Showing posts with label လူအခွင့်အရေး. Show all posts
Showing posts with label လူအခွင့်အရေး. Show all posts

Wednesday, September 19, 2007

အမျိုးသမီးများနှင့် ဒီမိုကရေစီရဲများ

သတင်းတွေထဲမှာတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ရဲတွေ မတရားတာတွေ လုပ်ရင် ဥပဒေနဲ့ အပြစ်ပေးတယ် ဆိုပဲဗျ။ ထူးဆန်းတာ ရဲတွေကတော့ လူမြင်ကွင်းမှာ လူတွေကို ခွေးလေးတကောင် လောက်တောင် ဂရုမစိုက်ဘူးဗျ။ ရိုက်ချင်တိုင်းရိုက်၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နေတာပဲ။ ရဲတွေ သူတို့ကို ဥပဒေနဲ့ အပြစ်ပေးလို့ရတယ်ဆိုတာ မသိကျဘူး ထင်တယ်နော်။ မြန်မာ့ဒီမိုကရေစီသမားတွေ နီးစပ်ရာရဲတွေကို အသိပေးသင့်တယ် ထင်ပါတယ်။

အဖွားကြီးကိုဒူးနဲ့ဆောင့်တဲ့ရဲ

ပထမဆုံး တင်ပြချင်တာကတော့ အရင် အပတ်တုံးက ပြဖို့မေ့သွားတဲ့ ဗီဒီယိုလေးတခုပါ။ အဲဒီမှာ စိတ်ဖေါက်ပြန် နေဟန်ရှိတဲ့ အဖွားကြီးကို ရဲကိုင်တွယ်ပုံ ဘယ်လောက်ကြမ်းလဲဆိုတာ မြင်နိုင်ပါတယ်။ ဗီဒီယိုကို ဗုဒ္ဓဘာသာတွေ ကြည့်တောင် ကြည့်ရဲမယ် မထင်ပါဘူး။ မကြည့်ရဲရင် ဓါတ်ပုံလေးပဲကြည့်လိုက်ပါဗျာ။ မြန်မာနိုင်ငံမှာ မတွေ့နိုင်တဲ့ မြင်ကွင်းလေးပါ။ ဓါတ်ပုံထဲမှာ ဇတ်လမ်း ရေးထားပါတယ် Click လုပ်ပြီး ကြည့်ပါ။ အသေးစိပ် ကြည့်ချင်ရင် ဗီဒီယိုမှာ ကြည့်ပါခင်ဗျာ။



အမျိုးသမီးများကို ရဲစခန်းထဲမှာ အ၀တ်များချွတ်ခိုင်းခြင်း
ဘေးကဓါတ်ပုံကို ကြည့်ရင် အမျိုးသမီးနှစ်ယောက် ကာမထန်ပြီး နမ်းနေတယ်လို့ အထင်မှားဖွယ်ရှိပါတယ်။ တကယ်တော့ ဒီမိုကရေစီရဲတွေရဲ့ အနိုင်ကျင့်မှု တခုပါ။ အမျိုးသမီးလေး နှစ်ယောက်ကို ရဲစခန်းထဲခေါ်ပြီး အ၀တ်အစားများကို ချွတ်ခိုင်းခြင်း၊ မဖွယ်မရာတွေကို ပြုလုပ်ခိုင်းချင်း စတာတွေ လုပ်ခိုင်းပါတယ်။ ဗီဒီယိုကို ကြည့်လိုက်ပါခင်ဗျာ။ ဒီမိုကရေစီရဲတွေလို နှာဘူးကျချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြည့်မယ်တော့ စိတ်မကူးပါနဲ့။ အဓိက အစိတ်အပိုင်းလေးတွေကို ဆင်ဆာ ဖြတ်ထား ပါတယ်ခင်ဗျာ။



စားပွဲထိုးမ သေးသေးလေးကို ထိုးကြိတ်တဲ့ ဒီမိုကရေစီရဲ

အခုကိစ္စကတော့ အရက်ဆိုင်မှာ ရဲဟာ အရက်မူးပြီး သောင်းကျန်းတဲ့အဖြစ်ပါ။ အဲဒီရဲဟာ အရပ်မြင့်ပြီး လူကောင်ကလဲ အရမ်းကို ကြီးပါတယ်။ အရပ် ခြောက်ပေ ကျော်ရှိပါတယ်။ စားပွဲထိုးအမျိုးသမီးဟာ အရပ် ၅ပေ ၄လက်မပဲရှိပါတယ်။ ဗီဒီယိုထဲမှာ ယောကျားကြီးတန်ပဲ အမျိုးသမီး တယောက်ကို အခုလိုလုပ်တာ တော်တော်ကို အကြည့်ရ ဆိုးပါတယ်။ တဖက်ကဖြင့်ဘာမှ မလုပ်နိုင်ပဲ လုပ်သမျှ ခံနေရရှာ တယ်။ သြော် ဒီမိုကရေစီနိုင်ငံမှာ အမျိုးသမီးဖြစ်ရတဲ့ ဘ၀လည်း မသက်သာ ပါလားလို့ တွေးမိ ပါတယ်။


ဒေါ်လာ၂၀ မပေးလို့ ရဲမှ ငရုပ်ကောင်းရည်နဲ့ အကြမ်းဖက်ခြင်း ဒီမိုကရေစီ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၂၀ဆိုတာ တန်ဖိုးရှိတာ မဟုတ်ပါဘူးခင်ဗျာ။ ဒါပေမယ့် လစာကောင်းကောင်းရတဲ့ ရဲတစ်ယောက် ဒေါ်လာ၂၀ အတွက် အကြမ်းဖက်တဲ့ လုပ်ရပ်လေးဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ Wendy’s စားသောက်ဆိုင်မှာ ရဲတစ်ယောက် လက်ဖက်ရည် လာဝယ်ပါတယ်။ ဒေါ်လာ ၁၀ တန် ထုတ်ပေး လိုက်ပါတယ်။ အရောင်းစာရေးမလေး ကလဲ သင့်တဲ့ငွေကို ပြန်အမ်းပါတယ်။ အမ်းငွေယူ ထွက်သွားပြီး အတော်ကြာတော့ အဲဒီရဲ ဆိုင်ထဲကို ၀င်လာပြီး သူပေးခဲ့တာ ဒေါ်လာ၂၀တန် ဖြစ်ပြီး ပြန်အမ်းတာ နည်းနေတယ် ဆိုပြီး ပြောပါတယ်။ ကောင်မလေးကလဲ သူ့ကိုပေးတာ ၁၀ ဒေါ်လာတန်ဆိုတာ ပြန်ရှင်းပြ ပါတယ်။ ပြောမရတော့ မန်နေဂျာကို တိုင်ပါတယ်။ မန်နေဂျာကလဲ အရောင်းစာရေးရဲ့ registerကို စစ်ဆေးပြီး ဒေါ်လာ ၂၀ တန် တစ်ရွက်မှ မရှိတဲ့အတွက် ရဲပြောတာ မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
ဒီမိုကရေစီရဲက အရောင်းစာရေးမလေးကို ဥပဒေအရ အရေးယူမယ် ရဲစခန်းလိုက်ခဲ့ဆိုပြီး အဏာပြပြီး ခေါ်ပါတယ်။ စာရေးမလေးခမျာ ဒီမိုကရေစီ တကယ်ရှိတယ်ထင်ပြီး မလိုက်နိုင်ဘူးငြင်းရှာတယ်။ ဒီတော့ရဲက ငရုပ်ကောင်းရည်နဲ့ မျာက်နှာကို ပက်လိုက်ပါတယ်။ ဒါကြောင့် ကောင်မလေးခမျာ အသက်မရှုနိုင်ဖြစ်ပြီး အရေးပေါ်ဆေးရုံကို ပို့လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သေနတ်ထုတ်ပြီး မပြစ်တာကိုပဲ ကျေးဇူးတင်ရမှာပါ



ဘောလုံးပွဲမှာ အဓိကရုံဏ်းရဲအုပ်စုနဲ့ အမျိုးသမီး

ဘောလုံးဝါသနာပါတဲ့ အမျိုးသမီးလဲ မသက်သာလှပါဘူးခင်ဗျ။ ဘောလုံးပွဲမှာ ပရိတ်သတ် အချင်းချင်းရန်ဖြစ်တာ ကြောက်စရာ သိပ်မရှိလှပါဘူး။ ဒီမိုကရေစီရဲ ၀င်ရောက်ဖြေရှင်းတယ်ဆိုရင် နာဖို့သာ ပြင်ပေတော့။ အခုဒီမှာဆိုလဲ ဘာမှ မလုပ်ပဲ အေးအေးဆေးဆေး နေတဲ့ အမျိုးသမီးကို ရဲတွေအဖွဲ့လိုက် ထိုးကြိတ်ကျပါတယ်။ သြော် မိန်းမတစ်ယောက်ကို တယောက်ခြင်း လုပ်ရင် ဟိုက ပြန်ချမှာ ကြောက်လို့နေမှာပါ။ ကဲဗျာ။ ဗီဒီယိုလေးကြည့်ပါဦး


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, September 7, 2007

အီတလီမှာ ဆန္ဒပြသူ ၅၇၀ကျော် ဆေးရုံတင်ရတဲ့အထိ လူမဆန်စွာရိုက်နှက်ခံရခြင်းနဲ့ ယုတ်မာတဲ့ ရဲများအကြောင်း


