“An ambassador is a man of virtue sent to lie abroad for his country;
a news-writer is a man without virtue who lies at home for himself”
Henry Wotton
လက်တွေ့ကျကျ ပြောရရင် ဘယ်သတင်းတွေမှားလဲ မှန်လဲဆိုတာ ခွဲခြားဖို့ခက်ခဲပါတယ်။ သတင်းတွေရဲ့ မူရင်းရည်ရွယ်ချက်ဟာ အမှန်တရားအတွက် မဟုတ်ပါ။ မိမိဘက်ပါလာအောင် ဆိုက်ဝါးလုပ်ဖို့ အဓိက မဟုတ်လား? ဒါပေမယ့် ဒီမိုကရေစီသမားတွေဟာ သတင်းတွေ အမှားအမှန်ကို ခွဲခြားနိုင်တယ်ဆိုပြီး အထက်လေနဲ့ ပြောကျပါတယ်ခင်ဗျာ။ ဆီတင်ကားကြိတ်ထားတဲ့ပုံကို နအဖ ကားနဲ့တိုက်ပြီး သတ်ပါတယ်လို့ ပြောတော့လဲ သူတို့တွေပဲ ယုံကျတာပဲ မဟုတ်လား? လူကိုရိုက်လို့ ဦးနောက် မြောင်းထဲ ပြုတ်ကျတယ်ဆိုတာလဲ မစဉ်းစားပဲ ယုံပြီး အစ်ကိုကဒေါင်းညင်သာ သူဘလော့မှာတောင် တဆင့် တင်လိုက်ပါသေးတယ်ခင်ဗျာ။ ထိုင်းမှာ ဖြစ်ခဲ့တဲ့ ဘုန်းကြီးအလောင်းလဲ သူတို့ ဒီမိုကရေစီ ၀က်ဆိုက်တွေနဲ့ ဘလော့တချို့မှာ တွေ့လိုက်ပြန်ပါတယ်။ ဒီမိုကရေစီသမားတွေဟာ သူတို့နဲ့ဝါဒတူတွေ ပြောတဲ့စကားတွေဆိုရင် ဘာမဆိုလက်ခံပါတယ်။ လိမ်လို့လွယ်တယ်ပေါ့ဗျာ။ သူတို့ကို အရူးလုပ်ချင်ရင်လွယ်ပါတယ်။ ဖော်မြူလာကတော့ ဒီမိုကရေစီသမားလို့ ထင်အောင် နအဖကို အတင်းထိုင်တုတ်ပြလိုက်ပါ၊ ဒီမိုကရေစီ ၀ါဒနဲ့ ဒီမိုကရေစီသမားတွေကို ချီးကျူးလိုက်ပါ။ (တကယ်မှန်ဖို့ မလိုပါ၊ များများချီးကျူးလိုက်ပါ။ ချီးကျူးနိုင်လေ ကောင်းလေပါ) ပြီးရင် စိတ်ကြိုက်လိမ်လို့ရပါပြီ။ အလိမ်ပေါ်ခဲ့ရင်လည်း ပြဿနာမရှိပါ။ သူတို့ဟာ မိမိဘက်တော်သားဆိုပြီး အကာအကွယ်ပေးပါမယ်။ အမှန်ဖော်ထုတ်သူကိုပဲ ရန်ထောင်ကျမှာပါ။
ဘယ်သူမှန်တယ်ပြောမလဲ?
