Monday, November 12, 2007

ဒီလို ဝေဖန်တာတော့ လက်မခံပါ


ဒီမိုကရေစီသမားတွေဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ရရှိအောင် နအဖထံကနေ တောင်းဆိုနေကျပါတယ်။ တကယ်တမ်း လွတ်လပ်စွာ ပြောဆိုခွင့်ကို စည်းကမ်းရှိစွာ အသုံးချတတ်သလားလို့ အားမနာတမ်း မေးကြည့်ရအောင်ပါ။ ဘလော့တွေမှာ ရှိနေတဲ့ ဆီပုံးဟာ လွတ်လပ်စွာပြောဆိုခွင့်ရတဲ့ နေရာပါ။ အဲဒီလွတ်လပ်တဲ့နေရာ လေးကို သူတို့ ဘယ်လိုအသုံးချလဲ လေ့လာကြည့်ကျပါဦး။ ကျနော်အပါအ၀င် ကို Oppositeyes ဘလော့၊ သာကီနွယ်ဘလော့တွေကို ကြည့်ရင် အလွယ်တကူတွေ့နိုင်ပါတယ်။ ဒီမိုကရေစီသမားတွေဟာ အမေတွေ၊ နှစ်မတွေနဲ့ ကိုင်ပေါက်ပြီး ဆီပုံးပိုင်ရှင်တွေကို ဆဲဆိုကျပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ကျပါတယ်။ ကျနော်တို့ ဆီပုံးမှာဆိုလည်း “ဇော်မျိုး” နာမည်နဲ့ တခြားလူတွေ အထင်အမြင်လွဲအောင် ဘုန်းကြီးတွေကို သတ်တာအားပေးတဲ့ အရေးအသားတွေ၊ နအဖကို ဖားတဲ့ စကားလုံးတွေရေးခဲ့ကျပါတယ်။ သူတို့ဒီမိုကရေစီဆီပုံး တစ်ခုမှာ အချင်းချင်းဘာပြောလဲဆိုရင် အဲဒါ “စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာတဲ့” ။ ဘာစိတ်ဓါတ်စစ်ဆင်ရေးလဲ? အဲလို အောက်တန်းစားအလုပ်လုပ်တာ ဒီမိုကရေစီလှုပ်ရှားမှုလားလို့ ပြန်ပြီးမေးချင်ပါတယ်။ အဲလိုမျိုးလုပ်တာကို ဒီမိုကရေစီသမားတွေဖြစ်တဲ့ အစ်ကို “x” နဲ့ အစ်ကို “စိတ်” တို့က တတ်နိုင်တရွေ့တော့ တားပေးခဲ့တာမျိုးတွေ ရှိပါတယ်။ ဒီနှစ်ယောက်ပါပဲ။ တခြား ဒီမိုကရေစီသမားတွေကတော့ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ အဲဒီလို မိမိနဲ့ဝါဒတူတွေလုပ်ရပ်ကို လက်ပိုက်ကြည့်နေတယ်ဆိုရင် တာဝန်မဲ့ရာ ရောက်ပါတယ်။ ကျနော်တို့ဆီမှာ ခွေးပိုင်ရှင်တွေဟာ လမ်းပေါ်မှာ သူတို့ခွေးတွေ ယိုသွားတဲ့ ခွေးချေးကို ကိုယ်တိုင်ကျုံးပြီး အမှိုက်ပုံးထဲ သွားထည့်ရပါတယ်။ တနည်းပြောရရင် ကိုကြိုက်လို့ မွေးထားတဲ့ ခွေးကြောင့် တခြားသူတွေကို မထိခိုက်အောင် တာဝန်ယူရတယ်ဆိုတဲ့သဘောပါ။ လွတ်လပ်စွာပြောဆိုခွင့်တော့ ရအောင်ကြိုးစားနေကျပါတယ်။ ဒါပေမယ့် ဆဲဆိုနေတာကို လက်ပိုက်ကြည့်နေရင် ဒီလူတွေဟာ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ထိုက်တန်သလား? ထိုက်တန်သလား? ဖြေရဲလားခင်ဗျာ ?
သာမန်လူတွေ အနေနဲ့ ကြည့်ရင် မဆဲဆိုပဲ ပြောဆိုရင် ပြဿနာမရှိဘူးလို့ မြင်မှာပါ။ မဟုတ်သေးပါဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်လိုချင်သူများရဲ့ တာဝန်ဟာ အဲလောက် မသေးပါဘူး။