ပထမဦးဆုံး BBCကို အရမ်းချဉ်မိတဲ့ ခံစားချက်လေး ဖြစ်ပေါ်တဲ့ အကြောင်းပြောရင်း အစပျိုးချင်ပါတယ်။ BBC ရဲ့ Ghosts of G8 haunt Genoa သတင်းမှာ အီတလီရဲတွေ လူမဆန်တဲ့လုပ်ရပ်နဲ့ တရားစွဲခံရတဲ့ အကြောင်းရေးသား ထားပါတယ်။ အဲဒီသတင်း အစမှာ 9/11 al-Qaeda အဖွဲ့မပေါ်မီ လူထုရဲ့ အမုန်းဆုံးဟာ Globalization ကို ဆန့်ကျင်တဲ့ အကြမ်းဖက် ဆန္ဒပြအဖွဲ့တွေဖြစ်တယ်လို့ ရေးသားထားပါတယ်။ ပထမပိုင်း စာပိုဒ်တွေဟာ WTO နဲ့ G8 ကိုဆန့်ကျင်တဲ့ အဖွဲ့တွေကို သိက္ခာချတာ ပေါ်လွင်နေပါတယ်။ အဲဒီအဖွဲ့တွေမှာ အကြမ်းဖက်တဲ့ အစဉ်အလာ ရှိတယ်လို့ ထင်မြင်အောင် တင်ပြ ထားတာလည်း အရမ်းကို သိသာနေပါတယ်။ သတင်းဖတ်သူတွေ အနေနဲ့ ဆန္ဒပြတဲ့သူတွေကို လူမဆန်စွာပြုမူခဲ့တဲ့ ရဲတွေအပေါ်မှာ ထောက်ခံချင် စိတ်တွေ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ BBC အဲလို ဆိုက်ဝါး မလုပ်သင့်ပါဘူး။ ဖြစ်ပျက်ပုံလေးကို တချက်လောက် လေ့လာ ကြည့်ကျ ရအောင်။

2001 ခုနှစ် အီတလီ နိုင်ငံ Genoa မြို့မှာ G8 အစည်းအဝေးကြီးလုပ်ခဲ့ပါတယ်။ လမ်းတွေပေါ်မှာ G8 ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးများလည်း ဖြစ်ခဲ့ပါတယ်။ လူနည်းစုကတော့ မီးလောင်ဗုံးတွေနဲ့ ရဲတွေကို တိုက်ခိုက်တာတွေ ရှိပါတယ်။ ရဲကားတချို့ မီးလောင်သွားခဲ့ပါတယ်။ အဲဒီမီးလောင်ဗုံး ပြစ်တဲ့သူတွေဟာ အီတလီစွမ်းအားရှင်တွေ ဖြစ်မယ်ဆိုတာ တထစ်ချပြောနိုင်ပါတယ်။ ရဲတွေကို ဓါးနဲ့ဝင်ထိုးတဲ့သူဟာ အမှန်တကယ် ဆန္ဒပြသူမဟုတ်ပဲ အရပ်ဝတ်ရဲ (အီတလီစွမ်းအားရှင်)ဆိုတာ ရဲတွေကိုယ်တိုင်လည်း ၀န်ခံထားပါတယ်။ လမ်းတွေပေါ်မှာ ဒီမိုကရေစီရဲတွေရဲ့ မင်းမဲ့စရိုက် အပြုအမူတွေဟာ မြင်လို့ မကောင်းအောင်ပါပဲ။

G8 ဆွေးနွေးပွဲနောက်ဆုံးရက် မတိုင်မီ ညပိုင်းမှာတော့ ဆန္ဒပြသူများ စခန်းလုပ်ထားတဲ့ ကျောင်းကို ရဲများဝင်စီးခဲ့ပါတယ်။ အထဲမှာရှိနေတဲ့ မိန်းခလေး၊ ယောကျားလေး တွေကို တိရိစ္ဆာန်များသဖွယ် ရိုက်နှက်ကျပါတယ်။ ကျောင်းထဲကနေ သွေးသံရွဲရွဲနဲ့ လမ်းလျှောက်ထွက်နိုင်တယ် ဆိုရင် အဲဒီလူဟာ ကံအရမ်းကောင်းတယ်လို့ ဆိုရမှာပါ။ အများစုကတော့ လူနာတင်ကားတွေဆီ မပြီးသယ်သွားရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဒီမိုကရေစီရဲတွေရဲ့ စိတ်ဓါတ်ကို အမှန်အတိုင်း မြင်တွေ့နေရတာပါ။

ဒီမိုကရေစီနိုင်ငံများ အစဉ်အလာအရ သတင်းထောက်များခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မီးလောင်ဗုံးတွေနဲ့ ဒုတ်တွေ၊ ဓါးတွေကို စားပွဲပေါ်မှာ ခင်းကျင်းပြသပြီး ဒီလက်နက်တွေဟာ သက်သေတွေပါတဲ့။ ဒါကြောင့် အကြမ်းဖက်လာမယ်ဆိုတာ သတင်းရတဲ့အတွက် အခုလိုဝင်စီးရခြင်း ဖြစ်တယ်ဆိုပြီး ရှင်းပါတယ်။ ဒီမိုကရေစီဆိုတာ လိမ်ရင် ပေါ်တင်လိမ်တယ်ဆိုတဲ့ သဘောတရား သိထားတဲ့ လူတွေကတော့ ခံပြင်းရုံကလွဲလို့ ဘာတတ်နိုင်မှာလဲဗျာ။

ဒီလိုနဲ့ ရဲတွေ မငြင်းနိုင်လောက်အောင် သက်သေတွေထွက်လာတဲ့ အချိန်မှာတော့ သူတို့ဝန်ခံခဲ့ပါတယ်။ သက်သေခံပြစ္စည်းတွေ အားလုံးဟာ အတုလုပ်ထားတာဖြစ်ပြီး ဆန္ဒပြသူတွေရဲ့ ပစ္စည်းအစစ်အမှန် မဟုတ်ဘူးတဲ့။ ဓါတ်ပုံမှာမြင်တွေ့နေရတဲ့ ဒုတ်တွေ၊ တူတွေဟာ ကျောင်းဘေးမှာရှိနေတဲ့ ဆောက်လက်စ အဆောက်အဦးထဲကနေ သယ်ယူပြီး စားပွဲပေါ်မှာ ပြသထားခဲ့ချင်းဖြစ်တယ်တဲ့။ အဲလောက်အထိ ဆိုးရွားတဲ့လုပ်ရပ် သူတို့လုပ်ခဲ့ကျတာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ရဲအရာရှိ 74 ရောက်တရားစွဲခံထားရပါတယ်။ တရားကတော့ 2008 မှာမှ အပြီးသတ်မှာဖြစ်ပါတယ်။

တရားရုံးအနေနဲ့ ရဲအရာရှိတွေကို ပြစ်ဒဏ်ချမှတ်တဲ့ အထိသာ အမြင့်ဆုံး လုပ်နိုင်ပါတယ်။ တရားခံအစစ် အမှန်ကို ရှာဖွေအပြစ်ပေးဖို့ဆိုတာ အိပ်မက်တခုပါ။ တရားခံအစစ်ဟာ ရဲအရာရှိ 74ယောက်လို့ ထင်ရင် . . . မေးခွန်းနှစ်ခုလောက် မေးကြည့်ပါမယ်။ ဥပဒေအကြောင်းသိတဲ့ ရဲအရာရှိ 74ယောက် စိတ်တူ ကိုယ်တူ၊ စည်းဝါးညီညီ ရာဇ၀တ်မှုကျူးလွန်တာ ဖြစ်နိုင်လား? ကိုယ်တိုင် ဒုတ်နဲ့ရိုက်တဲ့ ရဲသား 200 ကျော်ကရော ရာဇ၀တ်မှု ကျူးလွန်ခိုင်းတဲ့ အမိန့်ကို နာခံတာ ရိုးသားပါသလား။ အချိန်ရရင် စဉ်းစားကြပါအုံးခင်ဗျာ။ အခုတော့ ဗီဒီယိုလေးကြည့်လိုက်ပြီး အမှန်တရားတွေ ရှာလိုက်ပါဦး။
အမှန်ကိုသိချင်းသည် မင်္ဂလာတပါးဖြစ်၏


နေ့ခင်းဆန္ဒပြပွဲမှာရဲများကိုင်တွယ်တဲ့ဗီဒီယိုနှစ်ခုပါ



ကျောင်းကို ညဖက်ဝင်စီးပုံ (၀ါ) သားသတ်နေပုံ

ကိုးကားချက်။
Raid on Diaz school
http://www.nadir.org/nadir/initiativ/agp/free/genova/pics4a.htm

Ghosts of G8 haunt Genoa
http://news.bbc.co.uk/2/hi/europe/4217629.stm

Police in Brutal Raid on G8 Protesters' Press Center
http://www.commondreams.org/headlines01/0721-04.htm

Italy G8 'brutality' trial opens
http://news.bbc.co.uk/2/hi/europe/4332954.stm

Summer (june) 2007 Update on Genoa G8 Court Cases
http://www.supportolegale.org/?q=node/1111

Italian police 'framed G8 protesters'
http://www.guardian.co.uk/globalisation/story/0,7369,741883,00.html
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

အမေရိကန်အစိုးရ စွမ်းအားရှင်များ အကူအညီဖြင့် အဆိပ်ဓါတ်ငွေ့များ အသုံးပြုချင်း

ယခင်အပတ်တုံးက ကနေဒါအစိုးရ ဆန္ဒပြပွဲမှာ အကြမ်းဖက်လာအောင် မသမာတဲ့ နည်းလမ်းနဲ့ ကြံစည်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ အခုတင်ပြချင်တာ ကတော့ အမေရိကန် နိုင်ငံ Seattle မြို့ (1999 ၊ Clinton လက်ထက် ) WTO အစည်းဝေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဒီမိုကရေစီအစိုးရ ရက်စက်တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ပုံကို မြန်မာလူမျိုးများ သိရှိလာအောင် ရေးသားလိုပါတယ်။ နိုင်ငံရေးဆိုတာ အင်မတန် ရှုပ်ထွေးပြီး လိမ်ညာလှည့်ပတ်မှုများ ပြည့်နှက်နေတယ်ဆိုတာ သတိထားမိမယ်လို့လဲ မျှော်လင့်ပါတယ်။

