Sunday, April 13, 2008

သံဃာတွေ နိုင်ငံရေးလုပ်ချင်းမှ ကင်းရှင်းပါစေ


ဒီမိုသတင်းဌာနတွေဟာ Brainwash လုပ်နေပါတယ်လို့ နာမည်ကြီးနေချိန်မှာတော့ သံဃာတွေဟာ သတင်းဌာနတွေကို မျက်ကန်းယုံကြည်နေပါတယ်

တချိန်တုံးက ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာမို့ ထောက်ခံရမယ်ဆိုပြီး နိုင်ငံရေးသမားတွေက မဲဆွယ်ခဲ့ကျပါတယ်။ အခုတော့ ဒီမိုကရေစီဘလော့တွေမှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ အကြောင်းကို မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်စွာ ပြောဆိုချက်တွေဟာ အရင်လို နအဖကိုပဲ အရေမရ အဖတ်မရ အတင်းပြောနေတာ မဟုတ်ပဲ သူတို့လုပ်ကိုင်ပုံတွေကို မေးခွန်းထုတ်လာလို့ဖြစ်ပါတယ်။ အဲဒီတော့ မူကပြောင်းလာပါပြီ။ သူတို့ကို မေးခွန်းထုတ်တဲ့သူတွေကို ဘန်းပါတယ်။ သူတို့အမြင်ကို ဆန့်ကျင်နေတဲ့ အိပ်ဖွင့်ပေးစာတွေကို သူတို့ ဘလော့မှာ မတင်ပေးတော့ပါဘူး။ သူတို့ဒီမိုကရေစီနိုင်ငံရေးသမားတွေရဲ့ လုပ်ကိုင်ပုံကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူတွေရဲ့ ဘလော့တွေကို Link လုပ်မပေးကျပါဘူး။ အခုနောက်ဆုံးအသုံးပြုနေတဲ့ အကြောင်းပြချက်ကတော့ နအဖက တိုင်းပြည်ဆင်းရဲအောင်လုပ်တာ ကြောင့်တဲ့ ဒီမိုကရေစီ တောင်းသင့်တယ်ဆိုပဲ။

ဒီမိုကရေစီသမားတွေ အားကျိုးမာန်တက် စီးပွားရေးပိတ်ဆို့နေတာ အလကားမဟုတ်ပါဘူး။ ပြည်သူတွေ ဆင်းရဲသထက် ဆင်းရဲအောင် လုပ်ပြီး နအဖ အုပ်ချုပ်တဲ့အတွက် ဒီလိုဖြစ်နေတယ်လို့ လက်ညိုးထိုးဖို့ဖြစ်ပါတယ်။ ဒီနေ့ မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံမှာ အနိဌာရုံတွေဟာ နိုင်ငံရေး နှစ်ဖက်ပြိုင်ဆိုင်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ အခုလိုပြောလို့လည်း နအဖဟာ မှန်မှန်ကန်ကန် အုပ်ချုပ်နေတယ်လို့ မဆုံးဖြတ်စေချင်ပါ။ စစ်ဗိုလ်လူတန်းစားတွေကိုပဲ ရာထူး အခွင့်အရေးတွေပေးနေတဲ့ နအဖကို ထောက်ခံဖို့စည်ုးရုံးတယ်လဲ မထင်ပါနဲ့။ ပြည်သူတွေဆီကနေ အခွန်တွေကို နေ့စဉ်နဲ့အမျှ တိုးမြှင့်ကောက်ခံနေတဲ့ စစ်အစိုးရကို ထောက်ခံချင်စိတ်ဝင်လာရင် မှားသွားပါမယ်။ ပြည်သူ့ပိုက်ဆံနဲ့ တံတားတွေဆောက်ပြီး ပြည်သူအသုံးပြုဖို့ကျတော့ ပိုက်ဆံကောက်နေတဲ့ ဦးသန်းရွှေလုပ်ရပ်ကို သင်ဟာ ထောက်ခံနေတယ်ဆိုရင်တော့ ကျပ်မပြည့်သူပဲဖြစ်ပါတယ်။

ထိုင်းမှာဖြစ်ခဲ့တဲ့ ပြဿနာ ဘယ်လောက် ရင်နာဖို့ကောင်းလဲ? နအဖ နံပါတ်(၁) တရားခံလို့ ယူဆပါတယ်။ စီးပွားရေးပိတ်ဆို့ထားသည် ဖြစ်ပါစေ ပြည်သူတွေ အခုလောက်အထိ အခြေအနေ မဆိုးသင့်ပါဘူးဗျာ။ ဒီမိုကရေစီသမားတွေနဲ့ ပြည်သူတွေမှာလည်း တာဝန် အများကြီးရှိပါတယ်။ (ပြည်သူတွေဟာ မိမိတို့ ပြည်သူ့တာဝန်ကျေဖို့ထက် နှစ်လုံးထီထိုးပြီး လဒ်စားကြီးပွားသူတွေ၊ ဘိန်းသမားတွေကို မြေတောင်မြှောက် ပေးနေတာတွေ လုပ်နေပါတယ်။) ရွံဖို့ကောင်းတာ တစ်ခုကတော့ ကျနော်တို့ မြန်မာလူမျိုးအလောင်းတွေပြပြီး ဒီမိုကရေစီ သမားတွေ နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ မသာလောင်းနဲ့ အကျိုးအမြတ်ရအောင် လုပ်တယ်ဆိုတော့ တကယ်စင်စစ် နိုင်ငံရေးသမားတွေဟာ အကြီးစား သုဘရာဇာတွေပဲဗျ။ ဘယ်လိုပဲဖြစ်ဖြစ် သံဃာတွေ နိုင်ငံရေးမှာ မပါဖို့ တားမြစ်ခြင်ပါတယ်။