ဆန္ဒပြပွဲမှာ လူ ၁၅ ယောက် သေခဲ့တယ်လို့ နအဖ ပြောပါတယ်။ ဒီမိုကရေစီဘက်ကတော့ အယောက် ၁၀၀ ကျော်သေတယ်လို့ပြောပါတယ်။ ဘယ်သူပြောတာ မှန်တယ်ထင်ပါလဲ? ရန်ကုန်မှာ ပစ်ခတ်ခဲ့တဲ့ လူစုခွဲတာတွေ အားလုံးနီးပါးဗီဒီယိုမှာ မြင်တွေ့ရပါတယ်။ အဲဒီထဲမှာ တစ်ယောက်စ နှစ်ယောက်စပဲ ထိကျပါတယ်။ ပြီးတော့ ထိတိုင်းသေတာ မဟုတ်ပါဘူး။ ထိတဲ့နေရာပေါ်မှာလဲ မူတည်နိုင်ပါတယ်။ လူသေ ကိန်းဂဏန်းဘယ်လိုယူနိုင်လဲဆိုတာ သိအောင် အခြအနေတွေကို ကြည့်ကျရအောင်ပါ။
အခြေအနေ(၁) ဆန္ဒပြပွဲမှာ လူတစ်ယောက် ကျည်ဆံထိသွားပြီ လမ်းပေါ်မှာ သေသွားပါတယ်။
အခြအနေ (၂) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပြီး ဆေးရုံကို သယ်သွားပါတယ်။ အဲဒီမှာသေသွားပါတယ်။
အခြေအနေ(၃) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပြီး ဆေးခန်းကိုသယ်သွားပါတယ်။ အဲဒီဆေးခန်းမှာ သေသွားပါတယ်။
အခြေအနေ(၄) ဆန္ဒပြပွဲမှာ ခေါင်းကိုအရိုက်ခံရပါတယ်။ ဆေးရုံကို သယ်သွားပါတယ်။ အဲဒီမှာ သွေးထွက်လွန်ပြီး သေသွားပါတယ်။
အခြေအနေ(၅) ဆန္ဒပြပွဲမှာ ခေါင်းကိုအရိုက်ခံရပါတယ်။ ဆေးခန်းကို သယ်သွားပါတယ်။ အဲဒီမှာ သွေးထွက်လွန်ပြီး သေသွားပါတယ်။
အခြေအနေ(၆) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပါတယ်။ ဆေးရုံသွား ပါတယ်။ ကံကောင်းလို့ အသက်ရှင်ခဲ့ပါတယ်။
အခြေအနေ(၇) ဆန္ဒပြပွဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကျည်ဆံထိပါတယ်။ ဆေးခန်းကိုသွားပါတယ်။ ကံကောင်းလို့ အသက်ရှင်ခဲ့ပါတယ်။
ပထမဆုံး နအဖနေရာကနေ ကြည့်ရအောင်ပါ။ အဲဒီအပေါ်က အခြေအနေ (၁) (၂) ကြောင့်သေသွားရင် နအဖအနေနဲ့ စာရင်းအတိအကျ ယူလို့ရပါတယ်။ ဒါပေမယ့် အခြေအနေ (၄) ကြောင့်သေသွားရင် နအဖ အနေနဲ့ သိဖို့ မလွယ်နိုင်ပါဘူး။ ဆေးရုံရောက်ရင် ဆရာဝန်တွေကို ဆန္ဒပြပွဲက ရလာတဲ့ ဒါဏ်ရာလို့ အမှန်အတိုင်း ထုတ်ပြောမှာ မဟုတ်ပါ။ အဲဒါကြောင့် ဆေးရုံစာရင်းတွေမှာ ပြသတဲ့ လူသေတဲ့ စာရင်းနဲ့ လမ်းပေါ်က အလောင်းတွေကိုပဲ ကြည့်နိုင်တာမို့ သူစာရင်းဟာ ဘယ်လိုနည်းနဲ့မှ အတိအကျမဖြစ်နိုင်ပါ။ လျော့နေမှာ သေခြာပါတယ်။ ထို့အတူပဲ အခြအနေ (၃) နဲ့ (၅) တွေမှာ သေသွားတဲ့ အလောင်း ဘယ်လိုဖြစ်လဲ ကျနော်တို့ စဉ်းစားလို့မရပါ။ ထိခိုက် ဒဏ်ရာရတဲ့သူကို သယ်သွားတဲ့လူတွေဟာ သူငယ်ချင်းလဲ မဟုတ်ကျဘူးလို့ ယူဆပါတယ်။ ဆေးခန်းမှာ သေသွားတဲ့ သူစိမ်း အလောင်းကိုသူတို့ ဘယ်လိုလုပ်မလဲဆိုတာ စာဖတ်သူတွေပဲ စဉ်းစားကြည့်ကျပါ။ နအဖ အသေအပျောက်စာရင်းထဲမှာ ၀င်သွားမယ်လို့ မထင်ပါ။
