Friday, August 31, 2007

အမေရိကန် အစိုးရ ကယ်ဆယ်ရေးအဖွဲ့များ နှာဘူးကျချင်း

အမေရိကန်အစိုးရရဲ့ Katrina ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ မိမိရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ဒုက္ခသည် အမျိုးသမီးများအပေါ် မဖွယ်မရာတွေ ပြုလုပ်ခိုင်းကြောင်း သတင်းမှာ ရေးထားပါတယ်။ ဒီမိုကရေစီ အမေရိကန် အစိုးရဟာ Katrina မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ အမေရိကန်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ အမှန်တကယ် လုပ်မပေးပါဘူး။ (ဘာကြောင့်လဲဆို အကျယ်တ၀င့် နောက်အပတ်တွင် ရေးပြပါမယ်)။ ဒါကြောင့်လဲ ကယ်ဆယ်ရေးလုပ်ငန်းက မရှိသလောက်နည်းပါတယ်။ အကျင့်ပျက် ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ အမျိုးသမီးလေးများကို အင်္ကျီလှန်ပြီး သူတို့ရဲ့ ရင်သားတွေကို ပြသခိုင်းကျပါတယ်။ တကယ်လို့ အဲလိုမလုပ်ဘူးဆိုရင် ကယ်ဆယ်ရေးပစ္စည်းများ ပေးချင်း မပြုပဲ ပြစ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီမိုကရေစီရှေ့ဆောင်နိုင်ငံ အမေရိကနိုင်ငံကြီးမှာ ဖြစ်ပျက်နေတာ လေးပါခင်ဗျာ။

ကိုးကားချက်
Female survivors urged to flash breasts for help
http://www.worldnetdaily.com/news/article.asp?ARTICLE_ID=46160
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Wednesday, August 29, 2007

အမေရိကန်ရဲတွေလဲ ဂိုထောင်ဖေါက်ကျ၏

၁၉၈၈ ခုနှစ်မှာ ကျနော်တို့ မြန်မာ့ တပ်မတော်သားတွေ ဂိုထောင်တွေကို ဖေါက်ခဲ့ကျပါတယ်။ ဘယ်လိုကြောင့် ဂိုထောင်ဖေါက်တယ်ဆိုတာ အကြောင်းပြချက် အမျိုးမျိုးကြားနေရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂိုထောင်ဖေါက်တာ ကောင်းတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ တိုင်းပြည် သိက္ခာထိခိုက်စေတာတော့ အမှန်ပါပဲခင်ဗျာ။ ထို့အတူပဲ အမေရိကန် ရဲတွေလည်း ဂိုထောင်ဖေါက်ကျပါတယ်။ Katrina မုန်တိုင်းအပီးမှာ လူတွေရဲတွေအားလုံး ဂိုထောင်တွေကို ဖေါက်ကျပါတယ်။ ဒီမှာကြည့်လိုက်ပါအုံးခင်ဗျာ




အောက်ကဗီဒီယိုကတော့ အဖြူရဲ ဂိုထောင်ဖေါက်တဲ့ ဗီဒီယိုပါခင်ဗျာ။ ရဲ သယ်လာတဲ့ မော်နီတာ အဟောင်းတစ်လုံးဟာ ရဲတစ်ယောက်ရဲ့ တစ်နာရီလုပ်ခပဲရှိပါတယ်။ ကျနော်တို့ နိုင်ငံတခုတည်း ကြည့်ပီး အပြစ်တင်နေတာတွေဟာ လက်တွေ့မကျကြောင်း အခုဗီဒီယိုတွေက သက်သေပြနေပါသည်။





(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

တရားရုံးနဲ့ အရင်းရှင်များ ညှိပြီး ဘ၀ပေါင်းများစွာ ဖျက်စီးခဲ့သလား

တကယ်စိတ်မကောင်းစရာ အဖြစ်ဆိုးတွေ အမေရိကန်ပြည်သူတွေ ရင်ဆိုင်နေရတာ မြန်မာပြည်သူလူထု မသိကျပါဘူး။ ဒါလဲ မြန်မာပြည်သူတွေ အပြစ်မဟုတ်ပါဘူး။ ဆိုက်ဝါးလုပ်တဲ့ BBC, DVB သတင်းဌာနကြီးတွေဟာ အမေရိကန်တိုးတက်တယ် ချမ်းသာတယ်လို့ မြင်အောင် သတင်းတွေကို စနစ်တကျ လုပ်ထားချင်းကြောင့် ဖြစ်ပါတယ်။ အခုပြောချင်တာကတော့ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံး ပျက်စီးစေခဲ့တဲ့ Katrina မုန်တိုင်း ဒုက္ခသည်တွေရဲ့ ရင်နစ်ဖွယ်ဇတ်လမ်းလေးပါ။ 9/11 ၊ 7/7 လူသတ်မှုနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ကျန်နေခဲ့ပါသေးတယ်။ ဒါပေမယ့် အခုဒီလောက်ပဲ ရပ်ထားပြီး တခြားပြောချင်တာတွေ ဆက်ပါအုံးမယ်။

Katrina မုန်တိုင်းကြီးကြောင့် လူတွေ သေကျေပျက်စီးတာ မရှိသလောက်ပါ။ ဘယ်လိုနည်းနဲ့ လူပေါင်း နှစ်ထောင်လောက် အသက်ဆုံးရှုံးခဲ့လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ။ အဖြေကတော့ New Orleans မြို့ရဲ့ ရေတားတမံကြီး ကျိုးပေါက်ရာကနေ ရေများမြိုကို ဖုံးသွားပြီး ရေနစ်သေဆုံးခဲ့ချင်း ကြောင့်ဖြစ်ပါတယ်။ ထို့အတူပဲ အိမ်တွေဟာလည်း ရေမြုပ်ပြီး လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ ဒါကတော့ New Orleans မြို့တည်နေပုံ မူမမှန်တာလဲ အပြစ်လို့ ဝေဖန်လို့ ရပါတယ်။ New Orleans မြိ့ဟာ ပုံမှာပြထားတဲ့အတိုင်း ချိုင့်ဝှမ်းထဲမှာ မြို့လုပ်ထားတာပါ။ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်ပါတယ်။ မြို့ရဲ့ ဘေးမှာရှိတဲ့ ဧရာမ ရေကန် ကြီးမှ ရေးများမြို့ထဲ မ၀င်လာအောင် ရေတားတမံကြီးများနဲ့ တားဆီးထားရတာဖြစ်ပါတယ်။
မုန်တိုင်းဝင်တော့ ဘေးကန်ကြီးတွေမှာ ရေတွေများပြီး တာတမံကြီး ကျိုးကျသွားတယ်လို့ သတင်းတွေနဲ့ အစိုးရက ကြေငြာခဲ့ပါတယ်။ ပိုဆိုးတာ ရေကာတာ တည်ဆောက်ခဲ့တဲ့ U.S. Army Corps of Engineers က သူတို့ ဒီဇိုင်းဆွဲခဲ့တဲ့ ချွတ်ယွင်းချက် ကြောင့် ရေကာတာ ကျိုးခဲ့တာဖြစ်တယ်လို့လဲ ကြေငြာခဲ့ပါ။



ကျနော်တို့ မြန်မာတွေထင်သလို အာမခံကုမဏီတွေဟာ ရော်ကြေးငွေ လွယ်လွယ်ကူကူ ထုတ်ပေးတာ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီး တရားရုံးမှာ တက်ပြီးတောင်းရတာပါ။ အာမခံကုမဏီကလဲ သူတို့ ရော်ကြေးမပေးရအောင် ရှေ့နေတွေနဲ့ ကာကွယ်ပါတယ်။ တရားသူကြီးတွေက နှစ်ဖက်ပြောစကားကို ကြားနာပြီး ရော်ကြေးပေးသင့်လား၊ ဘယ်ပမာဏအထိပေးရမလဲ စတာတွေကို စီရင်ချက်ချပါတယ်။ Katrina ကိစ္စမှာတော့ ရေမြုပ်ပြီး ပျက်စီးသွားတဲ့ အိမ်တွေ တခုမှ ရော်ကြေးပေးဖို့ မလိုဘူးဆိုပြီး တရားသူကြီးက အမိန်ချပါတယ်။ အကြောင်းကတော့ Insurance company အာမခံထားတာ သဘာဝ ဘေးနဲ့ ပျက်စီးချင်းတာပဲ ဖြစ်တယ်တဲ့။ လူကြောင့်မပါဘူးတဲ့။ အခုဟာ ရေကာတာ ဒီဇိုင်းဆွဲတာ မှားယွင်းလို့ ကျိုးပေါက်ခဲ့တာ ဖြစ်ပြီး ဘာမှ ရော်စရာ မလိုဘူးတဲ့ဗျာ။ ကဲ ဘယ်လောက် အသည်းနာဖို့ကောင်းလဲ။ လစဉ်ပေးထားတဲ့ အာမခံကြေးတွေကို ကုမဏီကြီးတွေက အိပ်ထဲထည့်ပြီး တကယ်တမ်းကျတော့ မရော်ဘူး။

ဒီမှာ ကျနော်တို့မြန်မာတွေ သတိပြုထားသင့်တာလေးတွေ အမှတ်စဉ်နဲ့ တင်ပြချင်ပါတယ်
(၁) အာမခံကုမဏီတွေဟာ ကျနော်တို့ ထင်ထားသလို ရော်ကြေးကို လွယ်လွယ်နဲ့ ထုတ်မပေးပါဘူး

(၂) တရားရုံးဟာ အစိုးရထုတ်ပြန်တဲ့ ရေကာတာ လူ့ချွတ်ယွင်းချက်ကြောင့် ပေါက်တယ်လို့ ပြောတဲ့ အချက်ကို လုံးဝ မျက်စိပိတ် လက်ခံတဲ့သဘောရှိပါတယ်။

