Sunday, December 2, 2007

ခေါင်းဆောင်အသစ်ရှာကျပါ



ဒီမိုကရေစီသမားတွေဟာ အချိန်ပြည့်နအဖကို အတင်းတုတ်တာနဲ့ စိတ်ကူးယဉ်တာကလွဲလို့ လက်တွေ့ကျတဲ့ အလုပ်တွေ ၊ စဉ်းစားတာတွေ အခုထက်ထိ စပြီး မလုပ်ကျသေးပါဘူး။ နအဖကိုပဲ ထိုင်ပြီးအတင်းတုတ်ဟာ တိုင်းပြည်အတွက် မကောင်းဘူးလို့ ကျနော်တို့ အတန်တန်ပြောပါတယ်။ တကယ်တော့ တိုင်းပြည်အတွက်တင်မဟုတ်ပါဘူး။ သူတို့အတွက်လည်း မကောင်းပါဘူး။ သူတို့ ဦးနောက်တွေဟာ အပျက်ပြောရုံပဲ တွေးတောနိုင်ပြီး တကယ်လက်တွေ့ကျတဲ့ လုပ်ဆောင်မှုကို မစဉ်းစားနိုင်ကျတော့ဘူး။ နားလည်လွယ်အောင်ပြောရရင် သူတို့တွေမှာ ကျက်သရေ တုံးသွားတယ်လို့ ပြောရမှာပါ။ မုံန်းလို့ပြောနေတာ မဟုတ်ပါဘူးခင်ဗျာ။ စိတ်ဆိုတာ တကယ်ကို ဆန်းကျယ်ပါတယ်။ ကျနော်တို့နှစ်ယောက် ပြောတာ ဟုတ်မဟုတ် ဒီမိုကရေစီသမားတွေ လုပ်ကိုင်ပုံ သေခြာလေ့လာကြည့်ပါ။ သူတို့ဆီမှာ ဒီမိုကရေစီရရှိရေးအတွက် အကြံပြုနိုင်တဲ့သူ တစ်ယောက်မှ မရှိပါ။


အခြေအနေအမှန်ကိုသိမြင်ပါ

နောက်တစ်ခုကတော့ သတင်းဌာနတွေရဲ့ ဆိုက်ဝါးဆိုးကျိုးလို့ ပြောချင်ပါတယ်။ သတင်းဌာနတွေဟာ နအဖ မကောင်းတာနဲ့ နအဖကို ရှုံးနိမ့်တဲ့ သတင်းတွေကို လိုသလို ဖန်တီးပြီး ရေးသားနေကျပါတယ်။ ကျနော်တို့ မေးကြည့်ပါမယ်။ ရိုးသားစွာဖြေပါ။ သတင်းတွေ နားထောင်တိုင်း စိတ်ထဲမှာ နအဖကို အထင်သေးစိတ်နဲ့အတူ နအဖ ဒုက္ခရောက်တော့မယ် ဆိုတဲ့ အတွေး အစ်ကိုတို့မှာ မဖြစ်ဘူးလား? အနည်းနဲ့ အများဆိုသလို ဖြစ်ကျမှာပါ။ အဲလိုဖြစ်နေတာဟာ မကောင်းပါဘူး။ အမှန်ကို အမှန်အတိုင်းသိတာပဲ ကောင်းပါတယ်။ ဒါမှ မှန်ကန်တဲ့ တုံ့ပြန်မှုကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ တနည်းပြောရရင် မျက်ကန်းတစ်ယောက်လို မဖြစ်ဖို့ပါ။ တကယ်တော့ နအဖ ဟာ အင်မတန် အင်အားရှိတဲ့ အဖွဲ့အစည်းပါ။ သူတို့ ညံ့တာ စီးပွားရေးစီမံပုံပါပဲ။ အာဏာတည်မြဲရေးမှာ အင်မတန်ကို တော်ပါတယ်။ နအဖ ဒုက္ခမရောက်ပါဘူး။ အင်အားလဲ အရမ်းကို ကြီးမားလာပါတယ်။

လူထုဆန္ဒပြပွဲ ဖြစ်ပေါ်လာတာ ဘယ်သူ့လက်ချက်လဲ? နအဖမလက်ချက်လားလို့ နည်းနည်းလေး သံသယရှိပါတယ်။ အထောက်အထားတော့ မရှိပါဘူး။ သံသယဖြစ်ရုံသက်သက်ပါ။ သေချာတာကတော့ ဒီမိုကရေစီအဖွဲ့တွေဟာ အရင်းပြုတ်သွားတယ် ဆိုတာပါပဲ။ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တွေလည်း ထောင်ထဲမှာ ဆွဲထည့်ခံထားရပါပြီ။ အဲဒါနအဖ သူလုပ်နိုင်တာကို လက်စွမ်းပြလိုက်တာပဲ။ ဒီမိုကရေစီရဖို့ နီးလာပြီဆိုတာ ဘယ်နေရာကိုကြည့်ပြောတာလဲ? အဲဒါတွေဟာ စိတ်ကူးယဉ်ပြီး အရည်မရ အဖတ်မရ လျောက်ပြောနေတာ သေချာပါတယ်။ နအဖ ဒီအဆင့်မှာ ရပ်သွားမယ်ထင်နေလား? ကျနော်ကတော့ မထင်ဘူးဗျ။ နအဖဟာ အင်မတန် နိုင်ငံရေးကစားကွက် တော်ပါတယ်။ နောက်တလှမ်း ရှေ့တိုးလာနိုင်ပါတယ်။ အဲဒါက ဘာလဲဆိုရင် NLD ပါတီကို ဖျက်သိမ်းပြစ်နိုင်ပါတယ်။ နအဖ မလုပ်နိုင်ဘူးမထင်ပါနဲ့။ သူမှာ လုပ်နိုင်တဲ့ အစွမ်းအစရှိပါတယ်။ လက်တွေ့ကျကျ စဉ်းစားပါ။ ဘယ်သူက သူ့လုပ်ရပ်ကို ဆန့်ကျင်နိုင်မှာ မို့လဲ? အဲလိုလုပ်ရင် အမေရိကန် ၀င်လာမယ် မထင်ပါနဲ့။ တကယ်လက်တွေ့ ၀င်လို့မရပါ။ ကုလသမဂ္ဂ ကူညီနိုင်မယ် မထင်ပါနဲ့။ ကုလမဂ္ဂဟာ ဥပဒေအရ ပြည်တွင်းရေး ကိစ္စကို ပါးစပ်နဲ့ပဲ ပြောခွင့်ရှိပါတယ်။ တိုင်းပြည်တစ်ခုနဲ့ တစ်ခု ဖြစ်လာတဲ့ ပြဿနာကိုပဲ ကုလသမဂ္ဂ၀င်လို့ ရပါတယ်။ ဥပမာ ကူဝိတ် နဲ့ အီရတ် ကိတ်စ။ တရုပ်အနေနဲ့ စီးပွားရေး အင်အားကြီးလာသလို အနီးဆုံးမိတ်ဆွေ နအဖကိုလည်း နောက်ကွယ်ကနေ အထောက်အပံ့တွေပေးမှာပါ။ လူထုက အသေခံပြီး ဆန္ဒပြမယ်လို့ အိပ်မက် မမက်ပါနဲ့။ ဘယ်သူမှ လုပ်မှာ မဟုတ်ပါ။ သေချာစဉ်းစားကြည့်ပါ။ နအဖကို ဒဏ်ခတ်တာဟာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ စီးပွားရေး အခုထက်ပိုပြီး ဘယ်လိုပိတ်ဆို့နိုင်မလဲ?


