Friday, May 9, 2008

ငါတို့အစိုးရဆိုတာ အဲလိုမျိုးလား?




•မြန်မာ ၅ သောင်းသေပြီး မြန်မာလူမျိုး တစ်သန်း အခြေပျက် အနေပျက်ဖြစ်နေတဲ့ အချိန်ပါ။
•ပြည်သူတွေရဲ့ စိတ်ထဲမှာ ကြောက်ရွံ့စိတ်တွေ ဖုံးလွှမ်းနေတဲ့အချိန်ပါ။
•သတင်းတွေမှာလည်း အကူအညီတွေကို ၀င်ခွင့်ရဖို့ ပြဿနာမျိုးစုံဖြစ်နေတယ်လို့ ကြားနေတဲ့အချိန်ပါ။
•ဒီလိုကပ်ကြီးဟာ ဖွံ့ဖြိုးပြီးနိုင်ငံ အစိုးရများပင် မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးပါ။
•ကျနော်တို့ ပထမခေါင်းဆောင်ကြီးဟာ လမ်းတောင်မလျှောက်နိုင်လို့ တွဲလျှောက်နေရတဲ့အနေအထား။

အဲလိုမျိုး မုန်တိုင်းကိစ္စမှာ အဖက်ဖက်က အဆင်မပြေမှုတွေနဲ့ မနိုင်မနင်းဖြစ်နေချိန်မှာ လူထုဆန္ဒခံယူပွဲကြီး ကျင်းပတော့ပါမယ်။ ပြည်သူ.. ပြည်သား ငါးသောင်း အသေဆိုးနဲသေခဲ့ရတဲ့ ကိစ္စကြီးကို အဲလောက် မျက်နှာလွဲခဲပြစ် လုပ်နေတဲ့သူတွေက ကျနော်တို့ကို အုပ်ချုပ်နေတာ ... ဟုတ်မှ ဟုတ်ပါရဲ့လား?

No comments: