Monday, May 5, 2008

ကန့်လန့်ကာတို့၏ နောက်ကွယ်၌


အများသူငှာ Promotion တွေလုပ်ကြတော့ အားကျမခံ လုပ်လာတာတခုရှိပါတယ်။ Political Promotion ပါ။ Business စတိုင်နဲ့ပေါ့။ လုပ်တဲ့သူက US Campaign မှ ကိုအောင်ဒင်ပါ။ Hollywood Stars တွေက တက်တက်ကြွကြွပါဝင် လှုပ်ရှားနေတယ်လို့ မြန်မာမီဒီယာများမှာ ဂုဏ်ယူဝင့်ကြွားစွာဖော်ပြကြပါတယ်။ နောက်မှာက Plan နဲ့ Fund နဲ့ပါ။ ကိုယ့်ထမင်းကိုစားပြီး ဂျီးတော်နွားမကျောင်းကြပါဘူး။ အထူးသဖြင့် US မှာပေါ့ဗျာ။

Mr. Bush က မြန်မာပြည်သူတွေနဲ့အတူ တတန်းတည်းရပ်တည် အားပေးနေတယ် ပြောသော်လည်း တကယ်က ဝေးလှတဲ့ မြန်မာပြည်က အရေးကို စိတ်မ၀င်စားကြပါဘူး။ ဘယ်သူတွေလုပ်နေမှန်းတောင် US ပြည်သူတွေ ကောင်းကောင်းမသိကြဘူးဆိုပါတယ်။ သည့်အတွက်ကြောင့် လှုပ်ရှားသူများက နည်းလမ်းရှာ နေရပါတယ်တဲ့။ "Activists must figure out how to make Americans care about a distant crisis with complex causes involving relatively unknown players." လို့ ဆောင်းပါးရှင် Alex Williams ကပြောပါတယ်။

အခြေအနေအရ မနေသာတော့တဲ့အတွက် စီးပွားရေးလုပ်ငန်းဆန်တဲ့ Brand-Up Plan ကြီး စကြရပါတယ်။ ကိုအောင်ဒင်အဖွဲ့ရဲ့ ပါတနာလည်းဖြစ်၊ လူ့အခွင့်အရေးအဖွဲ့တခုရဲ့ တည်ထောင်သူ လည်းဖြစ်တဲ့ Jack Healey က “In a certain sense, you have to ‘brand’ it up, it’s the nature of the business now.” လို့ဖွင့်ဟ သွားခဲ့ပါတယ်။ စီးပွားရေးဆန်ဆန်လုပ်ရတာဆိုတော့ အကျိုးအမြတ်ပါ အလေးအနက်စဉ်းစား လာကြပါတယ်။

ငွေရင်းကို ဘယ်သူစိုက်ထုတ်တယ် မသိရပေမယ့် (ဇာတ်လမ်းတိုများ အပါအ၀င်) CD၊ DVD၊ Games များရောင်းချရမှုထဲက ၁၀ ရာခိုင်နှုန်းကိုပဲ ကိုအောင်ဒင်တို့ US Campaign for Burma အဖွဲ့က ရမှာဖြစ်ပါတယ်။ US မှာထောက်ခံလှုဒါန်းမဲ့ မြန်မာပြည်သူနည်းပါးတာလည်း တပိုင်းပါတာကြောင့် အထွေထွေအသုံးစရိတ် ခွင့်ပြုနိုင်စွမ်းကို နာမည်ကျော် ဒါဖာကန်ပိန် ကုန်ကျစရိတ်နှင့် "The campaign’s total budget would “not equal one week of Darfur’s budget." လို့ ယှဉ်ပြသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်သမျှလေး အလဟဿမဖြစ်ရအောင် ကိုအောင်ဒင်တို့အဖွဲကလည်း အမြင်ကျယ်ကျယ်ထားပြီး မိမိတို့နဲ့ သဘောညီတဲ့ နာမည်ကျော်များကိုသာ စနစ်တကျ ရွေးချယ်ခဲ့ပါတယ်။ ဓမ္မဓိဌာန်ကျတဲ့ အမြင်တွေပါမလာရအောင်၊ လိုတိုရှင်းနဲ့ သူတို့ပေးထားတဲ့ အချက်အလက်များကိုပဲ ပြောဆိုပြီး စိတ်ဝင်စားမှုရယူနိုင်အောင် စားသုံးကုန်ပစ္စည်း ဈေးကွက်တင်သူတွေလို၊ ထောက်ပံ့ရေးအေဂျင်စီတွေလို Brand-building နည်းဗျူဟာများ သုံးစွဲပြီးရွေးချယ်လုပ်ဆောင်ခဲ့ကြောင်း ဒီလိုပြောပြသွားပါတယ်၊ "The Burma campaign has decided to use some of the same brand-building strategies — simplified narratives, clear-cut imagery and, of course, the most carefully selected celebrities — used by other successful aid agencies, or even consumer-goods marketers"။ နိုင်ငံရေးလည်း ကြော်အောင်ငြာတာနဲ့ မကင်းနိုင်ရှာတော့ပါဘူး။

သူတို့ အဓိကရည်ရွယ်တာကတော့ Celebrities များက တက်တက်ကြွကြွ သံပြိုင်ညီညာနဲ့ ချက်ချင်းအရေးယူလုပ်ဆောင်ပေးရန် ဟစ်ကြွေးကြဖို့ ဖြစ်ပါတယ်။ "All with a chorus of earnest celebrities crying “Urgent!" ပါတဲ့။ ဟစ်ကြွေးချင်ကြအောင်လည်း အကုန်အကျခံထားရပါတယ်။

သို့သော် ခေတ်ပေါ် Promotion ရေစီးကြောင်းထဲမှာ ဘယ်သူတွေ ဘယ်လိုပဲ အောင်မြင်မှုတွေရအောင် လုပ်နိုင်လုပ်နိုင်၊ ကိုယ်လိုရာသရုပ်ဖော်ချက်တွေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ နောက်ဆုံးမှာ US ပြည်သူတွေက စိတ်မ၀င်စားပဲ၊ "that lady in Burma," လို့ပြောနေဆဲဆိုရင်တော့ "then you’ve got nothing" ပါလို့ ပါဝင်လုပ်ဆောင်သူတယောက်က သတိပေးသွားကြောင်းပါ ခင်ဗျာ။

ကန့်လန့်ကာနောက်ကွယ်ကို စာဖတ်သူများ ထွင်းဖောက်မြင်နိုင်ကြပါစေ၊
ပရောဖက်ဆာ ဒေါက်တာ မောင်ထိုင်း


မှတ်ချက်။ လိုအပ်သောအချက်အလက်များကို Alex Williams ၏ NY Times ဆောင်းပါးမှ ရယူပါသည်။

မြန်မာဆိုရင် ဂုဏ်ယူပါ



သတင်းများတွင် မြန်မာလူမျိုးများအတွက် သောကဖြစ်စရာများ၊ စိတ်ပျက်စရာများ၊ ဒေါသထွက်စရာများ အမျိုးမျိုးကို ထုတ်လွှင့်နေသည့် အချိန်ဖြစ်ပါသည်။ နေ့စဉ်နဲ့ အမျှ စိတ်ဓါတ်များကို ရိုက်ချိုးသကဲ့သို့ ခံစားနေရပေသည်။ ထို့ကြောင့် မြန်မာလူမျိုးများ၏ စိတ်များသည် အလွန်ကို ပင်ပန်းနွမ်းနယ်နေပါပြီ။ စိတ်ခွန်အားများလည်း ကျဆင်းနေပါပြီ။ မြန်မာလူမျိုးဖြစ်ရသည်ပင် ၀မ်းနည်းစရာဟု ထင်မြင်လာပါသည်။

ယခုလိုအချိန်တွင် မြန်မာလူမျိုးများ ဂုဏ်ယူနိုင်သည့် အကြောင်းအရာ တစ်ခုခုကို တင်ပြဖို့ စိတ်ကူးဝင်လာပါသည်။ ကိုမောင်ဆန်လည်း နွေဦးပေါက်တွင် သူ့ဆိုင်အလုပ်များနှင့် ချာချာလည်နေချိန်ဖို့ အရင်တုံးကလို ဆောင်းပါးအသစ်များ တင်ပြဖို့ အခက်အခဲများ ဖြစ်နေပါသည်။ (ရေးလက်စ ဆောင်းပါးပင်လျှင် အဆုံးမသတ်နိုင်ပါ။) ထို့ကြောင့် Doing Time, Doing Vipassana လို့ ခေါင်းစဉ်ပေးထားတဲ့ မော်ကွန်းဗီဒီယိုလေးကို တင်ပြဖို့ စိတ်ကူးဝင်လာပါတယ်။ ဒီဗီယိုဟာ မြန်မာလူမျိုးများ ဂုဏ်ယူနိုင်တဲ့ ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် မြန်မာတွေ ဂုဏ်ယူနိုင်လဲဆိုတာ မပြောခင် ယခုဗီဒီယိုလေး အကြောင်းအရာတွေကို တင်ပြချင်ပါတယ်။

ထို Doing Time, Doing Vipassana ဗီဒီယိုကို အမေရိကန်၊ ဂျပန်၊ Mexico ၊ Argentina ၊ Peru ၊ Brazil ၊ Venezuela ၊ Panama ၊ Finland ၊ Israel ၊ ပိုလန်၊ Switzerland ၊ Denmark ၊ Ireland ၊ Sri Lanka ၊ ထိုင်း စသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ TV လိုင်းများပေါ်တွင်ပြသခဲ့ ပါသည်။ ဗီဒီယိုသည် ခေါင်းစဉ်တွင်မြင်ရသလို ၀ိပဿနာနှင့် ဆက်စပ်နေပါသည်။ သို့သော် ဗုဒ္ဓဘာသာပွဲလမ်းမျိုးကို မှတ်တမ်း တင်ထားခြင်းမဟုတ်ပါ။ အိန္ဒိယနိုင်ငံရှိ Thihar (သီဟ) ထောင်ကြီး အတွင်းမှ အကျဉ်းသားများကို ၀ိပဿနာပို့ချမှုပြီး စိတ်နေစိတ်ထား တိုးတက်ပြောင်းလဲလာပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ထိုထောင်တွင်းမှ ထောင်သားများသည် နာမည်ပျက်ကြီးသော သူများသာဖြစ်ပါသည်။ ထိုသူများ၏ ရိုင်းစိုင်းလွန်းသော စိတ်ဓါတ်ကို ဗုဒ္ဓ၏ တရားတော်နှင့် ၁၀ ရက်အတွင်းပြောင်းလဲ ပြစ်ပုံကို မြင်တွေ့ရမည် ဖြစ်ပါသည်။ (အကျဉ်းသားများ၏ စိတ်ပိုင်းပြောင်းလဲပုံကို စိတ်ဝင်စားပါက ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။ )

သင်တန်းပြီးဆုံးချိန်တွင် ထောင်သားများသည် ရန်မူလိုစိတ်၊ ဒေါသစိတ်၊ စိတ်အားငယ်စိတ်နှင့် မူမမှန်သည့် စိတ်များပျောက်ကွယ်သွားသည်ကို တွေ့ရှိရပါသည်။ ဗီဒီယိုထဲတွင် ထောင်သားများ တရားထိုင်နေသည်မှာ အင်မတန်ကို စိတ်၏ြိငိမ်းချမ်းမှုခံစားနေရကြောင်း သိသာလှပေသည်။ ထိုသို့အောင်မြင်မှုများကို မျက်ဝါးထင်ထင် မြင်ရသည့် ထောင်မှုးမှာ အလွန်ကို အားရကျေနပ်ဖြစ်ခဲ့ပါသည်။ ထို့ကြောင့် တပြိုင်တည်း ထောင်သား တစ်ထောင်ကို ပို့ချပေးရန် ဆရာကြီး ဦးဂိုအင်ကာကို တောင်းပန်ခဲ့သည် အထိဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ယောဂီထောင်သား တစ်ထောင်နှင့် အကြီးဆုံး တရားအပတ်စဉ်ကြီး အောင်မြင်စွာ လုပ်ဆောင်သွားခဲ့ပါသည်။ ထိုတရားစဉ်ကို ဖြစ်မြောက်ရန် အဆုံးအထိ ကို ယခုဗီဒီယိုတွင် မြင်တွေ့ရမည်ဖြစ်ပါသည်။ ဗီဒီယိုကြည့်သူ အပေါင်းလဲ ကြည်နူးပိတိဖြစ်မည်ဟု မျှော်လင့်ပါသည်။ အမှန်တကယ်တော့ ၀ိပဿနာတရားရှုမှတ်ခြင်းသည် အလွန်ကို အကျိုးထူးကြောင်း မွတ်ဆလင်တက္ကသိုလ်ကပင် လေ့လာပြီး အသိအမှတ်ပြုထားပါသည်။ (မြန်မာတက္ကသိုလ်တွေ ဘာလုပ်နေသလဲ? )


ဂုဏ်ယူစမ်းပါ

ယနေ့ကမ္ဘာကြီးတွင် ဒီမိုမီဒီယာတွေပေါ်မှာ မြင်ရသလို အနောက်နိုင်ငံကြီးများသည် သိပ်ပြီး ပျော်ရွှင်စရာကြီးမဟုတ်လှပါ။ အင်မတန်ကို စိတ်ရှုပ်ထွေးစရာတွေ၊ စိတ်ပျက်စရာတွေ၊ စိတ်ဆင်းရဲစရာတွေနှင့် ပြည့်နှက်နေပါသည်။ အနောက်နိုင်ငံသား အများစုသည် သောကများပြည့်နှက်ကာ စိတ်ဝေဒနာများကို အလူးအလဲခံစားနေရပါသည်။ ထိုရောဂါများကို ကုစားဖို့ စိတ်ရောဂါကုဆေးများကို အားထားခဲ့ရပါသည်။ သို့သော် ဆေးသည် ရေရှည်တွင် ဆိုးကျိုးများသာဖြစ်ပေါ်စေသည့်အပြင် ရောဂါလည်း မပျောက်ကင်းပေ။ ဆေးများဈေးသည်လည်း ကြီးလှပါသည်။ ထို့အတူ စိတ်ဆရာဝန်နှင့် တွေ့ဆုံခသည်လည်း အင်မတန်ဈေးကြီးပါသည်။

ယခုနောက်ပိုင်းတွင် သောက နှင့် ဆက်စပ်ဖြစ်ပေါ်သော ရောဂါများ ပျောက်ကင်းရန်၊ စိတ်အေးချမ်းမှုရရှိရန်နှင့် ဦးဏှောက် ထက်မြက်စေရန် ၀ိပဿနာသည် ခေတ်စားလာပါသည်။ ဆေးရုံနှင့် တက္ကသိုလ်များတွင် ၀ိပဿနာကို အထူးအလေးထားလာပါပြီ။ ၀ိပဿနာ၏ အားသာချက်မှာ ရောဂါပျောက်ကင်းရုံ သာမကပဲ လူတစ်ယောက်၏ ဘ၀ကိုပါတိုးတက် ပြောင်းလဲစေပါသည်။ ငွေကြေးကုန်ကျစရိတ်လည်းမရှိပါ။