ဒီမိုသံဃာတွေ၊ နအဖသံဃာတွေ မရှိသင့်ပါ

သံဃာတွေကိုအားလုံး နိုင်ငံရေးနဲ့လုံးဝ မပတ်သက်ပါနဲ့လို့ တင်လျှောက်လိုပါတယ်ဘုရား။ နအဖ ဘက်ကပဲဖြစ်ဖြစ်၊ ဒီမိုကရေစီဘက်ကပဲ ဖြစ်ဖြစ် မထောက်ခံပါနဲ့။ နိုင်ငံရေးလုပ်ချင်ရင် လူဝတ်လဲပါ။ လူဝတ်လဲပြီးရင် လူတွေလို ပြုမှုနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ဒါကာတွေ ချွေးနဲစာနဲ့ ကပ်နေတဲ့ ဆွမ်းကို လိမ်ညာစားနေသလိုဖြစ်နေပါတယ်။ နိုင်ငံရေးဆိုတာ သံဃာတွေနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သီရိလင်္ကာဘုန်းကြီးပါတီထောင်တာကို အားမကျပါနဲ့။ တကယ်အတုယူရမှာက နိုင်ငံရေးဘုန်းကြီးကို မဟုတ်ဘူး။ ရဟန္တာမထေကြီးတွေဖြစ်တဲ့ မိုးကုတ်ဆရာတော်နဲ့ လယ်တီဆရာတော်ကြီးတို့ကို စံနမူနာယူသင့်ပါတယ်။ မြန်မာပြည်မှာ သာမညတောင် ဆရာတော်ကြီးလို မေတ္တာတရားကြီးတဲ့ ဆရာတော်ကြီးကိုလဲ အတုယူလို့ရပါတယ်။ နိုင်ငံရေးဆိုတာ အောက်တန်းစားတွေ ဖက်ခွက်စားတွေ အတွက်ပဲဖြစ်ပါတယ်။ သာသနာကို စောင့်ရှောက်နေတဲ့ သံဃာတွောတွေဟာ မြင့်မြတ်လွန်းပါတယ်။ သံဃာတွေ နိုင်ငံရေးလုပ်တာ မစင်တွင်းထဲ ခုန်ချသလို ဖြစ်နေပါတယ်။

ဝမ်းနည်းဖို့ကောင်းတာ တချို့ဘုန်းကြီးတွေဟာ နအဖ ပေးကမ်းလှူဒါန်းတာတွေမှာ သာယာနေပြီး နအဖ လုပ်ရပ်တွေကို ချီးကျူး၊ ချီးမွမ်းတွေ လုပ်နေပါတယ်။ အဲဒါတွေ မဖြစ်သင့်ပါ။ (မိမိ သံဃာတွေကို ဆန္ဒပြမထွက်ဖို့တားမြစ်တဲ့ ဆရာတော်ကြီးတွေ လုပ်ရပ်ကတော့ နအဖ ထောက်ခံတယ်လို့ မသတ်မှတ်ပါ။ မလုပ်သင့်တာကို တားမြစ်တာမို့ သာသနာကို စောင့်ရှောက်နေသည့် ဆရာတော်ကြီးများအဖြစ် မြင်သင့်ပါတယ်) နအဖသည် ဒီမိုကရေစီနိုင်ငံ အစိုးရတွေလို ပြည်သူတွေအပေါ်မှာ မရက်စက်ဘူး။ ဒါပေမယ့် နေ့စဉ်အခွန်တွေ တိုးကောက်၊ ပြည်သူတွေကြပ်တည်း နေတာကို တစက်လေးမှ ဂရုမစိုက်ပဲ လျစ်လျူရှုနေတာ အစိုးရကောင်း တစ်ခုရဲ့အပြုအမူမဟုတ်ပါ။ အရေးမပါတဲ့ တိရိစ္ဆာန်ရုံကို ငတ်ပြတ်နေတဲ့ ပြည်သူတွေပိုက်ဆံနဲ့ ဆောက်ခဲ့ပါတယ်။ မုံန်းဖို့အကောင်းဆုံးကတော့ တခြားအစိုးရတွေရဲ့ အခွန်ကောက်နည်းတွေကို လေ့လာတယ် လိုက်လုပ်တယ်။ ဒါပေမယ့် တခြားအစိုးရတွေ ပြည်သူတွေအတွက် သက်သာချောင်ချိရေး လုပ်တာတွေကျတော့ အတုမခိုးတော့ဘူးဗျာ။ နအဖဟာ မင်းဆိုးမင်းညစ်ဖြစ်ပါတယ်။ ဒါကြောင့် နအဖကို သံဃာတွေ မထောက်ခံသင့်ပါဘူး။

