Sunday, January 6, 2008

“အ” တဲ့သူဖြစ်အောင် သမိုင်းကိုဖတ်ပါ


ပိဋက (စာပေ) နှင့် (ကျမ်းဂန်နှင့်) ကိုက်ညီတယ်ဆိုပြီး တော့လည်း ဟုတ်ပြီမှန်ပြီဟု ချက်ချင်း မယူလေနှင့် (မာပိဋက သမ္ပဒါနေန)
(ကြိုတင် မေတ္တာရပ်ခံချက် ။ ။ ဒီဆောင်းပါးမှာ တရုပ်ကြီးရော၊ ဒီမိုကရေစီရော နှစ်ဖက်စလုံးကို ဝေဖန်ထားပါတယ်။ တရုပ်ကို အဖေခေါ်နေတဲ့ နအဖ စစ်သားတွေလို ဒီမိုကရေစီသမားတွေ သိက္ခာရှိရှိနေပေးပါ။ စိတ်ကို ထိမ်းထားပါ။ ဒေါသတွေ သိပ်ပြီးမထွက်ကျပါနဲ့ခင်ဗျာ။)
သမိုင်းဆိုတာဘာလဲ? တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို မှတ်တမ်းတင်ထားတယ်လို့ အများစုက ထင်မြင်ကျပါတယ်။ အဲဒီထင်မြင်ချက်ဟာ အမှန်လို့ အတိအကျမပြောနိုင်ပါဘူး။ ဒီမိုကရေစီစံနစ်မှာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ပေးတယ် ဆိုတာ လက်တွေ့မှာ မရပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အမေရိကမှာ Aljazeera သတင်းကြည့်လို့ရအောင် စလောင်း တပ်ဆင်ပေးတဲ့ အမေရိကန် မွတ်ဆလင် ကုလား တစ်ယောက် အကြမ်းဖက်လုပ်ရပ်ကို ကူညီတယ်ဆိုပြီး ဆွဲစိခံရတာ လူတိုင်းအသိပါပဲ။ Aljazeera နဲ့ အကြမ်းဖက်တာ ဘယ်လိုပတ်သက်လို့လဲ? ဒီလိုပါပဲ သမိုင်းဆိုတာ သက်ဆိုင်ရာ အစိုးရ ခွင့်ပြုမှ သမိုင်းအနေနဲ့ တည်ရှိနိုင်တာ မဟုတ်လား? သတင်းဌာနကြီးတွေကနေ (mainstream media) ဖြန့်ဝေနိုင်တာ မဟုတ်လား? အစိုးရတွေကိုယ်တိုင် အချက်အလက် အတုတွေနဲ့ သမိုင်းကိုဖန်တီးနိုင်တယ် မဟုတ်လားခင်ဗျာ? ဒါကြောင့် သမိုင်းအချက်အလက်တွေမှာ အစိုးရတွေရဲ့ သြဇာသက်ရောက်မှု အများကြီး ပါဝင်နေပါတယ်။


ဒုတိယကမ္ဘာစစ်သမိုင်း

ကျနော်တို့ တစ်ခုမေးပါမယ်ခင်ဗျာ။ နာဇီဖက်ဆစ်တွေဟာ ဒီနေ့ သမိုင်းစာအုပ်တွေထဲမှာ ဖတ်ရသလောက် ရက်စက်ကြမ်းကြုတ်တယ်ဆိုတာ ယုံကြည်ပါသလား? မဟာမိတ် စစ်တပ်တွေကကော နာဇီတွေလို မရက်ဆက်ခဲ့ဘူးလား? ကျနော်တို့နှစ်ယောက် အမြင်မှာတော့ လိမ်ညာထားတဲ့ သမိုင်းတွေ၊ ချဲ့ကားထားတဲ့ သမိုင်းတွေနဲ့ တဖက်သတ်ရေးထားတဲ့ သမိုင်းတွေလို့ ယူဆထားပါတယ်။ ပထမဆုံး မဟာမိတ်တပ်တွေ မရက်ဆက်ဘူးလားဆိုတဲ့ အကြောင်း ဆွေးနွေးကျရအောင်ပါ။


မဟာမိတ်တပ်တွေမရက်စက်ဘူးလား?