သတင်းဌာနတွေနေရာကနေ ကြည့်ရအောင်ပါ။ သတင်းဌာနတွေဟာ မြေအောက်ကနေ လုပ်နေရတာမို့ တမြို့လုံး တက်တက်ကြွကြွ စုံစမ်းလို့ မဖြစ်နိုင်ပါ။ ဆေးရုံကလူကို ပိုက်ဆံပေးပြီး အတွင်းလူအဖြစ် စုံစမ်းခိုင်းရင်လဲ သိတဲ့အတိုင်း နအဖလိုပဲ သတင်းမျိုးရမှာပါ။ တွေ့တဲ့ ထိခိုက်ဒဏ်ရာရ စာရင်းကို နအဖ လက်ချက်လို့ထင်ပြီး စာရင်းပေးရင်လဲ မဟုတ်သေးပါဘူး။ အခြေအနေ (၆) နဲ့ (၇) မှာလို အသက်ရှင်သွားတဲ့ သူတွေ ရှိတယ်ဆိုတာလဲ ရှိနေတော့ စာရင်းအတိအကျ သိဖို့ မလွယ်ပါ။
ဒီတော့ ဘယ်သူမှန်တယ်ထင်လဲ? မိမိဖာသာ စဉ်းစားဆုံးဖြတ်ပါ။ သတင်းဌာနတွေပြောတိုင်း မျက်စိမှိတ်မယုံပါနဲ့ခင်ဗျာ။
ဘုန်းကြီးအလောင်း
အမေရိကန် အစိုးရ လုပ်ရပ်ပေါ်မှာမူတည်ပြီး အမေရိကန် လူမျိုးတွေအာလုံး ဂုဏ်ယူစရာ အရှက်ရစရာတွေ ဖြစ်ကျပါတယ်။ အမေရိကန် မှာနေတဲ့ တရုပ်၊ ကုလား၊ တစ်ယောက် မကျန်ပါ။ အဲဒီပေါ်မှာ တခြားနိုင်ငံသားတွေက အထင်သေး၊ အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကျပါတယ်။ ဒီလိုပါပဲ မြန်မာနိုင်ငံလူမျိုးအားလုံး အဓိက အရှက်ရစေတဲ့ဖြစ်ရပ်ကတော့ ကိုယ်လုံးတီးဖြစ်နေတဲ့ ဘုန်းကြီးအလောင်းကိစ္စပါ။ နအဖဟာ မြန်မာလူမျိုးပါ။ မြန်မာလူမျိုးအချင်းချင်း ဘာသာရေးခေါင်းဆောင်ကို သတ်ဖြတ်တယ်ဆိုတာ တကယ်သိက္ခာကျပါတယ်။ ဒါပေမယ့် ဒီမိုကရေစီသမားတွေကတော့ အဲလိုမြင်ဟန်မပေါ်ပါဘူး။ လူတကာကိုတောင် အဲဒီ ဗီဒီယိုလိုက်ပြပြီး ကြွားလုံးတောင် ထုတ်လိုက်သေးတယ် ထင်ပါတယ်။ သူတို့ကို နိုင်ငံခြားကလူတွေက "သြော် . . . . မင်းတို့ဟာ သနားစရာကောင်းတဲ့ သတ္တ၀ါလေးတွေပဲ" ဆိုတဲ့ အကြည့်ကို သာယာနေတဲ့ ပုံရှိပါတယ်။ နားလည်အောင်ပြောရရင် မိန်းခလေးတွေ ယောကျားလေးတွေရဲ့ သနားတဲ့အကြည့်ကို သာယာတဲ့သဘောမျိုးပါခင်ဗျာ။
ကျနော်တို့ နှစ်ယောက်ကတော့ အဲဒီဘုန်းကြီးအလောင်းကို ဗီဒီယိုအတုလို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့
(၁) ဗီဒီယိုရိုက်ချိန် တိုတောင်းခြင်း
ဘုန်းကြီး အလောင်းဗီဒီယို ရိုက်ချိန်ဟာ ၇ စက္ကန့်ပဲရှိပါတယ်။ ဘုန်းကြီးတွေ ဒို့အရေးလုပ်ချိန်မှာ ဒီအလောင်းကိစ္စဟာ သတင်းလောက အတွက် အရမ်းကို အရေးကြီးပါတယ်။ အထူးသတင်းဆိုတာလဲ လူတိုင်းသိပါတယ်။ ၇ စက္ကန့်နဲ့ ရိုက်ထားခြင်းဟာ သတင်းလုပ်လို့ မရဘူးဆိုတာလူတိုင်း သိပါတယ်။ ကိုထိုက်ဘလော့ရဲ့ ပြောကြားချက်အရ နှစ်ရက်တိတိ အလောင်းဟာ ရေထဲမှာ ရှိနေပါတယ်။ လိုအပ်ရင် နောက်ထပ် သွားရိုက်လို့ရပါတယ်။ ဒါပေမယ့် အခုဟာ သတင်းဗီဒီယိုမှာ ဘုန်းကြီးအလောင်းကို ပြတာ အရမ်းကိုတိုလွါန်းပါတယ်။ ဘာကြောင့်လဲ?