မညီမညွတ်တဲ့ ဒီမိုကရေစီသမားများ

ဒီမိုကရေစီအဖွဲတွေ မှိုလိုပေါနေတာကို ဘာပြောလဲဆိုရင် နအဖကို ဘက်ပေါင်းစုံက ဆန့်ကျင်နေတာတဲ့ဗျ။ ကျနော်တို့နှစ်ယောက်ကတော့ အဲလိုမထင်ပါဘူး။ ခေါင်းဆောင် လုပ်ချင်သူတွေများလို့ အဖွဲ့တွေ များနေတယ်လို့ ထင်ပါတယ်။ အဏာရူးတဲ့ လက္ခဏာပေါ့ဗျာ။ (ပိုက်ဆံလိုချင်လို့ ထောင်ထားတဲ့ အဖွဲ့တွေတော့ စာရင်းထဲမှာ မထည့်တော့ပါဘူး။ ) တချို့က ပြောတယ် သူတို့နည်း သူတို့ဟန်နဲ့ နအဖကို ဆန့်ကျင်နေတာပဲ ကိစ္စမရှိပါတဲ့။ ကျနော်တို့အမြင် အဲဒီစကားဟာ အရမ်းကို ဥာဏ်နည်းလွန်းလို့ပြောတယ်လို့ ယူဆပါတယ်။ လက်တွေ့ကျကျ တွေးကြည့်ပါ။ မိမိလမ်းစဉ်သည်သာ အကောင်းဆုံးဆိုပြီး လုပ်နေကျတော့ ဘာမှ မထိရောက်ပဲ ဖြစ်ကုန်ပါတယ်။ ထင်ရှားတဲ့ ဥပမာပေးရမယ်ဆိုရင် ABSDF ဟာ လက်နက်ကိုင် တော်လှန်ရေးလုပ်ပါတယ်။ NLD က လက်နက်မကိုင်ပဲ ဆန့်ကျင်ပါတယ်။ ဒီနှစ်ခုရဲ့ လမ်းစဉ်ဟာ လုံးဝ ဆန့်ကျင်နေပါတယ်။ NLD လမ်းစဉ်လည်း အားနည်းသွားစေသလို ABSDF လည်း စစ်လက်နက်နဲ့ လူအင်အားရရှိရေးမှာ ထိခိုက်သွားပါတယ်။ နောက်မြင်သာတဲ့ ဥပမာပေးရမယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုကို တင်ပြတယ်ဆိုပါဆို့။ တကယ်တမ်းအားလုံး ညီညီညွတ်ညွတ် လုပ်ရင် အင်အားပိုများတဲ့အတွက် ထိထိရောက်ရောက် ဖြစ်နိုင်ပါတယ်။ သံရုံးရှေ့ဆန္ဒသွားပြတာတောင် လူဆယ်ယောက် မပြည့်ကျပါဘူး။ စဉ်းစားပါဦး(စီးပွားရေးပိတ်ဆို့တာကို သဘောတူလို့ ပြောတာ မဟုတ်ပါ။ ခေါင်းထဲပေါ်လာတဲ့ ဥပမာ အလွယ်တကူရှာမတွေ့လို့ပါခင်ဗျာ)


ခေါင်းဆောင်မရှိပဲဖြစ်မလား?

အထက်က တင်ပြခဲ့သလိုပဲ အဖွဲ့တွေ မှိုလိုပေါနေတာကို မှန်ကန်တယ်လို့ မထင်ပါဘူး။ အဖွဲ့များတော့ စိတ်တွေများပြီး ဘာမှ ထိရောက်မှုမရှိပဲ နအဖကို ပန်းနဲ့ပေါက်တဲ့အဆင့် ဖြစ်ကုန်ရော မဟုတ်လား? ဒေါ်အောင်ဆန်းစုကြည်ကို မဟာဗျူဟာအရ အားထားလို့ မဖြစ်ပါဘူး။ စွန့်ပယ်လို့လဲ မရပါဘူး။ သူဟာ ပြည်တွင်းမှာနေမှ ပြည်သူတွေနိုင်ငံရေးအသိ နိုးကြားနေမှာဖြစ်ပါတယ်။ သူကို ပြည်တွင်းမှာ စတေးရမှာပါ။ (ကျနော်တို့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ မဟုတ်ပါ။ ပြောသင့် ပြောထိုက်လို့သာ ပြောနေခြင်း ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းမုံန်းပါတယ်ခင်ဗျာ) အဲလိုပြည်တွင်းမှာ နေရတဲ့အတွက် သူတို့တွေဟာ နအဖဖမ်းဆီးချင်းကို ခံရပါတယ်။ လွတ်လာရင်လဲ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ ပြည်တွင်းမှာပဲ ဆက်လက်နေရမှာဖြစ်ပါတယ်။

ဒီတော့ ခေါင်းဆောင်မရှိပဲ အောင်မြင်အောင်လုပ်ဖို့ဆိုတာ ဖြစ်နိုင်လား? နအဖဟာ အရင်ကထက် ပိုပြီး အင်အားကြီးထွားလာပါတယ်။ အခြေပိုခိုင်မာလာပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုဟာ တနေ့တခြား အားနည်းလာပါတယ်။ နိုင်ငံရေးကို အချိန်ပေး လုပ်နိုင်သူဟာ ပြည်ပမှာတောင် အနည်းစုပဲရှိပါတယ်။ အဲဒီလူနည်းစုဟာ အဖွဲ့ပေါင်း သောင်းခြောက်ထောင် ထဲမှာ ခွဲပြီးလုပ်နေတော့ အဖွဲ့တွေဟာ ထိရောက်စွာ လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒီတော့ မှိုလိုပေါနေတဲ့ အဖွဲ့အစည်းတွေကို စုစည်းပြီး ခိုင်မာသော လမ်းစဉ် အကောင်အထည်ဖေါ်ဖို့ ခေါင်းဆောင်ရှိမှ ဖြစ်ပါမယ်။ ခေါင်းဆောင်ရှိတော့ ပြည်ပလူတွေကို အခုထက်ပိုပြီး ဒီမိုကရေစီလှုပ်ရှားမှုမှာ ဦးဆောင်နိုင်ပါတယ်။ ဦးတည်ချက်ဟာလည်းပိုမို တိကျပြီး အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်တဲ့အတွက် ပိုမိုထိရောက်နိုင်ပါတယ်။


ခေါင်းဆောင်ဘယ်လိုရှာမလဲ?

အချိန်တန်ရင် ပြည်သူ့ခေါင်းဆောင် သူ့ဖာသာ ပေါ်လာမယ်ဆိုပြီး ထိုင်စောင့်နေလို့ရမှာ မဟုတ်ပါ။ ပေါ်လာအောင် တစ်ခုခုလုပ်မှ ဖြစ်ပါမယ်။ ကျနော်တို့စည်းစား ထားတာလေးကို တင်ပြချင်ပါတယ်။ စဉ်းစား ကြည့်ပါ။ မရှင်းတာရှိရင် အားမနာတမ်း comment မှာ မေးပါ ။ (Comment တွေ ဖတ်လို့ မြန်မာစာ မမြင်ရရင် ခေါင်းစဉ်ကို Click လုပ်ပါ။ Comment တွေ ဖတ်နိုင်ပါမယ်) နိုင်ငံတကာမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံး ခေါင်းဆောင်တစ်ယောက်ကို မဲပေးစံနစ်နဲ့ ရွေးချယ်ရန်ဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်ဟာ ၄ နှစ်သာ တာဝန်ထမ်းဆောင်ခွင့် ပေးသင့်ပါတယ်။ သို့မဟုတ်ပါက အချိန်ကြာလေ အဏာ ယစ်မူးလေ ဖြစ်တတ်ပါတယ်။ နောက်ပိုင်းမှာတော့ ပြည်ပရောက်မြန်မာများအားလုံး မဲပေးရွေးချယ်နိုင်တဲ့ ဒီမိုကရေစီခေါင်းဆောင်ေ၇ွးကောက်ပွဲလုပ်နိုင်အောင် ရည်မှန်းချက်ထားသင့်ပါတယ်။ အင်တာနက် ခေတ်မှာ သိပ်ပြီး မခက်ခဲပါ။ ဒါမှသာ ပြည်သူတွေအနေနဲ့ပိုမို စိတ်ဝင်စားလာမှာဖြစ်ပါတယ်။ နောက်ပြီး ခေါင်းဆောင်ဖြစ်သူဟာ အခမဲ့ အလုပ်လုပ်ချင်မှာ မဟုတ်ပါ။ ခေါင်းဆောင်ကို လစာပေးဖို့ ရန်ပုံငွေရရှိရေး အတွက်လည်း စဉ်းစားသင့်ပါတယ်။ ဥပမာ အသင်းဝင်ကြေး ကောက်ခံတာမျိုး။ လစဉ်အလှူငွေကို ပြည်ပရောက်မြန်မာများထံမှ အလှူခံတာမျိုးတွေပါ။ ပြည်ပ အစိုးရတွေဆီက ထောက်ပံ့ကြေးကိုယူမယ်ဆိုရင် သတိထားပါ။ ကြိုးဆွဲချင်လို့ ငွေပေးတဲ့ သဘောတွေပါ။ ထောက်ပံ့သူ စိတ်ချမ်းသာအောင် အလိုလိုက် အကြိုက်လုပ်ရင် ပြည်သူတွေ ယုံကြည်မှု နည်းသွားနိုင်ပါတယ်။ ခေါင်းဆောင်တွေ မသမာမှုတွေ လုပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာတွေဆီကပဲ အလှူငွေရအောင် ကြိုးစားရှာဖွေ ကြည့်ပါလို့ အကြံပြုလိုပါတယ်။


