Friday, April 4, 2008

တိုင်းပြည်ကို ချစ်တယ်ဆိုတာ သူတို့လား?


နအဖသည် ကုန်ဈေးနှုံန်းများ အဆမတန်ကြီးမြင့်နေသည်ကို ဂရုမစိုက်ပဲ အခွန်တွေ တခုပြီး တခုတိုးမြှင့်ကောက်ခံနေပါသည်။ ပြည်သူ့ပိုက်ဆံနဲ့ တံတားတွေဆောက်ပါတယ်။ ဆောက်ထားတဲ့ တံတားတွေကို ပြည်သူတွေ အသုံးပြုဖို့ ပိုက်ဆံကောက်ပါတယ်။ ဒါတင်မကပဲ စစ်ဗိုလ်လူတန်းစားကိုသာ အခွင့်အရေးအမျိုးမျိုးပေးပြီး သူတို့ကသာ မြန်မာ့ဈေးကွက်ကို လက်ဝါးကြီးအုပ် ချယ်လှယ်နေပါသည်။ ပြည်သူတွေဟာ အနှိမ်ခံဖို့ (၀ါ) သူတို့ကို အခွန်ပေးဖို့ အတွက်ဟု နအဖ ယူဆထားပါသည်။

ဒီမိုကရေစီ နိုင်ငံရေးသမားတွေရဲ့ စီးပွားရေးပိတ်ဆို့ခြင်းကြောင့် ပြည်သူတွေဟာ ဆင်းရဲတွင်းပိုနက်လာပါတယ်။ အနောက်နိုင်ငံတွေအလိုကျ မြန်မာလူမျိုးကို နှိမ့်ချပြီး၊ အနောက်ကို အထင်ကြီးအောင် နည်းပေါင်းစုံ လုပ်နေပါသည်။ ဒီမိုကရေစီခေါင်းဆောင်တွေ အားလုံးဟာ ပြည်တွင်း၊ ပြည်ပ မှာ ထောက်ပံကြေးဒေါ်လာရနေပါသည်။ ပြည်တွင်း ဘာတွေပဲဖြစ်ဖြစ် သူတို့ ဘာမှ မဖြစ်ပါ။ ဒါ့ကြောင့် အနောက်ဘက်အစိုးရတွေ အလိုကျလုပ်ဖို့ပဲ စိတ်ဝင်စားပြီး ပြည်သူတွေ ဒုက္ခရောက်ခြင်းကို ဂရုမစိုက်ပါ။

ဒါကြောင့် နအဖကိုပဲဖြစ်ဖြစ် ဒီမိုကရေစီခေါင်းဆောင်တွေကိုပဲဖြစ်ဖြစ် လေးစားနေတာမှန်ကန်ရဲ့လား၊ မလေးစားတဲ့သူတွေကို အပြစ်တင်မလား? စဉ်းစားပေးကျပါ . . . . . . !

3 comments:

Unknown said...

Good criterion. it is the same to my idea. Inpertial criterion is needed for the truth. Try your best.

kay kay said...
This comment has been removed by the author.
kay kay said...

very good Article....cheers