တာဝန်မယူတတ်သော ဝေဖန်ချင်း

နအဖကို ဝေဖန်တဲ့နေရာမှာ စည်းကမ်းရှိသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီလုပ်ရပ်ဟာ တိုင်းပြည်ကို အများကြီးထိခိုက်နိုင်ပါတယ်။ သတင်းဌာနတွေနဲ့ ဘလော့သမားတွေဟာ အချိန်ပြည့် နအဖ လုပ်ရပ်ကို အပျက်ပဲ ပြောနေကျပါတယ်။ (သတင်းလိမ်တွေနဲ့ တိုင်းပြည် သိက္ခာချတာနဲ့ တိုင်းပြည် ပြိုကွဲအောင် လုပ်နေတာတွေကို မကြာမီတင်ပြပါမယ် ) တကယ်မကောင်းလို့ မကောင်းဘူးပြောတာ ဘာဖြစ်လဲလို့ ပြန်မေးလို့ရပါတယ်။ ဥပမာ တစ်ခုပြောကြည့်ပါမယ်။ နအဖ ပညာရေးစံနစ် မကောင်းဘူး၊ ဘယ်လိုညံ့တယ်၊ ဆရာတွေ ဘယ်လို အကျင့်ပျက်တယ် စသဖြင့် ဝေဖန်ကျပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေနဲ့ တခြားနိုင်ငံတွေမှာ ပညာရေး ဘယ်လောက် ကောင်းမွန်တဲ့ အကြောင်း ဘက်ပေါင်းစုံကနေ ချီးကျူးလိုက်ပါသေးတယ်။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူငယ်တွေ နေရာကနေ ခံစားကြည့်ပါ။

မြန်မာလူငယ် တွေဟာ နိုင်ငံခြားမှာ ပညာထွက်မသင်နိုင် ရှာပါဘူး။ သူတို့ သင်နိုင်တာ နအဖ ပညာရေးလေး တစ်ခုပါ။ အဲဒါလေးကို ရစရာမရှိအောင် ဝေဖန်တော့ ဘာဖြစ်လဲ? မြန်မာလူငယ်တွေဟာ မိမိကိုယ်ကို အမှောင်ထုကြီးထဲမှာ ရောက်နေတဲ့ လူတစ်ယောက်လို ခံစားလာရပါတယ်။ စိတ်ဓါတ်တွေ ကျလာပါတယ်။ လူငယ်တစ်ယောက်ရှိရမယ့် ကြိုးစားလုပ်ဆောင်ချင်တဲ့ စိတ်ဓါတ်တွေလဲ ချို့တဲ့လာပါတယ်။ ဒီတော့ လမ်းပျောက်နေတဲ့ လူငယ်တွေဟာ စိတ်တွေလေပြီး ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ချင်တဲ့ သူ မရှိသလောက်နည်းသွားပါတယ်။ တစ်ခု သတိထားဖို့ကတော့ ဘယ်ပညာရေးမဆို အနည်းနဲ့အများ လူကို အကျိုးပြုပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ သင်ပေးတဲ့ အင်ဂျင်နီယာပညာနဲ့ နအဖ သင်ပေးတဲ့ အင်ဂျင်နီယာ အဆင့်အနိမ့်အမြင့်ပဲကွာပါတယ်။ နအဖပေးတဲ့ဘွဲ့နဲ့ အသက်မွေးဝမ်းကြောင်းမပြုနိုင်ရင်တောင် အထက်တန်း မအောင်တဲ့ သူထက်တော့ ပိုပြီး အသိဥာဏ်ရင့်ကျက် ပါတယ်။ မိမိကိုယ်ကိုလဲ ယုံကြည်မှု ရှိလာစေပါတယ်။ ကိုယ်ရည် ကိုယ်သွေးလဲ မြင့်လာစေပါတယ်။