ဒီမိုဘုံန်းဘုန်းတွေလဲ အလိမ်ခံထားရတယ်လို့ ပြောချင်ပါတယ်။ ဒေါ်ကော်ပီစုကြည်က နိုင်ငံရေးဆိုတာ နေ့စဉ်တဒူဝ ကိစ္စလည်းနိုင်ငံရေးပဲ၊ ကားစီး၊ ဈေးဝယ်တာက အစ နိုင်ငံရေးဆိုပြီး ပြောဆိုတာမျိုးလုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးကို နေ့စဉ်လုပ်နေတဲ့ အလုပ်တွေလို့ ရောပြီးပြောနေတဲ့ကိစ္စဟာ လိုရာဆွဲပြောထားတာ ဖြစ်ပါတယ်။ အဲလိုပြောကျစတမ်းဆိုရင် အားကစားသမားကလဲ အဲလိုပဲ ဆွဲပြီးပြောလို့ ရပါတယ်။ ထမင်းစား၊ ရေသောက်တာက အစ အားကစားနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီရရှိရေး နဲ့ နအဖ အဏာတည်မြဲရေးအတွက် လုပ်ပေးတာကိုပဲ နိုင်ငံရေးလို့ပြောလို့ရပါတယ်။ ဒီထက်ပိုပြီးဆွဲဆန့်လို့ မရပါဘူး။ အခုဒီမိုဘုံန်းဘုံန်းတွေဟာ ဘာသာရေးအတွက်လိုလို၊ ပြည်သူအတွက်လိုလိုနဲ့ ဘာအတွက်မှန်းမသိပဲ လုပ်နေပါတယ်။ ဒီမိုကရေစီဆိုတာဘာလဲလို့ ဘုန်းဘုန်းတွေ မသိပါဘူး။ သူတို့က BBC, DVB, RFA, CNN, FOX တို့က ၀ါဒမှိုင်းတိုက်ထားတဲ့ သတင်းတွေက အကြောင်းအရာတွေကို တကယ်ထင်ပြီး စာတွေလျှောက်ရေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုံန်းကြီးတွေဟာ စေတနာမှန်ပေမယ့် လုပ်ရပ်ဟာလုံးဝ မှားနေပါတယ်။ သာသနာကိုလဲ ထိခိုက်စေပါတယ်။ သာသာနာပျက်စေမယ့် လုပ်ရပ်ဖို့ နိုင်ငံရေးလုပ်ချင်းကို ချက်ချင်းရပ်သင့်ပါတယ်။

နောက်တစ်ခုပြောချင်တာ စက်တင်ဘာအရေးအခင်း ဆန္ဒပြပွဲမှာ ဘုံန်းကြီးတွေကို ရိုက်နှက်တဲ့ အကြောင်းပါ။ အားမနာတမ်းပြောပါမယ်။ နားနဲ့ မနာ ဖ၀ါးနဲ့နာပါ။ ဘုန်းကြီးဟာ လူတွေလုပ်တဲ့ အလုပ်ကို လုပ်နေလို့ ရဲတွေက လူတွေလို သဘောထားရမှာဖြစ်ပါတယ်။ ဒီတော့ လူတွေကို ရိုက်သလို ဘုန်းကြီး တွေကိုလဲ ရိုက် ပါတယ်။ ရိုက်နှက်တဲ့ ရဲတွေမှာ အပြစ်မရှိပါ။ ရိုက်နှက်တဲ့ နအဖမှာလဲ အပြစ်မရှိပါ။ နအဖဟာ သူ့အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးဖို့ ကြိုးစားလာတဲ့ သူတွေကို ပြန်လည်တိုက်ခိုက်ရမှာ ဓမ္မတာဖြစ်ပါတယ်။ ဘုန်းကြီးတွေ အပြုအမူမှားလို့ အခုလိုဖြစ်ရတယ်လို့မြင်ပါတယ်။ လူတွေလို အရိုက်မခံချင်ရင် လူတွေလို မလုပ်နဲ့ပေါ့။