(၃)နောက်ဆုံးတော့ မိမိအိမ်တွေကို စိတ်ချလက်ချရှိဖို့ လစဉ်ကြေးပေးထားတဲ့ အာမခံငွေတွေဟာ အလဟဿဖြစ်သွားပြီး မိမိတို့ လည်း လမ်းပေါ်မှာ ရောက်သွားခဲ့ပါတယ်။ ၀မ်းနည်းစရာ အဖြစ်ဆိုးပါ
(၄) ဒီဘက်တွေမှာလည်း လည်သူစားစတမ်းတွေ လုပ်နေကျတယ်ဆိုတာ မြင်သာပါတယ်။




ကိုးကားချက်။
Big Insurers Win Ruling On Katrina Levee Break
http://www.washingtonpost.com/wp-dyn/content/article/2007/08/02/AR2007080201162.html



(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, August 24, 2007

(ဒုတိယအပိုင်း) ငါပြောသလိုလုပ် . . . . ငါလုပ်သလိုမလုပ်နဲ့

ဒီမိုကရေစီသမားတွေရဲ့ သဘာဝကို သေချာလေ့လာကြည့်ရင် တော်တော်ကြီးကို ရယ်စရာကောင်းတယ် ထင်တယ်။ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဒီမိုကရေစီ သမားတွေဟာ သူများကို ဆရာအရမ်းလုပ်ချင်တဲ့ ၀သီရှိတယ်လို့ မြင်ပါတယ်။ ကိုယ်ပြောတဲ့ စကားကိုလည်း တဖက်က နားထောင်စေချင်တယ်။ နားမထောင်ရင် ဒီမိုကရေစီတွေ လူအခွင့်အရေးတွေနဲ့ ကိုင်ပေါက်ကျတယ်။ သူတော်ကောင်း ဟန်ပန်နဲ့ပေါ့ဗျာ။ အဲ. . . ကိုယ့်အလှည့်ရောက်တဲ့ အချိန်မှာတော့ အရှက်မဲ့စွာ လူအခွင့်အရေးတွေ ဒီမိုကရေစီတွေကို မျက်ကွယ် ပြုတာ သတိထားမိပါတယ် ခင်ဗျာ။

ကျနော်တို့ မြန်မာနိုင်ငံ လူအခွင့်အရေးနဲ့ ပတ်သက်ရင် ဆရာကြီး အထာနဲ့ ပြောတတ် ဆိုတတ်တဲ့ အမေရိကန် အကြောင်းတင်ပြချင်ပါတယ်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနဟာ သူတို့ရဲ့ အကျဉ်းစခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြား အခြေခံလူအခွင့်အရေးတွေကို လျစ်လျူရှုတယ်လို့ နာမည်ပျက်ရှိပါတယ်။ အဲဒီအကျဉ်းစခန်းတွေမှာ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို ချုပ်ထားပါတယ်။ ရာဇတ်ကျူးလွန်တဲ့ သူတွေ မဟုတ်ပါဘူး။ အခြေခံလူအခွင့်အရေးတွေကို မလိုက်နာဘူးလို့ နာမည်ဆိုးတွေ ထွက်နေတော့ ကုလသမဂ္ဂ လူအခွင့်အရေး ကော်မရှင်က လာရောက် ၀င်ရောက် ကြည့်ရှုခွင့်တောင်းတာကို အမေရိကန်အစိုးရက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။ ဒီမိုကရေစီရှေ့ဆောင်နိုင်ငံ ရဲ့ အပြုအမှုပါခင်ဗျာ။

နောက်တခုကတော့ ကုလသမဂ္ဂ UN Watch director Hillel Neuer ရဲ့ အပြုအမှုကို တင်ပြချင်ပါတယ်ခင်ဗျာ။ မက္ကစီကိုမှ Luis Alfonso De Alba ရဲ့ အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ ကုလသမဂ္ဂ လူအခွင့်အရေးကော်မတီရဲ့ ဘက်လိုက်တဲ့ကိစ္စ တိတိကျကျ တင်ပြခဲ့ပါတယ်။ ကျနော်တို့ သိတဲ့ ကုလသမဂ္ဂဆိုတာ လွတ်လပ်စွာ တင်ပြခွင့်ပေးတယ်ပေါ့ဗျာ။ ဒီမှာတော့ နောင်မှာ အခုလိုဝေဖန်တဲ့ အပြုအမှုကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူးတဲ့ဗျ။ အခုလို တင်ပြတာမျိုးလုံးဝ မလုပ်နဲ့လို့ ပေါ်တင် တားမြစ်ပါတယ်။ အခုလို စကားမျိုးပြောတဲ့ အတွက် ကျေးဇူးလဲ မတင်နိုင်ဘူးလို့လဲ ရင့်ရင့်သီးသီးပြောလိုက်ပါသေးတယ်။ သြော် ကျနော်တို့ မြန်မာ့ဒီမိုကရေစီသမား ၀ိဥာဉ်များ Hillel Neuer ကိုယ်ထဲဝင်ပူးပြီး ပြေနေသလားလို့ ထင်မိပါတယ်။ ကဲကျနော်တို့ ဒီမိုကရေစီ စာရွက်ပေါ်မှာပဲရှိတယ်လို့ ယုံတာ အပြစ်တင်အုံးမလားဗျာ။


ကိုးကားချက်။
U.N. barred from Texas detention center
http://www.upi.com/Security_Terrorism/Briefing/2007/05/21/un_barred_from_texas_detention_center/6664
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

ငါပြောသလိုလုပ် . . . . ငါလုပ်သလိုမလုပ်နဲ့

မနေ့တနေ့က လူတစ်ယောက် ဆိုင်းဘုတ်လေးကိုင်ပီး အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြတာ DVB မှတ်တမ်းဓါတ်ပုံမှာ သွားတွေ့ပါတယ်။ ဆိုင်းဘုတ်မှာ ရေးထားတာ တရုပ် / ရုရှား မိဘ အလိုမရှိတဲ့။ သူ့လုပ်ပုံကိုကြည့်ပီး အကဲခတ်ရတာ အမေရိကန်ကိုတော့ အဖေတော်ချင်တယ်ဆိုတဲ့ သဘောပဲ။ တကယ်တော့ ဒီမိုကရေစီအရေး လုပ်နေတဲ့ သူတွေရဲ့ လုပ်ရပ်ကို မြင်တိုင်း (ငါပြောသလိုလုပ် . . ငါလုပ်သလို မလုပ်နဲ့) ဆိုတဲ့ ဆောင်ပုဒ်လေးကို အမြဲ သတိရပေးနေသလို ခံစားမိပါတယ်။ ဥပမာ ဒီမိုကရေစီသမားများမှ နအဖကို ပြည်သူလူထုကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးရမယ်လို့ အတင်းကို ဖိအားပေးနေပါတယ်။ ဒါပေမယ့် သူတို့ကျတော့ လွတ်လပ်စွာပြောဆိုခွင့်ကို လူမြင်မကောင်းအောင် ပိတ်ပင်နေကြပါတယ်။ မြန်မာ့အသံ သတင်းဘက်မလိုက်သင့်ဘူးလို့ ပြောနေပေမယ့် သူတို့ အားကိုးနေတဲ့ BBC, DVB သတင်းဌာနတွေကတော့ ဘက်လိုက်နေကျပါတယ်။ ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတဲ့ ဆောင်ပုဒ်လေးဟာ ဒီမိုကရေစီလုပ်နေတဲ့ သူတွေအတွက် အထူးတီထွင် ပေးထားတယ်လို့တောင် ထင်လို့ရပါတယ်။ အခုလည်း တရုပ်၊ရုရှားကို နအဖ အဖေတော်တာ ဆန့်ကျင်တယ်တဲ့။ သြော် သူတို့ကျတော့ အမေရိကန်၊ အင်္ဂလန် တွေ့သမျှ အဖြူနိုင်ငံတွေကိုတော့ အဖေတော်ချင်ပုံ ပေါ်နေလားလို့ ။ အတွေးမှားရင်တော့ ခွင့်လွှတ်ကျပါဗျာ။ အမေရိကန်စစ်တပ် ကို ဘာမှန်းမသိပဲ DVB, BBC ပြောလို့ အထင်ကြီးနေသူများ အတွက် မှတ်တမ်းတင် ဗီဒီယိုလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ အမှန်တရားကို ရဲဝင့်စွာ တွေးတော ဆင်ခြင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

အမေရိကန် အစိုးရ CNN (အမေရိကန် မြန်မာ့အသံ) သတင်းတွေထဲမှာ ပြောသလို ဘာသာရေး အဆောက်အဦးတွေကို မထိခိုက်အောင် အမှန်တကယ် ကာကွယ်ရဲ့လားဆိုတာ ဒီဗီဒီယိုကိုကြည့်ပီး ဆုံးဖြတ်နိုင်ပါတယ်



သတင်းတွေထဲမှာတော့ အမေရိကန်စစ်သားတွေ ကလေးတွေကို ချိုချဉ်နဲ့စားစရာတွေ လိုက်ဝေနေပါတာ မြင်ရမှာပါ။ ဒီမှာတော့ ရိုက်နှက်ပါတယ်။ ကြံ့ဖွတ်လဲ အမေရိကန်ကို အားကျတယ်ထင်ပါတယ်။ အမှန်ကို ရှာဖွေလိုသူများအတွက် လမ်းစ တစ်ခုပါ။

မြန်မာစစ်သားတွေနဲ့ ပတ်သက်ရင် အမြဲသတင်းကို ပိုပြောတာတွေ၊ လိမ်ပြောတာတွေ ရှိပါတယ်။ ဒီမှာတော့ အမေရိကန်ကြေးစားစစ်သားတွေ ကားမောင်းရင်း လမ်းဘေးမှာ ရှိတဲ့ သိုးအုပ်ကို လက်ဆော့ ပြစ်သွားတာပါ။



