(က)ဆေးမြီးတိုမဟုတ်ပါ
(ခ) ညှင်းပန်းနှိပ်စက်ချင်း
ဒီမိုကရေစီစံနစ်မှာ ပြည်သူတွေက တင်မြှောက်တဲ့ အစိုးရဖြစ်တဲ့အတွက် လူထုအပေါ် လေးစားမယ်လို့ ယူဆချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ ဒီမိုရဲများ၊ ဒီမိုစစ်တပ်များ၊ ဒီမိုထောက်လှမ်းရေးဖြစ်တဲ့ CIA, FBI , MI5 တို့ဟာ သူတို့ပြည်သူတွေကို မတရားညှင်းပန်း နှိပ်စက်မှုတွေလုပ်နေကျပါတယ်။ လူအခွင့်အရေးအဖွဲ့များဆိုသည်မှာ ဒီမိုအစိုးရများ၏ ကြိုးဆွဲရုပ်များသာ ဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရများ၏ လူအခွင့်အရေးချိုးဖေါက်မူများကို တတ်နိုင်တရွေ့ ရေငုံနှုတ်ပိတ်နေကျပါသည်။ မဖြစ်လို့ ပြောရရင်တောင် ဟန်ပြလောက်သာ ပြောပါတယ်။ ဘယ်တုံးကမှ အင်တိုက်အားတိုက် လုပ်တာမျိုးမရှိခဲ့ပါ။ ဒီမိုအစိုးရများ နှင့် အာဏာရှင်များကွာဟချက်မှာ အာဏာရှင်များသည် ညှင်းပန်းနှိပ်စက်မှုများကို လုံးဝ ငြင်းဆိုပါသည်။ ဒီမိုအစိုးရများမှာမှု သူတို့ ညှင်းပန်းနေမှုများကို ၀န်ခံပါသည်။ သို့သော် အကြောင်းအမျိုးမျိုးပေးကာ ညှင်းပန်းနှိပ်စက်ခြင်းကို ဆက်လုပ်ပါသည်။ ရလဒ်ကတော့ အတူတူသာဖြစ်ပါသည်။
(ဂ) ဆန္ဒပြခွင့်
မြန်မာသံရုံးတွေရှေ့ ဆန္ဒပြခွင့်ပေးလို့ တကယ်ဆန္ဒပြခွင့်ရှိတယ်ထင်သလား?
မပြောပလောက်တဲ့ လူလေး ၁၀ ယောက်လောက်က ဒီမိုအစိုးရကို ဆန့်ကျင်တာခွင့်ပြုလို့ သဘောထားကြီးတယ် သတ်မှတ်နေကျသလား?
မဖြစ်လောက်တဲ့ သေးသေးမွှားမွှားလေးဆိုရင်တော့ ခွင့်ပြုပါတယ်။ ဒါပေမယ့် ဒီမိုအစိုးရတွေ ဟာ သူတို့ကို ထိခိုက်စေမယ့် ကြီးမားတဲ့ ဆန္ဒပြမှုမျိုးဆိုရင်တော့ အကြောင်းပြချက်ကို ဖန်တီးပါတယ်။ ပြီးရင်တော့ အသေကို သတ်ပါတယ်။ အထူးသဖြင့် globalization ကို ဆန့်ကျင်ရင်လုံးဝ သည်းခံတာမဟုတ်ပါဘူး။ ဘယ်လူ့အခွင့်အရေးအဖွဲ့တွေကမှ မဝေဖန်ရဲပါ။ အမေရိကန် ၊ ကနေဒါ နဲ့ အီတလီဖြစ်ရပ်တွေကို သက်သေအဖြစ်ကြည့်နိုင်ပါတယ်။
(ဃ) လွတ်လပ်တဲ့မီဒီယာ
လွတ်လပ်တဲ့မီဒီယာဆိုတာ ဘယ်ဒီမိုအစိုးရမှာမှ မရှိပါဘူး။ ဒီမှာ တစ်ခုပြောချင်တာကာတော့ တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုမီဒီယာတွေဟာ နိုင်ငံကွာပေမယ့် အာဘော်တွေတူနေ ကျပါတယ်။ နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ သဘောပေါက်လာမှာက တကမ္ဘာလုံးက ဒီမိုမီဒီယာတွေဟာ အနောက်ဖက်အစိုးရတွေက ချမှတ်ထားတဲ့ ဘောင်အတွင်းကပဲ ရေးသားလုပ်ကိုင်နေရတယ်ဆိုတာပါပဲ။ နည်းနည်းလေးတွေးလို့ရအောင် ပြောချင်ပါတယ်။ တကယ်လို့ ဒီမိုမီဒီယာတွေဟာ ထိမ်းချုပ်မှုလုံးဝ မရှိပဲ လွတ်လပ်စွာတင်ပြခွင့် သာရမယ်ဆိုရင် 