ဘုန်းကြီးတွေအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မကြည့်ရက်လို့ ဆန္ဒပြတာမျိုးကို အပြစ်မတင်ထိုက်ပါဘူး။ မေတ္တာနဲ့ စေတနာပေါ်မှာ အရင်းခံပြီး ပြုမူချက်ဖြစ်နေလို့ပါ။ တကယ်လို့ ဘုံန်းကြီးတွေသာ နိုင်ငံရေးနဲ့ မဟုတ်ပဲ လူထုအကျိုးအတွက်ပဲ လုပ်ခဲ့တာဆိုရင် ဒေါ်ကော်ပီစုကြည် အိမ်ဘက် ချီတက်ခဲ့မှာ မဟုတ်ပါဘူး။ အားမနာတမ်းပြောရရင် ရဲတွေ သင်္ကန်းအားနာပြီး ဘာမှ မလုပ်ဘူးဆိုတာ ထင်မြင်ထားလို့ အခွင့်အရေးယူခဲ့တဲ့ သဘောမျိုး လည်းပါနေတယ်။ ရဲတွေဟာ ဘုန်းကြီးတွေကို လူစုခွဲဖို့ ဆွေးနွေးခဲ့ကျပါတယ်။ ဒါပေမယ့် ဘုန်းကြီးတွေဟာ“ဆန္ဒပြတယ်ဆိုတာ ငါတို့ အခွင့်အရေး၊ ငါတို့ကို ဘာမှလာမပြောနဲ့ ၊ မင်းတို့အလုပ် ငါတို့ ဂရုမစိုက်ဘူး” ဆိုတဲ့ အပြုအမူဆန်ဆန်နဲ့ လူစုခွဲဖို့ငြင်းဆန်ခဲ့ကျပါတယ်။ နောက်ဆုံးမတတ်သာတော့မှ လုံထိမ်းတွေက လူစုခွဲခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကျတော့ ဘုံန်းကြီးကို လုံထိမ်းရိုက်တယ်ဖြစ်ပါလေရာ။ ဒီတော့ အရိုက်ခံရတဲ့ဘုန်းကြီးရော၊ ရိုက်တဲ့ လုံထိမ်းရော နှစဖက်စလုံး သိက္ခာတွေကျ၊ ငရဲတွေရကုန်ပါတယ်။ တကယ်ဆိုရင် “အေးကွယ်၊ သူတို့တွေမှာ အမိန့်အရ လုပ်ကိုင်ဖို့ တာဝန်ရှိတာပဲ သူတို့တွေကို ငရဲမပေးသင့်ပါဘူးလေ” ဆိုပြီး လူစုအသာတကြည်ခွဲပေးရမှာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ ဘုန်းကြီးတွေဟာ မိမိတို့ တဖက်တည်းသာ ကြည့်ပြီးလုပ်ပုံတဲ့အတွက် လုံးဝ ပြစ်တင်ရှုံ့ချပါတယ်။ ဘုံန်းကြီးတွေအနေမမှန်လို့ အခုလိုဖြစ်ရတာမို့ နောင်မှာ အခုလိုအမှားမျိုး ထပ်မဖြစ်ရအောင် ဘုန်းကြီးတွေ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေသင့်ပါတယ်။ (ဘုံန်းကြီးကျောင်းဝင်စီးတဲ့ကိစ္စ ဘုံန်းကြီးအလောင်းဗီဒီယိုအတု တွေကို ကျနော်တို့ ဆွေးနွေးခဲ့ဖူးပါတယ်။)





ဒီမိုသတင်းမီဒီယာတွေဟာ Brainwash လုပ်လို့သာ အားလုံးကောင်းနေတယ်လို့ ထင်နေတာဖြစ်ပါတယ်

သံဃာကျေးဇူးသိဖို့လိုသည်

လူတွေဟာ မြန်မာပြည်မှာ သံဃာတွေရှိနေခြင်းရဲ့ တန်ဖို့းကို မသိကျပါဘူး။ တချို့ဆိုရင် သံဃာတွေဟာ တိုင်းပြည်ရဲ့ ၀န်ထုတ်ဝန်ပိုးကြီးသဖွယ် ပြောဆိုနေကျပါတယ်။ အဲဒီစကားဟာ အတွေးအခေါ်နည်းသူတွေရဲ့ စကားသာဖြစ်ပါတယ်။ သတင်းတွေနားထောင်ရင် ကျနော်တို့ မြန်မာပြည်မှာပဲ စုတ်ပြတ်သတ်နေတယ်လို့ ထင်လို့ရပါတယ်။ DVB သတင်းမှာ မြန်မာပြည် ကွမ်းယာဆိုင်မှာ ဆေးခြောက်တွေဝယ်လို့ရတဲ့အကြောင်း ထပ်ခါ ထပ်ခါ ပြောနေပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာတော့ ကွမ်းယာဆိုင်တောင် သွားစရာ မလိုဘူး။ လမ်းဘေးမှာ မူးယစ်ဆေးဝါး ၀ယ်လို့ ရပါတယ်။ Toronto မြို့မှာ ပျမ်းမျှ တစ်လ တစ်ကြိမ်နည်းပါး သေနတ်နဲ့ ပြစ်သတ်မှုတွေရှိနေပါတယ်။ (ဒီမှာ သေနတ်ကိုင်ခွင့်မရှိပါဘူး)ကနေဒါဆိုတာ သန်း၃၀ ပဲလူဦးရေရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ အင်းယားလမ်းသတ်ဖြတ်တာကို အထူးတဆန်း သတင်းဖြစ်နေပါတယ်။ နအဖ ဆန္ဒပြသူတွေကို သတ်ဖြတ်တဲ့အကြောင်း သတင်းတွေမှာ ထပ်ခါထပ်ခါ ပြောနေကျပါတယ်။ ဒီဘက်မှာ 9/11 သတ်ဖြတ်မှုကို သတင်းတွေမှာ ထုတ်ဖေါ်ပြောကြားခွင့် မရပါ။ လူအခွင့်အရေး ကြော်ငြာစာတမ်းတွေလဲ မတွေ့ရပါ။ ဒါဆိုရင် သတင်းတွေရဲ့ လုပ်ဆောင်ချက်ကို ရိပ်မိလောက်ပြီထင်ပါတယ်။