BBC, DVB သတင်းထဲမှာ မြန်မာစစ်သားတွေ ရွာဝင်မီးရှို့တယ်ဆိုတဲ့ သတင်းကို ကြားဖူးကြမှာပါ။ ဘာအကြောင်းကြောင့် မီးရှို့လဲ။ အဲဒီသတင်းတွေ တကယ်မှန်လားဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒီမှာတော့ အမေရိကန် စစ်သားတွေ အီရတ်မှာ မရှိလို့ တက္ကစီ မောင်းစားနေသူရဲ့ ကားလေးကို တင့်ကားနဲ့ ပစိ ပနယ် တက်ကြိတ်ပီး ၀မ်းသာ ကြည်နူးနေတဲ့ ပုံပါ။


အမေရိကန်စစ်သားတွေ ကလေးငယ်လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် ထိုးကြိတ်ခိုင်းတဲ့ ဗီဒီယိုပါ။ ကျနော်တို့ အညာမှာ ကြက်တိုက်သလိုမျိုးပေါ့။ ကလေးတွေကို တိရိစ္ဆာန်လို လုပ်ထားတဲ့ ဗီဒီယိုပါ။


ှShoot first policy! လို့ပြောရမလားပဲ။ သတင်းထဲမှာတော့ သမကာင်္တဲ့ကားကို အရင်တားတယ် မရမှ ပြစ်တယ်ပေါ့ဗျာ။ ဒီမှာတော့ မသကာင်္တဲ့ကားကို အရင်ပြစ်တယ်။


အမေရိကန်စစ်သားတွေ ကလေးတွေကို နေပူထဲမှာ ရေဗူးလေးနဲ့ ဘယ်လို ကစားလဲ ကြည့်ပါ။


အမေရိကန် ကြေးစားစစ်သားတွေ အရပ်ဖက်ကားကို လက်သရမ်းပြစ်ခတ်နေတဲ့ပုံပါ။ သြော် ဒီမိုကရေစီ


ဒီမှာတော့ အမေရိကန် စစ်တပ် လမ်းပေါ်မှာ မြင်မြင်သမျှ ပြစ်ခတ်နေတဲ့ဗီဒီယိုပါ


အမေရိကန်ကို မျက်ကန်းအထင်ကြီးနေသူများအတွက် စဉ်းစားဖို့ တင်ပေးထားချင်း ဖြစ်ပါတယ်။

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, August 17, 2007

9/11 နဲ့ 7/7 လူသတ်မှုကို ဒီမိုကရေစီစိတ်ဝင်စားသူတွေ မေ့ထားသင့်လား

အမှားအမှန် ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိတယ်ယုံကြည်ရင် ကျနော်ရေးထားတာကို ဆုံးအောင် ဖတ်ပေးပါခင်ဗျာ။ ကျနော်တို့ နှစ်ယောက်ကတော့ စကားလုံးလှလှလေးများကို အသုံးပြုပြီး အယုံသွင်းတဲ့ အလုပ်ကို မနှစ်သက်ပါဘူး။ လိုရင်းတိုရှင်း ပြောပါမယ်။ အမှားအမှန် မိမိဦးနှောက်နဲ့ စဉ်းစား စေချင်ပါတယ်။ Closed mind လုပ်ပြီး ဆက်မဖတ်ချင်ဖူးဆိုရင်လဲ ကျနော် မတတ်နိုင်ပါဘူးခင်ဗျာ။

မြင်သာအောင် ကျနော်ကားဝယ်တဲ့ ပုံစံလေး အသုံးပြုရှင်းပြ ချင်ပါတယ်ခင်ဗျာ။ ပွဲစား စိတ်ဓါတ်လေးကို ပြောကြည့်ပါမယ်။ ပွဲစား တွေဟာ ကျနော်တို့ရဲ့ ပျော့ကွက်ကို သိကျပါတယ်။ သူတို့ကား မ၀ယ် ၀ယ်အောင် ညွှန်းပြီး ပြောတတ်ကျပါတယ်။ လိုအပ်ရင် ဖြဲချောက်တာတွေ ရှိကြပါတယ်ခင်ဗျ။ ဖိအားပေး တာတွေလဲ လုပ်တတ်ကျပါတယ်ခင်ဗျ။ ဘာမှ မလေ့လာပဲ ကားပွဲစားနဲ့တွေ့လိုကတော့ သူတို့ရဲ့ ချောက်လုံး မြှောက်လုံးများကြားမှာ မြောသွားပြီး သူတို့ ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်လေး ဖြစ်သွားမှာပါ။ ကားပွဲစားတွေကို ယုံကြည်လို့ မရဘူးပြောရင် လက်ခံမယ်ထင်ပါတယ်။ ကျနော်တို့ ပထမဆုံး ကို့အသိတွေကို သူတို့ အသုံးပြုနေတဲ့ ကားတွေ ဘယ်လိုနေလဲ မေးမြန်းရပါတယ်။ သူတို့ အသုံးပြုပြီးရတဲ့ အတွေ့အကြုံကို ကြည့်ပြီး အဲဒီကား ၀ယ်သင့်လား ဆုံးဖြတ်ရပါတယ်ခင်ဗျာ။ ဒီအထိ သဘောတူတယ် မဟုတ်လားခင်ဗျာ။

ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ရမှ ကြီးပွားမယ်လို့ မြှောက်လုံးပေးပြောနေတာပါ။ ဒီမိုကရေစီ မရရင် နိုင်ငံကြီး ဆက်လက် စုတ်ပြတ်နေမယ်လို့ ဖြဲချောက်နေတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာတွေးခေါ် ဝေဖန်ခွင့်ပေါ်မှာ တည်ဆောက် ထားတယ်ပြောပြီး နည်းနည်းပါးပါး ဝေဖန်ရင် လူမြင်လို့ မကောင်းအောင် နည်းပေါင်းစုံနဲ့ တိုက်ခိုက်နေတာ ဘယ်သူတွေလဲ။ ဒီမိုကရေစီ နိုင်ငံရေး သမားတွေ မဟုတ်လားခင်ဗျာ။ ကျနော်တို့တွေ နိုင်ငံရေးသမားတွေ အားလုံးကို ပွဲစားတွေနဲ့ တန်းတူထားရမှာပါ။ သူတို့ပြောသမျှ မယုံမိဖို့ လိုပါတယ်။ ကျနော်အခုလိုပြောတာကို ဒီမိုကရေစီ လုပ်ကိုင်နေတဲ့ အစ်ကိုတွေ စိတ်မရှိကျပါနဲ့ဗျာ။ ကျနော် စော်ကားလိုစိတ်နဲ့ ပြောနေတာ မဟုတ်ရပါဘူး။

အဲဒါတွေကြောင့် ဒီမိုကရေစီ စံနစ်ဟာ သူတို့ပြောသလို ဟုတ်ရဲ့လားဆိုတာ လက်ရှိ ဒီမိုကရေစီ စံနစ်ကျင့်သုံးနေတဲ့ အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ နိုင်ငံတွေရဲ့ အခြေအနေမှန်ကို လေ့လာဖို့လိုပါတယ်။ ကားပွဲစား နိုင်ငံရေးသမားများ ရေးသားတဲ့ စာစောင်တွေ၊ အသံလွှင့်ဌာနတွေ ရဲ့ပြောကြားချက်နဲ့ အမှားအမှန် မပိုင်းခြားပါနဲ့။ အထူးသဖြင့် သူတို့တွေဟာ Emotional Manipulation လို့ခေါ်တဲ့ အပိုင်းမှာ အရမ်းကျွမ်းကျင်ပါတယ်။ ကျနော်တို့ စိတ်ကို သူတို့ ပြောသမျှယုံအောင် လုပ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းတိကျတယ်လို့ သတ်မှတ်တဲ့ BBC ကို ကျနော်တို့ ဘက်မှာ မယုံကျပါဘူး။ မယုံဘူးဆိုရင် ဘယ်သတင်းကို နားထောင်လဲ မေးစရာရှိပါတယ်။ အဖြေကတော့ ဘယ်သတင်းမှ နားမထောင်ကျပါဘူး။ ကျတို့နှစ်ယောက် သူငယ်ချင်းတွေ အားလုံးနီးပါး သတင်းစာမှာ အားကစား၊ ရုပ်ရှင်၊ quiz နဲ့ classified ပဲ ဖတ်ကျပါတယ်။ မြန်မာပြည်သတင်းစာမှာ လူတွေက မင်္ဂလာဆောင်နဲ့ နာရေးဖတ်တဲ့သဘောမျိုးပါ။ အားလုံး အတူတူပါပဲ လေလို့ပဲ ဆိုချင်ပါတယ်ခင်ဗျာ။

မြန်မာပြည် စစ်အဏာရှင်ကြောင့် မွဲနေတယ်လို့ လူတော်တော်များများ ယုံကြည်ကျပါတယ်။ ဒါတွေကို ကျနော်တို့ကို မွေးကတည်း နေ့စဉ်ကြားနေတော့ စိတ်ထဲမှာ အမှန်လို့စွဲထင်နေကျပါတယ်။ ဒါကို ကျနော်နဲ့ အစ်ကို မောင်ဆန်လုံးဝ သဘောမတူပါဘူး။ အဏာရှင်နိုင်ငံဖြစ်ပီး ချမ်းသာနေတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်ခင်ဗျာ။ ဒီမိုကရေစီစံနစ်နဲ့ မွဲတေနေတဲ့ နိုင်ငံလည်း မနည်းပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုးရွားနေတာ ဒီမိုကရေစီနဲ့ နအဖကြား အဏာလုပွဲနဲ့ တိုင်းပြည်အတွင်း စည်းလုံးရေးလုံးဝ မရှိ ဖြစ်နေတာတွေကြောင့်ပါ။
နအဖ တခုတည်းကိုသာ အပြစ်ဖို့နေတာဟာ ကားပွဲစားများ၏ လုပ်ထုံးအစဉ်အလာနဲ့ လုံးဝ ချွတ်စွပ်တူနေပါတယ်ခင်ဗျာ။