သမိုင်းစာအုပ်တွေမှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ သေဆုံးသွားတဲ့ စစ်သားတွေ ဘယ်လို အသက်စွန့်ပြီး ကာကွယ်တယ်ဆိုတာ ရေးထားပါတယ်။ အင်္ဂလိပ်ဗိုလ်ချုပ်တွေ၊ အမေရိကန် ဗိုလ်ချုပ်တွေဟာ သမိုင်းစာအုပ်မှာ နေရာအခန့်သားယူပြီး ချီးမွမ်းခံရပါတယ်။ ကျနော်တို့ အဲဒီအချိန်က မဟာမိတ်တပ်တွေ လူအခွင့်အရေး ဘယ်လောက်များ ချိုးဖေါက်ခဲ့လဲဆိုတာ သိချင်ပါတယ်။ ဘယ်ရုပ်ရှင်ကားမှာမှ ဟုတ်တိ ပတ်တိ မမြင်မိပါဘူး။ သတင်းစာတွေမှာလဲ မဖတ်မိပါဘူး ။ မြန်မာပြည်မှာ ဂုဏ်ပြုကားတွေ ပြသနေတဲ့အချိန်မှာ အဲဒါကို နားလည်ပေး သင့်တယ်ဆိုတာ တော့လက်ခံပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ အချက်အလက်အမှန်ကိုပဲ တင်ပြသင့်တယ် ထင်ပါတယ်။ နိုင်ငံရေးအကျိုးအမြတ်အတွက် ဆိုက်ဝါးလုပ်ထားတယ်ဆိုရင် ဒါဟာ သမိုင်းကို မ“အ”အောင်သင်တာ မဟုတ်ပဲ “အ”အောင် သင်သလိုဖြစ်နေတယ်လို့ ပြောချင်ပါတယ်။