အမေရိကန်နဲ့ ကနေဒါက လူတွေဟာ စိတ်ရောဂါမျိုးမျိုးခံစားနေရပါတယ်။ အမေရိကန်မှာဆိုရင် စိတ်ရောဂါဟာ တခြားရောဂါတွေထက် ပိုမိုများပြားနေပါတယ်။ အဖြူတွေကို ကြည့်လိုက်ရင်တော့ ၀တ်ကောင်း စားကောင်းတွေ ၀တ်ပြီးလူတွေ့ရင် ပြုံးနေတာပဲ။ ဒါပေမယ့် ရင်ထဲမှာတော့ သောကတွေ အပြည့်နဲ့ပါ။ ( အဖြူတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ သူတို့ အခက်အခဲကို တင်ပြတဲ့သဘောပါ။ ဒီနေ့ ၀ိပဿနာ ရေပန်းစားလာတာ အဲဒါကြောင့်ဖြစ်ပါတယ်) ဒါကြောင့် စိတ်ဆရာဝန်တွေဟာ ၀င်ငွေအမြင့်ဆုံးထဲမှာ ပါဝင်နေပါတယ်။ လူတွေဟာ စိတ်မချမ်းသာမှုတွေ၊ သောကတွေများလွန်းလို့ စိတ်ဆရာဝန်နဲ့တွေ့။ ဆေးတွေစားနဲ့ အသက်ရှင်နေရတာ ဖြစ်ပါတယ်။ စိတ်ဆရာဝန်တွေဟာ အနည်းဆုံးတစ်ခါပြရင် ဒေါ်လာ နှစ်ရာ ကနေ နှစ်ထောင်အထိ ပေးရပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ လူတွေဟာ အဲလောက် သောကမများပါဘူး။ ဘာကြောင့်လဲဆိုရင် တရားဓမ္မရှိနေလို့ပါ။ တရားဓမ္မဟာ သောကမီးတွေကို ကုစားရာမှာ ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။ တရားဓမ္မတွေရှိနေတာ သာသနာစောင့်ရှောက်တဲ့ သဃာံများကြောင့်ဖြစ်ပါတယ်။ တကယ်လို့ သံဃာတွေ မရှိခဲ့ရင် တရားဓမ္မလည်းရှိမည် မဟုတ်ပါ။ တရားမရှိရင် လူတွေဟာ လောကဒဏ်ကို ခံနိုင်ရည်မရှိပဲ သောကတွေနဲ့ ပြည့်နှက်နေပါမည်။ သောကပြည့်နှက်နေတဲ့သူတွေဟာ သူတပါးရဲ့ အသက်အန္တရယ်ကို ဒုက္ခပေးနိုင်သလို မိမိကိုယ်ကိုလည်း သေကြောင်းကြံနိုင်ပါတယ်။ ဒါကြောင့် အခုလို စီးပွားရေး ဆိုးရွားနေတဲ့အခြေအနေမှာ သံဃာတွေ မရှိပါက မတွေးဝံ့စရာပါ။ ကျနော်တို့ တိုင်းပြည်ကြီး အစိပ်စိပ်အမွှာမွှာလည်းဖြစ်နေလောက်ပါပြီ။ ဒါကြောင့် သံဃာတော်တွေကို မစော်ကားပါနဲ့။ သံဃာကယ်တင်လို့ ကျနော်တို့ တိုင်းပြည်အခုလောက်အခြေအနေ ကောင်းနေတာဖြစ်ပါတယ်။ ကျေးဇူးကြီးလှပါတယ်။ ဘုရား၊ တရား ၊ သံဃာသည် တန်းတူသာဖြစ်ပါသည်။ သံဃာတော် အပေါင်းကို ရိုသေရှိခိုးလိုက်ပါသည် ဘုရား။

မြန်မာပြည်ကို သိပ်ချစ်တဲ့
တောသားနှစ်ယောက်


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

5 comments:

Unknown said...

ငါညီတို့က မြင့်မြတ်ပြီး အသိညာဏ်မြင့်မားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မယ်ထင်တယ်။ အခုဒီမိုဘုံန်းဘုံန်းတွေဟာ ဘာသာရေးအတွက်လိုလို၊ ပြည်သူအတွက်လိုလိုနဲ့ ဘာအတွက်မှန်းမသိပဲ လုပ်နေပါတယ်။ ဒီမိုကရေစီဆိုတာဘာလဲလို့ ဘုန်းဘုန်းတွေ မသိပါဘူး။ သူတို့က BBC, DVB, RFA, CNN, FOX တို့က ၀ါဒမှိုင်းတိုက်ထားတဲ့ သတင်းတွေက အကြောင်းအရာတွေကို တကယ်ထင်ပြီး စာတွေလျှောက်ရေးနေတာ ဖြစ်ပါတယ် လို့ ရေးနေပါလား။ မင်းတို့က လူတော်တွေကိုးကွ။ ဘုန်းကြီးတွေက ဘာမှ အသိညာဏ်မရှိတဲ့လူတွေပေါ့။ဟုတ်လား။ မင်းတို့က လူသိ လူတတ်တွေပေါ့နော်။ ဂုဏ်ယူပါတယ်ကွာ။ တတ်သိလွန်းလို့ ဂုဏ်ယူတာပါ။ ဘုန်းကြီးတွေကတော့ နလပိန်းတုန်းတွေပေါ့။ ဆရာတော် ဦးညာဏိဿရလဲ တစ်ချိန်လုံး နအဖရဲ့ လုပ်ဆောင်ချက်တွေကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံဟောနေတာဆိုတော့ သူလဲ ညီလေးတို့ပြောတဲ့ ငတုံး ငအကြီးဘဲ ဖြစ်မှာပေါ့နော်။ ညီလေးတို့က တော်ကြပါပေတယ်။
အခုခေတ်ဟာ နအဖသတင်းစာ လွမ်းမိုးတဲ့ခေတ် မဟုတ်တော့ဘူး ညီလေးတို့။ ကမ္ဘာရွာဖြစ်နေပါပြီ။ ရွာထိပ်က အဖြစ်အပျက်ကို ရွာစွန်က သိနေတဲ့ခေတ်ပါ။ ဘုန်းကြီးတွေကလဲ အရင်လို မဟုတ်တော့ဘူး။ အိုင်တီခေတ်ကို အမှီလိုက်နေကြပြီ။ ဘီဘီစီ တို့ကို အားကိုးနေတဲ့သူတွေ မဟုတ်တော့ဘူး။ ကိုယ့်ကိုကိုယ် သိပ်ပြီး သွေးနထင်ရောက်မနေနဲ့အုံး။