စဉ်းစားဖို့ပါလေစာရင်း (အမှန်ကို သိလိုသူများအတွက်သာ)
(၁)ပထမဆုံး ဒီမိုကရေစီရမှ တိုးတက်ဆိုတဲ့ မက်လုံးကို ကျနော်တို့ ဖြစ်နိုင်လား စဉ်းစားပါ။ တရုပ်နိုင်ငံ ဒီမိုကရေစီ မရှိပါဘူး။ တိုးတက်ပါတယ်။ လက်ရှိဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်းကို နအဖကြီးမှာပဲ အားလုံးတာဝန်ရှိတယ်လို့ ပြောချင်းဟာ ကလေးငယ်လေးတွေကို ပုံပြင်ပြောသလိုဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ လောက်ရှိပါတယ်။ စီးပွားရေး သပိတ်မှောက်ထားတဲ့ထဲက စီးပွားရေး အဆင်ပြေတာ ကြားဖူးကျပါလား။ ဒါဆိုစီးပွားရေး ပိတ်ဆို့အောင် လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ အပြစ်မတင်ပဲ ထားသင့်လား။ စိတ်မရှိဘူးဆိုရင် မေးချင်ပါတယ်။ ဒီမိုကရေစီ သမားတွေ နအဖ လက်အောက်မှာ မြန်မာလူမျိုးတွေ စားဝတ်နေရေး အဆင်ပြေတာ မြင်ချင်ရဲ့လား ။ ကျနော် တွေးမိတောသလောက် စီးပွားရေးအဆင်ပြေပီး ပြည်သူတွေဟာ ဒီမိုကရေစီသမားတွေ အဏာရရှိရေး မကူညီမှာကိုတော့ စိုးရိမ်နေတဲ့ပုံ ရှိပါတယ်။(သက်ဆိုင်သူများ စိတ်မဆိုးကျပါနဲ့ဗျာ)

(၂) အင်ဒိုနီးရှား ဆူဟာတို အာဏာရှင် လက်အောက်မှာ တိုးတက်ပါတယ်။ ယခု ဒီမိုကရေစီ စံနစ်အောက်မှာ စီးပွားရေး ချွတ်ခြုံကျနေပါတယ်။ ဒီမိုကရေစီ စံနစ် ရှိမှ တိုးတက်မယ်ဆိုတာ လက်တွေ့ဆန်ပါသလား

(၃) ဒီမိုကရေစီ စံနစ်မှာ မိမိပြည်သူတွေရဲ့ အသက်ကို တန်ဖိုးထားရင် အမေရိကန်၊ အင်္ဂလန် နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ 9/11 နဲ့ 7/7 လူသတ်မှုကို ဘာကြောင့် တရားခံ အစစ်ကို မဖေါ်ထုတ်ပဲ နေနိုင်လဲ

(၄) လွတ်လပ်စွာ ပြောဆိုခွင့်ရှိရင် 9/11 နဲ့ 7/7 ကောင်မရှင်စုံစမ်းတဲ့ ကိတ်စ္စမှာ ပြည်သူရွေးချယ်ထားတဲ့ လွတ်တော် အမတ်တွေ ဘာကြောင့် ရေငုံနှုတ်ပိတ်နေပါလဲ။

(၅) ဘာကြောင့် အသံလွှင့်နဲ့ စာနယ်ဇင်းတွေ 9/11, 7/7 ကို အကျယ်ချဲ့ မပြောပဲနေကျလဲ။ သက်ဆိုင်တဲ့ အုပ်ချုပ်သူတွေကို မေးခွန်းမထုတ်ကျလဲ။

(၆) ဒီမိုကရေစီ (အမေရိကန်နဲ့ ကနေဒါ) အစိုးရဟာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တယ်ဆိုရင် ဘာကြောင့် ပြည်သူတွေက ဓါတုအဆိပ်ငွေ့တွေ သူတို့မြို့တွေပေါ်မှာ ပက်ဖျန်းတဲ့ စွပ်စွဲချက်ကို ယုံကြည်နေလဲ

(၇) လူသန်း ၂၀ ကျော် သေဆုံးမှု့နောက်ကွယ်မှာ အမေရိကန်အစိုးရ ပတ်သက်နေတယ်လို့ အမေရိကန်တွေ ယုံကြည်နေတာကို ဘယ်လို စဉ်းစားမလဲ။ ကိုယ့်ပြည်သူက တောင် အဲလိုထင်သွားရခြင်းရဲ့ အခြေခံက ဘာကြောင့်လဲ

(၈) ဒီမိုကရေစီစံနစ်မှာ တက်လာတဲ့ အစိုးရဟာ ပြည်သူတွေ လိုလားတာ လုပ်ပေးတယ်ဆိုရင် လူငယ်တွေ ဘာကြောင့် မဲပေးဖို့ စိတ်မ၀င်စားလဲ။

(၉) တရားဥပဒေ အမှန်အကန်ရှိရင် အမေရိကန်နဲ့ ကနေဒါ ကလူတွေဟာ FBI ၊ RCMP ၊ CIA တွေကို ဘာကြောင့် ကြောက်နေလဲ

(၁၀) သတင်းစာတွေက အစိုးရလုပ်ရပ်တွေ ထောက်ပြနိုင်စွမ်းရှိရင် ဘာကြောင့် ရဲတွေဟာ ပြည်သူတွေကို လက်လွတ်စပယ် လူမြင်ကွင်းမှာလုပ်ရဲလဲ

ဒီလောက်ပါပဲခင်ဗျာ။ အေးအေးဆေးဆေး စဉ်းစားကြပါဗျာ။ အတူတူပါပဲလေ နဲ့ပဲ ပြီးသွားမယ်ထင်ပါတယ်။ အမှန်ကို တွေ့ရှိပါစေလို့ ဆုတောင်းပါတယ်။

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

လေယာဉ် 93 အဖြစ်သည် ဒီမိုကရေစီ စာရွက်ပေါ်မှာသာ ရှိကြောင်း သက်သေဖြစ်၏

9/11 လူသတ်မှုမှာ Twin Tower ပြိုကျတဲ့ အပြင် Flight 93 လို့ခေါ်တဲ့ လေယာဉ်ပျံလည်း ပျက်ခဲ့ပါတယ်။ အစိုးရနဲ့ သတင်းဌာနကြီးတွေ ကြေငြာချက်ကတော့ လေယဉ်အပိုင်စီးရာကနေ ပျက်ကျသွားချင်းဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့်
ကာကွယ်ရေးဝန်ကြီး Donald Rumsfeld ၂၀၀၄ ခုနှစ်မှာတော့ Flight 93 လေယာဉ်ပျံကို အမေရိကန်စစ်တပ်က ပြစ်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ လေယဉ်ပျံပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ အသက်ထက် ပိုပြီး အရေးကြီးနေတာကတော့ ဒီမိုကရေစီ စာရွက်ပေါ်မှာပဲ ရှိနေတယ်ဆိုတဲ့ အချက်နဲ့ တခြားအရေးကြီး အကြောင်းအရာတွေ လက်တွေ့ မြင်လာပါတယ်ခင်ဗျာ။ ကျနော်တို့ခေါင်းစဉ်တစ်ခုစီနဲ့ ခွဲပြီးရေးသားဖေါ်ပြပါမယ် ။ ပထမဦးဆုံး Donald Rumsfeld လေယာဉ်ပြစ်ချတယ်ပြောတဲ့ youtube ကို အရင်ကြည့်ပါအုံးခင်ဗျာ။ BBC, CNN တို့မှာ သတင်းဌာနတွေက မပြသပါဘူး။



ဒါကတော့ youtube က comment လေးတခုပါခင်ဗျာ
Xerxes555 (4 months ago) Marked as spam
Wait a minute! What the hell is going on? Why isn't this first page NEWS all over the country?? The shooting down of Flight 93 changes the whole dynamic of 9/11. Why are we standing by knowing many innocent people are being killed?Are we nothing more than good Germans?




နအဖလို အမေရိကန်အစိုးရဟာ ပြည်သူတွေပေါ်မှာ လိမ်ညာပါတယ်
9/11 မှာ အမေရိကန်အစိုးကြေငြာချက်ကတော့ လေယာဉ်ပေါ်မှာခရီးသည်တွေဟာ အကြမ်းဖက်သမားတွေကို ပြန်လည်တိုက်ခိုက်လို့ လေယာဉ်ပျံ ပျက်ကျတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဘာကြောင့် အဲလိုလိမ်ညာလဲ။ သူတို့ပြစ်ချတာကို ပြစ်ချတယ်လို့ အမှန်အတိုင်း ဘာကြောင့် မပြောလဲ။ 9/11 commission ကလဲ ဘာကြောင့် အဲဒီလိုပဲ ပျက်ကျတယ်လို့ ထုတ်ပြန်လဲ။ နအဖလိုပဲ ပုလင်းတူ ဗူးစို့ တွေဆိုသာ သက်သေပြနေပါတယ်။ (အားလုံး အတူတူပါပဲကွယ်)




အမေရိကန်အခြေစိုက်သတင်းဌာနများသာမက တခြားသတင်းဌာနတွေအားလုံး လွတ်လပ်ခွင့်မရှိ (နအဖထက်ပိုဆိုးသည်)