အားသာချက်များ

အားသာချက်တွေကတော့ အများကြီးရှိနေပါတယ်။
(၁) ပထမဆုံးအနေနဲ့ နအဖ နိုင်ငံရေး ကစားချင်တိုင်း ကစားလို့ရတဲ့ လူထုခေါင်းဆောင် မဟုတ်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အရုပ်လေးတစ်ခုလို ထောင်သွင်းလိုက် ထုတ်လိုက်နဲ့ ကစားနေတာ အားလုံးအသိပါ။

(၂) အဲဒီခေါင်းဆောင်ဟာ အဖွဲ့အစည်းအသီးသီးကနေ ရွေးချယ်ထားတာမို့ အဖွဲ့တွေ အားလုံးစည်းလုံးရေးကို လုပ်ဆောင်နိုင်ဖို့ရှိပါတယ်။

(၃) ပြည်ပရောက် မြန်မာများအနေနဲ့ ယခုအချိန်မှာ များပြားလွန်းသော အဖွဲ့အစည်းများတွင် ဘယ်အဖွဲ့ကို ထောက်ခံရမှန်းမသိပဲေ၀၀ါးနေတာမျိုးရှိမှာ မဟုတ်တော့ပါ။

(၄) ဒီမိုကရေစီရရှိရေးအတွက်လည်း အဖွဲ့အစည်း အသေးအကြီး မခွဲခြားပဲ လက်တွေ့ကျတဲ့ အကြံကို သူကနေ ဖေါ်ဆောင်ဖို့စဉ်းစားနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဖွဲ့သေးလေးတွေဟာ လူအင်အားနဲ့ အဆက်အသွယ်နည်းပါးမှုကြောင့် အကြံကောင်းပေမယ့် အလကားဖြစ်သွားတာတွေ ရှိနိုင်ပါတယ်။

(၄) နိုင်ငံခြား အစိုးရများ နှင့် ကုလသမဂ္ဂ ဟာ အတိုက်အခံနဲ့ စကားပြောဖို့ လိုက်ကြည့်တိုင်း အဖွဲ့အစည်း အများကြီးဖြစ်နေတော့ သူတို့ စကားပြောဖို့ လူရှာရတာ အခက်အခဲဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်ဟာ အတိုက်အခံအားလုံး ကိုယ်စားပြု ဆွေးနွေး ညှိနှိုင်းတာမျိုးတွေ လုပ်နိုင်ပါတယ်။

အထက်မှာတင်ပြခဲ့သလိုပဲ အဲဒီခေါင်းဆောင်သစ် ရွေးချယ်ချင်းဟာ ကောင်းတာတွေ အများကြီးလုပ်ဆောင် နိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုတော့ ရှိနေပါတယ်။ သူဟာ ပြည်ပမှာနေတဲ့သူမိုလို့ ပြည်တွင်းသူတွေရဲ့ ခံစားချက်နဲ့ ထင်မြင်ချက်တွေကို နားလည်ဖို့ အစွမ်းရှိမှာ မဟုတ်ပါ။ ဒါ့ကြောင့် အဲဒီခေါင်းဆောင်ကိုပဲ အရမ်းမှီခိုလွန်းရင်လည်း ပြည်တွင်း ခြေကုတ်လုံးဝ လွတ်သွားနိုင်ပါတယ်။ ဘယ်လိုမျှအောင် ဘယ်လို လုပ်မလဲဆိုတာ စဉ်းစားဖို့ပါ။


ကျနော်တို့အနေနဲ့ Virtual country လို့ခေါ်တဲ့ စံနစ်သစ်လေးကိုလဲ ရေးပြီးဖြစ်ပါတယ်။ နောက်နေ့မှာ တင်ဖို့ရှိပါတယ်။ အခွန်ရယူနိုင်တဲ့ နည်းစံနစ်ကို တင်ပြပါမယ်။

ကျန်းမာကြပါစေ
တောသားနှစ်ယောက်

31 comments:

lwansay said...

ိလာလည်ပါတယ်ဗျာ.. အစ်ကိုရဲ့ အချက်အလက်လေးတွေကို လည်း စတ်ဝင်တစား ဖတ်သွားပါတယ် .. အပြီးတော့ မဖတ်နိုင်ပါ.. ဖြည်းဖြည်းချင်းပဲ ဖတ်သွားတော့မယ်ခင်ဗျ .. အဆင်ပြေပါစေဗျာ...

Mg Moe said...

ထိထိမိမိရှိတဲ့ အတွေးခေါ်တစ်ခုပါပဲ။ လက်တွေ့ဖြစ်နေတာတွေကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပါတယ်။ ဆက်လက်ရေးသားပါဦး ကိုဇော်မျိုး။ အားပေးလျက်ပါ။

ဒါကတော့ ဒီနေ့ညနေမှာတွေ့တဲ့ ဒီမိုကရေစီသမားတစ်ယောက်ရဲ့ လုပ်ပုံကိုင်ပုံကို ဝေဖန်ထားတာပါ။ ကိုဇော်မျိုးအချိန်ရရင် ဖတ်ကြည့်ပါဦး။

စိတ်ဝင်စားတဲ့သူတွေလည်း ဖတ်ရှုနိုင်ပါတယ်။ လေသံကတော့ အနည်းငယ်မာသွားမယ်ထင်ပါတယ်။

အဓိကကတော့ နစ်နေမန်း ကိုဦးတည်ပြီးရေးထားခြင်းဖြစ်ပါတယ်။ မဆိုင်သူများမပါဝင်ပါ။ ဦးတည်သူထံ အရောက်ပို့ပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ အားလုံးအတွက် ကျေးဇူးပါပဲ။

ဒီမှာ PDF ဖိုင်ကို ဒေါင်းလုဒ်ချနိုင်ပါတယ်။

http://rapidshare.com/files/73893421/To_Niknayman_.pdf
(or)
http://www.mediafire.com/?8xgrdexwadd

MgThaJan said...

ဒီပို့စ် ကောင်းတယ်ဗျ။

AUNGAMA said...

Ko Zaw Myo your bolg do not itself has democracy. You are like junta. Why you dislike DASSK? At present she is a only one domestically and internationally officially recognised figurehead for our Myanmar democracy people. You think you are so smart just a writing some lines from USA (democracy country). Yes of course some of your facts are as far as practicable to accept and practise by anti-democracy groups. Ko Zaw Myo I felt that you too aslo a brick and a grains of sand whenever come to context of democracy building. Be stay healthy.

Aung A.M.A

MyoMyanmar said...

သင်၏ အကြံပြုချက်များသည် သာမာန် (တကယ့်ကို သာမာန်သာဖြစ်၏) အရာရာကို မျက်စိပိတ်နားပိတ်ကာ တယူသန် ထိုင်အပြစ်ပြောကာ ဘာမှမလုပ်သူများနှင့် ဆန့်ကျင်လျှက် များစွာ လက်တွေ့လှုပ်ရှားမှုဘက်ကို အားသာသည်ကို ကျွန်တော်လေ့လာမိပါသည်.. သို့သော် ယခုကိစ္စသည်မူ စိတ်ကူးယဉ်မှုများပြီး လက်တွေ့ကျင့်သုံးရန် ခက်လှပါသေးသည်ဟု ဝေဖန်ချင်ပါသည်.. ထိုခေါင်းဆောင်အား ဤမျှကွဲပြားနေသည့် အဖွဲ့များအကြားမည်သို့ တင်မြှောက်မည်နည်း.. လက်ရှိအဖွဲ့များတွင်ပင် နေရာလုနေကြသူများသည် မည်သို့တညီတညွတ်တည်း ပေါင်းစည်းမိကြမည်နည်း...
အမှန်တော့ ကိုယ်နည်းကိုယ့်ဟန်နှင့် ဆန့်ကျင်ကြပါသည်ဆိုသည့် အဖွဲ့စည်းပေါင်းစုံသည် မည်သို့မျှ ပေါင်းစည်းမရအောင် ကွဲပြဲခြေပုန်းခုတ် ဘတ်ဂျတ်လုနေကြသူများဖြစ်ပြီး လူကြားကောင်းအောင် အမြင်မတူပါဟု အော်နေခြင်းမျှသာဖြစ်၏။ ထိုအရာကို မည်သည့်ဒီမိုကရေစီသမားမျှလည်း ပွင့်လင်းရဲရင့်စွာ ဝေဖန်ပြောဆိုခြင်းမရှိ၊ ထောက်ပြခြင်းမရှိပဲ တအုံနွေးနွေးကိုယ်ထင်ရာကိုယ်စိုင်းနေကြသူများသည် မည်ကဲ့သို့ ထိရောက်သော အဖွဲ့စည်းတစ်ခုကို စနစ်တကျတည်ထောင်နိုင်ပါမည်နည်း..
အဓိကသည်စိတ်ဓါတ်သာဖြစ်သည်.. ထိုကြောင့် လက်တွေ့တွင်သုံးချရန်မဖြစ်နိုင်သော ဆောင်းပါးဟု သင်၏ယခုဆောင်းပါးအား ဝေဖန်ချက်ပြုပါသည်.

