Wednesday, November 7, 2007

ဒီလိုဝေဖန်လိုက်ပါတယ် (၃)



အရင်အပတ်က ကျနော်တို့ နှစ်ယောက် အမေရိကမှာ ရှိတဲ့ အစ်ကိုမောင်ဆန်ရဲ့ ဦးလေးအလှူကိစ္စကို ကူညီဖို့ ရောက်သွားခဲ့တယ်ဗျ။ အလှူမှာ တိုက်ဆိုင်မှုလို့ပဲ ပြောမလား မသိပါဘူးခင်ဗျာ။ ဒီမိုကရေစီသမား ၃-၄ ယောက်လောက် စုပြီး နိုင်ငံရေးအကြောင်း ဆွေးနွေးနေတာကို ဘေးကနေကြားရင်း ကျနော်တို့ နှစ်ယောက် တကယ်ကို အူလိုက် ဖားလိုက် ရယ်ခဲ့ရပါတယ်။ ဒီပြန်ရောက်တော့ comment တွေဖတ်ကြည့်တော့ တကယ်ကို ရယ်ရတဲ့ comment လေး တစ်ခုကို တွေ့မိပြန်ရောဗျာ။ ကျနော်မှ မဟုတ်ပါဘူး။ အားလုံးလဲ ကျနော်တို့လိုပဲ ဟားတိုက်မှာ သေချာပါတယ်ခင်ဗျာ။ သူတို့ပြောတာတွေက သွားတူနေပါတယ်။ ဘာပြောကျလဲဆိုရင် နအဖ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားလို့ ဆန္ဒပြပွဲ အခုလိုဖြစ်သွားတာဆိုပဲ။ ဒေါ်အောင်ဆန်းစုကြည်သာ အပြင်မှာ ရှိနေရင် အောင်မြင်မှာတဲ့ဗျာ။ ဟား ဟား . .. တကယ်ကို ရယ်တယ်ဗျာ။ သူတို့ပြောပုံစဉ်းစားကြည့်ပါဗျာ။ နအဖကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြပွဲ အဆင်ပြေပြေဦးဆောင်နိုင်အောင် လွှတ်ပေးရမလိုဖြစ်နေတယ်။ အဲလို မလွှတ်တရွေ့ ဒီမိုကရေစီ မရတော့ဘူးဆိုတဲ့ သဘောပဲဗျ။ ဒါဆိုရင်လည်း နအဖ က ထိမ်းထားရင်း ဒေါ်အောင်ဆန်းစုကြည် သေသွားရင် ဒီမိုကရေစီဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့ သဘောပဲဗျ။ အဲလောက်အတွေးချောင်တဲ့ ဒီမိုကရေစီသမားတွေပါဗျာ။


ရှုပ်နေတောတွေရှင်းပါမယ်

ဒီနေ့တော့ ထပ်ခါတလဲ ပြောပြောနေရတဲ့ စကားကို ပြန်ပြောပါမယ်။ ကျနော်တို့ နှစ်ယောက်မှာ ၀ါဒအစွဲမရှိပါဘူးခင်ဗျာ။ ကျနော်တို့ ဘလော့မှာ နအဖကို တကြိမ်မှ ကောင်းတယ် မပြောခဲ့ပါ။ ဆီပုံးထဲမှာ နအဖတည်မြဲပါစေလို့ ဇော်မျိုးနာမည်နဲ့ ရေးထားတာလဲ ကျနော် မဟုတ်ပါ။ ဒီမိုကရေစီကိုလည်း ဘယ်တုံးကမှ ကောင်းတယ်လို့ မပြောခဲ့ပါ။ အကြောင်းကတော့ နှစ်ခုစလုံးဟာ အဏာရူးတွေနဲ့ ဥစ္စာရူးတွေမို့ပါခင်ဗျာ။ (နအဖကို မဝေဖန်တာကို လာမပြောပါနဲ့ခင်ဗျာ၊ နအဖကို ဝေဖန်တဲ့ ဘလော့တွေနဲ့ သတင်းဌာနတွေ သောင်းနဲ့ ချီပြီးရှိနေပါတယ်။ ဒီမိုကရေစီကို ဝေဖန်တဲ့ ဘလော့ လုံးဝမရှိပါ။ ကျနော်တို့က ဝေဖန်တယ်၊ အကြံပြုတယ် ။ လက်တွေ့ကျကျ တွေးခေါ်တတ်အောင် လုပ်ပါတယ်) နှစ်ဖက်စလုံးဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေ အတွက် လုပ်နေတာ မဟုတ်ပါ။ ပါးစပ်နဲ့ပဲ တိုင်းပြည်ကိုချစ်နေပြီး လက်တွေ့မှာတော့ တိုင်းပြည်ကို ဖျက်ဆီးနေကျပါတယ်။ ကျနော်တို့ နအဖ ပြုတ်ကျဖို့ ကြိုးစားတဲ့အချိန်ကတည်းက အတိအလင်းပြောခဲ့ပါတယ်။ ဒီမိုကရေစီကို လိုလားလို့ နအဖ ပြုတ်ကျရေးကို လုပ်တာ မဟုတ်ပါ။ တိုင်းပြည် စီးပွားရေးအတွက်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တချို့လူတွေက ဒီမိုကရေစီဘက်ကို ကူးသွားချင်းဖြစ်တယ်လို့ တွက်ထားခဲ့ပုံ ပေါ်ပါတယ်။ ကျနော်တို့ အသေအခြာထပ်ပြောပါမယ်ခင်ဗျာ။ ကျနော်တို့ နှစ်ယောက်စလုံး က မြန်မာနိုင်ငံ ဘက်ကပါ။ မြန်မာပြည်အတွက် အကျိုးရှိမယ်ဆိုရင် နအဖကိုလည်းဖြုတ်ချပါမယ်၊ ဒီမိုကရေစီကိုလည်းဖြုတ်ချပါမယ်။ လိုအပ်ရင် နအဖကိုလည်း အကြံပြုပါမယ်၊ ဒီမိုကရေစီကိုလည်း အကြံပြုပါမယ်။