ကာကွယ်ရေးဝန်ကြီးအဲလို ခရီးသည်တင်လေယာဉ်ပျံကို ပြစ်ချတဲ့ အကြောင်း BBC, FOX News , CNN တို့မှာ ဖေါ်ပြချင်း လုံးဝ မလုပ်ပါဘူး။ ဘာကြောင့်လဲ စဉ်းစားကြည့်ပါ။ ဒီသတင်း လူတိုင်း စိတ်ဝင်စားမှာပါ။ မြန်မာ့အလင်းသတင်းစာရဲ့ လုပ်ရပ်နဲ့ တထေရာတည်းဖြစ်နေပါတယ်။ ပိုဆိုးသည်မှာ နအဖလုပ်ရပ်ကို ပြည်ပ အခြေစိုက် သတင်းဌာနများဖြစ်တဲ့ BBC, DVB သတင်းဌာနတွေက ထုတ်ပြန်ကြေငြာပါတယ်။ ဒါပေမယ့် အခုဖြစ်ရပ်မှာ BBC လို လန်ဒန်အခြေစိုက် သတင်းဌာန ဘာမှ မပြောခဲ့ပါဘူး။ ပိုဆိုးတာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ Donald Rumsfeld မှားပြောမိတာဖြစ်တယ်လို့ ထုတ်ပြန်တဲ့ အကြောင်းလေးတောင် BBC မကြေငြာခဲ့ပါဘူး။ ဒါဆိုရင် အမေရိကန်နိုင်ငံ သတင်းလွတ်လပ်ခွင့်ဟာ နအဖထက်တောင် ပိုဆိုးနေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် (အားလုံး အတူတူပါပဲကွယ်)




နအဖ လိုပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ဗြောင်လိမ်ပါတယ်
အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနက Donald Rumsfeld ဟာ စကားကို မှားယွင်းပြီးထွက်သွားချင်းသာ ဖြစ်တယ်လို့ လိမ်ညာခဲ့ပါတယ်။ ဒါပေမယ့်လဲ ပျက်ကျတဲ့လေယဉ်ပျံဟာ ဘယ်လိုအကြောင်းကြောင့် ၄ မိုင်အတွင်း တပိုင်းတစစီ ပျံ့ကြဲနေလဲဆိုတာ ရှင်းပြမသွားပါဘူး။ ကောင်းကင်မှာ ပေါက်ကွဲတဲ့ အရာဝထ္ထူသာ အဲလောက် ကျယ်ပြန့်တဲ့ နယ်နိမိတ်ကို ပြန့်သွား နိုင်တဲ့အကြောင်း ငါးနှစ်အရွယ် ခလေးငယ်က အစ တွေးနိုင်ပါတယ်။ Youtube မှာ CNN 9/11 နေ့က တကြိမ်သာ ထုတ်လွှင့်ခဲ့တဲ့ သတင်း ကိုပြန်ကြည့်နိုင်ပါတယ်။









ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်များ ဘာကြောင့်အသံတိတ်နေလဲ
ဒီအချက်ဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်ခင်ဗျာ။ ကွန်ဂရက်အမတ်တွေ အဲဒီကိတ်စ္စ ကွန်ဂရက်မှာ မေးမြန်းတာတွေ မလုပ်ကျပါဘူး။ မဲရဖို့အတွက် Democrat နဲ့ Republican အမတ်တွေ ကောင်းကောင်းလုပ်စားလို့ရပါတယ်။ ဒါပေမယ့် အသံတိတ်နေပါတယ်။ ဘာကြောင့်လဲ။ လူတိုင်း ရာထူးအဏာ မက်ကျတာချည်းပဲ။ မဲရဖို့ မလုပ်ကျတော့ဘူးလား။ ဒီမိုကရေစီစိတ်ဓါတ်နဲ့ရော လွတ်လပ်စွာ Bush ကိုတက်ပြီး မမေးဘူးလား။ စဉ်းစားစရာကောင်းပါတယ်





နအဖလိုပဲ ပုဂ္ဂလိက သတင်းဌာများကိုပင် အစိုးရမှ ထိမ်းချုပ်ထားပါသည်
CNN သတင်းဌာနသည် ပုဂ္ဂလိကပိုင် သတင်းဌာနဖြစ်ပါသည်။ လွတ်လပ်သော သတင်းဌာနဖြစ်ပါသည်။ ဒါပေမယ့်လည်း CNN သတင်းဌာနအပြုအမူဟာ မြန်မာ့အသံလိုပဲ အစိုးရကို လူတွေ မျက်ကန်းယုံကြည်လာအောင် ကြိုးစားထားတဲ့ အပြုအမူကို သတိထားမိပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ကြေငြာချက်ကို ထုတ်ပြန်တဲ့ သတင်းရဲ့ အဆုံးသတ်မှာ
“The independent panel charged with investigating the terrorist attacks concluded that the hijackers intentionally crashed Flight 93, apparently because they feared the passengers would overwhelm them.”
လွတ်လပ်တဲ့ 9/11 စုံစမ်းရေးကော်မရှင်ဟာ လေယာဉ်အပိုင်စီးသူတွေ ကိုယ်တိုင် ဖြတ်ချခဲ့တယ်ဆိုတာကို တွေ့ရှိတယ်လို့ ရေးထားပါတယ်။ 9/11 ကော်မရှင် တွေ့ရှိချက်ကို အသုံးပြုပြီး ကာကွယ်ရေး ၀န်ကြီးဌာန လိမ်ညာချက်ကို ပြည်သူတွေ ယုံကြည်အောင် ရေးသားထားတယ်ဆိုတာ အရမ်းကို သိသာပါတယ်။ တကယ်လို့ အချက်အလက် တခုအနေနဲ့ ရိုးသားစွာ ထည့်သွင်း ခဲ့တယ်ဆိုရင့် ”လေယဉ်ပျံအပိုင်းအစတွေ ၄ မိုင် ပတ်ဝင်းကျင်မှာ ပြန့်ကျဲနေတဲ့” လူတိုင်း သံသယရှိတဲ့ ကိတ်စ္စကို ထည့်မရေးထားလဲ။ အဲဒီအချက်ဟာ လေယာဉ်ပျံ ပျက်ကျတဲ့ ပုံနဲ့ တစက်မှ မတူပဲ ကောင်းကင်မှာ ဖေါက်ခွဲခံရတဲ့ အနေအထားမျိုးဖြစ်နေလို့ပါ။ နောက်ပြီး မျက်မြင်သက်သေတွေရဲ့ ဂျက်လေယာဉ်ပျံက ပြစ်ချသွားတယ်ဆိုတဲ့ ဆွေးနွေးခန်းတွေကို ဘာကြောင့် ချန်လှပ်ထားခဲ့လဲ။ Lacy Peterson ကိစ္စလို လူတစ်ယောက် သေတာကိုတောင် အကျယ်ချဲ့ရင် လူပေါင်းရာနဲ့ချီပြီး အသတ်ခံခဲ့ရတဲ့ အဖြစ်ကို ဘာကြောင့် အကျယ်မချဲ့လဲ။ ဒီတစ်ခုဟာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။




နအဖလိုပဲ အစိုးရ အနေနဲ့ တရားရုံးကို လိုသလို အသုံးချပါတယ်

အမေရိကန်တရားရုံးမှာ Zacarias Moussaoui ကို အစိုးရက တရားစွဲတဲ့အချိန်မှာ အသုံးပြုခဲ့တာကတော့ Flight 93 ပေါ်မှာ အသံသွင်း တိပ်ခွေအတုပါ။ Donald Rumsfeld ပြောခဲ့တာက ၂၀၀၄ ခုနှစ်မှာပါ။ တိပ်ခွေအတုထွက်လာတာ ၂၀၀၆ ပါ။ တရားရုံးမှာ သက်သေပစ္စည်းတွေ အတုတွေအသုံးပြု အစိုးရကိုယ်တိုင်ဖြစ်နေပါတယ်။ တရားရုံးကလည်းဒါကို မသိကျိုးနွံပြုခဲ့ပါတယ်။ ဒါကိုကြည့်ရင် တရားရုံးမှာ အခွင့်အဏာ ထင်သလောက် မရှိဘူးဆိုတာ သက်သေပြနေပါတယ်။ တရားရုံးကလဲ အထောက်အထားအတုကို တရားစီရင်တဲ့နေရာမှာ အသုံးပြုခဲ့တာပါ။ ကျနော်တို့ မြန်မာပြည်မှာက နအဖက တရားရုံးကို တိုက်ရိုက် သြဇာပေးပါတယ်။ အမေရိကမှာတော့ အစိုးရနဲ့ တရားရုံး လက်ဝါးရိုက်ပြီး ပြည်သူတွေကို လိမ်ညာနေတဲ့ အနေအထားလို့ ပြောလို့ ရပါတယ်။


နအဖလို ရုပ်ရှင်များမှတဆင့် မိမိလူထုကို ၀ါဒမှိုင်းတိုက်ချင်း
ကျနော်တို့ မြန်မာပြည်မှာဆိုရင် ဂုဏ်ပြုရုပ်ရှင်၊ ဇတ်လမ်းတွေရှိပါတယ်။ ဒီဇတ်လမ်းတွေဟာ နအဖ အပြောအဆို၊ လုပ်ရပ်တွေကို လူတွေ ယုံကြည်လာအောင် ဆိုက်ဝါးလုပ်ပေးတာပါ။ အမေရိကမှာလည်း အဲဒီလုပ်ရပ် မြင်တွေ့နိုင်ပါတယ်။ United 93 ရုပ်ရှင်ကြေငြာကို ကြည့်လိုက်ရင် ကျနော် ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်မှာပါ။





ရယ်မောစရာ Donald Rumsfeld ဟာသ ဗီဒီလေးနဲ့အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ သတ္တ၀ါများအားလုံး ကျမ်းမာ၊ ချမ်းသာကျပါစေ။ မတရားလောဘကို အားပေးသော အယူဝါဒများ ပျောက်ကွယ်ကျပါစေ။




ကိုးကားချက်များ။

Flight 93 Transcript
http://www.cnn.com/interactive/law/0604/transcript.flight93/index.html