Voyager said...

Ko Zaw Myo,

I have a few points to ask and tell you.

1) Why do you hate DASSK?
(Do you think because of DASSK, burma is not improving or she is incapable to achieve democracy? then who else can do even up to her enduring struggle? Or simply personal envy and jealousy?)

2) Please do not write very skewed view of democracy. Otherwise, you will be a burmese version of David Irving (disgraced Holocast denier historian).

3) Thanks for your time for thinking about how to improve burma and bravo to your perseverance through criticisms (though I do not know your true motives and wish for sincereness).

Voyager

Unknown said...

ယနေ့သည်(၈၇) နှစ်မြောက်အမျိုးသားနေ့ ဖြစ်သည်။မြန်မာပြည်သားများခင်ဗျာ မိမိတိုင်းပြည်အပေါ်တကယ်စေနာရှိတယ်.. မေတ္တာရှိတယ်ဆိုရင် စစ်မှန်သောအမျိုးသားရေးစိတ်ဓါတ်ဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြပါရန်တိုက်တွန်းလိုက်ပါသည်။

Aung said...

ကျနော့်အမြင်ကိုပြောရရင်

ဒီမိုကရေစီအရေးအတွက် တတ်စွမ်းသမျှလုပ်နေကြတဲ့ သူတွေတော်တော်များများဟာ နအဖမကောင်းကြောင်း ပြောနေတာနဲ့ အချိန်ကုန်နေတာနဲ့ပတ်သက်ပြီး နအဖကလဲ ကောင်းတာပြောစရာတစ်ခုမှ မရှိလောက်အောင်ကို ဆိုးတယ်လို့ပြောရင် ကျနော်လွန်မယ်မထင်ဘူး။ တိုင်းပြည်အတွင်း ဒီမိုကရေစီစနစ်ထွန်ကားရေးအတွက် လက်တွေ့ကျတဲ့ အလုပ်တွေအခုထက်ထိ စပြီးမလုပ်ကြသေးဘူး၊ မစဉ်းစားကြသေးဘူး လို့ပြောရင်တော့ မှားမယ်ထင်တယ်။

ဒီမိုကရေစီအရေးအတွက် တတ်စွမ်းသမျှလုပ်နေကြတဲ့ အပိုင်းမှာ မီဒီယာအရ တိုက်ခိုက်တာရှိမယ၊် နိုင်ငံတကာရဲ့အကူအညီတောင်းခံတာရှိမယ်၊ စစ်ရေးအရ တိုက်ခိုက်တာရှိမယ်။ ထိရောက်မှုရှိချင်ရှိမယ် မရှိတဲ့အခါတွေလဲရှိတယ်။ ဒါပေမဲ့ ဒါတွေကို လက်တွေ့ကျတဲ့အလုပ်တွေပဲလို့ ကျနော်မြင်တယ်။

ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ဘယ်လိုလက်တွေ့ ကျတဲ့ အလုပ်မျိုးတွေကိုဇော်မျိုးက ဒီမိုကရေစီသမားတွေကိုလုပ်စေချင်တာလဲ?

ကျနော့အမြင်နဲ့ လုပ်စေချင်တဲ့ အလုပ်တွေကတော့ရိုးရိုးလေးပါ။ တကယ်လဲလုပ်နေကြတဲ့သူတွေအများကြီးပါ။ တကယ် မသိရင်ပြောပြမယ် မြန်မာနိုင်ငံအတွင်း ဘယ်လောက်ထိ ဆိုးသွမ်း ပျက်စီးနေတာလဲဆိုတာကို မြန်မာ့ရုပ်သံနဲ့ သတင်းစာတွေ ကိုကျော်ပြီး ပြည်သူတွေကိုသိအောင် လုပ်ရမယ်။ ဆိုးရွားနမ့်ကျနေတဲ့ ပညာရေးနဲ့ သာမန်ပြည်သူတွေရဲ့အသိဥာဏ်ကို ပညာပေးရမယ်။ လူကိုလူလိုဆက်ဆံ လေးစားခြင်း၊ လူသားတစ်ယောက် လို့သတ်မှတ်ထားတဲ့စံ၊ လူတစ်ယောက်ရဲ့ရှိနေပြီးသား ရပိုင်ခွင့်တွေ (လူ့အခွင့်အရေး)၊ တွေကိုသိအောင်၊ နားလည်လာအောင် တွေးခေါ်မြင်တတ်အောင်၊ လုပ်ရမယ်။ အဓိက ကတော့စာမဖတ်တတ်တဲ့ ဆိုးကျိုးပေါ့ဗျာ။ စားဝတ်နေရေးခက်ခဲတယ် ကျောင်းစရိတ် ကြီးတယ် ကျောင်းမနေနိုင်တာက အစ။
နိုင်ငံတစ်ကာအကူအညီတောင်းခံရမယ်၊ ကမ္ဘာနိုင်ငံသားတွေသိအောင်လုပ်ရမယ် ပြည်တွင်း သတင်းအမှန်တွေယူရမယ်။ ဒါမီဒီယာအပိုင်းရဲ့ အလုပ်အနည်းအကျင်း။

ဒီမိုကရေစီ ဆိုတာဘာလဲ ဘာကြောင့် ကောင်းတာလဲ၊ လွပ်လပ်ခွင့်တွေကို ဘယ်လိုတိုက်ယူရမလဲ၊ တောင်းယူရမလဲ သိအောင်သတင်းတွေဖြန့်မယ် လှုပ်ရှားမယ် (ကိုဇော်မျိုးကိုယ်တိုင် ဒီမိုကရေစီစနစ်ကို အသေချာနားလည် သဘောမပေါက်သေးဘူးလို့ ကျနော်မြင်တယ်) လာတ်စားနေမှုတွေ ခေါင်းပုံဖြတ် မတရားမှုတွေ ဘယ်လိုတုန့်ပြန်မလဲ သပိတ်မှောက်မယ် ညီညွတ်ကြမယ်၊ အတိုင်းအတာတစ်ခုထိလုပ်နိုင်ကြပြီး ဆိုရင် ထိရောက်နိုင်ပါတယ်

အောက်ခြေပိုင်း စစ်သားတွေရဲ့ ရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မသိနားမလည်ကြတဲ့ အပြစ်မဲ့ တောတောင် တိုင်းရင်းသားတွေ အတွက် ကျန်းမာရေး ပညားရေး လုံခြုံရေး။ သတင်းတွေ အဖြစ်အပျက်တွေ၊ စစ်ရေးအရ လုပ်နေတဲ့သူတွေရှိတယ်။

စစ်တပ်ရဲ့ ကမ်းကုန်အောင် ရက်စက် မှုတွေကို သတင်းတွေက ကျနော့ကို ဆိုက်ဝါးလုပ် ထားတယ်လို့ မပြောပါနဲ့။ တွေ့ ကြုံဖူသူတိုင်းသိတယ်။

ဒါတွေဟာစိတ်ကူးယာဉ်သက်သက်မဟုတ်ဘူး၊ နားထောင်ကောင်းအောင် လျှောက်ရေးနေတာ မဟုတ်ဘူး။ ကိုဇော်မျိုးနားလည်ပါတယ် ကိုဇော်မျိုး ဟာစဉ်းစားတွေခေါ်တတ်တဲ့ ဘလော့ဂါတစ်ယောက်လို့ကျနော်ခံယူထားတယ်။

ကိုဇော်မျိုးပြောတဲ့ မြန်မာနိုင်ငံအတွင်းက တကယ့်အခြေအနေ အဖြစ် အမှန်တွေကို ကိုဇော်မျိုးကိုယ်တိုင်တောင် မသိဘူးလို့ပြောရင် ကိုဇော်မျိုးလက်ခံမလား?