အဲဒီဆန္ဒပြပွဲတွေမှာ အများစုဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြခဲ့ကျပါတယ်။ တီးလုံးတွေ အကတွေနဲ့ ပျော်ပျော်ပါးပါးပေါ့ဗျာ။ ဒါပေမယ့် အကျီ်အမည်းရောင်တွေ ၀တ်ထားတဲ့ လူနည်းစုဟာ အကြမ်းဖက်လာကျပါတယ်။ သူတို့တွေဟာ အင်မတန်ကို လက်ရဲ ဇက်ရဲနိုင် ကျပါတယ်။ တွေ့သမှ ဈေှးဆိုင်တွေ၊ကားတွေကို ဖျက်ဆီးတာတွေ လုပ်ကျပါတယ်၊ ထူးခြားချက်အနေနဲ့ ရဲတွေဟာ သူတို့ရဲ့ အနီးအနားမှာ အခုလိုဖျက်ဆီးနေတာကို ၀င်ရောက်တားဆီးတာတွေ မလုပ်ပါဘူး။ အဆောက်အဦးတွေ သိမ်းပိုက်ပြီး လုပ်ချင်တာ လုပ်တာလဲ ၀င်မတားပါဘူး။ ဆွေးနွေးခန်းတစ်ခုမှာတော့ ရဲတယောက်က သူတို့ကို အထက်ကနေ ဖျက်ဆီးနေတဲ့လူတွေကို သွားပြီး မတားဆီးရဘူးလို့ အမိန့်ထုတ်ထားတဲ့အကြောင်း ထုတ်ဖေါ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် အဲဒီအဖျက်သမားတွေဟာ သာမညလူတွေ မဟုတ်ပဲ U.S. စွမ်းအားရှင်တွေဆိုတာ သိသာနေပါတယ်။ အဲဒီ U.S. စွမ်းအားရှင်တွေ ဘာလုပ်လဲ? BBC တို့လို သတင်းကင်မရာတွေရှေ့မှာ သွားပြီး ဖျက်ဆီးတာတွေ လုပ်ပြပါတယ်။ သတင်းဌာနကြီးတွေဟာ ဆန္ဒပြတဲ့သူတွေ ဖျက်လို့ဖျက်ဆီးလုပ်တယ်ဆိုပြီး TV ဖန်သားပြင်ပေါ်မှာ ထုတ်လွှင့်ခဲ့ကျပါတယ်။

ဒီတော့ ဒီမိုကရေစီ အမေရိကန်နိုင်ငံ ဘာဆက်လုပ်လဲ ကြည့်ပါ။ အကြမ်းဖက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရာဘာကျည်ဆံတွေနဲ့ ပြစ်တာတွေ၊ ဖမ်းဆီးတာတွေ၊ ရိုက်နှက်တာတွေနဲ့ မျက်ရည်ယိုဗုံန်းခွဲ တာတွေကို အသုံးပြုလာပါတယ်။ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့သူတွေကိုပင် ရဲတွေက တိုက်ခိုက်လာပါတယ်။ အဆိုးရွားဆုံးကတော့ အဆိပ်ဓါတ်ငွေ့တွေ (nerve gas) ပါတဲ့ မျက်ရည်ယိုဗုံန်း ကို အသုံးပြုခဲ့ချင်းပါပဲ။ ဆရာဝန်တွေက ဆန္ဒပြသူတွေမှာ အဆိပ်ဓါတ်ငွေ့ ရှုရှိုက်မိတဲ့ ဝေဒနာတွေ မြင်တွေ့နေရတယ်လို့ ထောက်ခံထားပါတယ်။ ဗီဒီယိုလေးတွေကို ကြည့်လိုက်ပါအုံးခင်ဗျာ ။ ဗီဒီယိုအောက်ဘက်မှာ အရေးကြီးအချက်အလက်လေးတွေ ရေးထားပါတယ်ခင်ဗျာ






ဒီမှာသတိထားသင့်တာလေးတွေ တင်ပြချင်ပါတယ်
(၁) WTO ကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ အကြမ်းဖက်တယ်ဆိုပြီး နာမည်ဆိုးရှိပါတယ်။ အပေါ်က ဗီဒီယိုတွေကိုကြည့်ရင် အကြမ်းဖက်သူတွေဟာ U.S. စွမ်းအားရှင်တွေ ဆိုတာ သိသာပါတယ်။ သတင်းဌာနကြီးတွေက U.S. စွမ်းအားရှင်တွေ အကြောင်း မထောက်ပြကျပါဘူး။ မြန်မာပြည် ကိတ်စတွေမှာ မသင်္ကာစရာတွေရှိနေရင် သတင်းဌာနကြီးတွေ အနေနဲ့ ထောက်ပြတဲ့ အစဉ်အလာရှိကျပါတယ်။ အခု ဘာကြောင့်လဲ။ အထူးသဖြင့် BBC သတင်းဟာ WTO ဆန့်ကျင် ဆန္ဒပြသူတွေဘက်က အကြမ်းဖက်ကြောင်း အခွင့်အခါကြုံတိုင်း ဆိုက်ဝါး လုပ်နေပါတယ်။ ဘာကြောင့်လဲ စဉ်းစားကြည့်ပေးပါ။

(၂) ရဲတွေ မျက်ရည်ယိုဗုံန်း သုံးတာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ်မှာပဲ ဖြစ်နေပါတယ်။ သူတို့ဖမ်းစီးတဲ့ စာရင်းမှာလည်း နာမည်ကြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် U.S. စွမ်းအားရှင်တွေကို မဖမ်းမိတာလဲ။ အမေရိကန်အစိုးရ လုပ်ရပ်ကို လူအများစု အားကိုးနေရတဲ့ သတင်းဌာနကြီးတွေ ဘာကြောင့် နှုတ်ပိတ်နေပါလဲ။

(၃) အကာအကွယ်အပြည့်အစုံနဲ့ ရဲတွေကို ရဲရဲဝံ့ဝံ့ ယှဉ်ပြီး တိုက်ခိုက်တဲ့သူတွေဟာ အရပ်ဝတ်နဲ့ Marine တပ်သားတွေလို့ ယူဆထားပါတယ်။ ( Marine တွေဟာ တဖက်က အရပ်ဝတ် တဖက်က ဒိုင်းကာကွယ်တဲ့ပုံစံနဲ့ ၁၀ လလောက်တင်ကြိုပြီး လေ့ကျင့်ထားကျပါတယ်။) ဒီမှာကျနော်တို့ သတိထားသင့်တာ အမေရိကန် ပြည်သူတွေဟာ စစ်တပ် ပြည်တွင်းရေးမှာ ၀င်ရောက်စွပ်ဖက်တယ်လို့ မြင်နေတဲ့ သဘောပါ။ ဒါဆိုရင်ကျနော်တို့ တတွေ လက်ခံထားတဲ့ စစ်တပ်နဲ့ နိုင်ငံရေး ကင်းကွာရမယ်ဆိုတဲ့ အမြင်ဟာ အမှန်တကယ် ရှိရဲ့လား စဉ်းစားစရာဖြစ်နေပါတယ်။

(၄) ပြည်သူတွေကို ချွေးသိမ့်တဲ့ လုပ်ဆောင်ချက်လေးကိုလဲ မြင်တွေ့နေရပါတယ်။ ရဲချုပ်ဟာ ရဲတွေ အကြမ်းဖက်တာနဲ့ ပတ်သက်ပြီး သူ့မှာတာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် အနားယူသွား ပါတယ်ခင်ဗျာ။ အဲဒါတွေ ရဲချုပ်သူ့ ဆန္ဒနဲ့ လုပ်ခဲ့တယ်ထင်ပါသလား။ ဆန္ဒပြသူတွေ WTO ဆန့်ကျင်တာ ရဲချုပ်နဲ့ရဲတွေရဲ့ အကျိုးစီးပွားမထိခိုက်ပါဘူး။ ဒါဆိုဘာကြောင့် ရဲတွေက အကြမ်းဖက်လဲ စဉ်းစားကြည့်ပေးပါ။ အဖြေကရှင်းပါတယ် ရဲချုပ်နဲ့ ရဲတွေကို အထက်အမြင့်ဆုံး သမတ္တကလင်တန်လို လူမျိုးခိုင်းလို့ပါပဲ။ နို့မဟုတ်ရင် ရဲတွေ ရာဇ၀တ်မှုလုပ်စရာ အကြောင်းမရှိပါဘူး

(၅) ဓါတုဗေဒ အဆိပ်ငွေ့ (Nerve Gas)တွေ အသုံးပြုတယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တချို့ မြင်တွေ့နေရပါတယ်။ ဘာကြောင့် အဲဒီကိတ်စ အစိုးရနဲ့ သတင်း ဌာနကြီးတွေ နှုတ်ပိတ်နေလဲ။ နောက်ဆုံးတော့လည်း ကျနော်တို့တွေဟာ သတင်းဌာနကြီးတွေနဲ့ နိုင်ငံရေးသမားများရဲ့ လိမ်ညာစကားများအောက်မှာ အိပ်မက်လှလှလေးတွေ မက်နေတယ်ဆိုတာ သိသာပါတယ်။

အမှန်ကိုသိချင်းသည် မင်္ဂလာတပါးဖြစ်၏

ကိုးကားချက်။
Police-State Brutality of peaceful protesters in Seattle, December 1999
http://www.intellnet.org/resources/american_terrorism/BattleofSeattle.html

Seattle police charge as protesters challenge curfew
http://www.cnn.com/US/9911/30/wto.05/

Police build up anti-riot forces in US cities
http://www.wsws.org/articles/2000/mar2000/poli-m14.shtml


Seattle Police Chief Resigns, As Department Is Investigated for Brutality
http://www.democracynow.org/index.pl?issue=991207

Use of Tear Gas Questioned in Seattle
http://www.democracynow.org/article.pl?sid=03/04/07/0414216

THIS IS WHAT DEMOCRACY LOOKS LIKE
http://www.nadir.org/nadir/initiativ/agp/free/seattle/democracy.htm