Rumsfeld says 9-11 plane 'shot down' in Pennsylvania
http://www.wnd.com/news/article.asp?ARTICLE_ID=42112

Pentagon: Rumsfeld misspoke on Flight 93 crash
http://www.cnn.com/2004/US/12/27/rumsfeld.flt93/index.html


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)


ဒီမိုကရေစီ ၀န်ကြီးချုပ် Tony blair လန်ဒန်ဗုံန်းပေါက်ကွဲမှု စုံစမ်းရေးအဖွဲ့ မလုပ်နိုင်ဘူးတဲ့

7/7 လူသတ်မှုကြီးသည် 9/11 လူသတ်မှုကြီး ကဲ့သို့ ဒီမိုကရေစီအစိုးရ လူသတ်မှုကြီးဖြစ်သည်။ လူတွေဟာ လန်ဒန်ဗုံန်းပေါက်ကွဲမှုမှာ သူတို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုယ်တိုင် လုပ်တယ်လို့ ယုံကြည်နေကျပါတယ်။ အဲလိုယုံကြည်နိုင်တဲ့ အချက်တွေ အများကြီးလဲ ရှိနေပါတယ်။ ဒီမိုကရေစီ နိုင်ငံခေါင်းဆောင် Tony Blair ဟာ Bush ရဲ့ မှားယွင်းလုပ်ကိုင်ပုံကို သင်ခန်းစာယူလိုက်ပုံလည်း ရပါတယ်။ ပြည်သူလူထု တောင်းဆိုတဲ့ စုံစမ်းရေးအဖွဲကို မလုပ်ပေးနိုင်ဘူးတဲ့။ 9/11 လို ရုပ်ပြ စုံစမ်းရေးအဖွဲ့ နဲ့ ပြည်သူတွေကို အလုပ်ရှုပ်ခံပြီး ချွေးသိပ်ပေးချင်ပုံမပေါ်ပါဘူး။ ဒါပေမယ့် Tony Blair ဒီမိုကရေစီစံနစ်နဲ့ အညီ အာဏာရှင်မြန်မာနိုင်ငံလို လုပ်မပေးနိုင်ဘူးလို့ ဒဲ့ပြောတာတော့မဟုတ်ပါဘူး။ အကြောင်းပြချက်လေးတော့ ပေးထားပါတယ်။ အဲလိုလုပ်ချင်းဟာ သူတို့ MI တွေကို သိက္ခာထိခိုက်စေနိုင်ပြီး အကြမ်းဖျက်သမားတွေကို တိုက်ခိုက်တဲ့ အဓိက လမ်းကြောင်းကနေ သွေဖီသွားမှာ စိုးရိမ်လို့တဲ့။ တော်လိုက်တဲ့ ၀န်ကြီးချုပ် ပါလား

အကိုးအကား
Blair rejects 7/7 inquiry calls
http://news.bbc.co.uk/2/hi/uk_news/6615387.stm
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Archieve.org မှ BBC နာရီဝက်ကြိုတင် သတင်းထုတ်လွှင့်ကြောင်း အတည်ပြု

အင်တာနက်မှတ်တမ်း ဗီဒီယို၊ ဓါတ်ပုံများ သိမ်းဆည်းထားသည့် Archieve.org မှ ညွှန်ကြားရေးမှုး Stewart Cheifet မှ BBC သတင်းဌာန နာရီဝက်တင်ကြိုပြီး Bunker အဖြစ်ခိုင်မာစွာ တည်ဆောက်ထားသည့် တိုက်ကြီး ပြိုကျမှု ထုတ်လွှင့်ကြောင်း ထောက်ခံပေး လိုက်ပါသည်။ ထူးဆန်းသည်မှ BBC, CNN , FOX News တို့မှ အခုလို ထောက်ခံစာထွက်လာချင်းကို သတင်းအဖြစ် မကြေငြာခဲ့ပါ။ နည်းနည်းတော့ ထူးဆန်းနေပါသည်။

အပြည့်အစုံကို မူရင်းအတိုင်းဖတ်နိုင်ပါသည်။
I am Director of Collections at the Internet Archive, responsible for all video and audio files.

This video clip is part of a collection from the TV Archive of global television coverage of the events that occurred on and shortly after September 11, 2001.

This clip, among others, has drawn quite a bit of attention because it appears to show a BBC reporter in New York reporting that World Trade Center Building 7, also referred to as WTC7 or the Salomon Brothers Building, has collapsed before it actually did collapse.

Despite some confusion on the issue of time code stamping and UTC conversions to EDT, the timing on the clip appears to be correct. This particular clip was recorded between 4:54 and 5:36 PM EDT. The anchor references to the WTC7 collapsing occur at 4:58 PM and 5:01 PM and then a live reporter says the building has collapsed at 5:08 PM in what appears to be a live shot with the building still in tact behind her. The feed from the live reporter is lost at 5:15 PM and then the building does actually collapse at 5:20 PM.

A subsequent clip from the BBC then shows coverage of the actual collapse in an archived account recorded from 5:36 – 6:16PM. This clip is available at http://www.archive.org/details/bbc200109111736-1818 .

An annotated version of the key sequence from this clip can be seen at http://www.youtube.com/watch?v=LzxEoEfE_8A .

Further support for the correct timing on the clip comes from another archived clip, this one from the BBC 24 channel which includes a time stamp on the TV screen indicating that the reference to the collapses of WTC7 does occur before the actual collapse.

There is some discussion as to whether or not that time stamp was later edited in by someone tampering with the clip. It is unclear whether that happened or not but the reporting and the time of the reporting as shown does seem to coincide with the other BBC World report. This clip can be seen at various web sites including http://www.prisonplanet.com/articles/february2007/280207timestamp.htm .

Also there has been some discussion about whether the shot of the WTC7 still standing was a live shot or a so-called “green screen” shot in which the live reporter was photographed in front of an electronic screen with a superimposed image of videotape of earlier coverage. That could explain the time disparity; however other clips seem to support the view that the video behind the BBC reporter in this clip is indeed live.

This clip is being widely circulated on the web along with other 9/11 news coverage clips that have surfaced. The earliest apparent reports of WTC7 collapsing come from CNN which reports before 5PM that WTC7 is either burning, is collapsing or has collapsed. You can see this clip at http://www.youtube.com/watch?v=LD0UWq_ORR4 . That story then gets repeated later on BBC 24 and BBC World. Similar coverage on ABC can be found posted at http://www.youtube.com/watch?v=9Qyiov_c6Fg .

Assuming all the time references are correct, there are two possible explanations offered for the confusion. One is that the building was intentionally brought down by its owner and that a press release indicating that was prematurely issued and prematurely reported on by the media.

Another explanation is that there was simply confusion at the time and some journalistic “whispering down the lane” in which early stories that there was something happening at WTC7 led to rumors of its collapsing which then led to on-air reporting of its collapse. The fact that the WTC7 is still standing and visible in the background of the live shot appears to confirm that the reporting of the collapse did take place before the actual collapse.

One possible explanation for the apparent clairvoyance of the reporter, or the alleged deception by those in charge, is that there was a fire at WTC7 when it was first reported on CNN at approximately 4:10 PM and that the BBC then picked up that story from CNN and reported that the WTC7 might be collapsing and in the confusion of live news coverage that story then was communicated to the anchor and the reporter that the building had collapsed.

Additional information may be available from other television network coverage of that same period of time which has also been archived by the TV Archive. This includes coverage from ABC, CBS, NBC, FOX, and CNN. Efforts are underway to gather that additional archive footage so that a more comprehensive picture can be presented of what really happened that day.

Other references and discussions related to this clip can be found at various other web sites including http://www.livelead.com , http://www.911truth.org , http://www.prisonplanet.com , http://www.informationliberation.com , http://www.911blogger.com , and http://www.digg.com .

The official BBC statement regarding its explanation for the mistaken reporting can be found at http://www.bbc.co.uk/blogs/theeditors/2007/02/27/index.html .

Added March 4, 2007 at 9:13 AM PST.
The BBC has now posted new information in an effort to explain the apparent errors in this report. It is available at
http://www.bbc.co.uk/blogs/theeditors/2007/03/part_of_the_conspiracy_2.html .

ကိုးကားချက်
http://www.archive.org/details/bbc200109111654-1736
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Tuesday, August 14, 2007

$20 နဲ့ $5 ပေါ်က သွေးချောင်းစီး နမိတ်

ဒီတခါလည်း “အားလုံး အတူတူပါပဲကွယ်” ဆိုတာနဲ့ စချင်ပါတယ် ခင်ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ငွေစက္ကူအသစ်တွေ ထွက်လာတိုင်း ပြောစရာ အမှတ်အသား တခုခု ပါတတ်စမြဲပါ။ ဒီတော့ ကျနော်တို့ ဆီမှာ စစ်ခေါင်းဆောင်ကြီးများကို စိတ်မမှန်ဘူးလို့ ကောက်ချက်ချတဲ့ လူတွေကလည်း မနည်းပါဘူး။ အဲလို ကောက်ချက်ချ စတမ်းဆိုရင် အမေရိကန် အစိုးရလဲ ထည့်တွက်ရမှာ ဖြစ်နေပါပြီ။ အကြောင်းကတော့ $20 နဲ့ $5 ငွေစက္ကူထဲမှာ TwinTower ကြီး မီးလောင်နေတဲ့ လှို့ဝှက်အမှတ်အသား ထည့်သွင်းထားလို့ပါ။ အမေရိကန် ငွေကြေးနဲ့ နိုင်ငံတော် တံဆိပ်အားလုံးနည်းပါးမှာ မသင်္ကာစရာ အမှတ်အသားတွေ ထည့်ထားတာတွေ ရှိပါတယ်။ နောင်ကြုံမှ တင်ပြပါအုံးမယ်ခင်ဗျာ။ Youtube နဲ့ ဓါတ်ပုံ လေးများကြည့်ကြပါအုံး။ ဒီအပတ် ကျနော် Blog ရေးတာကို နားပြီး စာမေးပွဲအတွက် စာကျက်ပါတော့မယ်။ နောက်အပတ်မှာ ထပ်ပြီး ရေးပါမယ် ခင်ဗျာ။