ဘယ်အရာတစ်ခုမှ မစဉ်းစားပဲ မတွေးတောပဲ မလုပ်သင့်ဘူးဆိုတာ ကိုဇော်မျိုးသိပါတယ်။ အတိုင်းအတာ တစ်ခုထိ စဉ်းစား တွေခေါ် စိတ်ကူး ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြရတာပဲ။

ကိုဇော်မျိုးရဲ့ ခေါင်းဆောင်အသစ်ရှာတဲ့ နည်းကို စိတ်ကူးယာဉ်ဆန်တယ်လို့ ကျနော်ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ပါတယ်။ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာ ကိုဇော်မျိုး ကျနော့အမြင်ကိုသိချင်တယ်ဆိုရင် နောက်အချိန်ရရင် ဆွေးနွေးပါ့မယ်

နိုင်ငံကြီးတွေကိုမုန်းတဲ့ ကိုဇော်မျိုးကိုကျနော်အပြစ်မပြောပါဘူး။ မုန်းနေတဲ့သူတွေအများကြီး ကိုဇော်မျိုးတစ်ယောက်ထဲမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတာရင်လဲ သူတို့ဆီမှာလဲခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိတယ်။ ကျနော့ဆီမှာလဲ ဘာကြောင့် နှစ်သက်လဲဆိုတဲ့ အကြောင်းပြချက်ရှိတယ်

ကိုဇော်မျိုးပြောတဲ့ စိတ်ကူးယာဉ် သက်သက် တိုးတက်နေတဲ့ လူ့အခွင့်အရေးတွေအပြည့်အ၀ ရှိတဲ့ ဒီမိုကရေစီ နိုင်ငံကြီးဆိုအပြင်မှာတကယ်ရှိတယ် ဆိုတာသိစေချင်တယ်။ စာရွက်ပေါ်က ဥပဒေ တွေ ပြဌာန်းချက်တွေ ဟာလက်တွေ့လူ့လောကမှာ လုံးဝရှိတယ် ဆိုတာ၊ သူတို့နိုင်ငံရဲ့အကြီးအကဲတွေ အဖေ အမေတွေ ပညာရှင်တွေ စိတ်ကူးယာဉ်ခဲ့လို့ စည်းစနစ်တွေလိုက်နာခဲ့ကြလို့ သူတို့လူမျိုးမျက်နှာမငယ်ရတာ

ကိုဇော်မျိုးရဲ့အတွေးအခေါ်တွေကို ကျနော်စိတ်ဝင်စားတယ် ဒါကြောင့်လဲကျနော့် အမြင်တွေကိုဆွေးနွေးနေတာပေါ့ အပြန်အလှန်လေးစားမှုနဲ့ ကျနော်တို့ နိုင်ငံကောင်းရာကောင်းနိုး အလေးထားဆွေးနွေးကြတာပေါ့ဗျာ

* In Search of Truth * said...

သို့ ကိုlwansay
အခုလိုလာရောက်တာ ကျေှးဇူးတင်ပါတယ်ခင်ဗျာ။

* In Search of Truth * said...

သို့ ကိုမောင်
အဲလို လုပ်ရပ်ကို လုံးဝ ဆန့်ကျင်ပါတယ်ခင်ဗျာ။ ကိုယ့်လူမျိုးအချင်းချင်း အမုံန်းပွားအောင် လုပ်လို့ ဒီမိုကရေစီရလာမယ်လို့ ထင်နေတာ အရမ်းကို မှားနေသလို အဆင့်အတန်းလဲ နိမ့်တယ်လို့ ယူဆပါတယ်ခင်ဗျာ

* In Search of Truth * said...

သို့ ကိုအောင်

ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်သက်ကြောင်း ပြောခွင့်ရှိတယ်ဆို တစ်ချက်တော့ သတိထားစေချင်ပါတယ်ခင်ဗျာ။ အခုလိုပြောရချင်းဟာလည်း စာကြောင်းတချို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလိုမျိုး အဓိပါယ်သက်ရောက်နေလို့ ဖြစ်ပါတယ်။ ကျနော်တို့ နအဖ ပြုတ်ကျရေးအဆိုတင်သွင်းတုံးကလည်း ဒီမိုကရေစီ ဘက်ကျနော်တို့ရောက်သွားတယ်လို့ ယူဆနေသူတွေရှိခဲ့ပါတယ်။ ( ဒီမိုကရေစီ စံနစ်ကို အထင်ကြီးတဲ့ သူထဲမှာ ကျနော်တို့ နှစ်ယောက် မပါပါဘူး။ နအဖ စီးပွားရေး မလုပ်တတ်လို့ ရာထူးက ဆင်းသင့်တယ်လို့ပဲ ယူဆထားတဲ့သူတွေပါ။ ) ဒါကြောင့် အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်လို့ မမြင်အောင် ပြတ်သားစွာကြေငြာချင်းဖြစ်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်သက်လို့ မနှစ်သက်ကြောင်း အမှန်အတိုင်းထုတ်ဖေါ်တာကို စစ်အစိုးရနဲ့ တူတယ်လို့ စွပ်စွဲချက်ဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူးဆိုတာကိုတော့ သတိရှိစေချင်ပါတယ်ခင်ဗျာ

* In Search of Truth * said...

သို့ ကိုမျိုးမြန်မာ
ကျနော်တို့ ဆောင်းပါးကို လက်တွေ့မှာ အသုံးချလို့ မဖြစ်နိုင်ဘူးလို့ တင်ပြချက်ကို လုံးဝ သဘောတူပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ ဒီမိုကရေစီသမားတွေဟာ နအဖ အပြစ်ကိုတာ တင်ပြ ဝေဖန်ချင်းပဲ လုပ်ရဲကျပါတယ်။ တကယ်တမ်း ဒီမိုကရေစီ စံနစ်ရဲ့ အနှစ်သာရဟာ ဝေဖန်သူတွေ တင်ပြလာတဲ့ အပြစ်တွေကို ပြင်ဆင်ဖို့ဖြစ်ပါတယ်။ အဲလို ပြင်ဆင်ချင်းအားဖြင့် တိုးတက်လာမယ်လို့ ယူဆကျပါတယ်။ အဏာရှင် စံနစ်တွေမှာတော့ ဝေဖန်တဲ့ လုပ်ရပ်ဟာ သူတို့ကို စော်ကားတယ်လို့ ယူဆကျပါတယ်။ ဝေဖန်မှုဟာ သူတို့အဖွဲ့ အစည်းကို ပြိုကွဲစေတယ်လို့လဲ ယူဆကျပါတယ်။ ဒါကို ကြည့်ရင် ဒီမိုကရေစီ အဖွဲ့တွေ ဟာ နာမည်ပဲ ဒီမိုကရေစီ အဖွဲ့တွေ ဖြစ်ပါတယ်။ အာဏာရှင် စစ်စစ်များသာဖြစ်ပါတယ်။ ဒီတော့ သူတို့ ဒီမိုကရေစီလိုချင်ရင် အနီးဆုံးရန်သူကို ချေမှုံန်းရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နအဖက ဒုတိယအဆင့်မှာမှ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အမည်ခံပြီး ကိုယ်ကျိုးရှာနေသူတွေ၊ အာဏာရူးတွေနဲ့ စီးပွားရှာနေသူတွေကို ဖေါ်ထုတ်ပြီး ရှင်းလင်းပြစ်ရပါမယ်။ အဲလိုမှ မလုပ်နိုင်ရင် ဒီမိုကရေစီအဖွဲ့တွေဟာ နအဖ ပြုတ်ကျရေးလုပ်နိုင်မှာ မဟုတ်ပါ။ လက်ရှိအခြေအနေမှာတော့ ကျနော်တို့ ဆောင်းပါးဟာ လက်တွေ့ မကျဘူးဆိုတာ လုံးဝ မှန်နေပါတယ်လို့ ထောက်ခံချင်ပါတယ်ခင်ဗျာ။

* In Search of Truth * said...