နောက်တစ်ခုက နအဖဟာ မြန်မာလူမျိုးပါ။ မြန်မာလူမျိုးအချင်းချင်း အမှန်တကယ် ရက်စက်တယ်ဆိုရင်တော့ မလွှဲသာလို့ အပြောခံပါမယ်။ တကယ်လက်တွေ့မှာ အစိုးရ တစ်ခုအနေနဲ့ အမေရိကန်နဲ့ အင်္ဂလန်အစိုးရတွေနဲ့ ယဉ်ကြည့်ရင် အများကြီး ညှင်သာပါတယ်။ စီးပွားရေးမတိုးတက်တာက တခြားအကြောင်းပါ။ ဒါပေမယ့် ဒီမိုကရေစီအဖွဲ့တွေရဲ့ နိုင်ငံရေးအကျိုးအမြတ်နဲ့ ပိုက်ဆံ ရဖို့ ချဲ့ကားပြောနေတာတွေဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ သိက္ခာကို ကျဆင်းစေပါတယ်။ ထို့အပြင် မိမိမြန်မာလူမျိုးဖြစ်ရတာကို လည်း သိမ်ငယ်စရာလို့ ယူဆလာနိုင်ပါတယ်။ ဒီဘက်မှာဆိုရင် မြန်မာမိန်းခလေးတွေက တခြားလူမျိုးနဲ့ ယူမှ ဂုဏ်ရှိတယ်လို့ ယူဆလာနေပါပြီ။ အဖြူတွေ လုပ်သမျှအားလုံးကို အတုယူပါတယ်။ အိမ်ထောင်ရေးဖေါက်ပြန်တာတွေလည်း ဒီမိုကရေစီ လုပ်တဲ့သူတွေ အသိုင်းအ၀န်းမှာ မြင်တွေ့နေရပါတယ်။ အခုဆိုမြန်မာနိုင်ငံအထဲ အထိ ရောက်နေပါတယ်။ ကိုယ့်လူမျိုးကို သိမ်ငယ်တယ်လို့ ထင်နေတရွေ့ ကျနော်တို့တွေရဲ့ ကောင်းတဲ့ ရိုးရာ အစဉ်အလာတွေကို ဖျက်ဆီးပြီး တခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှု ကျွန် ဖြစ်ရမှာသေချာပါတယ်။ ဒါတွေကြောင့် နအဖ အတွက် အမှန်အတိုင်း ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။

အခှုဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အချိန်ကုန်ဝေဖန်ပေးနေတာလဲ အကြောင်းရှိပါတယ်။ ဒီမိုကရေစီသမားတွေဟာ နအဖလိုပဲ မြန်မာလူမျိုးတွေပါ။ ( မြန်မာလူမျိုးဆိုတာ မြန်မာပြည်မှာ မွေးတဲ့ တရုပ်၊ကုလား၊ တိုင်းရင်းသား အားလုံးကို ရည်ရွယ်ပါတယ်) သူတို့တွေဟာ အလုပ်လဲ မလုပ်တတ်ကျပါဘူး။ အချိန်ပြည့် စိတ်ကူးယဉ်တယ်၊ အရည်မရ အဖတ်မရ ပြောတယ်။ ဆဲဆိုတယ်၊ အဆင့်ရှိရှိ မဆွေးနွေးတတ်ပါဘူး။ အဲဒါ အကျင့်ဆိုးကြီးပါခင်ဗျာ။ အဲဒီအကျင့်ဆိုးတွေကို သိအောင် ဖေါ်ထုတ်တဲ့အနေနဲ့ အခုလိုဝေဖန်နေခြင်းဖြစ်ပါတယ်။ (တဖြေးဖြေး လက်တွေ့ကျကျ တွေးခေါ်သင့်တယ်ဆိုတာ သဘောပေါက်လာကျပါပြီ။ ဒါလဲ လူအနည်းစုပါ) နောက်တစ်ချက်ကတော့ နအဖ အမှန်တကယ် ဆင်းသင့်ပြီ ထင်ပါတယ်။ အဲဒီလို ဆင်းသွားမှ တိုင်းပြည်ကြုံတွေ့နေရတဲ့ စီးပွားရေး အခက်အခဲတွေ ပြေလည်လာမယ်လို့လဲ မျှော်လင့်ပါတယ်။ မြန်မာတွေ အလုပ်ကို မှန်ကန်စွာ လုပ်တတ်ဖို့နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်လို့ လုပ်နေခြင်းဖြစ်ပါတယ်

နောက်ဆုံးတစ်ခုကတော့ သူတို့ ဒီမိုကရေစီ ၀က်ဆိုက်တွေနဲ့ ဘလော့တွေ လုပ်ကိုင်ပုံက နအဖ သတင်းစာနဲ့ ပုံစံတူနေလို့ပါ။ သူတို့ဘာတွေ လုပ်လဲ တစ်ချက်ကြည့်ပါခင်ဗျာ။ နအဖကို ဆန့်ကျင်တဲ့ အလုပ်လို့သာ ခေါင်းစဉ်တပ်လိုက် အားလုံးထောက်ခံကျပါတယ်။ သတင်း၊ ဆောင်းပါးတွေမှာ နအဖ ဆိုးတယ်လို့ ပြောသမျှ ထောက်ခံ ယုံကြည်မယ်။ ဘယ်သူမှ အကျိုးသင့်အကြောင်းသင့်ဆွေးနွေးတာ မရှိကျပါဘူး။ ဝေဖန်လဲ မဝေဖန်ရဲကျပါဘူး။ ဝေဖန်ဖို့ ဥာဏ်မရှိတာလဲ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီမိုကရေစီသမားတွေဟာ ဆိုက်ဝါးတွေ မိနေလို့ပါ။ သူတို့ ဦးနောက်တွေရဲ့ အဆင့်အတန်းဟာ သာမန်လူထက် နိမ့်နေပါတယ်။ (ကျနော်တို့ အခုလိုပြောတာ ရိုင်းတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ချိုချိုသာသာ ပြောနေရင် ဒီမိုကရေစီသမားတွေ ခေါင်းထဲ ၀င်မှာ မဟုတ်လို့ ပါ။ နောင်မှာလဲ စဉ်းစားဖို့ တွန်းအားပေးသလို ဖြစ်လာမယ်လို့ ထင်မြင်ယူဆပါတယ် ) သတင်းဌာန အမည်ခံပြီးတွေ့ကရာ ဇတ်လမ်းရေးပါ။ သူတို့အားလုံးယုံပါတယ်။ ဘုန်းကြီးအလောင်းအတုတွေ ဦးနောက်ထွက်နေတဲ့ ပုံတွေအတုတွေ သူတို့ ဘလော့တွေနဲ့ ၀က်ဆိုက်တွေမှာ တင်ခဲ့တာ လူတိုင်းသိပါတယ်။