ဒါဆိုရင် လုံးဝ မဝေဖန်နဲ့ ဆိုတဲ့ သဘောလားလို့ မေးလို့ရပါတယ်။ အခုဒီမိုကရေစီ ဘလော့တွေနဲ့ ဒီမိုကရေစီ နိုင်ငံရေးသမားတွေ လုပ်နေတာ အတင်းထိုင်တုတ်တဲ့ အဆင့်ပါ။ အတင်းထိုင်တုတ်တဲ့ အဆင့်လို့ ရေးထားပါတယ်ခင်ဗျာ။ သတိမထားမိပဲ ဖြစ်နေမှာ ဆိုးလို့ ထပ်ရေးလိုက်ပါတယ်။ အပျက်သဘောကိုပဲ ရှာပြီး အတင်းတုတ်နေကြတာပါ။ အထူးသဖြင့် စာသားကောင်းကောင်းလေးရှာပြီး အတင်းတုတ်နိုင်ရင် အားလုံးက ၀ိုင်းပြီး ချီးကျူးကျတယ် မဟုတ်လားခင်ဗျာ။ အတင်းပြောတာနဲ့ ဝေဖန်တာ ဘာကွာလဲ ဆိုရင် အတင်းပြောသူရဲ့ စိတ်ထဲမှာ တစ်ဖက်လူ ဒုက္ခရောက်ပါစေ၊ တဖက်အဖွဲ့အစည်း အရှက်ရပါစေ ဆိုတဲ့ စိတ်ရင်းနဲ့ ပြောဆိုချင်းဖြစ်ပါတယ်။ ဝေဖန်တာကျတော့ သူပြောတဲ့ စကားရဲ့ အကျိုးသက်ရောက်မှုကို သတိထားပါတယ်။ အထက်က တင်ပြခဲ့သလိုပဲ လူငယ်တွေ ဘ၀ကို ဖျက်ဆီးသလိုဖြစ်မဲ့ အရေးကို ဝေဖန်သူတွေကတော့ သတိထားမိကျမှာပါ။ ဒါ့ကြောင့် ဝေဖန်သူတွေအနေနဲ့ အတင်းပြောတယ် မဖြစ်ရအောင် နအဖ ညံ့ဖျင်းလို့ ဒီလိုတော့ ဖြစ်နေတယ်၊ ဒါလေးတွေ လုပ်ပြီး မိမိဘ၀ကို မြှင့်တင်ပါလို့ အကြံပြုချက်ပါ ထည့်သွင်းသင့်ပါတယ်။ ဥပမာ ဆရာတွေ စာကောင်းကောင်းမသင်ဘူး လို့ပဲ အတင်းထိုင်တုတ်မယ့်အစား ။ သူငယ်ချင်းတွေ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ပညာရေး ဖလှယ်တာမျိုးလေးတွေ လုပ်ကျပါ။ မိမိသိထားတာကို သဘောထားကြီးကြီးနဲ့ သူငယ်ချင်း အချင်းချင်းမျှဝေပါ ဆိုတာမျိုးပေါ့။ ပညာရေးနဲ့ ပတ်သက်တဲ့ အင်တာနက် ၀က်ဆိုက်တွေကို နအဖ ဘန်းထားတယ်။ ဒီတော့ အဲဒီဝက်ဆိုက် အချက်အလက်တွေကို စီဒီနဲ့ ရအောင်ယူပြီး အချင်းချင်း ဖြန့်ဝေကျပါ ဆိုတာမျိုး။ အဲလိုမျိုး အကြံလေးတွေလည်း ပူးတွဲတင်ပြသင့်ပါတယ်။ ဘာအကြံမှ မပေးနိုင်ပဲ အပျက်ပြောယုံသက်သက်ဆိုရင် အဲလိုလူတွေကို လွတ်လပ်စွာပြောဆိုခွင့်နဲ့ ထိုက်တယ်လို့ ပြောလို့ရသလား? ဖြေရဲရင် ဖြေကြည့်ပါခင်ဗျာ


NLD ဒုက္ခများတော့မယ်

စနေနေ့က ထင်ပါတယ်။ DVB သတင်း ဌာနကနေ ဒီမိုကရေစီသမားတွေကို
နအဖနဲ့ NLD ဆွေးနွေးပွဲ ပေါ်မှာ ထင်မြင်ချက် လေးတွေ အင်တာဗျူးလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီသမားတွေပီပီ စကားပြောတဲ့ အသံလေးကတော့ လေးစားဖို့ကောင်းပါတယ်။ (ဒါလေးပဲ သူတို့ လုပ်တတ်တာ မဟုတ်လားခင်ဗျာ?) ဒါပေမယ့် ပြောတဲ့ စကားလုံးကတော့ ဥာဏ်မရှိတာ သိသာနေပါတယ်ခင်ဗျာ။ သူတို့ဘာပြောလဲဆိုရင် NLD အနေနဲ့ နအဖကို သတိထားဖို့လိုတယ်တဲ့ ။ နောက်တယောက်လဲ အဲဒါပဲ ထပ်ပြောပါတယ်။ ဒီနေရာမှာ NLD နေရာကနေ စဉ်းစားကြည့်ပါ။ NLD အနေနဲ့ သတိထားရမယ်ဆိုတာ သိပါတယ်။ အရမ်းလဲ ခက်ခဲတဲ့ ဆွေးနွေးပွဲဆိုတာလဲ အားလုံးလဲသဘောပေါက်မှာပါ။

