ်သက်လေပါ။ ထူးဆန်းတာ အခုဘုန်းကြီးအလောင်းကိစ္စမျာ ကင်မရာနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံမှ မတွေ့မိပါ။ ကိုထိုက်ဆီမှာတင်ထားတာလည်း လေ့လာကြည့်တော့ interlaced လုပ်ထားတာ တွေ့လိုက်ပါတယ်။ အဲဒါဟာ ဗီဒီယိုထဲက ပုံကို ယူထားတဲ့ သဘောပါ။ ဘာကြောင့် ကင်မရာနဲ့ ရိုက်ထားတာ မရှိလဲ?

(၅) ဒဏ်ရာတွေ အနီးကပ်ရိုက်မထားခြင်း
အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိတယ်လို့ ပြောသံကြားပါတယ်။ ဒီကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ အရင်တုံးကဆိုရင် လူသေအလောင်း တစ်ခုကို ရဲလက်ချက်ကြောင့်သေသွားပါတယ်ဆိုပြီး ဒဏ်ရာတွေကို DVB ရိုက်ထားတဲ့ ပုံမြင်ဖူးပါတယ်။ အဲဒါ တီးရှော့မှာ တင်ထားတာပါ။ အခုဘုန်းကြီးကိစ္စမှာ ကျောကုံန်းပေါ်က အညိုအစင်းတွေပဲ မြင်ရပါတယ်။ ဒဏ်ရာလား ဒါမှမဟုတ် တစ်ခုခု စွန်းထင်းနေလားဆိုတာ မသိပါ။ ဘာကြောင့် သေခြာရိုက်မပြလဲခင်ဗျာ?

(၆) စစ်တပ်က ဘာကြောင့်လဲ?
တယ်လီဖုံးအင်တာဗျူးနဲ့ သတင်းတွေထဲမှာတာ့ မသေမရှင်တွေတောင် မီးသဂြိုလ်ပြစ်တယ်တဲ့။ မသေမရှင်တွေပဲ မီးသဂြိုလ်တယ်ထင်တယ်ဗျ။ သေတဲ့လူကိုတော့ မီးမသဂြိုလ်တော့ဘူးလားဗျာ? တော်တော်ထူးဆန်းတယ်။ ဒီမှာလဲ သတင်းတွေ ရှေ့နောက်မညီတာပြောချင်ပါတယ်။ သေသွားတဲ့ အလောင်းကို မိသားစုတွေ အကြောင်းကြားတာတွေလဲ ရှိတယ်လို့ တခြားနေရာမှာရေးထားပါတယ်။
နောက်တစ်ခုကတော့ အလောင်းတွေ မြစ်ထဲ မျောချတယ်တဲ့။ သတင်းတွေထဲမှာ တော့ နအဖဟာ အရမ်းကို သတ်ဖြတ်တာများပါတယ်။ ကျနော်သိတာ တကယ်သတ်ဖြတ်တဲ့ အစိုးရတွေမှာ လူတွေအစုလိုက် အပြုံလိုက် မြုတ်ဖို့လုပ်တဲ့နေရာ တွေရှိပါတယ်။ မသေမရှင်ကို မီးသဂြိုလ်တဲ့ အစိုးရ ဘာကြောင့် ဘုန်းကြီးအလောင်းကို လူတွေ မြင်နိုင်တဲ့ ချောင်း၊ မြစ်တွေထဲကို သွားချမှာလဲ? ဖြေပေးပါဦးခင်ဗျာ

(၇) ကိုထိုက်ရဲ့ သတင်းအရ
ကိုထိုက်သတင်းလေးကို ပြန်ကူးချပြလိုက်ပါတယ်

“အထက်ပါ ပုံတွင် ပါရှိသော ဘုန်းကြီး အလောင်းနဲ့ ပက်သက်လို့ နောက်ဆုံးရသတင်းတွင်
အဆိုပါ အလောင်းကို ရေထဲမှာပဲ လူဝတ်အစားပြောင်းဝတ်၊ ဆံပင်တုစွတ် ဓာတ်ပုံရိုက်ပြီး ဆယ်သွားတယ်လို့ သိရပါသည်။နေရာ က ပုဇွန်တောင်ချောင်းစပ်၊ ပုဇွန်တောင်မြို.နယ်၊ စက်ဆန်း၊အမှတ် ( ၀၁)ဆန်စက် နား က ချောင်းထဲမှာ။ ဆန်စက် တံတားက ဆယ်သွားတာမှ ၂၈စက်တင်ဘာ ၂၀၀၇၊ နေ့ ခင်း ၁ နာရီလောက်တွင် ဆယ်ယူ သွားကြသည်။”
သတင်းဗီဒီယိုတင်ထားတာ ၂၆ရက်နေ့ကပါ။ သူပြောပုံအရ အလောင်းဟာ နှစ်ရက်တောင် ချောင်းထဲမှာရှိနေပါတယ်။ ဘာကြောင့် အနီးအနားရပ်ကွက်ထဲမှာ ရှိတဲ့ နအဖ အလိုတော်ရိ ကြံဖွတ်တွေနဲ့ ရ၀တလူကြီးတွေ ချက်ချင်း မဆယ်ပဲ ပြစ်ထားလဲ? အဲလို ဘုန်းကြီးအလောင်းကို ဖျောက်ဖျက်ပြစ်ချင်တယ်ဆိုတာ ကျနော်တို့ကို သိထားတယ်မဟုတ်လား?