ဘုံန်းကြီးတွေဟာ စေတနာမှန်ပေမယ့် လုပ်ရပ်ဟာလုံးဝ မှားနေပါတယ်။ သာသနာကိုလဲ ထိခိုက်စေပါတယ်လို့ ရေးထားပြန်တယ်။ သာသနာဆိုတာ ဘာလဲဆိုတာကော ညီလေးတို့ သိပါသလား။ သံဃာတော်တွေ အသတ်ဖြတ်ခံရတဲ့အတွက် အိန္ဒိယမှာ သာသနာကွယ်ခဲ့ပြီပါပြီ။ နအဖဟာ တရုတ်နှုင့်ပေါင်းပြီး တရုတ်ပေးတဲ့အကြံအတိုင်း ဘုန်းကြီးတွေကို သတ်ဖြတ်တာတွေမကဘူး။ ဓားတွေ့တယ် ဘာတွေ့တယ်ဆိုပြီး သာသာနာကို အပုပ်ချ စွပ်စွဲလိုက်သေးတယ်။ ကျောင်းတိုက်တွေကိုလဲ သူပုန်တွေကို ၀င်စီးသလို လုပ်သေးတယ်။ မင်းတို့ တောင်ဥက္ကလာရှိ လူတွေကို သွားမေးကြည့်ပါအုံး။ မင်းတို့ဟာ နိုင်ငံခြားမှာနေပြီး ဘာမှမသိဘဲနဲ့ ပြောချင်သလို ပြောနေတာ အပြောမတတ် ဆဲသလို ဆိုတာလို ဖြစ်နေပြီ။ လူမိုက်အားပေးတဲ့ စကားတွေကိုလဲ သွယ်ဝိုက်နည်းနဲ့ ပေးနေတာပဲ။ ဒါလဲ ပိသုဏ၀ါစာထဲမှာ ပါဝင်တယ် ငါ့ညီတို့။

နအဖဟာ သူ့အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးဖို့ ကြိုးစားလာတဲ့ သူတွေကို ပြန်လည်တိုက်ခိုက်ရမှာ ဓမ္မတာဖြစ်ပါတယ်။ ဘုန်းကြီးတွေ အပြုအမူမှားလို့ အခုလိုဖြစ်ရတယ်လို့မြင်ပါတယ်လို့ တောသားနှစ်ယောက်က ပြောပါတယ်။ဆူးလေးဘုရားမှာ တောင်းပန်းနေတဲ့သံဃာတွေကို ဘယ်သူက အရင်စရိုင်းတာလဲ။ မြွေ၊မင်းသားငယ်၊မီး၊ရဟန်းသာမဏေတွေဟာ အဆိပ်ပြင်းတယ်လို့ ဆရာတော်တွေ ဟောတာ ရေးးတာတွေ့ရပါတယ်။ မင်းတို့က ထိုသံဃာတော်တွေကို ရိုက်တာ သတ်တာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တယ်။ ဘုရားကတော့ အဲသလို မဆုံးဖြတ် မဟောပါဘူး။ ရဟန်းတော်တွေ ဟောတာကိုလဲ မကြားဘူးပါဘူး။ မင်းတို့ဟာ ဘုရားရဲ့ဆရာကြီးလို့ ထင်ပါတယ်။ ဟုတ်ပါသလား။

သံဃာတော်တွေကို မစော်ကားပါနဲ့ တဲ့။ လူကို ခြေထောင်နှင့် မထနိုင်အောင် ကန်ပြီးမှ ဆောရီးဘဲဆိုတာလိုပါဘဲ။ တယ်တတ်နိုင်ကြတာပဲ။ သံဃာတော်များနဲ့ ပတ်သက်ပြီး ဆင်ဆင်ခြင်ခြင် ရေးသားနိုင်ရန် စေတနာဖြင့် ပြောရခြင်းဖြစ်ပါကြောင်း။
မကြိုက်ရင်ရင် ကြိုက်သလို ဆဲဆိုနိုင်ပါကြောင်း။

Anonymous said...
This comment has been removed by a blog administrator.
မေငြိမ်း said...