မြန်မာနိုင်ငံအနာဂါတ်အတွက်လဲ အရေးကြီးပါတယ်။ NLD ဟာ နအဖ တောင်းဆိုချက် အများစုကို လိုက်လျောမိလိုက်ရင်လည်း ဒီမိုကရေစီသမားတွေဘက်က ဝေဖန်ခံရမယ့် အရေးရှိနေတယ် မဟုတ်လား? ဒီမိုကရေစီသမားတွေ လုပ်တတ်တာ အပြစ်တင်ဖို့ တခုပါပဲ။ တကယ်လို့ နအဖ တောင်းဆိုချက်တွေကို မလိုက်လျောခဲ့ရင်လည်း နအဖအနေနဲ့ ဆွေးနွေးပွဲကို ဖျက်သိမ်းပြီး သူလုပ်ချင်သလို ဆက်လုပ်သွားနိုင်ပါတယ်။ NLD အနေနဲ့ နှစ်လမ်းပဲရှိပါတယ်။ နအဖ ဆီကနေ နည်းနည်းလေးရလာတဲ့ အကျိုးအမြတ်လေးကို ဖြစ်ညှစ်ယူမလား? အဲဒါဆိုရင် တဖက်က သူတို့ ဒီမိုကရေစီ သမားတွေက ဆန့်ကျင်မှုနဲ့ ဝေဖန်မှုအောက်မှာ NLD နိဂုံး ချုပ်နိုင်ပါတယ်။ ဒါမှ မဟုတ် နအဖ တောင်းဆိုချက် အများစုကို ပယ်ချမယ်ဆိုရင်လဲ ဘာမှ မရပဲ အလကား အချိန်ကုန်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ပြန်အောင်းရမယ့် အရေးပါ။ ဒီတော့ NLD အနေနဲ့ ပါတီအပျက်ခံမလား? ဒါမှ မဟုတ် နအဖနဲ့ ဆွေးနွေးပွဲကို ဖျက်ပြီး နောက် နှစ် ၂၀ မှာ ပေါ်လာမယ့် လူထုအုံကြွမှုကြီးကိုပဲ ထိုင်စောင့်မလား?
လက်တွေ့ကျကျ ပြောရမယ်ဆိုရင် NLD ကို သတိထားပါလို့ ဆရာကြီးလေသံနဲ့ ပြောနေမယ့် အစား နအဖက ဖြင့် ဘယ်လို တောင်းဆိုနိုင်တယ်၊ ဒါဆိုရင် NLD အနေနဲ့ ဘယ်လို တုံ့ပြန်သင့်တယ်။ ဘယ်လိုနည်း နဲ့ နအဖကို နားချသင့်တယ် စသဖြင့် အကြံပြုတာက ပိုပြီးသင့်တော်ပါတယ်။ အဲလိုမှ မဟုတ်ရင် သူတို့ဟာ ပါးစပ်သမားတွေ ပဲဖြစ်နေမှာပေါ့ဗျာ။ သေချာတာကတော့ ဒီမိုကရေစီသမားတွေဟာ လက်တွေ့ကျကျ အကြံပြုဖို့ ဥာဏ်အရည်အချင်းမရှိပါ ခင်ဗျာ။ တကယ်လို့ ဒီဆွေးနွေးပွဲ ပျက်ခဲ့ရင် နအဖကို အပြစ်တင်တဲ့ လေသံတွေပဲ ထွက်လာမှာပါ။ မယုံရင် စောင့်ကြည့်ပါ။ ဆန်ကုန်ခံပြီး ဗေဒင် မေးဖို့ မလိုပါခင်ဗျာ။


ကိုယ်ချင်းစာတရား

ဒီမိုကရေစီသမားတွေဟာ ကိုယ်ချင်းစာ တရားလေးကို ထားတပ်ဖို့လိုအပ်နေပါတယ်။ နအဖကို မိမိနဲ့ ၀ါဒမတူလို့ အတင်းပြောနေတာဟာ အဆင့်အတန်းရှိတဲ့ လုပ်ရပ်မဟုတ်ပါခင်ဗျာ။ ကိုယ်တိုင်ကျတော့ (ဒီမိုကရေစီအဖွဲ့တွေ) လူမှုရေးနဲ့ ပတ်သက်ပြီး ဘာမှလုပ်တာ မရှိပါ။ MMEd ဘလော့မှာ ထိုင်းရဲတွေ မြန်မာလူမျိုးတွေကို မတရားပြုကျင့်တဲ့အကြောင်း မတင်ပြဖို့တောင် တောင်းဆိုတဲ့သူရှိနေပါတယ်။ ဒီမိုကရေစီ ၀ါဒကိုပဲ စိတ်ဝင်စားပါတဲ့။ စဉ်းစားကြည့်ပါဦးဗျာ။

ဒါကြောင့် ဘာတွေ ပျက်နေတယ်ဆိုတာ ချည်းပဲ အတင်းထိုင်တုတ်နေတာဟာ မှန်ကန်သော လုပ်ရပ် မဟုတ်ပါ။ ထို့အတူပဲ နအဖ တစ်ခုတည်းကိုပဲ ကြည့်ပြီး လုပ်ကိုင်နေတာ တွေဟာလည်း အရမ်းကို တာဝန်မဲ့ပါတယ်။ သူတို့တွေဟာ မိမိဝေဖန်မှုတွေ ၊ လှုပ်ရှားမှုတွေ နောက်ကွယ်မှာ ခံစားရတဲ့ လူထုကို အမြဲမေ့ထားပါတယ်။ လူထုခမျာ နအဖနဲ့ ဒီမိုကရေစီသမားတွေရဲ့ ကိုယ် စိတ်နှစ်ပါး ဒုက္ခပေးတဲ့ ပုံစံအမျိုးမျိုးကို ခံစားနေရပါတယ်။