(၂) သစ်တုံးလေး
အဓိက မသင်္ကာစရာအကောင်းဆုံးအချက်ကတော့ အခုရိုက်ထားတာ ဘုန်းကြီးအလောင်းပါ။ ရေထဲမှာပေါ်နေတဲ့ သစ်တုံးလေးကို ရိုက်ထားတာ မဟုတ်ပါဘူး။ သစ်တုံးဆိုရင်တော့ ဘယ်သူမှ လာကြည့်မှာ မဟုတ်ပါဘူး။ အခုဟာ လူထုအုံကြွမှုကြီးမှာ အဓိကလုပ်ခဲ့တဲ့ ဘုန်းကြီးရဲ့အလောင်းပါ။ တကယ်ဆိုရင် ငိုယိုနေတာတွေ၊ ဒေါသထွက်တာနေတဲ့ သူတွေနဲ့ ကမ်းလုံးကျွတ်စည်ကားရမှာပါ။ အခုတော့ လှေလေးတစ်စီးတောင် အနားမှာ မရှိဘူးဗျ။ ဘာကြောင့်လဲ? ဘုန်းကြီးအလောင်းမပြောနဲ့ ရိုးရိုး ကားတိုက်ရင်တောင် လူတွေက စိတ်ဝင်တစားလာကြည့်ကျပါတယ်။ ဒီအတွက်အဖြေရှိပါလား?
(၃) ဘေးပတ်ဝန်းကျင်
နောက်တစ်ခုကလဲ ဗီဒီယိုမှာ ဘုန်းကြီးအလောင်းလေးပဲ ကွက်ပြီးရိုက်ထားပါတယ်။ လူတွေ မသိလို့ ဒါမှ မဟုတ်၊ လာမကြည့်ရဲလို့ မရှိဘူးလို့ထားပါ။ အခုဟာ ချောင်းထဲမှာ လား၊ ကန်ထဲမှာလား မြစ်ထဲလားတောင် မသိရပါဘူး။ ဘာကြောင့် ပတ်ဝန်းကျင်လေးပါ ပူးတွဲပြီမရိုက်ပြလဲ? သတင်းတိုင်းမှာ ပတ်ဝင်းကျင်ပါ ရိုက်ပြတဲ့ ထုံးဆန်ရှိပါတယ် သတိထားမိရဲ့လား?
(၄) ဓါတ်ပုံမရှိခြင်း
ဒီဘက်နိုင်ငံတွေမှာဆိုရင် ရုပ်ပျက်ဆင်းပျက်သေနေတာကို ရိုက်ပြတဲ့အလေ့အထ မရှိပါဘူး။ ရှိရင်လည်း ဆင်ဆာနဲ့ တင်ပြပါတယ်။ ဒီမိုကရေစီသမားတွေကတော့ ရုပ်ပျက်လေ ပိုကြိုက်လေပါ။ ပိုကြောက်လေ ပိုနှစ်သက်လေပါ။ ထူးဆန်းတာ အခုဘုန်းကြီးအလောင်းကိစ္စမျာ ကင်မရာနဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံမှ မတွေ့မိပါ။ ကိုထိုက်ဆီမှာတင်ထားတာလည်း လေ့လာကြည့်တော့ interlaced လုပ်ထားတာ တွေ့လိုက်ပါတယ်။ အဲဒါဟာ ဗီဒီယိုထဲက ပုံကို ယူထားတဲ့ သဘောပါ။ ဘာကြောင့် ကင်မရာနဲ့ ရိုက်ထားတာ မရှိလဲ?