ယခုကဲ့သို့ ၀ိပဿနာနည်းဖြင့် ကမ္ဘာ့လူသားများ၏ သောကများကို ဖျောက်ပေးနိုင်ခြင်းမှာ လူလောကကြီး သာယာစေဖို့အတွက် အဓိကသော့ချက်ဖြစ်ပေသည်။ ထို့ကြောင့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း ဂုဏ်ယူရမည်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များအနက် မြန်မာနိုင်ငံသားများသည် ပိုပြီးဂုဏ်ယူရမည်ဖြစ်ပါသည်။ ဘာကြောင့်လဲဆိုရင် ၀ိပဿနာလောကတွင် နာမည်ကြီးသော လယ်တီဆရာတော်၊ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော်၊ ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်နှင့် ဦးဂိုအင်ကာတို့သည် မြန်မာပြည်မှာ မွေးဖွားကြီးပြင်းခဲ့သူများဖြစ်ကျပါသည်။ မြန်မာပြည်မှာပင် တရားဓမ္မများ ဆည်းပူးခဲ့ကျပါသည်။ ဆရာကြီးဦးဂိုအင်ကာနှင့် ၀ိပဿနာလုပ်သူ အဖြူ၊ အမဲ လူမျိုး များသည် မြန်မာပြည်ကို ကျေးဇူတင်စကားများ ပြောကြားသည်ကို ကြားခဲ့ရသည့်အချိန်တိုင်း အင်မတန် ပီတိဖြစ်မိပါသည်။ တချို့က အမေရိကန်၊ အင်္ဂလန်နိုင်ငံ နယ်ချဲ့နိုင်သည်ကို ချီးကျုးကျမည်ဖြသော်လည်း.. ကျနော်ကတော့ လူသားတစ်ခုလုံး အကျိုးအတွက်လုပ်ပေးနေသော သူတော်ကောင်းများ မွေးဖွားရာ ကျနော်တို့ မြန်မာမြေသည် ပိုမိုဂုဏ်ယူထိုက်သည်ဟု ယူဆပါသည်။

မြန်မာပြည်ကြီး အေးချမ်းပါစေ
ဇော်မျိုး (တောသား)

အညွှန်းများ

Questions & Answers About The U.S. Vipassana Prison Program
http://www.prison.dhamma.org/prisonqa.htm

Doing Time, Doing Vipassana
http://www.karunafilms.com/Dtdv/Dtdv.htm

Vipassana meditation: A naturalistic, preliminary observation in Muscat
http://www.squ.edu.om:88/mj/Oct2001/Vipass/

Psychological Effects Of Vipassana On Tihar Jail Inmates
http://www.vri.dhamma.org/research/tihar/tihar1.html

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Sunday, April 13, 2008

သံဃာတွေ နိုင်ငံရေးလုပ်ချင်းမှ ကင်းရှင်းပါစေ


ဒီမိုသတင်းဌာနတွေဟာ Brainwash လုပ်နေပါတယ်လို့ နာမည်ကြီးနေချိန်မှာတော့ သံဃာတွေဟာ သတင်းဌာနတွေကို မျက်ကန်းယုံကြည်နေပါတယ်

တချိန်တုံးက ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတာမို့ ထောက်ခံရမယ်ဆိုပြီး နိုင်ငံရေးသမားတွေက မဲဆွယ်ခဲ့ကျပါတယ်။ အခုတော့ ဒီမိုကရေစီဘလော့တွေမှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ အကြောင်းကို မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်စွာ ပြောဆိုချက်တွေဟာ အရင်လို နအဖကိုပဲ အရေမရ အဖတ်မရ အတင်းပြောနေတာ မဟုတ်ပဲ သူတို့လုပ်ကိုင်ပုံတွေကို မေးခွန်းထုတ်လာလို့ဖြစ်ပါတယ်။ အဲဒီတော့ မူကပြောင်းလာပါပြီ။ သူတို့ကို မေးခွန်းထုတ်တဲ့သူတွေကို ဘန်းပါတယ်။ သူတို့အမြင်ကို ဆန့်ကျင်နေတဲ့ အိပ်ဖွင့်ပေးစာတွေကို သူတို့ ဘလော့မှာ မတင်ပေးတော့ပါဘူး။ သူတို့ဒီမိုကရေစီနိုင်ငံရေးသမားတွေရဲ့ လုပ်ကိုင်ပုံကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူတွေရဲ့ ဘလော့တွေကို Link လုပ်မပေးကျပါဘူး။ အခုနောက်ဆုံးအသုံးပြုနေတဲ့ အကြောင်းပြချက်ကတော့ နအဖက တိုင်းပြည်ဆင်းရဲအောင်လုပ်တာ ကြောင့်တဲ့ ဒီမိုကရေစီ တောင်းသင့်တယ်ဆိုပဲ။

ဒီမိုကရေစီသမားတွေ အားကျိုးမာန်တက် စီးပွားရေးပိတ်ဆို့နေတာ အလကားမဟုတ်ပါဘူး။ ပြည်သူတွေ ဆင်းရဲသထက် ဆင်းရဲအောင် လုပ်ပြီး နအဖ အုပ်ချုပ်တဲ့အတွက် ဒီလိုဖြစ်နေတယ်လို့ လက်ညိုးထိုးဖို့ဖြစ်ပါတယ်။ ဒီနေ့ မြင်တွေ့နေရတဲ့ မြန်မာနိုင်ငံမှာ အနိဌာရုံတွေဟာ နိုင်ငံရေး နှစ်ဖက်ပြိုင်ဆိုင်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ အခုလိုပြောလို့လည်း နအဖဟာ မှန်မှန်ကန်ကန် အုပ်ချုပ်နေတယ်လို့ မဆုံးဖြတ်စေချင်ပါ။ စစ်ဗိုလ်လူတန်းစားတွေကိုပဲ ရာထူး အခွင့်အရေးတွေပေးနေတဲ့ နအဖကို ထောက်ခံဖို့စည်ုးရုံးတယ်လဲ မထင်ပါနဲ့။ ပြည်သူတွေဆီကနေ အခွန်တွေကို နေ့စဉ်နဲ့အမျှ တိုးမြှင့်ကောက်ခံနေတဲ့ စစ်အစိုးရကို ထောက်ခံချင်စိတ်ဝင်လာရင် မှားသွားပါမယ်။ ပြည်သူ့ပိုက်ဆံနဲ့ တံတားတွေဆောက်ပြီး ပြည်သူအသုံးပြုဖို့ကျတော့ ပိုက်ဆံကောက်နေတဲ့ ဦးသန်းရွှေလုပ်ရပ်ကို သင်ဟာ ထောက်ခံနေတယ်ဆိုရင်တော့ ကျပ်မပြည့်သူပဲဖြစ်ပါတယ်။

ထိုင်းမှာဖြစ်ခဲ့တဲ့ ပြဿနာ ဘယ်လောက် ရင်နာဖို့ကောင်းလဲ? နအဖ နံပါတ်(၁) တရားခံလို့ ယူဆပါတယ်။ စီးပွားရေးပိတ်ဆို့ထားသည် ဖြစ်ပါစေ ပြည်သူတွေ အခုလောက်အထိ အခြေအနေ မဆိုးသင့်ပါဘူးဗျာ။ ဒီမိုကရေစီသမားတွေနဲ့ ပြည်သူတွေမှာလည်း တာဝန် အများကြီးရှိပါတယ်။ (ပြည်သူတွေဟာ မိမိတို့ ပြည်သူ့တာဝန်ကျေဖို့ထက် နှစ်လုံးထီထိုးပြီး လဒ်စားကြီးပွားသူတွေ၊ ဘိန်းသမားတွေကို မြေတောင်မြှောက် ပေးနေတာတွေ လုပ်နေပါတယ်။) ရွံဖို့ကောင်းတာ တစ်ခုကတော့ ကျနော်တို့ မြန်မာလူမျိုးအလောင်းတွေပြပြီး ဒီမိုကရေစီ သမားတွေ နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ မသာလောင်းနဲ့ အကျိုးအမြတ်ရအောင် လုပ်တယ်ဆိုတော့ တကယ်စင်စစ် နိုင်ငံရေးသမားတွေဟာ အကြီးစား သုဘရာဇာတွေပဲဗျ။ ဘယ်လိုပဲဖြစ်ဖြစ် သံဃာတွေ နိုင်ငံရေးမှာ မပါဖို့ တားမြစ်ခြင်ပါတယ်။


ဒီမိုသံဃာတွေ၊ နအဖသံဃာတွေ မရှိသင့်ပါ

သံဃာတွေကိုအားလုံး နိုင်ငံရေးနဲ့လုံးဝ မပတ်သက်ပါနဲ့လို့ တင်လျှောက်လိုပါတယ်ဘုရား။ နအဖ ဘက်ကပဲဖြစ်ဖြစ်၊ ဒီမိုကရေစီဘက်ကပဲ ဖြစ်ဖြစ် မထောက်ခံပါနဲ့။ နိုင်ငံရေးလုပ်ချင်ရင် လူဝတ်လဲပါ။ လူဝတ်လဲပြီးရင် လူတွေလို ပြုမှုနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ဒါကာတွေ ချွေးနဲစာနဲ့ ကပ်နေတဲ့ ဆွမ်းကို လိမ်ညာစားနေသလိုဖြစ်နေပါတယ်။ နိုင်ငံရေးဆိုတာ သံဃာတွေနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ သီရိလင်္ကာဘုန်းကြီးပါတီထောင်တာကို အားမကျပါနဲ့။ တကယ်အတုယူရမှာက နိုင်ငံရေးဘုန်းကြီးကို မဟုတ်ဘူး။ ရဟန္တာမထေကြီးတွေဖြစ်တဲ့ မိုးကုတ်ဆရာတော်နဲ့ လယ်တီဆရာတော်ကြီးတို့ကို စံနမူနာယူသင့်ပါတယ်။ မြန်မာပြည်မှာ သာမညတောင် ဆရာတော်ကြီးလို မေတ္တာတရားကြီးတဲ့ ဆရာတော်ကြီးကိုလဲ အတုယူလို့ရပါတယ်။ နိုင်ငံရေးဆိုတာ အောက်တန်းစားတွေ ဖက်ခွက်စားတွေ အတွက်ပဲဖြစ်ပါတယ်။ သာသနာကို စောင့်ရှောက်နေတဲ့ သံဃာတွောတွေဟာ မြင့်မြတ်လွန်းပါတယ်။ သံဃာတွေ နိုင်ငံရေးလုပ်တာ မစင်တွင်းထဲ ခုန်ချသလို ဖြစ်နေပါတယ်။

ဝမ်းနည်းဖို့ကောင်းတာ တချို့ဘုန်းကြီးတွေဟာ နအဖ ပေးကမ်းလှူဒါန်းတာတွေမှာ သာယာနေပြီး နအဖ လုပ်ရပ်တွေကို ချီးကျူး၊ ချီးမွမ်းတွေ လုပ်နေပါတယ်။ အဲဒါတွေ မဖြစ်သင့်ပါ။ (မိမိ သံဃာတွေကို ဆန္ဒပြမထွက်ဖို့တားမြစ်တဲ့ ဆရာတော်ကြီးတွေ လုပ်ရပ်ကတော့ နအဖ ထောက်ခံတယ်လို့ မသတ်မှတ်ပါ။ မလုပ်သင့်တာကို တားမြစ်တာမို့ သာသနာကို စောင့်ရှောက်နေသည့် ဆရာတော်ကြီးများအဖြစ် မြင်သင့်ပါတယ်) နအဖသည် ဒီမိုကရေစီနိုင်ငံ အစိုးရတွေလို ပြည်သူတွေအပေါ်မှာ မရက်စက်ဘူး။ ဒါပေမယ့် နေ့စဉ်အခွန်တွေ တိုးကောက်၊ ပြည်သူတွေကြပ်တည်း နေတာကို တစက်လေးမှ ဂရုမစိုက်ပဲ လျစ်လျူရှုနေတာ အစိုးရကောင်း တစ်ခုရဲ့အပြုအမူမဟုတ်ပါ။ အရေးမပါတဲ့ တိရိစ္ဆာန်ရုံကို ငတ်ပြတ်နေတဲ့ ပြည်သူတွေပိုက်ဆံနဲ့ ဆောက်ခဲ့ပါတယ်။ မုံန်းဖို့အကောင်းဆုံးကတော့ တခြားအစိုးရတွေရဲ့ အခွန်ကောက်နည်းတွေကို လေ့လာတယ် လိုက်လုပ်တယ်။ ဒါပေမယ့် တခြားအစိုးရတွေ ပြည်သူတွေအတွက် သက်သာချောင်ချိရေး လုပ်တာတွေကျတော့ အတုမခိုးတော့ဘူးဗျာ။ နအဖဟာ မင်းဆိုးမင်းညစ်ဖြစ်ပါတယ်။ ဒါကြောင့် နအဖကို သံဃာတွေ မထောက်ခံသင့်ပါဘူး။

ဒီမိုဘုံန်းဘုန်းတွေလဲ အလိမ်ခံထားရတယ်လို့ ပြောချင်ပါတယ်။ ဒေါ်ကော်ပီစုကြည်က နိုင်ငံရေးဆိုတာ နေ့စဉ်တဒူဝ ကိစ္စလည်းနိုင်ငံရေးပဲ၊ ကားစီး၊ ဈေးဝယ်တာက အစ နိုင်ငံရေးဆိုပြီး ပြောဆိုတာမျိုးလုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆိုတဲ့ စကားလုံးကို နေ့စဉ်လုပ်နေတဲ့ အလုပ်တွေလို့ ရောပြီးပြောနေတဲ့ကိစ္စဟာ လိုရာဆွဲပြောထားတာ ဖြစ်ပါတယ်။ အဲလိုပြောကျစတမ်းဆိုရင် အားကစားသမားကလဲ အဲလိုပဲ ဆွဲပြီးပြောလို့ ရပါတယ်။ ထမင်းစား၊ ရေသောက်တာက အစ အားကစားနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီရရှိရေး နဲ့ နအဖ အဏာတည်မြဲရေးအတွက် လုပ်ပေးတာကိုပဲ နိုင်ငံရေးလို့ပြောလို့ရပါတယ်။ ဒီထက်ပိုပြီးဆွဲဆန့်လို့ မရပါဘူး။ အခုဒီမိုဘုံန်းဘုံန်းတွေဟာ ဘာသာရေးအတွက်လိုလို၊ ပြည်သူအတွက်လိုလိုနဲ့ ဘာအတွက်မှန်းမသိပဲ လုပ်နေပါတယ်။ ဒီမိုကရေစီဆိုတာဘာလဲလို့ ဘုန်းဘုန်းတွေ မသိပါဘူး။ သူတို့က BBC, DVB, RFA, CNN, FOX တို့က ၀ါဒမှိုင်းတိုက်ထားတဲ့ သတင်းတွေက အကြောင်းအရာတွေကို တကယ်ထင်ပြီး စာတွေလျှောက်ရေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုံန်းကြီးတွေဟာ စေတနာမှန်ပေမယ့် လုပ်ရပ်ဟာလုံးဝ မှားနေပါတယ်။ သာသနာကိုလဲ ထိခိုက်စေပါတယ်။ သာသာနာပျက်စေမယ့် လုပ်ရပ်ဖို့ နိုင်ငံရေးလုပ်ချင်းကို ချက်ချင်းရပ်သင့်ပါတယ်။