ရှင်တို့က စီဘောက်မထားတော့ ဒီမှာပဲ ၀င်ရေးရတော့တယ်။ မပြောရင်မဖြစ်တော့လို့.. ရှင်တို့ရဲ့ အရည်မရ အဖတ်မရ ကော်မင့်တွေကို ကျမဆီမှာ လာလာမရေးပါနဲ့။ မျက်စေ့ တော်တော် ရှုပ်လာပီ။ ပီးတော့ ကျမအတွက် အကျိုးလည်း မရှိဘူး။ သူများကို အကျိုးရှိစေချင်ရင်တော့ ရှင်တို့ ကိုယ်ပိုင် ဘလော့မှာပဲ ရေးပါ..။ ကျမအသက် ၄၅နှစ်ရှိတော့မယ်.. ရှင်တို့ ပြောလည်း ကိုယ့် ခံယူချက်နဲ့ ကိုယ်ပဲ.. ဒါကြောင့် ဒီမိုကရေစီသမားတွေပီပီ သူတပါး စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုတဲ့ ကိစ္စကို ရပ်တန်းက ရပ်ပါ.. ဒါပါပဲ။
မေငြိမ်း

* In Search of Truth * said...

ဒေါ်မေငြိမ်း ခင်ဗျား . . .

ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ဆန္ဒကို ထုတ်ဖေါ်ခွင့်၊ ဝေဖန်ခွင့်ကို ပေးရပါသည်။ သင်၏ တောင်းဆိုချက်သည် ရှက်ဖွယ်ဖြစ်ပေ၏။ နအဖကို သင်တို့က အာဏာရှင်ဖြစ်သည်ဟု စွပ်စွဲထားသော်လည်း မည်သည့် နအဖ ဘလော့မှ သင်တို့ ဒီမိုဘလော့တွေလို အရှက်မဲ့စွာ ဝေဖန်ခွင့်အား ပိတ်ပင်ခြင်းမရှိပါ။ နအဖဘလော့များ၏ ဆီပုံးများတွင် ဒီမိုသမားများ အောက်တန်းကျစွာ ဆဲဆိုနေသည်ကို သင်ကိုယ်တိုင်သိပါသည်။ (သင်ကိုယ်တိုင်ပင် သင်တို့အဖွဲ့သားများမှ နအဖ လူဟန်ဆောင်ကာ သားမယားသဖွယ် အကြိမ်များစွာ အပြောဆိုခံခဲ့ရပါသည်။) သို့သော် နအဖ ဘလော့များ၏ သဘောထားကြီးမှုကို သင်အနေဖြင့် အတုယူခြင်း မရှိသည့် အတွက် ရှက်ဖွယ်ဖြစ်ပေ၏။ ထို့ကြောင့် ကျနော်တို့တောသား နှစ်ယောက်သည် သင်၏ အရှက်မဲ့သော တောင်းဆိုချက်ကို လိုက်လျောမည်မဟုတ်ပါ။ အမှန်ကို ပွင့်လင်းစွာ ပြောကြားခြင်းအတွက် ခံစားရတယ်ဆိုရင် ခွင့်လွတ်ပေးပါ။ တောသားဆိုသည်မှာ တည့်တည့်ပဲ ပြောတတ်ပါသည်။

တောသားနှစ်ယောက်

Unknown said...

(email ပို့ထားပါသည်။ လိပ်စာလွဲမှာစိုး၍ ကွန်မန့်ရေးလိုက်ပါသည်။ ပို့စ်အဖြစ်တင်ပေးစေချင်ပါသည်။

မောင်ထိုင်း)

ကန့်လန့်ကာတို့၏ နောက်ကွယ်၌



အများသူငှာ Promotion တွေလုပ်ကြတော့ အားကျမခံ လုပ်လာတာတခုရှိပါတယ်။ Political Promotion ပါ။ Business စတိုင်နဲ့ပေါ့။ လုပ်တဲ့သူက US Campaign မှ ကိုအောင်ဒင်ပါ။ Hollywood Stars တွေက တက်တက်ကြွကြွပါဝင် လှုပ်ရှားနေတယ်လို့ မြန်မာမီဒီယာများမှာ ဂုဏ်ယူဝင့်ကြွားစွာဖော်ပြကြပါတယ်။ နောက်မှာက Plan နဲ့ Fund နဲ့ပါ။ ကိုယ့်ထမင်းကိုစားပြီး ဂျီးတော်နွားမကျောင်းကြပါဘူး။ အထူးသဖြင့် US မှာပေါ့ဗျာ။



Mr. Bush က မြန်မာပြည်သူတွေနဲ့အတူ တတန်းတည်းရပ်တည် အားပေးနေတယ် ပြောသော်လည်း တကယ်က ဝေးလှတဲ့ မြန်မာပြည်က အရေးကို စိတ်မ၀င်စားကြပါဘူး။ ဘယ်သူတွေလုပ်နေမှန်းတောင် US ပြည်သူတွေ ကောင်းကောင်းမသိကြဘူးဆိုပါတယ်။ သည့်အတွက်ကြောင့် လှုပ်ရှားသူများက နည်းလမ်းရှာ နေရပါတယ်တဲ့။ "Activists must figure out how to make Americans care about a distant crisis with complex causes involving relatively unknown players." လို့ ဆောင်းပါးရှင် Alex Williams ကပြောပါတယ်။