Twin Towers Illusion On Money - Funny video clips are a click away

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Monday, August 13, 2007

မိုးလုံးပြည့်မုသား ထုတ်လွှင့်တဲ့ အမှုနဲ့ BBC ကိုတရားစွဲတော့မည်


ဗြိတိန်မှ ရူပဗေဒပညာရှင်တဦးဖြစ်သူ John A. Blacker MSc IMI (Physical Systems) ဟာ BBC သတင်းဌာနကြီးကို တရားစွဲဖို့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ သတင်းထဲမှာ ဖေါ်ပြထားပါတယ်။ အကြောင်းကတော့ BBC ဟာ “9/11: The Conspiracy Files” လို့ အမည်တပ်ထားတဲ့ အစီအစဉ်မှာ အသေးစိပ် သုံးသပ်ပြီး တင်ပြမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ် ပြသတဲ့အချိန်မှာတော့ အရေးကြီးတဲ့ အပိုင်းတွေကို ချန်လှပ်ထားခဲ့ပြီး 9/11 လူသတ်မှုကို တဖက်သတ် ဘက်လိုက်ပြီးတင်ပြခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဥပမာအနေနဲ့ Twin Tower ကြီး ပြိုကျချိန်မှာ တစ်ထပ်ကို စက္ကန့်ဝက်ပဲကြာတဲ့ အချက်နဲ့ တိုက်ကြီးကို သတ်မှတ်ထားသည်ထက် သုံးဆ ပိုပြီးခိုင်မာအောင် လုပ်ထားတဲ့ အချက် တွေကို လုံးဝ ချန်လှပ်ထားခဲ့တယ်ဆိုပါတယ်။

ဒါ့ကြောင့် မိုးလုံးပြည်မုသားများ အမှုနဲ့ ကွိုင်ရှာဖို့ ကြံစည်လိုက်ချင်းဖြစ်တယ်လို့ သိရပါတယ်။ (‘Total Public Deception’ ကို “မိုးလုံးပြည့် မုသားများ” လို့ပဲ ပြန်လိုက်ပါတယ်။)
ကျနော်တို့ နှစ်ယောက် (ကျနော်နဲ့ အစ်ကိုမောင်ဆန်) လေ့လာချက်အရ ဘယ်လိုနည်းနဲ့မှ နိုင်စရာ အကြောင်းမရှိပါဘူး ကောက်ချက်ချပါတယ်။ တရားဥပဒေဆိုတာ သတင်းတွေထဲမှာလို မှန်ကန်တာတွေမရှိပါဘူး၊ အစိုးရဘက်ကို အမြဲဆိုသလို ဘက်လိုက်တတ်တဲ့ သဘောတွေရှိပါတယ်။ နောင်မှာ အဲဒီအထောက်အထားတွေနဲ့ တင်ပြပါမယ်။ နောက်ဆုံး တော့ “အားလုံး အတူတူပါပဲကွယ်”

ကိုးကားချက်
ST911 Scientist to Sue BBC for Public Deception
http://www.nationalexpositor.com/News/54.html

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ Jane Standley

လူတကာကို လိုက်လံ အင်တာဗျူးလုပ်နေရတဲ့ BBC သတင်းထောက် Jane Standley တစ်ယောက်အကြောင်းပါ။ သူ့ကို 9/11 ကိစ္စ အင်တာဗျူးလုပ်တဲ့ အချိန်မှာတော့ဗျာ . . . .


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

BBC နဲ့ NASA အရေးကြီးဆုံး တိတ်ခွေများ ပျောက်သွားချင်း

အမှန်တရားပေါ်လာရေးအတွက် အချက်အလက် ဆိုတာ အရေးကြီးတယ်ဆိုတာ လူတိုင်း သိထားကျပါတယ်။ ဒီထဲမှာ မှတ်တမ်းတင် ဗီဒီယိုတွေလဲ ပါပါတယ်။ အမှန်တရားဟာ မိမိရဲ့ အကျိုးစီးပွားကို ဆန့်ကျင်လာနိုင်တယ်လို့ ယူဆလာတဲ့ အချိန်မှာတော့ အဲဒါတွေကို ဖျောက်ဖျက်ပြစ်တဲ့ လုပ်ရပ်တွေကို လုပ်တတ်ကျပါတယ်။ မြန်မာနိုင်ငံမှာ ဦးစောမောင် နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမိုင်းကို နအဖ ဖျောက်ဖျက်ပြစ်ခဲ့တာ လူတိုင်းသတိထားမိကျမှာပါ။ ဒီလုပ်ရပ်ကို မြန်မာပြည်မှာတင်တွေ့ရတာတော့ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာ လုပ်တယ်ဆိုတာ သတိထားမိအောင် တင်ပြချင်ပါတယ်။

ပထမဆုံး အမေရိကန်နိုင်ငံ အာကာသဌန ကြီးဖြစ်တဲ့ NASA ရဲ့လုပ်ရပ်ကို တင်ပြချင်ပါတယ်။ အမေရိကန် အမှန်တကယ် လပေါ်ခြေချခဲ့လားဆိုတာ သံသယတွေ အများကြီး ရှိနေပါတယ်။ အာကာသယဉ်မှုးများပင် လကမ္ဘာရဲ့ ကောင်းကင်မှာ ကြယ်တွေ မြင်ခဲ့လားဆိုတဲ့ လွယ်ကူတဲ့ မေးခွန်းလေးကိုပင် မဖြေနိုင်ခဲ့တဲ့ ဖြစ်ရပ် မျိုးရှိခဲ့ပါတယ်။ သိတဲ့အတိုင်း ရုပ်ရှင်ဟာ အမြဲမှုံန်ဝါးပြီး မကြည်လင်ဖြစ်နေပါတယ်။ တကယ်လို့ မူရင်းသာ ကြည့်နိုင်မယ်ဆိုရင် ပိုမိုပြတ်သားပြီး လိမ်ညာတယ်လို့ ထင်ထားတာတွေလဲ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မနှစ် ၂၀၀၆ ခုနှစ် သြဂုတ်လမှာတော့ နာဆာက သူတို့ရဲ့ မူရင်းတိပ်ဟာ ပျောက်ဆုံးသွားတယ်တဲ့။ ဒီတိပ်ခွေဟာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ပြီး ၊ ပျောက်ဆုံးခဲ့ရင် အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျသွားနိုင်မှန်း သိနိုင်ပါတယ်။ ဘာကြောင့်အခုလိုဖြစ်သွားလဲဆိုတာတော့ ကိုယ်တိုင်ပဲ စဉ်းစားကြည့်ကြပါဗျာ။

ဆက်လက်တင်ပြချင်တာကတော့ BBC ပါ။ BBC ဟာ Tower 7 ကို နာရီဝက်စောပြီး ပြိုကျသွားပီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူတွေကလည်း သူတို့ သတင်းဌာနကို ပုံစံအမျိုးမျိုးနဲ့ မေးမြန်းတာတွေ လုပ်ခဲ့ကျပါတယ်။ ဘာကြောင့် တိုက်ကြီး ပြိုကျမှာကို ကြိုသိနေလဲ ? CIA က ရေးပေးတဲ့ သတင်းကိုပဲ ဖတ်ပြနေရလို့လား ? တိုက်ပြိုကျခါနီးမှာ ဘာကြောင့် တိုက်ရိုက် ထုတ်လွှင့်နေတာကို ချက်ချင်း ရပ်ဆိုင်းလဲ ? စသဖြင့် အမျိုးမျိုး မေးခွန်းထုတ်ကျပါတယ်။ BBCဟာ သူများတွေကိုသာ မေးခွန်းတွေလိုက်ထုတ်နေပြီး ကိုယ်တိုင်ကျတော့ ဘယ်မေးခွန်းကို မဖြေကြားခဲ့ပါဘူး။ နောက်ဆုံး မသက်သာတော့ BBC editor , Richard Porter ဟာ 9/11 ဖြစ်ပြီး ခြောက်နှစ်အကြာမှာ (Feb 27 2007) မှာ သူရဲ့ editor Blog မှာ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ (မှတ်ချက် ။ BBC ဌာန၏ တရားဝင် ဖြေရှင်းချက် မဟုတ်ပါ။ ဖြေရှင်းတဲ့ အချိန်ဟာလည်း ခြောက်နှစ်ကြာမှ ဖြစ်သည်) သူတို့ စွပ်စွဲချက်မှန်မမှန် ပြန်ကြည့်ဖို့ မူရင်း သတင်းတိပ်ခွေမရှိတော့ကြောင်း၊ သူတို့ဟာ လူသတ်မှုမှာ ဘယ်အခန်းမှ မပါဝင်ကြောင်း စတာတွေကိုသာ ပြောကြားသွားပါတယ်။ အထူးစုံစမ်းစစ်ဆေး ရေးလုပ်မယ်လို့တော့ ပြောမထားပါဘူး။ ဒီနေရာမှာ ကျနော်တို့ စဉ်းစားသင့်တာလေးတွေရှိနေပါပြီ။