Postcards from Seattle
http://www.brasscheck.com/seattle/guns.html

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Saturday, September 1, 2007

ဒီမိုကရေစီ ကနေဒါအစိုးရ အရပ်ဝတ်ရဲများနဲ့ ဆန္ဒပြပွဲ အကြမ်းဖက်လာအောင် ကြိုးစားခဲ့ချင်း

ကျနော်နဲ့ အစ်ကို မောင်ဆန်နေထိုင်တဲ့ ဒီမိုကရေစီ ကနေဒါ နိုင်ငံ အတင်းပြောခံရမယ့် အလှည့်ပါခင်ဗျာ။ အမှန်တရား အနေနဲ့ တင်ပြသင့်တယ်ထင်လို့ တင်ပြလိုက်ပါတယ်။ အဖြစ်က ဒီလိုပါ။ မက္ကဆီကို၊ ကနေဒါ နဲ့ အမေရိကန် သုံးနိုင်ငံ ခေါင်းဆောင်တွေ လုပ်တဲ့ ဆွေးနွေးပွဲကို ဒီကလူတွေ ဆန္ဒပြခဲ့ကျပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အရင်တုံးက ဆွေးနွေးပွဲတွေမှာ ဆန္ဒပြသူတွေဟာ ရဲတွေကို ခဲတွေနဲ့ပေါက်ရင်း ရုံးရင်းဆံခတ်ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာ ဆန္ဒပြသူတွေ အကြမ်းဖက်တဲ့ပုံ ပေါ်လွင်တဲ့ ဓါတ်ပုံတွေ အသုံးပြုထားပါတယ်။

ဒီတကြိမ်မှာတော့ အကြမ်းဖက်ဆန္ဒပြပွဲ ဖြစ်ရတဲ့ လက်သည်ဟာ ဒီမိုကရေစီ ကနေဒါအစိုးရ ဆိုတာ လက်ဆုပ် လက်ကိုင် မိသွားခဲ့ပါပြီ။ ကနေဒါအစိုးရဟာ အရပ်ဝတ်ရဲတွေကို ဆန္ဒပြတဲ့ လူအုပ်ထဲမှာ ထည့်ထားခဲ့ပါတယ်။ အဲဒီရဲတွေဟာ ခဲတွေကိုင်ထားပါတယ်။ သဘောကတော့ ဆန္ဒပြသူ ဟန်ဆောင်ပြီး အကြမ်းဖက်ဖို့ပါ။ တခြားဘယ်သူမှ ခဲကိုမကိုင်ပါဘူး။ ဒီမှာ ရယ်စရာကောင်းတဲ့ အချက်လေး ပြောချင်ပါတယ်။ ကျနော်တို့မြန်မာတွေ အဖြူဆိုရင် အရမ်း အထင်ကြီးနေကျပါတယ်။ စဉ်းစားဥာဏ် တော်တယ်ပေါ့ဗျာ။ အဲဒီ အရပ်ဝတ်ရဲတွေ စီးထားတဲ့ ဖိနပ်ဟာ ရဲယူနီဖောင်း ဖိနပ်ဖြစ်နေတယ်။ ရဲတွေ အားလုံး ဘွဲ့ရပြီးသားတွေ ချည်းပဲ။ အဲဒီရဲတွေ ဘယ်လောက် စဉ်းစားဥာဏ်နည်းလဲဗျာ။ ဖိနပ်လေးလဲရကောင်းမှား မသိဘူးလား။ ပါးစပ်စည်းထားတဲ့ ပ၀ါကလည်း ဆင်တူဗျာ။ နောက်ပြီး လုပ်ပုံကလဲ မူမမှန်ဘူး ဆိုတော့ ရိပ်မိသွားတောပေါ့။ ဆန္ဒပြပွဲခေါင်းဆောင် Dave Coles က အရပ်ဝတ် ရဲတွေကို “ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကွ ။ မင်းတို့ အခုလို အရပ်ဝတ် အရပ်စားနဲ့ အကြမ်းဖက်အောင် မလုပ်နဲ့။ သွား . . . ” လို့အော်လိုက်ပါတယ်။ နောက် ဘာဖြစ်လဲ သိချင်ရင် ဗီဒီယိုမှာ ဆက်ကြည့်တော့ဗျာ။

နောက်တချက် သတိထားသင့်တာက ဒီမိုကရေစီအစိုးရဆိုတာ ပေါ်တင်လိမ်ညာတဲ့ အကျင့်ရှိပါတယ်။ ကနေဒါအစိုးရ ဖြေရှင်းပုံကြည့်ပါ အုံးဗျာ။ “အရပ်ဝတ်ရဲတွေဟာ ဆန္ဒပြသူတွေထဲမှာ အကြမ်းမဖက်အောင် စည်းကမ်းထိမ်းတဲ့ သဘောပါတဲ့”။ ဟာဗျာ။ ရေလည်လေဖို့ ကောင်းတယ်။ စည်းကမ်းထိမ်းတဲ့သူတွေက ခဲတွေကိုင်ထားတာ ဖြစ်နိုင်လား။ တကယ်ကို ပေါ်တင်လိမ်တာဗျ။ မနိုင်ဘူး။ အချိန်ရရင် ဒီမိုကရေစီ အစိုးရဆိုတာဘာလဲ စဉ်းစားကျပါအုံးဗျာ။




ကိုးကားချက်
Quebec police admit they went undercover at Montebello protest
http://www.cbc.ca/canada/story/2007/08/23/police-montebello.html


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

ဘယ်အစိုးရလုပ်ရပ်ကို ရာဇ၀တ်မှု ခေါင်းစဉ် တပ်သင့်ပါလဲ

ဘေးဘက်ကပုံက အန်တီခင်မင်းဇော် Blog ကပုံပါ။ သူရေးထားတဲ့စာက
"ကျေးဇူးပြုပြီး လက်ဆင့်ကမ်း ရှာဖွေ သတင်းပေးကြပါ။ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူများကို အခုလို ချုပ်နှောင်ဖမ်းဆီးသတဲ့။”
အန်တီ ခင်မင်းဇော်က နအဖ ဖမ်းဆီး ချုပ်နှောင်တာ ရာဇ၀တ်မှုလို့ အမည် တပ်စေချင်တဲ့ ဆန္ဒလေးလဲ ရှိပုံပေါ်ပါတယ်။ အန်တီခင်မင်းဇော် ဗီဒီယိုနှစ်ခု ယှဉ်ကြည့်ပါအုံး။ တစ်ခုက အာဏာရှင်လို့ နာမည်ကြီးပြီး ဗုဒ္ဓဘာသာတွေကြီးဆိုးတဲ့ မြန်မာနိုင်ငံက နအဖ လုပ်ကိုင်ချက် နဲ့ နောက်တစ်ခုကတော့ ဒီမိုကရေစီအမေရိကန် အစိုးရ လုပ်ဆောင်ပုံ ဖြစ်ပါတယ်။
ဗီဒီယိုကြည့်ပြီး ဘယ်နိုင်ငံရဲ့အစိုးရ လုပ်ရပ်က ရာဇ၀တ်မှု ခေါင်းစဉ်တပ်သင့်တယ် ထင်ပါလဲခင်ဗျာ။

နအဖလုပ်ကိုင်ပုံ


ဒီမိုကရေစီအမေရိကန်အစိုးရ လုပ်ကိုင်ပုံ


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, August 31, 2007

အမေရိကန် အစိုးရ ကယ်ဆယ်ရေးအဖွဲ့များ နှာဘူးကျချင်း

အမေရိကန်အစိုးရရဲ့ Katrina ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ မိမိရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒုက္ခသည် အမျိုးသမီးများအပေါ် မဖွယ်မရာတွေ ပြုလုပ်ခိုင်းကြောင်း သတင်းမှာ ရေးထားပါတယ်။ ဒီမိုကရေစီ အမေရိကန် အစိုးရဟာ Katrina မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ အမေရိကန်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အမှန်တကယ် လုပ်မပေးပါဘူး။ (ဘာကြောင့်လဲဆို အကျယ်တ၀င့် နောက်အပတ်တွင် ရေးပြပါမယ်)။ ဒါကြောင့်လဲ ကယ်ဆယ်ရေးလုပ်ငန်းက မရှိသလောက်နည်းပါတယ်။ အကျင့်ပျက် ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ အမျိုးသမီးလေးများကို အင်္ကျီလှန်ပြီး သူတို့ရဲ့ ရင်သားတွေကို ပြသခိုင်းကျပါတယ်။ တကယ်လို့ အဲလိုမလုပ်ဘူးဆိုရင် ကယ်ဆယ်ရေးပစ္စည်းများ ပေးချင်း မပြုပဲ ပြစ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီမိုကရေစီရှေ့ဆောင်နိုင်ငံ အမေရိကနိုင်ငံကြီးမှာ ဖြစ်ပျက်နေတာ လေးပါခင်ဗျာ။

ကိုးကားချက်
Female survivors urged to flash breasts for help
http://www.worldnetdaily.com/news/article.asp?ARTICLE_ID=46160
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, August 24, 2007

(ဒုတိယအပိုင်း) ငါပြောသလိုလုပ် . . . . ငါလုပ်သလိုမလုပ်နဲ့

ဒီမိုကရေစီသမားတွေရဲ့ သဘာဝကို သေချာလေ့လာကြည့်ရင် တော်တော်ကြီးကို ရယ်စရာကောင်းတယ် ထင်တယ်။ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဒီမိုကရေစီ သမားတွေဟာ သူများကို ဆရာအရမ်းလုပ်ချင်တဲ့ ၀သီရှိတယ်လို့ မြင်ပါတယ်။ ကိုယ်ပြောတဲ့ စကားကိုလည်း တဖက်က နားထောင်စေချင်တယ်။ နားမထောင်ရင် ဒီမိုကရေစီတွေ လူအခွင့်အရေးတွေနဲ့ ကိုင်ပေါက်ကျတယ်။ သူတော်ကောင်း ဟန်ပန်နဲ့ပေါ့ဗျာ။ အဲ. . . ကိုယ့်အလှည့်ရောက်တဲ့ အချိန်မှာတော့ အရှက်မဲ့စွာ လူအခွင့်အရေးတွေ ဒီမိုကရေစီတွေကို မျက်ကွယ် ပြုတာ သတိထားမိပါတယ် ခင်ဗျာ။