အဲဒီခေတ်က လက်နက်ကိုင် မဟာမိတ်စစ်သားတွေ အခြေအနေကို မဆွေးနွေးခင် လက်ရှိ အခြေအနေကို လေ့လာကြည့်ရအောင်ပါ။ လက်နက်ကိုင်ထားတဲ့ ဒီမိုကရေစီရဲတွေ လူတွေကို ဆက်ဆံပုံ တချက်လောက် တင်ပြချင်ပါတယ်။ ရဲဆိုတာ စစ်သားထက်ပိုပြီး ညှင်သာပါတယ်။ သူသေ ကိုသေ သတ်ဖြတ်နေတဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီရဲတွေဟာ ဖက်ဆစ်ဂျပန်လို ပါးရိုက်နှိပ်စက်တာမျိုး လုပ်ကျပါတယ်။ ဗီဒီယိုမှာကြည့်ပါ။ ဂျပန်ဖက်ဆစ်တွေပဲ လုပ်တယ်လို့ စာအုပ်ထဲမှာ သင်ထားရတဲ့ အချင်းချင်းကို တယောက် တလှည့် ပြန်ပြီးပါးရိုက်ခိုင်းတာမျိုးလဲ လုပ်ခိုင်းပါတယ်။ ဗီဒီယိုကြည့်ပါ။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကျနော်တို့ ဒီနေ့မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ လူကိုကားနဲ့ တိုက်တဲ့ရဲတောင် ရှိပါတယ်။ ဗီဒီယိုကိုကြည့်ပါ။ သေနတ်နဲ့ပစ်ခံရတဲ့သူကို၊ လက်ထိပ်ခတ်တယ်၊ နောက်ပြီး စိတ်တိုင်းကျ နှိပ်စက်တယ်။ ဗီဒီယိုကြည့်ပါ။ ရဲတွေရဲ့လုပ်ရပ်ဟာ အင်မတန်ကို ကြောက်ဖို့ကောင်းပါတယ်။ ခံစားရတဲ့သူတွေဟာ တိရိစ္ဆာန်ထက်တောင် အများကြီးနိမ့်ပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ Iraq , afghanistan, vietnam စစ်တွေမှာ အရပ်သားတွေကို သေနတ်နဲ့ ပစ်တာတွေ၊ ဗုံးနဲ့ လိုက်ချဲတာတွေ ရှိနေပါတယ်။ ဒါတောင်အခုချိန်ဟာ မီဒီယာခေတ်ကြီးဖြစ်ပြီး၊ လူအခွင့်အရေးကို အဖွဲ့တွေနဲ့ စောင့်ကြည့်နေတဲ့ ကာလဖြစ်ပါတယ်။ ကုလသမဂ္ဂလို အဖွဲ့ကြီးဆိုတာလဲ ရှိနေပါတယ်။ တချိန်တုံးကလို ခရစ်ယာန် ဥပဒေတွေမရှိတဲ့အချိန်ပါ။ (ခရစ်ယာန် ဘာသာကို လက်ခံအောင် အတင်းအကျပ်လုပ်ထားတဲ့ ဥပဒေတွေကို ဆိုလိုပါတယ်။ ဥပမာ တနာင်္ဂနွေနေ့တွေမှာ ဘုရားရှိခိုးသည့်နေ့မို့ ဈေးဆိုင်တွေဖွင့်ခွင့် မပေးပါဘူး။ အလုပ်လုပ်ရင် ထောင်ဒဏ်၊ ငွေဒဏ်ဆောင်ရပါတယ်။) လူမျိုးရေး ၊ ဘာသာရေး မခွဲခြားရဘူးလို့ လက်ခံနေတဲ့အချိန်ကြီးပါ။ လူဆိုတာ အာဏာရှိနေတယ်၊လက်ထဲမှာ လက်နက်ရှိနေတယ်ဆိုရင် အလွဲသုံးစား ပြုမူတာတွေ ရှိကျစမြဲပါ။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာဆိုရင် အမေရိကန်မှာ အာရှသားတွေနဲ့ အမည်းတွေဟာ BUS စီးရင် အဖြူတွေကို ထိုင်ခုံနေရာ ဖယ်ပေးရပါတယ်။ နေရာ မပေးရင် ထောင်ဒဏ်ပေးခံရပါတယ်။ ဒီတော့ ကမ္ဘာစစ်ကြီးအတွင်းမှာ မိမိနဲ့ ဘာသာမတူ၊ လူမျိုးမတူတဲ့ သူတွေကို မဟာမိတ်တပ်တွေ မုဒိန်းကျင့်တာတွေ မလုပ်ဘူးဆိုတာ ဖြစ်နိုင်ပါသလား? အစုလိုက်အပြုံလိုက် မသတ်ဖြတ်ဘူး ဆိုတာ ဖြစ်နိုင်ပါသလား? အဲဒါတွေကို ကျနော်တို့ ကျောင်းစာမှာ မသင်ခဲ့ရဘူးဆိုတော့ သမိုင်းဆိုတာ မှန်ကန်ပါရဲ့လားလို့ မေးခွန်း မထုတ်သင့်ဘူးလား?