သွေးပျက်နေသော ဒီမိုကရေစီသမားတွေ

အခုဝေဖန်ချင်တာကတော့ မြန်မာဒီမိုကရေစီအဖွဲ့တွေဟာ သွေးပျက်နေတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။ ဆီပုံးတွေ၊ ဘလော့တွေနဲ့ ၀က်ဆိုက်တွေကို လေ့လာရင် လူတိုင်းမြင်နိုင်ပါတယ်။ သူတို့တွေဟာ နအဖ ပြုတ်ကျဖို့ အရမ်းကို လိုလားနေကျပါတယ်။ ဒါပေမယ့်လည်း ဘယ်လို ဘယ်ပုံစဉ်းစားရမှန်း မသိရှာကျပါဘူး။ မြန်မာပြည်က လူတွေ နအဖကို မကျေနပ်လို့ ဆန္ဒပြလာမယ့် အရေးကိုပဲ ထိုင်စောင့်နေကျတာပါ။ အဲလိုဖြစ်လာတဲ့အချိန်မှာ လက်ခုပ်တီးအားပေးမယ်။ ကျန်တဲ့အချိန်မှာ နအဖအတင်း ထိုင်တုတ်မယ်။ ဒါပါပဲ။ လက်တွေ့ကျတဲ့ စဉ်းစားတွေးခေါ်မှု မရှိပါ။

ဝိုင်းဝန်း ဆွေးနွေးပြီး အဖြေရှာလား ဆိုတော့လည်း အဲလို မရှိပြန်ပါဘူး။ နအဖ ဆန့်ကျင်တဲ့ လှုပ်ရှားမှု မှန်သမျှ ထောက်ခံမယ်ဆိုတာ ချည်းပဲ။ အောက်ခံဘောင်းဘီပို့တယ်။ မိန်းခလေးတွေက အစ ထောက်ခံနေကျပါတယ်။ သူတို့မှာ မြန်မာမိန်းခလေးဖြစ်တာတောင် မေ့နေတဲ့ အနေအထားပါ။ အခုလည်း အရင်လုပ်ခဲ့တဲ့ လမ်းဟောင်းအတိုင်း နအဖကို စီးပွားရေးပိတ်ဆို့ဖို့ တွန်းအားပေးနေပါတယ်။ နအဖလို့သာ ခေါင်းစဉ်တပ်ပေမယ့် ပြည်သူတွေကို တိုက်ရိုက်ထိခိုက်တာတော့ အမှန်ပါ။ စင်ကာပူက ဘဏ်တစ်ခုဆိုရင် မြန်မာတွေ ငွေအပ်တာကို လက်မခံတော့ဘူးလို့တောင် သတင်းကြားနေပါတယ်။ အဲဒါမှန်ခဲ့ရင် စင်ကာပူက မြန်မာတွေရဲ့ လူထုချဉ်ဖတ်စာရင်းထဲမှာ ဒီမိုကရေစီသမားတွေ ထိပ်ဆုံးက ဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့ နှစ်ယောက် ကတော့ စီးပွားရေးသပိတ်မှောက်အောင် တိုက်တွန်းနေတဲ့ နိုင်ငံရေးသမားတွေလိုပဲ ဒီက ပတ်စပို့ကိုင်ထားတဲ့သူတွေဆိုတော့ အေးအေးဆေးဆေးပါ။ လောကကြီးကတော့ ဆက်လက် သာယာနေပါတယ်။

ကို ဥတ္တရကတော့ အဖွဲ့တွေကြား စကားပြောနေတယ်လို့တော့ ပြောပါတယ်။ ထုံးဆန်အတိုင်း မခံချင်စိတ်နဲ့ အနိုင်ရအောင် ပြောတယ်ဆိုတာ သိပါတယ်။ ဒီမိုကရေစီသမားတွေဟာ အဖြူတွေ ပြောသမျှကိုပဲ လေးစားပြီး ကိုယ့်မြန်မာအချင်းချင်းဆိုရင် အထင်မကြီးကျပါဘူး။ ဒါကြောင့် ဒီမိုကရေစီအဖွဲ့တွေ ဆွေးနွေးတိုင်ပင်ပြီး လက်တွေ့ကျတဲ့ နအဖ ပြုတ်ကျရေးလမ်းစဉ်ကို ချမှတ်နိုင်မှာ မဟုတ်ပါ။ (ဥာဏ်အရည်အချင်းလဲ ရှိမယ် မထင်ပါ) အရင် နှစ် ၂၀ လုံးလုံး လုပ်ခဲ့တဲ့ လမ်းဟောင်းအတိုင်း ဆက်လျှောက်မယ်ဆိုတာ အတိအကျ ပြောနိုင်ပါတယ်ခင်ဗျာ။