နောက်တစ်ခုပြောချင်တာ စက်တင်ဘာအရေးအခင်း ဆန္ဒပြပွဲမှာ ဘုံန်းကြီးတွေကို ရိုက်နှက်တဲ့ အကြောင်းပါ။ အားမနာတမ်းပြောပါမယ်။ နားနဲ့ မနာ ဖ၀ါးနဲ့နာပါ။ ဘုန်းကြီးဟာ လူတွေလုပ်တဲ့ အလုပ်ကို လုပ်နေလို့ ရဲတွေက လူတွေလို သဘောထားရမှာဖြစ်ပါတယ်။ ဒီတော့ လူတွေကို ရိုက်သလို ဘုန်းကြီး တွေကိုလဲ ရိုက် ပါတယ်။ ရိုက်နှက်တဲ့ ရဲတွေမှာ အပြစ်မရှိပါ။ ရိုက်နှက်တဲ့ နအဖမှာလဲ အပြစ်မရှိပါ။ နအဖဟာ သူ့အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးဖို့ ကြိုးစားလာတဲ့ သူတွေကို ပြန်လည်တိုက်ခိုက်ရမှာ ဓမ္မတာဖြစ်ပါတယ်။ ဘုန်းကြီးတွေ အပြုအမူမှားလို့ အခုလိုဖြစ်ရတယ်လို့မြင်ပါတယ်။ လူတွေလို အရိုက်မခံချင်ရင် လူတွေလို မလုပ်နဲ့ပေါ့။

ဘုန်းကြီးတွေအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မကြည့်ရက်လို့ ဆန္ဒပြတာမျိုးကို အပြစ်မတင်ထိုက်ပါဘူး။ မေတ္တာနဲ့ စေတနာပေါ်မှာ အရင်းခံပြီး ပြုမူချက်ဖြစ်နေလို့ပါ။ တကယ်လို့ ဘုံန်းကြီးတွေသာ နိုင်ငံရေးနဲ့ မဟုတ်ပဲ လူထုအကျိုးအတွက်ပဲ လုပ်ခဲ့တာဆိုရင် ဒေါ်ကော်ပီစုကြည် အိမ်ဘက် ချီတက်ခဲ့မှာ မဟုတ်ပါဘူး။ အားမနာတမ်းပြောရရင် ရဲတွေ သင်္ကန်းအားနာပြီး ဘာမှ မလုပ်ဘူးဆိုတာ ထင်မြင်ထားလို့ အခွင့်အရေးယူခဲ့တဲ့ သဘောမျိုး လည်းပါနေတယ်။ ရဲတွေဟာ ဘုန်းကြီးတွေကို လူစုခွဲဖို့ ဆွေးနွေးခဲ့ကျပါတယ်။ ဒါပေမယ့် ဘုန်းကြီးတွေဟာ“ဆန္ဒပြတယ်ဆိုတာ ငါတို့ အခွင့်အရေး၊ ငါတို့ကို ဘာမှလာမပြောနဲ့ ၊ မင်းတို့အလုပ် ငါတို့ ဂရုမစိုက်ဘူး” ဆိုတဲ့ အပြုအမူဆန်ဆန်နဲ့ လူစုခွဲဖို့ငြင်းဆန်ခဲ့ကျပါတယ်။ နောက်ဆုံးမတတ်သာတော့မှ လုံထိမ်းတွေက လူစုခွဲခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကျတော့ ဘုံန်းကြီးကို လုံထိမ်းရိုက်တယ်ဖြစ်ပါလေရာ။ ဒီတော့ အရိုက်ခံရတဲ့ဘုန်းကြီးရော၊ ရိုက်တဲ့ လုံထိမ်းရော နှစဖက်စလုံး သိက္ခာတွေကျ၊ ငရဲတွေရကုန်ပါတယ်။ တကယ်ဆိုရင် “အေးကွယ်၊ သူတို့တွေမှာ အမိန့်အရ လုပ်ကိုင်ဖို့ တာဝန်ရှိတာပဲ သူတို့တွေကို ငရဲမပေးသင့်ပါဘူးလေ” ဆိုပြီး လူစုအသာတကြည်ခွဲပေးရမှာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ ဘုန်းကြီးတွေဟာ မိမိတို့ တဖက်တည်းသာ ကြည့်ပြီးလုပ်ပုံတဲ့အတွက် လုံးဝ ပြစ်တင်ရှုံ့ချပါတယ်။ ဘုံန်းကြီးတွေအနေမမှန်လို့ အခုလိုဖြစ်ရတာမို့ နောင်မှာ အခုလိုအမှားမျိုး ထပ်မဖြစ်ရအောင် ဘုန်းကြီးတွေ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေသင့်ပါတယ်။ (ဘုံန်းကြီးကျောင်းဝင်စီးတဲ့ကိစ္စ ဘုံန်းကြီးအလောင်းဗီဒီယိုအတု တွေကို ကျနော်တို့ ဆွေးနွေးခဲ့ဖူးပါတယ်။)





ဒီမိုသတင်းမီဒီယာတွေဟာ Brainwash လုပ်လို့သာ အားလုံးကောင်းနေတယ်လို့ ထင်နေတာဖြစ်ပါတယ်

သံဃာကျေးဇူးသိဖို့လိုသည်

လူတွေဟာ မြန်မာပြည်မှာ သံဃာတွေရှိနေခြင်းရဲ့ တန်ဖို့းကို မသိကျပါဘူး။ တချို့ဆိုရင် သံဃာတွေဟာ တိုင်းပြည်ရဲ့ ၀န်ထုတ်ဝန်ပိုးကြီးသဖွယ် ပြောဆိုနေကျပါတယ်။ အဲဒီစကားဟာ အတွေးအခေါ်နည်းသူတွေရဲ့ စကားသာဖြစ်ပါတယ်။ သတင်းတွေနားထောင်ရင် ကျနော်တို့ မြန်မာပြည်မှာပဲ စုတ်ပြတ်သတ်နေတယ်လို့ ထင်လို့ရပါတယ်။ DVB သတင်းမှာ မြန်မာပြည် ကွမ်းယာဆိုင်မှာ ဆေးခြောက်တွေဝယ်လို့ရတဲ့အကြောင်း ထပ်ခါ ထပ်ခါ ပြောနေပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာတော့ ကွမ်းယာဆိုင်တောင် သွားစရာ မလိုဘူး။ လမ်းဘေးမှာ မူးယစ်ဆေးဝါး ၀ယ်လို့ ရပါတယ်။ Toronto မြို့မှာ ပျမ်းမျှ တစ်လ တစ်ကြိမ်နည်းပါး သေနတ်နဲ့ ပြစ်သတ်မှုတွေရှိနေပါတယ်။ (ဒီမှာ သေနတ်ကိုင်ခွင့်မရှိပါဘူး)ကနေဒါဆိုတာ သန်း၃၀ ပဲလူဦးရေရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ အင်းယားလမ်းသတ်ဖြတ်တာကို အထူးတဆန်း သတင်းဖြစ်နေပါတယ်။ နအဖ ဆန္ဒပြသူတွေကို သတ်ဖြတ်တဲ့အကြောင်း သတင်းတွေမှာ ထပ်ခါထပ်ခါ ပြောနေကျပါတယ်။ ဒီဘက်မှာ 9/11 သတ်ဖြတ်မှုကို သတင်းတွေမှာ ထုတ်ဖေါ်ပြောကြားခွင့် မရပါ။ လူအခွင့်အရေး ကြော်ငြာစာတမ်းတွေလဲ မတွေ့ရပါ။ ဒါဆိုရင် သတင်းတွေရဲ့ လုပ်ဆောင်ချက်ကို ရိပ်မိလောက်ပြီထင်ပါတယ်။

အမေရိကန်နဲ့ ကနေဒါက လူတွေဟာ စိတ်ရောဂါမျိုးမျိုးခံစားနေရပါတယ်။ အမေရိကန်မှာဆိုရင် စိတ်ရောဂါဟာ တခြားရောဂါတွေထက် ပိုမိုများပြားနေပါတယ်။ အဖြူတွေကို ကြည့်လိုက်ရင်တော့ ၀တ်ကောင်း စားကောင်းတွေ ၀တ်ပြီးလူတွေ့ရင် ပြုံးနေတာပဲ။ ဒါပေမယ့် ရင်ထဲမှာတော့ သောကတွေ အပြည့်နဲ့ပါ။ ( အဖြူတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ သူတို့ အခက်အခဲကို တင်ပြတဲ့သဘောပါ။ ဒီနေ့ ၀ိပဿနာ ရေပန်းစားလာတာ အဲဒါကြောင့်ဖြစ်ပါတယ်) ဒါကြောင့် စိတ်ဆရာဝန်တွေဟာ ၀င်ငွေအမြင့်ဆုံးထဲမှာ ပါဝင်နေပါတယ်။ လူတွေဟာ စိတ်မချမ်းသာမှုတွေ၊ သောကတွေများလွန်းလို့ စိတ်ဆရာဝန်နဲ့တွေ့။ ဆေးတွေစားနဲ့ အသက်ရှင်နေရတာ ဖြစ်ပါတယ်။ စိတ်ဆရာဝန်တွေဟာ အနည်းဆုံးတစ်ခါပြရင် ဒေါ်လာ နှစ်ရာ ကနေ နှစ်ထောင်အထိ ပေးရပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ လူတွေဟာ အဲလောက် သောကမများပါဘူး။ ဘာကြောင့်လဲဆိုရင် တရားဓမ္မရှိနေလို့ပါ။ တရားဓမ္မဟာ သောကမီးတွေကို ကုစားရာမှာ ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။ တရားဓမ္မတွေရှိနေတာ သာသနာစောင့်ရှောက်တဲ့ သဃာံများကြောင့်ဖြစ်ပါတယ်။ တကယ်လို့ သံဃာတွေ မရှိခဲ့ရင် တရားဓမ္မလည်းရှိမည် မဟုတ်ပါ။ တရားမရှိရင် လူတွေဟာ လောကဒဏ်ကို ခံနိုင်ရည်မရှိပဲ သောကတွေနဲ့ ပြည့်နှက်နေပါမည်။ သောကပြည့်နှက်နေတဲ့သူတွေဟာ သူတပါးရဲ့ အသက်အန္တရယ်ကို ဒုက္ခပေးနိုင်သလို မိမိကိုယ်ကိုလည်း သေကြောင်းကြံနိုင်ပါတယ်။ ဒါကြောင့် အခုလို စီးပွားရေး ဆိုးရွားနေတဲ့အခြေအနေမှာ သံဃာတွေ မရှိပါက မတွေးဝံ့စရာပါ။ ကျနော်တို့ တိုင်းပြည်ကြီး အစိပ်စိပ်အမွှာမွှာလည်းဖြစ်နေလောက်ပါပြီ။ ဒါကြောင့် သံဃာတော်တွေကို မစော်ကားပါနဲ့။ သံဃာကယ်တင်လို့ ကျနော်တို့ တိုင်းပြည်အခုလောက်အခြေအနေ ကောင်းနေတာဖြစ်ပါတယ်။ ကျေးဇူးကြီးလှပါတယ်။ ဘုရား၊ တရား ၊ သံဃာသည် တန်းတူသာဖြစ်ပါသည်။ သံဃာတော် အပေါင်းကို ရိုသေရှိခိုးလိုက်ပါသည် ဘုရား။

မြန်မာပြည်ကို သိပ်ချစ်တဲ့
တောသားနှစ်ယောက်


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, April 4, 2008

တိုင်းပြည်ကို ချစ်တယ်ဆိုတာ သူတို့လား?


နအဖသည် ကုန်ဈေးနှုံန်းများ အဆမတန်ကြီးမြင့်နေသည်ကို ဂရုမစိုက်ပဲ အခွန်တွေ တခုပြီး တခုတိုးမြှင့်ကောက်ခံနေပါသည်။ ပြည်သူ့ပိုက်ဆံနဲ့ တံတားတွေဆောက်ပါတယ်။ ဆောက်ထားတဲ့ တံတားတွေကို ပြည်သူတွေ အသုံးပြုဖို့ ပိုက်ဆံကောက်ပါတယ်။ ဒါတင်မကပဲ စစ်ဗိုလ်လူတန်းစားကိုသာ အခွင့်အရေးအမျိုးမျိုးပေးပြီး သူတို့ကသာ မြန်မာ့ဈေးကွက်ကို လက်ဝါးကြီးအုပ် ချယ်လှယ်နေပါသည်။ ပြည်သူတွေဟာ အနှိမ်ခံဖို့ (၀ါ) သူတို့ကို အခွန်ပေးဖို့ အတွက်ဟု နအဖ ယူဆထားပါသည်။

ဒီမိုကရေစီ နိုင်ငံရေးသမားတွေရဲ့ စီးပွားရေးပိတ်ဆို့ခြင်းကြောင့် ပြည်သူတွေဟာ ဆင်းရဲတွင်းပိုနက်လာပါတယ်။ အနောက်နိုင်ငံတွေအလိုကျ မြန်မာလူမျိုးကို နှိမ့်ချပြီး၊ အနောက်ကို အထင်ကြီးအောင် နည်းပေါင်းစုံ လုပ်နေပါသည်။ ဒီမိုကရေစီခေါင်းဆောင်တွေ အားလုံးဟာ ပြည်တွင်း၊ ပြည်ပ မှာ ထောက်ပံကြေးဒေါ်လာရနေပါသည်။ ပြည်တွင်း ဘာတွေပဲဖြစ်ဖြစ် သူတို့ ဘာမှ မဖြစ်ပါ။ ဒါ့ကြောင့် အနောက်ဘက်အစိုးရတွေ အလိုကျလုပ်ဖို့ပဲ စိတ်ဝင်စားပြီး ပြည်သူတွေ ဒုက္ခရောက်ခြင်းကို ဂရုမစိုက်ပါ။

ဒါကြောင့် နအဖကိုပဲဖြစ်ဖြစ် ဒီမိုကရေစီခေါင်းဆောင်တွေကိုပဲဖြစ်ဖြစ် လေးစားနေတာမှန်ကန်ရဲ့လား၊ မလေးစားတဲ့သူတွေကို အပြစ်တင်မလား? စဉ်းစားပေးကျပါ . . . . . . !

Sunday, March 30, 2008

သစ္စာဖေါက်ဖြစ်ချင်လား?