(၈) ဘလော့သမားတွေရဲ့ ဓါတ်ပုံ
ကိုထိုက်က နေရာအတိအကျ ပြောထားပါတယ်။ ဆံပင်အတုတောင် တပ်ပြီးမှ ဆယ်သွားတယ်ဆိုပဲဗျ။ အဲဒီဘုန်းကြီးအလောင်းဟာ ပုဇွန်တောင်ချောင်းထဲမှာဆိုတော့ အဲဒီချောင်းဟာ ရန်ကုန်မြို့ထဲမှာလို့ ကျနော်တို့ သိရှိထားပါတယ်။ (မှားရင်ပြင်ပေးပါ) ရန်ကုန်ထဲမှာ ကင်မရာတွေ မှိုလိုပေါနေတာပါ။ ဘာကြောင့် နောက်ထပ် ဘလော့ကာတွေနဲ့ ဒီမိုကရေစီသမားတွေရဲ့ ဓါတ်ပုံတွေ မထွက်လာလဲခင်ဗျာ? အလောင်းကို စိတ်ချောက်ခြားပြီး အနီးကပ် မရိုက်ရဲရင်တောင် အဝေးကနေ ရိုက်မယ်ဆိုတာ ပြောနိုင်ပါတယ်။ မထူးဆန်းဘူးလား?

အထက်ပါ မေးခွန်းတွေကို ဖြေကြည့်တဲ့အခါမှာတော့ အဲဒီဘုန်းကြီးအလောင်းဟာ တခြားတနေရာမှာ မူခင်းဖြစ်ခဲ့တဲ့ ဗီဒီယို (သို့) အကြောင်းတစ်ခုခုကြောင့် ရိုက်ထားတဲ့ ဗီဒီယို အခွေတစ်ခုကနေ လိုတဲ့အပိုင်းလေး တည်းဖြတ်ပြီး လုပ်ပြထားတယ်လို့ယူဆမိပါတယ်။ DVB ဟာ သူလိမ်တိုင်း ရတယ်ဆိုတာ သိထားတော့ လူတွေကို အရူးလုပ်တယ်လို့လဲ ထင်ပါတယ်။ ကျနော်တို့ အချိန်ကုန်ခံပြီး DVB သတင်းကို နေ့တိုင်းနားထောင်တာ မဟုတ်ပါ။ ဒီတော့ မှားယွင်းတာတွေ ရှိနိုင်ပါတယ်။ အမှန်ကို သိတယ်ဆိုတာ မင်္ဂလာတပါးပါ။ မှားတာရှိရင် Comment ကနေ ပြင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ နိုင်ငံနဲ့လူမျိုးဂုဏ်ကို ချပြီး လုပ်စားတာတွေ ရပ်ဖို့ အချိန်တန်ပါပြီ။

ကျန်းမာကျပါစေ
တောသားနှစ်ယောက်


ကိုးကားချက်။ ။
ဘုန်းကြီးအလောင်းဗီဒီယို
http://www.youtube.com/watch?v=2_wVOdemFgg

ကိုထိုက်ဘလော့
http://ko-htike.blogspot.com/


(မှတ်ချက် ။ ။ ဒီမိုကရေစီသမားတွေကို ချီးကျူးတဲ့ အသံကြားချင်ရင် BBC, DVB နားထောင်ပါ။ ဒီမိုကရေစီသမားတွေကို မြှောက်ပင့်ပြောတာတွေ ဖတ်ချင်ရင် ဒီမိုကရေစီ ဘလော့တွေကို သွားဖတ်ပါ။ လက်တွေ့ကျကျ တွေးခေါ်ချင်ရင် ဒီကိုလာပါ)

34 comments:

Unknown said...

i agree with your post 80% :). can i link you at my blog? but let me suggest you one thing. If you don't like it, you can block me or delete my comment. You'd better open your cbox, to show your real altitude and prove your posts by using some strong news. Btw god will be bless Myanmar and you by having optimism... :) thanks

စိုးထက် - Soe Htet ! said...

many thanks bros, for your critical views on realistic things. Cheers ! Keep it up. whatsoever it is we need to view and act on events after reviewing from many aspects.