သူတို့မှာ အဖွဲ့အစည်းနဲ့ လုပ်ကိုင်နိုင်တဲ့ အကျင့်တွေ မရှိကျပါဘူး။ ဆန္ဒပြပွဲဖြစ်တုံးက သတိရမယ်ထင်ပါတယ်။ နအဖ ထိပ်ပိုင်းမှာ အကွဲအပြဲဖြစ်တယ်ဆိုတဲ့ အချိန်တုံးက သူတို့လေးတွေ သိပ်ပြီးပျော်နေကျပါတယ်။ အဲဒီအချိန်မှာ NLD ဟာ ကစဥ့်ကလျားဖြစ်နေပါတယ်။ အပေါ်ပိုင်းက ဆန္ဒပြပွဲ မထောက်ခံဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အောက်ခြေအဆင့်က ထွက်ပြီးဆန္ဒပြကျပါတယ်။ အဖွဲ့ဝင်ဆိုတာ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အတိုင်း နာခံရပါမယ်။ အဲလိုမနာခံတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကျတယ် မဟုတ်လားဗျာ? တနည်း NLD ကွဲပြဲတာကို အားပေးနေသလို ဖြစ်နေပါတယ်။ အဲဒီလူတွေ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ချင်ရင် အဖွဲ့အစည်းထဲ ၀င်ဖို့မလိုပါ။ နအဖတပ်တွင်း အကွဲအပြဲဖြစ်တယ်ဆိုတာ နှစ်ပေါင်း ၂၀ လုံးလုံးရှိပါတယ်။ ဒီနေ့အထိ ပန်းပန်လျက်ပါ။ စည်းရုံးပြီး မျိုးချစ်စိတ်ရှိပါတယ်လို့ ဂုဏ်တင်ခံနေရတဲ့ ဒီမိုကရေစီအဖွဲ့တွေ ဒီနေ့အထိ နအဖ ပြုတ်ကျရေးလမ်းစဉ် မရေးဆွဲနိုင်သေးပါ။ ရေဒီယိုပေါ်မှာ ဟန်ကြီး တခွဲသားနဲ့ လေကန်တာက လွဲလို့ ဘာမှ မလုပ်တတ်ကျပါ။

ဒီတော့ နောက်တကြိမ် နအဖ ဓါတ်ဆီဈေး ၅ ဆ တက်ပေးတဲ့ အချိန်ကို ထိုင်စောင့်ကျပါဦးခင်ဗျာ။ စိတ်မဆိုးကြေး

ကျန်းမာကြပါစေဗျာ

(မှတ်ချက် ။ ။ ဒီမိုကရေစီသမားတွေကို ချီးကျူးတဲ့ အသံကြားချင်ရင် BBC, DVB နားထောင်ပါ။ ဒီမိုကရေစီသမားတွေကို မြှောက်ပင့်ပြောတာတွေ ဖတ်ချင်ရင် ဒီမိုကရေစီ ဘလော့တွေကို သွားဖတ်ပါ။ လက်တွေ့ကျကျ တွေးခေါ်ချင်ရင် ဒီကိုလာပါ)

21 comments:

Unknown said...

"ဒါတွေကြောင့် နအဖ အတွက် အမှန်အတိုင်း ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။" that phrase was key in your post. Only handful of Burmese girls are married to the white or foreigners. You brush all with the same paint. You have been brain-washed by SPDC as a chauvinistic person or you may be a racist. I think you are living or a least visiting oversea. You can see Chinese girl,Indian girl or African girl or South American girls are living together with white. Have you ever heard Chinese /Indian/ any African /any South American government or people said their culture and tradition has been destroyed? You do not need to encourage them but you do not need to look down.
In every country there are family problems. Have you ever thought Burma is free from family problems like affair etc? Worse thing is Burmese are not open to talk. They keep secret. eg Than Shwe is sacred to come out to meet Mr Gambari . He does not have confidence to come out and talk . You can see he does not have Leadership quality. Than Shwe's daughter Than dar Shwe had affair with Zaw Zaw , son of late Tin Oo.
I hope in next time you can think in class without influence of SPDC.

AUNGAMA said...

Anyway....75% I agreed with two rual men because in terms of right leadership, able to think all perspectives, analytical, open strategy. I don't care who you are. We must co-operate even they are national enemy as strategic. Qualified and competence leader able to look different view not like routine ways followers. "Induviduals who have strong Proactive Personality (PAP) are constantly looking for what they see as better ways to do things and actively championing their ideas, even in the face of strong opposition from others"

Unknown said...

စစ်အဏာရှင် ကျဆုံးဖို့ မဆို ဘယ်သူ့ မဆိုအားပေးပါတယ်။
လက်နက်နဲ့ တိုက်တဲ့သူကော၊ ပါးစပ်နဲ့ တိုက်တဲ့သူကော၊ ကလောင်နဲ့ တိုက်တဲ့သူကော။
စစ်အဏာရှင် စနစ်ဆိုးကြောင့် လူတွေ အကျင့်စာရိတ္တပျက်၊ နိုင်ငံတကာနဲ့ ယှဉ်ရင် အောက်ကျနောက်ကျ ဘဝနဲ့ အသက်ရှင်နေရတာ။
စစ်အာဏာရှင် ကျဆုံးဖို့ နိဂုန်းချုပ်ဖို့ ကျိုးပန်းနေသူ၊ နည်းလမ်းရှာသူ အားလုံးကို အားပေးပါတယ်။

စစ်အာဏာရှင် အသက်ရှည်အောင် လမ်းမှားပြ သွေးထိုးတဲ့ ကိုယ်ကျိုးကြည့် လူတန်းစားမျိုးကို ရွံရှာ၊မုန်းတီးပါတယ်။

ခုဘလော့ပိုင်ရှင် ကိုဇော်မျိုးက ဒီမိုကရေစီအရေး ကျိုးပမ်းမှု့ မှန်သမျှ ဝေဖန်ရှုံ့ ချတာတွေပဲ ရေးလေးတော့ ဘယ်လို နည်းစနစ်မျိုးနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်မလဲ ပြောပါဦး။

မပြောခဲ့ ဘူးဆိုရင် ပြည်သူမုန်းတဲ့ ကိုယ်ကျိုးကြည့် မီးစာထိုးတဲ့ စစ်အာဏာရှင် လက်ဝေခံအနေနဲ့ သတ်မှတ်ရပါမယ်။

Unknown said...