သို့ ကိုVoyager
ကျနော်တို့ လေးစားတဲ့အနေနဲ့ အချက်တစ်ခုချင်းဆီကို ပြန်ဖြေပါမယ်။
(၁) ကျနော်တို့ နှစ်ယောက်စလုံး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ မုံန်းတီးမှုလို့ ပြောမယ်ဆိုရင် လုံးဝ မှန်ပါတယ်။ အဲဒါအဓိကအချက်ပါ။ ဘာကြောင့်လဲဆိုရင် သူဟာ သာမာန်မိန်းမ တစ်ယောက် မဟုတ်ပါဘူး။ မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်ရဲ့ သမီးပါ။ စာလည်းတော်ပါတယ်။ ရုပ်ရည်လည်း အရမ်းချောမောလှပပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၂၀ အကြာမှာ အင်္ဂလိပ်လူမျိုးကို လက်ထက်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ မြန်မာပြည်သူတွေကို အရှက်ရစေပါတယ်။ တနည်းပြောရရင် ပြည်သူတွေရဲ့ ခံစားချက်ကို တစ်ချက်လေးမှ မထောက်ထားဘူးလို့ ယူဆမိပါတယ်။ နောက်ပြီး သူ့ဖခင်ကို ကြည် ညိုမှု လျော့နည်းသွားမယ်ဆိုတာ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့နဲ့ ဖခင်ကို မငဲ့ညှာတဲ့ အမျိုးသမီး တစ်ယောက်လို့ မြင်ပါတယ်။ အဲဒီအမျိုးသမီး ကျနော်တို့ လူထုခေါင်းဆောင် မဖြစ်ထိုက်ပါ။ သာမန် ကျနော်တို့ ဆွေမျိုးတွေထဲမှာတောင် မိဘအတွက် ချစ်သူကို လက်မထပ်ပဲ အပျိုကြီးလုပ်တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ်ဟာ သာမန်မိန်းမတွေမှာ ရှိတဲ့ အရည်အချင်းမျိုးတောင် မရှိလို့ ယူဆပါတယ်။ အစ်ကိုတို့အနေနဲ့ ဒီခေတ်မျက်စိနဲ့ ကြည့်ပြီး ခွင့်လွှတ်နေတာထက် သူလက်ထပ်တဲ့ အချိန်က လူဘောင်ပေတံနဲ့တိုင်းကြည့်ပါလို့ ပြောချင်ပါတယ်ခင်ဗျာ

(၂) ကျနော်တို့ ဒီမိုကရေစီစံနစ်ဟာ လိမ်ညာထားလို့ အကောင်းမြင်ချင်းဖြစ်ပါတယ်။ ကျနော်တို့ ပြောကြားချက်တိုင်းမှာ အထောက်အထားတွေနဲ့ ပြောဆိုပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကို မျက်ကန်းအထင်ကြီး လုပ်တဲ့ လုပ်ရပ်မျိုးဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူးခင်ဗျာ။ David Irving ကို အစ်ကိုက ဘာဖြစ်လို့ အဆိုးမြင်တာလဲခင်ဗျာ။ သူ့အနေနဲ့ ဂျူးတွေကို နာဇီသတ်တယ်လို့ သူ့မယုံကြည်လို့ မယုံကြည်ဘူးပြောတာ အပြစ်တင်ရင် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ရာ မရောက်ဘူးလားခင်ဗျာ? ကျနော်တို့ကို ထင်သလို ထင်နိုင်ပါတယ်။ အဲဒါ အစ်ကို့ လွတ်လပ်ခွင့်ပါခင်ဗျာ။ ကျနော်တို့လဲ ထင်သလို တင်ပြခွင့်ရှိပါတယ်။ အဲဒါလဲ ကျနော်တို့ လွတ်လပ်ခွင့်ပါခင်ဗျာ။ အစ်ကိုလွတ်လပ်ခွင့်ကို ကျနော်တို့ လေးစားသလို၊ ကျနော်တို့ လွတ်လပ်ခွင့်ကိုလည်း လေးစားပေးပါခင်ဗျာ

(၃) ကျနော်တို့ အတွင်းစိတ်ကို အစ်ကိုမသိတာ မှန်ပါတယ်။ အစ်ကိုအနေနဲ့ တခြားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်တွေရဲ့ အတွင်းစိတ်ကိုလဲ မသိပါ။ ဘုရား၊ ရဟန္တာတွေပဲ သိနိုင်ပါတယ်။ အစ်ကိုအနေနဲ့ ဘုရားဟောသလိုပဲ ကိုယ်ပိုင် ဥာဏ်နဲ့ တွေးခေါ်ပြီး ဖြစ်နိုင်လားဆိုတာ စဉ်းစားပါခင်ဗျာ။ မျက်ကန်းယုံကြည်မယ်၊ မျက်ကန်းဆန့်ကျင်မယ်ဆိုရင် ဗုဒ္ဓဘာသာ မဖြစ်ထိုက်ပါခင်ဗျာ

တောသားနှစ်ယောက်

* In Search of Truth * said...

သို့ ကိုပြည့်စုံ
ကျနော်တို့ အနေနဲ့ စစ်အဏာရှင်ကို ပြုတ်ကျဖို့ တစ်ခုတည်းအတွက်တာ မဟုတ်ပါဘူး။ စစ်မှန်သော အမျိုးသားရေးစိတ်ဓါတ်ဆိုတာ နေရာတိုင်း အချိန်တိုင်းမှာ လိုအပ်နေပါတယ်။ ဒါမှသာ ကျနော်တို့တိုင်းပြည် တိုးတက်လာမှာပါခင်ဗျာ

* In Search of Truth * said...

ကို ဇော်ဇိုး
အစ်ကိုဟာ ဒီမိုကရေစီသမားထဲမှာ ရှားပါးတဲ့လူတစ်ယောက်လို့ ယူဆပါတယ်ခင်ဗျာ။ မတူညီတဲ့ အမြင်ကို လက်ခံဆွေးနွေးတဲ့ အကျင့်ဟာ ဒီမိုကရေစီသမား အများစုမှာ မရှိပါခင်ဗျာ။ အများစုက အကြောင်းအရာ တစ်ခုပေါ်မှာ ဆွေးနွေးအဖြေရှာဖို့ထက် ယုံကြည်ချက် ခိုင်မြဲတယ်ဆိုပြီး မျက်စိအတင်းမှိတ်၊ နားအတင်းပိတ်ပြီး ဆန့်ကျင်ဖက် အမြင်ကို ၀င်မလာအောင် တားဆီးကျပါတယ်။

ပထမဆုံးအနေနဲ့ လက်တွေ့ကျတဲ့ အမြင်ဘာလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးသင့်တယ် ထင်ပါတယ်။ ကျနော်တို့ တောသား နှစ်ယောက် အမြင်မှာ လက်တွေ့ကျတဲ့ အမြင်ဆိုတာ ဘက်ပေါင်းစုံကနေ ဝေဖန်စမ်းစစ်ပြီး ဒီမိုကရေစီ တကယ်ရမယ် (ဒါမှမဟုတ်) ရဖို့ အထောက်အကူပြုမယ်ဆိုမှ လုပ်သင့်ပါတယ်ခင်ဗျာ။ စိတ်ကူးပေါက်တိုင်း လုပ်တယ်ဆိုရင် စိကူးယဉ်သူတွေ ဖြစ်ပါတယ်။ ခံစားချက်ရှိတိုင်းလိုက်လုပ်တယ်ဆိုရင် ကလေးငယ်တွေလို့ပဲ ပြောရပါမယ်။ မြန်မာဒီမိုကရေစီသမားတွေ လှုပ်ရှားမှုကို အစ်ကိုနားလည်အောင်ပြောရရင် ပုံတူကူးလှုပ်ရှားမှု လို့ ပြောချင်ပါတယ်။ သူတို့ဟာ သမိုင်းစာအုပ်တွေထဲမှာ ရေးထားတဲ့ လူထုခေါင်းဆောင်တွေ လှုပ်ရှားမှုကို ပုံတူကူးပြီး လိုက်လုပ်ကျပါတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ အသစ်ထွင်တာ မရှိသလို၊ လုပ်သင့်မလုပ်သင့်ဆိုတာလဲ စဉ်းစားဝေဖန်တာတွေ မရှိပါဘူးခင်ဗျာ။