သမိုင်းကိုပြင်ရင်ထောင်ဒဏ်ပေးမယ်တဲ့

မဟာမိတ်တပ်ပေါင်းစုဟာ အင်မတန် လေးစားထိုက်သလောက် နာဇီတွေဟာ အရမ်းကို ဆိုးသွမ်းပါတယ်။ လူသတ်ဖြတ်တဲ့နေရာမှာ နာမည်ဆိုး ရှိပါတယ်။ ဘယ်လောက်အထိ ဆိုးသွမ်းလဲဆိုရင် နာဇီတွေဟာ သူ့လက်ထက်မှာ ဂျူးခြောက်သန်းကို အဆိပ်ငွေ့နဲ့ သတ်ပြစ်ခဲ့တဲ့ holocaust ကြီးတောင် လုပ်ခဲ့တယ်ဆိုပဲဗျ။ အဲလိုသတ်တယ်ဆိုတာ ဒီနေ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ သမိုင်းစာအုပ်တွေမှာ သင်ရတာဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်ပေးတယ်လို့ ကျနော်တို့ သိထားပါတယ်။ အဲလိုပဲ လူတိုင်းက ယူဆထားပါတယ်။ ဂျာမဏီမှာ ဟစ်တလာ ကောင်းကြောင်းစာအုပ် စာပေတွေ ဒီနေ့အထိ ရေးခွင့် မပေးတာကိုတော့ ထားလိုက်ပါ။ လူအခွင့်အရေး ဘက်ကနေ အပြစ်မတင်တော့ပါဘူး။ ဒါပေမယ့် ထူးခြားတာ ဂျူးခြောက်သန်းကို သတ်ဖြတ်တဲ့ holocaust တကယ်ဖြစ်ခဲ့တယ်လို့ မထင်လို့ မထင်ဘူးရေးရင် ထောင်ဒဏ် နှစ် ၂၀ အထိ ချနိုင်ပါတယ်။ anti-semitism (ဂျူးမုံန်းတီးရေးဝါဒ) ဆိုတဲ့ နာမည်အတပ်ခံရပြီး ထောင်ဒဏ်ပေးတာ ဖြစ်ပါတယ်။ သမိုင်းစာအုပ်မှာ ရေးထားတာ မဖြစ်နိုင်ဘူးထင်လို့ ယုံဘူးပြောတာ ဂျူးမုံန်းတီးရေးနဲ့ ဘာဆိုင်လို့လဲ? ဂျူးတွေကို သတ်တာ ထောက်ခံတယ်လို့ ပြောနေတာမှ မဟုတ်တာ။ မဖြစ်ခဲ့ဘူးထင်လို့ မဖြစ်ဘူးပြောတာကို ထောင်ချတယ်ဆိုတာ မှန်ကန်ပါသလား? သူတို့ဆီမှာ သမိုင်းမှားနေတယ်ထင်လို့ ပြင်မယ်ဆိုရင် ဘယ်လောက်အထိ ပြစ်ဒဏ်ပေးလဲ နိုင်ငံအလိုက် ကြည့်ရအောင်ပါ။

Austria = ထောင်ဒဏ် နှစ် ၂၀ အထိ ပေးနိုင်
Belgium = ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ်
Czech = ထောင်ဒဏ် ၃ နှစ်အထိ
European Union အဖွဲ့ဝင်နိုင်ငံများ = ထောင်ဒဏ် ၃ နှစ်အထိ ပေးနိုင်
ပြင်သစ်နိုင်ငံ = ထောင်ဒဏ် ၅ နှစ်အထိအပြစ်ပေးနိုင်
ဂျာမဏီ = ထောင်ဒဏ် ၅ နှစ်
Israel = ထောင်ဒဏ် ၅ နှစ်
Liechtenstein = ထောင်ဒဏ် ၂ နှစ် (၀ါ) ငွေဒဏ်
Luxembourg = ထောင် ခြောက်လ အထိ
Portugal = ထောင်ဒဏ် ၂ နှစ်အထိ (၀ါ) ငွေဒဏ်
Romania = ထောင်ဒဏ် ၅ နှစ် အထိ
စပိန် = ထောင်ဒဏ် ၂ နှစ်အထိ
Switzerland = ထောင်ဒဏ် ၃ နှစ် (၀ါ) ငွေဒဏ်

ဘာကြောင့် သမိုင်းမှားနေတယ်လို့ ပြောတာကို ဂျူးမုံန်းတီးရေးနဲ့ ဆက်စပ်ချင်တာလဲ? တရားရုံးတွေကိုယ်တိုင် မဟုတ်တရားတွေ လုပ်ကြံနေတာဖြစ်ပါတယ်။ သမိုင်းအမှန် ထင်တာကို တင်ပြခွင့်မရှိဘူး။ တကယ်လို့ သူတို့ တင်ပြချက်မှားတယ်ထင်ရင် လူတွေက လက်မခံပဲနေမှာပေါ့။ ဘာတွေကို စိုးရိမ်နေလဲ? ဒါကြောင့် ကျနော်တို့ သမိုင်းကို သင်တာ တခါတခါ မှာတော့ “အ” အောင် သင်နေသလိုမျိုး ဖြစ်နေပါတယ်။ ဖက်ဆစ်အကြောင်း ဆက်ရအောင်ပါ။