အခု NLD ကိစ္စမှာလဲပဲ NLD နေရာကနေ ဘယ်လိုအကျပ်အတည်း ဖြစ်နေလဲ ခံစားပါ။ သူတို့နေရာကနေပြီး စဉ်းစားပါ။ လက်တွေ့ကျကျ အကြံပေးပါ။ အကြံမပေးနိုင်ရင် ဆရာကြီးလေသံနဲ့ သြ၀ါဒ မပေးပါနဲ့။ အဲဒါဟာ အကျိုးမရှိတဲ့ အပြင် အကျိုးတောင် ယုတ်ပါတယ်။ ဒီတော့ ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ဓါတ်လေးကို ဒီမိုကရေစီသမားတွေ ထားတတ်အောင် အရင်ကြိုးစားပါ။ ပြီးမှ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်ဆင်နွဲပါ။ Martin Luther King ဟာ အဖြူတွေရဲ့ လူမျိုးရေးခွဲခြားတဲ့ စိတ်ဓါတ်ကို မပြောင်းသေးခင် သူ့မှာရှိနေတဲ့ အဖြူတွေကို မုံန်းတီးတဲ့ စိတ်ကို အရင်ပြုပြင် ခဲ့ပါတယ်။ ဘာမဟုတ်တဲ့ စိတ်ဓါတ်တွေ အတုခိုးမယ့်အစား Martin Luther King လို စိတ်ဓါတ်ကို အတုယူလိုက်ပါ။ တိုင်းပြည်ကို နည်းနည်းလေး ချစ်တယ်ဆိုရင်ပေါ့။ စိတ်မဆိုးကြေး

ကျန်းမာကြပါစေခင်ဗျာ

(မှတ်ချက် ။ ။ ဒီမိုကရေစီသမားတွေကို ချီးကျူးတဲ့ အသံကြားချင်ရင် BBC, DVB နားထောင်ပါ။ ဒီမိုကရေစီသမားတွေကို မြှောက်ပင့်ပြောတာတွေ ဖတ်ချင်ရင် ဒီမိုကရေစီ ဘလော့တွေကို သွားဖတ်ပါ။ လက်တွေ့ကျကျ တွေးခေါ်ချင်ရင် ဒီကိုလာပါ)

16 comments:

Infant Goddess said...

အနူတွေကို ရွာပြင်မောင်းထုတ်လို့ နူနာရောဂါ ပျောက်မသွားပါဘူး။
သူတို့တွေကို သည်းခံ၊ အနစ်နာခံ။ ဂရုဏာထားပြီး ဆေးကုပေးသူရှိမှ ဒီရောဂါ ကမ္ဘာကပျောက်မယ်။
ဒါမှ ငါတို့ဘ၀တွေ တကယ်ငြိမ်းချမ်းသာယာလိမ့်မယ်။
ရွံရှာစက်ဆုတ်စရာတစ်ခုကို မုန်းတီးစွာ ဆန့််ကျင်ရှုတ်ချရုံနဲ့ ပျောက်ကွယ်သွားအောင် လုပ်နိုင်မယ်ဆိုရင် . . .
. . .

စိုးထက် - Soe Htet ! said...

လာလည်သွားတာ ကျေးဇူး ကိုဇော်မျိုးရေ .. ကျွန်တော်ကတော့ အသစ်ရေးတိုင်း လာဖတ်ဖြစ်သဗျ ... ဆက်ရေးပါဗျာ အချိန်ပေး ဆွေးနွေးတာ ကျေးဇူး တင်ပါတယ် ... လက်ခံတာ မခံတာထက် ... စဉ်းစားဖို့ အချက် တစ်ခုလောက် ခေါင်းထဲ ရောက်ရင်ကို မဆိုးပါဘူး အားလုံးကို မျှမျှတတ တွေးစေချင် လုပ်ကိုင်စေချင်တာပါ :)

Unknown said...

Nobody like swearing at anything. But nobody know who did it in C boxes. Can you confirm the person who did it? I saw a lots of officers from army swear at solders in Burma.

SPDC has been ruling Burma for 19 years. If they can not improve the education, health, economic systems, we all including you should criticize SPDC. They have to take the responsibility. You may remember at the begining of Sep movement, U Myint , adviser for economic and technical development sent email to media, mentioning if gov accepted their advice, the country would be in the state of nearly developed country.The major problem you have to accept is generals are doing management style like an army for all fields.

Unknown said...

The other thing people does not like is their crony including their sons & daughters are having huge companies without any evidence of
their effort. They are treated as a different class in everywhere without any reasons. They are most corrupted people. The morale of people are down due to them , not by learning the better quality of education or economy of the other countries. The generals and their sons & daughters have to retreat from all fields apart from defense and home office.

Unknown said...

အစိုးရဟာသူ ကိုယ်တိုင်(သို့ မဟုတ်) သူ့ အဖွဲ့အစည်းအခုခု (ဥပမာ ဦးပိုင်) က စီးပွားရေးလုပ်ဝင်ရှုတ်နေရင်ဘယ်တော.မှအဲဒီ့နိုင်ငျွံတိုးတက်ပါ

Unknown said...