Unknown said...

FYI, Pazundaung River is far away from where people live. Also stated that its near Satsan rice factory which is clearly make sense that nobody can see it cos no one live there and too far way from people house. I know cos I lived there b4. I didnt covering anyone. Tell you truth I don't believe in both side. If you also stand by yourself next time try to write good thing and bad thin to both side and compare it. which will be nice to read.

keep it up....

Voyager said...

“An ambassador is a man of virtue sent to lie abroad for his country;
a news-writer is a man without virtue who lies at home for himself”

Zaw Myo is a man without virtue who lies online for nobody!!!".
Henry Wotton Sr. :-)

Unknown said...

You are hiding the elephant's corpse with goat's hide.

It is not people's fault that they never believe na ah pha because na ah pha always lies.

People believes all what foreign media says because there is no freedom of press within the country.

Recarding this even Na Ah Pha admitted they got a corpse with robe. But they denied it is a fake. Only god will know the truth.

Unknown said...

Quote

မသေမရှင်ကို မီးသဂြိုလ်တဲ့ အစိုးရ ဘာကြောင့် ဘုန်းကြီးအလောင်းကို လူတွေ မြင်နိုင်တဲ့ ချောင်း၊ မြစ်တွေထဲကို သွားချမှာလဲ? ဖြေပေးပါဦးခင်ဗျာ
At last, you admit your Na Aha Pha cremated the injured opponents who were still alive.

Anonymous said...

ကိုဇော်မျိုး…ကျွန်တော်သိချင်တာက teashop link ကိုသိချင်လို့ပါ။
ကျေးဇူးပြုပြီးပြောပြပါလား။
ကိုဇော်မျိုးနှင့်ကိုမောင်ဆန် တို့ရဲ့ဆောင်းပါးတွေကို ဆက်လက်အားပေးနေပါတယ်။

Unknown said...

Hey,

What is your status in US. If you are asylum, abandon it and straigh go back to Burm. They will warmly welocme you if you show your creative ( this blog ). Your psychological attacking to democracy ( your word )is much higher intelligent than the usual article from Myanmar newspaper. You are deserved for their near future ( hee hee hee ) disciplined democracy country as you are very brilliant and good analytical skill.

Anyway, thanks for some critics. Yes, we must do every practical things than talking too much. You too: talking too much in your blog but ther is no suggestion how we step forward to step down Na Ah Fa ( you claim in your article that you want Na Ah Fa to step down and you personally want the country to be prosperious )

I am looking forward to read your next article re strategy/suggestion to step down Na Ah Fa and how we carry out our country to be prosperious.

Good Luck

Unknown said...

To Ko Zaw Myo,

I am so eager to read your view how to set up prosperous Myanmar under same regime or different regime or whatsover. If your view is practical, should send to S'pore government. They want to see prosperous myanmar under the same regime.

Unknown said...

မပြောချင်လဲပြောရပြန်ပြီ။ နအဖ က အလောင်းတွေ့  တာမှန်ကြောင်းပြောပြီးပြီ ။အခုမှဘာအူကြောင်ကြားလာ
လုပ်နေတာလဲ။ နအဖ သတင်းစာလေးဘာလေးလဲလေ့လာပါအုန်း။

"ဆူပူမှုဖြစ်စဉ်တစ်ခုလုံးတွင် ရဟန်းတော်မဵား ထိခိုက်ပဵံလွန်တော်မှုများရှိသည်ဟု ပြည်ပမီဒီယာမဵားနှင့်ဆူပူသောင်းကဵန်းသူအဖွဲ့ များက
လုပ်ကြံထုတ်လွှင့်ပြောဆိုမှု များရှိခဲ့ပၝသည်ဘုရား။ အမှန်တကယ်အားဖြင့်မူ
ိုံနိုင်ငံရေးပၝတီဆိုင်ရာ ဆေးမင်ကြောင်မဵားထိုးထား္ဘပီးလည်ပင်းတွင်
သင်္ကန်းပတ်ထားသည့်ပဇွန်တောင်ခေဵာင်း
အတွင်းတွေ့ ရသောအလောင်းတစ်လောင်းသာလျှင်ဖြစ်ပၝသည် ဘုရား။ ထိုအလောင်းမှာသင်္ကန်းပတ်ထားသည့် အတုလုပ်ထားသော အလောင်း တစ်လောင်းသာဖြစ်ကြောင်းစစ်ဆေးပေၞပေၝက်ပၝသည်
်ဘုရား။ "(ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဂိုဏ်းပေၝင်းစုံ) ဆရာတော်ကြီးမဵားထံမှသြဝၝဒခံယူပွဲတွင်ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနညွှန်ကြားရေးမှုးဦးလှစိုး
သာသနာရေးဆိုင်ရာလျှောက်ထားချက်မှ)