(၅) ဒဏ်ရာတွေ အနီးကပ်ရိုက်မထားခြင်း
အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိတယ်လို့ ပြောသံကြားပါတယ်။ ဒီကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ အရင်တုံးကဆိုရင် လူသေအလောင်း တစ်ခုကို ရဲလက်ချက်ကြောင့်သေသွားပါတယ်ဆိုပြီး ဒဏ်ရာတွေကို DVB ရိုက်ထားတဲ့ ပုံမြင်ဖူးပါတယ်။ အဲဒါ တီးရှော့မှာ တင်ထားတာပါ။ အခုဘုန်းကြီးကိစ္စမှာ ကျောကုံန်းပေါ်က အညိုအစင်းတွေပဲ မြင်ရပါတယ်။ ဒဏ်ရာလား ဒါမှမဟုတ် တစ်ခုခု စွန်းထင်းနေလားဆိုတာ မသိပါ။ ဘာကြောင့် သေခြာရိုက်မပြလဲခင်ဗျာ?
(၆) စစ်တပ်က ဘာကြောင့်လဲ?
တယ်လီဖုံးအင်တာဗျူးနဲ့ သတင်းတွေထဲမှာတာ့ မသေမရှင်တွေတောင် မီးသဂြိုလ်ပြစ်တယ်တဲ့။ မသေမရှင်တွေပဲ မီးသဂြိုလ်တယ်ထင်တယ်ဗျ။ သေတဲ့လူကိုတော့ မီးမသဂြိုလ်တော့ဘူးလားဗျာ? တော်တော်ထူးဆန်းတယ်။ ဒီမှာလဲ သတင်းတွေ ရှေ့နောက်မညီတာပြောချင်ပါတယ်။ သေသွားတဲ့ အလောင်းကို မိသားစုတွေ အကြောင်းကြားတာတွေလဲ ရှိတယ်လို့ တခြားနေရာမှာရေးထားပါတယ်။
နောက်တစ်ခုကတော့ အလောင်းတွေ မြစ်ထဲ မျောချတယ်တဲ့။ သတင်းတွေထဲမှာ တော့ နအဖဟာ အရမ်းကို သတ်ဖြတ်တာများပါတယ်။ ကျနော်သိတာ တကယ်သတ်ဖြတ်တဲ့ အစိုးရတွေမှာ လူတွေအစုလိုက် အပြုံလိုက် မြုတ်ဖို့လုပ်တဲ့နေရာ တွေရှိပါတယ်။ မသေမရှင်ကို မီးသဂြိုလ်တဲ့ အစိုးရ ဘာကြောင့် ဘုန်းကြီးအလောင်းကို လူတွေ မြင်နိုင်တဲ့ ချောင်း၊ မြစ်တွေထဲကို သွားချမှာလဲ? ဖြေပေးပါဦးခင်ဗျာ
(၇) ကိုထိုက်ရဲ့ သတင်းအရ
ကိုထိုက်သတင်းလေးကို ပြန်ကူးချပြလိုက်ပါတယ်
“အထက်ပါ ပုံတွင် ပါရှိသော ဘုန်းကြီး အလောင်းနဲ့ ပက်သက်လို့ နောက်ဆုံးရသတင်းတွင်သတင်းဗီဒီယိုတင်ထားတာ ၂၆ရက်နေ့ကပါ။ သူပြောပုံအရ အလောင်းဟာ နှစ်ရက်တောင် ချောင်းထဲမှာရှိနေပါတယ်။ ဘာကြောင့် အနီးအနားရပ်ကွက်ထဲမှာ ရှိတဲ့ နအဖ အလိုတော်ရိ ကြံဖွတ်တွေနဲ့ ရ၀တလူကြီးတွေ ချက်ချင်း မဆယ်ပဲ ပြစ်ထားလဲ? အဲလို ဘုန်းကြီးအလောင်းကို ဖျောက်ဖျက်ပြစ်ချင်တယ်ဆိုတာ ကျနော်တို့ကို သိထားတယ်မဟုတ်လား?