အစိုးရဟာသူ ကိုယ်တိုင်(သို့ မဟုတ်) သူ့ အဖွဲ့အစည်းအခုခု (ဥပမာ ဦးပိုင်) က စီးပွားရေးလုပ်ဝင်ရှုတ်နေရင်ဘယ်တော.မှအဲဒီ့နိုင်ငံမတိုးတက်ပါ

Unknown said...

ဆေးမတိုးတဲ့အနူဆေးသောက်ဖို့ ငြင်းနေရင် ချော့ပြောတာလဲမရရင် ပထမဆုံးထိမှာကသူတို့ ဆိုတာမမြင်နိုင်လို့ ပြောနေကြတာပါ။ကြာလာရင်ဘေးလူတွေလဲကူးနိုင်လို့ဘေးက၀ိုင်းပြောပေးနေကြတာပါ။
မရရင်တော့ ဖယ်ကြင်လာကြလိမ့်မယ်

* In Search of Truth * said...

မ Infant Goddess
ကျနော်တို့နှစ်ယောက်က ဗုဒ္ဓလမ်းစဉ်အတိုင်းလုပ်ပါလို့ ပြောရင် သူတို့ က ပုတီးစိပ်တာနဲ့ တရားထိုင်တာပဲ ပြေးမြင်ကျပါတယ်။ တဖက်လူကို မေတ္တာထားပါလို့ ပြောရင် သူတို့က ဘုရားစင်ရှေ့ကနေ မေတ္တာပို့တာကို ပဲပြေးမြင်ပါတယ်။ ကျနော်တို့ နှစ်ယောက်ဆိုလိုတာက တဖက်ကို အဆင့်ရှိရှိနဲ့ လုပ်ကိုင်ဖို့ပြောနေတာပါ။ ဘာမှ မယ်မယ်ရရ မလုပ်ပဲ နအဖကိုပဲ အတင်းထိုင်တုတ်တော့ သူတို့ပဲ ကျက်ကရေတုံးမှာ မဟုတ်လားဗျာ။

* In Search of Truth * said...

သို့ အစ်ကိုစိုးထက်
ကျနော်တို့ နှစ်ယောက်ပြောတာတွေကို သူတို့ လက်မခံဘူးဆိုတာလဲ သိပါတယ်။ ဒါပေမယ့် သူတို့တတွေ နှစ်ပေါင်း ၂၀လုံးလုံး စိတ်ကူးယဉ်ပြီး အချိန်တွေ ကုန်ခဲ့တာကိုတော့ သတိထားမိကျပါပြီ။ နောက်ပြီး ကျနော်တို့ ရေးသားချက်တွေဟာ အလွန်ရှိုင်းစိုင်းတယ်ဆိုတာလဲ လက်ခံပါတယ်။ ဒါပေမယ့် ဆဲတာလုံးဝ မပါပါဘူး။ အကြောင်းအရာတွေဟာလည်း သူတို့ အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ အခြေအနေအရ အခုလိုရေးမှ သူတို့ သတိထားမိမှာမို့ အခုလိုပြောနေရတာပါ။ မသင့်တော်မှန်းတော့သိပါတယ်ခင်ဗျာ

ဇော်မျိုး

* In Search of Truth * said...

သို့ အစ်ကို ဥတ္တရ

အစ်ကိုရေးထားတာရဲ့ အဓိက လိုရင်းဟာ ဒီမိုကရေစီသမားတွေကို အပြစ်မဆိုအောင် ကြိုးစားနေတယ်ဆိုတာ သဘောပေါက်ပါတယ်။ အစ်ကိုလည်းသိမှာပါ။ အစ်ကိုတို့ အဖွဲ့အစည်းတွေဟာ ရေဒီယိုပေါ်မှာပဲ အာကျယ်နိုင်တဲ့ အရည်အချင်းပဲ ရှိပါတယ်။ အစ်ကိုတို့ အဖွဲ့တွေ မရှိသေးတဲ့ အချိန် ၁၉၈၈ မှာ အောင်မြင်ခဲ့ရတဲ့ အကြောင်းကတော့ အစ်ကိုတို့ဟာ တကယ်တမ်းတော့ နအဖ သက်ဆိုးရှည်ရေးပဲလုပ်နေလို့ပါ။ ကျနော် သက်သေပြပါမယ်။ ဆောင်းပါးတွေ အားလုံးကိုသာ အစ်ကိုဖတ်ရဲပါစေလို့ ဆုတောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုမေးထားသမျှကို ကျနော်ဒီမှာ အချိန်ပေးပြီး လေးစားတဲ့အနေနဲ့ ဖြေကြားပေးပါမယ်ခင်ဗျာ။