ဗမာပြည်ကို စစ်မိစ္ဆာလက်အောက် ကျွန်သက်ရှည်ချင်ရင် ဒီဘလော့ ပိုင်ရှင်ရဲ့ အသက်မွေးဝမ်းကျောင်းအတိုင်းလိုက်လုပ်ပါ။

Unknown said...

အမေရိကန် တွေ ဗြိတိန် နိုင်ငံတွေ နဲ့ နှိုင်းပြီးလျှောက်မပြောပါနဲ့ ခင်ဗျား..
သူတို့ ဆီမှာ...........
ဘယ်အရာမဆို မဲဆန္ဒနဲ့ ဆုံးဖြတ်ပါတယ်။
အစိုးရရဲ့ လုပ်ဆောင်ချက်ကို သူတောင်းစားကအစ ဝေဖန်ခွင့်ရှိပါတယ်။
မကြိုက်ရင် မဲမပေးပဲ ဖြုတ်ချနိုင်ပါတယ်။
ဲပြစ်မှု့ ကျူးလွန်ရင် တရားဝင် သမ္မတရော၊ ဝန်ကြီချုပ်ရော ခုံရုံးတင်တရားစွဲလို့ရပါတယ်။
တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။

မှန်ပါတယ်..
“““လူတွေ နအဖကို မကျေနပ်လို့ ဆန္ဒပြလာမယ့် အရေးကိုပဲ ထိုင်စောင့်နေကျတာပါ။ အဲလိုဖြစ်လာတဲ့အချိန်မှာ လက်ခုပ်တီးအားပေးမယ်။ ကျန်တဲ့အချိန်မှာ နအဖအတင်း ထိုင်တုတ်မယ်။ ဒါပါပဲ။”””

ဲပြည်သူတွေ ဒါပဲ လုပ်နိုင်ပါတယ်။ မိမိအသက်အန္တရာယ်နဲ့ မိမိ မိသားစုလုံးခြုံရေးအတွက် ဒါပဲ လုပ်နိုင်ပါတယ်။
ခင်ဗျားလိုတော့ ဒီမိုကရေစီအတွက် ဒါတွေရင်းပြီး လှုပ်ရှားရဲတဲ့မျိုးချစ်ဗမာလူမျိုးတွေကို ကိုယ်တိုင်ဘာမှမလုပ်ဘဲ(ကိုယ်ကျိုးအတွက်) ဝေဖန်တဲ့အလုပ်ကို လုပ်လိုစိတ်မရှိကြပါဘူး။

တိုင်းပြည်ဖျက်နေတာ နအဖ ပါ NLD မပာုတ်ဘူးဆိုတာ ပြည်သူတိုင်း သိပါတယ်။ ရပ်ကွက်ထဲမှာ ကြုံတဲ့လူကို တိုးတိုးလေးမေးကြည့်ပါ။

နအဖ ကိုရှုံချတဲ့ ဘလော့ ထောင်သောင်းများစွာရှိတာ ဘာဖြစ်လို့ပါလဲ ပြည်သူတွေကိုတိုင် ရှုံချနိုင်ခွင့်ရှိလို့ ရှုံချလိုစိတ်ရှိလို့ ဒီလောက်များလာတာပါ။ နောက်ထပ် သိန်းသန်း ပေါင်းများစွာ ထပ်ထွက်လာပါဦးမယ်။ ပြည်သူတွေ လုပ်နိုင်တာဒါပဲ..အန္တရာယ်ရှိရင်တိုးတိုးပြောမယ်။ မရှိရင်ကျယ်ကျယ် ပြောမယ်။

စိတ်မဆိုးကြေးပေါ့

Unknown said...

More or less I agree you.But your article is a little too far.As you know Myanmar people are influence by system.We are destroying by the system.So don't blame on our people.

Anyway thanks for uncovered the truth.Next time write about the stratey of idea for changing the government.

Mintasay said...

နေ၀င်ရာရာနောက်ကိုတကောက်ကောက်လျှောက်လိုက်နေရင်တော ဘယ်တော့မှ နေထွက်တာကိုမြင်ရမှာ မဟုတ်ပါဘူး ။ Your brain is not opened as you said. As for me i support all the peaceful movements by pro-democractics . It may take long but we have to be patient for the sake of real democractic country.

Unknown said...
This comment has been removed by a blog administrator.
* In Search of Truth * said...

သို့ ကို Ah
ဒီဘလော့ဟာ အဆင့်အတန်းမဲ့ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ပြောဆိုချက်တွေကို လက်မခံပါ။ အခုအစ်ကိုရဲ့စာကို ဖျက်လိုက်ပါပြီခင်ဗျာ

* In Search of Truth * said...

သို့ ကိုမင်းတစေ
အစ်ကိုက ဘယ်လို နအဖ ဆန့်ကျင်ရေးကို ထောက်ခံသလဲခင်ဗျာ? အဲဒီလှုပ်ရှားမှုတွေ မပေါ်သေးမီက ဖြစ်ခဲ့တဲ့ ၈၈၈၈ လူထုအုံကြွမှုမှာ ပြည်သူတွေ အနိုင်ရခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုတွေ လုပ်ပြီးမှဖြစ်ခဲ့တဲ့ မနေ့က ဆန္ဒပြပွဲ မှာ သောက်သောက်လဲ အရေးနိမ့်ခဲ့ပါတယ်ခင်ဗျာ။ ဒီတော့ အစ်ကိုတို့ လုပ်နေတာ နအဖ ပြုတ်ကျရေးလား သက်ဆိုးရှည်ရေးလားဆိုတာ ဒီမှာ အဖြေပေါ်နေပါပြီခင်ဗျာ။

* In Search of Truth * said...