9/11 မှာ ခရီးသည်တင်လေယဉ်ပျံကို အမေရိကန် ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ဗီဒီယိုကင်မရာတွေရှေ့မှာ ပါးစပ်ကနေ သူတို့က ပြစ်ချခဲ့တာဖြစ်တဲ့အကြောင်း ထုတ်ဖေါ်ခဲ့ပါတယ်။ ဆောင်းပါး (မျက်မြင်သက်သေတွေကိုယ်တိုင် အမှတ်အသားမပါတဲ့ ဂျက်လေယာဉ်ပျံဟာ ပြစ်ချပြစ်ခဲ့တာမြင်တဲ့အကြောင်း ပြောပြခဲ့တာတွေရှိပါတယ်။ ) အမေရိကန်အစိုး၇က ခရီးသည်တင်လေယာဉ်ပျံကို ပစ်ချတယ်ဆိုတဲ့အကြောင်း ခေါင်းကြီးပိုင်းကနေ ထည့်မယ်ဆိုရင် သတင်းစာလဲ အရောင်းသွက်မှာပေါ့ဗျာ။ အဲဒီသတင်း အမေရိကန် သတင်းစာတွေမှာ မဖေါ်ပြခဲ့ပါဘူး။ တခြားတိုင်းပြည်မှာ အခြေစိုက်တဲ့ uk က BBC တို့ ထိုင်းသတင်းစာတို့မှာလည်း မဖေါ်ပြခဲ့ပါဘူး။ ဒါဆိုရင် ဒီမိုမီဒီယာတွေဟာ တကယ်လွတ်လပ်သလား စဉ်းစားပါ။
မြွေကိုက်လို့သေသွားတဲ့ ကောင်မလေးအတွက်တော့ စိတ်မကောင်းပါဘူး။ ဆင်းရဲဆုံး ၁၀ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့ကြည့်ရင် အဲဒီကောင်မလေးတစ်ယောက်အတွက် သိပ်ပြီးကံဆိုးလှတယ်လို့တော့ ပြောလို့မရပါဘူး။ (နအဖ ညံ့ဖျင်းတာကို ကာကွယ်ခြင်းမဟုတ်ပါ။ နအဖ တော်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ ဦးသန်းရွှေ အသက်အိုမင်းသည်အထိ အာဏာယူခြင်းကိုလည်းဆန့်ကျင်ပါတယ်) ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမေရိကန်နဲ့ ကနေဒါလိုနိုင်ငံ Emergency ဌာနမှာ ဆရာဝန်စောင့်နေရင်း သေသွားတဲ့ အဖြစ်မျိုးနဲ့ နှိုင်းယှဉ်ရင် အများကြီးတော်ပါတယ်။ ဒီမိုနိုင်ငံဆိုတာကတော့ သိတဲ့အတိုင်းပဲ ပြဿနာတွေကို တင်ပြပါတယ်။ အရေမရ အဖတ်မရ ဆွေးနွေးကျပါတယ်။ ဘာမှလဲ ဖြစ်မလာပါဘူး။ ဒီမိုငတုံးတွေကတော့ ဒီမိုကရေစီနိုင်ငံဆိုရင် တာဝန်ယူမယ်ဆိုတဲ့ သဘောမျိုးထင်ထားကျပါတယ်။ ဒီမိုနိုင်ငံတွေမှာ ဘယ်ဝန်ကြီးမှလည်း နှုတ်ထွက်ပေးဖို့ မတောင်းဆိုကျပါဘူး။ တကယ်လက်တွေ့မှာ ဘယ်စံနစ်၊ ဘယ်နိုင်ငံမှ တာဝန် မယူပါဘူး ဆိုတာ သိထားစေချင်ပါတယ်။ ဗီဒီယို (၁) ။ ဗီဒီယို (၂)
(စ) မီဒီယာတွေကို အားကိုးချင်း
မီဒီယာတွေကို Check and Balance နေရာမှာ အားကိုးလို့ရတယ်ဆိုပြီး စာအုပ်ကြီးထဲကဟာတွေ လာရွတ်ပြမနေနဲ့။ လက်တွေ့မှာ ဘယ်မီဒီယာမှ ပြည်သူအကျိုးကြည့်တာ မဟုတ်ဘူး။ ကြည့်လို့လဲမရပါဘူး။ အရင်းရှင် နိုင်ငံမှာ အားလုံးဟာ ချမ်းသာဖို့လုပ်နေတာ ဖြစ်ပါတယ်။ ဂုဏ်တု ဂုဏ်ပြိုင်တွေပဲ လုပ်ကျပါတယ်။ ဘယ်သူမှ ဓနိမိုးအောက်မှာ သတင်းစာ အယ်ဒီတာ မလုပ်နိုင်ပါဘူး။ ဆိုဖာခုံပေါ်မှာပဲ လုပ်ချင်ကျပါတယ်။ အဲလိုမျိုးတွေဖြစ်ဖို့က မှန်မှန်ကန်ကန်လုပ်လို့ မရပါဘူး။ ဒီတော့ သတင်းလိမ်တွေ၊ ကြော်ငြာသတင်းတွေနဲ့ ပိုက်ဆံရမယ့် နိုင်ငံရေး progpaganda တွေကို ရေးပေးလာကျပါတယ်။ ဒီတော့ ဒီမိုမီဒီယာတွေဟာ ဘယ်လိုမှ အားကိုးလို့မရဘူးဆိုတာ သိထားစေချင်ပါတယ်။