(၁) ဒီမိုကရေစီသမားတွေကိုပဲ အပြစ်မတင်ပဲ အစ်ကိုအနေနဲ့ နအဖ အုပ်ချုပ်ရေးညံ့ဖျင်းမှုကိုပါ ဝေဖန်ဖို့ တောင်းဆိုထားတာကို ဖြေကြားပါမယ်ခင်ဗျာ။ အစ်ကိုပြောပုံက ဘာနဲ့တူလဲဆိုရင် ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်တဲ့အချိန်မှာ အမေဖြစ်သူက ဟဲ့နင့်အစ်ကိုကို ပြန်လုပ်ရသလားလို့ အော်ပါတဲ့အချိန်မှာ အဲဒီသားက “ကျနော်ကိုပဲ ပြောမနေနဲ့။ အမေ့သားကိုလဲ ဆူဦး” တဲ့။ အစ်ကိုလဲ အဲလိုဖြစ်နေပါတယ်။ ဒီမိုကရေစီသမားတွေကိုပဲ မဆူနဲ့ နအဖကိုလဲ ဆူပါဦးဖြစ်နေပြီ။ ကျနော်ပြောဖူးပါတယ်။ အစ်ကိုနအဖ အပြစ်ကို ဖတ်ချင်ရင် ဒီမိုကရေစီဘလော့တွေမှာ သွားဖတ်ပါ။ အရည်မဖ အဖတ်မရ နအဖ အတင်းထိုင်တုတ်နေတာ မြင်နိုင်ပါတယ်

(၂) နအဖကြောင့် သုံးမရတဲ့ ပညာရေးကို အတင်းတုတ်တော့ ဘာထူးလာမှာလဲ? အကြံပြုတာ မလုပ်တတ်ရင် ဘာမှ မပြောတာကောင်းပါတယ်။ အလကားနေရင်း လူငယ်တွေ စိတ်ဓါတ်ကျတာပဲ အဖတ်တင်ပါတယ်ခင်ဗျာ။ ကျနော်ပြောတာ အစ်ကိုနားလည်မယ် ထင်ပါတယ်။

(၃) ဒီမိုကရေစီသမားတွေ ဆေးသောက်ပါကို ချော့ပြောနေတယ်လို့ မပြောသင့်ပါဘူးခင်ဗျာ။ နအဖကို မေ့ထားလိုက်ပါ။ နှစ် ၂၀ လုံးလုံး မဖြစ်လို့ ၀မ်းစာအတွက်လုပ်ကိုင်နေရတဲ့ စစ်သားတွေနဲ့ ၀န်ထမ်းတွေကိုပါ အစ်ကိုတို့ နည်းမျိုးစုံနဲ့ အရှက်ရအောင် လုပ်တာတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ ရှိနေပါတယ်။ နောက်တစ်ခုပြောပါမယ်။ မနေ့တနေ့ဖြစ်သွားတဲ့ ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ မဟုတ်ဘူးလို့ ကျနော်ပြောချင်ပါတယ်။ အစ်ကိုလဲသိမှာပါ

ကျမ်းမာပါစေ
ဇော်မျိုး

Unknown said...

ှုI never said Burmese army is bad. I always criticize the Gov, their crony and the system.
Your blog is like Gov's newspaper in Burma although you are living outside Burma. If you do not like criticism , better stop me or better stop blog writing or do not put comment box in blog like Tharginew.

We all want Gov to change their policy for majority of Burmese people.

* In Search of Truth * said...

သို့ အစ်ကိုဥတ္တရ
ကျနော်ပြောတာ အစ်ကိုနားမရှင်းဘူးထင်တယ်။ အခုဆောင်းပါးဟာ ဒီမိုကရေစီသမားတွေကို ဝေဖန်တဲ့ ဆောင်းပါးစစ်စစ်ပါ။ နအဖကို ဝေဖန်တဲ့ဆောင်းပါးမဟုတ်ပါ။ အစ်ကိုအနေနဲ့ ဒီမိုကရေစီသမားတွေကို မဝေဖန်စေချင်တာနဲ့ နအဖဘက်ကို အာရုံပြောင်းနေတာ အစ်ကိုလဲသိမှာပါခင်ဗျာ။

အစိုးရပြောင်းစေချင်တယ်ဆိုတာ ပါးစပ်ကြီးနဲ့ပြောနေယုံနဲ့ ပြောင်းသွားမှာ မဟုတ်ဘူးဆိုတာ အစ်ကိုနား သဘောမပေါက်သေးဘူးထင်တယ်။ လက်တွေ့ကျကျ အစ်ကိုတို့ မလုပ်မချင်းဘယ်တော့မှ နအဖ ဆင်းသွားမှာ မဟုတ်ပါ။ အစ်ကိုအနေနဲ့ နှစ်ပေါင်း ၂၀ လုံးလုံး စိတ်ကူးယဉ်ခဲ့ပြီးပါပြီ။ ဒီအချိန်မှာတော့ စိတ်ကူးယဉ်တဲ့ စကားတွေ မပြောသင့်တော့ဘူးထင်ပါတယ်။

နောက်တစ်ခုအစ်ကို့ကို ပြောချင်ပါတယ်ခင်ဗျာ။ ကျနော် ဘယ်သူ့ကိုမှ မဆဲပါ။ ရိုင်းဆိုင်းသောစကားကို မပြောပါ။ ဒါပေမယ့် ဒီမိုကရေစီသမားတွေဟာ သူတို့ ဆီပုံးတွေမှာ ကျနော့ကို ဘန်းထားပါတယ်ခင်ဗျာ။ အကြောင်းကတော့ သူတို့ ဒီမိုကရေစီသမားတွေကို မချီးကျူးတဲ့အပြင် ဝေဖန်နေလို့ဖြစ်ပါတယ်။

Unknown said...