သို့ အစ်မ naturelover
NLD ဆိုတာ စံနစ်ဆိုးကိုတိုက်ဖျက်နေတဲ့ အဖွဲ့ပါ။ (ဒီမိုကရေစီကို စံနစ်ကောင်းတယ်လို့ ဆိုလိုချင်း မဟုတ်ပါ။ ဥပမာအနေနဲ့သာ ပြောကြားချင်းဖြစ်ပါတယ်) အဲဒီအဖွဲ့ဝင်တွေကိုယ်တိုင် စံနစ်ဆိုးရဲ့ အရိပ်အောက်မှာဖြစ်နေရင် NLD ဟာ ပြည်သူတွေကို ကယ်ဖို့ နေနေသာသာ သူ့ဖာသာသူ့တောင် ကောင်းကောင်း မတ်တပ်ရပ်နိုင်တဲ့ အခြေအနေမှာ မရှိသေးဘူးဆိုတဲ့ သဘောပဲဗျ။

* In Search of Truth * said...

သို့ အစ်ကို top

အစ်ကို သိတဲ့ အမေရိကန် နဲ့ အင်္ဂလန်တို့လို ဒီမိုကရေစီဆိုတာ မှာ ပြစ်မှုကျူးလွန်ရင် ပြုတ်ကျတယ်ဆိုတာ နိုင်ငံရေးသမားတွေ အချင်းချင်း အဆင်မပြေလို့ အဖြုတ်ခံရတာဖြစ်မယ်ထင်ပါတယ်။ လူသတ်လို့ ဘာမှမဖြစ်တာ 9/11 နဲ့ 7/7 က သက်သေထူနေပါတယ်။ အားရင် ဒါလေးဖတ်ကြည့်ပါဦးခင်ဗျာ http://lightofmyanmar.blogspot.com/2007/08/93_17.html

တိုင်းပြည်ဖျက်တာ နအဖလည်းပါတယ်၊ NLD လည်းပါတယ်၊ သတင်းဌာနတွေလည်း ပါတယ်၊ နောက်ပိုင်းမှာ အစ်ကိုတို့ အဖွဲ့တွေ အကြောင်းတင်ပြပါမယ်။ မကြာမီမှာတော့ သတင်းဌာနတွေ ဘယ်လို လုပ်လဲဆိုတာ တင်ပြဖို့အစီအစဉ်ရှိပါတယ်။ အဲဒီအချိန်မှာလည်း မြင်ယောင်ပါတယ်ဗျာ။ အစ်ကိုတို့ တိုင်းပြည်မျက်နှာကို မထောက်ပဲ သတင်းဌာနတွေဘက်ကနေ လိုက်ပြီးကာနေမယ်ဆိုတာ သဘောပေါက်ပါတယ်။

ကျနော်ပြောထားတဲ့ နအဖကို အတင်းတုတ်တယ်ဆိုတာ ပြည်သူတွေကို ပြောတာမဟုတ်ပါ။ အစ်ကိုတို့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဘလော့တွေကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ အစ်ကိုတို့ လုပ်တတ်တာ နအဖ အတင်းတုတ်တာပဲ မဟုတ်လား? အစ်ကိုတို့ နိုင်ငံရေးအဖွဲ့ တွေ ချမှတ်ထားတဲ့ နအဖ ပြုတ်ကျရေးလမ်းစဉ်ပြောပြပါ။ တိကျတဲ့ လမ်းစဉ်မရှိပါ။ အောက်ခံဘောင်းဘီလေး ဝေတာနဲ့ အောက်တန်းစားတွေလို လိုက်ဆဲနေတာဟာ နအဖပြုတ်ကျဖို့အကြောင်းမရှိပါခင်ဗျာ။ ရေနံကုမဏီ မြန်မာနိုင်ငံက ထွက်အောင်လုပ်တာ နအဖထက် ပြည်သူတွေ ပိုပြီး ဒုက္ခရောက်မယ်ဆိုတာ အစ်ကိုတို့ စဉ်းစားနိုင်တဲ့ ဥာဏ်ရည်ရှိတယ်လို့ မထင်ပါခင်ဗျာ။

နအဖကို ပြည်သူတွေ မုံန်းတာလက်ခံပါတယ်။ အဓိက ကိစ္စကတော့ နအဖ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါ။ အဲဒါနဲ့ နအဖက ဒီမိုကရေစီထက်ပို ရက်စက်တယ်လို့ သတ်မှတ်လို့ မရပါ။

* In Search of Truth * said...