အသက်ရှင်ရက်ရှိတဲ့ ရဟန်းတွေတောင်မှ အတု ပြောတဲ့ဟာ ပြန်လွန်တော်မူတဲ့ဘုန်းကြီးအတုပြောတာမဆန်းပါ။

အလောင်းအကြောင်းသေချာသိချင်ရင် ပြန်တော်မူတာတောင်ရဟန်းအတုအစစ်ခွဲနိုင်တဲ့ ဦးလှစိုးကိုမေးကြည်ပါ တတ်ယောင်ကန်းကြီးခင်ဗျား။
သို့ မဟုတ် လွတ်လပ်စွာသတင်းယူခွင့် ပေးဖို့  နအဖ ကို
တိုက်တွန်းပေးပါ။

Unknown said...

To Ottara,

I can'r read your comment. what language and font do you use

Unknown said...

မပြောချင်လဲပြောရပြန်ပြီ။ နအဖ က အလောင်းတွေ့  တာမှန်ကြောင်းပြောပြီးပြီ ။အခုမှဘာအူကြောင်ကြားလာ
လုပ်နေတာလဲ။ နအဖ သတင်းစာလေးဘာလေးလဲလေ့လာပါအုန်း။

"ဆူပူမှုဖြစ်စဉ်တစ်ခုလုံးတွင် ရဟန်းတော်များ ထိခိုက်ပျံလွန်တော်မှုများရှိသည်ဟု ပြည်ပမီဒီယာမါားနှင့်ဆူပူသောင်းကဵန်းသူအဖွဲ့ များက
လုပ်ကြံထုတ်လွှင့်ပြောဆိုမှု များရှိခဲ့ပ်ါသည်ဘုရား။ အမှန်တကယ်အားဖြင့်မူု
ိုံနိုင်ငံရေးပါတီဆိုင်ရာ ဆေးမင်ကြောင်များထိုးထားပြီးလည်ပင်းတွင်
သင်္ကန်းပတ်ထားသည့်ပဇွန်တောင်ချောင်း
အတွင်းတွေ့ ရသောအလောင်းတစ်လောင်းသာလျှင်ဖြစ်ပါသည် ဘုရား။ ထိုအလောင်းမှာသင်္ကန်းပတ်ထားသည့် အတုလုပ်ထားသော အလောင်း တစ်လောင်းသာဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ပါသည်
်ဘုရား။ "(ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဂိုဏ်းပေါ်င်းစုံ) ဆရာတော်ကြီးမားထံမှသြဝါဒခံယူပွဲတွင်ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနညွှန်ကြားရေးမှုးဦးလှစိုး
သာသနာရေးဆိုင်ရာလျှောက်ထားချက်မှ)

အသက်ရှင်ရက်ရှိတဲ့ ရဟန်းတွေတောင်မှ အတု ပြောတဲ့ဟာ ပြန်လွန်တော်မူတဲ့ဘုန်းကြီးအတုပြောတာမဆန်းပါ။

အလောင်းအကြောင်းသေချာသိချင်ရင် ပြန်တော်မူတာတောင်ရဟန်းအတုအစစ်ခွဲနိုင်တဲ့ ဦးလှစိုးကိုမေးကြည်ပါ တတ်ယောင်ကန်းကြီးခင်ဗျား။
သို့ မဟုတ် လွတ်လပ်စွာသတင်းယူခွင့် ပေးဖို့  နအဖ ကို
တိုက်တွန်းပေးပါ။

Unknown said...

You've said junta only counts the dead bodies on the road for the casualty report during the protest period, don't you?

I don't want to argue with you about the death count.

But, explain to me my only one question. Is there any internationally proven rules that authorize the government license to kill anybody as they like? Don't they even aware those are also human beings?

Unknown said...

Dear Ko Zaw Myo,

Regarding yesterday protest photos from Singapore,will you say it is fake.

Find out the way to say it is fake photo and fake protest.

Ok.

Everybody are eating rice.

Everybody who are eating rice can see clearly what is wrong and what is right.

AUNGAMA said...

Dear rural men,

Please don't judge anythings in absoulte terms so far. I am believing that both of you are conducting for the interest of Myanmar people. Make it comparable and pay ways how to get around objectively and constructly.