ံHa Ha There is no body taking trouble to curse this cbox so he has to write about himself.He only deserves swearing words.

* In Search of Truth * said...

သို့ အစ်မ နှင်းစု
ဒီမိုကရေစီသမားတွေဟာ ဆဲတာရယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာရယ်၊ စိတ်ကူးယဉ်တာရယ် ဒီသုံးခုပဲ လုပ်တတ်ပါတယ်ခင်ဗျာ။ ဒီမှာ http://lightofmyanmar.blogspot.com/2007/10/blog-post_10.html အစ်မတို့ ဒီမိုကရေစီသမားတစ်ယောက် မော်စကိုသား အိုင်ဒီနဲ့ ဘုန်းကြီးတွေကို ဆဲထားတာ ရှိပါတယ်။ အဆင့်အတန်းမရှိတဲ့သူတွေပဲ အထောက်အထားမရှိပဲ စွပ်စွဲကျတာပါခင်ဗျာ။ နိုင်ငံရေးသမားတွေအားလုံး အဆင့်အတန်းမနိမ့်ဘူးဆိုတာ ကျနော်သိပါတယ်ခင်ဗျာ။ အစ်မဟာ မိန်းမကောင်းတစ်ယောက်ဖြစ်တဲ့ အတွက် အထောက်အထား ရှိလို့ပြောတယ်ဆိုတာ ကျနော်သိပါတယ်။ ဘာကြောင့် ကျနော့ကို စွပ်စွဲလဲဆိုတာ ရေးပြပါခင်ဗျာ။ စောင့်နေပါတယ်ခင်ဗျာ။ ကျေးဇူး

ကျန်းမာပါစေ
ဇော်မျိုး

Unknown said...

(If we respect to freedom of press and freedom to think, everywhere is surely a nice paradise to discuss intelligently.)

Jeffrey D. Sachs (Director of the Earth Institute at Columbia University) wrote:
America's misguided sanctions against Myanmar, for example, have done nothing in the past year to resolve the country's political and economic crisis. The US and Europe should listen more closely to Myanmar's neighbors, which are keen for Yangon to consolidate the delicate peace processes and create a dynamic of political accommodation under a new constitution. Lifting sanctions and giving aid to fight poverty and disease would not be a concession to power - but steps towards democracy and prosperity.

What did Myanmar's neighbor top ASEAN leader say?

"Even if you do cause pain in Myanmar through sanctions, you're only causing that to the population, to (the) poor and helpless who are already suffering and miserable. You're not going to succeed in causing pain to the leadership or causing the leadership to seriously sit down and talk about reconciliation and work out arrangements which is going to work for Myanmar because regime change sounds good as a slogan but I don't think it's that good as a policy. It's been tried in Iraq and nobody wants to have an Iraq in Southeast Asia." (In an interview with CNBC)
"'Not only will they not work, but they will be counterproductive, noting that the only place where sanctions worked was in South Africa because the people supported the action and even there it took 10 years for the government to change", said Singapore's Prime Minister Lee Hsien Loong.

Carrot-and-Stick Approach !

The only way to get the reform in Myanmar is for a coordinated, carrot-and-stick approach to be used on Myanmar by all the influential stakeholders. The European Union also said "EU backs a "carrot and stick" approach towards Myanmar. Since 1996, so far, the US and EU have given Myanmar stick after stick rather than carrots. If they believe that punishment is to improve, isn't worthy to reward on Myanmar, with little ignorance on something bad, to make progressive move? Even the bad boys love the praise.

What will our Activists say?
Dr. Lun Swe :
Sayama May Nyein :
Ko lu maw :
Ko Sher Shay :
Ko Nay nat nwe :
Ko Niknayman:
Ko Maung dine :
Ko sone si yar :
Ma Kyal sin kyaw :
Ko Soe Htet (Dr.):
Ko Toe htet ( Fair comment maker) :
Ko Padauk myay :
Ko Zaw myo :
Ko Min chin:
Ko Maung suu san :
Ko opposite eyes:

( Don't hesitate to make comment although you are not listed in, I believe this blog granted us freedom to think.This is posted in comment section of koshershay, kopdaukmyay and konaymyo's blog!)

Khin said...

အော် အပြင်ဘက်ကလူတွေ

ဘယ်သူတွေ ဘာတွေပြောပြော ဘာတွေလုပ်နေနေ

နိုင်ငံထံက လူထုကတော့ လက်တွေ့ သမားတွေပါဘဲ

ဒို့ ဗမာတွေညံ့တယ်များမထင်ကြပါနဲ့ 