သို့ ကိုအောင်
ကျနော်တို့မှာ ၀ါဒနဲ့ ပတ်သက်ပြီး စွဲလမ်းမှု မရှိပါခင်ဗျာ။ နိုင်ငံရေးဝါဒဆိုတာ ကုန်ပစ္စည်းတစ်ခုလိုပါပဲ။ မသုံးရသေးခင် ကြော်ငြာကြည့်လို့ကတော့ အရမ်းကို စွဲမက်ဖွယ်ကောင်းပါတယ်။ တကယ်လက်တွေ့သုံးမှ အပြစ်အနာဆာတွေ ပေါ်လာပါတယ်။ ကျနော်တို့ ပြောခဲ့သလိုပါပဲ နအဖကို မမုံန်းပါဘူး၊ စစ်တပ်ကိုလဲ မမုံန်းပါဘူး။ နှစ် ၂၀ လုံးလုံး ပြည်သူတွေ ထမင်းလေးတလုပ်ကို ၀၀လင်လင်စားနိုင်အောင် လုပ်နိုင်တဲ့ အရည်အချင်းလေးတောင် မရှိတဲ့ အစိုးရပါ။ ဒါကြောင့်နအဖ ဆင်းသင့်ပြီလို့ ထင်မြင်ပါတယ်။ ပြုတ်ကျရေးအတွက်လည်း တတ်စွမ်းတရွေ့ ကြိုးပမ်းခဲ့ပါတယ်။ ( အခုလည်း အစီအစဉ် လေးတချို့ကို တင်ပြဖို့လည်းရှိပါတယ်။ အခုဆောင်းပါးတွေ အားလုံးဟာ အဲဒီအစီအစဉ်တင်ပြတဲ့နေရာမှာ အထောက်အကူပြုဖို့ လည်းရည်ရွယ်ရေးသားတာတွေ ပါနေပါတယ်။ ) ကျနော်တို့ အရင်တင်ပြခဲ့တဲ့ အစီအစဉ်တုံးကလည်း အသေးစိပ်မေးမြန်းတာတွေ ဖြေကြားခဲ့ပါတယ်။ မေးတဲ့သူတိုင်းလည်း နှစ်သက်သွားပါတယ်။ ဒါပေမယ့် ဒီမိုကရေစီသမားတွေက အကြောင်းအရာပေါ်မှာ စဉ်းစားမှု မလုပ်ပဲ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ ကျနော်တို့ အစီအစဉ်ကို မကူညီခဲ့ကျချင်းဖြစ်ပါတယ်။ ကျနော်တို့ အမြင်ကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ကျနော်တို့ နှစ်ယောက်ဟာ မြန်မာအရေးနဲ့ ပါတ်သက်ရင် ဟန်ဆောင်တာတွေ မပါပဲ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်ပါတယ်ခင်ဗျာ

* In Search of Truth * said...

သို့ အစ်ကိုကျော်၊
အစ်ကိုဟာ ဒီဆောင်းပါးတွေရဲ့ အရေးပါပုံကို မသိတာပဲလား ၊ မသိချင်ယောင်ဆောင်တာပဲလား ဆိုတာ အစ်ကိုပဲ အသိဆုံးနေမှာပါ။ အစ်ကိုတို့ နအဖ အပြုတ်တိုက်ချင်ရင် ကိုယ်တိုင်လဲ အင်အားရှိဖို့လိုပါတယ်။ ကိုတိုင်က အင်အားမရှိပဲ နအဖပြုတ်ကျအောင် လုပ်ဖို့ ဖြစ်နိုင်မလား? သေချာစဉ်းစားပါခင်ဗျာ

နောက်တစ်ချက်ကတော့ ကျနော်တို့ကို နအဖပြုတ်ကျရေးလမ်းစဉ်ဘာလဲလို့ လာမေးနေတာ ရယ်စရာကြီးဖြစ်နေပါတယ်။ အဲဒါဟာ အစ်ကိုတို့ ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင်တွေကို မေးရမယ့် မေးခွန်းပါ။ အဲဒါဟာ သူတို့ရဲ့အဓိကတာဝန်ပါခင်ဗျာ။ သူတို့ဟာ နေ့စဉ်နဲ့ အမျှ ရေဒီယိုပေါ်မျာ ဆရာကြီးလေသံနဲ့ ပြောနေတာကလွဲလို့ ဘာမှ အဖြစ်မရှိပါ။ အဲဒီလူတွေ အမှန်တကယ် အရည်အချင်းရှိရင် နအဖပြုတ်ကျရေးလမ်းစဉ်ကို ချမှတ်နိုင်ရပါမယ်။ ဒီတော့ နှစ် ၂၀ကြာလို့တောင် လမ်းစဉ်မစွဲနိုင်တဲ့ အဖွဲ့တွေကို အရင်သွားမေးလိုက်ပါဦးခင်ဗျာ။

* In Search of Truth * said...

သို့ ကိုဥတ္တရ
ကျနော်က နိုင်ငံခြားသားတွေကို မျက်ကန်းအထင်ကြီးပြီး မြန်မာတွေကို အထင်သေးနေတဲ့ အကျင့်စရိုက်ကို ဆန့်ကျင်တဲ့ လုပ်ရပ်ဟာ Racist ဟုတ်မဟုတ် အင်္ဂလိပ်စာကို အရင် လေ့လာလိုက်ပါဦးခင်ဗျာ

Unknown said...

to in search of truth

may be a racist လို့ ပြောတာက color term သုံးတာ၇ယ်။ လူမျိုးခြားနဲ့ ယူတာမှားတယ်လို့ (စကားလုံးအတိအကျအဟုတ်ပေမဲ့) အယူအဆရှိနေတာသိသာနေလို့ ပါ။ကိုယ့်ကိုယ်ကိုသေချာစဉ်းစားကြည့်ပါ။စိတ်မဆိုးကြေးလေ။

Infant Goddess said...

ကိုယ့်သဘောနဲ့ကိုယ် အပွန်းခံပြီး ချိုသွေးပေးတဲ့ ဦးဦးရေ . . .
ဦးဦးလိုတော့ အချိန်ပေးပြီး ဆွေးနွေးချက်တွေ ရေးဖို့ အခြေအနေ မရှိပါ.. ၀င်ကူထောက်ပြရုံပါ..
အခြေအနေမဲ့ ထင်ရာစိုင်းသူတွေရှိနေသ၍ .. ဘာမှမလုပ်ဘဲ ကြိုက်တဲ့အစိုးရကို ဖြုတ်ချလိုက် မဲပေးလိုက်နဲ့လဲ တိုင်းပြည်ကောင်းမလာနိုင်ပါဘူး။ ပိုဆိုးသွားစရာ ရှိပါတယ်။ အဲဒီတော့ သိက္ခာရှိရှိ နည်းလမ်းမှန်မှန် ဆုံးဖြတ်လုပ်ကိုင်တတ်သူတွေ တိုင်းပြည်ကို ခပ်ညံ့ညံ့အစိုးရမျိုးလက်က ကယ်တင်ဖို့ တကယ်ကို လိုပါတယ်၊ ဒါပေမယ့် စည်းကမ်းရှိဖို့ ပညာတတ်ဖို့ ပြည်သူတွေကို မြေတောင်မြှောက်ပေးဖို့ ဘယ်နိုင်ငံရေးအဖွဲ့ကမှ ဘယ်အာဏာရှင်ကမှ တကယ် မလှုပ်ရှားခဲ့ပါဘူး။ ကျောသပ်ပေးပြီး မြှောက်ကာဆွကာနဲ့ သူ့ကိုမုန်းပြီး ကိုယ့်ကို ကိုးကွယ်အောင်လုပ်ဖို့ပဲ အားသန်နေကြတာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘ၀ကိုယ် အနေမြင့်အောင် အရင်ကြိုးစားကြရမှာပါ.. ဒါမှ လမ်းမှန်ရွေးပြီး အောင်အောင်မြင်မြင် လျှောက်နိုင်မှာပါ။

Infant Goddess said...