ကျနော်တို့ မြန်မာနိုင်ငံ လူအခွင့်အရေးနဲ့ ပတ်သက်ရင် ဆရာကြီး အထာနဲ့ ပြောတတ် ဆိုတတ်တဲ့ အမေရိကန် အကြောင်းတင်ပြချင်ပါတယ်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနဟာ သူတို့ရဲ့ အကျဉ်းစခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြား အခြေခံလူအခွင့်အရေးတွေကို လျစ်လျူရှုတယ်လို့ နာမည်ပျက်ရှိပါတယ်။ အဲဒီအကျဉ်းစခန်းတွေမှာ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ချုပ်ထားပါတယ်။ ရာဇတ်ကျူးလွန်တဲ့ သူတွေ မဟုတ်ပါဘူး။ အခြေခံလူအခွင့်အရေးတွေကို မလိုက်နာဘူးလို့ နာမည်ဆိုးတွေ ထွက်နေတော့ ကုလသမဂ္ဂ လူအခွင့်အရေး ကော်မရှင်က လာရောက် ၀င်ရောက် ကြည့်ရှုခွင့်တောင်းတာကို အမေရိကန်အစိုးရက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။ ဒီမိုကရေစီရှေ့ဆောင်နိုင်ငံ ရဲ့ အပြုအမှုပါခင်ဗျာ။

နောက်တခုကတော့ ကုလသမဂ္ဂ UN Watch director Hillel Neuer ရဲ့ အပြုအမှုကို တင်ပြချင်ပါတယ်ခင်ဗျာ။ မက္ကစီကိုမှ Luis Alfonso De Alba ရဲ့ အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ ကုလသမဂ္ဂ လူအခွင့်အရေးကော်မတီရဲ့ ဘက်လိုက်တဲ့ကိစ္စ တိတိကျကျ တင်ပြခဲ့ပါတယ်။ ကျနော်တို့ သိတဲ့ ကုလသမဂ္ဂဆိုတာ လွတ်လပ်စွာ တင်ပြခွင့်ပေးတယ်ပေါ့ဗျာ။ ဒီမှာတော့ နောင်မှာ အခုလိုဝေဖန်တဲ့ အပြုအမှုကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးတဲ့ဗျ။ အခုလို တင်ပြတာမျိုးလုံးဝ မလုပ်နဲ့လို့ ပေါ်တင် တားမြစ်ပါတယ်။ အခုလို စကားမျိုးပြောတဲ့ အတွက် ကျေးဇူးလဲ မတင်နိုင်ဘူးလို့လဲ ရင့်ရင့်သီးသီးပြောလိုက်ပါသေးတယ်။ သြော် ကျနော်တို့ မြန်မာ့ဒီမိုကရေစီသမား ၀ိဥာဉ်များ Hillel Neuer ကိုယ်ထဲဝင်ပူးပြီး ပြေနေသလားလို့ ထင်မိပါတယ်။ ကဲကျနော်တို့ ဒီမိုကရေစီ စာရွက်ပေါ်မှာပဲရှိတယ်လို့ ယုံတာ အပြစ်တင်အုံးမလားဗျာ။


ကိုးကားချက်။
U.N. barred from Texas detention center
http://www.upi.com/Security_Terrorism/Briefing/2007/05/21/un_barred_from_texas_detention_center/6664
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

ငါပြောသလိုလုပ် . . . . ငါလုပ်သလိုမလုပ်နဲ့

မနေ့တနေ့က လူတစ်ယောက် ဆိုင်းဘုတ်လေးကိုင်ပီး အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြတာ DVB မှတ်တမ်းဓါတ်ပုံမှာ သွားတွေ့ပါတယ်။ ဆိုင်းဘုတ်မှာ ရေးထားတာ တရုပ် / ရုရှား မိဘ အလိုမရှိတဲ့။ သူ့လုပ်ပုံကိုကြည့်ပီး အကဲခတ်ရတာ အမေရိကန်ကိုတော့ အဖေတော်ချင်တယ်ဆိုတဲ့ သဘောပဲ။ တကယ်တော့ ဒီမိုကရေစီအရေး လုပ်နေတဲ့ သူတွေရဲ့ လုပ်ရပ်ကို မြင်တိုင်း (ငါပြောသလိုလုပ် . . ငါလုပ်သလို မလုပ်နဲ့) ဆိုတဲ့ ဆောင်ပုဒ်လေးကို အမြဲ သတိရပေးနေသလို ခံစားမိပါတယ်။ ဥပမာ ဒီမိုကရေစီသမားများမှ နအဖကို ပြည်သူလူထုကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးရမယ်လို့ အတင်းကို ဖိအားပေးနေပါတယ်။ ဒါပေမယ့် သူတို့ကျတော့ လွတ်လပ်စွာပြောဆိုခွင့်ကို လူမြင်မကောင်းအောင် ပိတ်ပင်နေကြပါတယ်။ မြန်မာ့အသံ သတင်းဘက်မလိုက်သင့်ဘူးလို့ ပြောနေပေမယ့် သူတို့ အားကိုးနေတဲ့ BBC, DVB သတင်းဌာနတွေကတော့ ဘက်လိုက်နေကျပါတယ်။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ဆောင်ပုဒ်လေးဟာ ဒီမိုကရေစီလုပ်နေတဲ့ သူတွေအတွက် အထူးတီထွင် ပေးထားတယ်လို့တောင် ထင်လို့ရပါတယ်။ အခုလည်း တရုပ်၊ရုရှားကို နအဖ အဖေတော်တာ ဆန့်ကျင်တယ်တဲ့။ သြော် သူတို့ကျတော့ အမေရိကန်၊ အင်္ဂလန် တွေ့သမျှ အဖြူနိုင်ငံတွေကိုတော့ အဖေတော်ချင်ပုံ ပေါ်နေလားလို့ ။ အတွေးမှားရင်တော့ ခွင့်လွှတ်ကျပါဗျာ။ အမေရိကန်စစ်တပ် ကို ဘာမှန်းမသိပဲ DVB, BBC ပြောလို့ အထင်ကြီးနေသူများ အတွက် မှတ်တမ်းတင် ဗီဒီယိုလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ အမှန်တရားကို ရဲဝင့်စွာ တွေးတော ဆင်ခြင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

အမေရိကန် အစိုးရ CNN (အမေရိကန် မြန်မာ့အသံ) သတင်းတွေထဲမှာ ပြောသလို ဘာသာရေး အဆောက်အဦးတွေကို မထိခိုက်အောင် အမှန်တကယ် ကာကွယ်ရဲ့လားဆိုတာ ဒီဗီဒီယိုကိုကြည့်ပီး ဆုံးဖြတ်နိုင်ပါတယ်



သတင်းတွေထဲမှာတော့ အမေရိကန်စစ်သားတွေ ကလေးတွေကို ချိုချဉ်နဲ့စားစရာတွေ လိုက်ဝေနေပါတာ မြင်ရမှာပါ။ ဒီမှာတော့ ရိုက်နှက်ပါတယ်။ ကြံ့ဖွတ်လဲ အမေရိကန်ကို အားကျတယ်ထင်ပါတယ်။ အမှန်ကို ရှာဖွေလိုသူများအတွက် လမ်းစ တစ်ခုပါ။

မြန်မာစစ်သားတွေနဲ့ ပတ်သက်ရင် အမြဲသတင်းကို ပိုပြောတာတွေ၊ လိမ်ပြောတာတွေ ရှိပါတယ်။ ဒီမှာတော့ အမေရိကန်ကြေးစားစစ်သားတွေ ကားမောင်းရင်း လမ်းဘေးမှာ ရှိတဲ့ သိုးအုပ်ကို လက်ဆော့ ပြစ်သွားတာပါ။



BBC, DVB သတင်းထဲမှာ မြန်မာစစ်သားတွေ ရွာဝင်မီးရှို့တယ်ဆိုတဲ့ သတင်းကို ကြားဖူးကြမှာပါ။ ဘာအကြောင်းကြောင့် မီးရှို့လဲ။ အဲဒီသတင်းတွေ တကယ်မှန်လားဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒီမှာတော့ အမေရိကန် စစ်သားတွေ အီရတ်မှာ မရှိလို့ တက္ကစီ မောင်းစားနေသူရဲ့ ကားလေးကို တင့်ကားနဲ့ ပစိ ပနယ် တက်ကြိတ်ပီး ၀မ်းသာ ကြည်နူးနေတဲ့ ပုံပါ။


အမေရိကန်စစ်သားတွေ ကလေးငယ်လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် ထိုးကြိတ်ခိုင်းတဲ့ ဗီဒီယိုပါ။ ကျနော်တို့ အညာမှာ ကြက်တိုက်သလိုမျိုးပေါ့။ ကလေးတွေကို တိရိစ္ဆာန်လို လုပ်ထားတဲ့ ဗီဒီယိုပါ။


ှShoot first policy! လို့ပြောရမလားပဲ။ သတင်းထဲမှာတော့ သမကာင်္တဲ့ကားကို အရင်တားတယ် မရမှ ပြစ်တယ်ပေါ့ဗျာ။ ဒီမှာတော့ မသကာင်္တဲ့ကားကို အရင်ပြစ်တယ်။


အမေရိကန်စစ်သားတွေ ကလေးတွေကို နေပူထဲမှာ ရေဗူးလေးနဲ့ ဘယ်လို ကစားလဲ ကြည့်ပါ။


အမေရိကန် ကြေးစားစစ်သားတွေ အရပ်ဖက်ကားကို လက်သရမ်းပြစ်ခတ်နေတဲ့ပုံပါ။ သြော် ဒီမိုကရေစီ