တရုပ်ကြီးလိမ်ထားတဲ့ Rape of Nanjing

ကိုထိုက်ဟာ တရုပ်ကြီး နအဖ ဘက်ကနေ ကုလသမဂ္ဂမှာ ကာကွယ်ပေးတော့ တရုပ်ကြီးကို Nanjing သတ်ဖြတ်မှုကို မမေ့ဖို့ သတိပေးတာ တွေ့မိပါတယ်။ ကိုထိုက်ကြည့်ရတာ သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တယ်လို့ လက်ခံခဲ့ပုံရပါတယ်။ တကယ်တော့ အဲဒီ Rape of Nanjing မှာ အစုလိုက် အပြုံလိုက် လူသုံးသိန်းကျော် ရှိတယ်ဆိုတဲ့ ကိစ္စကို ဂျပန်က လက်မခံပါဘူး။ အနည်းအပါးသာ ဖြစ်ပျက်တယ်လို့ ပြောဆိုပါတယ်။ တရုပ်ကြီးက သူတို့ ကွန်မြူနစ် စစ်သားတွေ နာမည်ကောင်း ထွက်အောင် လိမ်ညာတယ်လို့ ယူဆကျပါတယ်။ သူတို့ ပြသနေတဲ့ သတ်ဖြတ်တဲ့ပုံတွေနဲ့ ရုပ်ရှင်အပိုင်းအစတွေဟာ တရုပ်အချင်းချင်း သတ်ဖြတ်တာကို ဖြတ်ညှပ်ကပ်လုပ်ပြီး ရိုက်ပြထားကြောင်း ဗီဒီယိုမှာ သက်သေ ပြထားပါတယ်။ အဲဒါကြည့်ပြီး တရုပ်ကြီးဟာ တော်တော် လိမ်ခဲ့တာပဲလို့တောင် စိတ်ထဲမှာ ထင်မိပါတယ်။ ဒါကြောင့်လဲ တလောတုံးက ဂျပန်ဒါရိုက် တစ်ယောက်က Rape of Nanjing ကို သက်သေအထောက်အထားတွေနဲ့ ပြန်လည် ရှင်းလင်းမယ်လို့ ပြောဆိုလိုက်တော့ တရုပ်အစိုးရ လူကြားမကောင်းအောင် တားမြစ်တာလဲ ကြားမိမှာပါ။ တကယ်သာ တရုပ်ကြီး သူမှန်ကန်နေရင် ဘာအတွက် အဲလောက် လုပ်စရာ အကြောင်းရှိလဲ? ဒါလည်း သမိုင်းဆိုတာ “အ” အောင်သင်တယ်လို့ ပြောလို့ရပါတယ်။