* In Search of Truth * said...

သို့ ကိုအောင်
ကျနော်တို့အနေနဲ့ တင်ပြခဲ့တဲ့ အချက် (၈) ချက်ဟာ မရိုးသားမှုတွေရှိတယ်ဆိုတာ သေချာပါတယ်ခင်ဗျာ။ အစ်ကိုအနေနဲ့ ကျနော်တို့ တင်ပြခဲ့တဲ့အချက်အလက်တွေထဲက မှားယွင်းတာရှိရင်ထောက်ပြပေးပါခင်ဗျာ။ DVB သတင်းမှားတွေ ထုတ်တာ ဘယ်လိုအကျိုးထူးတယ်ထင်ပါလဲ? သေချာစဉ်းစားကြည့်ပါခင်ဗျာ။ တိုင်းပြည်သိက္ခာကျတာကို နောက်မှာထားပါ။ ဒီမိုကရေစီတိုက်ပွဲကျဆုံးစေတဲ့ အကြောင်းထဲမှာ အခုလို အကြောက်တရားပိုကြီးအောင်လုပ်တာ အချက်တစ်ချက်ဆိုတာ သတိထားပါခင်ဗျာ။

* In Search of Truth * said...

ကို မေတ္တာ
စင်ကာပူ ကိစ္စနဲ့ အခုဘုန်းကြီးအလောင်းကိစ္စလားလားမှ မဆိုင်ပါခင်ဗျာ။ ဘုန်းကြီးအလောင်းကိစ္စမှာတော့ DVB မရိုးသားဘူးဆိုတာ လက်ခံပါ။ ကိုယ့်ကို အရူးလုပ်တဲ့ သူကို ကာကွယ်တာ မကောင်းပါခင်ဗျာ

* In Search of Truth * said...

ကို ရွှေ၊
ကျနော် နအဖ လူတွေ ပစ်တာနဲ့ ပတ်သက်ပြီး ဆန့်ကျင်ခဲ့ပါတယ်။ အဓိက ဒီဆောင်းပါးမှာ ဆွေးနွေးထားတာ နအဖ ကောင်းလားမကောင်းလားမဟုတ်ပဲ လူအသေအပြောက်နဲ့ တိုင်းပြည် သိက္ခာကျအောင်လုပ်တဲ့ သတင်းတုလုပ်တဲ့ အကြောင်းတွေကို ဆွေးနွေးထားတာဖြစ်ပါတယ်

* In Search of Truth * said...

ကို ဥတ္တရ၊
အစ်ကိုပြောကြားချက်အရ ဆိုရင် နအဖက ပိုပြီးမှန်ဖို့တောင် နီးစပ်နေပါတယ်။ DVB မရိုးသားတာတော့ သေချာပါတယ်။ တကယ်ဘုန်းကြီးအလောင်းဆိုရင် နောက်ထပ် ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ထွက်လာရမှာပါ။ အခုဟာ ၇ စက္ကန့်ပဲရှိတဲ့ ဗီဒီယိုလေး တစ်ခုပဲရှိနေတယ်။ မထူးဆန်းဘူးလား? အဲဒီဗီဒီယိုထဲမှာလဲ မြစ်ဆိုရင် မြစ်မှန်းသိအောင်၊ ချောင်းဆိုရင် ချောင်းမှန်းသိအောင်၊ ကန်ဆိုရင်လဲ ကန်မှန်းသိအောင် မရိုက်ထားပါဘူး။ ဘာကြောင့်လဲ? အစ်ကိုကြည့်ရတာ အရူးလုပ်တဲ့ DVB ကိုစိတ်ဆိုးပဲ ကျနော်တို့ကို ဘာကြောင့် စိတ်ဆိုးနေပါလဲ ခင်ဗျာ?

Unknown said...

ကင်မရာတွေဒီလောက်စစ်ပြီး လူတိုင်းကိုဖမ်းနေတာ
ဘယ်သူကဓါတ်ပုံရိုက်မလဲ။ သူတို့ ဟာ နိုင်ငံရေးသမားတွေမဟုတ်ပါဘူး။နိုင်ငံတိုးတက်ရေး စနစ်ကောင်းပြောင်းရေး သတင်းမှန် ရောက်ရေးလိုလားသူတွေပါ။ အတိုင်းအတာအခုထိဘဲစွန့် စားကြပါလိမ့်မယ်။

ကျေက်မျက်ပြပွဲ လူနဲတာ tourists အလာနဲတာ ကင်မရာပါသမျှလူ ဖမ်းတာ သတ်တာတွေ့ လို့ ပါ။ internet connectionယ phone connection မရ မကောင်းလို့ ပါ။

ဓါတ်ပုံတွေလာပါလိမ့်အုန်းမယ်။

Unknown said...