ဒီမှာတော့ အမေရိကန် စစ်တပ် လမ်းပေါ်မှာ မြင်မြင်သမျှ ပြစ်ခတ်နေတဲ့ဗီဒီယိုပါ


အမေရိကန်ကို မျက်ကန်းအထင်ကြီးနေသူများအတွက် စဉ်းစားဖို့ တင်ပေးထားချင်း ဖြစ်ပါတယ်။

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, August 17, 2007

9/11 နဲ့ 7/7 လူသတ်မှုကို ဒီမိုကရေစီစိတ်ဝင်စားသူတွေ မေ့ထားသင့်လား

အမှားအမှန် ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတယ်ယုံကြည်ရင် ကျနော်ရေးထားတာကို ဆုံးအောင် ဖတ်ပေးပါခင်ဗျာ။ ကျနော်တို့ နှစ်ယောက်ကတော့ စကားလုံးလှလှလေးများကို အသုံးပြုပြီး အယုံသွင်းတဲ့ အလုပ်ကို မနှစ်သက်ပါဘူး။ လိုရင်းတိုရှင်း ပြောပါမယ်။ အမှားအမှန် မိမိဦးနှောက်နဲ့ စဉ်းစား စေချင်ပါတယ်။ Closed mind လုပ်ပြီး ဆက်မဖတ်ချင်ဖူးဆိုရင်လဲ ကျနော် မတတ်နိုင်ပါဘူးခင်ဗျာ။

မြင်သာအောင် ကျနော်ကားဝယ်တဲ့ ပုံစံလေး အသုံးပြုရှင်းပြ ချင်ပါတယ်ခင်ဗျာ။ ပွဲစား စိတ်ဓါတ်လေးကို ပြောကြည့်ပါမယ်။ ပွဲစား တွေဟာ ကျနော်တို့ရဲ့ ပျော့ကွက်ကို သိကျပါတယ်။ သူတို့ကား မ၀ယ် ၀ယ်အောင် ညွှန်းပြီး ပြောတတ်ကျပါတယ်။ လိုအပ်ရင် ဖြဲချောက်တာတွေ ရှိကြပါတယ်ခင်ဗျ။ ဖိအားပေး တာတွေလဲ လုပ်တတ်ကျပါတယ်ခင်ဗျ။ ဘာမှ မလေ့လာပဲ ကားပွဲစားနဲ့တွေ့လိုကတော့ သူတို့ရဲ့ ချောက်လုံး မြှောက်လုံးများကြားမှာ မြောသွားပြီး သူတို့ ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်လေး ဖြစ်သွားမှာပါ။ ကားပွဲစားတွေကို ယုံကြည်လို့ မရဘူးပြောရင် လက်ခံမယ်ထင်ပါတယ်။ ကျနော်တို့ ပထမဆုံး ကို့အသိတွေကို သူတို့ အသုံးပြုနေတဲ့ ကားတွေ ဘယ်လိုနေလဲ မေးမြန်းရပါတယ်။ သူတို့ အသုံးပြုပြီးရတဲ့ အတွေ့အကြုံကို ကြည့်ပြီး အဲဒီကား ၀ယ်သင့်လား ဆုံးဖြတ်ရပါတယ်ခင်ဗျာ။ ဒီအထိ သဘောတူတယ် မဟုတ်လားခင်ဗျာ။

ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ရမှ ကြီးပွားမယ်လို့ မြှောက်လုံးပေးပြောနေတာပါ။ ဒီမိုကရေစီ မရရင် နိုင်ငံကြီး ဆက်လက် စုတ်ပြတ်နေမယ်လို့ ဖြဲချောက်နေတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာတွေးခေါ် ဝေဖန်ခွင့်ပေါ်မှာ တည်ဆောက် ထားတယ်ပြောပြီး နည်းနည်းပါးပါး ဝေဖန်ရင် လူမြင်လို့ မကောင်းအောင် နည်းပေါင်းစုံနဲ့ တိုက်ခိုက်နေတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီ နိုင်ငံရေး သမားတွေ မဟုတ်လားခင်ဗျာ။ ကျနော်တို့တွေ နိုင်ငံရေးသမားတွေ အားလုံးကို ပွဲစားတွေနဲ့ တန်းတူထားရမှာပါ။ သူတို့ပြောသမျှ မယုံမိဖို့ လိုပါတယ်။ ကျနော်အခုလိုပြောတာကို ဒီမိုကရေစီ လုပ်ကိုင်နေတဲ့ အစ်ကိုတွေ စိတ်မရှိကျပါနဲ့ဗျာ။ ကျနော် စော်ကားလိုစိတ်နဲ့ ပြောနေတာ မဟုတ်ရပါဘူး။

အဲဒါတွေကြောင့် ဒီမိုကရေစီ စံနစ်ဟာ သူတို့ပြောသလို ဟုတ်ရဲ့လားဆိုတာ လက်ရှိ ဒီမိုကရေစီ စံနစ်ကျင့်သုံးနေတဲ့ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ နိုင်ငံတွေရဲ့ အခြေအနေမှန်ကို လေ့လာဖို့လိုပါတယ်။ ကားပွဲစား နိုင်ငံရေးသမားများ ရေးသားတဲ့ စာစောင်တွေ၊ အသံလွှင့်ဌာနတွေ ရဲ့ပြောကြားချက်နဲ့ အမှားအမှန် မပိုင်းခြားပါနဲ့။ အထူးသဖြင့် သူတို့တွေဟာ Emotional Manipulation လို့ခေါ်တဲ့ အပိုင်းမှာ အရမ်းကျွမ်းကျင်ပါတယ်။ ကျနော်တို့ စိတ်ကို သူတို့ ပြောသမျှယုံအောင် လုပ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းတိကျတယ်လို့ သတ်မှတ်တဲ့ BBC ကို ကျနော်တို့ ဘက်မှာ မယုံကျပါဘူး။ မယုံဘူးဆိုရင် ဘယ်သတင်းကို နားထောင်လဲ မေးစရာရှိပါတယ်။ အဖြေကတော့ ဘယ်သတင်းမှ နားမထောင်ကျပါဘူး။ ကျတို့နှစ်ယောက် သူငယ်ချင်းတွေ အားလုံးနီးပါး သတင်းစာမှာ အားကစား၊ ရုပ်ရှင်၊ quiz နဲ့ classified ပဲ ဖတ်ကျပါတယ်။ မြန်မာပြည်သတင်းစာမှာ လူတွေက မင်္ဂလာဆောင်နဲ့ နာရေးဖတ်တဲ့သဘောမျိုးပါ။ အားလုံး အတူတူပါပဲ လေလို့ပဲ ဆိုချင်ပါတယ်ခင်ဗျာ။

မြန်မာပြည် စစ်အဏာရှင်ကြောင့် မွဲနေတယ်လို့ လူတော်တော်များများ ယုံကြည်ကျပါတယ်။ ဒါတွေကို ကျနော်တို့ကို မွေးကတည်း နေ့စဉ်ကြားနေတော့ စိတ်ထဲမှာ အမှန်လို့စွဲထင်နေကျပါတယ်။ ဒါကို ကျနော်နဲ့ အစ်ကို မောင်ဆန်လုံးဝ သဘောမတူပါဘူး။ အဏာရှင်နိုင်ငံဖြစ်ပီး ချမ်းသာနေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်ခင်ဗျာ။ ဒီမိုကရေစီစံနစ်နဲ့ မွဲတေနေတဲ့ နိုင်ငံလည်း မနည်းပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုးရွားနေတာ ဒီမိုကရေစီနဲ့ နအဖကြား အဏာလုပွဲနဲ့ တိုင်းပြည်အတွင်း စည်းလုံးရေးလုံးဝ မရှိ ဖြစ်နေတာတွေကြောင့်ပါ။
နအဖ တခုတည်းကိုသာ အပြစ်ဖို့နေတာဟာ ကားပွဲစားများ၏ လုပ်ထုံးအစဉ်အလာနဲ့ လုံးဝ ချွတ်စွပ်တူနေပါတယ်ခင်ဗျာ။

စဉ်းစားဖို့ပါလေစာရင်း (အမှန်ကို သိလိုသူများအတွက်သာ)
(၁)ပထမဆုံး ဒီမိုကရေစီရမှ တိုးတက်ဆိုတဲ့ မက်လုံးကို ကျနော်တို့ ဖြစ်နိုင်လား စဉ်းစားပါ။ တရုပ်နိုင်ငံ ဒီမိုကရေစီ မရှိပါဘူး။ တိုးတက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်းကို နအဖကြီးမှာပဲ အားလုံးတာဝန်ရှိတယ်လို့ ပြောချင်းဟာ ကလေးငယ်လေးတွေကို ပုံပြင်ပြောသလိုဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ လောက်ရှိပါတယ်။ စီးပွားရေး သပိတ်မှောက်ထားတဲ့ထဲက စီးပွားရေး အဆင်ပြေတာ ကြားဖူးကျပါလား။ ဒါဆိုစီးပွားရေး ပိတ်ဆို့အောင် လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ အပြစ်မတင်ပဲ ထားသင့်လား။ စိတ်မရှိဘူးဆိုရင် မေးချင်ပါတယ်။ ဒီမိုကရေစီ သမားတွေ နအဖ လက်အောက်မှာ မြန်မာလူမျိုးတွေ စားဝတ်နေရေး အဆင်ပြေတာ မြင်ချင်ရဲ့လား ။ ကျနော် တွေးမိတောသလောက် စီးပွားရေးအဆင်ပြေပီး ပြည်သူတွေဟာ ဒီမိုကရေစီသမားတွေ အဏာရရှိရေး မကူညီမှာကိုတော့ စိုးရိမ်နေတဲ့ပုံ ရှိပါတယ်။(သက်ဆိုင်သူများ စိတ်မဆိုးကျပါနဲ့ဗျာ)

(၂) အင်ဒိုနီးရှား ဆူဟာတို အာဏာရှင် လက်အောက်မှာ တိုးတက်ပါတယ်။ ယခု ဒီမိုကရေစီ စံနစ်အောက်မှာ စီးပွားရေး ချွတ်ခြုံကျနေပါတယ်။ ဒီမိုကရေစီ စံနစ် ရှိမှ တိုးတက်မယ်ဆိုတာ လက်တွေ့ဆန်ပါသလား