မြန်မာ့သမိုင်းလဲ သတိထားပါ

အထက်က ဖြစ်ရပ်တွေကိုကြည့်ရင် သမိုင်းဆိုတာ ပြင်ချင်ရင် ပြင်လို့ရတယ်ဆိုတာ သတိထားမိပြီ ထင်ပါတယ်။ ကျနော်တို့တွေဟာ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၁၀၀ လောက်နေခဲ့ရတာပါ။ အင်္ဂလိပ်ဆိုတာ လူမျိုးအချင်းချင်း ရန်တိုက်ပေးတဲ့ နေရာမှာ အစဉ်အလာကြီးတဲ့ လူမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာ့သမိုင်းမှာ တခြားတိုင်းရင်းသားတွေနဲ့ ကျနော်တို့ ဗမာတိုင်းရင်းသားတွေ အကြား အထင်အမြင်လွဲအောင် သမိုင်းတွေ ပြင်ရေးမယ်ဆိုတာ ယုံမှား သံသယရှိစရာ မလိုပါဘူး။ နောက်တစ်ခုကတော့ ကိုရွက်ဝါဘလော့မှာ ရေးထားတဲ့ ဗုဒ္ဓဘာသာ ဘုရင်ဖြစ်တဲ့ အနော်ရထာမင်းတရားကြီးရဲ့ ရက်စက်ပုံ သမိုင်းပေါ်မျာ ကျနော်တို့နှစ်ယောက်များစွာ မသင်္ကာဖြစ်ပါတယ်။ “ကျန်စစ်သားမင်း မွေးကင်းစ ကလေး အရွယ်ကနေ နွားကျောင်းသား အရွယ် ရောက်တဲ့ အချိန်ထိ ကလေးပေါင်းများစွာကို သုတ်သင်သတ်ဖြတ်ခဲ့ပါတယ်” ဆိုတဲ့ သမိုင်းဟာလည်း လုံးဝ မဖြစ်နိုင်ဘူးထင်ပါတယ်။ အနည်းဆုံး ၇ နှစ်လောက်အထိ သတ်ဖြတ်နေတယ်ဆိုတဲ့ သဘောကြီးဖြစ်နေပါတယ်။ ထိုင်းမှာ ဘုရားတွေကို ဗမာစစ်တပ်က ဖျက်ဆီးပြစ်တယ် ဆိုတာမျိုးပေါ့။ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်ခင်ဗျာ။ သမိုင်းဆိုတာ နိုင်တဲ့သူက ရေးထားတယ်ဆိုကတည်းက မမှန်ဘူးဆိုတာ သတိထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းက အထောက်အထားရှိတယ်ဆိုပြီး မြန်မာပြည်မှာ လူမျိုးတစ်စုနဲ့ တစ်စု မုံန်းတီးနေတာဟာ “အ”လွန်းရာ ကျပါတယ်။ ဒါကြောင့် ကမ္ဘာ့သမိုင်း အချက်အလက်တွေပေါ်မှာ ယုံချင်တာယုံပါ။ သိပ်ပြဿနာတော့ မရှိပါဘူး။ မြန်မာ့သမိုင်းကိုတော့ မစဉ်းစားပဲ မယုံကြည်ဖို့ အသိပေးလိုက်ပါတယ်။ လူမျိုးရေး တင်းမာမှုတွေသာ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ သမိုင်းဖတ်ရင်း “အ” တဲ့သူတွေ မဖြစ်အောင် ရေးသားလိုက်ပါတယ်ခင်ဗျာ။

ကိုးကားချက်များ

ကိုရွက်ဝါဘလော့
http://ywetwar.blogspot.com/2007/08/blog-post_16.html

Laws against Holocaust denial
http://en.wikipedia.org/wiki/Laws_against_Holocaust_denial

Nanjing massacre 'hoax'
http://english.aljazeera.net/NR/exeres/CF6299CC-33CC-46B5-8179-C7E3933C6D00.htm

Film director brands Nanjing massacre a myth
http://www.stuff.co.nz/4288984a12.html

China Angered By Nanjing Massacre Film
http://www.buzzle.com/articles/125041.html

Nationalists fight ‘lie’ of Rape of Nanking
http://www.timesonline.co.uk/tol/news/world/asia/article1455529.ece
the refutation of a common myth
http://www.ne.jp/asahi/unko/tamezou/nankin/whatreally/chapter0107.html#chapter1

“RAPE OF NANKING” is “FAKE OF NANKING”
http://tamagawaboat.wordpress.com/2007/01/13/rape-of-nanking-is-fake-of-nanking/

The 'Massacre' of Nanjing: a Japanese view
http://www.warbirdforum.com/massacre.htm


ဗီဒီယိုများ

Rape of Nanking is Fake
http://www.youtube.com/watch?v=G5cUQEKVU0A

GREEK POLICE BRUTALITY 2- New torture video
http://www.youtube.com/watch?v=xJ8LurBh8-o&mode=related&search=

Greek cop abuse criminal
http://www.youtube.com/watch?v=ASoPGKpPQW4&mode=related&search=

Police Brutality Houston Texas
http://www.youtube.com/watch?v=DLTos7N4gSM&mode=related&search=

Police brutality
http://www.youtube.com/watch?v=ZZQZKHB7bUQ


Rape of Nanking ဓါတ်ပုံအလိမ်များ
http://www.ne.jp/asahi/unko/tamezou/nankin/whatreally/chapter1517.html


အားလုံးကျန်းမာကျပါစေ
တောသား နှစ်ယောက်


(ဦးတည်ချက်။ ။ ပြောတိုင်းယုံ လိမ်တိုင်းခံနေသော ဒီမိုကရေစီအစွန်းရောက်ဝါဒီများသည် မြန်မာနိုင်ငံကို အဆိုး၇ွားဆုံးသောအခြေအနေသို့ ပို့ပေးနေပါသည်။ မိမိဦးနောက်ကို အသုံးပြု စဉ်းစားလာအောင် လုပ်ခြင်းသည် အစွန်းရောက်ဝါဒီများကို ပပျောက်အောင် လုပ်နိုင်မည်ဟု မျှော်လင့်ပါသည်။ )

4 comments:

Burmakin said...

Dear Two Bucolic Guys,

First,my sincere advice to you is
even if you don't agree with the democracy fundamentalists that you think they are so credulous, and even if you don't agree with the facts of the history writers that you think they were trying to cheat you, you still NEED to LEARN from them.

Second,nobody is perfect in this world and first try to inure with "the minimal worst" otherwise you will be reckless in finding the messianic luxuries that you think as the only things you condign to enjoy.

Third, Democracy never says that it will guarantee you the perfect utopia but it will ascertain "the minimal worst" of the people so that people can have a chance to move forward. Nazism, Facism and dictatorialness will say the Utopia goals and but these utopia goals will gradually tie strangle the "chances" of people to retrogress until they choke and death.

Burmakin
http://www.burmakin.blogspot.com/

Aminor Amajor said...

visit this


http://aminor-amajor.blogspot.com/

my opinion is there

Thanks

aminor0amajor

MyoMyanmar said...

အတန်ငယ်စည်းလွတ်ဝါးလွတ်ဆန်လှသည့် ခေါင်းစဉ်တစ်ခုအဖြစ် ကျွန်တော့်အနေဖြင့်ယူဆပါသည်ဟု ပွင့်လင်းစွာဆိုချင်ပါသည်။

သမိုင်းဆိုသည်မှာ အကြောင်းရာတစ်ခု၏ မှတ်တမ်းဖြစ်၏။ သင်တို့ဆိုခဲ့သကဲ့သို့ပင် ထိုမှတ်တမ်းသည် မှတ်တမ်းတင်သူအပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲနိုင်ပေ၏။ ထိုအရာနှင့်ပက်သက်၍ သင်တို့ ယခုခေါင်းစဉ်အောက်တွင် ကိုးကားရေးသားချက်များသည် များစွာပင်လေ့လာဖွယ်၊ သတိပြုဖွယ်များဖြစ်ကာ ပြည့်စုံကောင်းမွန်လှသည်ကို လက်ခံပါသည်။

သို့သော်သတိပြုရန်မှာ ထိုအချက်များအား သင်တို့သည် မှတ်တမ်းတင်ခဲ့ကြသည့် သမိုင်းကြောင်းများကို လေလာကာ ကိုးကားရေးသားခဲ့ကြခြင်းပင်ဖြစ်၏။ ကျွန်တော်တို့သည် လမ်းကြောင်းသစ်များတီထွင်ကြံဆကာ အနာဂတ်ကို ထုဆစ်ကြမည်ဖြစ်သော်ငြားလည်း သမိုင်းကြောင်းမှလည်း သင်ခန်းစာများ၊ မှတ်သားဖွယ်များအား ပစ်ပယ်မရစကောင်းပါချေ။

သမိုင်းအားမျက်စိမှိတ်ယုံကြည်မည်ဆိုလျှင် အ-ရာရောက်ကြောင်း ကျွန်တော်လက်ခံပါသည်။ ထို့ကြောင့်ပင်လည်း မအအောင်သမိုင်းကို လေ့လာပါဟု ဆိုခဲ့ကြခြင်းပင်ဖြစ်၏။ ယုံပါဟုဆိုခဲ့ခြင်းမဟုတ်ပါ။