နောက်ပြီး အစ်ကိုပြောတဲ့နေရာမှာ ရှေ့နောက်မရှိတဲ့ အချက်ရှိနေပါတယ်။ အပေါ်ဘက်မှာ ဒီမိုကရေစီအဖွဲ့တွေ လုပ်ရပ်တိုင်းကို ထောက်ခံထားပါတယ်။ ဒီတော့ စီးပွားရေးပိတ်ဆို့တာလဲ ပါမယ်လို့ ယူဆပါတယ်။ အောက်ဘက်မှာကျတော့ “စားဝတ်နေရေးခက်ခဲတယ် ကျောင်းစရိတ် ကြီးတယ် ကျောင်းမနေနိုင်တာက အစ။” လို့ရေးထားပါတယ်။ အဲဒီလို ပြဿနာတွေ ပိုကြီးလာအောင် စီးပွားရေးပိတ်ဆို့မှုက အားပေးထားတယ်ဆိုတာ အစ်ကို သတိထားသင့်ပါတယ်ခင်ဗျာ။ စက်ရုံတွေ ပိတ်လို့ အလုပ်သမားတွေ ဆင်းရဲ ဒုက္ခရောက်ခဲ့တာ သတိရပါခင်ဗျာ။ စီးပွားရေးပိတ်ဆို့မှုဆိုတာလဲ အတုခိုးထားကျတာ မဟုတ်လားခင်ဗျာ။ တကယ်တမ်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် အထောက် အကူပြူရဲ့လားဆိုတာ စမ်းစစ် ဝေဖန်တာမျိုး မလုပ်ခဲ့ပါဘူး။

နောက်တစ်ခုကတော့ အစ်ကိုတို့ဟာ Double Standard လုပ်ကျပါတယ်။ နအဖ စစ်တပ် မှ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ စစ်တပ်တိုင်းမှာ လက်နက်အားကိုးပြီး အပြစ်မဲ့ ပြည်သူတွေကို နှိပ်စက် မုဒိမ်းကျင့်တာတွေရှိပါတယ်။ အစ်ကိုကတော့ ပြောမယ် နအဖ စစ်တပ်က ပိုဆိုးတယ်လို့! မဟုတ်ပါဘူးခင်ဗျာ။ မြန်မာစစ်တပ်ကို သိက္ခာကျအောင် ဒီမိုကရေစီသမားတွေ သတင်းလိမ်တွေ လုပ်ခဲ့တာတွေ ရှိပါတယ်။ တစိပ်ကို တအိပ်လုပ်ပြောတာတွေ ရှိပါတယ်။ ဖြစ်ပျက်မှုတွေရဲ့ အဓိက တရားခံဟာ ပြည်တွင်းစစ်လို့ မြင်ပါတယ်။ စစ်ဖြစ်ရင် အဲဒါတွေရှိနေမှာပါ။ ဘယ်နိုင်ငံမဆို အဲလို ဖြစ်ပါတယ်။ နောက်ပြီး နအဖဟာ လူသတ်တဲ့ နေရာမှာ အမေရိကန်အစိုးရ ထက်အများကြီး တော်ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ အဓိက ရန်သူဟာ အမေရိကန်အစိုးရပါ။ သတင်းဌာနတွေက ၀ိုင်းပြီး ဖုံးဖိထားလို့ အမေရိကန်အစိုးရ လူသတ်မှုတွေကို ကမ္ဘာက မသိဖြစ်နေတာပါ။ ကျနော်ပြောတ ဟုတ်မဟုတ် အချိန်ရရင် လေ့လာကြည့်ပါခင်ဗျာ။

ကျနော်တို့ အနေနဲ့ တိုင်းပြည်အတွက် ကမ်းလှမ်းလာတာကို ကြိုဆိုပါတယ်။ တစ်ခုတော့ ပြောချင်ပါတယ်ခင်ဗျာ။ ကျနော်တို့ နှစ်ယောက်ဟာ ဒီမိုကရေစီ ၀ါဒကို စွဲကိုင်ထားသူတွေ မဟုတ်ဘူးဆိုတာတော့ သတိထားစေချင်ပါတယ်။ ကျနော်တို့ နှစ်ယောက်ဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ အတွက်လုပ်နေကျတာပါခင်ဗျာ

Unknown said...

We already have sasana organization. They can voice out as they have influential power on different groups. And What about NCGUB?

I respect any democracy activists whoever whatever however. At least they do something. Do something is better than nothing. Ahhh much much better than disgusting people ( like bogus asylum, take all advantages and do not respect the host country at all )

* In Search of Truth * said...

သို့ အစ်ကိုစိန်

ဒီမိုကရေစီနာမည်ခံတာနဲ့ မထောက်ခံသင့်ကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။ ပြန်ဖတ်ကြည့်ပါဦးခင်ဗျာ။ နောက်ပြီး ကျနော်နဲ့ အစ်ကိုမောင်ဆန် ကနေဒါမှာ ဒုက္ခသည်ဟုတ်မဟုတ် အရင်စုံစမ်းပါဦးခင်ဗျာ။ အစ်ကိုမောင်ဆန်နေတာက Niagara မြို့လေးမှာပါ။ ကျနော်က Toronto မြို့နားမှာပါခင်ဗျာ။ မြန်မာပြည်မှာလဲ တောမှာပဲ မွေးခဲ့ပြီး အခုလဲ ချောင်ကလောင်ထဲမှာနေကျပါတယ်ခင်ဗျာ။ မသေချာပဲ စောင်းမြောင်းပြောတာမလုပ်သင့်ပါခင်ဗျာ။ မသေချာရင် လူကျင့်ဝတ်နဲ့ အညီ အာမချောင်သင့်ပါခင်ဗျာ။

ကျန်းမာပါစေ
ဇော်မျိုး

Unknown said...

Don't angry i just want to clarify my doubt. i got one point from you that you are not asylum/refugee. So we can continue our discussion probably we have different view how to achieve prosperous Myanmar.

Otherwise i do not spend my precious time for those disgusting people ( I mean bogus, lie to host country and support general to live long on power )

Finally i am Ms not Mr. See you again oun your blog

lynn said...

I respect ur right to disagree on DASSK , but from my view, when it come to talk about a leader's personal life, we should be focus more on a country's fate and country's developing , rather than just stick with personal life. I don't think it is a relevant issue to bring in. Be open minded and think beyond personal issue.

Unknown said...

I do not say i agree/support all democracy activists and their idea. But i respect them compared to such such thoes people.

* In Search of Truth * said...

သို့ အစ်မစိန်၊
ကျနော်အနေနဲ့ မှားပြီး အစ်ကိုတပ်ခေါ်ခဲ့တာ ခွင့်လွှတ်ပါခင်ဗျာ။ အစ်မ comment ပေါ်မှာ ကျနော့အမြင်လေးကို ပြောချင်ပါတယ်။ အစ်မအနေနဲ့ ဒီမိုကရေစီသမားတွေကို နအဖနဲ့ ယှဉ်ရင် ပြီးပိုလေးစားတယ်ဆိုတာ ၀ါဒတူလို့ လေးစားတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျာ။ အားမနာတမ်းတွေးပါခင်ဗျာ။ ဒီကနေ့အထိ ဒီမိုကရေစီသမားတွေဟာ နအဖထက် နိုင်ငံကို ပိုချစ်ကြောင်း သက်သေကျနော်တို့မမြင်ရသေးပါဘူးခင်ဗျာ။ သူတို့တွေဟာ စိတ်ကူးယဉ်တာ၊ ဆဲတာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အရေမရ အဖတ်မရ အလုပ်တွေကို လုပ်ကိုင်နေတဲ့ သူတွေပါခင်ဗျာ။ လက်တွေ့ နိုင်ငံအတွက် အကျိုးရှိအောင် လုပ်တဲ့သူ တစ်ယောက်မှ မတွေ့ပါခင်ဗျာ။ တကယ်လို့ သူတို့ အနှိမ်ခံရလို့ မိန်းခလေးပီပီ သနားတဲ့ စိတ်အခြေခံပြီး လေးစားတယ်ဆိုရင်တော့ တမျိုးပေါ့ခင်ဗျာ။

ကျန်းမာပါစေ
ဇော်မျိုး

* In Search of Truth * said...