အခြေအနေအရ မနေသာတော့တဲ့အတွက် စီးပွားရေးလုပ်ငန်းဆန်တဲ့ Brand-Up Plan ကြီး စကြရပါတယ်။ ကိုအောင်ဒင်အဖွဲ့ရဲ့ ပါတနာလည်းဖြစ်၊ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ တည်ထောင်သူ လည်းဖြစ်တဲ့ Jack Healey က “In a certain sense, you have to ‘brand’ it up, it’s the nature of the business now.” လို့ဖွင့်ဟ သွားခဲ့ပါတယ်။ စီးပွားရေးဆန်ဆန်လုပ်ရတာဆိုတော့ အကျိုးအမြတ်ပါ အလေးအနက်စဉ်းစား လာကြပါတယ်။



ငွေရင်းကို ဘယ်သူစိုက်ထုတ်တယ် မသိရပေမယ့် (ဇာတ်လမ်းတိုများ အပါအ၀င်) CD၊ DVD၊ Games များရောင်းချရမှုထဲက ၁၀ ရာခိုင်နှုန်းကိုပဲ ကိုအောင်ဒင်တို့ US Campaign for Burma အဖွဲ့က ရမှာဖြစ်ပါတယ်။ US မှာထောက်ခံလှုဒါန်းမဲ့ မြန်မာပြည်သူနည်းပါးတာလည်း တပိုင်းပါတာကြောင့် အထွေထွေအသုံးစရိတ် ခွင့်ပြုနိုင်စွမ်းကို နာမည်ကျော် ဒါဖာကန်ပိန် ကုန်ကျစရိတ်နှင့် "The campaign’s total budget would “not equal one week of Darfur’s budget." လို့ ယှဉ်ပြသွားခဲ့ပါတယ်။



ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်သမျှလေး အလဟဿမဖြစ်ရအောင် ကိုအောင်ဒင်တို့အဖွဲကလည်း အမြင်ကျယ်ကျယ်ထားပြီး မိမိတို့နဲ့ သဘောညီတဲ့ နာမည်ကျော်များကိုသာ စနစ်တကျ ရွေးချယ်ခဲ့ပါတယ်။ ဓမ္မဓိဌာန်ကျတဲ့ အမြင်တွေပါမလာရအောင်၊ လိုတိုရှင်းနဲ့ သူတို့ပေးထားတဲ့ အချက်အလက်များကိုပဲ ပြောဆိုပြီး စိတ်ဝင်စားမှုရယူနိုင်အောင် စားသုံးကုန်ပစ္စည်း ဈေးကွက်တင်သူတွေလို၊ ထောက်ပံ့ရေးအေဂျင်စီတွေလို Brand-building နည်းဗျူဟာများ သုံးစွဲပြီးရွေးချယ်လုပ်ဆောင်ခဲ့ကြောင်း ဒီလိုပြောပြသွားပါတယ်၊ "The Burma campaign has decided to use some of the same brand-building strategies — simplified narratives, clear-cut imagery and, of course, the most carefully selected celebrities — used by other successful aid agencies, or even consumer-goods marketers"။ နိုင်ငံရေးလည်း ကြော်အောင်ငြာတာနဲ့ မကင်းနိုင်ရှာတော့ပါဘူး။



သူတို့ အဓိကရည်ရွယ်တာကတော့ Celebrities များက တက်တက်ကြွကြွ သံပြိုင်ညီညာနဲ့ ချက်ချင်းအရေးယူလုပ်ဆောင်ပေးရန် ဟစ်ကြွေးကြဖို့ ဖြစ်ပါတယ်။ "All with a chorus of earnest celebrities crying “Urgent!" ပါတဲ့။ ဟစ်ကြွေးချင်ကြအောင်လည်း အကုန်အကျခံထားရပါတယ်။



သို့သော် ခေတ်ပေါ် Promotion ရေစီးကြောင်းထဲမှာ ဘယ်သူတွေ ဘယ်လိုပဲ အောင်မြင်မှုတွေရအောင် လုပ်နိုင်လုပ်နိုင်၊ ကိုယ်လိုရာသရုပ်ဖော်ချက်တွေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ နောက်ဆုံးမှာ US ပြည်သူတွေက စိတ်မ၀င်စားပဲ၊ "that lady in Burma," လို့ပြောနေဆဲဆိုရင်တော့ "then you’ve got nothing" ပါလို့ ပါဝင်လုပ်ဆောင်သူတယောက်က သတိပေးသွားကြောင်းပါ ခင်ဗျာ။




ကန့်လန့်ကာနောက်ကွယ်ကို စာဖတ်သူများ ထွင်းဖောက်မြင်နိုင်ကြပါစေ၊



ပရောဖက်ဆာ ဒေါက်တာ မောင်ထိုင်း



မှတ်ချက်။ လိုအပ်သောအချက်အလက်များကို Alex Williams ၏ NY Times ဆောင်းပါးမှ ရယူပါသည်။