အချုပ်အားဖြင့် ပမာဆိုရလျှင် ယခုသင်ရေးသားခဲ့သည့် သင့် blog ၏ သမိုင်းကိုလေ့လာကြည့်ပြီး ဒီမိုကရေစီသမားများအပေါ် ကျွန်တော့်အမြင်ကိုဆိုရမည်ဆိုလျှင် ထိုသူများသည် မြန်မာနိုင်ငံနှင့်မဆိုင်ပဲ အနောက်ဥရောပနိုင်ငံများသက်သက်အား သင်ဝေဖန်သည့်အခါတိုင်းတွင် ဆတ်ဆတ်ထိမခံ အတင်းပင်ကာကွယ်တတ်ကြ၏။ ဒေါသတကြီး တုန့်ပြန်မှုများကိုပင် အံ့သြစွာမြင်ရ၏။ အနောက်အုပ်စု၏ ကမ္ဘာအား အာဏာလွှမ်းမိုးရန် ကြိုးပမ်းနေသည့် ထင်းလင်းစွာမြင်နေရသော လမ်းကြောင်းကြီးသည် ထင်ရှားနေလျှက်ပင် သူတို့သည် ဒီမိုကရေစီမှန်လျှင် အနောက်ကို ကာကွယ်ရမည်ဟု ယုံစွဲထားကြပုံပေါ်ပါသည်။

ယခုမှတ်ချက်သည် ပရမ်းပတာပြောခြင်းမဟုတ်ပဲ သင့် blog သမိုင်းအား လေ့လာရာမှ ကျွန်တော့်အနေဖြင့် ကောက်ချက်ချမိခြင်း ဖြစ်ပါသည်။ သမိုင်းအား ယုံမည်ဆိုပါလျှင်မူ သင်ရေးသားသည့် အချက်များ၊ ပြန်လည်ဆွေးနွေးချက်များအား ထိုင်ယုံနေပြီး အသူတစ်ယောက် ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် သမိုင်းဆိုသည်မှာ ပစ်ပယ်မရသော အနာဂါတ်အတွက် လွန်စွာတန်ဖိုးကြီးသည် အရာဟုယူဆပါသည်။

ထို့ကြောင့် ကျွန်တော်ယုံကြည်သည်မှာ မအအောင် သမိုင်းကိုလေ့လာပါဟု ဖြစ်ပါသည်။

မျိုးမြန်မာ

* In Search of Truth * said...

သို့ကို မျိုးမြန်မာ
ခေါင်းစဉ်ဆိုတာ စာတကြောင်းပဲ ရေးလို့ရပါတယ်။ စာတကြောင်းနဲ့ရေးလို့သာ သုံးသပ်လို့ရမယ်ဆိုရင် ကျနော်တို့ စာပိုဒ်တွေအများကြီးရေးမှာ မဟုတ်ပါခင်ဗျာ။ ကျနော်တို့ဆိုလိုရင်းမှာ သမိုင်းအားလုံးကိုမှားတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သမိုင်းတွေဟာ အစိုးရတွေရဲ့ သက်ရောက်မှုရှိတယ်ဆိုတာ သတိထားဖို့နဲ့ ပြောတိုင်းယုံတဲ့အတွက် တိုင်းရင်းသားတွေအချင်းချင်း အဆင်မပြေဖြစ်နိုင်ပုံကို တင်ပြထားပါတယ်။ (တိုင်းရင်းသားတွေနဲ့စည်းလုံးဖို့ရေးထားတာကို ဘယ်သူမှ မဆွေးနွေးပဲ အဖြူတွေအတွက် နာပေးနေတာတော့ တကယ် ရယ်စရာကြီး ဖြစ်နေတယ်ဗျ။) ဒီနေ့လူတွေဟာ စာအုပ်ထဲမှာရေးထားတယ်ဆို အားလုံးယုံပါတယ်။ အထူးသဖြင့် အဖြူတွေရေးထားရင် လုံးဝ မျက်ကန်းယုံပါတယ်။ သတင်းတွေဆိုရင်လည်း အားလုံးယုံပါတယ်။ ကျနော်တစ်ခုပြောနိုင်တာကတော့ သမိုင်းဖတ်ရင် အမှားအမှန်ဝေခွဲနိုင်ဖို့ အပြောလွယ်သလောက် လက်တွေ့မှာ ခက်တယ်ဆိုတာ သတိတော့ထားပါဗျာ။ အစ်ကို ဂျူးတွေ တကယ်သတ်တယ်ထင်လား? အစ်ကိုကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားပေးပါလား။ အကြောင်းပြချက်ပါပေးပါခင်ဗျာ။