အမေ၇ိကန်အစိုးရလောက် ရက်စက်တဲ့ အစိုးရ မြန်မာလူမျိုးတွေ မကြုံရသေးပါ

ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး လူတော်တော်များများဟာ ခေါင်းရှုပ်နေပါတယ်။ အတိုက်အခံဘက်က လူတချို့က အခြခံဥပဒေကို ထောက်ခံသင့်တယ်လို့ ပြောနေကျပါတယ်။ ဒါပေမယ့် အနောက်ဖက်က ငွေကြေးထောက်ပံ့ထားတဲ့ မီဒီယာတွေက ဆန့်ကျင်ဖို့ ဆိုက်ဝါးတွေလုပ်တာ အောင်မြင်နေတဲ့သဘောမှာ ရှိပါတယ်။ ရယ်စရာကောင်းတာကတော့ လွတ်လွတ်လပ်လပ် ဆွေးနွေးရမယ် တင်ပြရမယ်လို့ အော်နေတဲ့ ဒီမိုကရေစီ ဘလော့တွေဟာ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ရေငုံနှုတ်ပိတ်ဖြစ်နေကြပါပြီ။ သူတို့ထဲမှာ ဆန္ဒခံယူပွဲ မဲသွားပေးသင့် မသင့်ကို ညှိနှိုင်းလို့မရရှာဘူးလေ။ တဖက်ကလဲ လုံးဝသပိတ်မှောက်၊ တဖက်ကလဲ သပိတ်မှောက်ရင် ကြားနေမဲဖြစ်သွားမယ်၊ ဒါကြောင့် ဆန့်ကျင်မဲသွားပေးပါဆိုပဲ။ မဲပေးပြန်ရင်လဲ အသိအမှတ်ပြုသလိုဖြစ်ပြီး နအဖ နိုင်သွားမှာ စိုးရိမ်နေကျပြန်တယ်။

ဒီတော့ အတင်းပြောဘလော့တွေ ဘာလုပ်လဲ? အမြင်မတူတဲ့ဟာကို ဆက်မပြောရဲတော့ဘူးလေ။ ထုံးဆန်အတိုင်း နအဖလုပ်သမျှကို ဘက်ပေါင်းစုံကနေ အတင်းပြောနေပါပြီ။ နအဖကို အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့လဲ တောင်းဆို နေကြပြန်တယ်။ သူတို့အချင်းချင်းတောင် ဆွေးနွေးလို့မရတဲ့သူတွေ နအဖနဲ့ဘာတွေ ဆွေးနွေးမှာလဲ?။ ဟား ဟား ဟား . . . . တကယ်ကို ရယ်ရတယ်ဗျာ။ အဲလို ငတုံး၊ ငကြောင်တွေကို နအဖသာ သွားပြီးဆွေးနွေးရင် နအဖလည်း သူတို့လို ငတုံး၊ ငကြောင်ဖြစ်လို့ပဲဗျ။ ကိုယ့်အချင်းချင်းတော့ မညှိနိုင်ပဲ နအဖနဲ့ ညှိချင်တယ်တဲ့ဗျာ။ တကယ်ကို အရှက်တပြားသားမှ မရှိတဲ့သူတွေဗျာ။

ဒီမိုကရေစီဘလော့တွေ၊ မီဒီယာတွေဟာ အရေမရ အဖတ်မရ အတင်းပြောဖို့ကလွဲရင် တကယ်အရေးကြီးတဲ့နေရာမှာ အားကိုးလို့ မရဘူးဗျာ။ ဆန္ဒခံယူပွဲနေ့ ရောက်ရင် ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ အရူးတွေလို လမ်းပေါ်ပတ်ပြေးနေရမလို ဖြစ်နေပါတယ်။ အရူးမဖြစ်ချင်သူတွေအတွက် တောသားနှစ်ယောက်က အကြံပေးပါမယ်။ ပထမတော့ နိုင်ငံရေးသမားတွေရဲ့သဘောလေးကို တင်ပြမှ ကောင်းမယ်ထင်ပါတယ်။


ခွေးတိရိစ္ဆာန် = နအဖ= ဒီမိုကရေစီ

နိုင်ငံရေးသမား = အောက်တန်းစား = ဖက်ခွက်စား = ကလေကချေ = အပေတေ = ယုတ်ညံ့ဆုံး လူသား= ခွေးတိရိစ္ဆာန်တွေလို့ ဖော်မြူလာရေးလို့ရပါတယ်။ နအဖဟာ တကယ်တိုင်းပြည်ချစ်သလား? နအဖက သူတို့ဟာ တိုင်းပြည်ကို ကောင်းစားအောင် အမှန်အကန်လုပ်နေတဲ့သူတွေဖြစ်ပါတယ်။ ဘယ်ခေတ်အခါနဲ့မှ မတူအောင် လမ်းတံတားတွေလုပ်နေတယ်။ သူတို့ပြောသမျှကို လက်ခံရမယ်၊ သူတို့ကို ကျေးဇူးတင်ရမယ်တဲ့ဗျ။ လက်အုပ်ချီ ထိုင်ကန်တော့တဲ့အဆင့်အထိ မျှောင်လင့်နေရှာတယ်။ တကယ်အရေးကြီးတဲ့ ပြည်သူတွေ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုဒုက္ခခံစားရတယ်ဆိုတာ သူတို့စိတ်မ၀င်စားပါဘူး။ အစိုးရဌာနတွေမှာလဲ အနိမ့်ဆုံးနေရာက စပြီး အထက်အမြင့်ဆုံး ၀န်ကြီးနေရာအထိ စစ်သားတွေကို ပေးထားပါတယ်။ ၀န်ကြီးရာထူးကို စစ်တပ်ယူတာ ပြောစရာမရှိပါဘူး။ ဒါမှသာ အစိုးရ ပေါ်လဆီတွေကို ဖေါ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ၀န်ကြီးဆိုတာ အုပ်ချုပ်ရေး သက်သက်ပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမှားပါဘူး။ နအဖ မှားယွင်းချက်ကတော့ စစ်သားတွေကို အရပ်ဖက်နေရာတွေမှာ ပေးထားခြင်းဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အရပ်သားတွေအပေါ်မှာ အနိုင်ကျင့်မှု၊ စော်ကားမှုဖြစ်ပါတယ်။ နှိမ့်ချမှုလည်းဖြစ်ပါတယ်။ အဲဒီ စစ်သားတွေရဲ့ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် တိုင်းပြည်ကိုလဲ များစွာ ထိခိုက်စေပါတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ဗိုလ်တွေ ကောင်းစားရေးနဲ့ နအဖ အဏာတည်မြဲရေးအတွက်သာ ကြည့်ပြီးလုပ်တဲ့ မတရားမှုဖြစ်ပါတယ်။ ဒါတင်မကပဲ တဖက်ကလည်း စစ်သားတွေကို မိမိကိုယ်ကို အထင်ကြီးလွန်အောင် လုပ်တာတွေ ရှိပါတယ်။ အဲဒါကြောင့် စစ်သားတွေဟာ တိုင်းပြည်ကို ကယ်တင်နေတဲ့ သူတွေဖြစ်ကြောင်း ကျေးဇူးရှင်ကြီးများသဖွယ် ပြောဆို နေကြခြင်းဖြစ်ပါတယ်။ ကျနော်တို့အမြင်မှာတော့ စစ်သားတွေ အသက်ပေးတယ်ဆိုတာ သူ့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုမို့ အသေခံလုပ်ခြင်းဖြစ်ပါတယ်။ သေဆုံးသွားသူတွေ တာဝန်ကျေပွန်မှုအတွက် အလေးပြုရမှာဖြစ်ပေမယ့် သူတို့ကို လိုအပ်တာထက်ပိုပြီး ကျေးဇူးတင်ဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အရပ်ဖက်ကလူတွေလဲ အသက်ပေးဆပ်တာတွေ ရှိပါတယ်။ ဥပမာ ဆရာဝန်သူနာပြုတွေဆိုရင် လူနာတွေဆီက AIDS တို့လိုရောဂါကူးဆက်ခံရပြီး သေဆုံးသွားတာတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ ဓါတ်လိုက်သေဆုံးတာတွေ ရှိပါတယ်။ ဒါတွေဟာ သူတို့အသက်ကို နိုင်ငံအတွက် ပေးဆပ်သွားတာဖြစ်ပါတယ်။

စစ်သားတွေဟာ အခွင့်ထူးခံစားစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် စစ်တပ်က အရပ်ဖက်ထက် လစာ ပိုပြီးရပါတယ်။ အခွင့်အရေးနဲ့ ထောက်ပံ့ကြေးတွေလဲ ဘက်ပေါင်းစုံကနေ ရနေပါတယ်။ ၀န်ထမ်းတွေနဲ့ ပြည်သူတွေအားလုံးဟာ အနှိမ်ခံဘ၀မှာ နေထိုင်နေရပါတယ်။ ဒါတွေကြောင့် နအဖဆိုတာ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို စိတ်မ၀င်စားတဲ့ နိုင်ငံရေးအဖွဲ့သာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလို စစ်သားမျိုးမဟုတ်ပါဘူး။ ထို့ကြောင့် နအဖသည် အောက်တန်းစားဖြစ်ပါသည်။ တနည်းဆိုရလျှင် ခွေးတိရိစ္ဆာန်များ ဖြစ်၏။

ဒီမိုကရေစီအဖွဲ့တွေကရော အမှန်တကယ် ပြည်သူတွေကို ချစ်သလား? မြန်မာ့ဒီမိုကရေစီအဖွဲ့တွေဟာ တိုင်းပြည်အတွက်လုပ်နေတာ မဟုတ်ပဲ အနောက်ကပေးတဲ့ ဒေါ်လာငွေရရှိရေးနဲ့ အဏာရရှိရေးအတွက်ဖြစ်ပါတယ်။ ကျွန်ဘ၀ရောက်ရှိရေးလို့ ပြောလည်းရပါတယ်။ တိုင်းပြည်အတွက်မဟုတ်ဘူးဆိုတာ အပြုအမူကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

(၁) ပြည်သူတွေ စိတ်ဓါတ်ကျဆင်းအောင် စံနစ်တကျ လုပ်နေတာတွေရှိပါတယ်။ မြန်မာပြည်ထဲမှာလူဖြစ်ရတာ ငရဲပြည်ထဲမှာရောက်နေသယောင် ထင်အောင် မီဒီယာတွေကနေ သတင်းတွေကို ချဲ့ကားတာတွေနဲ့ အမှားတွေကိုရေးပြီး ၀ါဒမှိုင်းများရှိုက်သွင်းကျပါတယ်။ လူငယ်တွေကိုလည်း စိတ်ဓါတ်ကျဆင်းအောင် စံနစ်တကျလုပ်ကျပါတယ်။ ဒီမှာနည်းနည်းပြောချင်ပါတယ်။ BBC သတင်းတွေမှာ နိုင်ငံခြားမှာ ပညာသင်ချင်တဲ့သူတွေကို လမ်းညွှန်သဘောမျိုးနဲ့ တင်ပြတဲ့အစီအစဉ်ရှိပါတယ်။ နိုင်ငံခြားမှာ ပညာသင်နိုင်တဲ့သူတွေဟာ မြန်မာပြည်မှာ 0.0001% တောင်မရှိပါဘူး။ BBC ဟာ အများစုနဲ့ မဆိုင်တဲ့ အကြောင်းကို လွှင့်နေတာ ရိုးသားသလား? အဲဒါတွေဟာ လူငယ်တွေ အခက်အခဲကို ဖြေရှင်းဖို့ထက် လက်မြှောက်အရှုံးပေးလာအောင် လုပ်ဆောင်ချက်လို့မြင်ပါတယ်။ နောက်ပြီးပြည်တွင်းကနေ အတတ်ပညာရှင်တွေ ဆုံးရှုံးအောင် လုပ်နေတာဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေကို လေးစား အောင် Brainwash လုပ်တာ ဖြစ်ပါတယ်။ ဒါတွေကြောင့် မိမိလူမျိုးနဲ့ နိုင်ငံကို အထင်သေးတဲ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ အဲလိုမျိုးဖြစ်မှ သေနတ်တွေရှေ့မှာ အသေခံဆန္ဒပြသူတွေ၊ မီးရှို့သတ်သေသူတွေ ပေါ်လာမှာဖြစ်ပါတယ်။

(၂) စားဝတ်နေရေးကျပ်တည်းလေ နအဖကို ဆန့်ကျင်လေ ဆိုတဲ့ သဘောတရားကိုလည်း အသုံးချနေကျပါတယ်။ နိုင်ငံမွဲတေလေ နအဖကို ဝေဖန်လို့ကောင်းလေဖြစ်ပါတယ်။ ဒါတွေကြောင့် ပြည်သူတွေ စီးပွားပျက်အောင်နဲ့ ပိုဆင်းရဲအောင် လုပ်ကျပါတယ်။ အဲလိုဖြစ်အောင် စီးပွားရေး ပိတ်ဆို့ပါတယ်။ အလုပ်သမားတွေ ဘ၀ပျက်ကုန်တာ အများကြီးပါ။ မြန်မာပြည် ဘဏ်စံနစ် ပျက်ပြားအောင်လည်း လုပ်ဆောင်ခဲ့ကျပါတယ်။ ဆင်းရဲမွဲတေမှုတွေများလာတော့ နအဖမှာ တာဝန်ရှိတယ်ဆိုပြီး မီဒီယာတွေကနေ တိုက်ခိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့ထားတဲ့အတွက် နအဖဟာ အနောက်နဲ့ စီးပွားရေးလုပ်လို့မရတော့ တရုပ်နဲ့သွားလုပ်ပါတယ်။ အဲဒီတော့ တရုပ်ကို အဖေခေါ်တယ်ဆိုပြီး ပြောပြန်တယ်။ ဈေးပြိုင်စံနစ်မရှိတော့ ဘေးက တရုပ်နဲ့ ထိုင်းနိုင်ငံက မြန်မာ့ ကျွန်းနဲ့ သဘာဝဓါတ်ငွေ့တွေကို နှစ်ပဲ တပြားနဲ့ဝယ်သွားပါတယ်။ ဒီတော့လဲ ကျွန်းသစ်တွေနဲ့ ဓါတ်ငွေ့တွေကို မတန်တဆဈေးနဲ့ရောင်းနေကြပြီဆိုပြီး အော်ကျပြန်ပါတယ်။ (တရုပ်နဲ့ ထိုင်းဂုတ်သွေးစုပ်အောင် ဒီမိုကရေစီအဖွဲ့တွေက လုပ်တာဖြစ်ပါတယ်။ နအဖကတော့ သူတို့အဏာတည်မြဲရေးအတွက် ၀ယ်တဲ့လူကိုရောင်းမှာပေါ့)