စဉ်းစားဖို့ပါလေစာရင်း
(၁) BBC, CNN , ABC, CNBC စတဲ့ သတင်းဌာကြီးတွေမှာ BBC တိုက်ပြိုကျမယ့် သတင်း နာရီဝက်ကြိုပြောခဲ့ တဲ့ ကိစ္စ ဘာကြောင့်မကြေငြာခဲ့လဲ။
(၂) BBC ဟာ ဘာကြောင့် သတင်းကြေငြာပေးတဲ့ သတင်းထောက် ကိုခေါ်ယူမေးမြန်းတာတွေ မလုပ်လဲ
(၃) BBC မှာ နှစ်ပေါင်း ၈၀ က အရေးမကြီးတဲ့ ဗီဒီယိုမှတ်တမ်းတွေကိုတောင် သိမ်းဆည်းထားနိုင်တဲ့ အရည်အချင်းရှိပါတယ်။ ဒါဆိုရင် မနေ့ တနေ့က ဖြစ်တဲ့ ကမ္ဘာသမိုင်းမှာ အကြီးမားဆုံး လူသတ်ပွဲကြီးလို အရေးကြီး မှတ်တမ်းတင်ခွေ ဘာကြောင့် ပြောက်ဆုံးသွားရသလဲ
(၄) CIA သတင်းတွေကို ဖတ်ပေးနေရတယ်လို့ စွပ်စွဲချက် နဲ့ BBC ဟာ လွတ်လပ်မှုမရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေဟာ BBC ရဲ့ ဂုဏ်သိက္ခာကို အရမ်းထိခိုက်စေပါတယ်။ နောင်မှာ ယုံကြည်တဲ့ သူတွေ အရမ်းကို နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီပြဿနာကို အရေးယူ မဖြေရှင်းပဲ ခြောက်နှစ်ကြာမှ အယ်ဒီတာက ပီးစလွယ်ဖြေရှင်းလဲ
(၅) ဒီတခုကတော့ ရယ်စရာပုံပြင်လေးလို ဖြစ်နေပါတယ်။ အယ်ဒီတာက သူ့ Blog ဖတ်တဲ့သူတွေကို အဲဒီသတင်းကားရှိရင် သူ့ဆီပို့ပေးဖို့ အကူအညီတောင်းခံထားပါတယ်။ အမှုမှန်ပေါ်ရေးအတွက်တဲ့။ အစ်ကို မောင်ဆန်တောင် Youtube မှာရှာတွေ့သေးတယ်ဆိုရင် အယ်ဒီတာကြီးရဲ့ သတင်းထောက်ထောက်တွေ Youtube မသုံးတတ်လို့ ကျနော်တို့ကို အကူအညီ ပြန်တောင်းထားတာလားလို့ ပြန်မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။
(၆) အယ်ဒီတာ ရေးထားတာကို သုံးသပ်ချက်မှာ ယုံကြည်နိုင်လောက်တဲ့ အထောက်အထား တခုမှ မပါပဲ။ သူတို့ မှားခဲ့ရင် ရိုးသားစွာမှားတာပဲ ဖြစ်နိုင်တယ်လို့ အဆုံးသတ်ထားပါတယ်။
(၇) နောက်ဆုံးတော့ “အတူတူပါပဲလေ” လို့ ပြောရမလားပဲ




ကိုးကားချက်များ
BBC Editor’s Blog
http://www.bbc.co.uk/blogs/theeditors/2007/02/part_of_the_conspiracy.html

One giant cock-up for mankind
http://www.telegraph.co.uk/news/main.jhtml?xml=/news/2006/08/14/wmoon14.xml

BBC သတင်းနဲ့ သတင်းထောက် အရည်အချင်းကို ပြန်လည်သုံးသပ်သင့်ပြီလား
http://lightofmyanmar.blogspot.com/2007/08/bbc.html

Sunday, August 12, 2007

BBC သတင်းနဲ့ သတင်းထောက် အရည်အချင်းကို ပြန်လည်သုံးသပ်သင့်ပြီလား

ကျနော်တို့ မွေးတုံးက သိထားတာကတော့ BBC သတင်းဌာန ဟာ ဂုဏ်ရှိသော သတင်းဌာန တခုဖြစ်တယ်။ လွတ်လပ်စွာ သတင်း အမှန်ကို ထုတ်ဖေါ်တတ်တယ်။ မြန်မာပြည် အပါအ၀င် နိုင်ငံတကာ အစိုးရများ၏ မသမာမှုများကိုဖြစ်စေ၊ ရက်စက်မှုများကို ဖြစ်စေ ဘက်မလိုက်ပဲ ထုတ်ဖေါ်တတ်တယ် ဆိုသည့် ယုံကြည်ချက်များလဲ မြန်မာလူထုအတွင်းမှာ ရှိပါတယ်။ ဒီလိုပဲ BBC သတင်းထောက်တွေဟာ အရည်အချင်းရှိတယ် လို့လဲ သတ်မှတ်ကျပါတယ်။ BBC သတင်းထောက်များရဲ့ မြန်မာ့အရေး သုံးသပ်ချက်တွေကို အထင်တကြီး နားထောင်တဲ့ မြန်မာလူထု ဆိုတာလည်း မနည်းလှပါဘူး။ နိုင်ငံရေး သမားတွေသာ မကပဲ နအဖ စစ်အရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် 2001 ခုနှစ်မှာ ဖြစ်ခဲ့တဲ့ BBC အဖြစ်ကို ကြည့်ပြီး ကျနော်တို့ တတွေ ရဲ့ အမြင်ကို ပြန်လည် သုံးသပ်ရမယ့် အခြေအနေ ရောက်နေပြီ ထင်ပါတယ်။

9/11 မှာ ကျနော်တို့ Twin Tower တိုက်ကြီး နှစ်လုံး ပြိုကျသွားတာကိုပဲ သတိထားမိကျ ပါတယ်။ building #7 လို့ ခေါ်တဲ့ 47 ထပ်ရှိတဲ့ တိုက်ပြိုကျသွားတာက ပိုပြီး စိတ်ဝင်စားစရာတွေ ဖြစ်နေပါတယ်။ အဲဒီတိုက်ဟာ သမရိုးကျ တိုက်မဟုတ်ပါဘူး။ စစ်ဖြစ်ခဲ့ရင် မြို့တော်ဝန် ပုံးအောင်းနိုင်အောင် လုပ်ထားတဲ့ တိုက်လည်း ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ ဆောက်ထားတဲ့ တိုက်တစ်လုံးပါ။ ဒီတိုက်ကြီးဟာ CIA လို အရေးကြီး အဖွဲ့ အစည်းတွေ ရဲ့ အခြေစိုက်ရာနေရာလည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ ပြိုကျသွားတယ်ပဲ ဆိုပါတော့။

အခုလို ခိုင်ခိုင်မာမာ ဆောက်ထားတဲ့ တိုက်ကြီး မပြိုကျမီ BBCဟာ နာရီဝက်ကြိုပြီး ဒီတိုက်ကြီးပြိုကျသွားကြောင်း သတင်းထုတ်လွှင့်ခဲ့ပါတယ်။ ရယ်စရာဖြစ်နေတာကတော့ သတင်းထောက် Jane Standley နောက်ဖက်ကို လှည့်ပြီး အဲဒီတိုက်မရှိတော့ဘူးလို့ ပြောချိန်မှာတော့ သူဟာ Tower #7 ကို မျက်နှာမှု ရက်ဖြစ်နေပါတယ်။

ဒီလို ဘာကြောင့် BBC ဖြစ်ရလဲဆိုတာ သုံးသပ်ချက် အမျိုးမျိုးလုပ်ကျပါတယ်။ အများစုကတော့ CIA ကနေ ရေးထားတဲ့ သတင်းတွေကို BBC နဲ့ CNN ဖတ်ပေးရတယ်လို့ ယူဆကျပါတယ်။ ဒါ့ကြောင့် သတင်းထောက်ဟာ သူ့ကို CIA က ကြိုပို့ထားတဲ့ သတင်းကို အချိန်စော ဖတ်မိလို့ အခုလို ဖြစ်သွားတယ်လို့ တွက်ချက်ကျပါတယ်။ ကိုယ်တိုင်စုံစမ်းလို့ သိရတယ်ဆိုရင် တိုက်ပြိုပြီးမှသာ သတင်းက ထွက်မှာပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံမှာလည်း သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာကို ဖေါ်ပြနေပါတယ်။ ဒါကြောင့် BBC သတင်းတွေဟာ CIA အာဘော်တွေ မဖြစ်ဖူးလို့ ငြင်းဖို့ ခက်သွားပါတယ်။ Jane Standley ရဲ့ အရည်အချင်းကိုလဲ စဉ်းစားစရာ ဖြစ်နေပါတယ်။ Tower #7 ကိုတောင် ဘယ်တိုက်မှန်းမသိဘူးဆိုတဲ့ အခြေအနေမှာ ရှိပါတယ်။ ကို့ဖာသာကို စဉ်းစားဖို့ Youtube ကြည့်လိုက်ပါအုံးဗျာ

ကျနော် နောက်မှ BBC ဖြေရှင်းချက်နဲ့ သတင်းထောက်နဲ့ တွေ့စုံမေးမြန်းခန်းကို တင်ပြပါမယ်။


ဒါကတော့ BBC က ကြေငြာချက်ပါ ။ သတင်းထောက်နဲ့ သတင်းကြေငြာသူနှစ်ယောက် သရုပ်ဆောင်ချက်ကတော့ RAMBO ထက်အများကြီးသာပါတယ်။

http://youtube.com/watch?v=6mxFRigYD3s&feature=related


ဒီဟာကတော့ FOX သတင်းဗီဒီယိုပါ။ သူကတော့ ပိုရယ်ပါတယ်။ Tower 7 ပြိုကျသွားပြီဖြစ်တယ်လို့ပြောနေတဲ့အချိန်မှာမှ တိုက်ကြီးကပြိုသွားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သတင်းကြေငြာသူတွေနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက် ဘယ်လောက်ကောင်းလဲဆိုတာ မျက်နှာတွေကို ကြည့်ပါခင်ဗျာ။

http://youtube.com/watch?v=GwUJ9MhzgKI

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)