အဆိုပါ အလောင်းကို ရေထဲမှာပဲ လူဝတ်အစားပြောင်းဝတ်၊ ဆံပင်တုစွတ် ဓာတ်ပုံရိုက်ပြီး ဆယ်သွားတယ်လို့ သိရပါသည်။နေရာ က ပုဇွန်တောင်ချောင်းစပ်၊ ပုဇွန်တောင်မြို.နယ်၊ စက်ဆန်း၊အမှတ် ( ၀၁)ဆန်စက် နား က ချောင်းထဲမှာ။ ဆန်စက် တံတားက ဆယ်သွားတာမှ ၂၈စက်တင်ဘာ ၂၀၀၇၊ နေ့ ခင်း ၁ နာရီလောက်တွင် ဆယ်ယူ သွားကြသည်။”
(၈) ဘလော့သမားတွေရဲ့ ဓါတ်ပုံ
ကိုထိုက်က နေရာအတိအကျ ပြောထားပါတယ်။ ဆံပင်အတုတောင် တပ်ပြီးမှ ဆယ်သွားတယ်ဆိုပဲဗျ။ အဲဒီဘုန်းကြီးအလောင်းဟာ ပုဇွန်တောင်ချောင်းထဲမှာဆိုတော့ အဲဒီချောင်းဟာ ရန်ကုန်မြို့ထဲမှာလို့ ကျနော်တို့ သိရှိထားပါတယ်။ (မှားရင်ပြင်ပေးပါ) ရန်ကုန်ထဲမှာ ကင်မရာတွေ မှိုလိုပေါနေတာပါ။ ဘာကြောင့် နောက်ထပ် ဘလော့ကာတွေနဲ့ ဒီမိုကရေစီသမားတွေရဲ့ ဓါတ်ပုံတွေ မထွက်လာလဲခင်ဗျာ? အလောင်းကို စိတ်ချောက်ခြားပြီး အနီးကပ် မရိုက်ရဲရင်တောင် အဝေးကနေ ရိုက်မယ်ဆိုတာ ပြောနိုင်ပါတယ်။ မထူးဆန်းဘူးလား?
အထက်ပါ မေးခွန်းတွေကို ဖြေကြည့်တဲ့အခါမှာတော့ အဲဒီဘုန်းကြီးအလောင်းဟာ တခြားတနေရာမှာ မူခင်းဖြစ်ခဲ့တဲ့ ဗီဒီယို (သို့) အကြောင်းတစ်ခုခုကြောင့် ရိုက်ထားတဲ့ ဗီဒီယို အခွေတစ်ခုကနေ လိုတဲ့အပိုင်းလေး တည်းဖြတ်ပြီး လုပ်ပြထားတယ်လို့ယူဆမိပါတယ်။ DVB ဟာ သူလိမ်တိုင်း ရတယ်ဆိုတာ သိထားတော့ လူတွေကို အရူးလုပ်တယ်လို့လဲ ထင်ပါတယ်။ ကျနော်တို့ အချိန်ကုန်ခံပြီး DVB သတင်းကို နေ့တိုင်းနားထောင်တာ မဟုတ်ပါ။ ဒီတော့ မှားယွင်းတာတွေ ရှိနိုင်ပါတယ်။ အမှန်ကို သိတယ်ဆိုတာ မင်္ဂလာတပါးပါ။ မှားတာရှိရင် Comment ကနေ ပြင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ နိုင်ငံနဲ့လူမျိုးဂုဏ်ကို ချပြီး လုပ်စားတာတွေ ရပ်ဖို့ အချိန်တန်ပါပြီ။
ကျန်းမာကျပါစေ
တောသားနှစ်ယောက်
ကိုးကားချက်။ ။
ဘုန်းကြီးအလောင်းဗီဒီယို
http://www.youtube.com/watch?v=2_wVOdemFgg
ကိုထိုက်ဘလော့
http://ko-htike.blogspot.com/
(မှတ်ချက် ။ ။ ဒီမိုကရေစီသမားတွေကို ချီးကျူးတဲ့ အသံကြားချင်ရင် BBC, DVB နားထောင်ပါ။ ဒီမိုကရေစီသမားတွေကို မြှောက်ပင့်ပြောတာတွေ ဖတ်ချင်ရင် ဒီမိုကရေစီ ဘလော့တွေကို သွားဖတ်ပါ။ လက်တွေ့ကျကျ တွေးခေါ်ချင်ရင် ဒီကိုလာပါ)