(ဆ) ရွေးကောက်ပွဲကို ရင်မခုံပါနဲ့
အာဏာကို ဘယ်သူမဆို လိုချင်ကျပါတယ်။ ခုံနေရာလေးရဖို့အတွက် ဘယ်အမတ်လောင်းကမှ ရိုးသားစွာ ရွေးကောက်ပွဲ မ၀င်ကျပါဘူး။ ရိုးသားရင်လည်း မဲရမှာ မဟုတ်ပါ။ အားလုံးက ကလိမ်ကညစ်နည်းတွေ အသုံးပြုကျပါတယ်။ အများဆုံးသုံးတဲ့ နည်းကတော့ လူတွေကို လိမ်ညာ ကတိက၀တ်တွေပေးခြင်း ဖြစ်ပါတယ်။ မီဒီယာတွေကို ပိုက်ဆံပေးသင့်တာပေး၊ လိုအပ်ရင် ကိုယ်ပိုင်မီဒီယာထောင်သင့်ရင်ထောင် အဲဒီက တဆင့်လူတွေကို ထပ်လိမ်ပါတယ်။ (ကျည်တစ်ချက်မဖေါက်ပဲ မဲပုံးကနေ ကိုလိုနီဖြစ်အောင်လုပ်တာတွေ နောက်မှတင်ပြပါမယ်။ မယုံမရှိပါနဲ့ မဲပုံးကနေ နိုင်ငံကို သိမ်းပိုက်တဲ့နည်းကို ဒီနေ့မှာ ကျင့်သုံးနေပါတယ်။ သက်သေအထောက်အထားတွေ အများကြီးလည်းရှိနေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အနောက်ဖက်က ဒီမိုကရေစီရအောင် ပိုက်ဆံကုန်ခံပြီး လုပ်ပေးနေတယ်ဆိုတာ ကျွန်ပြုဖို့အတွက်သာဖြစ်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်)။ အမတ်တွေဟာ သူတို့လိုချင်တဲ့ နေရာလဲရတဲ့အချိန်မှာတော့ လုပ်ငန်းရှင်တွေဆီကနေ တရားဝင် လဒ်ငွေတွေကို လက်ခံပြီး လုပ်ငန်းရှင်တွေ လိုချင်တဲ့ ဥပဒေ စည်းကမ်းတွေကို တင်သွင်းတာတွေ၊ ထောက်ခံတာတွေလုပ်ကျပါတယ်။ ပြည်သူ့အကျိုးအတွက်ဘာမှ မလုပ်ပါ။ ဒါကြောင့် ရွေးကောက်ပွဲဆိုတာ ပြောသလောက် အကျိုးမရှိလှပါဘူး။
ကျွန်တော်တို့ တင်ပြချင်တာကတော့ ဒီမိုကရေစီစံနစ်ကို ကျင့်သုံးတာကတော့ ကျင့်သုံးပါ။ ဒါပေမယ့် ဒီမိုကရေစီစံနစ်ရဲ့ ဆိုးကျိုးတွေနဲ့ အားနည်းချက်တွေကို သိထားသင့်ပါတယ်။ ထို့အတူပဲ နီးစပ်ရာသူတွေကိုလဲ သိအောင် ပြောပြထားသင့်ပါတယ်။ အလကားနေရင်း ဒီမိုကရေစီကြီးကို ချီးမွမ်းနေတာထက် လက်တွေ့ကျတဲ့ အမြင်တွေရှိမှ ကျွန်တော်တို့ဟာ အနာဂါတ်မြန်မာနိုင်ငံတော်ကြီးကို အေးချမ်းတဲ့ သာယာတဲ့ နိုင်ငံဖြစ်အောင် လိုသလို ပြုပြင် တည်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တောသားနှစ်ယောက်အနေနဲ့လည်း လက်တွေ့ကျတဲ့ အကြံပေးမှုတချို့ကို လုပ်သွားမှာဖြစ်ပါတယ်။ အဓိပါယ်မရှိတဲ့ လှပတဲ့ ဒီမိုကရေစီအိပ်မက်ကြီးမက်နေတာတွေနဲ့ အရေမရအဖတ်မရ အတင်းပြောတဲ့ အကျင့်ဆိုးတွေဖျောက်သင့်ပြီထင်ပါတယ်။ လက်တွေ့မကျဘူးလားဗျာ?
မြန်မာပြည်ကို သိပ်ချစ်တဲ့
တောသားနှစ်ယောက်