သို့အစ်ကိုလင်း
အစ်ကိုရေ စကားဆိုတာ လှည့်ပတ်ပြောနေတာထက် တည့်တည့်ပြောတာက ပိုသင့်တော်တယ် ထင်ပါတယ်ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကျနော်ရဲ့ ရေးသားချက်ကို အစ်ကို မနှစ်သက်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောစေချင်ပါတယ်။ ကျနော် ဆောင်းပါးထဲမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလုံးဝ မလုပ်ပါဘူးခင်ဗျာ။ အောင်ဆန်းစုကြည်လို့ ရိုင်းရိုင်းခေါ်ပြီးလဲ ခွေးနဲ့ မနှိုင်းပါဘူးခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးပြတယ်ဆိုတာလဲ Comment မှာ မေးထားတဲ့ မေးခွန်းကို ပြန်ဖြေတဲ့သဘောပါ။ ရိုးသားစွာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မှန်ကန်တယ်လို့ မထင်ရင် ဒီမိုကရေစီသမားတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကို အရင်ပြောသင့်တယ်ဆိုတာ ကလေးတောင် သိပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ လွတ်လပ်တဲ့ အမြင်ကို တဖက်လှည့်ပြီး တားမြစ်နေတယ်ဆိုတာ သဘောပေါက်ပါတယ်။

ကျန်းမာပါစေ
ဇော်မျိုး

minthant said...

ဟီးဟီး၊ တော်တော် ရီရတဲ့ ပို့စ်ပဲ။ ဇော်မျိုး တစ်ယောက် အဲဒီလောက် ဟာသဥာဏ်ရွှင်မှန်း အခုမှ သိရတော့တယ်။

ရီစရာ ပို့စ်တွေ အတော်များများ ရေးတတ်သားဗျနော်။ ဆက်ရေးပါဦး အားပေးနေပါတယ်။

Unknown said...

ကိုဇော်မျိုး…ဆောင်းပါးအသစ်တွေဖတ်ဖို့စောင့်နေပါတယ်…
နေကောင်းပြီးအဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါတယ်…

* In Search of Truth * said...

သို့ ကိုနိုင်
နေကောင်းပါတယ်ခင်ဗျာ။ စာမေးပွဲတွေကြောင့် အရေမရ အဖတ်မရ အတင်းတုတ်သမားတွေကို မကလိဖြစ်တာ ကြာသွားပါတယ်။ ကိုကဒေါင်းကြီးကတော့ comment လဲ ပိတ်လိုက်ရှာပြီဗျ။ နောက်ဆုံးတော့ အဖြူပြောသမျှ ယုံတယ်လို့ ပြောပြီး အခုလို ကြောက်ချေးပါသွားတာပဲဗျ။ (ကြောင်ချေး ထက်ပိုဆိုးတဲ့ ကြောက်ချေးပါ) သူ့ကို မြှောက်တဲ့ comment ဆိုရင်တော့ လက်ခံမယ့် အနေအထားမှာ ရှိပါတယ်။ ဒီနေ့ အစ်ကိုမောင် ဆန်ပို့ထားတဲ့ ဆောင်းပါး နှစ်ခုလောက်တော့ တင်ဖြစ်မယ်ထင်ပါတယ်။

ဇော်မျိုး

* In Search of Truth * said...

သို့ ကိုမောင်သန့်
အဲဒီအထာတွေတော့ လာမလုပ်နဲ့ဗျ။ ဒီမိုကရေစီသမားတွေကို မဝေဖန်အောင် အောက်တန်းကျကျ ဆဲကျတယ်။ မရတော့ ချိမ်းခြောက်ကျတယ်။ ချိမ်းခြောက်လို့မရတော့ ရူးသလိုလို ပေါသလိုလိုနဲ့ စာဆက်မရေးချင်အောင် လုပ်တယ်။ လွတ်လပ်စွာတွေးခေါ်တယ်ဆိုတာ နအဖပဲ ဝေဖန်ရမယ်လို့ မသတ်မှတ်ထားဘူးလေဗျာ။ အကျိုးသင့် အကြောင်းသင့်နဲ့ ကျနော်တို့ နှစ်ယောက် ရေးထားတာ ဝေဖန်မယ်ဆိုရင် ကြိုဆိုပါတယ်။ အဲလိုမှမဟုတ်ပဲ အရေမရ အဖတ်မရ စိတ်မနှံ့တဲ့ ဒီမိုကရေစီသမား အထာလာချိုးရင် နောက် comment တွေကို ဖျက်ပြစ်ပါမယ်။ အဆင့်အတန်းနဲ့ရေးရင် လွတ်လပ်ခွင့်ပေးပါမယ်။ မတူမတန်လို့ ဆီပုံးကို Lock လုပ်တာ သတိထားပါဗျာ။ တောမှာ မွေးပေးမယ့် ဒီမိုကရေစီသမားတွေလောက်တော့ အချင်ပဲဗျ။ ခပ်နိမ့်နိမ့် ကစားကွက်လေးတွေ မသုံးပါနဲ့ဗျာ :D

ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံး သတိပေးခြင်းပါခင်ဗျာ။

ကျန်းမာပါစေ
ဇော်မျိုး (တောသား တစ်ယောက်)

Unknown said...

Dear Ko Zaw Myo,

Have you read the post from Tharkinwe blog. I want to know what he saying is true. All Burmese Buddhist monk in foregin are CIA followers and who living through CIA support. If it is true, it is a real sad for me and Buddhism. As far as I know all Burmese monks in US are member of Monk organization. I know some monk personally. They are educated, discipline and follow Buddha ways. They don't look like CIA followers. They are doing here for buddhsim. If you know anything about this, please write some post because this is our religion. If we are real buddhist, we have to protect Buddhism. It is better than critising foregin media and so called Democracry

lynn said...

To ko zaw myo,
I reply this comment base on a condition that i believe you,me and we all have a common interests on our country's development and saving our country's image back.
I tell u frankly, first , u didn't get my point. Second ,how is DASSK's marriage link to our country's development,and should marriage be that matter for being a leader? Try to look out other countries. How about india ? Rajiv Gandhi marry to italian woman Sonia Gandhi, now even she became chairman of congress party. So do in our country , as long as people support DASSK , she deserves that leadership position. 1990 election proved it. I'm not trying to convince u to believe in what i said. I do respect ur right to dislike her , so do i have my right to disagree with u and show my opinion .

regards,
lynn

* In Search of Truth * said...

သို့ကိုjack
အစ်ကိုအနေနဲ့ သတင်းဌာနတွေကို ဝေဖန်နေတာထက် ဗုဒ္ဓဘာသာအတွက် ဆောင်းပါးရေးဖို့အကြံပြုချက်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဗုဒ္ဓဘာသာဟာ နိုင်ငံရေးနှစ်ဖွဲ့ကြားမှာ လွဲမှားစွာ အသုံးပြုချင်းခံနေရတယ်လို့ ယူဆမိပါတယ်။ နအဖ ဘက် တစ်ခုတည်းသာ မဟုတ်ပါဘူး ဒီမိုကရေစီဘက်ကလဲ မိမိဝါဒကို လက်မခံတဲ့ ဘုန်းကြီးတွေအပေါ်မှာ စော်ကားတာတွေနဲ့ တိုက်ခိုက်တာတွေ ရှိနေပါတယ်။ နှစ်ဖက်စလုံး အပြုအမူကို မကျေနပ်ပေမယ့် သည်းခံရုံနဲ့ ဥပခါ ပြုရုံကလွဲလို့ ဘာမှ မလုပ်သင့်လို့ယူဆပါတယ်။ အရေးကြီးတာက နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်တဲ့ အခြေအနေကို ရောက်လာအောင် ဖန်တီးနိုင်ရင် အခုအခက်အခဲတွေအလိုအလျှောက် ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

တောသားနှစ်ယောက်

* In Search of Truth * said...

သို့ အစ်ကိုလင်း
ကျနော်တို့တောသားနှစ်ယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းမုံန်းပါတယ်။ ခေါင်းဆောင်အဖြစ်လည်း လက်မခံပါဘူး။ အဲလို လက်မခံဘူးဆိုတာ ကျနော်တို့ စိတ်ထဲကပါ။ တကယ်တမ်း နိုင်ငံအတွက် လိုအပ်ရင် သူ့ကို အလေးပြုသင့်ရင် ပြုပါမယ်။ တိုင်းပြည်အတွက် သူ့ကို ဆဲမှ ဖြစ်မယ်ဆိုရင် ဆဲပါမယ်။ အဲဒါဟာ ကျနော်တို့ရဲ့ သဘောထားပါ။

ဒီဒီကို said...
This comment has been removed by the author.