ဒီမိုကရေစီနိုင်ငံရေးအဖွဲ့တွေဟာ အနောက်ကပေးတဲ့ ဒေါ်လာတွေ ဆက်လက်ရရှိရေးသာ ဂရုစိုက်ပြီး ပြည်သူတွေ ဆင်းရဲမွဲတေအောင်လုပ်တဲ့အတွက် သူတို့ဟာ အောက်တန်းစားတွေ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ထို့ကြောင့် နအဖသည်လည်း အောက်တန်းစားဖြစ်သလို ဒီမိုကရေစီအဖွဲ့တွေသည်လည်း အောက်တန်းစားဖြစ်၏။ နှစ်ဖက်စလုံး ခွေးတိရိစ္ဆာန်များဖြစ်ကျပါ၏။ ဒါ့ကြောင့်နအဖကို ကာကွယ်နေသော စစ်ဗိုလ်များနှင့် စာရေးဆရာများသည် တိုင်းပြည်၏ သစ္စာဖေါက်များသာဖြစ်၏။ ဒီမိုကရေစီ အတွက်လုပ်ကိုင်နေသူများသည်လည်း ကောက်ကျစ်စဉ်းလဲသော အဖျက်သမားများ ဖြစ်ပါသည်။ ဒါကြောင့် သစ္စာဖေါက်တွေနဲ့ အဖျက်သမားတွေဟာ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီးရေးတဲ့အခါမှာ သူတို့သခင်တွေအကျိုးကို မျှော်ကိုးရေးထားတာမို့ အဲဒါတွေဖတ်ပြီး ဘာအဖြေမှ မရပဲ ပိုရှုပ်ကုန်တာဖြစ်ပါတယ် ။


သတင်းဌာနကြီးတွေ Blog တွေကြောင့် အရှက်ကွဲနေချိန်မှာ မြန်မာတွေကတော့
မျက်ကန်းယုံနေဆဲ

ဒီမိုကရေစီအဖွဲ့များ၏ နိဂုံး

အလုပ်တစ်ခုလုပ်ရင် သေသေချာချာ စဉ်းစားပါ။ နအဖကို လျှော့မတွက်ပါနဲ့။ နအဖဟာ ဆန္ဒခံယူပွဲကို ဆန့်ကျင်မယ်ဆိုတာ ကြိုတွက်ပြီးမှ ဒီကစားကွက်ကို လုပ်တာ သေချာပါတယ်။ တကယ်လို့ နအဖဟာ ဒီဥပဒေကိုတကယ်လိုချင်တယ်ဆိုရင် မဲလိမ်ကောင်း လိမ်ပါလိမ့်မယ်။ ဒါမှမဟုတ် အာရုံပြောင်းအောင် လုပ်တာလဲ ဖြစ်နိုင်ပါတယ်။ ဦးသန်းရွှေပဲ တစ်ယောက်ပဲ အတိအကျသိမယ်ထင်ပါတယ်။ သေချာတာကတော့ နအဖဟာ တွက်ချက်ပြီးမှလုပ်တယ်ဆိုတာပဲ။ ဒါကြောင့် ဒီမိုကရေစီသမားတွေ အခုဆန္ဒခံယူပွဲကို ဆန့်ကျင်နေတာ နအဖရဲ့ ကစားကွက်ထဲများ ရောက်နေသလား? မိမိဖာသာ စဉ်းစားကြည့်ပေါ့ဗျာ။ သတိထားစရာကတော့ ဆန္ဒခံယူပွဲပြီးဆုံးသွားတဲ့အချိန်ဟာ ပြည်ပမှ ဒီမိုကရေစီလှုပ်ရှားသူများ နိဂုံးချုပ်စေမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုရင်

(၁) ပြည်သူတွေအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုများအပေါ်မှာ စိတ်ပျက် သွားကြမည်ဖြစ်ပါတယ်။ ယခင်တုံးကလို မဟုတ်ပဲ လူတွေဟာ ဒီမိုကရေစီအဖွဲ့တွေရဲ့ ပြောဆို လုပ်ကိုင်ပုံတွေကို မေးခွန်းထုတ် လာကျပြီဖြစ်ပါတယ်။ ဒီနေ့အထိ နအဖ ပြုတ်ကျရေး အစီအစဉ်လုံးဝ မရှိပဲ ဖြစ်နေပါတယ်။ ( နေ့စဉ်အတင်းပြောတာကလွဲလို့ ကျန်တာ ဘာမှ မစဉ်းစားတတ်ဘူးလေဗျာ။ ) ဒါ့ကြောင့် လူထုထောက်ခံမှုနည်းလာရင် ဒီမိုကရေစီအဖွဲ့တွေ အားနည်းသွားပါလိမ့်မယ်။

(၂) အခြေခံဥ့ပဒေကို လက်ခံတဲ့ ဒီမိုကရေစီအဖွဲ့ဝင်တွေဟာ နအဖနဲ့ ပူးပေါင်း လုပ်ကိုင်လာနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်နိုင် ပါတယ်။ ဒီမိုကရေစီ အဖွဲ့တွေ အတွင်းမှာ အကြီးအကျယ် ချိနဲ့သွားမှာ ဖြစ်ပါတယ်။ အဲဒီခွဲထွက်သွားတဲ့သူတွေဟာ သူတို့ရဲ့ လုပ်ကိုင်ပုံကို ဝေဖန်မခံရအောင် ဒီမိုကရေစီအဖွဲ့တွေကို တန်ပြန်တိုက်ခိုက် လာနိုင်ပါတယ်။ သဘောက တဖွဲ့သားတွေ ရန်သူ ဖြစ်သွားပါမယ်။

(၃) အခြေခံဥပဒေကို ဆန့်ကျင်တဲ့ အဖွဲ့တွေကြားမှာလည်း ဆန္ဒခံယူပွဲ မဲထည့်ရေး နဲ့ သပိတ်မှောက်ရေးမှာ လုံးဝ ညှိလို့မရအောင်ဖြစ်နေပါတယ်။ သပိတ်မှောက်လိုသူတွေရဲ့ ရည်ရွယ်ချက်က မဲထည့်တဲ့သူမရှိမှ သူတို့ကြံစည်ချက် အောင်မြင်မှာ ဖြစ်ပါတယ်။ ကန့်ကွက်မဲ ပေးစေချင်သူတွေကတော့ ကန့်ကွက်မဲများများမဲပုံးထဲရောက်မှ သူတို့ရည်ရွယ်ချက် အထမြောက်မှာဖြစ်ပါတယ်။ နောက်ဆုံးတော့ လူတွေဟာ နှစ်ဖွဲ့ကွဲပြီး သပိတ်မှောက်တဲ့သူကလဲ နည်းး၊ ကန့်ကွက်မဲကလည်းနည်းဖြစ်သွားပါလိမ့်မယ်။ ဆန္ဒခံယူပွဲလည်းပြီးရော အချင်းချင်း သဘောထား မတူတဲ့သူတွေအကြားမှာ မကျေနပ်စိတ်တွေ ဖြစ်ပေါ်စေမှာပါ။ တဖက်နဲ့ တဖက် အပြန်အလှန် အပြစ်တင်မှုတွေ လုပ်လာနိုင်ပါတယ်။ ၀ါစည်းပြေသွားသလိုဖြစ်သွားမှာပါ။

စဉ်းစားရင် ရေရှည်စဉ်းစားရပါမယ်။ တကယ်လို့အခု ဆန္ဒခံယူပွဲမှာ ဆန့်ကျင်တဲ့အပိုင်းက အနိုင်ရသွားသည်ဖြစ်ပါစေ။ ဒီမိုကရေစီအဖွဲ့တွေကြား စည်းလုံးမှုပြိုကွဲမှာ သေခြာပါတယ်။ အင်အားချိနဲ့သွားပြီဆိုရင်တော့ နအဖဟာ အခုလို အဏာခွဲဝေဖို့ စဉ်းစားချင်မှ စဉ်းစားပါလိမ့်မယ်။ ဒါကြောင့် အခြေခံဥပဒေကို ဆန့်ကျင်လို့ အောင်မြင်သည် ဖြစ်စေ ကျဆုံးသည်ဖြစ်စေ ၀ါးစည်းပြေသလိုဖြစ်သွားတဲ့အတွက် အနှေးနဲ့ အမြန်ဆိုသလို ပြည်ပလှုပ်ရှားမှုတွေက အဆုံးသတ်သွားမှာဖြစ်ပါတယ်။


အခြေခံဥပဒေကို ထောက်ခံသင့်သလား?

ဘာပဲလုပ်လုပ် မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို နံပါတ်(၁) ဦးစားပေး စဉ်းစားရပါမယ်။ ဒီမိုကရေစီစံနစ်၊ ဒေါ်ကော်ပီစုကြည်နဲ့ NLD ပါတီအကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေရဲ့ နောက်မှာပဲရှိပါမယ်။ တကယ်လက်တွေ့မှာတော့ လူတွေက ဒေါ်ကော်ပီစုကြည်နဲ့ NLD အကျိုးအမြတ်ပဲ စဉ်းစားကျပါတယ်။ မြန်မာပြည်သူတွေအရေးကို ခေါင်းထဲမှာ လုံးဝမရှိကျပါဘူး။ ကျနော်တို့ကတော့ ပြည်သူတွေအကျိုးပဲ ထည့်တွက်ပါတယ်။ ဒေါ်ကော်ပီစုကြည်နဲ့ ဦးသန်းရွှေဟာ ကျနော်တို့ ခေါင်းထဲမှာ မ၇ှိပါဘူး။ ဒီအခြေခံဥပဒေဟာ ပြည်သူတွေအတွက် အကျိုးရှိတယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင်

(၁) အခြေခံဥပဒေတွင် ပြည်ထောင်စုပြိုကွဲစေသည့်အချက် မပါဘူးဆိုတာ သေခြာပါတယ်။ ဒီအတွက် အန္တာရယ်မရှိသောကြောင့် ထောက်ခံပါတယ်။ နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သန်းခေါင်ထက်ပိုပြီး ညည့်မနက်နိုင်ပါ။

(၂) လွှတ်တော်မှာ စစ်တပ်မှ 25% နဲ့ လူထုကိုယ်စားလှယ် 75% ပေးထားတယ်လို့ ပြောဆိုထားပါတယ်။ ကျနော်တို့လက်ခံသင့်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီသမားတွေက 25% စစ်တပ်ယူထားတာမို့ သူတို့ဟာ အခြေခံဥပဒေကို ပြန်ပြင်ဖို့ မဲအရေအတွက် ပြည့်ဖို့ မလွယ်တော့ဘူးဆိုပြီး တင်ပြထားပါတယ်။ အဲဒါကတော့ ဒီမိုကရေစီသမားတွေဟာ သူတို့ အစွမ်းအစ မရှိဘူးဆိုတာ ပြသနေပါတယ်။ ပြည်သူတွေလမ်းပေါ်မှာ အသက်တွေ စတေး ပြီးပါပြီ။ လွတ်တော်ထဲမှာ ဒီမိုကရေစီသမားတွေ မိမိဖာသာ ကြိုးစားသင့်ပါတယ်။ နအဖပဲ အတင်းပြောနေတာတွေ့ရပ်ပြီး တခါတလေလည်း နိုင်ငံရေးသမားတွေ အစွမ်းအစလေးပြကျပါဦး။

(၃) ဒီမိုကရေစီအဖွဲ့တွေနဲ့ နအဖအကြား နိုင်ငံရေး ပြဿနာဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ လမ်းပေါ်ဆန္ဒပျြမှုတွေနဲ့ ဖြစ်ပေါ်နေတာမို့ ပြည်သူတွေ အထိနာပါတယ်။ လွှတ်တော်ရှိလာရင် နိုင်ငံရေးသမားတွေ လွှတ်တော်ထဲမှာ ပြဿနာဖြေရှင်းကျရမှာဖြစ်ပါတယ်။ ငြင်းခုံနိုင်ပါတယ်။ ဒေါ်ကော်ပီစုကြည်လွှတ်ပေးရေးလဲ အဲဒီမှာ တောင်းဆိုလို့ရပါတယ်။ ဒါကြောင့် ပြည်သူတွေ ဟာ အေးအေးဆေးဆေး မိမိတို့အလုပ် လုပ်ကိုင်လို့ရပါတယ်။ ဒီမိုကရေစီသမားတွေ 75% နေရာယူထားပြီး စစ်တပ်ကို လွှတ်တော်ထဲမှာ ရင်ဆိုင်ဖို့ သတ္တိုမရှိဘူးဆိုရင် ထမိန်ဝတ်ပြီး နေလိုက်ပေတော့။

(၄) လွှတ်တော်မှာ အချင်းချင်း မျက်နှာချင်းဆိုင်နေရတော့ ပိုမိုဆွေးနွေးလာနိုင်ပြီမို့ တစ်ဦးအမြင် တစ်ဦးပိုမို နားလည်လာပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ကျလာမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ စီးပွားရေးပိတ်ဆို့မှု တွေကို ဖွင့်မပေးနိုင်ရင်တောင် ပြည်တွင်းမှာ ပိုမိုစည်းလုံးလာပြီး နိုင်ငံတိုးတက်လာမှာသေခြာပါတယ်။ ဒါတွေကြောင့် ပြည်ပရောက်အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေလည်း မိမိတိုင်းပြည်ထူတောင်ရေးမှာ ကူညီဖို့လည်း စည်းရုံးနိုင်ပါလိမ့်မယ်။

(၅) ပြည်သူတွေနဲ့ နိုင်ငံတော်ကြီးအတွက် ယခုအခြေအနေထက် ပိုမိုဆိုးရွားစေတဲ့ အချက်များတစ်ခုမှ မပါရှိပါဘူး။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် အဏာရရှိရေးသာ ထိခိုက်စေတာတွေ ရှိတာဖြစ်ပါတယ်။

ဒါတွေကြောင့် အခြေခံဥပဒေသစ်ကိုလုံးဝ လက်ခံသင့်တယ်လို့ယူဆမိပါတယ်။

အခုဆန္ဒခံယူပွဲကို ဆန့်ကျင်သူတွေမှန်သမျှ ထောင်ချမယ်လို့ ဥပဒေထုတ်ထာနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအဖွဲ့တွေက ဝေဖန်ကျပါတယ်။ အဲဒီဝေဖန်သူတွေကို ကျနော်မေးပါမယ်။ သူတို့ကရော အခြေခံဥပဒေကို ထောက်ခံသူတွေကို လွတ်လပ်စွာ စည်းရုံးခွင့်ပေးသလား? မီဒီယာတွေမှာလည်း ဆန့်ကျင်တဲ့သူတွေရဲ့ အမြင်ပဲတဖက်စောင်းနင်းတင်ပြကျပါတယ်။ ဒေါက်တာလွမ်းဆွေဆိုရင် သူ့ဘလောက်မှာ ကိုမျိုးမြန်မာရဲ့ အခြေခံဥပဒေအပေါ် ထာက်ခံတဲ့ ဆောင်းပါးကို တင်မပေးပါဘူး။ ဒီတော့ မိမိကိုယ်တိုင်က မျှတသလားအရင်ဆန်းစစ်ပါ။ ပြီးမှ နအဖကို အပြစ်တင်ပါ။ ကျနော်တို့ အမြင်ကတော့ နအဖဟာ မီဒီယာမှာ အားနည်းနေလို့ အခုလို အဏာစက်သုံးတယ်လို့ မြင်ပါတယ်။ သူ့လုပ်ရပ်ကိုထောက်ခံပါတယ်။ တကယ်လို့ အဖမ်းမခံချင်ရင် မဆန့်ကျင်နဲ့ပေါ့။ ရှင်းပါတယ် နော်?