ပြည်သူတွေရဲ့ ၀မ်းနည်းအားငယ်မှုတွေကို ဒေါသအဖြစ်ပြောင်းပြီး opponent ရဲ့ အားနည်းချက်တွေကို တိုက်ခိုက်တာ ကောင်းတဲ့ လုပ်ရပ် မဟုတ်ပါဘူး၊
အခုလှုပ်ရှားမှုဟာ ပြည်သူ-အစိုးရ နှစ်ဖက်လုံးရဲ့ ပျော့ကွက် အားနည်းချက်တွေကို အသုံးချပြီး နေရာယူသလို ဖြစ်နေတာမို့ အားမပေးချင်သူတွေ ရှိလာတဲ့အခါ ရှောင်သူတို့ကို တစ်မျိုးဝေဖန်တိုက်ခိုက်တော့ တစ်အားလျော့ပြန်ပါတယ်။
အားသာချက်လို့ ဆိုရအောင် ဘာအကျိုးရှိတဲ့ အကြံဥာဏ် လမ်းညွှန်မှုကိုမှ မပေးခဲ့ပါဘူး။
ကိုယ့်တိုင်းပြည်ကိုယ် စီးပွားရေးပိတ်ဆို့စေတဲ့ စေတနာမျိုးကို ဘယ်လိုနားလည်ရမလဲ?
သူတို့ဘ၀ နိမ့်ကျလေ အစိုးရကို မုန်းလေ ငါတို့အကျိုးရှိလေ ဆိုတဲ့ လမ်းစဉ်ကြီးကပဲ တခြားရပ်တည်ချက်တွေထက် နေရာယူနေတယ်လို့ မြင်တယ်။
နိမ့်ကျနေတဲ့ ဘ၀တွေကို ငါတို့ နေရာရမှ မြှင့်တင်ပေးမယ်ဆိုတဲ့ စိတ်ထားနဲ့ အမုန်းအားပေး စိတ်ထားတွေနဲ့ တိုင်းပြည်ကို မြှင့်တင်လို့ မရပါဘူး။ . .

Infant Goddess said...

ဒါတွေကို သိနားလည်သူတွေက လွတ်ရာကျွတ်ရာမှာ မသိသလိုနေတာကတော့ ကိုယ်ပိုင်လွတ်လပ်မှုကို တွယ်တာပြီး မျိုးနွယ်အပေါ် social-irresponsiblity တာဝန်မဲ့မှုပါ.
အတင်းတိုက်တွန်းတန်တာ မဟုတ်ပေမယ့် ဒီအချိန်မျိုးမှာ ဒီလိုနေတာကတော့ မဖြစ်သင့်ပါဘူး။
ကိုယ့်ဘာသာ အနေမှန်ပြီး ငြိမ်းငြိမ်းနေလဲ ပတ်ဝန်းကျင်မသာယာတာကို လစ်လျှူရှုတာ ကိုယ့်ဘ၀အတွက်ရော ၀န်းကျင်အတွက်ပါ မကောင်းပါဘူး..
ဒါကြောင့် စိတ်ရှည်သည်းခံပြီး ဒီလို အားဖြည့်ပေးတာကို အထူးကျေးဇူးတင်ပါတယ်၊ မသိတတ်သူတွေကတော့ ဒီလိုဟိုလိုလုပ်တာ နည်းလမ်းမကျဘူးပြောရင် ပြင်ရကောင်းမှန်းမသိ နာချင်အော်ချင်နေတုန်းပါပဲ၊
ဒါတွေကို ဥပေက္ခာပြု ဒီလူတွေအပေါ် ဂရုဏာထားပြီး ဥာဉ်ဆိုးအတော်များများ လွှမ်းမိုးခံရသူတွေကို ချေချွတ်ဖို့ ရည်ရွယ်တဲ့ ဇာတိသံယောဇဉ်ကြီးသူတွေရဲ့ စေတနာကို ၀မ်းမြောက်စွာ လေးစားပါတယ်၊
အသုံးအနှုန်းတွေ ရင့်နေလဲ စာလုံးပေါင်းတွေ ချွတ်ယွင်းနေလဲ စေတနာမှန်အတိုင်း ခရီးဆက်နိုင်ပါစေ။

Unknown said...

Legal definition

According to UN International Conventions, "the term "racial discrimination" shall mean any distinction, exclusion, restriction or preference based on race, color, descent, or national or ethnic origin which has the purpose or effect of nullifying or impairing the recognition, enjoyment or exercise, on an equal footing, of human rights and fundamental freedoms in the political, economic, social, cultural or any other field of public life." [2] This definition does not make any difference between prosecutions based on ethnicity and race, in part because the distinction between the ethnicity and race remains debatable among anthropologists [3] According to British law, racial group means "any group of people who are defined by reference to their race, colour, nationality (including citizenship) or ethnic or national origin"

Unknown said...

ဒါနဲ့ မသိလို့မေးပါရစေ.. ဒေါ်အောင်ဆန်းစုကြည်ကို နအဖက ဘာလို့ဖမ်းထားတာလဲဟင်