အလောင်းဆယ်ပြီးသိတ်မကြာခင် စစ်ဆေးမှုတွေလဲမပြီးနိုင်တဲ့အချိန် ဘုန်းကြီးအလောင်းအတုပြောတာလုံးဝမယုံပါ။
နအဖ အလျှင်စလိုလုပ်တာ မမှန်တာ လိမ်တာ မျက်နှာပြောင်တိုက်တာ ကိုယ်ထုတ်ထားတဲ့ ဥပဒေကိုယ်မလေးစားတာ ဥပမာ ၁/၉၀။ ပြည်သူ့ လွှတ်တော် ဥပဒေပုဒ်မ ၃ ။ အားလုံးအသိပါ။ ပြန် correct လုပ်ဖို့ ခက်ပါလိမ့်မယ်။

* In Search of Truth * said...

သို့ အစ်ကို ဥတ္တရ
ဘာပဲဖြစ်ဖြစ် DVB မရိုးသားဘူးဆိုတာတော့ အစ်ကိုလက်ခံပါ။ အချက် ၈ ချက်တင်ပြချက်မှာ DVB မရိုးသားတဲ့အကြောင်းကို သတိထားနိုင်ပါတယ်။ တနည်းပြောရရင် အစ်ကိုတို့ကို အရူးလုပ်တယ်ပေါ့ဗျာ။ ဓါတ်ပုံတွေကို ဘလော့ကာတွေ စွန့်စားပြီး မရိုက်ရဲဘူးဆိုတဲ့ အစ်ကိုပြောကြားချက်ကို လက်မခံပါဘူး။ ဘုန်းကြီးတွေ ဆန္ဒပြနေတဲ့ပုံတွေ၊ လူတွေ ဆန္ဒပြနေတဲ့ပုံတွေ၊ သေနတ်ကိုင်ထားတဲ့ စစ်သားတွေရဲ့ပုံ၊ စစ်ဗိုလ်တွေရဲ့ပုံ၊ ပစ်ခတ်နေတဲ့ပုံတွေဟာ ဘုန်းကြီးအလောင်းကို ရိုက်ရတာထက် ပိုပြီး အန္တရယ်များပါတယ်။ စဉ်းစားကြည့်ပါခင်ဗျာ။ အရူးလုပ်တဲ့ DVB ကို အကာအကွယ်ပေးတဲ့ အစ်ကိုရဲ့ စိတ်ဓါတ်ကိုတော့ ချီးကျူးမိပါတယ်ခင်ဗျာ။ ၀ါဒမှိုင်းမိနေတယ်ဆိုတာ ဒီလိုမျိုးကို ပြောတာထင်ပါတယ်ခင်ဗျာ

Unknown said...

အကောင်းအဆိုးခွဲခြားနိုင်အောင် training
ရထားတာမို့ မြန်မာအစိုးရက brain wash လုပ်ထားတဲ့ ခင်ဗျားထက်တော့ စဉ်းစားပုံ ပညာအရည်အချင်း အလုပ်တွေ နိုင်ငံရေးနောက်ခံတွေ သာမယ်ထင်ပါတယ်

seinmama said...

အမှန်အမှားကိုခွဲခြားတွေးတော
တက်အောင်ရေးသားထားတဲ့အတွက်
ရသကောင်းတစ်ခုပေးစွမ်းပါတယ်။
နောက်လည်းလာလည်ပါ့မယ်။

seinmama said...

အမှန်အမှားကိုခွဲခြားတွေးတော
တတ်အောင်ရေးသားထားတဲ့အတွက်
ရသကောင်းတစ်ခုပေးစွမ်းပါတယ်။
နောက်လည်းလာလည်ပါ့မယ်။

TharKiNwe said...

ကိုဇော်မျိုး
ကျနော်အခြားblog များတွင်လည်း ယခုဘုန်းကြီးအလောင်းနှင့် ပတ်သတ်ပြီးရှင်းထားပါတယ်
ပုဇွန်တောင် ချောင်းရိုးရဲ့အနေအထား ပတ်ဝန်းကျင်နားတွင်ရှီသော ညောင်တုန်းကျောင်း၊စင်္ကာပူကျောင်း စသည့် ကျောင်းများရဲ့အနေအထားများနှင့် တကွ အချက်အလက်ပြည့်စုံစွာ ထပ်ဆင့် ရှင်းလင်းထားပါတယ်။ဆက်လက်ပြီးလည်း ဓမ္မဓိဌာန်ကျသော ဆောင်ပါးများဆက်လက်ရေးသားပေးပါ အားပေးထောက်ခံလျှက်ရှိပါသည်။

TharKiNwe said...