(၃) ဒီမိုကရေစီ စံနစ်မှာ မိမိပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားရင် အမေရိကန်၊ အင်္ဂလန် နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ 9/11 နဲ့ 7/7 လူသတ်မှုကို ဘာကြောင့် တရားခံ အစစ်ကို မဖေါ်ထုတ်ပဲ နေနိုင်လဲ

(၄) လွတ်လပ်စွာ ပြောဆိုခွင့်ရှိရင် 9/11 နဲ့ 7/7 ကောင်မရှင်စုံစမ်းတဲ့ ကိတ်စ္စမှာ ပြည်သူရွေးချယ်ထားတဲ့ လွတ်တော် အမတ်တွေ ဘာကြောင့် ရေငုံနှုတ်ပိတ်နေပါလဲ။

(၅) ဘာကြောင့် အသံလွှင့်နဲ့ စာနယ်ဇင်းတွေ 9/11, 7/7 ကို အကျယ်ချဲ့ မပြောပဲနေကျလဲ။ သက်ဆိုင်တဲ့ အုပ်ချုပ်သူတွေကို မေးခွန်းမထုတ်ကျလဲ။

(၆) ဒီမိုကရေစီ (အမေရိကန်နဲ့ ကနေဒါ) အစိုးရဟာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တယ်ဆိုရင် ဘာကြောင့် ပြည်သူတွေက ဓါတုအဆိပ်ငွေ့တွေ သူတို့မြို့တွေပေါ်မှာ ပက်ဖျန်းတဲ့ စွပ်စွဲချက်ကို ယုံကြည်နေလဲ

(၇) လူသန်း ၂၀ ကျော် သေဆုံးမှု့နောက်ကွယ်မှာ အမေရိကန်အစိုးရ ပတ်သက်နေတယ်လို့ အမေရိကန်တွေ ယုံကြည်နေတာကို ဘယ်လို စဉ်းစားမလဲ။ ကိုယ့်ပြည်သူက တောင် အဲလိုထင်သွားရခြင်းရဲ့ အခြေခံက ဘာကြောင့်လဲ

(၈) ဒီမိုကရေစီစံနစ်မှာ တက်လာတဲ့ အစိုးရဟာ ပြည်သူတွေ လိုလားတာ လုပ်ပေးတယ်ဆိုရင် လူငယ်တွေ ဘာကြောင့် မဲပေးဖို့ စိတ်မ၀င်စားလဲ။

(၉) တရားဥပဒေ အမှန်အကန်ရှိရင် အမေရိကန်နဲ့ ကနေဒါ ကလူတွေဟာ FBI ၊ RCMP ၊ CIA တွေကို ဘာကြောင့် ကြောက်နေလဲ

(၁၀) သတင်းစာတွေက အစိုးရလုပ်ရပ်တွေ ထောက်ပြနိုင်စွမ်းရှိရင် ဘာကြောင့် ရဲတွေဟာ ပြည်သူတွေကို လက်လွတ်စပယ် လူမြင်ကွင်းမှာလုပ်ရဲလဲ

ဒီလောက်ပါပဲခင်ဗျာ။ အေးအေးဆေးဆေး စဉ်းစားကြပါဗျာ။ အတူတူပါပဲလေ နဲ့ပဲ ပြီးသွားမယ်ထင်ပါတယ်။ အမှန်ကို တွေ့ရှိပါစေလို့ ဆုတောင်းပါတယ်။

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

လေယာဉ် 93 အဖြစ်သည် ဒီမိုကရေစီ စာရွက်ပေါ်မှာသာ ရှိကြောင်း သက်သေဖြစ်၏

9/11 လူသတ်မှုမှာ Twin Tower ပြိုကျတဲ့ အပြင် Flight 93 လို့ခေါ်တဲ့ လေယာဉ်ပျံလည်း ပျက်ခဲ့ပါတယ်။ အစိုးရနဲ့ သတင်းဌာနကြီးတွေ ကြေငြာချက်ကတော့ လေယဉ်အပိုင်စီးရာကနေ ပျက်ကျသွားချင်းဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့်
ကာကွယ်ရေးဝန်ကြီး Donald Rumsfeld ၂၀၀၄ ခုနှစ်မှာတော့ Flight 93 လေယာဉ်ပျံကို အမေရိကန်စစ်တပ်က ပြစ်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ လေယဉ်ပျံပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ အသက်ထက် ပိုပြီး အရေးကြီးနေတာကတော့ ဒီမိုကရေစီ စာရွက်ပေါ်မှာပဲ ရှိနေတယ်ဆိုတဲ့ အချက်နဲ့ တခြားအရေးကြီး အကြောင်းအရာတွေ လက်တွေ့ မြင်လာပါတယ်ခင်ဗျာ။ ကျနော်တို့ခေါင်းစဉ်တစ်ခုစီနဲ့ ခွဲပြီးရေးသားဖေါ်ပြပါမယ် ။ ပထမဦးဆုံး Donald Rumsfeld လေယာဉ်ပြစ်ချတယ်ပြောတဲ့ youtube ကို အရင်ကြည့်ပါအုံးခင်ဗျာ။ BBC, CNN တို့မှာ သတင်းဌာနတွေက မပြသပါဘူး။



ဒါကတော့ youtube က comment လေးတခုပါခင်ဗျာ
Xerxes555 (4 months ago) Marked as spam
Wait a minute! What the hell is going on? Why isn't this first page NEWS all over the country?? The shooting down of Flight 93 changes the whole dynamic of 9/11. Why are we standing by knowing many innocent people are being killed?Are we nothing more than good Germans?




နအဖလို အမေရိကန်အစိုးရဟာ ပြည်သူတွေပေါ်မှာ လိမ်ညာပါတယ်
9/11 မှာ အမေရိကန်အစိုးကြေငြာချက်ကတော့ လေယာဉ်ပေါ်မှာခရီးသည်တွေဟာ အကြမ်းဖက်သမားတွေကို ပြန်လည်တိုက်ခိုက်လို့ လေယာဉ်ပျံ ပျက်ကျတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဘာကြောင့် အဲလိုလိမ်ညာလဲ။ သူတို့ပြစ်ချတာကို ပြစ်ချတယ်လို့ အမှန်အတိုင်း ဘာကြောင့် မပြောလဲ။ 9/11 commission ကလဲ ဘာကြောင့် အဲဒီလိုပဲ ပျက်ကျတယ်လို့ ထုတ်ပြန်လဲ။ နအဖလိုပဲ ပုလင်းတူ ဗူးစို့ တွေဆိုသာ သက်သေပြနေပါတယ်။ (အားလုံး အတူတူပါပဲကွယ်)




အမေရိကန်အခြေစိုက်သတင်းဌာနများသာမက တခြားသတင်းဌာနတွေအားလုံး လွတ်လပ်ခွင့်မရှိ (နအဖထက်ပိုဆိုးသည်)



ကာကွယ်ရေးဝန်ကြီးအဲလို ခရီးသည်တင်လေယာဉ်ပျံကို ပြစ်ချတဲ့ အကြောင်း BBC, FOX News , CNN တို့မှာ ဖေါ်ပြချင်း လုံးဝ မလုပ်ပါဘူး။ ဘာကြောင့်လဲ စဉ်းစားကြည့်ပါ။ ဒီသတင်း လူတိုင်း စိတ်ဝင်စားမှာပါ။ မြန်မာ့အလင်းသတင်းစာရဲ့ လုပ်ရပ်နဲ့ တထေရာတည်းဖြစ်နေပါတယ်။ ပိုဆိုးသည်မှာ နအဖလုပ်ရပ်ကို ပြည်ပ အခြေစိုက် သတင်းဌာနများဖြစ်တဲ့ BBC, DVB သတင်းဌာနတွေက ထုတ်ပြန်ကြေငြာပါတယ်။ ဒါပေမယ့် အခုဖြစ်ရပ်မှာ BBC လို လန်ဒန်အခြေစိုက် သတင်းဌာန ဘာမှ မပြောခဲ့ပါဘူး။ ပိုဆိုးတာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Donald Rumsfeld မှားပြောမိတာဖြစ်တယ်လို့ ထုတ်ပြန်တဲ့ အကြောင်းလေးတောင် BBC မကြေငြာခဲ့ပါဘူး။ ဒါဆိုရင် အမေရိကန်နိုင်ငံ သတင်းလွတ်လပ်ခွင့်ဟာ နအဖထက်တောင် ပိုဆိုးနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် (အားလုံး အတူတူပါပဲကွယ်)




နအဖ လိုပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဗြောင်လိမ်ပါတယ်
အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနက Donald Rumsfeld ဟာ စကားကို မှားယွင်းပြီးထွက်သွားချင်းသာ ဖြစ်တယ်လို့ လိမ်ညာခဲ့ပါတယ်။ ဒါပေမယ့်လဲ ပျက်ကျတဲ့လေယဉ်ပျံဟာ ဘယ်လိုအကြောင်းကြောင့် ၄ မိုင်အတွင်း တပိုင်းတစစီ ပျံ့ကြဲနေလဲဆိုတာ ရှင်းပြမသွားပါဘူး။ ကောင်းကင်မှာ ပေါက်ကွဲတဲ့ အရာဝထ္ထူသာ အဲလောက် ကျယ်ပြန့်တဲ့ နယ်နိမိတ်ကို ပြန့်သွား နိုင်တဲ့အကြောင်း ငါးနှစ်အရွယ် ခလေးငယ်က အစ တွေးနိုင်ပါတယ်။ Youtube မှာ CNN 9/11 နေ့က တကြိမ်သာ ထုတ်လွှင့်ခဲ့တဲ့ သတင်း ကိုပြန်ကြည့်နိုင်ပါတယ်။









ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်များ ဘာကြောင့်အသံတိတ်နေလဲ
ဒီအချက်ဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ ကွန်ဂရက်အမတ်တွေ အဲဒီကိတ်စ္စ ကွန်ဂရက်မှာ မေးမြန်းတာတွေ မလုပ်ကျပါဘူး။ မဲရဖို့အတွက် Democrat နဲ့ Republican အမတ်တွေ ကောင်းကောင်းလုပ်စားလို့ရပါတယ်။ ဒါပေမယ့် အသံတိတ်နေပါတယ်။ ဘာကြောင့်လဲ။ လူတိုင်း ရာထူးအဏာ မက်ကျတာချည်းပဲ။ မဲရဖို့ မလုပ်ကျတော့ဘူးလား။ ဒီမိုကရေစီစိတ်ဓါတ်နဲ့ရော လွတ်လပ်စွာ Bush ကိုတက်ပြီး မမေးဘူးလား။ စဉ်းစားစရာကောင်းပါတယ်





နအဖလိုပဲ ပုဂ္ဂလိက သတင်းဌာများကိုပင် အစိုးရမှ ထိမ်းချုပ်ထားပါသည်
CNN သတင်းဌာနသည် ပုဂ္ဂလိကပိုင် သတင်းဌာနဖြစ်ပါသည်။ လွတ်လပ်သော သတင်းဌာနဖြစ်ပါသည်။ ဒါပေမယ့်လည်း CNN သတင်းဌာနအပြုအမူဟာ မြန်မာ့အသံလိုပဲ အစိုးရကို လူတွေ မျက်ကန်းယုံကြည်လာအောင် ကြိုးစားထားတဲ့ အပြုအမူကို သတိထားမိပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ကြေငြာချက်ကို ထုတ်ပြန်တဲ့ သတင်းရဲ့ အဆုံးသတ်မှာ
“The independent panel charged with investigating the terrorist attacks concluded that the hijackers intentionally crashed Flight 93, apparently because they feared the passengers would overwhelm them.”
လွတ်လပ်တဲ့ 9/11 စုံစမ်းရေးကော်မရှင်ဟာ လေယာဉ်အပိုင်စီးသူတွေ ကိုယ်တိုင် ဖြတ်ချခဲ့တယ်ဆိုတာကို တွေ့ရှိတယ်လို့ ရေးထားပါတယ်။ 9/11 ကော်မရှင် တွေ့ရှိချက်ကို အသုံးပြုပြီး ကာကွယ်ရေး ၀န်ကြီးဌာန လိမ်ညာချက်ကို ပြည်သူတွေ ယုံကြည်အောင် ရေးသားထားတယ်ဆိုတာ အရမ်းကို သိသာပါတယ်။ တကယ်လို့ အချက်အလက် တခုအနေနဲ့ ရိုးသားစွာ ထည့်သွင်း ခဲ့တယ်ဆိုရင့် ”လေယဉ်ပျံအပိုင်းအစတွေ ၄ မိုင် ပတ်ဝင်းကျင်မှာ ပြန့်ကျဲနေတဲ့” လူတိုင်း သံသယရှိတဲ့ ကိတ်စ္စကို ထည့်မရေးထားလဲ။ အဲဒီအချက်ဟာ လေယာဉ်ပျံ ပျက်ကျတဲ့ ပုံနဲ့ တစက်မှ မတူပဲ ကောင်းကင်မှာ ဖေါက်ခွဲခံရတဲ့ အနေအထားမျိုးဖြစ်နေလို့ပါ။ နောက်ပြီး မျက်မြင်သက်သေတွေရဲ့ ဂျက်လေယာဉ်ပျံက ပြစ်ချသွားတယ်ဆိုတဲ့ ဆွေးနွေးခန်းတွေကို ဘာကြောင့် ချန်လှပ်ထားခဲ့လဲ။ Lacy Peterson ကိစ္စလို လူတစ်ယောက် သေတာကိုတောင် အကျယ်ချဲ့ရင် လူပေါင်းရာနဲ့ချီပြီး အသတ်ခံခဲ့ရတဲ့ အဖြစ်ကို ဘာကြောင့် အကျယ်မချဲ့လဲ။ ဒီတစ်ခုဟာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။




နအဖလိုပဲ အစိုးရ အနေနဲ့ တရားရုံးကို လိုသလို အသုံးချပါတယ်

အမေရိကန်တရားရုံးမှာ Zacarias Moussaoui ကို အစိုးရက တရားစွဲတဲ့အချိန်မှာ အသုံးပြုခဲ့တာကတော့ Flight 93 ပေါ်မှာ အသံသွင်း တိပ်ခွေအတုပါ။ Donald Rumsfeld ပြောခဲ့တာက ၂၀၀၄ ခုနှစ်မှာပါ။ တိပ်ခွေအတုထွက်လာတာ ၂၀၀၆ ပါ။ တရားရုံးမှာ သက်သေပစ္စည်းတွေ အတုတွေအသုံးပြု အစိုးရကိုယ်တိုင်ဖြစ်နေပါတယ်။ တရားရုံးကလည်းဒါကို မသိကျိုးနွံပြုခဲ့ပါတယ်။ ဒါကိုကြည့်ရင် တရားရုံးမှာ အခွင့်အဏာ ထင်သလောက် မရှိဘူးဆိုတာ သက်သေပြနေပါတယ်။ တရားရုံးကလဲ အထောက်အထားအတုကို တရားစီရင်တဲ့နေရာမှာ အသုံးပြုခဲ့တာပါ။ ကျနော်တို့ မြန်မာပြည်မှာက နအဖက တရားရုံးကို တိုက်ရိုက် သြဇာပေးပါတယ်။ အမေရိကမှာတော့ အစိုးရနဲ့ တရားရုံး လက်ဝါးရိုက်ပြီး ပြည်သူတွေကို လိမ်ညာနေတဲ့ အနေအထားလို့ ပြောလို့ ရပါတယ်။


နအဖလို ရုပ်ရှင်များမှတဆင့် မိမိလူထုကို ၀ါဒမှိုင်းတိုက်ချင်း
ကျနော်တို့ မြန်မာပြည်မှာဆိုရင် ဂုဏ်ပြုရုပ်ရှင်၊ ဇတ်လမ်းတွေရှိပါတယ်။ ဒီဇတ်လမ်းတွေဟာ နအဖ အပြောအဆို၊ လုပ်ရပ်တွေကို လူတွေ ယုံကြည်လာအောင် ဆိုက်ဝါးလုပ်ပေးတာပါ။ အမေရိကမှာလည်း အဲဒီလုပ်ရပ် မြင်တွေ့နိုင်ပါတယ်။ United 93 ရုပ်ရှင်ကြေငြာကို ကြည့်လိုက်ရင် ကျနော် ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်မှာပါ။





ရယ်မောစရာ Donald Rumsfeld ဟာသ ဗီဒီလေးနဲ့အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ သတ္တ၀ါများအားလုံး ကျမ်းမာ၊ ချမ်းသာကျပါစေ။ မတရားလောဘကို အားပေးသော အယူဝါဒများ ပျောက်ကွယ်ကျပါစေ။




ကိုးကားချက်များ။

Flight 93 Transcript
http://www.cnn.com/interactive/law/0604/transcript.flight93/index.html


Rumsfeld says 9-11 plane 'shot down' in Pennsylvania
http://www.wnd.com/news/article.asp?ARTICLE_ID=42112

Pentagon: Rumsfeld misspoke on Flight 93 crash
http://www.cnn.com/2004/US/12/27/rumsfeld.flt93/index.html


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)


ဒီမိုကရေစီ ၀န်ကြီးချုပ် Tony blair လန်ဒန်ဗုံန်းပေါက်ကွဲမှု စုံစမ်းရေးအဖွဲ့ မလုပ်နိုင်ဘူးတဲ့

7/7 လူသတ်မှုကြီးသည် 9/11 လူသတ်မှုကြီး ကဲ့သို့ ဒီမိုကရေစီအစိုးရ လူသတ်မှုကြီးဖြစ်သည်။ လူတွေဟာ လန်ဒန်ဗုံန်းပေါက်ကွဲမှုမှာ သူတို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုယ်တိုင် လုပ်တယ်လို့ ယုံကြည်နေကျပါတယ်။ အဲလိုယုံကြည်နိုင်တဲ့ အချက်တွေ အများကြီးလဲ ရှိနေပါတယ်။ ဒီမိုကရေစီ နိုင်ငံခေါင်းဆောင် Tony Blair ဟာ Bush ရဲ့ မှားယွင်းလုပ်ကိုင်ပုံကို သင်ခန်းစာယူလိုက်ပုံလည်း ရပါတယ်။ ပြည်သူလူထု တောင်းဆိုတဲ့ စုံစမ်းရေးအဖွဲကို မလုပ်ပေးနိုင်ဘူးတဲ့။ 9/11 လို ရုပ်ပြ စုံစမ်းရေးအဖွဲ့ နဲ့ ပြည်သူတွေကို အလုပ်ရှုပ်ခံပြီး ချွေးသိပ်ပေးချင်ပုံမပေါ်ပါဘူး။ ဒါပေမယ့် Tony Blair ဒီမိုကရေစီစံနစ်နဲ့ အညီ အာဏာရှင်မြန်မာနိုင်ငံလို လုပ်မပေးနိုင်ဘူးလို့ ဒဲ့ပြောတာတော့မဟုတ်ပါဘူး။ အကြောင်းပြချက်လေးတော့ ပေးထားပါတယ်။ အဲလိုလုပ်ချင်းဟာ သူတို့ MI တွေကို သိက္ခာထိခိုက်စေနိုင်ပြီး အကြမ်းဖျက်သမားတွေကို တိုက်ခိုက်တဲ့ အဓိက လမ်းကြောင်းကနေ သွေဖီသွားမှာ စိုးရိမ်လို့တဲ့။ တော်လိုက်တဲ့ ၀န်ကြီးချုပ် ပါလား

အကိုးအကား
Blair rejects 7/7 inquiry calls
http://news.bbc.co.uk/2/hi/uk_news/6615387.stm
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)