အခြေခံဥပဒေကို အတည်ပြုလိုက်ရင် မြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးယုတ်စရာမရှိပါ။ ဒီမိုကရေစီဘက်ကလူတွေ တင်ပြနေတဲ့အချက်တွေဟာ သူတို့ နိုင်ငံရေးအကျိုးအမြတ်ကိုသာ ကြည့်ပြီးပြောဆိုနေခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ အနောက်ဖက်က ပေးနေတဲ့ ငွေတွေရပ်သွားမှာက အဓိကတော့ဖြစ်ဟန်တူပါတယ်။ အဲဒါတွေကြောင့် ကိုယ်ကျိုးကြည့်သူများရဲ့ လိမ်ညာချက်တွေကို မျက်ကွယ်ပြုပြီး အခြေခံဥပဒေကို တိုင်းပြည်အတွက် လုံးဝထောက်ခံရပါမယ်။
ဘယ်သူမဆို မြန်မာပြည်သူများအပေါ် ဒုက္ခရောက်အောင် လုပ်ခဲ့လျှင် ထိုသူကို သစ္စာဖေါက်ဟု သိအပ်ပါသည်။ ယခု အခြေခံဥပဒေကို ဆန့်ကျင်နေတဲ့သူတွေကို ဘယ်သူ့အတွက် ဆန့်ကျင်သလဲဆိုတာ မေးကြည့်ပါ။ တကယ်လို့ ပြည်သူ့အကျိုးအတွက် မဟုတ်ပဲ အရေမရ အဖတ်မရ ဆန့်ကျင်နေသူများဖြစ်ပါက ထိုသူတွေကို သစ္စာဖေါက်များဟု မှတ်တမ်းတင်လိုက်ပါ။ သမိုင်းရဲ့ တရားခံတွေလည်း ဖြစ်ပါတယ်။


မြန်မာပြည်ကိုချစ်တဲ့
တောသားနှစ်ယောက်


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)


Saturday, March 15, 2008

2 X “အ” တဲ့သူဖြစ်အောင် သတင်းတွေကို ဖတ်ပါ


I'm the commander -- see, I don't need to explain -- I do not need to explain why I say things. That's the interesting thing about being president."
- - George W. Bush

လူတွေဟာ (အထူးသဖြင့် နိုင်ငံရေးသမားတွေ) တကယ်ကို အရူးတွေပါ။ သူတို့ ဘာတွေပြောပြော ဘာတွေပဲ ယူဆနေပါစေ ဘယ်လောက်ပဲ မှားနေပါစေ အဲဒါကို လက်ညှိးထောင် ခေါင်းငြိတ် ထောက်ခံမှ ကျေနပ်ကျပါတယ်။ သူတို့ မှားကြောင်း သက်သေတွေနဲ့ပြရင် အောက်တန်းကျကျ ဆဲဆိုတာတွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ လုပ်ကျပါတယ်။ အဲဒီလူတွေဟာ အစွန်းရောက် မျက်ကန်း ၀ါဒီ အမြှောက်ကြိုက်တွေပါ။ သူတို့ခမျာ ကနေဒါနဲ့ အမေရိကမှာ လမ်းဘေးက သူတောင်းစားတောင် ပြောတတ်တဲ့ အင်္ဂလိပ်စကားလေးကို ပြောဆိုနိုင်တဲ့ ငါပါလားဆိုပြီး ဂုဏ်တစ်ခုအဖြစ် ယူနေကျသေးတယ်ဗျာ။
အဲဒီလူတွေဟာ နအဖ အနေနဲ့ ပညာရှင်တွေရဲ့ အကြ့ပြုချက်တွေကို နားမထောင်ရကောင်းလားဆိုပြီး ဝေဖန်ကျပါတယ်။ သူတို့ကျတော့ သူတို့ရဲ့ သဘောထားအတိုင်း ပြောဆိုတဲ့ ပညာရှင်တွေကိုပဲ လေးစားပြီး ချီးကျူးပါတယ်။ သူတို့အမြင်နဲ့ ဆန့်ကျင်တဲ့ အပြောအဆိုတွေကို ပြောမယ်၊ ဒါမှမဟုတ် သူတို့ သိပ်ချစ်တဲ့ အမေရိကန်ကို အပြစ်တင်မယ်ဆိုရင် အဲဒီ ပညာရှင်ကို သုံးမရအောင် ပြောဆိုကျပါတယ်။ သူတို့လုပ်ရပ်ကို ထောက်ခံတဲ့ သံတမန်တွေရဲ့ ပြောစကားဆိုရင် သတင်းတွေ၊ ဘလော့တွေမှာ ထပ်ခါ ထပ်ခါ ဖေါ်ပြကျပါတယ်။ သူတို့အမြင်နဲ့ ဆန့်ကျင်တဲ့ ဂျပန်သံအမတ်ကို ကိုမောင်ထိုင်း အောက်တန်းကျကျ ပြောဆိုဝေဖန်ခဲ့တာ လူတိုင်းအသိပါ။ ဒါကြောင့် အစွန်းရောက်တွေဟာ နိုင်ငံရေး အကျိုးအမြတ်အတွက်သာ နအဖကို ဝေဖန်နေတာဖြစ်ပါတယ်။ ဆန့်ကျင်ဖက် အမြင်တွေအပေါ်မှာ တုံ့ပြန်တဲ့နေရာမှာ နအဖထက်ပိုပြီး စိတ်ဓါတ် ညံ့ဖျင်းပါတယ်။
စကားလုံးတွေကိုလဲ အမျိုးမျိုးပြောင်းပြီး သုံးနေကျပါတယ်။ အရေမရ အဖတ်မရ နအဖကို အတင်းပြောတဲ့သူတွေကိုပဲ မြန်မာပြည်သူလို့ သတ်မှတ်ပါတယ်။ သူတို့နဲ့ ဆန့်ကျင်တဲ့သူအားလုံးကို “နအဖလူ” တဲ့ဗျာ။ ဘုန်းကြီးဆိုရင်လဲ စွမ်းအားရှင်ဘုန်းကြီးတဲ့။ မြန်မာပြည်သူဖြစ်ဖို့ ဒေါ်ကော်ပီစုကြည် ကို မျက်စိမှိတ်ထောက်ခံပြီး နအဖကို အတင်းပြောရမလို ဖြစ်နေပြီဗျာ။ အဲလိုမျက်ကန်းဝါဒီတွေ ပေါ်ပေါက်လာရတာ အစွဲအလန်းကြီး တစ်ခုကြောင့်လို့ ထင်ပါတယ်။ အဲဒါကတော့ နအဖ သတင်းစာတွေက မှားပြီး ဒီမိုကရေစီ သတင်းစာတွေက မှန်တယ်ဆိုတဲ့ အစွဲကြီးကြောင့်ပါ။ အဲဒီအစွဲကြောင့် အနောက် မီဒီယာတွေ မျက်ကန်းယုံကြည်လွန်းလို့ ပေါက်ကရတွေ ဖြစ်ကုန်တာဖြစ်ပါတယ်။ ဒီအပတ်တော့ ဒီမိုကရေစီ သတင်းလောကဟာ နအဖရဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းလောက်တောင် အဆင့်မရှိကြောင်း သက်သေအထောက် အထားတွေနဲ့ တင်ပြဖို့ ရှိပါတယ်။


An ambassador is a man of virtue sent to lie abroad for his country; a
news-writer is a man without virtue who lies at home for himself - - -

Henry Wotton



ဘာကြောင့်မယုံလဲဆိုရင် အင်တာဗျူးတောင် လိမ်လို့ပါ

အပေါ်က အမေရိကန် ဒီမိုကရေစီ ဓါတ်ပုံနဲ့ Henry Wotton ပြောတဲ့စကားကို ကြည့်ရင် ဒီမိုကရေစီ သတင်းတွေဟာ မယုံကြည်ထိုက်ဘူး ဆိုတာ သက်သေပြနေပါတယ်။ ကိုကဒေါင်းပြောခဲ့တဲ့ စကားလေးကို ပြန်ကူးပြလိုပါတယ်။ “ပခုက္ကူမှာ ဘုန်းကြီး ၃ ပါး အရိုက်ခံရတဲ့ သတင်းဟာ ဟုတ်မှန်ကြောင်း ပါဝင်ခဲ့သူများကို အင်တာဗျူးခဲ့ မေးမြန်းခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါကိုမှ အင်တာဗျူးကြီးက အင်ထုတာကြီး ဆိုရင်တော့ မျက်စိသာပိတ်ပြီး မယုံကြပါနဲ့တော့ဗျာ။ အားလုံးက လိမ်နေ ညာနေကြတယ်ဆိုရင်လဲ ဘုန်းကြီးသာ ၀တ်လိုက်ပါတော့။” လို့ ပြောခဲ့ပါတယ်။ ပထမတော့ အဲဒီအင်တာဗျူးဟာ မဖြစ်နိုင်ဘူး လိမ်ထားတယ်ဆိုတာ သက်သေပြဖို့ပါပဲ။ ဒါပေမယ့်ဗျာ။ ဘာမှ မဖြစ်လောက်တဲ့ လိမ်ညာချက်လေးတွေနဲ့ အချိန်ဖြံန်းဖို့ စိတ်မ၀င်စားလို့ ပြန်ပြီးမဖြေတော့ပါဘူး။ ကျနော်တို့ ဘလော့က အရမ်းကို ဘ၀င်မြင့်တဲ့ ဘလော့တစ်ခုဖြစ်ပါတယ်။ ဘ၀င်မြင့်တယ်ဆိုတာလဲ အရမ်းကို အဆင့်မြင့်နေလို့ပါ။ ပြည်သူတွေကို သတ်ဖြတ်တဲ့အကြောင်း ရေးရင်တောင် နအဖလို မဆို့မပို့လေးပဲ သတ်တဲ့အကြောင်း ရေးတာ မဟုတ်ဘူးဗျ။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီ သတင်း အင်တာဗျူးအတုကို ထည့်မပြောတော့ပါ။ မဖြေရှင်းတော့ပါ။ ကမ္ဘာပေါ်မှာ ကြီးကြီးကျယ်ကျယ်လိမ်တဲ့ အင်တာဗျူးအကြောင်းပဲ ပြောချင်ပါတယ်။ (ကိုကဒေါင်းကြီး ကိုတွေ့ရင် ဘုန်းကြီးဝတ်လို့၇ပါပြီဆိုတာလည်း အကြောင်းကြားပေးကျပါဦး။ အခုတော့ သူ့ဟာ ဆက်သွယ်ရေးဧရိယာပြင်ပမှာ ရောက်နေပါတယ်)

အနောက်ဖက် မီဒီယာတွေက အင်တာဗျူးအတုလုပ်တာ အဆင့်ပိုမြင့်ပါတယ်။ အရှက်လည်း ပိုနည်းတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ ကုလသမဂ္ဂအတွင်းရေးမှုး Kofi Annan တို့လိုလူမျိုးကို အတုလုပ်တာ ဖြစ်ပါတယ်။ (မြန်မာ့ဒီမိုကရေစီသတင်းစာတွေက မျက်မြင်သက်သေအတု၊ ဆန္ဒ၀င်ပြသူအတု ၊ တယ်လီဖုံးအင်တာဗျူးအတု စတဲ့ မဖြစ်စလောက်အတု လောက်လေးတွေပဲ လုပ်ရဲကျပါတယ်) ဒါတင်မကပဲ အမေရိကန် သမ္မတ္တလောင်း ဖြစ်တဲ့ Obama နဲ့ Hillary Clinton တို့ကိုလည်း အင်တာဗျူးအတု လုပ်ခဲ့ကျပါတယ်။ မပြီးသေးပါဘူးခင်ဗျာ။ Bill Clinton နဲ့ လွတ်တော်အမတ်ထဲမှာ အကြီဆုံး Pelosi တို့လည်း ပါနေတယ်။ မယုံမရှိပါနဲ့။ တကယ်ကို အဆင့်အတန်းနိမ့်တဲ့ ဒီမိုကရေစီ သတင်းစာတွေဗျ။ (ကိုးကားချက်တွေ အောက်ဘက်မှာ ဖတ်ပါခင်ဗျာ) အဲဒီအင်တာဗျူးအတုများဆုံးကို လုပ်တဲ့ သတင်းထောက် တစ်ယောက် ကတော့ ABC News ရဲ့ သတင်းထောက်လည်းဖြစ်ပြီး Time, The National Journal, The Boston Herald, The Los Angeles Times, Associated Press တို့ရဲ့ အားကိုးအလေးထားတဲ့ Alexis Debat ဆိုသူဖြစ်ပါတယ်။ သူကပဲ လိမ်တာတော်လို့လား သတင်းစာတွေက သတင်းအရည်အသွေးကို အလေးမထားလို့လားဆိုတာ မိမိဖာသာ စဉ်းစားကျပါ။ တခါတုံးကလဲ Alexis Debat သတင်းထဲမှာ ပါကစ္စတန်ဟာ အီရန်သူပုန်တွေကို ထောက်ပံ့နေပါတယ်ဆိုတဲ့ သတင်းကို ကိုပါကစ္စတန်အစိုးရ အပြင်းအထန် ငြင်းဆိုခဲ့ပေမယ့် ABC news ကသူတို့ သတင်းထောက်ပြောစကားပဲ လက်ခံမယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ နိုင်ငံအချင်းချင်းလဲ မယုံကြည်မှုတွေ ဖြစ်စေပါတယ်။ ABC news သတင်း အရည်အသွေးကို စိတ်ဝင်စားတယ်ဆိုရင် အဲလိုဖြစ်သင့်ပါသလား? တိုင်းပြည်အချင်းချင်း မသကာင်္မှုတွေ ဖြစ်စေတဲ့ သတင်းကို တလေးတစား မစဉ်းစားသင့်ဘူးလား? နောက်ပြီး Alexis Debat ဆိုတဲ့ကောင် Kofi Annan အင်တာဗျူးအတုလုပ်တာ 2005 ခုနှစ်ကစပြီး အနံ့ထွက်ခဲ့တာပါ။ ဒီသတင်းဟာ 2007 မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ကာကွယ်တာ ရိုးသားရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။ နောက်ပြီး Alexis Debat လိမ်ညာမှုကိုလည်း အဓိကဖေါ်ထုတ်တဲ့ Rue89 ရဲ့ သတင်းဆောင်းပါးမှာ ရေးထားတဲ့ Comment လေးဟာတွေဟာ အရမ်းကိုလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒီထဲမှာ Alexis Debat လိမ်ညာမှုတွေကို မပေါ်လွင်အောင် အထက်ကနေ အကာ အကာအကွယ်ပြုခဲ့ ပေးကြောင်းကို ကျကျနန ရှင်းပြထားပါတယ်။ နောက်က comment က ဘာပြောလဲဆိုတာ အင်္ဂလိပ်လိုပဲ တိုက်ရိုက်ဖတ်ကြည့်ပါ။ “News organizations are no longer interested in the truth, but simply want to be told what they want to hear. Let's start looking at all the other 'experts' who contribute to these magazines ...” တကယ်တော့ အနောက်မီဒီယာတွေဟာ သူတို့ရဲ့ သတင်းကို ပါးစပ်နဲ့ ပဲပြောပြီး တာဝန်ယူ အာမခံနေကျတာဖြစ်ပါတယ်။