ကိုဇော်မျိုး
ကျနော်အချို့သတင်းများအား ဆောင်းပါးအဖြစ် ရေးနိုင်အောင်ပေးခြင်ပါတယ် ကျေးဇူးပြုပြီး mail address ပေးနိုင်မလား ကျနော် mail address က moewaithan@gmail.com ပါ
ကျေးဇူးတင်လျှက်

စိုးထက် - Soe Htet ! said...

ဗျို့ ကိုဇော်မျိုး လုပ်ပါဦးဗျ အသစ်လေးး ... ကျွန်တော့် အီးမေးလေး အက်ပေးပါဦးဗျ အလွတ် ပြောရအောင် ... ဟဲ ဟဲ ... အဆင်ပြေပါစေ .. :D

* In Search of Truth * said...

သို့ အစ်ကိုသာကီနွယ်၊
ကျနော်တို့ လူမျိုး သိက္ခာကျအောင် သတင်းအတုတွေ လုပ်တာလုံးဝ မထောက်ခံပါ။ နအဖဟာ ဗုဒ္ဓဘာသာပါ။ အစိုးရ တစ်ခုအနေနဲ့ မရက်စက်ဘူးဆိုတာ ကျနော်သိပါတယ်။ ၀ါဒမတူလို့ အပုတ်ချတာ ဆန့်ကျင်ပါတယ်

Unknown said...

ကိုဇော်မျိုး ကျွန်တော်တစ်ခုလောက်သိချင်ပါတယ်..။ အပေါ်မှာအစ်ကိုပြောသွားတဲ့ "နအဖဟာ ဗုဒ္ဓဘာသာပါ။ အစိုးရ တစ်ခုအနေနဲ့ မရက်စက်ဘူးဆိုတာ ကျနော်သိပါတယ်။" တကယ်ပဲ နအဖ ကမရက်စက်ခဲ့ပါဘူးတဲ့လားဗျာ..။ ဘာကြောင့် ကိုဇော်မျိုးအဲဒီလိုပြောရတာပါလဲဗျာ..။ ပြီးတော့ စက်တင်ဘာ အရေးအ ခင်းမှာ နအဖ ပစ်ခဲ့ရိုက်ခဲ့တဲ့ထဲမှာ သံဃာတစ်ပါးမှမပါဘူးလို့ ကိုဇော်မျိုးအာမခံနိုင်ပါသလားခင်ဗျာ..။

* In Search of Truth * said...

ကို ဟီးရိုး
နအဖ ရက်စက်ပါတယ်။ ဒါပေမယ့် အမေရိကန်၊ ဗြိတိန်အစိုးရတွေနဲ့ ယှဉ်ရင် နအဖဟာ မရက်စက်ပါဘူးခင်ဗျာ။ စက်တင်ဘာ ပစ်ခဲ့တဲ့ထဲမှာ သံဃာတော်တွေ ထိတာရှိနိုင်ပါတယ်။ မငြင်းလိုပါဘူးခင်ဗျာ။ သံဃာတော်တွေ ထိတာနဲ့ DVB အရူးလုပ်ထားတဲ့ ဘုန်းကြီးအလောင်းဗီဒီယို မရိုးသားမှုကို အဖတ်မဆယ်နိုင်ပါဘူးခင်ဗျာ။

Unknown said...