နောက်အင်တာဗျူးအတု ကိစ္စကို တင်ပြရမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ Croatia နိုင်ငံက အထင်ကရ သတင်းစာကြီးတစ်ခုဟာလည်း သူတို့နိုင်ငံ ၀န်ကြီးချုပ်နဲ့ အင်တာဗျူး အတုလုပ်ခဲ့ပါတယ်။ အဲဒါကိုဝန်ကြီးချုပ်က သိသွားလို့ သတင်းစာကြီးဟာ တောင်းပန်ခဲ့ရပါတယ်။ (သတင်း) သဘောကောင်းတဲ့ နိုင်ငံရေးသမားနဲ့တွေ့တော့ ပြဿနာမဖြစ်ပါဘူး။ (ဥပမာ အခု Croatia ၀န်ကြီးချုပ်နဲ့ ဦးသန်းရွှေလိုပေါ့ :P ။ စတာနော် ဦးသန်းရွှေလဲ အောက်တန်းစား နိုင်ငံရေးသမားပါ) Bill Gates လို စီးပွားရေးသမားကို အင်တာဗျူးအတုလုပ်တဲ့ နော်ဝေး သတင်းစာကြီး အဖြစ်ကတော့ မလွယ်ဘူးဗျို့။ တရားစွဲခံခဲ့ ရတယ်ဆိုပဲ။ စဉ်းစားကြည့်ရင် ဒီမိုကရေစီ သတင်းဌာနတွေဟာ အဆင့်အတန်း တစက်မှ မရှိပဲ ပေါက်လိုပဲစား အလုပ်တွေ လုပ်နေ ကျတာဖြစ်ပါတယ်။ ဗြောင်လိမ်၊ ဗြောင်စားတွေနဲ့ သိက္ခာ မရှိကျပါဘူး။ များများ လိမ်လေ ဒီမိုကရေစီ စစ်လေလို့ ပြောရမလားပဲ။ သတင်းတွေ အတင်းကို ရှေ့ဆက်ပါမယ်။ ဒါပေမယ့် ဗီဒီယိုလေးကြည့်ပြီး အပန်းဖြေစေချင်ပါတယ်။ Bush အရူးတစ်ယောက်လို အရက်မှုးပြီး ပြောချင်တာပြော၊ ဘေးကလူတွေက သူကို ဟားတိုက် ရယ်မောရင်း လောကရဲ့ ရယ်စရာကောင်းတဲ့ အမှန်တရား လေးကို ကြည့်လိုက်ပါဦး။ ရှေးလူကြီးတွေ ပြောသလိုပေါ့။ ရှင်ဘုရင်ဆိုတာ လူမိုက်တဲ့။ ( ဗီဒီယို ) ။ စကားပြောရင်း ငကြောင်ဖြစ်သွားတာ ကြည့်ချင်လား? (ဗီဒီယို ) ။ ဒါလေးကတော့ ဒေါ်ကော်ပီစုကြည် နဲ့ Bush အဆက်အသွယ်ရှိတာကို ဂုဏ်ယူနေတဲ့ ကိုဂျူးအတွက် သီးသန့် ဗီဒီယိုလေးပါခင်ဗျာ။ Bush မိန့်ခွန်းမပြောခင် ဘယ်လိုပြင်ဆင်နေလဲကြည့်လိုက်ပါဦး ( ဗီဒီယို )။ Bill Clinton ရဲ့ ပြင်ဆင်နေတဲ့ပုံက Bush ထက်ပိုပြီးတည်ကြည်ပါတယ်။ လေးစားထိုက်တဲ့ တည်ကြည်မှုလား ဆိုတာကြည့်လိုက်ပါဦး ( ဗီဒီယို )


"You know, one of the hardest parts of my job is to connect Iraq to the
war on terror." - - George W. Bush




ဒီမိုကရေစီသတင်းဌာနတွေရဲ့ အဆင့်အတန်း

လက်တွေ့မကျတဲ့ အမြင်ရှိသူတွေ ဘာပြောလဲဆိုရင် ပြည်သူတွေက မှန်မှန်ကန်ကန် သတင်းထုတ်ပြန်မှ သတင်းဌာနတွေကို အားပေးမယ်ဆိုပဲဗျ။ အဲဒါလက်တွေ့လုံးဝ မကျပါ။ ဒီမိုကရေစီနိုင်ငံက ပြည်သူတွေဟာ အရင်းရှင် စံနစ်ကြီးအောက်မှာ အချိန်နဲ့အမျှ ရုံးကန်နေရပါတယ်။ ပင်ပန်းမောဟိုက်နေကျပါပြီ။ မိမိအလုပ်ကိစ္စ၊ မိမိအရေးပဲ ခေါင်းထဲမှာ ထည့်နိုင်ပါတယ်။ အများစုက သတင်းမှန်လားမှားလားကို ဂရုကို မစိုက်ပါ။ ဘာသတင်းပဲရေးရေး စိတ်ပါရင် ဖတ်တယ်။ စိတ်မပါရင် မဖတ်ဖူး။ ဒါပါပဲ

သတင်းသမားတွေနေရာက ကြည့်ရင်လဲ ကုမဏီပိုင်ရှင်တွေနဲ့ အုပ်ချုပ်သူတွေ အလိုကျ သတင်းကို ရေးပေးရပါတယ်။ ဒါမှအလုပ်တည်မြဲမှာ ဖြစ်ပါတယ်။ အလုပ်တည်မြဲမှ ဘဏ်အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်လေးကို မိမိလက်ထဲမှာ ရှိနေအောင် ထိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ အိမ်ပိုင်မရှိပဲ ပင်စင်ယူရင် သားသမီးတွေကို အားကိုးလို့မရတဲ့သူတွေမို့ ခွေးသေ ၀က်သေ သေရမှာပါ။ ဒါကြောင့် သတင်းသမားဂုဏ်ရှိဖို့ထက် ငွေရှိဖို့က အရေးကြီးပါတယ်။

သတင်းဌာနတွေ နေရာက ကြည့်ရင် ပြည်သူတွေကို သစ္စာစောင့်ဖို့မလိုပါ။ အဲဒီသစ္စာစောင့်သိမှုကို သတိထားမိတဲ့ ပြည်သူက မဖြစ်စလောက်လေးမို့ သူတို့ စီးပွားရေးအတွက် ဘာမှ အကျိုးမထူးပါ။ (ပါးစပ်လေးနဲ့ ပြည်သူတွေကို လေးစားပါတယ်လို့ ပြောရင် လုံလောက်ပါတယ်) အစိုးရတွေနဲ့ ညှိပြီးလုပ်စားရင် ပိုက်ဆံတွေနည်းမျိုးစုံနဲ့ ရနိုင်ပါတယ်။ အခွင့်အရေးတွေလည်း ရနိုင်ပါတယ်။ ဒါကြောင့် အစိုးရ နဲ့ စီးပွားလုပ်ငန်းတွေအလိုကျ သတင်းအတုတွေ ရေးသားဖို့က သူတို့ အတွက်အကျိုးရှိပါတယ်။ အမှောင်ချသင့်တာတွေကိုလည်း အမှောင်ချရပါတယ်။ ချဲ့ကားသင့်တာတွေကို ချဲ့ကားရပါတယ်။ ဒါကြောင့် ဒီမိုကရေစီ သတင်းဌာနတွေဟာ ဖြစ်ပျက်နေတာကို တင်ပြတာ မဟုတ်ပဲ။ အစိုးရတွေ ဖြစ်ချင်တာကို သတင်းအဖြစ် ဖန်တီးပြီး ရေးသားနေကျပါတယ်။ ဝေးဝေးမစဉ်းစားပါနဲ့။ DVB, RFA တို့လို သတင်းဌာနတွေဟာ ဒီမိုကရေစီဝါဒကို အကောင်းမြင်အောင် ပြောဖို့ ပိုက်ဆံယူထားတာ မဟုတ်လား? ဒီတော့ အဲဒီသတင်းဌာနတွေဟာ ပိုက်ဆံပေးတဲ့ အနောက်နိုင်ငံ အစိုးရတွေကို သစ္စာရှိမလား? မြန်မာပြည်သူတွေကို သစ္စာရှိမလား? စဉ်းစားကျပါခင်ဗျာ။

အပေါ်က ပြောနေတာတွေဟာ ကြောင်းကျိုးဆက်စပ်ချက်များသာ ဖြစ်ပါတယ်။ သက်သေမပါသေးတော့ လက်ခံဖို့ခက်နေမှာပါ။ ဘာကြောင့်လဲဆိုရင် မွေးကတည်းက ဒီမိုကရေစီသတင်းဌာနတွေကို လေးစားဖို့နဲ့ ယုံကြည်ဖို့ ဆိုက်ဝါး အလုပ်ခံထားခဲ့ရတယ် မဟုတ်လား? ဒီတော့ သက်သေပြပါမယ်ခင်ဗျာ။ သတင်းလိမ်တဲ့အချက်အလက်တွေကို လေ့လာနေတဲ့ Spinwatch ကနေ BBC ဟာ လုပ်ကြံသတင်းအတုတွေ ရေးသားနေကြောင်း စုံစမ်းဖေါ်ထုတ်ခဲ့ပါတယ်။ BBC သတင်းထောက်တွေဟာ ဗြိတိန် စစ်တပ် (British Forces Broadcasting Service) မှာ လုပ်ကိုင်နေတဲ့ စစ်မှုထမ်းတွေသာ ဖြစ်တယ်လို့ဆိုထားပါတယ်။ သူတို့ဟာ သတင်းတွေကို လိုအပ်သလိုဖန်တီးပြီး BBC အတွက် လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျာ။ ဒါပေမယ့် BBC က စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုမပါပဲ လွတ်လပ်စွာ လုပ်ကိုင်နေတယ်ဆိုပြီး ဗြောင်လိမ်ခဲ့ပါတယ်။

ဒီမိုကရေစီသတင်းဌာနတွေဟာ သူတို့ လက်အောက်ခံဖြစ်နေတာ အစိုးရတစ်ခုတည်း မဟုတ်ပါဘူး။ အရင်းရှင်ကြီးများရဲ့ အလိုကျ သတင်းအတုတွေကို ရေးသားပေးနေကျပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ သူတို့ ၀င်ငွေဟာ ပြည်သူလူထုနဲ့ လုပ်ငန်းကြော်ငြာ တွေကရတာဖြစ်ပါတယ်။ (ပြည်သူလူထုဆိုတာ လိမ်လို့လွယ်တော့ ဂရုစိုက်စရာ မလိုပါဘူး) တကယ်လို့သာ အရင်းရှင်ကြီးတွေကို အလိုမကျအောင် ဝေဖန်မိတယ်၊ သတင်းထုတ်လွှင့်မိတယ်ဆိုရင် ကြော်ငြာခရတော့မလဲဗျာ။ ဒီတော့ တစ်ချက်ကို ၃ ချက်ပြတ်ဆိုသလို ၀င်ငွေလည်းရ၊ အရင်းရှင်ကြီးတွေလဲအလိုကျ၊ ပြည်သူတွေကလဲ ဗဟုသုတဖြစ် (လိမ်ပေးတဲ့ ဗဟုသုတပါ) သတင်းဆောင်းပါး အတုတွေကို အသုံးပြုပြီး တဖက်လှည့် ကြော်ငြာတွေ ထည့်သွင်းလာကျပါတယ်။ သမရိုးကျကြော်ငြာက ဒီဆေးကိုသုံးပါလို့ ပြောချင်းထက် သတင်းဆောင်းပါးထဲကနေ ဒီဆေးဟာ လူတွေအတွက် သင့်တော်တယ်လို့ ပြောရင် ၀ယ်လိုအား တက်လာမှာ ဖြစ်ပါတယ်။ အဲလိုမျိုး အမေရိကန်မှာ သတင်းလိမ်တွေ ရုပ်သံလွှင့်တဲ့ 77 ခုရှိတယ်ဆိုပဲ ။ အဲဒါတွေအားလုံးဟာ သတင်းဌာနကြီးတွေ နဲ့ ပတ်သက်နေတာချည်းဖြစ်ပါတယ်။ Center for Media and Democracy ကနေစုံစမ်းဖေါ်ထုတ်ခဲ့ပါတယ်။ အဲလောက်ဆိုးတဲ့ ဒီမိုကရေစီ သတင်းဌာနများဖြစ်ပါတယ်။ လေးစားစရာ တစက်မှ မရှိပါဘူးခင်ဗျာ။

"F*ck Saddam. We're taking him out." - - George W. Bush


လိမ်ညာတဲ့ အမေရိကန်အစိုးရ

လိမ်ပုံလိမ်နည်း အမျိုးမျိုးရှိပါတယ်။ သမိုင်းအထောက်အထားအတုတွေ၊ သတင်းအတုတွေဖန်တီးပြီး လိမ်တဲ့နည်းတွေကတော့ ထိရောက်ဆုံး လိမ်နည်းနှစ်ခုဖြစ်ပါတယ်။ သမိုင်းမှာ ဒီလိုဖြစ်ခဲ့လို့ ဗမာတွေကို မုံန်းသင့်ပါတယ်။ သတင်းထဲမှာ စစ်တပ် မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့ အတွက် စစ်တပ်တစ်ခုလုံး မုဒိန်းကောင်တွေ ဖြစ်တယ် ဆိုတာမျိုးပေါ့။ (မြန်မာစစ်တပ်ဟာ DVB, RFA, BBC တို့ပြောသလို တိုင်းရင်းသားတွေကို မရက်စက်ပါဘူး။ (ကိုမောင်ဆန်) တီးရှော့မှာ သက်သေပြဖူးပါတယ်) ။ ဒါတွေကို ကြည့်ရင် သမိုင်းတွေနဲ့ (သမိုင်းအတု ကိုသာ ရည်ရွယ်ပါတယ်) သတင်းတွေဆိုတာ ၀ါဒဖြန့်ချိရေး လက်နက်တွေသာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အဲဒီအမြင်အမေရိကန် အစိုးရမှာလဲ ရှိတယ်ဗျ။ ဒါကြောင့် သတင်းလိမ် အများဆုံး ထုတ်တဲ့ အစိုးရလည်းဖြစ်ပါတယ်။