ကိုဇော်မျိုးရေ... နေရာတိုင်းမှာတော့ ကောင်းတာနဲ့ဆိုးတာဒွန်တွဲနေတာပါပဲ..။ ကျွန်တော်တို့ အစိုးရမှာတော့ ကောင်းတဲ့ဟာကရှာမရအောင်ကိုရှားပါတယ်ခင်ဗျာ...။ ထားပါလေ အမေရိကန်တွေ ဗြိတိန်တွေ ဆိုးတာကျွန်တော်တို့တိုင်းပြည်နဲ့မပတ်သတ်ပါဘူး...။ ကျွန်တော်စိတ်လဲမ၀င်စားပါဘူး..။ ကျွန်တော်တို့အစိုးရကောင်းဖို့ကိုပဲစိတ်ဝင်စားပါတယ်ခင်ဗျာ..။ ပြီးတော့ ကိုဇော်မျိုးပြောတဲ့ သတင်းဌာနတွေ ကိုလဲကျွန်တော်နားမထောင်ပါဘူးခင်ဗျား...။ ကိုဇော်မျိုးပြောသလို DVB ကဘုန်းကြီးအတုဗီဒီယိုဆိုတာဖြစ်နိုင် ပါတယ်...။ ဒါပေမဲ့လည်း ဘုန်းကြီးအတုပဲဖြစ်ဖြစ် အစစ်စစ်ပဲဖြစ်ဖြစ် ပြည်သူထဲကပြည်သူတစ်ယောက်ပါခင်ဗျာ။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ပြီးခဲ့တဲ့အရေးအခင်းမှာဖြစ်ခဲ့တာ ဟုတ်မဟုတ်တော့ ကျွန်တော်လဲသေချာမသိပါဘူး ခင်ဗျာ...။ သတင်းမမှန်တဲ့ဟာတွေကိုတင်ထားတာဆိုရင် တော့ မဖြစ်သင့်ပါဘူး...။ လက်လဲမခံပါဘူးခင်ဗျာ...။ ကိုဇော်မျိုးပြောနေသလိုမျိုး တော့သူတို့တင်ထားသမျှ အကုန်လုံးမှားတယ် လုပ်ကြံပြီးရေးထားတယ်လို့လဲ ပြောလို့တော့မရပါဘူး...။ အကုန်လုံးလုပ်ကြံပြီးရေးထားတာ ဆိုရင်ဘယ်သူကမှမျက်စိရှုပ်ခံပြီးဖတ်နေ မှာမဟုတ်ပါဘူးခင်ဗျာ..။ လူတိုင်းမှာ မှန်လား မှားလားဆိုပြီးခွဲခြားချင့်ချိန်နိုင်တဲ့ဦးနှောက်ရှိကြပါတယ် ခင်ဗျာ...။

* In Search of Truth * said...

အစ်ကို ဟီးရိုး
အဓိကပြောချင်တာကတော့ သတင်းတွေကို လူတိုင်း မှားလားမှန်လားခွဲခြားနိုင်တဲ့ ဦးနောက်ရှိတယ်ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းပါခင်ဗျာ။ ဘာဖြစ်လို့လဲဆိုရင် အစ်ကိုကိုယ်တိုင် ဒီဘုန်းကြီးဗီဒီယို အတုအစစ် မခွဲခြားနိုင်ပဲနဲ့ တခြားလူတွေခွဲခြားနိုတယ်ဆိုတဲ့ သုံးသပ်ချက်ဟာ လုံးဝ လက်တွေ့ မကျပါဘူးခင်ဗျာ။ အစ်ကိုတို့ ဒီမိုကရေစီသမားတွေ အဲဒါကို တကယ်ထင်လို့ ဘလောက်တိုင်းမှာ တင်ထားတာ မဟုတ်လားခင်ဗျာ။ အစ်ကိုတို့ ဒီမိုကရေစီသမားတွေ ဒီဗီဒီယို မှန်တယ်ထင်ရင် ကျနော်မေးထားတဲ့ မေးခွန်း၈ ခုကို ပြန်ဖြေရမယ့်အပြင် သူတို့ ဘာကြောင့်ယုံလဲဆိုတာပါရှင်းပြရပါမယ်။ တကယ်တမ်းမေးရင် ဘယ်သူမှ ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရဲသူမရှိပါ။ နောက်ဆုံးတော့ သတင်းထဲပါလို့ ယုံတယ်ဆိုတာပဲ ဖြစ်သွားမှာပါဗျာ။ ပြီးတော့ အဲဒီအလောင်းဟာ ပြည်သူထဲက ပြည်သူ့အလောင်းပါဆိုတာနဲ့ နအဖတာဝန်ရှိတယ်လို့ အပြစ်မတင်နိုင်ပါဘူး။ ဒီဗီဒီယိုဟာ ဘယ်အချိန် ဘယ်နေရာမှာ ရိုက်ထားတာ မသိပဲ မစွပ်စွဲသင့်ပါဘူး။ မဟုတ်ဘူးလားခင်ဗျာ?

ဒီဒီကို said...

cifAsm; awmfawmfawmh tuGufpdyfpdyf a&;wwfwmyJ
usGefawmf pOf;pm;rdwm wckuawmh bkef;juD;tavmif;yJjzpfjzpf vltavmif;yJjzpfjzpf tvum;ae&if; t&ufrl;aovdkh ykZGefawmif acsmif;xJarsmvmwmawmh rjzpfEdkifbl;vdkhxifw,fav
tem;rSmvlr&Sdwm AD',dkr&dkufwmawmh usGefawmfvJrajymwwfzl;aygh cifAsm;uvJ tao;pdwfutp jrifwwfvGef;aewmudk;
'geJh usGefawmfvJar;&Od;r,f a'gfatmifqef;pkjunfudk rjudkfufwmbmvdkhwkef;