ပထမဆုံး Jessica Lynch လို့ခေါ်တဲ့ 19 နှစ်အရွယ် စစ်သားမလေး ကိုကယ်ဆယ်တဲ့သတင်းကို လူတိုင်းကြားမိမယ်ထင်ပါတယ်။ အဲဒီသတင်းဟာ အမေရိကန် စစ်တပ်နဲ့ သတင်းဌာနကြီးတွေ လက်ဝါးရိုက်ပြီး လိမ်ညာခဲ့တာ ဖြစ်နေပါတယ်။ Jessica Lynch ဟာ သူ့အနေဲ့ နောက်ဆုံးကျည်ဆံကျန်တဲ့အထိ ရွတ်ရွတ်ချွံချွံခုခံသွားတယ်လို့ တင်ပြထားပေမယ့် ၊ တကယ်တော့ သူမ ကျည်တထောင့်တောင် ပြစ်ခဲ့သူမဟုတ်ပါ။ တိုက်ပွဲကြောင့် ကောင်မလေးဟာ တကိုယ်လုံး ကျည်ဆံတွေထိခဲ့တယ်ဆိုပေမယ့် ဆရာဝန်တွေ ပြောကြားချက်မှာတော့ ကျည်ဆံတစ်ခုတောင် မထိခဲ့ဘူးတဲ့။ သူမဟာ ကားတိုက်တဲ့ ဒဏ်ရာကြောင့် ခါးနဲ့ ခေါင်းကို ဒဏ်ရာရသွားတာပဲ ရှိတယ်လို့ဆိုပါတယ်။ သတင်းတွေထဲမှာတော့ အမေရိကန် စစ်သားတွေဟာ သူတို့ စစ်သားမလေးကို ရန်သူလက်ထဲကနေ အသေအလဲကယ်ခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် တကယ်လက်တွေ့မှာ လူရမ်းကား အမေရိကန် စစ်သားတွေဟာ ဆေးရုံကို မလိုအပ်ပဲ ပြစ်ခတ် ၀င်ခဲ့တာဖြစ်ပြီး ဆေးရုံကုတင်ပေါ်ကနေ Jessica Lynch ကို အသာလေး မယူသွားတာဖြစ်ပါတယ်။ ဒါတင်အားမရသေးပါဘူး။ ၀ါဒဖြန့်ချီရေး ဂုဏ်ပြုရုပ်ရှင်လေးလဲ ရိုက်လိုက်ပါသေးတယ်ခင်ဗျာ။ ကားနာမည်က Saving Jessica Lynch တဲ့ဗျာ။ အဲလိုလုပ်တာ အမေရိကန်ဟာ သူတို့စစ်သားတွေ အချင်းချင်း ရှိုင်းပင်းစေချင်လို့ ဇတ်ကား ရိုက်တယ်မထင်ပါနဲ့။ သူတို့ရဲ့ မတရားကျူးကျော်စစ်ကို သူ့ပြည်သူတွေ ထောက်ခံလာအောင် ၀ါဒဖြန့်ခြင်းဖြစ်ပါတယ်။

ဒီမိုကရေစီ အမေရိကန် အစိုးရဟာ လိမ်တာ ဒီလောက်နဲ့ အားမရသေးဘူးဗျ။ တခြားနေရာတွေမှာလဲ လိမ်လိုက်ပါတယ်သေးတယ်။ FEMA လို့ခေါ်တဲ့ အမေရိကန် ကယ်ဆယ်ရေးဝန်ကြီးဌာနဟာ သတင်းစာရှင်းလင်းပွဲအတုကို သူ့ FEMA ၀န်ထမ်းကပဲ သတင်းထောက် အဖြစ်သရုပ်ဆောင်ပြီး မေးခွန်းတွေ လုပ်သွားခဲ့ပါတယ်။ ဖြေတဲ့ အရာရှိကလည်း ဖြေတယ်ဗျာ။ အဲဒီသတင်းထောက် အတုဟာ ရာထူးတိုးပေးခံခဲ့ရပါတယ်။ နှစ်ယောက်စလုံး ကတယ်ကို သရုပ်ဆောင်ကောင်းပါတယ်။ ကြည့်လိုက်ပါဦးခင်ဗျာ ။ ဟဲဟဲ ဒါတင်မဟုတ်သေးဘူး။ ပြောစရာတွေလဲ အများကြီးပဲဗျ။ စာရေးဖို့က အချိန်မရှိဘူး။ အမေရိကန်အစိုးရဟာ သူတို့ ကျန်းမာရေးမူဝါဒတွေကို လူတွေ ထောက်ခံလာအောင် သရုပ်ဆောင်တဲ့ လူတွေကို အသုံးပြုပြီး TV Interview အတုတွေလုပ်ခဲ့တယ်ဆိုပဲ။ သတင်းထောက်ကလဲ အတုတဲ့ဗျ။ အဟုတ်ကြီးမှတ်လို့ အထင်ကြီးပြီးကြည့်နေတဲ့သူတွေကတော့ တကယ်ကို အရူးလုပ်ခံရပြီ။ အသေးစိပ်တော့ မရေးတော့ပါခင်ဗျာ။ မိမိဖာသာ ကိုးကားချက်တွေကို ဖတ်ကြည့်ကျပါ။


"I know the human being and fish can coexist peacefully. " - - George W. Bush

ရှက်တတ်ရင် ဆင်ခြင်ပါ

ကျနော်တို့ကို ၀ါဒရိုက်သွင်းဖို့ သတင်းဌာနတွေ တည်ရှိနေတယ်ဆိုတာ သတိထားမိလောက်ပြီထင်ပါတယ်။ လူ့ဦးနောက်ဆိုတာ ရေနဲ့အတူတူပဲဗျ၊ ရေဆိုတာ မြောင်းပေးထားရင် အဲဒီအတိုင်းပဲ စီးဆင်းသွားကျပါတယ်။ ဦးနောက်ဆိုတာကလဲ အတွေးလမ်းကြောင်းလေးပေးလိုက်ရင် အဲဒီအတိုင်း ဆက်တွေးကျတဲ့ သဘောရှိပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်း ကိုဥပမာပေးချင်ပါတယ်။ သတင်းတွေထဲမှာ ကမ္ဘာကြီးပူနွေးလာတာ မီးခိုးတွေကြောင့်ဆိုတာ သိပ္မံပညာရှင်တွေ အားလုံးက သဘောတူသယောင် ရေထားပါတယ်။
ကမ္ဘာကြီးပူနွေးတာဟာ မီခိုးကြောင့်မဟုတ်ပဲ နေရောင်ခြည် ပြင်းထန်လာတာက အဓိကဖြစ်နိုင် တယ်လို့ ထင်မြင်တဲ့ သိပ္မံပညာရှင်တွေ အများကြီးပါ။ သူတို့ဥပမာပေးတာ တွေကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တကယ်လို့ မီးခိုးများလို့ ပိုပူလာမယ်ဆိုရင် 1970 ၀န်းကျင်မှာ Global cooling ဖြစ်စရာ အကြောင်းမရှိဘူးတဲ့။ ဘာဖြစ်လို့လဲဆိုရင် 1970 မတိုင်မီရှေ့ပိုင်းက မီးခိုးအရေအတွက် နည်းခဲ့လို့ဆိုပဲ။ နောက်ပြီး Mars ဂြိုလ်, Pluto ဂြိုလ်, Jupiter ဂြိုလ်တွေမှာ အပူချိန်မြင့်လာတာကိုကြည့်ရင် နေ သည်သာ အဓိကဖြစ်နိုင်တယ်လို့ ပြောဆိုကျပါတယ်။
ကျနော်တို့ကို သတင်းဌာနတွေက တဖက်သတ်အချက်အလက်တွေပဲ ပေးကျပါတယ်။ အခုလို ဆန့်ကျင်တဲ့ အမြင်တွေ ရေးမပြတော့ ကျနော်တို့ အမြင်တွေဟာ တဖက်သတ်ဖြစ်ပြီး လုံးဝ ခိုင်မာစွာ ယုံကြည်နေခြင်းဖြစ်ပါတယ်။ တချို့ကတော့ ဒီမိုကရေစီအစိုးရတွေနဲ့ အရှင်းရှင်ကြီးတွေ ငွေကြေးအမြတ်အစွန်းအတွက် မီးခိုးတွေကြောင့် ကမ္ဘာကြီးပူနွေးလာတယ်လို့ လူတွေကို လိမ်ညာဝါဒဖြန့်နေတယ်လို့ စွပ်စွဲကျပါတယ်။ အဲဒါမှားလား မှန်လားကျနောတို့ စဉ်းစားဖို့ ဥာဏ်မမှီပါ။ ဒါပေမယ့်လောကမှာ ဘယ်အရာမှ အမဲနဲ့ အဖြူလို သဲသဲကွဲကွဲမရှိကျပါဘူး။
တကယ်လို့သာ ကျနော် အခုရေးသားပြသလို သတင်းတွေမှာ ဆန့်ကျင်ဖက်အမြင်ပါ ရေးသားကျရင် ကျနော်တို့ ဆုံးဖြတ်ရခက်သွားမှာ သေခြာပါတယ်။ ခက်သွားရတဲ့အကြောင်းကတော့ တကယ်လက်တွေ့မှာ ဘယ်အရာမှ ရှင်းရှင်းလင်းလင်း မရှိလို့ပါ။ ဒီလိုပါပဲ သတင်းစားတွေ ဖတ်ပြီး ဒီမိုကရေစီစံနစ်ဟာ အရမ်းကောင်းနေတယ်လို့ ရှင်းရှင်းလင်းလင်း ယုံကြည်နေရင် ရိုးသားပါရဲ့လားဆိုတာ စဉ်းစားဖို့ အချိန်တန်ပါပြီ။ တချို့လူတွေက သူတို့ ယုံကြည်ချက်က ခိုင်မာတယ်တဲ့။ သဘောကတော့ သူတို့အမြင်ကရှင်းလင်းနေတယ်ပေါ့။ သတင်းတွေ နားထောင်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်နေပြီ ဆိုရင်တော့ အလိမ်ခံရလို့ဆိုတာ သိလိုက်ပါ။ ဒါကြောင့် မိမိအမြင်သိပ်ရှင်းနေရင် လူတွေ မသိအောင် တိတ်တိတ်လေးနေလိုက်ပါ။ တော်ကြာ ကို “အ” တာကို လူသိအောင် ပြောနေသလို ဖြစ်နေမှာ မို့ပါ။


ကျန်းမာလို့ အမှန်ကိုမကြောက်သူတွေ ဖြစ်ပါစေ
တောသားနှစ်ယောက်




** ကိုးကားချက်များ **

* ဗီဒီယိုများ *
Bill Clinton Hypnotized
Before a Bush Speech, this happens (Bush မိန့်ခွန်းပြောဖို့ ပြင်ဆင်နေတဲ့ ပုံလေးပါ)
George W. Bush (the devil) Drunk
Jessica Lynch Admits Her Rescue Story Was False
Hearing on Tillman, Lynch Incidents: Jessica Lynch's Opening

* အင်တာဗျူးအတုနှင့်သက်ဆိုင်သည့် သတင်းများ *
Hezbollah Denounces Evrensel Interview of Nasrallah as a Fake
How Alexis Debat managed to cheat everyone in Washington
'Expert' who made up interviews is exposed
A fake interview with Barack Obama in a French well-regarded review
Obama Claims Interview in French Magazine Faked
ABC Reopens Investigation, Again Wary of a Reporter
Croatian paper apologizes for printing fake interview with prime minister
Ex-ABC consultant said to fake interview
Bill Gates Interview was a Fake
How Did Alexis Debat Lie So Well?

* သတင်းဌာနများ၏ မသမာမှုများ *
No Fake News
Baby report lands BBC in new fakery row
Poll: Less trust in BBC
BBC used pig organs to fake baby footage
Korean Cloning Scientist Quits Over Report He Faked Research
The Reuters Photo Scandal
Local Television’s Dirty Little Secret
BBC broadcast fake news reports
Did the BBC Broadcast Fake News Reports?
BBC: Lotto button is fake
Newest Faux News Scandal : Another Journalist Fakes Interviews
Chinese editor resigns over fake Tibet photos
Corporate media
How Corporate-Funded Propaganda Is Airing On Local Newscasts As “News”
All the News That's Fit to Fake
Know Fake News: Summary
Pakistan Denounces ABC News Report on Backing Iran Radicals
The Fight Against Fake News

* အမေရိကန် အစိုးရ၏ သတင်းလိမ်ညာချက်များ *
Bush team scolded for disguised TV report
Media Manipulation

The Big Lie Of Jessica Lynch
Saving Jessica Lynch - propaganda or lies?
Screened Audiences, Fake News Promote Bush Agenda
Bush Defends Packaged News Stories from Government
Bush Shows No Remorse for Fake Newscasts
Bush continues to manipulate opinions
White House Said to Impede Paid-For Journalists Probe
Propaganda of The Police State -Bush Orders an End to Hiring Columni

Education Dept. paid commentator to promote law
Subverting the press with propaganda on the rise
Bush 'planted fake news stories on American TV'

FEMA’S FAKE 'NEWS CONFERENCE'
The Fight Against Fake News

Oh, The Propaganda!
Schwarzenegger Latest To Fake News Stories
Jessica Lynch

** ကမ္ဘာကြီးပူနွေးလားခြင်းနဲ့ ပတ်သက်သည့် သတင်းများ **
Global cooling
Temperature Monitors Report Widescale Global Cooling


(“သခင်မျိုးဟေ့ ဒို့မြန်မာ” ဖြစ်ဖို့ အတွေးအခေါ်တွေ မြှင့်တင်စို့။ ( မြန်မာဆိုတာ မြန်မာပြည်မှာ မွေးတဲ့ ဗမာ၊ ရုမ်း၊ ကရင် တိုင်းသားများသာမက တရုပ်၊ ကုလားတွေကို ရည်ရွယ်ပါတယ်။)

Tuesday, February 19, 2008

OSCAR ဆုရ သတင်းထောက်များ

BBC သတင်းထောက်ဟာ 9/11 မှာ Tower 7 ကြီးကို မျက်နှာမူပြီး အဲဒီတိုက်ကြီးပြိုကျသွားခဲ့ပြီဖြစ်ကြောင်း CIA ခိုင်းတဲ့အတိုင်း ကြေငြာတဲ့ ဇတ်လမ်းဗီဒီယိုကို (သတင်းဗီဒီယို) တင်ပြခဲ့ပါတယ်။ Google ကနေ အဲဒီဗီဒီယိုကို ဖျက်ပြစ်တဲ့အတွက်ကြောင့် မကြာခဏ ပြန်တင်ခဲ့ရပါတယ်။ BBC သတင်းထောက်ထက်ပိုပြီး ရယ်စရာကောင်းတာကတော့ Fox သတင်းကြေငြာသူတွေ ဖြစ်ပါတယ်ခင်ဗျာ။ အပြည့်အစုံသိချင်ရင် ဒီမှာဖတ်ကြည့်ပါခင်ဗျာ။ အသစ်ဖြည့်စွပ်ထားပါတယ်။ သူတို့သတင်းထောက်တွေဟာ သရုပ်ဆောင်တဲ့နေရာမှာ OSCAR အကယ်ဒမီဆု ရထိုက်သူတွေ ဖြစ်ကြောင်း မြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ ၀ါဒအစွန်းရောက်တွေ ဂုဏ်ယူနိုင်ပါတယ်ခင်ဗျာ။


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)